အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၀)
"မင်း...မင်းဘယ်လိုလုပ်တာလဲ"လို့ မေးလိုက်တဲ့ ရှီးယွန်ရဲ့အသံဟာ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ပါ။ ရှန်ယန်ရှောင်ဘယ်လိုလုပ်တာလဲဆိုတာကို မေးရဖို့အတွက် သူမအောင့်နိုင်တော့လို့ ချက်ခြင်းမေးလိုက်တာပါ။
သူမကတော့ စကားတစ်လုံးမှ ပြန်မပြောဘဲ မြှားကျည်တောက်ထဲက မြှားနှစ်စင်းကိုသာ လှမ်းယူလိုက်ပါတယ်။ ထို့နောက်လေးမှာ မြှားနှစ်စင်းအားတပ်လိုက်ပြီးနောက် သူမရဲ့လက်ချောင်းလေးတွေက ကခုန်နေသလိုလှုပ်ရှားသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ မြှားနှစ်စင်းပြေးထွက်သွားပါတယ်။
ဒီတစ်ခါမှာတော့ သူမက အရှိန်ကို လျှော့ချထားလို့ လူတွေအားလုံး ဘယ်လိုဖြစ်တယ်ဆိုတာကို တိတိကျကျတွေ့မြင်လိုက်ရပါတော့တယ်။ ပထမမြှားက ပစ်မှတ်ကိုမထိခင်မှာပဲ ဒုတိယမြှားဟာ ပထမမြှားရဲ့ အလယ်တည့်တည့်ကနေ ထိုးခွဲသွားပါတယ်။
နောက်တစ်ခါထပ်ပြီး ပစ်ကွင်းတစ်ခုလုံး တအံ့တသြရေရွတ်သံတွေ ထွက်ပေါ်သွားပြန်ပါတယ်။
ဒါမျိုးဖြစ်ဖို့အတွက် ဘယ်လိုထိန်းချုပ်မှုများလိုအပ်မလဲ။ တိကျမှုက ဘယ်လောက်တောင် ကောင်းမွန်ဖို့ လိုအပ်မလဲ။ လက်ဖဝါးတစ်ဝက်စာမျှသာရှိတဲ့ အနီရောင်စက်ဝိုင်းနဲ့ယှဉ်ပါက လက်တစ်ချောင်းစာသာရှိတဲ့ ငှက်မွှေးတပ်မြှားတွေကို ထိမှန်အောင်ပစ်ခတ်နိုင်ဖို့ဆိုတာ သာမန်လူတွေ မလုပ်နိုင်ပါဘူး။
လူတိုင်းဟာ ရှန်ယန်ရှောင်အား မူလကရှိနေတဲ့ သရော်လှောင်ပြောင်တဲ့ အကြည့်တွေအစား လေးစားတဲ့အကြည့်တွေနဲ့ ပြောင်းလဲကြည့်လိုက်ကြပါတယ်။ဝမ်းလီကိုထားလိုက်ဦး လက်ရှိလေးဌာနရဲ့ အတော်ဆုံးကျောင်းသားဖြစ်တဲ့ မန်ယိဂျွန်တောင် ဒီလိုလုပ်နိုင်ဖို့ မလွယ်ပါဘူး။(ပတ်ဝန်းကျင်ကို ဂရုစိုက်မနေဘဲ ကိုယ်လုပ်စရာရှိတာသာ လုပ်ဖို့ အရေးကြီးဆုံးပါပဲလေ)
မြှားဆယ်စင်းလုံးကို သူမက မြန်မြန်ပစ်ခတ်နိုင်တာကို ထည့်မပြောသေးဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက်က လက်သွက်ဖို့တင်မကဘဲ ထိုသူရဲ့ တိကျမှုလည်း လိုအပ်သလို နောက်ဆုံးအချိန်ရောက်မှ အရှိန်ကိုမြှင့်ဖိုလည်း လိုအပ်ပါသေးတယ်။
လေးဌာနက ကျောင်းသားတွေဟာ လောကကြီးကို သူတို့မြင်ထားတာတွေ ကမောက်ကမဖြစ်သွားသလို နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရပြီး လူတွေက ဒါမျိုးလုပ်နိုင်ပါ့မလားလို့ တွေးလိုက်မိပါတယ်။
ဒီမိတ်ဆွေလေးက ဒီလောက်အထိတော့ အလွန်အကျွံမထူးချွန်သင့်ဘူးလေ.......
ပြောရမယ်ဆိုရင် ဘယ်သူတောင်းစားက ပြောတာလဲ ဒီကောင်လေးက ကျောင်းကိုအသစ်ရောက်တာ တစ်ပါတ်တောင်မပြည့်သေးတဲ့ လူသစ်လေးဆိုတာ ချီးပဲ။ တစ်ပါတ်တောင် မသင်ရသေးတဲ့ လူသစ်က ဒီလိုမျိုး မတော်မတရား ထူးချွန်အောင်ထိ လေ့ကျင့်နိုင်သတဲ့လား ဖာ့ခ်။
အလွန်ကျော်ကြားပြီး အရည်အချင်းရှိတဲ့ ပါရမီရှင် မန်ယိဂျွန်က ဒီကိစ္စကို ဘယ်လိုမျိုးအံကြိတ်ခံမလဲလို့ မင်းတွေးမြင်မိသလဲဟင်....
ဝမ်းလီရဲ့မျက်နှာ တော်တော်ပျက်သွားပါတယ်။ အဆိပ်မရှိတဲ့ ရေမြွေလိုပုံမျိုးနဲ့ ကောင်စုတ်လေးဟာ လူတိုင်းကို အံ့အားသင့်စေနိုင်လောက်တဲ့အထိ တော်လိမ့်တတ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး။
{စိတ်ကူးကြည့်လိုက်ဗျာ ဝမ်းလီက နဂိုတည်းက ရုပ်ဆိုးပြီးသားကို မျက်နှာပျက်သွားတယ်ဆိုတော့ ဘယ်လောက်ဆိုးလိုက်မလဲဆိုတာ။ သနားစရာပဲ တစ်ယောက်ယောက်က သူ့ကို စွပ်စရာအိပ်တစ်လုံးလောက် ပေးလိုက်သင့်တယ် :) }
သူ့အနေနဲ့ ရိုးရိုးသားသားပြောရရင် မြှားဆယ်စင်းကို အချိန်တိုလေးအတွင်းမှာ အဲ့လိုပစ်ခတ်ဖို့မပြောနဲ့ နှစ်စင်းကိုတောင် မပစ်ခတ်နိုင်ပါဘူး။
"ဒါ တစ်ကယ့်လို လှပတာပဲ" ဟုဆိုကာ အလွန်အမင်းစိတ်လှုပ်ရှားဟန်နဲ့ ရှီးယွန်ဟာ သူမအားကြည့်လိုက်ပါတယ်။ သူက ဒီကောင်လေးဟာ အရည်အချင်းတော်တော်ရှိတယ်လို့ သိထားခဲ့သော်လည်း ဒီလောက်အထိ လူမဆန်အောင် ထူးလိမ့်မယ်လို့တော့ မတွေးခဲ့မိပါဘူး။ မြှားဆယ်စင်းကို ဒီလောက်မြန်မြန်ပစ်နိုင်ဖို့ဆိုရင် တော်ဝင်ရိုလန်တစ်ကျောင်းလုံးမှာတော့ ကျောင်းသားတွေမပြောနဲ့ နည်းပြဆရာတွေပါ ထည့်တွက်ရင်တောင် တစ်ယောက်နှစ်ယောက်ထက် ပိုမှာမဟုတ်မှာ သူစိုးရွံ့မိပါတယ်လေ။
နောက်ပြီး သူကလွဲပြီး ဘယ်သူမှမသိသေးတာကတော့ လွန်ခဲ့တဲ့ငါးရက်ကတောင် ဒီချာတိတ်လေးက လုံးဝကို လေးအတတ်မှာ သူစိမ်းပြင်ပြင်သာရှိသေးတဲ့ လူသစ်လက်သစ်ပါ။ အခုမှာတော့ ငါးရက်သာ လွန်မြောက်သေးပေမယ့် ဒီလောက်ကြီးမားတဲ့ အံ့အားသင့်စရာအဖြစ်ကို သူ့အားပြသခဲ့ပြီလေ။
ရှီးယွန်ဟာ အခုလိုမျိုး သူမတူအောင်ထူးချွန်လှတဲ့ မိစ္ဆာလေးအား လေးဌာနသို့ ခေါ်ဆောင်နိုင်ခဲ့လို့ ကျေနပ်ပီတိဖြာဝေနေပါတော့တယ်။ ဒီလိုအရည်အချင်းမျိုးနဲ့ဆိုရင် မှော်ဆရာဌာနနဲ့ ယှဉ်ပြိုင်ရမှာကို လေးဌာနက ဘာကြောက်နေစရာလိုတော့မှာလဲ။
ရှန်ယန်ရှောင်လေးကတော့ ပုခုံးသာတွန့်ပြလိုက်ပါတယ် ဟုတ်တယ်လေ မြှားဆယ်စင်းကိုအခုလိုပစ်ခတ်တာက သူမအတွက် စိန်ခေါ်မှုတစ်ရပ်မှ မဟုတ်ဘဲကိုး။ ပြောရမယ်ဆိုရင် သူမရဲ့ မှော်အားနဲ့ ပစ်မှတ်ကိုချိန်ထားနိုင်သလို ကျိန်စာအတတ်ကို လေ့ကျင့်ထားမှုကြောင့်လည်း သူမရဲ့လက်တွေက တော်တော်ကြီးမြန်ပါတယ်။ သူများတွေအမြင်မှာတော့ ဒီအဖြစ်ဟာ မိုးပေါ်တက်ရတာထက် ခက်ခဲမယ်လို့ တွေးထင်ကောင်းတွေးထင်နိုင်ပေမယ့် သူမအတွက်ကတော့ ရေသောက်ရတာလောက်တောင် မခက်ပါဘူး။
နေပါဦး ဒီဟာက စကားထဲထည့်ပြောစရာတောင် မလိုတဲ့ ပညာခန်းပေါက်စနလေးပဲ ရှိသေးတာကို ဒီလူတွေက ဘာလို့ ဒီလိုအမူအယာတွေ ဖြစ်နေရတာလဲ....
ဟုတ်ပါတယ်ဗျာ ရှန်ယန်ရှောင်လေးကတော့ ပရိသတ်အားလုံး မင်သက်သွားအောင် သူမလုပ်ခဲ့တာကို သဘောမပေါက်သေးတာပါ.......
တစ်ခြားလူတွေရဲ့ ကြောက်လန့်ဖွယ် အမူအယာတွေထက်စာရင် သူမ ပိုစိုးရိမ်နေတာကတော့..........
"နည်းပြရှီးယွန် ဒီပွဲစဉ်ရဲ့ ရလဒ်က ဘယ်လိုလဲဟင်"
သူမအပေါ်ကျရောက်နေတဲ့ တစ်ကိုယ်လုံးကိုဖောက်ထွင်းမတတ် စိုက်ကြည့်နေကြတဲ့ လူတွေရဲ့ အကြည့်တွေအား ဥပေက္ခာပြုလိုက်ကာ ချက်ချင်းမေးလိုက်ပါတော့တယ်.............
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၁)
ရှီးယွန်ဟာ သူ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ထားပါတယ်။ သို့သော်လည်း ရှန်ယန်ရှောင်ကို ကြည့်နေတဲ့ သူ့မျက်ဝန်းတွေထဲမှာတော့ မဖုံးနိုင်မဖိနိုင်ဘဲ အပျော်ရိပ်တွေစွန်းထင်းနေပါတယ်။
"မင်းအသုံးပြုပစ်ခတ်တဲ့ နည်းဟာ အလွန်ချီးကျူးစရာဖြစ်ပေမယ့် ပစ်မှတ်မှာရှိရမယ့် မြှားအရေအတွက်က ဆယ်စင်းထိပဲရှိသင့်တာဖြစ်လို့ ဝမ်းလီလိုပဲ မင်းလည်း ဆယ်မှတ်ပဲရတာကြောင့် ဒီပွဲက သရေပွဲပဲ"
ရှန်ယန်ရှောင်က ဘာမှမဖြစ်တဲ့ပုံနဲ့ ပုခုံးသာတွန့်ပြလိုက်ပါတယ် သူမက ပထမပွဲမှာ တစ်ခုခုလုပ်ပြချင်ရုံသက်သက်ပဲဖြစ်ပါတယ်။ တကယ့်တိုက်ပွဲကတော့ နောက်နှစ်ပွဲမှာပဲ ဖြစ်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ ဂရုမစိုက်တဲ့ဟန်နဲ့ ယှဉ်လိုက်ရင်တော့ ဝမ်းလီမျက်နှာဟာ သုန်မှုန်နေပါတယ်။
ဒီကောင်စုတ်လေးကို အလွယ်တကူချေမွအနိုင်ယူနိုင်မယ်လို့ သူထင်ခဲ့မိပြီး အခုလိုမျိုး အစွမ်းထက်မယ်လို့ ဘယ်တွေးမိခဲ့ပါ့မလဲ။ ရှီးယွန်က သရေပွဲအဖြစ်သတ်မှတ်ပေမယ့် လူတွေအားလုံးကတော့ ရှန်ယန်ရှောင်ရဲ့ တိကျမှု၊ အလျင်၊ ခွန်အား သို့မဟုတ် ကျွမ်းကျင်မှုအပိုင်းတွေက ဝမ်းလီကို အလွယ်တကူအနိုင်ယူနိုင်တယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။
ဒီလူနှစ်ယောက်အားကြည့်တဲ့ လူတွေရဲ့အမြင်ဟာ အရင်လိုမဟုတ်တော့ပါဘူး။ ရှန်ယန်ရှောင်ရဲ့ မင်သက်ဖွယ် မြှားဆယ်စင်းပစ်ခတ်မှုအပြီးမှာ သူမကို အမှိုက်လို့ ဘယ်သူကရူးနှမ်းစွာ မြင်မိတွေးမိတော့မှာတုန်း။
တစ်ဖက်မှာတော့ လူတိုင်းက အလေးသာတယ်လို့ ထင်ကြေးပေးခြင်းခံထားရတဲ့ ဝမ်းလီကတော့ ရှက်ဖွယ်အခြေအနေဖြစ်နေရပါတယ်။
အစတုန်းက ဝမ်းလီကပဲ အလွယ်တကူအနိုင်ရမယ်လို့ ထင်ခဲ့ကြသော်လည်း ကစားပွဲက ပြောင်းပြန်ဖြစ်သွားကာ ရှန်ယန်ရှောင်ရဲ့ လက်အောက်မှာ ဝမ်းလီရှုံးနိမ့်ခဲ့ရပါပြီ။
တစ်ကယ်လို့ ဒီပွဲကိုသာ ရှန်ယန်ရှောင်က နိုင်တယ်လို့သာ ရှီးယွန်က သတ်မှတ်ခဲ့ပါက နောက်တစ်ပွဲရှုံးတာနဲ့ ဝမ်းလီအတွက် ပွဲပြီးသွားမှာပါ။
ဒါပေမဲ့လည်း ရှီးယွန်က သရေပွဲအဖြစ်သတ်မှတ်ခဲ့တာကြောင့် နောက်ထပ်နှစ်ပွဲတိတိ ဝမ်းလီကစားရဦးမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မျက်နှာမပျက်စေဖို့အတွက် ဝမ်းလီက သုံးပွဲပြည့်အောင်ကစားချင်နေပါတယ်။
သို့သော်လည်းလေ ရှန်ယန်ရှောင်ရဲ့ အံ့မခန်းလေးအတတ်အား တွေ့မြင်ပြီးကြတဲ့နောက်မှာတော့ ဘယ်သူကများ ဝမ်းလီက ရှန်ယန်ရှောင်ကို နိုင်မယ်လို့ ယုံကြည်ကြဦးမှာလဲ။
ထိုနေရာမှာရှိနေတဲ့ လူတိုင်းနီးနီးကတော့ ရှန်ယန်ရှောင်အကြောင်း ပြောဆိုနေကြရာကနေ သူ့လေးအတတ်အတွက် မာနကြီးဘဝင်မြင့်နေတဲ့ သူ့အကြောင်းကို ပြောင်းလဲပြောဆိုကြပါတော့တယ်။
"အဲ့ဒီ လူမဖြစ်နိုင်တဲ့ထူးဆန်းကောင်က ဘယ်ကနေပေါ်လာတာတုန်းဟ။ သူဒီကနေထွက်မသွားအောင် တားကြပါဦး ငါတို့လည်း ရှင်သန်ချင်သေးတယ်လေကွာ"
ဟုတ်ပါတယ်..သာမန်မဟုတ်တဲ့ ကြောက်စရာကျွမ်းကျင်မှုအတတ်ကြောင့် ဒီကျောင်းသားအုပ်ရဲ့ ယုံကြည်မှုအချို့အား ဖျက်ဆီးလိုက်ပါတယ်။ ခရမ်းအတန်းက ကျောင်းသားတစ်ချို့တောင် ချွေးအေးတွေကို ခိုးသုတ်နေကြရပါတယ်။ ဝမ်းလီကဓားစာခံဖြစ်နေလို့ သူတို့ကျိတ်ဝမ်းသာနေကြပါတယ်။ မဟုတ်ဘူးဆိုရင် တစ်နေ့နေ့မှာ ဒီလူသားမဟုတ်တဲ့ ရှန်ယန်ရှောင်ကသာ ခရမ်းအတန်းကျောင်းသားတွေကို စိန်ခေါ်မယ်ဆိုရင် အဲ့ဒီကျောင်းသားဟာ စိတ်ဓာတ်ကျပြီးသေသွားနိုင်ပါတယ်။
ဒုတိယပွဲကတော့ ရွေ့လျားပစ်မှတ်ပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့လည်း ပစ်မှတ်စက်ကွင်းအစား ပစ်ခတ်ကွင်းရဲ့ မျက်နှာကြက်မှာချိတ်ဆွဲထားတဲ့ ရွှေရောင်ဘောလုံးလေးပဲ ဖြစ်ပါတယ်။
အဲ့ဒီရွှေရောင်ဘောလုံးတွေဟာ မှော်ဆရာတွေကနေ အသက်သွင်းထားတာပါ။ မှော်အတတ်ကြောင့် အဆိုပါဘောလုံးတွေဟာ အမြန်ဆုံးအရှိန်နဲ့ အဆက်မပြတ်ရွေ့လျားနေကြပါတယ်။ အလွန်လျင်မြန်စွာရွေ့လျားနေတာကြောင့် သေချာဂရုတစိုက်မကြည့်ရင် ဘောလုံးရဲ့ပုံစံဟာ ဘယ်လိုလဲဆိုတာကို တွေ့မြင်နိုင်မှာ မဟုတ်ဘဲ လေထဲမှာ အလွန်မြန်ဆန်စွာ သွားနေကြတဲ့ ရွှေဘောလုံးတွေရဲ့ အရိပ်ကိုသာတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။
လေးဌာနက ကျောင်းသားတွေဟာ ဒီဘောလုံးတွေနဲ့ လေ့ကျင့်ဖူးသူတွေဖြစ်ကာ ကျောင်းသားသစ်တွေသာလျှင် ရံဖန်ရံခါမှသာ အသုံးပြုလေ့ကျင့်ဖူးကြတာပါ။
ဒီပွဲအတွက် တစ်ဦးလျှင် မြှားတစ်ရာစီပေးထားပါတယ်။ မြှားအားလုံးကို အသုံးပြုပြီးတဲ့နောက် ဘောလုံးကိုထိမှန်တဲ့ အရေအတွက်အလိုက် အနိုင်အရှုံးဆုံးဖြတ်မှာပါ။
ဘောလုံးအများဆုံးကို မှန်အောင်ပစ်နိုင်သူက အနိုင်ရမှာဖြစ်ပါတယ်။
ဒုတိယပွဲစဉ်ဖြစ်တဲ့ ရွေ့လျားပစ်မှတ်ပွဲမှာလည်း ရှီးယွန်ရဲ့ရှေ့မှာ အစွမ်းပြချင်တုန်းပါပဲ ဝမ်းလီကတော့။ ကျောင်းသားသစ်တစ်ယောက်အနေနဲ့ ဘောလုံးတွေကို မှန်အောင်ပစ်ခတ်နိုင်တဲ့ အရေအတွက်က အများကြီးမဟုတ်ပေမယ့် ဝမ်းလီဟာ တိတ်တိတ်လေးလေ့ကျင့်ထားပါတယ် ဒါမှသာ လူကြားထဲမှာ ထင်ပေါ်နိုင်မှာဖြစ်ပါတယ်။
ကျောင်းသားသစ်တွေကြားထဲမှာတော့ ရွေ့လျားပစ်မှတ်နဲ့ပတ်သတ်ရင် သူသာ အကောင်းဆုံးလို့ သူ့ကိုယ်သူသေချာနေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၂)
သို့သော်လည်း အခုအခါမှာတော့......
ရှန်ယန်ရှောင်ရဲ့ သက်တောင့်သက်သာပုံစံကို ကြည့်လိုက်မိပြီး ဝမ်းလီလည်း စတင်ကာ..........
ယုံကြည်မှုပြိုလဲလာရပါပြီ.....
ဘယ်လိုမကောင်းမှုမျိုးကို သူလုပ်မိခဲ့လို့ ဒီလို လူမဆန်တဲ့တစ်ယောက်ကို ဘုရားကနေ သူ့ဆီစေလွှတ်ကာ သူ့ယုံကြည်မှုတွေကို ရိုက်ချိုးစေခဲ့ရတာလဲဗျာ.......
ဘုရားကနေစေလွှတ်ခဲ့တာမဟုတ်ဘဲ သူကိုယ်တိုင် သွားစိန်ခေါ်ခဲ့တယ်ဆိုတာကိုတော့ ဝမ်းလီမေ့နေပါတယ်။
ဝမ်းလီသာ အဆိုပါအကြောင်းကို သတိရသွားရင် သူ့ပါးကိုသူ ခပ်ပြင်းပြင်းနှစ်ချက်ရိုက်မိမှာပါ...ဟုတ်ပါတယ် သူ ဒီတစ်ချီတော့ လုံးဝကိုအလဲအကွဲဖြစ်ပါပြီ သူက မထိသင့်တဲ့လူတစ်ယောက်အား သွားရန်စမိခဲ့ကာ ဒီလူမဟုတ်တဲ့ကောင်ကိုမှ သွားရန်စစိန်ခေါ်ခဲ့မိတာပါ။
အခုအချိန်မှာတော့ ပထမပွဲရဲ့ ရှုံးနိမ့်မှုကြောင့် သူ့ကိုယ်သူယုံကြည်မှုအရှိဆုံးဖြစ်တဲ့ ရွေ့လျားပစ်မှတ်ပွဲမှာပါ ယုံကြည်မှုပျက်စီးနေရပါပြီ။
ဒုတိယပွဲစတဲ့အချိန်မှာတော့ လူအားလုံးရဲ့ အကြည့်တွေအောက်မှာပဲ ရှန်ယန်ရှောင်ဟာ သူမရဲ့မြှားကျည်တောက်ကို ယူလိုက်ကာ ဘောလုံးတွေအောက်က သူမရဲ့သတ်မှတ်နေရာဆီသို့ သွားလိုက်ပါတယ်။
ဝမ်းလီလည်း အံကြိတ်လိုက်ပြီးနောက် သူ့ကျည်တောက်အားယူကာ သူ့နေရာသို့ သွားလိုက်ပါတော့တယ်။
ရှန်ယန်ရှောင်ရဲ့ မြှားတစ်ရာလုံးကုန်ဆုံးချိန်မှာ ဝမ်းလီရဲ့ကျည်တောက်ထဲမှာက တစ်ဝက်ကျော်ကျော်ကျန်နေသေးပါတယ်။ ဝမ်းလီကို ပိုပြီးသွေးအန်စေချင်အောင် ဖြစ်စေတာကတော့..........
ကြမ်းပေါ်ပြုတ်ကျနေတဲ့ ပစ်ခတ်ခံထားရတဲ့ အဲ့ဒီဘောလုံးတွေထဲမှာ သူပစ်ထားတဲ့ ဆယ်လုံးကျော်လောက်ကလွဲရင် ကျန်တာအားလုံးက ဟို လူမဟုတ်တဲ့ကောင်ရဲ့ လက်ချက်ပဲဖြစ်ပါတော့တယ်။
ဘေးကနေကြည့်နေကြတဲ့ ကျောင်းသားအားလုံးလည်း ကြောင်တောင်တောင်အမူအရာတွေဖြစ်နေပြီး မင်သက်မိနေကြရပါတယ်။
မြှားတစ်ရာထဲမှာ အနည်းဆုံးကိုးဆယ့်ငါးစင်းလောက်က ဘောလုံးတွေကို ထိမှန်ခဲ့ပါတယ်။ ဒါပေမဲ့ကွာ ဒီဘောလုံးတွေက တအားမြန်တယ်လေကွာ ပစ်မှတ်သေမဟုတ်ဘူးလေကွာ။ စောစောလေးကမှပြထားတဲ့ ဆယ်စင်းပစ်ချက်ကို အသာထားလိုက်ဦး ဒီလိုမျိုးတိကျတဲ့မှန်ချက်ကြီးက သူတို့ကိုယ်သူတို့ သတ်သာသေလိုက်ကြတော့လို့ ပြောနေတာနဲ့မတူဘူးလားကွာ။
အချိန်မကြာလိုက်ပါဘဲနဲ့ ဒုတိယပွဲစဉ်ကိုတော့ ရှန်ယန်ရှောင်ကပဲ အပြတ်အသတ် အနိုင်ယူလိုက်နိုင်ပါတယ်။
ပွဲနှစ်ပွဲလုံးက ဝမ်းလီအား ကြက်ပွဲမှာလောင်းကြေးရှုံးခဲ့ရသလိုမျိုး စိတ်ဓာတ်ကျဆင်းစေခဲ့ပါတယ်။ သူ့ရဲ့မာနနဲ့ဘဝင်တွေက ပြာဖြစ်သွားခဲ့ပါပြီ။ သူ့ခေါင်းဟာငိုက်စိုက်ကျနေကာ ပရိသတ်ရဲ့ ရှုပ်ထွေးတဲ့အကြည့်တွေအောက်မှာပဲ ရှီးယွန်ဆီကိုသွားလိုက်ပြီး ဝမ်းလီတိုးတိုးလေးပြောလိုက်ပါတယ်။
"နည်းပြရှီးယွန် တတိယပွဲစဉ်မလိုတော့ပါဘူး ကျနော် လက်မြှောက်အရှုံးပေးပါတယ်"
ဘာများတတ်နိုင်ဦးမှာမို့လဲ။ သူသေချာသိတာကတော့ ပြီးခဲ့တဲ့ပွဲတွေကြောင့် သူ့မှာယုံကြည်မှုတစ်စက်မှ မရှိတော့တာကိုပါပဲ။ သူသာ ဆက်ပြိုင်နေရင် လေးဌာနတစ်ခုလုံးရဲ့ ရယ်စရာတစ်ယောက်ဖြစ်သွားရတော့မှာပါ။
ရှီးယွန်ရဲ့ စိတ်ကအလွန်ကြည်နေတာကြောင့် ဝမ်းလီရဲ့တောင်းဆိုမှုအား ချက်ချင်းအဖြေပေးလိုက်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ အစွမ်းအစက သူထင်ထားတာထက် အများကြီးသာနေပါတယ်။ ရှီးယွန်ဟာ ဒီစိန်ခေါ်ပွဲကို အမြန်ဆုံးအဆုံးသတ်ကာ ဒီကောင်လေးကို မေးခွန်းတွေမေးချင်နေပါပြီ။
ရှီးယွန်ရဲ့ ခွင့်ပြုချက်ရတာနဲ့ ဝမ်းလီဟာ ပစ်ခတ်ကွင်းထဲကနေ နောက်သို့တစ်ချက်မှ ပြန်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားပါတော့တယ်။
မနက်ဖြန်ကစတင်ပြီး ဂုဏ်ယူဝံ့ကြွားစရာကောင်းတဲ့ ခရမ်းရောင်ဝတ်စုံကိုချွတ်ကာ သူအမုန်းဆုံးဖြစ်တဲ့ အနီရောင်ဝတ်စုံကိုသာ ဝတ်ဆင်ရတော့မှာပါ။
သို့သော်လည်း အနိုင်ရသူကြီးဖြစ်တဲ့ ကျနော်တို့ရဲ့ ယန်ရှောင်လေးကတော့ တစ်ဝက်မှာတင် ထွက်ပြေးလွတ်မြောက်သွားတဲ့ ဝမ်းလီကြောင့် မပျော်မရွှင်ဖြစ်နေရပါတယ်။
ဒီနှစ်ပွဲက သွေးပူလေ့ကျင့်ခန်းလောက်ပဲ ရှိသေးတာလေ ဘာလို့ အဲ့ကောင်က ထွက်ပြေးရတာလဲ။ သူမက တစ်ကယ့်လက်စွမ်းကို တတိယပွဲမှ ပြသဖို့ကြံရွယ်ထားတာပါနော်။
ကံမကောင်းစွာနဲ့ပဲ ရှန်ယန်ရှောင်ဟာ သက်ပြင်းချကာ စိတ်ခံစားချက်ကို ဖော်ပြရန်တောင် အချိန်မရလိုက်ဘဲ ရှီးယွန်ရဲ့ဆွဲခေါ်ရာနောက်သို့သာ လိုက်ပါသွားရင်း ပစ်ခတ်ကွင်းထဲကနေထွက်သွားရပါတယ်။
{ရှီးယွန်အနေနဲ့ ချာတိတ်လေးရဲ့ မျှော်လင့်ချက်ကို မဖျက်စီးခဲ့သင့်ဘူးလို့ ကျနော်ထင်ပါတယ် :)}
နည်းပြဖြစ်သူရဲ့ ဝမ်းထဲမှာလည်း ဒီ လူမဟုတ်တာလေးကို မေးစရာမေးခွန်းတွေနဲ့ ပြည့်နှက်နေပါတယ်။
လာကြည့်တဲ့ကျောင်းသွားတွေလား သူတို့ကတော့ ဒီကြောက်ခမန်းလိလိဖြစ်တဲ့ စိန်ခေါ်ပွဲအပြီးမှာတော့ သူတို့ရဲ့စိတ်ဝိဉာည်တွေဟာ သူတို့ကိုယ်ထဲကနေ ထွက်ခွာသွားပြီလို့ ခံစားနေကြရပါတယ်။ ဒီစိန်ခေါ်ပွဲအပြီးမှာတော့ သူတို့အားလုံးဟာ ငိုချင်နေကြသော်လည်း ကျစရာမျက်ရည်မရှိဖြစ်နေကြရပါတော့တယ်........
စိန်ခေါ်ပွဲမစခင်တုန်းက ရှန်ယန်ရှောင်ဖက်ကနေလောင်းခဲ့တဲ့ ငနာလေးကောင်ကလွဲရင် ကျောင်းသားတိုင်းလိုလိုက ဝမ်းလီဖက်ကနေ လောင်းခဲ့ကြတာပါ။ နောက်ပြီး အခုရလဒ်အရ သူတို့ငွေတွေ ပလုံသွားပါပြီ။
သို့သော်လည်း အဆိုပါငနာလေးကောင်ရဲ့ အနေအထားကြောင့် ဝက်ဝံနှလုံးသားနဲ့ ကျားသစ်သည်းခြေသာမစားထားရင် သူတို့တွေ မညစ်ပတ်မလိမ်ညာရဲပါဘူး ငနာလေးကောင်က မျိုးနွယ်ငါးစုရဲ့ သခင်လေးလေးယောက်ဖြစ်နေတယ်လေဗျာ။
အဲ့ဒါကြောင့်လည်း သူတို့အနေနဲ့ အံကိုတင်းနေအောင်ကြိတ်ပြီးတော့သာ ငနာလေးကောင်က သူတို့ရဲ့နှလုံးသားကိုမျက်ရည်ကျအောင်လုပ်ပြီး သူတို့ရဲ့ဌာနထဲကနေထွက်ခွာသွားတာကိုသာ ကြည့်နေလိုက်ရပါတယ်။