← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၁၇)

လူတိုင်းနီးပါးက ဝမ်းလီနိုင်တဲ့ဖက်ကနေ လောင်းပေမယ့် လောင်းဖို့အစပြုတဲ့ ငနာလေးကောင်ကတော့ ရှန်ယန်ရှောင်ဖက်ကနေပဲ တိတ်တိတ်လေးလောင်းလိုက်ပါတယ်။

လူအုပ်ရဲ့ အကြည့်အောက်မှာပဲ ရှန်ယန်ရှောင်က ဝမ်းလီရှေ့မှာရပ်လိုက်တော့ သူမရဲ့ကိုယ်လုံးလေးက ပျော့တိပျော့ဖတ်ပုံပေါက်သွားပါတယ်။

အဲ့လိုမျိုး ကွဲပြားလှမှုကြောင့် လူအများစုဟာ ရှန်ယန်ရှောင်အနိုင်ရမယ်ဆိုတဲ့ မျှော်လင့်တွေးဆချက်ကို ပယ်ဖျက်လိုက်ကြပါတယ်။

"မင်း တစ်ကယ်လာရဲတာပဲကိုး "

ဝမ်းလီက မာနကြီးဘဝင်မြင့်စွာနဲ့ ခေါင်းကိုမော့ထားပြီး သူ့ရှေ့ကပြိုင်ဖက်အား အထင်သေးစွာပြောလိုက်ပါတယ်။

" ငါက ဘာလို့ မလာရမှာလဲ"

ရှန်ယန်ရှောင်က အသာပြုံးလိုက်ရင်းပြောလိုက်ကာ သူမနောက်ကျောက ခရမ်းရောင်မြို့စားအား ဖြုတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူမရဲ့ မျက်ခုံးအား ပင့်လိုက်ကာ ယုံကြည်မှုအပြည့်ဖြစ်နေတဲ့ ဝမ်းလီအားကြည့်ရင်း ထပ်ပြောလိုက်ပြန်ပါတယ်။

"အရည်မရအဖတ်မရတွေ မပြောနဲ့တော့။ စိန်ခေါ်ပွဲကို ဘယ်လိုပြိုင်မလဲဆိုတာကိုသာ ပြော"

ဒီကလေးကတော့ သေမင်းက သူ့ခေါင်းပေါ်မှာဝဲနေချိန်မှာတောင် သဘောမပေါက်သေးဘူးပဲ။ ဝမ်းလီက ကန်ရေပြင်လိုငြိမ်သက်တည်ငြိမ်နေတဲ့ ရှန်ယန်ရှောင်အားကြည့်မိကာ သွေးအန်မတတ်ဖြစ်သွားရပါတယ်။

"ရိုးရိုးလေးပါပဲ။ သုံးချီရှိမယ်။ တည်ငြိမ်ပစ်မှတ် ၊ ရွေ့လျားပစ်မှတ်နဲ့ လေးအတတ်ပြသတာတို့ရယ်ပဲ။ မင်းနှစ်ပွဲနိုင်တာနဲ့ မင်းနိုင်ပြီ"

ဝမ်းလီက ကြိတ်ကာနှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်ပါတယ်။ ဒီကလေးက ပြိုင်ပွဲစည်းမျဉ်းတွေကို မသိမှာကိုစိုးနေမိပါတယ်။ ဘာမှမသိတဲ့လူဟာ တစ်ကယ့်ကိုပဲ ဘာမှမကြောက်တတ်တာပဲ။

"ငါနားလည်ပြီ"

ရှန်ယန်ရှောင်ဟာ ပွဲသုံးပွဲလုံးကို သဘောပေါက်တယ်လို့ သူမကိုယ်သူမယုံကြည်လိုက်ပါတယ်။

"ကောင်းပြီလေ"

ဝမ်းလီကငေါ့တော့တော့ပြောကာ ခေါင်းညိတ်လိုက်ပါတယ်။ ထို့နောက်မှာတော့ ရှီးယွန်ဖက်ကိုလှည့်လိုက်ပြီး မာနကြီးဘဝင်ခိုက်နေတဲ့ သူ့မျက်နှာက ရိုသေလေးစားမှုတွေအပြည့်နဲ့ ဖြစ်သွားပါတယ်။

"နည်းပြရှီးယွန် ဒီနေ့မှာ ဒီနှစ်တူကျောင်းသားရဲ့ အတင်းအကျပ်ဖိအားပေးမှုကြောင့် စိန်ခေါ်ပွဲကို ကျနော်လက်ခံလိုက်ရတာပါ။ ဒါပေမဲ့လည်း ဒီပွဲကို မျှတတဲ့ပွဲဖြစ်စေချင်လို့ ဆရာ့အနေနဲ့ ဒီပွဲကို ဒိုင်လုပ်ပေးဖို့ တောင်းဆိုပါရစေ" လို့ စိတ်ကူးနဲ့အကွက်ချရင်း ဝမ်းလီကပြောလိုက်ပါတယ်။ ရှီးယွန်ကသာ ဒိုင်လုပ်ပေးဖို့ သဘောတူလိုက်တာနဲ့ ပွဲသုံးပွဲလုံးကို သူမြင်တွေ့သွားရတော့မှာဖြစ်ပါတယ်။ အဲ့လိုဆိုရင် ရှီးယွန်ကို သူ့ပညာတွေပြလို့ ကြွားလို့ရပြီလေ။

ဝမ်းလီပြောတဲ့ ဖိအားပေးမှုဆိုတာကိုတော့ သူမစိတ်ထဲကနေ မဲ့ပြလိုက်မိပါတယ်။ အဲ့ဒီနေ့က ဖိအားပေးသူဟာ ဒီငတုံးကောင်ဖြစ်တယ်ဆိုတာကို သူမဘာလို့မှတ်မိနေရတာပါလိမ့်မယ်။ သူ့ကိုစိန်ခေါ်ဖို့ သူမဖာသာလုပ်ခဲ့တာလားဟ။ နောက်ပြီး သူ့ကိုစိန်ခေါ်ဖို့အတွက် သူမက ဆရာကြီးမို့လို့လားဟ။

ရှီးယွန်က ဝမ်းလီကိုတစ်လှည့် သူမကိုတစ်လှည့်ကြည့်လိုက်ကာ ခဏတာတုံ့ဆိုင်းနေပြီးမှ " ဟုတ်ပြီလေ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဒါဟာယှဉ်ပြိုင်မှုလေးလို့တော့ သဘောပေါက်ထားပြီး ရပ်ရမယ့်အချိန်မှာရပ်ကြပါ။ အချင်းချင်း မထိခိုက်မိပါစေနဲ့" လို့ ပြောလိုက်ပါတယ်။

ဒီပွဲကို အခုချိန်ရောက်မှ ရပ်ခိုင်းဖို့မဖြစ်နိုင်မှတော့ သူ့ရပ်တည်မှုကိုအသုံးပြုကာ ဝမ်းလီအနေနဲ့ အနည်းငယ်လျှော့ပေးအောင် လုပ်ရုံသာတတ်နိုင်တော့တာပဲ။ ဝမ်းလီရဲ့အတွေးလေးကိုတော့ အကဲခတ်ကောင်းအမြင်စူးတဲ့ ရှီးယွန်က မသိဘဲ ဘယ်နေပါ့မလဲ။

"နည်းပြရှီးယွန်က ဒိုင်လုပ်ပေးမယ်လို့ ဝမ်းလီကို တစ်ကယ်ပြောလိုက်တာပဲ ဘုရားရေ။ နည်းပြရှီးယွန်အတွက် ဝမ်းလီက ဘယ်လောက်တောင်များအရေး....."

ရှီးယွန်ရဲ့ပြောစကားကြောင့် ဘေးကကျောင်းသားတွေဟာ တစ်အံ့တစ်သြဖြစ်သွားကြပါတယ်။ ရှီးယွန်အား နည်းပြအဖြစ်လုပ်ပေးဖို့ တောင်းဆိုခဲ့သူတွေ အရင်ကလည်း ရှိပေမယ့် လျစ်လျူရှုခံခဲ့ကြရပါတယ်။

ယနေ့မှာတော့ ပစ်ကွင်းဆီကို ရှီးယွန်လာခဲ့ရုံတင်မကဘဲ နည်းပြလုပ်ပေးမယ်လို့တောင် ပြောလိုက်ပါသေးတယ်။ ဒါဟာ တစ်ကယ့်ကို မယုံနိုင်စရာပဲ။

ရှီးယွန်ကိုလှုပ်ကိုင်ဖို့ သူတို့အနေနဲ့ ဘယ်လောက်အထိတော်ဖို့ အရည်အချင်းရှိဖို့လိုအပ်မလဲ....ဟမ်...

အခုအခါမှာတော့ ရှီးယွန်က ဝမ်းလီကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ အားလုံးသတိပြုမိသွားကြပါပြီလေ မဟုတ်ရင် ဝမ်းလီတစ်ယောက်အတွက်နဲ့ ခြွင်းချက်တွေဆက်တိုက်လုပ်ပေးနေမှာ မဟုတ်ပါဘူး။

ဒီပွဲက ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းမှာမဟုတ်ပါဘူးလေ ဝမ်းလီကိုယ်ရည်သွေးတဲ့ ပွဲသက်သက်ပါပဲ။

လူတိုင်းက ရှန်ယန်ရှောင်အတွက် သက်မချလိုက်ကြပါတယ်။ သူမအနေနဲ့ ဝမ်းလီလောက်မတော်တဲ့သူတွေကိုပဲ စိန်ခေါ်ခဲ့သင့်တယ်။ ဘာလို့လဲဆိုတော့ နည်းပြရှီးယွန်က ဝမ်းလီရဲ့ အရည်အချင်းကို မျက်စိကျနေတယ်လေ ဟူး။

"ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ဝမ်းလီက ရိုသေလေးစွားစွာနဲ့ ကျေးဇူးတင်စကားပြောလိုက်ပြီးတဲ့နောက် ရှန်ယန်ရှောင်ဖက်ကို မောက်မာတဲ့မျက်နှာထားနဲ့ လှည့်ကြည့်လိုက်ပါတယ်။

"မင်းဘာကို စောင့်နေတာတုန်း။ ငါတို့ အခုစလို့ရပြီလေ"

သူမရဲ့ ပိရိသေသပ်တဲ့နှုတ်ခမ်းဟာ တောက်ပစွာပြုံးလိုက်မိပြီး မျက်လုံးတွေထဲမှာတော့ မကောင်းတဲ့အရိပ်အငွေ့တွေ ဖြစ်ပေါ်သွားပါတယ်။

"ဟုတ်တာပေါ့....ငါတို့စလို့ရပြီပဲ။ ဒါဆိုလည်း စလိုက်ကြတာပေါ့"လို့ သူမက ပြန်ပြောလိုက်ပါတော့တယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၁၈)

ပထမပွဲက တည်ငြိမ်ပစ်မှတ်ပဲ ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ပစ်မှတ်အသေကို ပစ်ခတ်ရမှာဖြစ်တယ်။ စည်းကမ်းကတော့ ဝမ်းလီနဲ့ ရှန်ယန်ရှောင်တို့ဟာ တစ်ယောက်လျှင်မြှားဆယ်ချောင်းစီနဲ့ မီတာတစ်ရာအကွာက ပစ်မှတ်အားပစ်ခတ်ရမှာ ဖြစ်ပါတယ်။ ပစ်မှတ်အလယ်ဗဟိုကို အများဆုံးမှန်အောင် ပစ်ခတ်နိုင်သူက အနိုင်ရမှာဖြစ်ပါတယ်။

ဒီကစားနည်းက လေးဌာနကကျောင်းသားတွေ အရင်းနှီးဆုံးလည်း ဖြစ်ပါတယ်။ အပါတ်စဉ်တိုင်းမှာ ပစ်မှတ်သေကို လေ့ကျင့်ပစ်ခတ်နေကြဖြစ်တာကြောင့် လူနှစ်ယောက်ရဲ့ လက်ဆကောင်းမှုကို ကြည့်ရှုရမှာ ပျင်းစရာလည်း ကောင်းနေပါတယ်။

အနီရောင်တန်းက ကျောင်းသားတွေတောင် ပစ်မှတ်အလယ်ဗဟိုကို ငါးကြိမ်ခြောက်ကြိမ်ထိ မှန်အောင်ပစ်ခတ်နိုင်တာကြောင့် ကျန်အတန်းကကျောင်းသားတွေဆို ပြောစရာမလိုတော့ပါဘူး။ ခရမ်းတန်းကျောင်းသားတွေရဲ့ တိကျမှုနှုန်းက ကျန်တဲ့အတန်းကကျောင်းသားတွေထက် အများကြီးသာတာပေါ့။ အနည်းဆုံးကိုးကြိမ်တော့ ထိမှန်အောင်ပစ်ခတ်နိုင်ကြပါတယ်။

ဝမ်းလီနဲ့ ရှန်ယန်ရှောင်တို့က သူတို့အတွက် သတ်မှတ်နေရာတွေမှာ အသီးသီးနေရာယူလိုက်ပါတယ်။ ဝမ်းလီက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ရွှေရည်လက်နက်ဆိုင်ကနေ သူဝယ်ယူခဲ့တဲ့ သစ်သားလေးကို ကိုင်စွဲထားပါတယ်။ လေးမှာ အဆင့်ငါးမှော်အမြူတေတပ်ဆင်ထားပါတယ်။ အကောင်းဆုံးမဟုတ်သော်လည်း လေးကောင်းတစ်လက်ပါပဲ။

ရှန်ယန်ရှောင်ကိုင်စွဲထားတဲ့ ခရမ်းရောင်မြို့စားကတော့ အသွင်အပြင်ခမ်းနားမှုမရှိလို့ သတိထားမိဖို့ မလွယ်ပါဘူး။

ဒါပေမဲ့လည်း သုံးသန်းဆိုတဲ့ ကောလာဟလအရ ကျောင်းသားတော်တော်များများက ခရမ်းရောင်မြို့စားကို အာရုံစိုက်နေကြပါတယ်။ ရာဇဝင်တွင်တဲ့လေးကို အဲ့ဒီလိုသစ်သားမျိုးနဲ့ ပြုလုပ်ထားမယ်လို့ လူတိုင်းကမယုံနိုင်ဘူး ဖြစ်နေကြပါတယ်။ အရောင်အဆင်းမရှိယုံတင်မကဘဲ ကိုယ်ထည်တစ်ခုလုံးမှာလည်း ဘာမှော်အမြူတေမှ တပ်ဆင်ထားတာကိုလည်း မတွေ့ရပါဘူး။

ဒီလေးဟာ မှော်အမြူတေမတပ်ရသေးတဲ့ တစ်ဝက်တစ်ပျက်သာ ပြီးဆုံးထားတဲ့ လေးပဲဆိုတာ အသိသာကြီးပါ။

ရှန်ယန်ရှောင်ဟာ တစ်ပိုင်းတစ်စသာပြီးသေးတဲ့ လေးကို စိန်ခေါ်ပွဲမှာ ထုတ်သုံးတာကို ကျောင်းသားတွေ မယုံနိုင်အောင်ဖြစ်သွားရပါတယ်။ ဒါ ပြက်လုံးတစ်ခုလား။

မှော်အမြူတေပါတဲ့ လက်နက်နဲ့ မပါတဲ့လက်နက်တို့ရဲ့ စွမ်းအားကွာခြားမှုက တော်တော်လေးကို ကွာမှာပါ။ မဟုတ်ရင် မှော်အမြူတေတွေ ဒီလောက်ဈေးမကြီးနိုင်ဘူးလေ။

လေးကို ဘယ်လောက်နဲ့ပေးဝယ်ရဝယ်ရ မှော်အမြူတေမပါမှတော့ တစ်ခြားလက်နက်တွေကို ယှဉ်လို့ရမှာမဟုတ်ပါဘူး။

ရှန်ယန်ရှောင်က သူ့ကိုယ်သူအခြေအနေပိုဆိုးအောင် လုပ်နေတာပဲလို့ လူတိုင်းတွေးထင်လိုက်ကြပါတယ်။ ဘယ်လိုပဲဆိုဆိုလေ အစောတည်းက နိုင်ခြေလည်းမရှိပါဘူး။ ဒီထက်ကောင်းတဲ့ လေးကောင်းကို သူမသုံးရင်တောင် အဖြေက ကွဲပြားမှာမှမဟုတ်ဘဲကိုး။

ဝမ်းလီက ရှန်ယန်ရှောင်အား တစ်ချက်ကြည့်လိုက်ပါတယ်။ သူကဦးဆောင်တဲ့အနေနဲ့ သူ့လေးအားမလိုက်ပြီး မြှားကိုတပ်လိုက်ပါတယ်။ အသက်တစ်ချက်ရှုလိုက်ပြီးနောက် မီတာတစ်ရာအဝေးက ပစ်မှတ်အား မပစ်ခတ်ခင်မှာ ခဏတာ အာရုံစူးစိုက်လိုက်ပါတယ်။

မြှားဟာ မိုးကြိုးပစ်ခတ်လိုက်သလို အမြန်နှုန်းနဲ့ ပြေးထွက်သွားကာ ပစ်မှတ်အလယ်ကို စိုက်ဝင်သွားပါတော့တယ်။

"လှလိုက်တာကွာ"

လှုပ်ရှားမှုနဲ့ တိကျမှုတို့မှာ ဘာအပြစ်မှပြောစရာ မရှိတာကြောင့် လေးဌာနကျောင်းသားတွေဟာ သက်ပြင်းမချဘဲ မနေနိုင်ကြပါဘူး။ ဝမ်းလီရဲ့လှုပ်ရှားမှုက လေးဌာနကျောင်းသားတွေအတွက် စံနမူနာ ယူစရာကောင်းပါတယ်။

ရှီးယွန်တောင် ဝမ်းလီရဲ့ လှုပ်ရှားမှုအပေါ် ဘာပြစ်ချက်မှ ရှာမတွေ့ပါဘူးလေ။

အားလုံးဟာ လေးစားအားကျစွာ ပြောဆိုလိုက်ကြပါတယ်။

ဝမ်းလီက မြှားလေးစင်းအား ဆက်တိုက်ပစ်ခတ်လိုက်ပြီး လေးစင်းလုံးက ပစ်မှတ်အလယ်ဗဟို အနီရောင်အမှတ်အသားမှာ တစ်စင်းနဲ့တစ်စင်း ထိကပ်လုနီးပါး နီးကပ်စွာစိုက်ဝင်နေကြပါတယ်။

တစ်ဖက်မှာတော့ ရှန်ယန်ရှောင်က မလှုပ်သေးဘဲ စောင့်နေပါတယ်။ နောက်ဆုံးမှာတော့ ဆယ်စင်းလုံး ပစ်မှတ်အလယ်တည့်တည့်မှာ စိုက်ဝင်သွားပြီး ဝမ်းလီက အမှတ်ပြည့်ရသွားပါတယ်။

သူ့လက်စသူ ကျေနပ်နေတဲ့ ဝမ်းလီက ရှန်ယန်ရှောင်အား ကြည့်လိုက်တော့ သူမက မပစ်ခတ်ရသေးဘဲ ဘေးနားကနေသာ လေးကိုကိုင်ပြီး ကြည့်နေတာကို တွေ့လိုက်ရပါတယ်။

"ဘာလဲ မင်း ကြောက်နေတာလား"

ဝမ်းလီက မဲ့ကာပြောလိုက်ပါတယ်။ မနေ့တုန်းက တစ်ခြားကျောင်းသားတွေထံကနေ ရှန်ယန်ရှောင်အကြောင်းအား သူ ကြားသိခဲ့ရပါတယ်။ ဒီကောင်စုတ်လေးက လေးဌာနကိုရောက်တာ တစ်ပါတ်တောင် မရှိသေးဘူးတဲ့လေ။ အဲ့လိုလူမျိုးတွေအတွက်ကတော့ ပစ်မှတ်အလယ်ကို ထိမှန်ဖို့မပြောနဲ့ ပစ်မှတ်ကိုထိအောင် ပစ်နိုင်ရင်ကို တော်တော်ဟုတ်နေပါပြီ။

ရှန်ယန်ရှောင်က မျက်ခုံးပင့်လိုက်မိပါတယ်။ သူမရဲ့ဘယ်ဖက်လက်နဲ့ ခရမ်းရောင်မြို့စားအား ကိုင်လိုက်ပြီး ညာဖက်လက်ကနေ မြှားကျည်တောက်ထဲက မြှားတွေအား နှိုက်ယူလိုက်ကာ လေးညှို့မှာ အားလုံးကိုတပ်လိုက်ပြီး ပစ်ခတ်ရန်လုပ်လိုက်ပါတယ်။

"အဲ့ကလေးက ဘာလုပ်မလို့လဲဟ"

လူတိုင်းကတော့ သူမရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူကြောင့် သူမ ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို မတွေးတတ်ဘူးဖြစ်သွားရပါတော့တယ်..........

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၁၉)

"မြှားဆယ်စင်းလား။ သူက တစ်ချက်တည်းနဲ့ အဲ့လောက်အများကြီးကိုတော့ မပစ်လောက်ပါဘူးနော် ပစ်မှာလား။ အဲ့ဒါ ရူးနှမ်းတာပဲဟေ့"

သင့်အနေနဲ့ မနိုင်ဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ အောက်ကျမခံသင့် လက်မလျှော့သင့်ပါဘူး။

လူတိုင်းကတော့ သူမ ဘာလုပ်မယ်ဆိုတာကို မတွေးတောနိုင်သေးသလို ရှီးယွန်တောင် ချွေးစေးတွေထွက်နေပါပြီ။

လှောင်ပြောင်သရော်သံတွေကို နေရာတိုင်းမှာ ကြားနေရသော်လည်း ကျနော်တို့ရဲ့ ရှန်ယန်ရှောင်လေးကတော့ အားလုံးကို လျစ်လျူရှုထားလိုက်ပါတယ်။ ပတ်ဝန်းကျင်ပတ်ပတ်လည်ကနေ ပြောဆိုကဲ့ရဲ့ဝေဖန်မှုတွေအား မသိကျိုးကျွံပြုလိုက်မှသာ သူမရဲ့လေးနဲ့မြှားတို့အပေါ်မှာ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ အရောင်အဆင်းမရှိတဲ့ ခရမ်းရောင်မြို့စားက ရုတ်တရက်ပဲ ခရမ်းရောင်မှိန်ပျပျလင်းလက်လာသလို လေးရဲ့အလယ်ကနေလည်း လေးလိုမျိုးအရောင်တောက်လာပါတော့တယ်။ ငွေရောင်အလင်းတန်းက ပစ်မှတ်ဆီကိုပျံသန်းသွားတာကို တွေ့ရသော်လည်း သူတို့ကြားရတာကတော့ လေထုကိုဖောက်ခွင်းသွားတဲ့ အသံတစ်ခုကိုသာပါပဲ။

ထို့နောက်မှာတော့ ဒုတိယငွေရောင်အလင်းတန်းက ပထမအလင်းထက် ပိုမြန်စွာပြေးထွက်သွားပြီး ပထမမြှားနောက်ကို ပြေးလိုက်သွားပါတော့တယ်။

တတိယ၊ စတုတ္ထ၊ ပဉ္စမ.......

တလက်လက်တောက်ပနေတဲ့ ငွေအလင်းတန်းတွေဟာ တစ်ချိန်တည်းလိုလိုမှာပဲ ပြေးထွက်ပျံသန်းသွားကြပါတယ်။ တစ်စင်းပြီးတစ်စင်းပစ်ခတ်မှုရဲ့ အချိန်က တိုတောင်းလွန်းလို့ လူတွေအားလုံး မင်သက်နေကြသလို ငွေရောင်အလင်းတန်းဆယ်ခုသာ အလွန်ကြောက်ဖို့ကောင်းတဲ့ အမြန်နှုန်းနဲ့ စနစ်ကျစွာပျံသန်းနေတာအား တွေ့မြင်ကြရပါတယ်။ ထို့နောက်မှာတော့ စနစ်ကျစွာပျံသန်းပြေးထွက်သွားတဲ့ ငွေအလင်းတန်းဆယ်ခုဟာ ပစ်မှတ်နားအရောက်မှာတော့ ပူးကပ်သွားကြပါတယ်။

ဒန်..ဒန်...ဒန်..

အသံဆယ်သံက တစ်ပြိုင်တည်းလိုလို ပစ်ကွင်းထဲမှာ ထွက်ပေါ်လာပါတယ်။

ရှိနေကြတဲ့လူတွေအားလုံးက ဘာဖြစ်သွားမှန်းကို မသိကြပါဘူး။ နောက်ဆုံးအသံထွက်ပေါ်လာတော့မှသာ ပစ်မှတ်ဆီကို အမြန်ဆုံးလှမ်းကြည့်လိုက်ကြပါတယ်။

မီတာတစ်ရာအကွာမှာရှိတဲ့ ပစ်မှတ်မှာ မြှားဆယ့်ကိုးချောင်းက လေထဲကနေထွက်ပေါ်လာသလို စိုက်ဝင်နေပါတယ်။

သူတို့ဟာ အလယ်ဗဟိုမှာ တန်းစီနေပြီး နှစ်စုကွဲနေပါတယ်။

"ဘယ်လိုလုပ်ပြီး ဆယ့်ကိုးချောင်းဖြစ်နေရတာလဲ...."

လူတွေက သို့လောသို့လောဖြစ်သွားရပါတယ်။ စောစောတုန်းက ရှန်ယန်ရှောင်ရဲ့လက်ထဲမှာ မြှားဆယ်ချောင်းကိုင်ထားတာကို သူတို့အားလုံးတွေ့လိုက်ပါတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘာလို့ ကိုးချောင်းပိုသွားရတာလဲ။

ဝမ်းလီက စိတ်လောစွာနဲ့ သူမရဲ့ပစ်မှတ်အလယ်ဗဟိုကို လှမ်းကြည့်လိုက်တော့ မြှားအားလုံးက အလယ်တည့်တည့်မှာ စိုက်ဝင်နေတာကြောင့် သူတို့နှစ်ယောက်ရဲ့ လက်စကောင်းမှုက အတူတူပဲပေါ့။

ဒါ ဘယ် လို လုပ် ဖြစ် နိုင် မှာ လဲ.....

" မင်းညစ်တာပဲ "

ဝမ်းလီက ချက်ချင်းပဲ သူမအား စိုက်ကြည့်ပြောလိုက်ပါတယ်။ ဒီပွဲက မြှားဆယ်ချောင်းပဲ ပစ်ခတ်ရမှာကို ပစ်မှတ်မှာ ဆယ့်ကိုးချောင်းတောင် စိုက်နေတယ်လေ။ ရှင်းပါတယ် ရှန်ယန်ရှောင် ညစ်ပတ်တာပဲပေါ့။

ရှန်ယန်ရှောင်လေးကတော့ မျက်ခုံးတစ်ချင့်ပင့်ကာ ဒေါသထွက်နေသော ဝမ်းလီအား မာန်နဲ့ဟန်နဲ့ လှည့်ကြည့်ကာ ပြောလိုက်တာကတော့

"ငတုံး"ဟုပင်။

"မင်း" လို့ပြောကာ ဝမ်းလီအမှန်တကယ် ဒေါကန်သွားရပါတယ်။ သူကချက်ချင်းပဲပြေးသွားပြီး ဒီကောင်စုတ်လေးနဲ့ ပြောဆိုမယ်အလုပ်မှာပဲ ရှီးယွန်က ပါးစပ်ဟလိုက်ပါတော့တယ်။

"သူ မညစ်ပတ်ပါဘူး သူ မြှားဆယ်ချောင်းတည်းပဲ သုံးခဲ့တာ"

ရှီးယွန်ရဲ့ မျက်နှာက ထူးဆန်းနေပြီး သူ့မျက်လုံးတွေက ဝမ်းလီအားကျော်လိုက်ကာ ရှန်ယန်ရှောင်ထံ ကျရောက်သွားပါတယ်။

ပစ်မှတ်ကို မြင်မြင်ချင်းမှာတော့ သူလည်းပဲ သံသယဝင်ခဲ့ပါတယ်။ ဒါပေမဲ့လို့ သေချာလေ့လာအကဲခတ်ပြီးတဲ့အခါမှာတော့ သူ နားလည်သဘောပေါက်သွားပါတယ်။

"ဒါပေမဲ့"

ဝမ်းလီက တစ်ခုခုပြောချင်ပုံရသော်လည်း ရှီးယွန်က ချက်ချင်း စကားဝင်ဖြတ်လိုက်ပါတယ်။

"ဘာမှထပ်မပြောတော့နဲ့ လူတွေကိုသာ ရှောင်ယန်ရဲ့ ပစ်မှတ်ကို ကြည့်ခိုင်းလိုက်ရင် နားလည်သွားကြလိမ့်မယ်"

ရှီးယွန်ရဲ့စကားအဆုံးမှာ သူ့ဆီကနေ အဓိပ္ပါယ်ပါတဲ့ အကြည့်တစ်ချက်ကြောင့် ကျောင်းသားတစ်ဦးက ပစ်မှတ်ဆီကို ချက်ချင်းပြေးသွားလိုက်ပါတယ်။ ထို့နောက်မှာတော့ သူမရဲ့ ပစ်မှတ်အား သယ်လာခဲ့ပါတယ်။

သို့သော်လည်း ကျောင်းသားရဲ့ မျက်နှာကတော့ သိပ်ဟန်ပုံမရပါဘူး။

ပစ်မှတ်ကို လူတွေရှေ့မှာထားလိုက်ပြီး အားလုံးက ပစ်မှတ်အလယ်ဗဟိုက အနီရောင်စက်ဝိုင်းအား စိုက်ဝင်နေတဲ့ မြှားဆယ့်ကိုးချောင်းအား တွေ့လိုက်ရတာနဲ့ အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြပါတော့တယ်။

မြှားဆယ့်ကိုးချောင်းဟာ တစ်ကယ်တန်းတော့ မြှားကိုးချောင်းရဲ့ အလယ်တည့်တည့်ကနေ ခွဲခြမ်းထားတာဖြစ်ပြီး တစ်စင်းသာလျှင် ပစ်မှတ်အလယ်ဗဟိုရှိ အနီရောင်စက်ဝိုင်းရဲ့ အလယ်တည့်တည့်မှာ စိုက်နေတာဖြစ်ကာ ကျန်မြှားဆယ့်ရှစ်ချောင်းဟာ ထိုမြှားရဲ့ ညီညာစွာခွဲထားခြင်းခံနေရတာပါ။

ကျနော်တို့ရဲ့ ရှန်ယန်ရှောင်လေးက မညစ်ခဲ့ပါဘူး သူမဟာ ကျွမ်းကျင်မှုကို အသုံးချလို့ မြှားဆယ်စင်းအား ဆယ့်ကိုးစင်းအဖြစ်သို့ ပြောင်းလဲလိုက်တာဖြစ်ပြီး ဒီကျွမ်းကျင်မှုဟာ လေးဌာနတစ်ခုလုံးကို ပွက်ပွက်ဆူသွားစေဖို့ လုံလောက်ပါတယ်။

All Chapters