← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အပိုင်း ( 502 )

ရည်မှန်းချက် အောင်မြင်ပြီ၊ မျိုးနွယ်စုနှစ်ခုကြားရှိ ပဋိပက္ခများကို လောင်စာထည့်ပေးခြင်း ၂

“ ပေါက်ကရတွေ တော်လောက်ပြီ၊ ယုတ်မာတဲ့ သားရဲကောင်တွေ၊ ငါတို့စစ်တပ်ကို တိုက်ခိုက်ရဲရင် သေဖို့ ပြင်ဆင်ထားလိုက် “

ရှုကျိုးသည် နှစ်ဖက်စလုံးကို စကားပြောခွင့်မပေးသင့်ဘူးဆိုသည်ကို သိနေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ၏ကိစ္စများ ပေါ်သွားမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး၊ သူ၏အတွင်းပိုင်း စွမ်းအင်မှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။

လဝိညာဥ် နည်းစနစ်၊ အသက်ဝင်

သူ၏ နယ်ပယ်သည် အဆင့်သေးတစ်ခုတိတိ ချက်ချင်းမြင့်တက်သွားခဲ့သည်။

တိုက်ခိုက်ရေး အစီအရင်၏ ထောက်ပံ့ပေးမှုကြောင့် သူ၏စွမ်းအားမှာ ချက်ချင်းမြင့်တက်သွားခဲ့သည်။

“ သတ် “

ရှုကျိုးသည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ ဓားကို ထပ်မံ၍ လွှဲရမ်းလိုက်သည်။

ဘုတ် ဘုတ် ဘုတ်

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုဦးချို သားရဲများစွာ လဲကျသွားသည်။

“ တပ်မှူးလန်ရဲ့ စွမ်းအားက တိုးတက်လာတာလား “

သူ့နောက်ရှိ မာချန်သည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

“ ဒါက လူရာဂဏန်းလောက်ပဲရှိတဲ့ တိုက်ခိုက်ရေး အစီအရင်လေ၊ အဲ့တာကို အခုတပ်မှူးလန်က လူထောင်ဂဏန်းပါတဲ့ တိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားမျိုးကို ထုတ်သုံးနေတာလား “

သူမသိသောအရာကား လန်စုက တိုက်ခိုက်ရေ အစီအရင်၏ စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်ဘူးဆိုသည်ပင် ဖြစ်သည်။

တစ်ဖက်ရှိ ရှုကျိုးသည် ဤတိုက်ခိုက်ရေး အစီအရင်က သူနှင့် ပိုမိုလိုက်လျောညီထွေဖြစ်သည်ကို သိရှိသွားခဲ့ကာ ၎င်း၏ စွမ်းအားမှာလည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။

…

နတ်ဆိုးဦးချို သားရဲခေါင်းဆောင်ကြီးသည် သူ၏မိသားစုဝင်များက တစ်ဦးပြီးတစ်ဦး ကျဆုံးသွားသည်ကို စောင့်ကြည့်နေခဲ့ရပြီး၊ အမုန်းတရားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

“ ကိုယ့်လူတို့၊ စွမ်းအားများ ပေးသနားပါ “

နတ်ဆိုးဦးချို သားရဲခေါင်းဆောင်ကြီးမှ ဟိန်းဟောက်လာခဲ့ရာ၊ တစ်ခြား နတ်ဆိုးဦးချိုသားရဲများသည် သူ့အနားတွင် စုစည်းလာခဲ့ပြီး၊ ဟိန်းဟောက်လာကြသည်။ ထို့နောက်တွင် သူတို့၏ ဦးချိုများထံမှ အလင်းတန်းများ ပေါက်ထွက်လာခဲ့သည်။

အဆိုပါ အလင်းတန်းများသည် ရှုကျိုးနှင့် တစ်ခြားလူများဆီသို့ မရောက်ရှိလာခဲ့ဘဲ၊ နတ်ဆိုးဦးချို သားရဲခေါင်းဆောင်ကြီးဆီသို့သာ ပြေးဝင်သွားကြသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ခေါင်းဆောင်ကြီး၏ ဦးချိုထံမှ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပျံ့လွင့်လာခဲ့သည်။

နတ်ဆိုးဦးချို သားရဲမျိုးနွယ်စုသည် သူတို့၏ ဦးချိုများကြောင့် နာမည်ကျော်နေခြင်း ဖြစ်သည်။

သူတို့၏ဦးချိုများသည် သူတို့၏ အစွမ်းအထက်ဆုံး လက်နက်များသာလျှင် မဟုတ်ဘဲ ဆက်သွယ်ရေးအတွက် အသုံးပြုသည့် ပစ္စည်းတစ်ခုပါ ဖြစ်နေခဲ့သည်။

ထို့အပြင် နတ်ဆိုးဦးချို သားရဲခေါင်းဆောင်သည် မျိုးနွယ်တူ အဖွဲ့ဝင်တို့၏ စွမ်းအားကို သူ၏ဦးချိုမှတစ်ဆင့် စုပ်ယူနိုင်ပြီး၊ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ကွက်ကို ထုတ်လွှတ်နိုင်ပေသည်။

အဆိုပါ နည်းလမ်းသည် တိုက်ခိုက်ရေး အစီအရင်၏ ချီ-သွေးစွမ်းအား စုစည်းခြင်းနည်းလမ်းနှင့် အနည်းငယ် တူညီနေခဲ့သည်။

သို့သော် နတ်ဆိုးဦးချို သားရဲတို့၏ နည်းလမ်းမှာ ပိုမိုရက်စက်ကြမ်းကြုတ်နေလျက်ရှိပြီး၊ သားရဲမျိုးနွယ်စု၏ ခံနိုင်ရည်အားသည် သူတို့၏ကိုယ်ပိုင်စွမ်းအားထပ် များစွာသာလွန်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် နတ်ဆိုးဦးချိုသားရဲခေါင်းဆောင်ကြီးသည် သူ၏ဝှက်ဖဲကို ထုတ်ဖော်ပြသလာခဲ့ရာ၊ ကွင်းပြင်တစ်ခုလုံး၏ စွမ်းအားက ပွက်ပွက်ဆူသွားပုံရသည်။

“ သေ “

ခေါင်းဆောင်ကြီး၏ ဦးချိုသည် အနည်းငယ် လှုပ်ခါလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ ရောင်ခြည်တန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်၊ ၎င်းသည် လေထုကို ဆုတ်ဖြဲကာ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ထံသို့ ဦးတည်လာခဲ့သည်။

“ ထွက်ပြေးဖို့ အချိန်ကျပြီ “

ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ စွမ်းအားကို ခံစားလိုက်ရသောအခါတွင် ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

သူသည် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရှာရတော့မည်ဆိုသည်ကို သိနေခဲ့သည်။

သို့သော် ယခုအတွက်ကား သူသည် ဆက်လက်၍ သရုပ်ဆောင်နေရဦးမည် ဖြစ်သည်။

ထိုအချိန်တွင် သူသည် နှာခေါင်းရှုံ့ကာ အော်ဟစ်လှောင်ပြောင်လိုက်သည် “ ကလေးအကွက်တွေ “

“ ဓား၊ လာ “

ဘမ်းးး

တိုက်ခိုက်ရေး အစီအရင်၏ အထက်ကောင်းကင်ယံရှိ ဓားရှည်သည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ မီတာ ရာနှင့်ချီ၍ ရှည်လျားသည့် သွေးနီရောင် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားကာ၊ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။

“ သတ် “

ရှုကျိုးသည် ဓားရှည်ကို ထိန်းချုပ်ကာ လွှဲရမ်းလာခဲ့သည်။

ဝုန်းးးး

ဓားရှည်နှင့် ရောင်ခြည်တန်းတို့ တိုက်မိသွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းကို ချက်ချင်း ထုတ်လွှတ်လာခဲ့သည်။

မိုင်ရာဂဏန်းအတွင်းရှိ မြေပြင်သည် အနည်းငယ် လှုပ်ခါသွားခဲ့သည်။

အဆိုပါ ဧရိယာအတွင်းရှိ တောင်များသည် အဆိုပါ စွမ်းအင်လှိုင်းကြောင့် လှုပ်ခါသွားခဲ့ပြီး၊ များပြားလွန်းလှသော သစ်ပင်များ ဖျက်စီးခံလိုက်ရကာ၊ ပြိုလဲသွားကြသည်။

“ ခရက် ခရက် ခရက် “

ဓားရှည်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

မာချန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည် “ တပ်မှူးလန် “

ရှုကျိုးမှ အော်ပြောလာခဲ့သည် “ တောင့်ထားကြ “

မာချန်သည် နောက်ဆုတ်ချင်နေသော်လည်း၊ တပ်မှူး၏ အမိန့်ကြောင့် ကိုယ့်ကိုကိုယ် အားပေးကာ စွမ်းအင်များ ဆက်လက်လွှဲပြောင်းပေးနေခဲ့သည်။

“ ခရက် ခရက် “

အဆုံးတွင် ဓားရှည်သည် ရောင်ခြည်တန်း၏ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ဘမ်းဟူသောအသံနှင့်အတူ လုံးဝပေါက်ကွဲသွားတော့သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ်ရဦ ရောင်ခြည်တန်းသည် တိုက်ခိုက်ရေး အစီအရင်ထံသို့ ရပ်တန့်၍ မရသော အင်အားမျိုးဖြင့် ပြေးဝင်လာခဲ့သည်။

“ ဝုန်းး ဝုန်းး ဝုန်းး “

အဆိုပါ ရောင်ခြည်တန်းအောက်တွင် ရာနှင့်ချီသော လူများသည် နေရာမှာတင် ပေါက်ကွဲကာ ချက်ချင်းသေဆုံးသွားတော့သည်။

တပ်မှူးဖြစ်သည့် ရှုကျိုးမှာ အရင်ဦးဆုံး ထိခိုက်သွားခဲ့သည်။

သို့သော် သူသည် လန်စု၏ အလောင်းကို ထုတ်ယူလိုက်ပြီး၊ တည်နေရာ ကူးပြောင်းခြင်းကို အသုံးပြုကာ ထိုနေရာမှ ချက်ချင်း ထွက်သွားခဲ့သည်။

သူ၏အလွန်တရာ ကောင်းမွန်သော ဟင်းလင်းပြင် ထိန်းချုပ်နိုင်စွမ်းကြောင့် သူသည် အရာအားလုံးကို ၀.၀၀၁ မီလီစက္ကန့်အတွင်းမှာပင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

နတ်ဆိုးဦးချို သားရဲခေါင်းဆောင်မှာ ချွင်းချက်ဖြစ်ပြီး၊ သူသည် ၎င်းကို အနည်းငယ်မျှ ခံစားမိနေခဲ့ပြီး၊ ကျန်လူများကမူ မည်သည့်အရာကိုမှ သတိမပြုမိခဲ့ပေ။

နတ်ဆိုးဦးချို ခေါင်းဆောင်ကြီးကပင် အလင်းတန်းတစ်ခုကို တစ်ခဏခန့်သာ မြင်တွေ့ခဲ့ရသည်၊ သို့သော် လန်စု၏အလောင်းကို မြင်လိုက်ရသောအခါတွင် သူအမြင်မှားသွားသည်ဟုသာ ထင်သွားခဲ့သည်။

ဤကဲ့သို့သော ပွဲသိမ်းတိုက်ကွက်အောက်တွင် မည်သူက ရှင်သန်လွတ်မြောက်နိုင်မည်နည်း

ထိုစဥ် မာချန်သည် လန်စု၏ အလောင်းကို မြင်တွေ့သွားကာ ဝမ်းနည်းတကြီး အော်ဟစ်လာခဲ့သည်။

“ သားရဲကောင်၊ ငါမင်းနဲ့ သေတဲ့အထိ တိုက်မယ် “

မာချန်သည် အော်ဟစ်ကြုံးဝါးကာ ကျန်ရှိနေသည့် လူများကို ဦးဆောင်၍ ခုခံရန် ပြင်ဆင်လိုက်သည်။

သို့သော် ကံဆိုးစွာဖြင့် အရာအားလုံးမှာ အချည်းအနှီးသာ ဖြစ်နေခဲ့ပြီး၊ သူတို့အားလုံးသည် တောအုပ်ထဲတွင် သေဆုံးသွားခဲ့ရကာ မည်သူမှ မရှင်သန်နိုင်ခဲ့ပေ။

…

မိုင်ထောင်ပေါင်းများစွာ အကွာတွင်

တည်နေရာ ကူးပြောင်းခြင်းကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တောင်ပိုင်းစစ်နယ်မြေအတွင်းမှ ထွက်ခွာလာခဲ့သည်။

ရှုကျိုးမှ သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သွေးစွန်းနေသည့် ထိုးသွင်းရာတစ်ခုကို မြင်တွေ့သွားခဲ့သည်။

၎င်းမှာ နတ်ဆိုးဦးချို သားရဲခေါင်းဆောင်ကြီး၏ တိုက်ကွက်ကို တိုက်ရိုက်ခံလိုက်ရသောကြောင့် ဖြစ်သည်။

သာမန်ပဥ္စမအဆင့် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်နေမည်ဆိုပါက ထိုနေရာမှာပင် ချက်ချင်း သေဆုံးသွားခဲ့မည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး၊ ၎င်းသည် လျင်မြန်စွာ လည်ပတ်ကာ ဒဏ်ရာကို ကုသနေတော့သည်။

သို့သော် ရှုကျိုးသည် သူက အလွန်အားနည်းနေသေးသည်ဟု ခံစားနေခဲ့ရသည်။

“ ကြည့်ရတာတော့ အင်မော်တယ်စွမ်းရည်ကိုချည်း အားကိုးနေလို့ မရတော့တဲ့ပုံပဲ။ သေစေနိုင်တဲ့ တိုက်ကွက်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ အင်မော်တယ် စွမ်းရည်က အချိန်မှီ မကုသပေးနိုင်ဘူးဆိုရင် ငါတကယ် သေသွားမှာ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ တကယ်ကြီးကို အန္တရာယ်များခဲ့တာပဲ၊ ဒါပင်မဲ့ ရည်ရွယ်ချက်ကတော့ အောင်မြင်သွားပြီ “

သူသည် ကမ္ဘာ့ကြယ်သား ပညာရှင် ရာဂဏန်းကို ဦးဆောင်ကာ တောင်ပိုင်းစစ်နယ်မြေရှိ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုကို တိုက်ခိုက်ခဲ့သည့် သတင်းမှာ မကြာခင် အချိန်မှာပင် ပျံ့နှံ့လာတော့မည် ဖြစ်သည်။

သားရဲမျိုးနွယ်စုက ထိုအကြောင်းကို သိသွားသည်နှင့်တစ်ပြိုင်နက် သူတို့က ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို ဒေါသထွက်သွားမည်မှာ သေချာလှသည်။

ထို့ကြောင့်ပင် နဂါးသားရဲကြီးသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တစ်ဦးအဖြစ် ရုပ်ဖျက်ကာ နတ်ဆိုးဦးချို သားရဲမျိုးနွယ်စုကို အရင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ဟမ် “

ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိသွားခဲ့သည် “ ငါ့နယ်ပယ် အတားအဆီးက ပြေလျော့သွားသလိုပဲ “

သေခြင်းရှင်ခြင်းအခိုက်အတန့်ကို ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင် သူသည် ဉာဏ်အလင်းရခဲ့ကာ၊ သူ၏အလယ်အလတ် ပဥ္စမအဆင့် နယ်ပယ်၏ အချုပ်အနှောင်များက ပြေလျော့သွားပြီဆိုသည်ကို နားလည်သွားခဲ့သည်၊ နှောင်းပိုင်း ပဥ္စမအဆင့်သို့ ရောက်ရှိရန်မှာ ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။

“ ကြည့်ရတာတော့ စခန်းကို ပြန်ရောက်တဲ့ အချိန်ကျရင် ချက်ချင်း အဆင့်တက်လို့ရပြီနဲ့တူတယ် “

ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားကာ အနောက်ပိုင်း စစ်နယ်မြေရှိရာဘက်သို့ တဟုန်ထိုး ဦးတည်သွားတော့သည်။

…

ကိစ္စများသည် ရှုကျိုးမျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် နယ်မြေ ၁၀၀တွင် ဖြစ်ပွားခဲ့သည့် ကိစ္စသည် တောင်ပိုင်းစစ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုသည် ဒေါသတကြီး ပေါက်ကွဲနေကြတော့သည်။

ငါတို့က ငြိမ်နေပေးလိုက်လို့၊ ငါတို့ကို အနိုင်ကျင့်နေတာလား

ခံစားချက်များ မြင့်တက်နေသည့် အချိန်၌ …….

တောင်ပိုင်းစစ်နယ်မြေ၊ နယ်မြေ ၅၅

များပြားသော နတ်ဆိုးနဂါးသားရဲများ စုစည်းနေကြသည်။

နတ်ဆိုးနဂါး သားရဲမျိုးနွယ်စုသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများအနက် အဆင့်အမြင့်ဆုံးသော မျိုးနွယ်စုဖြစ်ပြီး၊ ၎င်းတို့၏ အဆင့်အတန်းသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းရှိ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတို့နှင့် တူညီနေလျက်ရှိသည်။

ထို့ကြောင့် ဤမျိုးနွယ်စုသည် နယ်မြေ ၅၅ရှိ အစီအရင်ကို တာဝန်ယူထားရသည်။

( အရင်ကအပိုင်းတွေမှာ အခြေစိုက်စခန်းလို့ ပြန်မိပါတယ်၊ စခန်းတစ်ခုချင်းစီတိုင်းမှာ အစီအရင် တစ်ခုချင်းစီ တည်ဆောက်ထားပြီးတော့၊ တောင်ပိုင်းနယ်မြေတစ်ခုလုံးက အစီအရင်တွေကို ပေါင်းပြီးတော့ အမှောင်နယ်မြေအတွက် အစီအရင် အကြီးစားတစ်ခုကို အသက်သွင်းမှာပါ )

အဘယ့်ကြောင့်ဆိုသော် နယ်မြေ ၅၅တွင် အစီအရင် သိန်းနှင့်ချီ၍ တည်ရှိနေသောကြောင့် ဖြစ်သည်။

အကယ်၍ နယ်မြေ ၅၅တွင် ရှိနေသည့် အစီအရင်များက ဖျက်စီးခံလိုက်ရမည်ဆိုပါက အစီအရင်ကြီးတစ်ခုလုံး မတည်မငြိမ် ဖြစ်သွားရလိမ့်မည် ဖြစ်သည်။

၎င်းမှာ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်သည်။

သူတို့သည် လူအများက အာရုံစိုက်လာကြမည်ကို ရှောင်ရှားရန်အတွက် နယ်မြေ ၁နှင့် ၂အစား နယ်မြေ ၅၅ကိုသာ အဓိကနယ်မြေအဖြစ် ရွေးချယ်ခဲ့ကြသည်။

သို့သော် မကြာသေးခင် အချိန်ကမှ သူတို့သည် တုန်လှုပ်ဖွယ်ကောင်းသည့် သတင်းတစ်ပုဒ်ကို ရရှိခဲ့ကြသည်။

“ အစီအရင် ကိစ္စက ပေါက်ကြားသွားပြီ “

“ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက တိုက်ခိုက်ဖို့အတွက် အင်အားစုဆောင်းနေတယ် “

နတ်ဆိုးနဂါးသားရဲများသည် တလေးတနက် ဖြစ်သွားကြသည်။

“ ငါတို့က တန်ပြန်တိုက်ခိုက်ရေး အစီအမံတွေ လုပ်လိုက်သင့်လား “

နတ်ဆိုးဝါဟု အမည်ရသည့် အဝါ‌ရောင်ဆံသားနှင့် နဂါးတစ်ကောင်မှ စကားပြောလာခဲ့သည်။

သူ့ဘေးနားရှိ ခရမ်းနတ်ဆိုးဟု ခေါ်ဆိုကြသည့် ခရမ်းရောင် အမှတ်အားတို့ကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးနဂါးအိုကြီးမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ စိတ်ပူနေဖို့ မလိုအပ်ပါဘူး၊ တောင်ပိုင်းမှာက စစ်နယ်မြေတွေ အများကြီးရှိတယ်၊ နယ်မြေတစ်ခုချင်းစီတိုင်းမှာ အစီအရင် သိန်းနဲ့ချီပြီးတော့ ရှိတယ်၊ တစ်ချို့နေရာတွေမှာဆိုရင် ခြောက်သိန်းကနေ ခုနစ်သိန်းလောက်အထိ ရှိတယ်၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက အဲ့ဟာတွေကို အချိန်မှီ မြေလှန်ရှာနိုင်မှာ မဟုတ်ဘူး “

“ အများဆုံးအနေနဲ့ တစ်နှစ်အတွင်းမှာပဲ အမှောင်နယ်မြေလမ်းကြောင်းကို ဖွဲ့စည်းနိုင်တော့မယ် “

“ အဲ့အချိန်ကျရင် အမှောင်နယ်မြေနဲ့ ချိတ်ဆက်ပြီးတော့ ဒီမှာရှိတဲ့ မျိုးနွယ်စု အကုန်လုံးကို ကျွန်ဇာတ်သွင်းလို့ရပြီ “

တစ်ခြားသော နတ်ဆိုးနဂါးများမှာလည်း အသာအယာ ခေါင်းငြိမ့်နေကြတော့သည်၊ သူတို့သည် စကားပြောဆိုရန် မလိုအပ်ဘဲ တစ်ဦး၏ အတွေးကို တစ်ဦးက နားလည်နေကြသည်။

ထို့နောက်၌ ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ အော်ဆဲလာတော့သည် “ သောက်လူမသားတွေကတော့ကွာ “

“ ဟမ် “

တစ်ခြားသော နတ်ဆိုးနဂါးများမှာလည်း ဇဝေဇဝါ ဖြစ်သွားကြသည်၊ ဘာလို့ လူသားတွေကို ရုတ်တရက် ကျိန်ဆဲနေရတာလဲဟ

ခရမ်းနတ်ဆိုးမှာ အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည် “ လူမသား သိုင်းပညာရှင်တစ်သိုက်က နယ်မြေ၁၀၀ထဲကို ကျူးကျော်လာခဲ့ပြီး၊ နတ်ဆိုးဦးချို သားရဲတွေကို သတ်သွားတယ်၊ အခု အဲ့ကောင်တွေက ဒေါသထွက်နေပြီး၊ လူသားတွေကို စစ်ကြေညာဖို့ ပြင်နေကြတယ် “

နတ်ဆိုးဝါမှာ ဆွံ့အသွားရတော့သည် “ အဲ့လူမသားတွေက ရူးနေကြတာလား။ ဒီလိုအချိန်မျိုးမှာ ပြဿနာ လာရှာနေတယ်ပေါ့ “

“ ကြယ်ပြာဂြိုဟ်ရဲ့ လူသားတွေက ငါတို့ကို မစော်ကားခဲ့ဘူး၊ ငါတို့ကမ္ဘာ့ကြယ်က အဲ့အရူးတွေကတော့ တစ်ခုခုကို ကြံနေတဲ့ပုံပဲ “

ခရမ်းနတ်ဆိုးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ နတ်ဆိုးဝါ၊ နယ်မြေ ၁၀၀ကို သွားပြီးတော့ ရန်ငြှိုးတွေကို ခဏလောက် ဘေးချိတ်ထားဖို့ အဲ့ဒီနတ်ဆိုးဦးချို သားရဲတွေကို ပြောလိုက်။ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက တိုက်ခိုက်လာတော့မှာ၊ သူတို့ကိုပဲ အာရုံစိုက်ထားမှ ဖြစ်မယ် “

“ ကောင်းပါပြီ “

နတ်ဆိုးဝါသည် ‌ခေါင်းငြိမ့်ပြလာခဲ့ကာ အဝါရောင် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ နယ်မြေ ၁၀၀ဆီသို့ ပျံသန်းသွားတော့သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 503 )

အဆင့်ထိုးဖောက်မှု၊ နှောင်းပိုင်း ပဥ္စမအဆင့်

နတ်ဆိုးဝါသည် အမိန့်များကို သယ်ဆောင်ကာ နယ်မြေ ၁၀၀ဆီသို့ ဦးတည်နေလျက်ရှိသည်။

သို့သော် နယ်မြေ ၁၀၀သို့ ရောက်လာသည့် အချိန်တွင် သူကြောင်တောင်တောင် ဖြစ်သွားရတော့လေသည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “

သူ့အရှေ့ရှိ နယ်မြေ ၁၀၀တွင် မည်သူမှ ရှိမနေတော့ပေ။

“ မိုမန်း “

နတ်ဆိုးဝါသည် နတ်ဆိုးဦးချို သားရဲခေါင်းဆောင်၏ အမည်ကို အော်ခေါ်လိုက်သည်။

သို့ရာတွင် မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။

နတ်ဆိုးဝါမှ စိတ်ဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်ရာ၊ ကြီးမားသော စိတ်စွမ်းအင် လှိုင်းတစ်ခုသည် နယ်မြေ ၁၀၀တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

၎င်းမှာ နတ်ဆိုးနဂါး သားရဲမျိုးနွယ်စု၏ မွေးရာပါစွမ်းရည်တစ်ခုဖြစ်ပြီး၊ ၎င်းသည် ဤနယ်မြေတွင် ရှိနေသည့် အတိတ်က ခြေရာလက်ရာများကို ခြေရာခံနိုင်ပေသည်။

မကြာခင်မှာပင် နတ်ဆိုးဝါသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ အဲ့ဒီနတ်ဆိုးဦးချိုကောင်တွေက တကယ်ကြီးကို ထွက်ပြေးသွားကြတာလား။ သူတို့က ဘာတွေ လုပ်နေတာလဲ “

နတ်ဆိုးဝါသည် နတ်ဆိုးဦးချို သားရဲများက မိုမန်း၏ ဦးဆောင်မှုအောက်တွင် သိပ်မကြာခင် အချိန်ကမှ အနောက်ပိုင်း စစ်နယ်မြေရှိရာဘက်သို့ ဦးတည်သွားသည်ကို အာရုံခံမိခဲ့သည်။

“ ဟမ်။ မဟုတ်သေးဘူး၊ နတ်ဆိုးဦးချို သားရဲတွေအပြင် တစ်ခြားမျိုးနွယ်စုတွေလည်း ရှိနေတဲ့ပုံပဲ ………. အဲ့တာက အရိပ်သားရဲမျိုးနွယ်စုလား “

နတ်ဆိုးဝါ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်၊ သူသည် ကိစ္စများက ထိန်းချုပ်မှုလွတ်သွားပြီဆိုသည်ကို သိသွားခဲ့သည်။

အဆိုပါ သားရဲများသည် လူသားတို့၏ စစ်နယ်မြေဆီသို့သာ သွားနေခြင်းဖြစ်သည်၊ ၎င်းမှာ အလွန်တရာ သိသာနေခဲ့သည်။

“ ပြဿနာတက်ပြီထင်တယ် “

နတ်ဆိုးဝါသည် နတ်ဆိုးဦးချို သားရဲများ ထွက်သွားရာဘက်သို့ ကြည့်ကာ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

…

လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက

နယ်မြေ ၁၀၀

နတ်ဆိုးဦးချို သားရဲများက ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင်

နဂါးသားရဲကြီးသည် ကိုယ်ပွားအခု ၂၀နှင့်အတူ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

နဂါးသားရဲကြီးနှင့် ကိုယ်ပွားများသည် အရိပ်သားရဲမျိုးနွယ်စုနှင့် နွားခေါင်းသားရဲမျိုးနွယ်စုအဖြစ် အသီးသီးပြောင်းလဲထားခဲ့ပြီးပြီ ဖြစ်သည်။

မဖိတ်ခေါ်ထားသည့် ဧည့်သည်များကို မြင်တွေ့လိုက်ရသောအခါတွင် မိုမန်း၏ အမူအရာသည် ချက်ချင်းမည်းမှောင်သွားခဲ့သည် “ အရိပ်မျိုးနွယ်စုလား။ နွားခေါင်းမျိုးနွယ်စုလား။ မင်းတို့က ငါ့နယ်မြေမှာ ဘာလုပ်နေကြတာလဲ “

သူသည် စိတ်အခြေအနေ မကောင်းသောကြောင့် မြင်တွေ့ရသမျှ လူတိုင်းနှင့် ရန်ဖြစ်ချင်နေလျက်ရှိသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် နဂါးသားရဲကြီးမှ ချက်ချင်း စကားပြောလာခဲ့သည် “ မင်းတို့က သိုင်းပညာရှင်တစ်စုရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရတာလား “

မိုမန်းသည် အေးစက်စွာ ပြန်ပြောလာခဲ့သည် “ အနိုင်ကျင့်ခံရတယ်ဆိုတာက ဘာစကားလဲ။ ငါက သူတို့တွေကို အပျောက်ရှင်းခဲ့တာ “

နဂါးသားရဲသည် ခေါင်းငြိမ့်ပြကာ ပြောလာခဲ့သည် “ ညီအစ်ကိုက တကယ်စွမ်းတာပဲ။ အဲ့လူမသားတွေက ငါ့နယ်မြေထဲကိုလည်း လာခဲ့တယ်၊ ငါ့မျိုးနွယ်စုဝင်တွေကို အကြောင်းမဲ့ သတ်သွားတာက ဒေါသထွက်စရာကောင်းတယ် “

“ အို့။ သူတို့က မင်းကိုပါ စော်ကားခဲ့တာလား “ မိုမန်းသည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည်။

“ အမှန်ပဲ၊ ငါ့ရဲ့ အရိပ်မျိုးနွယ်စုနဲ့ နွားခေါင်းမျိုးနွယ်စုရဲ့ အဖွဲ့ဝင် တော်တော်များများက လူမသားတွေကြောင့် သေသွားခဲ့တယ်။ ငါ့ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် အဲ့ကို သွားဖို့ အခုလေးတင် တွေးနေတာ။ မင်းတို့နတ်ဆိုးဦးချို သားရဲမျိုးနွယ်စုကပါ ငါတို့လိုမျိုး ဖြစ်နေခဲ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

ထိုစကားကိုကြားလိုက်ရသောအခါတွင် မိုမန်းသည် မအောင့်ထားနိုင်တော့ဘဲ၊ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ မင်းတို့က ဒီဒေါသတွေကို ဘယ်လိုမျိုး ဖြေဖျောက်ဖို့ စီစဥ်ထားတာလဲ “

နဂါးသားရဲကြီးသည် လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ ငါတို့က အနောက်ပိုင်း စစ်နယ်မြေဆီသွားပြီးတော့ အဲ့လူမသားတွေနဲ့ တိုက်ခိုက်ပြီး ဖြေရှင်းချက် တောင်းဖို့ စီစဥ်ထားတာ။ ညီအစ်ကို၊ မင်းရော လိုက်ဦးမလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် မိုမန်းသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားကာ ပြောလာခဲ့သည် “ ဒီကိစ္စက ဒေါသထွက်ဖို့ကောင်းပင်မဲ့၊ အခုက ကမ္ဘာစစ် ဖြစ်နေတဲ့ အချိန် ဖြစ်နေတယ်လေ၊ တကယ်လို့ ငါတို့က လူသားစစ်နယ်မြေထဲမှာ ဝင်ရှုပ်လိုက်မယ်ဆိုရင်၊ မသင့်တော်ဘူးလား “

နဂါးသားရဲကြီးမှာ အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည် “ လူမသားတွေကပဲ ငါတို့ကို အရင်လာသတ်တာလေ။ ငါတို့က ငြိမ်ငြိမ်လေးနေလိုက်ပြီးတော့ အနိုင်ကျင့်ခံရတာကို သည်းခံနေရမှာလား “

မိုမိန်းသည် ခေါင်းငြိမ့်ပြလာခဲ့သော်လည်း အနည်းငယ် တွေဝေနေသေးသည် “ ငါက ငါ့နယ်မြေထဲကို ရောက်လာတဲ့ လူမသားတွေကို သတ်ခဲ့ပြီးတော့ ငါ့ရဲ့ ဒေါသတွေကို ဖြေခဲ့ပြီးပြီ။ အနောက်ပိုင်း စစ်နယ်မြေအတွက်ကတော့၊ အဲ့တာက လူသားတွေရဲ့ စစ်မြေပြင်ပဲ၊ ငါမသွားဘူး “

သူ၏အမြင်တွင် နယ်မြေ ၁၀၀ကို စောင့်ကြပ်ခြင်းကသာလျှင် ပို၍အရေးကြီးသည်ဟု ထင်နေသေးပုံရသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် နဂါးသားရဲကြီး၏ ကိုယ်ပွားဖြစ်သူ၊ နွားခေါင်းသားရဲတစ်ကောင်မှ ဖြောင်းဖြပြောဆိုလာခဲ့သည် “ ညီအစ်ကို၊ တကယ်လို့ မင်းက ဒီလိုမျိုး ဒီမှာပဲ ပုန်းနေဦးမယ်ဆိုရင်၊ လူမသားတွေက ငါတို့ သားရဲမျိုးနွယ်စုက အနိုင်ကျင့်ရလွယ်တယ်လို့ ထင်သွားလိမ့်မယ်။ တကယ်လို့ လူသားတွေက ငါတို့ပိုင်နက်ထဲကို လာခဲ့တယ်ဆိုရင် ငါတို့ကရော သူတို့ပိုင်နက်ထဲကို ဘာလို့ မသွားကြရမှာလဲ။ ငါတို့က လူသားတွေထပ် နိမ့်ကျနေလို့လား “

တစ်ခြားသော နွားခေါင်းသားရဲတစ်ကောင်မှာလည်း ခေါင်းငြိမ့်ပြကာ စကားဝင်ပြောလာခဲ့သည် “ အမှန်ပဲ၊ ငါတို့ဘိုးဘေးတွေက သွေးနဲ့လဲပြီးတော့ ယူပေးခဲ့တဲ့ ဂုဏ်သိက္ခာတွေကို လူသားတွေက လာစော်ကားနေတာလေ။ ငါတို့က ဒီအကြွေးကို သွေးနဲ့ပြန်ဆပ်မှ ဖြစ်မယ် “

ကိုယ်ပွားအခု ၂၀သည် အလှည့်ကျ စကားပြောလာခဲ့ကာ၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနှင့် သိုင်းပညာရှင်တို့ကြားရှိ အမုန်းမီးတောက်ကို လောင်စာထည့်ပေးနေကြသည်။

မိုမန်းက တွေဝေတုံ့ဆိုင်းနေစဲဆိုသည်ကို မြင်လိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့၍ စကားထပ်ပြောလာခဲ့သည် “ တော်လောက်ပြီ၊ ငါတို့က ငါတို့အပိုင်းကို ပြောခဲ့ပြီးပြီ၊ ညီအစ်ကို၊ ဂရုစိုက်။ လူသားတွေက ဒီနယ်မြေထဲကို နောက်တစ်ခါ ထပ်ကျူးကျော်လာရင် ငါတို့ဆီက မလာခဲ့နဲ့ “

ထိုစကားနှင့်အတူ သူသည် ကိုယ်ပွားအခု ၂၀ကို ဦးဆောင်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်တွင် မိုမန်းမှ ရုတ်တရက် အော်ပြောလာခဲ့သည် “ နေဦး “

မိုမန်းသည် အံကြိတ်၍ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ညီအစ်ကို၊ မင်းမှန်တယ်။ အဲ့ဒီ သောက်ကျိုးနည်း လူမသားတွေက ကမ္ဘာနှစ်ခု စစ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီးတော့ အကြောင်းပြချက် မရှိဘဲ ငါတို့ကို အရှက်ခွဲနေခဲ့တာပဲ၊ ဒီစာရင်းကို ရှင်းဖို့ အချိန်ကျပြီ “

“ ငါတို့ နတ်ဆိုးဦးချို သားရဲမျိုးနွယ်စုက မင်းတို့နဲ့အတူလိုက်ဖို့ ဆန္ဒရှိတယ် “

ထိုစကားကို ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် လက်မြှောက်ကာ အော်ပြောလာခဲ့သည် “ အားလုံးပဲ၊ ငါ့နောက်ကို လိုက်ခဲ့ကြ “

၎င်းကို မြင်လိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် ချက်ချင်းပြုံးပြကာ စကားပြောလာခဲ့သည် “ မင်းတို့ရဲ့ အကူအညီနဲ့ဆိုရင် ဒီခရီးက သေချာပေါက် ချောမွေ့သွားမှာ သေချာတယ် “

ထို့နောက်တွင် နဂါးသားရဲကြီးသည် သူ၏ကိုယ်ပွား အခု၂၀၊ နတ်ဆိုးဦးချို သားရဲမျိုးနွယ်စုတို့နှင့်အတူ အနောက်ပိုင်း စစ်နယ်မြေဆီသို့ ဦးတည်သွားတော့သည်။

…

ထိုစဥ် မူလကိုယ်ဖြစ်သည့် ရှုကျိုးသည် နယ်မြေ၂၃ရှိ အခြေစိုက်စခန်းဆီသို့ ပြန်ရောက်လာခဲ့သည်။

ကျုံးချန်သည် စခန်းဝင်ပေါက်တွင် မတ်တပ်ရပ်နေခဲ့ပြီး၊ ရှုကျိုးပြန်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူ၏မျက်နှာပေါ်တွင် ရှိနေခဲ့သည့် စိုးရိမ်ပူပန်မှုအားလုံး လွင့်ပါးပျောက်ကွယ်သွားတော့သည်။

“ ညီအစ်ကိုရှု၊ မင်းကငါ့ကို တကယ်ကြီး စိတ်ပူရအောင် လုပ်နေခဲ့တာ “

ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ဘာလို့ ကျွန်တော့်ကို စိတ်ပူနေရတာလဲ “

ကျုံးချန်သည် သူ့လက်ကို ကိုင်ကာ စကားပြောလာခဲ့သည် “ မင်းက ငါတို့ တပ်ရင်း ၂၃ရဲ့ စိတ်စွမ်းအား ထောက်တိုင်လေ။ တကယ်လို့ မင်းသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင်၊ ငါက ညီအစ်ကိုတွေကို ဘယ်လိုရှင်းပြရမလဲဆိုတာကို မသိဘူး “

ယခင်က တိုက်ပွဲများတွင် တပ်ရင်း ၂၃သည် ရှုကျိုး၏ ဦးဆောင်မှုဖြင့် ကျူးရွှမ်တောင်ကြော၊ ရှုန်းမာတောင်ကြားလမ်းနှင့် နဂါးအကျဥ်းချ‌ တောင်ကြားလမ်းဟူသည့် အရေးကြီး နေရာသုံးခုကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခုတွင် တပ်ရင်း ၂၃သည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို ဤနယ်မြေမှ အပြည့်အဝ မောင်းထုတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

နယ်မြေ ၂၃သည် လွတ်မြောက်နယ်မြေဖြစ်လုနီးပါး ဖြစ်နေခဲ့သည်။

တပ်ရင်း ၂၃ရှိ ထောင်များပေါင်းများစွာသော စစ်သည်တော်များ၏ စိတ်ထဲတွင် ရှုကျိုးသည် နတ်ဘုရားသဖွယ် ပုံရိပ်တစ်ခုကဲ့သို့ ဖြစ်လာခဲ့ပြီး၊ သူ၏ပုံရိပ်မှာ ကျုံးချန်ထပ်ပင် များစွာသာလွန်နေခဲ့ပြီ ဖြစ်သည်။

သူသည် တပ်ရင်း ၂၃တစ်ခုလုံး၏ အသိအမှတ်ပြုမှုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီဖြစ်သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 504 )

အဆင့်ထိုးဖောက်မှု၊ နှောင်းပိုင်း ပဥ္စမအဆင့် ၂

“ ညီအစ်ကိုရှု “ ကျုံးချန်မှ စိုးရိမ်တကြီး မေးမြန်းလာခဲ့သည် “ မင်းခေါ်သွားခဲ့တဲ့ ကမ္ဘာ့ကြယ်သားတွေရော ဘယ်လိုဖြစ်သွားပြီလဲ “

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော်က သူတို့ကို ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုရဲ့ ပိုင်နက်ထဲ ခေါ်သွားပြီးတော့ အဆင့်နိမ့်သားရဲတွေကို သတ်ခိုင်းခဲ့တယ် “

“ အဲ့နောက်မှ ကျွန်တော် ထင်ထားခဲ့တဲ့အတိုင်းပဲ၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေကို စစ်ကြေညာခဲ့တယ်၊ ကြယ်ပြာဂြိုဟ်ပေါ်မှာ ရှိနေတဲ့ ဖိအားက တော်တော်လေး လျော့သွားလောက်ပါတယ် “

ထိုစကားကို ကြားလိုက်ရသော အချိန်၌ ကျုံးချန်သည် ပထမဦးဆုံး အနေဖြင့် အံ့ဩတကြီးဖြစ်သွားခဲ့ပြီး၊ ထို့နောက်တွင် သူသည် ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည် “ အခုက ကမ္ဘာနှစ်ခု စစ်ဖြစ်နေတဲ့ အချိန်လေ၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက အဲ့လိုမျိုး မလုပ်သင့်ဘူးမလား “

“ စိတ်မပူပါနဲ့၊ တကယ်လို့ သူတို့က လုပ်မယ်လို့ ပြောခဲ့မယ်ဆိုရင် သေချာပေါက် အဲ့အတိုင်း လုပ်ကြမှာပဲ “ ရှုကျိုးသည် ကျုံးချန်၏ ပခုံးကို ပုတ်လိုက်သည်။

သူက မည်သည့်အတွက်ကြောင့် ဤမျှလောက် ယုံကြည်ချက် ရှိနေရသနည်း

အဘယ့်ကြောင့်ဆိုသော် သူ၏ကိုယ်ပွားက ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုတစ်အုပ်ကို ဦးဆောင်ကာ အနောက်ပိုင်း စစ်နယ်မြေဆီသို့ ဦးတည်လာသောကြောင့် ဖြစ်သည်။

တကယ့်ပြပွဲတစ်ခုက သိပ်မကြာခင် အချိန်တွင် စတင်လာတော့မည်ဆိုသည်ကို ရှုကျိုးတစ်ဦးတည်းသာလျှင် သိနေခဲ့သည်။

ကျုံးချန်ကမူ ရှုကျိုး၏ အတွေးများကို မသိပေ၊ သို့သော် ရှုကျိုး၏ ယုံကြည်ချက် ရှိနေသော အမူအရာကို မြင်လိုက်ရသောအခါတွင် သူသည် မနေနိုင်တော့ဘဲ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ကမ္ဘာ့ကြယ်ကောင်တွေနဲ့ တကယ်ကြီး စစ်ဖြစ်ကြတော့မှာလား။

အကယ်၍ ထိုအတိုင်းသာ ဖြစ်လာခဲ့မည်ဆိုပါက အံ့မခန်း အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

ထိုအချိန်ကျလာခဲ့ပါက သူတို့၊ ကြယ်ပြာဂြိုဟ်မှ သိုင်းပညာရှင်များကသာလျှင် အကျိုးမြတ်အများဆုံး ရရှိမည် ဖြစ်သည်။

ထိုစဥ် ကျုံးချန်သည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ စကားထပ်ပြောလာခဲ့သည် “ အို့ဟုတ်သားပဲ၊ ညီအစ်ကိုရှု၊ မင်းရဲ့ စစ်ပွဲအမှတ်ကို စစ်ဆေးကြည့်သင့်တယ်၊ အဲ့တာက တစ်သိန်းကျော်နေလောက်ပြီ “

“ စစ်ပွဲအမှတ်လား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် သူသည် ခေါင်းငြိမ့်ပြလိုက်ကာ သူ၏လက်ပတ်ကို ဖွင့်ကြည့်လိုက်သည်။

ယခင်က တိုက်ပွဲပြီးသွားခဲ့သည့်နောက်တွင် သူသည် တောင်ပိုင်းစစ်နယ်မြေသို့ သွား၍ အလုပ်များနေခဲ့သောကြောင့် သူ၏ရမှတ်များကို မစစ်ဆေးကြည့်ရခဲ့ပေ။

ယခုတွင် သူသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီးသည့်နောက်တွင် သူက စစ်ပွဲရမှတ် မည်မျှရခဲ့လဲဆိုသည်ကို အလွန်သိချင်သွားခဲ့သည်။

[ ရှုကျိုး

စစ်တပ်အဆင့် : ဗိုလ်မှူးကြီး (↑)

စစ်ပွဲရမှတ် : ၁၂၁၅၀၀ ]

“ တစ်ခါတည်း အမှတ် ၇သောင်းကျော်အထိ တိုးလာခဲ့တာလား “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

၎င်းမှာ မထင်မှတ်ထားသော အရာဖြစ်သည်။

ကမ္ဘာ့ကြယ်၏ တပ်ရင်း ၃၁ကို သုတ်သင်ခဲ့ပြီးသည့်နောက်တွင် သူသည် စစ်ပွဲရမှတ် ငါးသောင်းကျော် ရရှိခဲ့ပြီး၊ ဤတစ်ကြိမ်တွင်မူ ပို၍အဆင့်မြင့်သည့် တပ်ရင်း ၁၀ကို အနိုင်ယူခဲ့သည်။

တပ်ရင်း ၁၀မှ လူတစ်ချို့ကို နဂါးသားရဲကြီးက သတ်ဖြတ်သွားခဲ့သော်လည်း ကျန်နေခဲ့သည့် လူများသည် သူ့အတွက် အကျိုးအမြတ်များစွာ ယူဆောင်ပေးခဲ့သည်။

အထူးသဖြင့် သူ့လက်ချက်ဖြင့် သေဆုံးခဲ့သည့် ပါရမီရှင်လန်စုဖြစ်သည်။

“ စစ်တပ်ရာထူးဘေးမှာ မြှားပါနေတာလား “

ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

သူ့ဘေးနားရှိ ကျုံးချန်မှာလည်း သူ၏အချက်အလက်များကို မြင်တွေ့သွားကာ ရယ်ရယ်မောမောဖြင့် ပြောပြလာခဲ့သည် “ ညီအစ်ကိုရှု၊ ဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားတဲ့အတွက် ဂုဏ်ယူပါတယ် “

“ ဒုဗိုလ်ချုပ်လား “

( တကယ့်လက်တွေ့ဘဝက စစ်တပ်ဖွဲ့စည်းပုံနဲ့ တူတဲ့နေရာတူပြီးတော့ မတူတဲ့နေရာ မတူပါဘူး )

ရှုကျိုးသည် စစ်ပွဲရမှတ်က ၁သိန်းကျော်သွားသည့် အချိန်တွင် ဒုဗိုလ်ချုပ်အဖြစ် ရာထူးထိုးသွားမည်ဆိုသည့် အချက်ကို သတိရသွားခဲ့သည်။

ထို့နောက်တွင်မူ ခက်ခဲမှုများက မြင့်တက်သွားပြီ ဖြစ်ပြီး၊ ဗိုလ်ချုပ်တစ်ဦးဖြစ်လာရန်အတွက် စစ်ပွဲရမှတ် ၁သန်းအထိ ရှာဖွေရမည် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဖြစ်ရန်အတွက်မူ အမှတ် ၁၀သန်းလိုအပ်မည် ဖြစ်သည်။

“ ဒုဗိုလ်ချုပ်က လူတစ်သန်းမှာ တစ်ယောက်လောက်ပဲ ရှိတာ “ ကျုံးချန်သည် သက်ပြင်းမချဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည် “ ညီအစ်ကိုရှုကတော့ တိုက်ပွဲလေးနှစ်ပွဲလောက်နဲ့ ဒုဗိုလ်ချုပ် ဖြစ်သွားပြီ “

ရှုကျိုးကဲ့သို့သော လူတစ်ဦးမှာ အမှန်ပင် ရှားပါးနေခဲ့သည်။

အလယ်အလတ်သုံးဆင့် စစ်နယ်မြေတွင် စစ်အင်အား ညီမျှနေလျက်ရှိပြီး၊ တိုက်ပွဲများ အများစုမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးဖြင့်သာ ပြီးဆုံးသွားလေ့ရှိသည်၊ တပ်ရင်းတစ်ခုလုံး လုံးဝသုတ်သင်ခံလိုက်ရသည့် ဖြစ်ရပ်မျိုးက အလွန်တရာ ရှားပါးလွန်းသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

အထူးသဖြင့် ကြယ်ပြာဂြိုဟ်၏ အလုံးစုံစွမ်းအားက ကမ္ဘာ့ကြယ်၏ အလုံးစုံစွမ်းအားထပ် အားနည်းနေသည့် အချိန်တွင် ဖြစ်ပြီး၊ အနည်းငယ်မျှ အသာရခြင်းကပင် အံ့ဩဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့သော ပြတ်သားသော အောင်ပွဲများကို ဆက်တိုက်ရရှိခြင်းကမူ ရှုကျိုးကဲ့သို့သော လူတစ်ယောက်ကသာလျှင် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

အဓိက အ‌ကြောင်းအရင်းမှာ ကမ္ဘာ့ကြယ်သားတို့က အခြေအနေမကောင်းဘူးဟု ခံစားရသည် နှင့်တစ်ပြိုင်နက် ချက်ချင်းဆုတ်ခွာသွားသောကြောင့် ဖြစ်သည်။

ကမ္ဘာ့ကြယ်ဘက်တွင် အလယ်အလတ်သုံးဆင့်မှ ပညာရှင်များများစားစား မရှိပေ။

ရှုကျိုးမှ ဦးဆောင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများသည် သမိုင်းတွင် မှတ်ကျောက်အတင်ခံရရန်အတွက် လုံလောက်နေခဲ့သည်။

“ အခု ကျွန်တော်က ဒုဗိုလ်ချုပ်ဖြစ်သွားပြီလား “ ဟုရှုကျိုးမှ မေးမြန်းလာခဲ့သည်။

ကျုံးချန်မှ ခေါင်းခါပြလာခဲ့သည် “ အဲ့လိုအမြင့်ပိုင်း အဆင့် ရာထူးခန့်အပ်တာမျိုးတွေကိုတော့ ဌာနချုပ်မှာပဲ လုပ်ပေးတယ်၊ ရာထူးကို လက်ခံဖို့အတွက် စစ်ဌာနကို သွားမှရမယ်။ ဒါပင်မဲ့ စစ်ပွဲက အရှိန်အဟုန်နဲ့ဖြစ်နေပြီဆိုတော့ ပွဲကျင်းပဖို့အတွက် အချိန်ယူရလောက်တယ် “

၎င်းမှာ ရှုကျိုးက ယခုလက်ရှိ အချိန်တွင် ဒုဗိုလ်မှူးကြီးတစ်ဦးအဖြစ်သာ ဆက်ရှိနေဦးမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

“ ဒုဗိုလ်ချုပ် ဖြစ်လာပြီးတဲ့နောက်မှာ ဘယ်လို အကျိုးအမြတ်တွေ ရလာလောက်မလဲ “ ရှုကျိုးသည် အနည်းငယ် မျှော်လင့်မိနေတော့သည်။

ကျုံးချန်သည် ရယ်ရယ်မောမောဖြင့် ပြောပြလာခဲ့သည် “ ဒုဗိုလ်ချုပ်က တပ်မမှူးလေ၊ လူအယောက် တစ်သောင်းပါတဲ့ တပ်မတစ်ခုကို တာဝန်ယူရပြီးတော့ တပ်မမှူးအဖြစ် အဆင့်၇ပညာရှင်တွေကိုပဲ ခန့်အပ်တတ်တယ်။ ညီအစ်ကိုရှုလို အဆင့်၅နယ်ပယ်နဲ့ တပ်မမှူးအဆင့်ကို ရောက်လာတဲ့ လူကတော့ တစ်ခါမှ မရှိခဲ့ဖူးဘူး “

ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ အစ်ကိုကျုံးကတော့ နောက်နေပါပြီ၊ အစ်ကိုလည်း တော်တော်လေး ရလိုက်တယ်မလား “

ကျုံးချန်သည် သက်ပြင်းချနေရင်းဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည် “ ညီအစ်ကိုရှု ကျေးဇူးကြောင့် အခုဆိုရင် ငါက ဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးသွားပြီ “

“ ဂုဏ်ယူပါတယ်ဗျာ “

ရှုကျိုးသည် လက်သီးဆုပ်၍ အရိုအသေပြုလာခဲ့သည် “ အစ်ကိုကျုံး၊ ကျွန်တော်က ခဏလောက် တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်။ ကျွန်တော့်ရဲ့ နယ်ပယ်အတားအဆီးက လျော့တိလျော့ရဲဖြစ်နေပြီ “

“ အို့။ အဲ့တာက တကယ့် ကောင်းချီးတစ်ခုပဲလေ “ ကျုံးချန်မှ ချက်ချင်း ပြန်ပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မြန်မြန်သွားတော့၊ အောင်မြင်စွာ အဆင့်တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ “

“ အင်းး “

ရှုကျိုးက တဲအတွင်းသို့ ဝင်သွားသည့်အချိန်တွင် ကျုံးချန်သည် သူ၏နောက်ကျောကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်ပြောဆိုနေမိတော့သည် “ ဒီလူ၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ အလယ်အလတ် အဆင့်၅နယ်ပယ်ကို ရောက်လာခဲ့တာ မဟုတ်ဘူးလား။ အခုအဆင့်ထပ်တက်ပြန်ပြီလား “

“ တစ်ခြားလူတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် တကယ်ကို စိတ်ညစ်ဖို့ကောင်းတာပဲ “

သူကမူ ပဥ္စမအဆင့် အထွတ်အထိပ်တွင်သာ နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ပြီး၊ သူ၏နယ်ပယ်မှာ ကျောက်သားကျောက်စိုင်များကဲ့သို့ ခိုင်ခံ့နေခဲ့သည်။

ရှုကျိုးကမူ တိုက်ပွဲတစ်ခု၊ နှစ်ခုဖြင့် အဆင့်တက်နိုင်မည့် အခွင့်အလမ်းကို ရရှိသွားခဲ့သည်။

…

တဲအတွင်းသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တင်ပျဥ်ခွေထိုင်ပြီး ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ သောက်သုံးလိုက်သည်။

မကြာခင်မှာပင် ထူးဆန်းသော ရောင်ခြည်တစ်ခု ပေါ်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို နတ်အလင်းတန်းတစ်ခုကဲ့သို့ ဝိုင်းရံလာခဲ့သည်။

စွမ်းအင်စီးကြောင်းတစ်ခုသည် သူ၏ခန္ဓာကိုယ် အတွင်းမှ စိမ့်ထွက်လာခဲ့ပြီး၊ ကလီစာငါးခု လေဟာနယ်အတွင်းသို့ ဦးတည်သွားတော့သည်။

အဆိုပါ စွမ်းအင်စီးကြောင်း အားဖြည့်ပေးမှုအောက်တွင် သူ၏ ကလီစာငါးခု နတ်သန္ဓေသားမှာ ပိုမိုတောက်ပလာခဲ့သည်။

ဆယ်မိနစ်

မိနစ်နှစ်ဆယ်

တစ်နာရီ

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲတွင် အနက်ရှိုင်းဆုံး နေရာတစ်နေရာတွင် ရှိနေသည့် ကလီစာငါးခု နတ်သန္ဓေသားသည် ရုတ်ရက် လောင်ကျွမ်းသွားကာ ရောင်ခြည်တန်းတစ်ခုကို ထုတ်လွှင့်၍ ပေါက်ကွဲထွက်လာခဲ့သည်။

“ ဗွီ “

ထိုအခိုက်အတန့်တွင် ရှုကျိုး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီး၊ သူသည် သူက အတားအဆီးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီဟု ခံစားသွားခဲ့ရသည်။

ဘမ်းးး

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အရှိန်အဝါ မြင့်တက်လာခဲ့ပြီး၊ ဖိအားတစ်ခု ပျံ့လွင့်လာခဲ့ကာ၊ တဲအတွင်းရှိ လေထုပင် ဖိညှစ်ခံလိုက်ရပြီး၊ တဝီဝီအော်မြည်သံများ ထုတ်လွှတ်လာခဲ့သည်။

ရှုကျိုးသည် ပျော်ရွှင်နေသော အမူအရာဖြင့် မျက်လုံးများ ဖြည်းညှင်းစွာ ဖွင့်ဟလာခဲ့သည် “ အဆင့်တက်သွားပြီ၊ နှောင်းပိုင်း အဆင့်၅ “

သူ၏ကိုယ်ပွားဖြစ်သူက မူလကိုယ်ဖြစ်သည့်သူ့ထပ် အဆင့်မြင့်နေသောကြောင့် ဤတစ်ကြိမ် အဆင့်ထိုးဖောက်မှုမှာ မည်သို့မျှ ခက်ခဲမနေခဲ့ပေ။

ဆဌမအဆင့်အထိ အဆင့်တက်ရမည်ဆိုလျှင်တောင်မှ သူသည် မည်သည့်အတားအဆီးကိုမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။

“ ကလီစာငါးခု နတ်သန္ဓေသားဆေးလုံး နည်းနည်းပဲ ကျန်တော့တယ် “ ရှုကျိုးသည် ဆေးပုလင်းကို ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချမှတ်လိုက်သည် “ ငါက စွမ်းအားတွေ စုစည်းထားမှ ဖြစ်မယ်၊ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆေးစွမ်းအားတွေကို အပြည့်အဝ ချေဖျက်ပြီးတဲ့ အချိန်ကျမှ အဆင့်ထပ်တက်ရမယ်။ ကျန်နေတဲ့ ဆေးတွေက ငါ့ကို အဆင့်၆အထိ ပို့ပေးဖို့တော့ လုံလောက်သင့်ပါတယ်လေ “

အဆိုပါ ဆုံးဖြတ်ချက်နှင့်အတူ ရှုကျိုးသည် သူ့အရှေ့ရှိ လမ်းကြောင်းက ပိုမိုရှင်းလင်းသွားသည်ဟု ခံစားသွားရတော့သည်။

၎င်းမှာ သူက အမြင့်ပိုင်း အဆင့်များဆီသို့ တိုက်ရိုက်သွားနိုင်မည့် လမ်းကြောင်းကို ရှာတွေ့ခဲ့သည့်အလား ဖြစ်နေခဲ့သည်။

“ ကိုယ်ပွားကလည်း အနောက်ပိုင်း စစ်နယ်မြေကို ရောက်လာတော့မယ် “

ရှုကျိုးသည် တိတ်တဆိတ် အာရုံခံနေခဲ့ကာ အမူအရာ လေးနက်သွားသည်။

သူသည် တောင်ပိုင်းစစ်နယ်မြေ၏ နယ်မြေ ၁၀၀မှာတင် အစီအရင် အခုတစ်သိန်းကျော် ရှိနေသည်ဆိုသည်ကို မိုမန်းထံမှ ယခုလေးတင် ကြားသိခဲ့ရသည်။

တောင်ပိုင်း စစ်နယ်မြေတွင် နယ်မြေပေါင်းများစွာ ရှိနေခဲ့ပြီး၊ နယ်မြေတစ်ခုချင်းစီတိုင်းတွင် အစီအရင် တစ်သောင်းမှ ငါးသောင်းအထိ မြှုပ်နှံထားခဲ့သည်။

တစ်ချို့သော နယ်မြေများတွင်မူ အများဆုံးအနေဖြင့် အစီအရင် ရှစ်သောင်းအထိ မြှုပ်နှံထားကြသည်။

“ အစီအရင် ဆောက်ဖို့က လွယ်ပါတယ်၊ အဆင့်၅ ပညာရှင်တိုင်းက အဲ့တာကို လုပ်နိုင်တယ် “

“ ဒါပင်မဲ့ အဲ့တာတွေကို ဖယ်ရှားဖို့ကျတော့ အဆင့်၉ ပညာရှင်တွေပဲ လုပ်နိုင်ကြတယ်။ အဲ့တာတောင်မှ အချိန်တစ်ချို့ယူပြီးမှ ဖယ်ရှားဖျက်စီးလို့ရမှာ “

“ တကယ်လို့ အဆင့်၉ အထွတ်အထိပ် ပညာရှင်တွေ အတူတူ ပူးပေါင်းကြမယ်ဆိုရင်တောင်မှ၊ တစ်နှစ်အတွင်းမှာ အဲ့တာတွေ အကုန်လုံးကို ဖျက်စီးဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး “

ရှုကျိုးသည် အမှောင်နယ်မြေ လမ်းကြောင်းကိစ္စကို တွေးမိသွားကာ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

“ ငါသတင်းပေးခဲ့တာ အချိန်တစ်ခုလောက် ကြာနေပြီ၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက အခုချိန်လောက်ဆိုရင် လှုပ်ရှားသင့်နေပြီလေ၊ ဟုတ်တယ်မလား “

“ ဒါပင်မဲ့ အချိန်မှီပါ့မလား “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်။

အမှောင်နယ်မြေ လမ်းကြောင်းတည်ဆောက်မှုက တစ်နှစ်အတွင်း လုံးဝပြီးဆုံးသွားမည်ဟု မိုမန်းဆီမှ ယခုလေးတင် သူကြားသိခဲ့ရသည်။

ထိုအချိန်သို့ ရောက်သွားပါက အမှောင်နယ်မြေသည် ဤကမ္ဘာပေါ်သို့ တိုက်ရိုက်ဆင်းသက်လာကြမည် ဖြစ်သည်။

“ အဆင့်၅ နယ်ပယ်က တော်တော်ကြီးကို အားနည်းနေတုန်းပဲ “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ဒါပင်မဲ့ ငါက နှစ်ဝက်အတွင်းမှာပဲ အဆင့်မရှိတဲ့ အနေအထားကနေ အဆင့်၅နယ်ပယ်အထိ ရောက်လာခဲ့တာပဲလေ။ တစ်နှစ်အတွင်းမှာပဲ အမြင့်ပိုင်း အဆင့်တွေ ဒါမှမဟုတ် ပေါင်းစပ်ဒြပ်စင် နယ်ပယ်ဆီကို ဘာကိစ္စ မရောက်နိုင်ရမှာလဲ “

“ အချိန်တစ်နှစ် ရှိပါသေးတယ်၊ အချိန်ရသေးတယ် “

“ ပေါင်းစပ်ဒြပ်စင် နယ်ပယ် ………….. ငါက အထွတ်အထိပ်ကို ရောက်သွားတဲ့ အချိန်ကျရင် အဲ့နယ်ပယ်က ဘာနဲ့တူနေမလဲဆိုတာကို ကြည့်မယ် “

All Chapters