← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အပိုင်း ( 508 )

စစ်ကြေညာခြင်း။ ရူးသွပ်ဖွယ်ကောင်းသော အကြံအစည် ၂

သူသည် ဟိုစပ်စပ် ဒီစပ်စပ် လျှောက်တွေးနေခြင်းသာ ဖြစ်ပြီး၊ ထိုအတွေးများကို လျင်မြန်စွာ ဖိနှိပ်လိုက်တော့သည်။

ကမ္ဘာ့ကြယ်ကို သွားမှာလား၊ လာပြောင်နေတာလားဟ

၎င်းမှာ ရန်သူ့ခံတပ်အတွင်းသို့ ဝင်သွားခြင်းပင် ဖြစ်သည်။

သူက သားရဲတစ်သောင်း တုပခြင်းနှင့် ခြေထောက်လေးထုပါ ကျောက်စိမ်းမီးဖိုတို့ကို ပိုင်ဆိုင်ထားပြီး၊ ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်များကိုပင် လှည့်စားနိုင်သော်လည်း၊ အဆင့်မြင့် ပညာရှင်တို့နှင့် ရင်ဆိုင်ရချိန်၊ အထူးသဖြင့် အဌမအဆင့်(သို့) နဝမအဆင့် ပညာရှင်တို့နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် တစ်ချက်မျှ ငေးကြည့်ရုံဖြင့် သူ၏မူလ အသွင်အပြင်ကို သိရှိသွားကြမည် ဖြစ်သည်။

အကယ်၍ နဂါးသားရဲကြီးကသာ သတ္တမအဆင့်သို့ အဆင့်ထိုးဖောက်နိုင်ခဲ့မည်ဆိုပါက ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။

သို့သော် ၎င်းမှာ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကိစ္စရပ်များ ဖြစ်သည်။

ယခု၌ နဂါးသားရဲကြီးသည် သူ၏ စိတ်ကူးယဥ်ဆန်လွန်းသော အတွေးအခေါ်များကို ဖိနှိပ်နေတော့သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

နဂါးသားရဲကြီးသည် တောင်တစ်လုံးအတွင်းတွင် အေးအေးလူလူ အနားယူနေရင်းဖြင့် တစ်ရက်ပြီးတစ်ရက် တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်နေလျက်ရှိသည်။

သူက မည်သည့်နေရာကိုမှ မသွားသော်လည်း သူ၏အလေးချိန်၊ နယ်ပယ်နှင့် ခွန်အားတို့သည် နေ့စဥ်နှင့်အမျှ ပြောင်းလဲတိုးတက်နေခဲ့သည်။

ထိုကဲ့သို့ပင် နေ့ရက်ပေါင်းများစွာ ကျော်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုးရက်တာ ကုန်ဆုံးသွားခဲ့သည်။

မြေပြန့်တောင်တန်းကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေစဲသာ ဖြစ်သည်။

ရက်ပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း၊ မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်လာခဲ့ဘဲ၊ ပိုမိုတိတ်ဆိတ် အေးချမ်းလာခဲ့သည်။

တစ်စုံတစ်ဦးက ဤနေရာမှ ဖြတ်သွားမည်ဆိုလျှင်တောင် မည်သည့်ပြောင်းလဲမှုကိုမှ ခံစားမိလိမ့်မည် မဟုတ်ပေ။

သို့သော် သတ္တမအဆင့် (သို့) ၎င်း၏အထပ်မှ ပညာရှင်များသာ ဖြစ်နေမည်ဆိုပါက သူတို့သည် ဤဆိတ်ငြိမ်မှုအောက်တွင် ပုန်းကွယ်နေသည့် ကြောက်မက်ဖွယ်ကောင်းသည့် အသက်စွမ်းအားကို ခံစားသိရှိသွားမည် ဖြစ်သည်။

“ ဟူးးး “

ထိုအချိန်တွင် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည် တောင်သည် စတင်၍ တုန်ခါလှုပ်ရှားလာခဲ့သည်။

ဧရာမ အရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အံ့ဖွယ်ကောင်းသည့် မျက်ဝန်းတစ်စုံ ပွင့်ဟလာခဲ့သည်။

၎င်းမှာ တောင်လှုပ်ရှားနေခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လုနီးပါး ဖြစ်နေသည့် ဧရာမ သားရဲကြီးတစ်ကောင် နိုးထလာခြင်းပင် ဖြစ်သည်။

“ ကိုးရက်လောက် စားလိုက်သောက်လိုက် လုပ်နေခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ကိုယ်အလေးချိန်က ကီလိုဂရမ် ၁သန်းတောင် ကျော်သွားခဲ့ပြီပဲ “

“ ငါ့ရဲ့အဆင့်ကလည်း ဆဌမအဆင့် အဆင့်၄ကို ရောက်သွားပြီးတော့ အလယ်အလတ် အဆင့်၆နယ်ပယ်ထဲကို ခြေချနိုင်ခဲ့ပြီ “

နဂါးသားရဲကြီးသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : ဆဌမအဆင့် အဆင့်၄ ( ၅% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၁.၁သန်း

စွမ်းရည် : နေ့စဥ်ကီလိုဂရမ် ငါးသောင်း ရရှိခြင်း( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း( ac )၊ ခုန်ဆင်းခြင်း ( pas )၊ ဟင်းလင်းပြင်၊ အင်မော်တယ်၊ အသံရှူသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း ….

ဆင့်ကဲပြောင်းလဲမှု : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁ထရီလီယံ

…

“ အလယ်အလတ် အဆင့်၆ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ၊ ငါ့ရဲ့ ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲသွားတယ်ဆိုတာကို ငါခံစားမိခဲ့တယ်၊ အကုန်လုံးက ၃၀%အထိ မြင့်တက်လာပြီ “

နဂါးသားရဲကြီးသည် သူ၏ခန္ဓာကိုယ်ကို ကြည့်ရှုစစ်ဆေးနေလျက်ရှိသည်။

ယခု၌ သူ၏ခန္ဓာကိုယ်သည် မီတာ ၁၀၀ရှည်လျားကာ မီတာ ၆၀ကျော်အထိ မြင့်မားနေခဲ့ပြီ ဖြစ်သည်။

၎င်းမှာ ဧရာမ သားရဲကြီးဆိုသည့် ဂုဏ်ပုဒ်နှင့် ကိုက်ညီနေခဲ့ပြီ ဖြစ်သည်။

သို့သော် အကြီးမားဆုံးသော ပြောင်းလဲမှုမှာ သူ၏အသွင်အပြင် မဟုတ်ဘဲ သူ၏အတွင်းပိုင်းပင် ဖြစ်သည်။

နဂါးသားရဲကြီးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးလိုက်ရာ၊ သူ၏ကိုယ်တွင်း အဂ်ါများသည် ရွှေရောင်အလင်းလွှာတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံနေခဲ့ရကာ၊ ရွှေအလင်းတန်းတစ်ခုအား ထုတ်လွှတ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်းသာလျှင် မဟုတ်ဘဲ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများ သေးကျုံ့သွားပြီး၊ အရိုး၊ ကြွက်သားနှင့် သွေးကြောများ တောက်ပလာခဲ့ကာ၊ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလွန်းလှသည့် အသက်စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

အကယ်၍ နဂါးသားရဲကြီးကသာ လက်သီးတစ်လုံး ပစ်လွှတ်လိုက်မည်ဆိုပါက၊ ၎င်းသည် တန်ချိန်သောင်းနှင့်ချီသော အားတစ်ခုကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

“ မူလကိုယ်ရဲ့ လှုပ်ရှားမှုတွေကလည်း ပြီးတော့မယ် “

နဂါးသားရဲကြီးသည် တိတ်တဆိတ် အာရုံခံကြည့်နေခဲ့ကာ အသာအယာ ပြုံးနေတော့သည် “ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ငါ့ရဲ့ ညီအစ်ကိုတို့၊ မင်းတို့က လုံလုံလောက်လောက် ခံစားခဲ့ရပြီးပြီ၊ မင်းတို့ကို ငါကယ်တင်ပေးပါရစေ “

၎င်း၏ တုတ်ခိုင်သော ခြေထောက်ကြီးများဖြင့် မြေပြင်ကို ဆောင့်ချလိုက်ရာ

“ ဝုန်းးးး “

မိုင်၁၀၀အတွင်းရှိ မြေပြင်သည် ချက်ချငးလှုပ်ခါသွားခဲ့ပြီး၊ ကြီးမားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နဂါးသားရဲကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ တောင်ပိုင်းစစ်နယ်မြေဆီသို့ တဟုန်ထိုး ပျံသန်းနေတော့သည်။

…

တောင်ပိုင်းစစ်နယ်မြေ

နယ်မြေ ၅၅

“ ဘုမ်းးးး “

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ

မီတာ သုံးထောင်ရှည်လျားသည့် လှံတစ်လက်သည် နတ်ဆိုးနဂါးသားရဲတစ်ကောင်ကို ကြမ်းကြမ်းတမ်းတမ်း ထိုးဖောက်ကာ ၎င်း၏ခန္ဓာကိုယ်ကို ချက်ချင်း ပေါက်ကွဲထွက်သွားစေခဲ့သည်။

“ သတ် “

ရှုကျိုးသည် ကမ္ဘာ့ကြယ်စစ်တပ်၏ တိုက်ခိုက်ရေး အစီအရင်ပေါ်တွင် ရပ်နေခဲ့ကာ၊ လှံကို ထိန်းချုပ်နေလျက်ရှိပြီး၊ ၎င်းအား နောက်ထပ် နတ်ဆိုးနဂါးသားရဲတစ်ကောင်ဆီသို့ ပစ်လွှတ်လိုက်သည်။

“ ဗွီ “

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားသည် ဟင်းလင်းပြင်ကို လှုပ်ခါသွားစေကာ တဗွီဗွီ အော်မြည်သံများ ဖြစ်ပေါ်လာစေခဲ့သည်။

၎င်းမှာ ကမ္ဘာ့ကြယ် သိုင်းပညာရှင် ငါးထောင်ကျော်ဖြင့် ဖွဲ့စည်းထားသော တိုက်ခိုက်ရေး၏ အစီအရင်၏ စွမ်းအားပင် ဖြစ်သည်။

အဆိုပါ စွမ်းအားနှင့် ရင်ဆိုင်ရမည်ဆိုပါက သတ္တမအဆင့် သားရဲတစ်ကောင်ကပင် သူအန္တရာယ်ရှိနေသည်ဟု ခံစားသွားရလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် ဤခရီးစဥ်တစ်လျှောက်လုံးတွင် အဆိုပါ အစီအရင်ကို အားကိုးကာ တောင်ပိုင်းစစ်နယ်မြေတွင် သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး၊ သားရဲမျိုးနွယ်စု၏ နယ်မြေ အခု ၃၀ကျော်ကို ရှင်းလင်းနိုင်ခဲ့သည်။

ယခု၌ သူသည် နယ်မြေ ၅၅သို့ ရောက်ရှိလာခဲ့ကာ မိတ်ဟောင်းဆွေဟောင်းဖြစ်သူ နတ်ဆိုးဝါနှင့် တွေ့ဆုံနေလျက်ရှိသည်။

ဤနေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိနေခဲ့သည် “ နတ်ဆိုးနဂါး သားရဲမျိုးနွယ်စုက ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုတွေကြားထဲမှာ အဆင့်အတန်း တော်တော်မြင့်တဲ့ပုံပဲ၊ သူတို့ရဲ့ စွမ်းအားက နယ်ပယ်တူ သားရဲမျိုးနွယ်စုတွေထပ် တော်တော်ကြီးကို သာနေတယ် “

“ ဒီလို အစွမ်းထက် မျိုးနွယ်စုတစ်ခုက ထိပ်တန်း နယ်မြေတွေမှာ စခန်းမချဘဲနဲ့ ဘာလို့ နယ်မြေ ၅၅ကို ရောက်နေရတာလဲ “

ရှုကျိုးသည် နယ်မြေ ၅၅ကို စူးစမ်းလေ့လာနေရင်းဖြင့် တစ်ချို့သော အရာများကို တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။

နယ်မြေ ၅၅တွင် မြှုပ်နှံထားသည့် အစီအရင်က ဧရာမ အစီအရင်ကြီးတစ်ခုလုံးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပုံရသည်။

ထို့ကြောင့်သာလျှင် သားရဲမျိုးနွယ်စုက အစွမ်းထက် နတ်ဆိုးနဂါး မျိုးနွယ်စုကို ဤနေရာတွင် စောင့်ကြပ်ခိုင်းခြင်း ဖြစရပေမည်။

ရှုကျိုး အတွေးနက်နေသည့် အချိန်တွင် ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

နယ်မြေ ၅၅ရှိ နတ်ဆိုးနဂါးတို့သည် အားကောင်းသော တန်ပြန်တိုက်ခိုက်မှုကို စတင်၍ ပြုလုပ်လာကြသည်။

သူတို့ကို ဦးဆောင်လာသည့်လူမှာ ခရမ်းနတ်ဆိုးနှင့် နတ်ဆိုးဝါမှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။

“ မင်းတို့ ခွေးသူတောင်းစားတွေ “

ထိုအခိုက်အတန့်တွင် ခရမ်းနတ်ဆိုးသည် တစ်ဦးပြီးတစ်ဦး ကျဆုံးသွားသည့် မျိုးနွယ်စုဝင်များကို ကြည့်ကာ ရူးသွပ်လုနီးပါး ဖြစ်နေခဲ့သည်။

သိပ်မကြာခင် အချိန်ကမှ သူသည် လူသားတို့ကို စော်ကားခြင်း မပြုလုပ်ရန် သားရဲမျိုးနွယ်ဝင် ညီအစ်ကို မောင်နှမအားလုံးကို ညွှန်ကြားထားခဲ့သည်။

ကမ္ဘာ့ကြယ် လူမသားတစ်စုက သားရဲမျိုးနွယ်စု၏ ပိုင်နက်အတွင်းသို့ စိတ်လိုလက်ရ ဝင်ရောက်လာခဲ့ကာ အရူးအမူး သတ်ဖြတ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားခဲ့မည်နည်း။

“ သောက်ကျိုးနည်း လူမသားတွေ၊ မင်းတို့အားလုံးကို ငါသတ်မယ် “

ခရမ်းနတ်ဆိုးသည် အလွန်တရာ ဒေါသထွက်နေခဲ့ပြီး၊ ကျယ်လောင်စွာ ဟိန်းဟောက်၍ ၎င်း၏ မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ အပြင်းအထန် တိုက်ခိုက်လာခဲ့သည်။

ရှုကျိုးကမူ မည်သည့်ညှာတာထောက်ထားမှုကိုမှ မပြသဘဲ တိုက်ခိုက်ရေး အစီအရင်ကို အသုံးပြုကာ ဖိနှိပ်လာခဲ့သည်။

နတ်ဆိုးနဂါးများက အတော်လေးအစွမ်းထက်ကြသော်လည်း၊ သူတို့သည် စစ်သည်တော် ငါးထောင်ဖြင့် ဖွဲ့စည်းထားသည့် သူ၏တိုက်ခိုက်ရေး အစီအရင်ကို မယှဥ်နိုင်ခဲ့ပေ။

“ ဟမ်။ ကိုယ်ပွားက ဒီကို ရောက်လာတော့မှာပေါ့ “

ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားကာ ပြုံးစိစိ ဖြစ်သွားတော့သည် “ ဒီဇာတ်ညွှန်းကို အဆုံးသတ်ရတော့မှာပဲ “

၎င်းကို တွေးတောမိသွားသည့် အချိန်တွင် သူသည် အောက်ဘက်ရှိ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို အေးစက်စွာ ငုံ့ကြည့်နေတော့သည် “ မင်းတို့ရဲ့ ကံကောင်းတဲ့နေ့ရက်တွေလည်း အဆုံးသတ်တော့မယ် “

သူသည် ဤစစ်သည်တော် ငါးထောင်ကိုပါ အလွတ်ပေးမည် မဟုတ်ချေ။

ထိုအလုပ်ကို သူကိုယ်တိုင် ပြုလုပ်မည်မဟုတ်ဘဲ၊ ကိုယ်ပွားဆီသို့ လွှဲပြောင်းပေးအပ်လိုက်မည် ဖြစ်သည်။

…

ထို့နောက် တစ်ခဏအကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

နဂါးသားရဲကြီးသည် အရိပ်သားရဲအဖြစ် အသွင်းပြောင်းပြီး၊ ကိုယ်ပွား နှစ်ဆယ်ကျော်ကို ဦးဆောင်၍ ရောက်ရှိလာခဲ့သည်။

“ လူမသားတွေ၊ သေဖို့ ပြင်ထားကြ “

နဂါးသားရဲကြီးသည် အော်ဟစ်ပြောဆိုနေရင်းဖြင့် ကိုယ်ပွားများကို ဦးဆောင်ကာ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ရှိရာဘက်သို့ ပြေးဝင်လာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် တစ်ခဏခန့် ခုခံယောင် ဟန်ဆောင်လိုက်သည်။

သို့သော် ၎င်းမှာ သူရေးဆွဲထားခဲ့သည့် ဇာတ်ညွှန်းအတွက်သာ ဖြစ်ပြီး၊ သူသည် နဂါးသားရဲကြီးနှင့် တိတ်တဆိတ် ပူးပေါင်းလုပ်ဆောင်နေခဲ့ကာ၊ လူအင်အား ငါးထောင်ကျော်ဖြင့် ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေး အစီအရင်မှာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။

၎င်းမှာ ဟန်ဆောင်ခြင်းသာ ဖြစ်နေခဲ့သော်လည်း၊ တစ်ခြားလူများ သတိမထားမိသွားစေရန်အတွက် ဟာကွက်များ မရှိအောင် ပြုလုပ်ခဲ့ရလေသည်။

ထို့ကြောင့် နဂါးသားရဲကြီးသည် ၎င်း၏ဝှက်ဖဲများဖြစ်သည့် ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းနှင့် ရေခဲနယ်မြေ တားမြစ်မျှော်စင်တို့ကဲ့သို့သော ဝှက်ဖဲများကိုပါ ထုတ်ဖော်ပြသနေခဲ့သည်။

ရှုကျိုးကမူ အကြိမ်ကြိမ် အခါခါ ဟိန်းဟောက်နေရင်းဖြင့် ချီ-သွေးကို ဆက်တိုက် နှိုးဆွကာ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမူအရာကို ဆင်မြန်းထားခဲ့သည်။

အဆုံး၌ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် တိုက်ခိုက်ရေး အစီအရင် ပြိုကွဲသွားခဲ့သည်။

ရှုကျိုးသည် ၎င်းကို အခွင့်ကောင်းယူကာ တည်နေရာ ကူးပြောင်းခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်၍ မိုင်တစ်ရာအကွာသို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

ကျန်နေခဲ့သည့် ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက် ၅၀၀၀ကျော်ကမူ နဂါးသားရဲကြီးနှင့် နတ်ဆိုးနဂါးတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် သေဆုံးပျောက်ကွယ်သွားကြသည်။

…

“ အရိပ်မျိုးနွယ်စုက ညီအစ်ကိုရေ၊ ဒီတစ်ခါ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် “

တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် ခရမ်းနတ်ဆိုးသည် ကျေးဇူးတင်နေသည့် အမူအရာမျိုးဖြင့် နဂါးသားရဲကြီးကို ကြည့်လာခဲ့သည်။

သူ့ဘေးနားရှိ နတ်ဆိုးဝါမှာလည်း နောင်တရနေသော မျက်နှာထားမျိုးဖြင့် တောင်းပန်လာခဲ့သည် “ ညီအစ်ကို၊ အရင်တုန်းက ငါမင်းကို အထင်မှားသွားခဲ့တယ်။ ဒီလူမသားတွေက တကယ်ကို မပြောင်းလဲသွားဘူး၊ သူတို့အားလုံးကို သတ်သင့်တယ် “

နဂါးသားရဲကြီးသည် စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောနေသော်လည်း တလေးတနက် ဖြစ်နေသော အမူအရာမျိုး ပြန်ပြောလာခဲ့သည် “ သားရဲမျိုးနွယ်စုထဲမှာ ငါတို့အားလုံးက ညီအစ်ကို မောင်နှမတွေချည်းပဲ၊ ညီအစ်ကိုတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ သေချာပေါက် လာကူရမှာပေါ့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် နတ်ဆိုးနဂါး သားရဲတစ်အုပ်၏ စိတ်နှလုံးသားများ လှုပ်ခတ်သွားတော့သည်။

အထူးသဖြင့် နတ်ဆိုးဝါဖြစ်ပြီး၊ သူသည် မျက်ရည်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။

ခရမ်းနတ်ဆိုးသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည် “ ပြန်စဥ်းစားကြည့်လိုက်ရင် အဲ့အချိန်ကတည်းက ငါတို့က မင်းနဲ့ပူးပေါင်းပြီးတော့ အဲ့ခွေးသူတောင်းစားတွေကို သင်ခန်းစာကြီးတစ်ခု ပေးခဲ့သင့်တာ “

နဂါးသားရဲကြီးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ နောင်တရနေဖို့ မလိုပါဘူး၊ မင်းတို့မှာလည်း အခွင့်အရေးတွေ ရှိနေပါသေးတယ် “

“ အို့ “ ခရမ်းနတ်ဆိုးသည် ဇဝေဇဝါဖြစ်သွားသည့် အမူအရာမျိုးဖြင့် သူ့ကို ကြည့်လာခဲ့သည်။

နဂါးသားရဲကြီးမှ တလေးတနက် ပြန်ပြောလာခဲ့သည် “ လူသားတွေက ငါတို့လူတွေကို ရက်ရက်စက်စက် သတ်နေသေးတာကြောင့်၊ သူတို့နဲ့ အကြီးစား စစ်ပွဲတစ်ခု ဆင်နွှဲဖို့ ငါဆုံးဖြတ်ထားတယ် “

“ ဘာကြီး။ အကြီးစား စစ်ပွဲတစ်ခုလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် နတ်ဆိုးနဂါးသားရဲများမှာ အံ့ဩတကြီး ဖြစ်သွားကြသည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 509 )

ရန်သူအယောက် နှစ်သိန်း သုတ်သင်ခြင်း။ ဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးပြီ

နဂါးသားရဲကြီး၏ စကားကို ကြားခဲ့ရပြီးသည့်နောက်တွင် ခရမ်းနတ်ဆိုးသည် အလောတကြီး လက်ဝေ့ရမ်းပြလာခဲ့သည် “ ညီအစ်ကို၊ အဲ့တာက မသင့်တော်ဘူးနော်။ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက တပ်ဖွဲ့တွေ လွှတ်လာတော့မှာ။ တကယ်လို့ ငါတို့က လူသားတွေနဲ့ စစ်ဖြစ်လိုက်မယ်ဆိုရင်၊ ဒါက အချိန်ကောင်း မဟုတ်ဘူး “

နဂါးသားရဲကြီးမှ ပေါ့ပေါ့တန်တန် ပြန်ပြောလာခဲ့သည် “ အဲ့လိုဆိုတော့ရော ဘာဖြစ်လို့လဲ။ သူတို့က ငါတို့လုပ်ထားတဲ့ အစီအရင်တွေ အကုန်လုံးကို ဖျက်စီးနိုင်မှာမို့လို့လား။ ငါ့အမြင်အရတော့ သူတို့လက်ထဲကို တောင်ပိုင်းစစ်နယ်မြေတစ်ခုလုံးကို ထည့်ပေးလိုက်ရမယ်ဆိုရင်တောင်မှ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေကကောင်တွေက အမှောင်နယ်မြေ ဆင်းသက်လာတာကို တားဆီးနိုင်မှာ မဟုတ်ဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ခရမ်းနတ်ဆိုးမှာ တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

သို့သော် တစ်ခဏအကြာတွင် သူသည် ခေါင်းတခါခါဖြင့် စကားထပ်ပြောလာခဲ့သည် “ ညီအစ်ကို၊ မင်းပြောတာက မှန်ပါတယ်၊ ဒါပင်မဲ့ ဒီတောင်ပိုင်း စစ်နယ်မြေကို စောင့်ကြပ်ရမှာက ငါတို့ရဲ့ တာဝန်ပဲလေ။ အထက်က အမိန့်မရဘူးဆိုရင် ငါတို့က အလွယ်တကူ ထွက်သွားလို့ မဖြစ်ဘူး “

၎င်းကို မြင်တွေ့ကြားသိလိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် ဆက်လက်၍ ဖြောင်းဖြမနေတော့ပေ။

သူသည် ဤနေရာမှ လူအိုကြီးများကို ဆွဲဆောင်ခြင်းက သေချာပေါက် ကျရှုံးလိမ့်မည်ဟု သိနေခဲ့သည်။

အစပိုင်းတွင် သူသည် ဤနတ်ဆိုးနဂါး သားရဲတစ်အုပ်ကို အနောက်ပိုင်း စစ်နယ်မြေဆီသို့ ခေါ်သွားရန် ကြံစည်ထားခဲ့သည်။ ၎င်းမှာ ကမ္ဘာ့ကြယ် မျိုးနွယ်စုနှစ်ခုကြားတွင် ပဋိပက္ခဖြစ်သွားစေရုံတင်မဟုတ်ဘဲ၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက ဤတောင်ပိုင်း စစ်မြေပြင်ကို လွယ်လွယ်ကူကူ သိမ်းပိုက်ရန်နှင့် အစီအရင်များကို ဖယ်ရှားရန်အတွက်ပါ ကူညီပေးနိုင်လေသည်။

၎င်းမှာ နှစ်ဖက်စလုံးက အကျိုးအမြတ်ရရှိသည့် အခြေအနေမျိုး ဖြစ်သည်။

ကံဆိုးစွာဖြင့် ဤနတ်ဆိုးနဂါးများသည် ဤနေရာတွင်သာ ဆက်နေနေရန် ဆုံးဖြတ်ထားသောကြောင့် နဂါးသားရဲကြီးထံတွင် ရွေးချယ်စရာ မရှိတော့ပေ။

ကံကောင်းထောက်မစွာဖြင့် ဤတောင်ပိုင်း စစ်နယ်မြေတွင် သားရဲမျိုးနွယ်စုပေါင်းများစွာ ရှိနေခဲ့သည်။ အကယ်၍ ဤသားရဲမျိုးနွယ်စုက သဘောမတူဘူးဆိုပါက နောက်ထပ် မျိုးနွယ်စုတစ်ခုဆီသို့ ထပ်သွားမည် ဖြစ်သည်။

မူလကိုယ်က သားရဲများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသောကြောင့် ကမ္ဘာ့ကြယ်သားရဲ အများစုသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို အလွန်တရာ မုန်းတီးနေကြပြီ ဖြစ်သည်။

နဂါးသားရဲကြီးမှ လှုံ့ဆော်မှု အနည်းငယ်မျှသာ ပြုလုပ်ရန် လိုအပ်ပြီး၊ သူ့နောက်သို့ လိုက်လာကာ တော်လှန်ပုန်ကန်ကြမည့် လူများ သေချာပေါက် ရရှိလာမည် ဖြစ်သည်။

မကြာခင် အချိန်မှာပင် နဂါးသားရဲကြီးသည် ကိုယ်ပွား အခု၂၀နှင့်အတူ ဤနယ်မြေမှ ထွက်ခွာသွားတော့သည်။

…

အရာအားလုံးသည် နဂါးသားရဲကြီး မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်ပျက်လာခဲ့သည်။

သူ၏လှုံ့ဆော်မှုအောက်တွင် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု အတော်များများသည် သူ့နောက်သို့ လိုက်ကာ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့နှင့် စာရင်းရှင်းရန်အတွက် စစ်ချီရန် ပြင်ဆင်စီစဥ်နေကြတော့သည်။

နေ့တစ်ဝက်အတွင်းမှာပင် သားရဲမျိုးနွယ်စုတစ်ရာကျော်သည် နဂါးသားရဲကြီး၏ အနောက်ဘက်တွင် စုဝေးလာကြသည်။

အဆိုပါ သားရဲမျိုးနွယ်စုဝင် အကုန်လုံးသည် ဧရာမ သားရဲကြီးများ ဖြစ်ပြီး၊ အတူတူ စုရုံးနေကြသောကြောင့် ကောင်းကင်ပြင်သည် နေဝင်သွားသည့်အလား မည်းမှောင်သွားခဲ့သည်။

သားရဲမျိုးနွယ်စုများကြားတွင် စည်းလုံးမှုရှိနေသည်မှာ သိသာလွန်းနေခဲ့သည်။

နဂါသားရဲကြီး၏ နောက်တွင် ရှိနေသည့် သားရဲအုပ်ကြီးက ပိုမိုကြီးမားလာလေလေ၊ ပိုပိုများသော သားရဲမျိုးနွယ်စုများက သူတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိလာလေလေပင် ဖြစ်သည်။

နဂါးသားရဲကြီးက တောင်ပိုင်းစစ်နယ်မြေမှ ထွက်သွားရန် ပြင်ဆင်နေသည့် အချိန်တွင် သူ့နောက်တွင် ရှိနေသည့် သားရဲကောင်များမှာ အကောင်ရေ ၅၀၀ကျော်နေခဲ့ပြီ ဖြစ်သည်။

၎င်းမှာ အားကောင်းလွန်းလှသည့် စစ်တပ်တစ်ခု ဖြစ်သည်။

…

နယ်မြေ ၅၅

နတ်ဆိုးဝါသည် အဝေးရှိ ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်ကို ကြည့်ကာ မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

သူသည် ခရမ်းနတ်ဆိုးဘက်သို့ လှည့်ကြည့်ကာ အလောတကြီး စကားပြောလာခဲ့သည် “ ခေါင်းဆောင်၊ အဲ့လူက တော်တော်အန္တရာယ်များတာပဲ။ သူက တောင်ပိုင်းစစ်နယ်မြေက သားရဲတစ်ဝက်ကို စုစည်းလိုက်ပြီ။ ကြည့်ရတာတော့ သူတို့က လူသားတွေနဲ့ တကယ်ကြီး စစ်တိုက်တော့မဲ့ပုံပဲ “

ခရမ်းနတ်ဆိုးသည် သူဦးခေါင်းကို ခါရမ်းကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ငါလည်းပဲ ဒီအခြေအနေအထိ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကြည့်ရတာ ဒီတစ်ခါတော့ လူသားတွေက တော်တော်ကြီးကို ပြဿနာရှာခဲ့တဲ့ပုံပဲ “

နတ်ဆိုးဝါမှ မေးမြန်းလာခဲ့သည် “ ကျွန်တော်တို့က‌ရော ဘာလုပ်သင့်လဲ။ သူတို့ကို သွားတားလိုက်ရမလား “

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက တိုက်ခိုက်ရန် တပ်ဖွဲ့များ စေလွှတ်လာတော့မည်ဆိုသည်ကို သိထားကြရမည် ဖြစ်သည်၊ ယခု၌ တောင်ပိုင်းနယ်မြေရှိ သားရဲတစ်ဝက်မှာ ထွက်ခွာသွားတော့မည် ဖြစ်သည်၊ အခြေအနေများက မည်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း။

သို့သော် ခရမ်းနတ်ဆိုးမှ ခေါင်းခါပြလာခဲ့လေသည် “ မလိုပါဘူး။ ဒီကိစ္စက သားရဲမျိုးနွယ်စုတွေရဲ့ ရည်မှန်းချက်နဲ့ဆိုင်တယ်၊ ပြီးတော့ ငါတို့က သူတို့ကို ဖြောင်းဖြလို့ရမှာ မဟုတ်ဘူး။ အဲ့တာအပြင် အဲ့လူပြောသွားတဲ့ စကားတွေကလည်း မှန်တယ်။ တကယ်လို့ ငါတို့က တောင်ပိုင်းစစ်နယ်မြေကို လက်လွှတ်လိုက်ရမယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ။ အမှောင်နယ်မြေဆင်းသက်လာတာက မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက မတားဆီးနိုင်တဲ့ ဖြစ်ရပ်တစ်ခုပဲ “

“ နတ်ဆိုးဝါ၊ အထက်ကို ဒီကိစ္စတင်ပြလိုက် “

“ ဟုတ်ကဲ့ “

…

နဂါးသားရဲကြီးသည် ခရမ်းနတ်ဆိုးနှင့် နတ်ဆိုးဝါတို့၏ စကားဝိုင်းကို မသိပေ။ ထိုအချိန်တွင် သူသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများကို ဦးဆောင်ကာ အနောက်ပိုင်း စစ်နယ်မြေဆီသို့ ချီတက်သွားခဲ့ပြီ ဖြစ်သည်။

နေ့တစ်ဝက်မျှ ကြာခဲ့ပြီးသည့်နောက်တွင်

အနောက်ပိုင်းစစ်နယ်မြေ၊ နယ်မြေ ၁၁

တိကျန်း တောင်ကြော

ကမ္ဘာ့ကြယ် တပ်ရင်း ၁၅

ကမ္ဘာ့ကြယ် တပ်ရင်း ၁၅၏ အင်အားသည် တပ်ရင်း ၁၀နှင့်ပင် ယှဥ်နေနိုင်သည်။

ဤတပ်ရင်းတွင် လူအင်အား တစ်သောင်းနှစ်ထောင်အထိ ရှိပြီး၊ တပ်သားတစ်ဦးချင်းစီတိုင်းသည် စတုတ္ထအဆင့် အထွတ်အထိပ်နှင့် ၎င်း၏ အထက်အဆင့်မှ ပညာရှင်များ ဖြစ်သည်။

ထိုလူများအနက် ဆဌမအဆင့် ပညာရှင် အယောက် ၃၀ကျော်နှင့် အစွမ်းအထက်ဆုံးဖြစ်သည့် နှောင်းပိုင်းဆဌမအဆင့် ပညာရှင်တစ်ဦးလည်း ရှိနေခဲ့သည်။

ဤကဲ့သို့ အားကောင်းလွန်းလှသည့် လူအင်အားကြောင့် တပ်ရင်း ၁၅သည် ကမ္ဘာ့ကြယ် တပ်ရင်းများအကြားတွင် နာမည်တစ်လုံးတည်ဆောက်ထားနိုင်ခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်၏ တပ်မကြီးအဆင့် တိုက်ခိုက်ရေး ယူနစ်နှင့် ရံဖန်ရံခါတွင် စစ်တပ်အဆင့် ယူနစ်တို့ကိုပါ အနိုင်ယူထားသည့် မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားခဲ့သည်။

တပ်မကြီးအဆင့် တိုက်ခိုက်ရေး ယူနစ်ဆိုသည်မှာ လူအင်အား တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုကို ဆိုလိုခြင်းဖြစ်သည်။

၎င်း၏အောက်တွင် တပ်မဟာအဆင့် တည်ရှိပြီး၊ လူအင်အား သုံးထောင်မှ ရှစ်‌ထောင်အထိ ပါဝင်လေသည်။

တပ်မကြီး၏အထက်အဆင့်များမှာ စစ်တပ်အဆင့် ယူနစ်များဖြစ်ပြီး၊ လူအင်အား နှစ်သောင်းမှ သုံးသောင်းအထိ ပါဝင်ပေသည်။

အမြင့်ဆုံး အဖွဲ့အစည်းမှာ နှစ်ခု(သို့) နှစ်ခုထပ်ပိုသော စစ်တပ်အဆင့် ယူနစ်များဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်အဆင့် အဖွဲ့အစည်းဖြစ်ပြီး၊ ၎င်းတွင် လူအင်အား ငါးသောင်းမှ တစ်သိန်းအထိ ရှိနေတတ်သည်။

တစ်ခါက ကမ္ဘာ့ကြယ်၏ တပ်ရင်း ၁၅သည် ကြယ်ပြာဂြိုဟ်၏ စစ်တပ်အဆင့် ယူနစ်တစ်ခုကို အနိုင်ယူခဲ့ပြီး၊ ၎င်း၏ အစွမ်းသတ္တိကို ပြသခဲ့ဖူးသည်။

သို့ရာတွင် ဤအချိန်၌ ကမ္ဘာ့ကြယ်၏ တပ်ရင်း ၁၅သည် ရှုံးနိမ့်မှုနှင့်သာ နိဂုံးချုပ်သွားခဲ့ရသည်။

ရှုံးနိမ့်မှုခေါ်ဆိုမည်ဆိုပါက အနည်းငယ် ချဲ့ကားပြောဆိုရာကျပြီး၊ နည်းဗျူဟာမြောက် ဆုတ်ခွာမှုတစ်ခုဟုသာ သုံးနှုန်းသင့်ပေသည်။

မကြာသေးခင် အချိန်ကမှ သူတို့သည် ကြယ်ပြာဂြိုဟ်၏ တပ်ရင်း ၁၁ကို တိုက်ခိုက်ရန် စီစဥ်ကြံရွယ်နေခဲ့သည်။

သို့သော် သူတို့သည် တပ်ရင်း ၁၁၏ စွမ်းအားကို လျှော့တွက်မိခဲ့ပြီး၊ လမ်းတစ်ဝက်မှာပင် ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။

ထိုတိုက်ပွဲကြောင့် ကမ္ဘာ့ကြယ် တပ်ရင်း ၁၅သည် စစ်သည်တော် တစ်ထောင်ကျော် ဆုံးရှုံးခဲ့သည်။

တဲတစ်လုံးအတွင်း၌

“ အားလုံးပဲ၊ စိတ်ဓာတ်မကျကြနဲ့။ ကြယ်ပြာတွေရဲ့ တပ်ရင်း ၁၁က အခွံနွှာဖို့ ခက်ပင်မဲ့၊ အဲ့တာက ငါတို့ အနိုင်မရနိုင်တဲ့ တပ်ရင်းမျိုး မဟုတ်ဘူး “

တပ်မှူးနေရာတွင် ရှိနေသည့် အနက်ရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှမ်ချီမှ စကားပြောဆိုနေလျက်ရှိသည်။

သူသည် နှောင်းပိုင်း ဆဌမအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာ့ကြယ်၏ အနက်ရောင် အဆင့်ဇယားတွင် ထိပ်တန်းပါရမီရှင် အယောက် ၅၀၀အဆင့်ထဲသို့ ဝင်ရောက်ထားသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ရွှမ်ချီမှ ဖြည်းဖြည်းချင်း စကားပြောဆိုလာခဲ့သည် “ တပ်ရင်း ၁၀ဆီကို အကြောင်းကြားခဲ့ပြီးပြီ၊ မကြာခင်အချိန်မှာပဲ သူတို့က ငါတို့ကို စစ်ကူပေးလာလိမ့်မယ်လို့ ငါယုံကြည်တယ် “

“ တပ်ရင်း ၁၀လား “

အောက်ဘက်ရှိ ကတုံးဖြစ်နေသည့် အရာရှိတစ်ဦးမှ မေးခွန်းထုတ်လာခဲ့သည် “ ကြယ်ပြာတွေရဲ့ တပ်ရင်း ၂၃ကို ရှုံးသွားခဲ့တဲ့ တပ်ရင်းလား။ ကျွန်တော်ကတော့ သူတို့ကို ထိပ်ဆုံး ဆယ်နေရာထဲကနေ ထုတ်ပယ်သင့်လို့ ထင်တယ် “

………………………………………………………………………………………………………………………………………

အပိုင်း ( 510 )

ရန်သူအယောက် နှစ်သိန်း သုတ်သင်ခြင်း။ ဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးပြီ ၂

ရွှမ်ချီမှ ပြန်ပြောလာခဲ့သည် “ တပ်ရင်း ၁၀ ရှုံးသွားခဲ့တာက ကမ္ဘာ့ကြယ်သားရဲတစ်အုပ်က သူတို့ကို ဝင်တိုက်ခဲ့လို့လို့ ငါကြားခဲ့ရတယ်။ အခုလက်ရှိ အခြေအနေတွေအရ ငါတို့နဲ့ သားရဲမျိုးနွယ်စုကြားမှာ တားထားတဲ့စည်းက တော်တော်လေးကို ပါးတယ်၊ ငါတို့က ဂရုစိုက်မှ ဖြစ်မယ် “

ကတုံးအရာရှိမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ တပ်မှူးရာ။ တကယ်လို့ အဲ့ဒီသားရဲကောင်တွေက ကျုပ်တို့ကို လာရှုပ်ရဲနေမယ်ဆိုရင်၊ သူတို့က ဒီနေ့အတွက် ကျုပ်တို့ရဲ့ ညနေစာ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ် “

“ ဘုမ်းးးး “

ထိုစဥ် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသည် ကောင်းကင်ထက်မှ ပေါ်ထွက်လာခဲ့သည်။

“ ဘာဖြစ်တာလဲဟ “

ကတုံးအရာရှိသည် အားကောင်းလွန်းလှသည့် နတ်ဆိုးစွမ်းအင်ကို အာရုံခံမိသွားသောကြောင့် အမူအရာ ပြောင်းလဲသွားသည်။

ရွှမ်ချီ၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့ပြီး၊ တဲအပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။

အဝေးရှိ အနက်ရောင် တိမ်သားတိမ်စိုင်တို့ကို မြင်လိုက်ရသောအခါတွင် သူသည် ရုတ်တရက် ထိတ်လန့်သွားတော့သည်။

“ သားရဲကောင်ရေ ငါးထောင်ကျော်လား။ သူတို့က ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ “

သူသည် ဤကဲ့သို့ အံ့ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးကို သူ၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။

သားရဲငါးထောင်ကျော်သည် သူတို့ရှိရာဘက်သို့ ဒေါသတကြီး ဖြစ်နေသော အမူအရာများဖြင့် တဟုန်ထိုး ချီတက်လာနေသည်။

“ အဲ့သားရဲကောင်တွေက ရူးသွားကြတာလား “

ရွှမ်ချီသည် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ပြီး၊ ချက်ချင်းအော်ပြောလာခဲ့သည် “ တပ်သားအကုန်လူစုကြ။ ခုခံရေး အစီအရင် ဖွဲ့မယ် “

ထိုအခိုက်အတန့်တွင် ရွှမ်ချီသည် အရှေ့ဘက်ရှိ သားရဲအုပ်ကြီးကို ကြည့်နေရင်းဖြင့် အံ့ဩခြင်းနှင့် ကြောက်ရွံ့မှု နှစ်မျိုးစလုံးကို ခံစားနေခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့သော သားရဲအုပ်ကြီးကို ရင်ဆိုင်ရချိန်တွင် သူတို့၏ တပ်ရင်း ၁၅က တောင့်ခံနိုင်မည် မဟုတ်ဘူးဆိုသည်ကို သူသိနေသောကြောင့် ဖြစ်သည်။

ဝုန်းးးး

ထိုအချိန်၌ ကောင်းကင်ထက်ရှိ သားရဲငါးထောင်ကျော်သည် သူတို့၏ နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်ကာ ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်၍ ပြုလုပ်လာကြသည်။

ရှားပါးသည့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတစ်ခုမှာ စတင်၍ ဖြစ်ပွားလာခဲ့လေပြီ။

…

သမိုင်းမှတ်တမ်း : ကြယ်ပြာဂြိုဟ် သက္ကရာဇ် ၂၀၅၁၊ ဂျွန်လ ၁ရက်နေ့တွင် ရာနှင့်ချီသော ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စုဝင်များသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို စစ်ကြေညာခဲ့သည်။ သူတို့သည် ရက်ပိုင်းအတွင်းမှာပင် ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက် ၂သိန်းကျော်အထိ သတ်ဖြတ်ခဲ့ပြီး၊ တပ်ရင်း ၁၅၊ ၁၃၊ ၃၁၊ ၃၅နှင့် ကမ္ဘာ့ကြယ်၏ တစ်ခြားသော တပ်ရင်းပေါင်း အခု ၃၀ကျော်ကို အပြတ်ရှင်းလုနီးပါးအထိ သတ်ဖြတ်ခဲ့ကြသည်။

ဂျွန်လ ၄ရက်နေ့၌ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ အဆင့်မြင့် အရာရှိများသည် ဒေါသတကြီး ဖြစ်သွားကြပြီး၊ သားရဲမျိုးနွယ်စု၏ အဆင့်မြင့် ပညာရှင်များကို ညှိနှိုင်းဆောင်ရွက်ပေးရန် သုံးကြိမ်တိတိ တောင်းဆိုလာခဲ့သည်။

သားရဲမျိုးနွယ်စု၏ အဆင့်မြင့် ပညာရှင်များသည် ထိုနေ့မှာပင် အဆိုပါ သားရဲများကို ပြန်၍ဆင့်ခေါ်ခဲ့ပြီး၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ အဆင့်မြင့် အရာရှိများ၏ ဒေါသကို ဖြေဖျောက်ပေးရန်အတွက် ထိုဖြစ်ရပ် ဖြစ်ပေါ်လာစေရန် လှုံ့ဆော်သူကို နေရာမှာပင် ကွပ်မျက်ခဲ့သည်။

…

“ ကောင်းတယ်ဟေ့ “

အနောက်ပိုင်း စစ်နယ်မြေ၊ တပ်ရင်း ၂၃

တပ်စခန်းအတွင်းရှိ ကျုံးချန်သည် အစီအရင်ခံစာကို ကြည့်ကာ မအောင့်ထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောနေတော့သည်။

“ ခွေးတွေဟောင်နေပြီး တကယ်လည်း မကိုက်ကြဘူးပဲ “

ကျုံးချန်သည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အဲ့ဒီသောက်ကျိုးနည်း ကမ္ဘာ့ကြယ်ကောင်တွေနဲ့ ကမ္ဘာ့ကြယ် သားရဲကောင်တွေက တကယ်ကြီးကို ပြည်တွင်းစစ်လုပ်နေကြတာပဲ။ ကမ္ဘာ့ကြယ်ကောင် နှစ်သိန်းကျော် အသတ်ခံလိုက်ရတယ်တဲ့၊ ဘယ်လောက်တောင် ကျေနပ်ဖို့ကောင်းလိုက်လဲကွာ “

“ သူတို့ကို လမ်းဆုံးအထိ ရောက်သွားအောင် မတွန်းပို့နိုင်ခဲ့တာကတော့ နှမြောဖို့ကောင်းတယ်ကွာ “

ကျုံးချန်သည် အနည်းငယ် နောင်တရသွားခဲ့သည်။

သူ့ဘေးနားရှိ ရှုကျိုးမှာလည်း သက်ပြင်းတချချ ဖြစ်နေခဲ့သည် “ ဟုတ်တယ်၊‌ တော်တော်ကြီးကို နှမြောဖို့ကောင်းတယ် “

ဤကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိလာခဲ့သည့်တိုင်အောင် နှစ်ဖက်စလုံး၏ အဆင့်မြင့် အရာရှိများက စစ်ပွဲမစဘဲ ဆွေးနွေးညှိုနှိုင်းခြင်းသာ ပြုလုပ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စု၏ အဆင့်မြင့်အရာရှိများမှာလည်း မထင်မှတ်ထားသောလုပ်ရပ်များကိုသာ ပြုလုပ်ခဲ့ကြသည်။ သူတို့သည် ကမ္ဘာ့ကြယ် အဆင့်မြင့် သိုင်းပညာရှင်တို့‌၏ ဒေါသကို ပြေပျောက်သွားစေရန်အတွက် နဂါးသားရဲကြီး၏ ကိုယ်ပွားတစ်ခုကိုပင် ကွပ်မျက်ခဲ့ကြသည်။

အဆိုပါ ဖြစ်ရပ်သည် ရှုကျိုးကို အနည်းငယ် ခေါင်းကိုက်သွားစေခဲ့သည်။

“ ကြည့်ရတာတော့ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေနဲ့ သားရဲမျိုးနွယ်စုရဲ့ အဆင့်မြင့် အရာရှိတွေက အပြင်လူတွေကို ရင်ဆိုင်ဖို့အတွက် ယာယီမဟာမိတ်ဖွဲ့ထားကြတဲ့ပုံပဲ “

ရှုကျိုးမှာ သက်ပြင်းချ၍ ပြန်ပြောလာခဲ့သည် “ ပြီးတော့ သူတို့တွေကို ကျွန်တော်တို့ကို ရင်ဆိုင်ဖို့အတွက် စည်းလုံးသွားလောက်တယ် “

ကျုံးချန်မှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ နောင်တရနေစရာ မလိုပါဘူး၊ ညီအစ်ကိုရှုရာ။ အခုဆိုရင် ကမ္ဘာ့ကြယ်က လူအင်အား သိန်းနဲ့ချီပြီးတော့ ဆုံးရှုံးသွားခဲ့ပြီး၊ အများစုက အလယ်အလတ်သုံးဆင့်က ပညာရှင်တွေပဲ “

“ အဲ့တာက ကမ္ဘာ့ကြယ်ရဲ့ အဓိက စစ်နယ်မြေတွေအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားမှာ သေချာတယ်၊ သူတို့က အချိန်တိုအတွင်းမှာ နလန်ပြန်မထူလာနိုင်လောက်ဘူး “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ အဲ့တာကတော့ အမှန်ပဲ “

ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ အရေအတွက်က ကြယ်ပြာဂြိုဟ်လူအင်အားထပ် လျော့နည်းသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

အထူးသဖြင့် အမြင့်ပိုင်း အဆင့်မှ လူများဖြစ်ပြီး၊ သူတို့သည် ကြယ်ပြာဂြိုဟ်၏ ဆယ်ပုံပုံတစ်ပုံမျှသာ ရှိသည်။

အလယ်အလတ်သုံးဆင့်မှ ပညာရှင်အရေအတွက်မှာ များစွာကွာဟမနေခဲ့သော်လည်း၊ ကမ္ဘာ့ကြယ်အတွက်မူ အလယ်အလတ် သုံးဆင့်မှ ပညာရှင်တစ်ဦးတစ်ယောက်ချင်းက သူတို့၏ အသက်သွေးကြောများ ဖြစ်နေခဲ့သည်။

ယခုတွင် အလယ်အလတ်သုံးဆင့်မှ ပညာရှင် နှစ်သိန်းကျော်ကို တစ်ပြိုင်နက် ဆုံးရှုံးသွားရခြင်းက ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

“ အခု ကမ္ဘာ့ကြယ်ဘက်မှာ ဆုံးရှုံးမှုကြီးတွေ ရှိနေတယ်ဆိုတော့ ကျွန်တော်တို့ စစ်တပ်တွေက စစ်ချီသင့်နေပြီလေ ဟုတ်တယ်မလား “ ဟုရှုကျိုးမှ မေးမြန်းလာခဲ့သည်။

သူသည် ဤရက်ပိုင်းအတွင်းတွင် တံခါးပိတ် ကျင့်ကြံနေခဲ့သောကြောင့် စစ်ပွဲအခြေအနေများကို လုံးဝသိမနေခဲ့ပေ။

ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အခုဆိုရင် စစ်နယ်မြေအားလုံးရဲ့ အခြေအနေတွေက ပြောင်းပြန်လန်သွားခဲ့ပြီ၊ တစ်ချို့ဆိုရင် အောင်ပွဲတွေ ရပြီးတော့ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်သိမ်းနေနိုင်ကြပြီ “

“ ဒီတစ်ခါတော့ ငါတို့ ကြယ်ပြာဂြိုဟ်က အကျိုးအမြတ် တော်တော်လေး ရခဲ့တယ် “

“ ကမ္ဘာ့ကြယ်က ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားနေခဲ့ရတာဆိုတော့ ငါတို့က သေချာပေါက် စစ်ချီရမှာပေါ့၊ ငါတို့က နယ်မြေတွေကို တိုးချဲ့နိုင်လောက်တယ် “

၎င်းကို ပြောနေရင်းဖြင့် ကျုံးချန်မှာလည်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

လက အစိတ်အပိုင်းနှစ်ခုအဖြစ် ကွဲထွက်သွားသည်ဆိုသည်ကို လူတိုင်းသိရှိထားကြသည်။

တစ်ဖက်မှာ ကွမ်ဟန်ဖြစ်ပြီး၊ ကျန်တစ်ဖက်မှာ ကမ္ဘာ့ကြယ်ဖြစ်သည်။ ကမ္ဘာ့ကြယ်နှင့် သက်ဆိုင်သည့် တစ်ဖက်ခြမ်းကို ကောင်းကင်ဂိတ်ဟု ခေါ်ဆိုကြသည်။

အဘယ့်ကြောင့်ဆိုသော် ကမ္ဘာ့ကြယ်ဘက်မှ လ၏ဝင်ပေါက်က အလွန်မြင့်မားသော အလင်းတံခါးပေါက်တစ်ခုနှင့် တူညီနေသောကြောင့် ဖြစ်သည်။

ယနေ့ခေတ် ကွမ်ဟန်စစ်မြေပြင်သည် ကြယ်ပြာဂြိုတ်ဘက်တွင်သာ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

ကြယ်ပြာဂြိုဟ်က အားနည်းနေသောကြောင့် ရန်သူတို့သည် ကြယ်ပြာဂြိုဟ်၏ စစ်နယ်မြေလေးခုကို သိမ်းပိုက်ခဲ့ကြပြီး၊ ယခုလက်ရှိအချိန်အထိ လွတ်မြောက်ရေး စစ်ပွဲကိုသာလျှင် ပြုလုပ်ခဲ့ကြရသည်။

သို့သော် ယခုတွင်ကား အခြေအနေများ ပြောင်းလဲသွားပြီး၊ ကြယ်ပြာဂြိုဟ် စစ်တပ်သည် ကမ္ဘာ့ကြယ် ပိုင်နက်ကို သိမ်းပိုက်ရန်အတွက် ကောင်းကင်ဂိတ်သို့ ချီတက်ရန် အခွင့်အရေး ရလာခဲ့ပြီ ဖြစ်သည်။

“ ကမ္ဘာ့ကြယ်ဘက်ကို ဝင်မှာလား “

ရှုကျိုး၏ စိတ်နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ အဆိုပါ အခွင့်အရေးကြောင့် သူ၏ကိုယ်ပွားက ကမ္ဘာ့ကြယ်သို့ သွားကာ ရှေးဟောင်း အပျက်အစီးနယ်မြေအတွင်းသို့ ဝင်နိုင်မလားဆိုသည်ကို သူသိချင်သွားခဲ့သည်။

ကျုံးချန်မှ ဆက်ပြောပြလာခဲ့သည် “ ဝေးဝေးလံလံက ကိစ္စတွေကို မပြောသေးဘဲ ရပ်ထားလိုက်ကြရအောင်။ ညီအစ်ကိုရှု မနက်ဖြန်ဆိုရင် ငါနဲ့အတူ စစ်ဌာနကို လိုက်ခဲ့၊ ရာထူးတိုးပွဲက စတော့မယ် “

“ ကောင်းပြီလေ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ရာထူးတိုးပွဲ စတင်ခြင်းမှာ စစ်ဌာနက ကမ္ဘာစစ်တွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိလာကြောင်း ယုံကြည်နေသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ရာထူးတိုးပွဲကို ကျင်းပလိမ့်မည် မဟုတ်ပေ။

…

နောက်တစ်နေ့တွင်

ကွမ်ဟန်တပ်မတော်သည် စစ်နယ်မြေလေးခု၏ အနောက်ဘက်တွင် တည်ရှိပြီး၊ အနက်ရောင် အဆောက်အဦးသည် ရေခဲတုံးပုံစံကဲ့သို့ ဖြစ်နေခဲ့သည်။

ဒုတိယအထပ်ရှိ ခန်းမကျယ်တစ်ခုအတွင်း၌

ရှုကျိုးက ခန်းမထဲသို့ ရောက်လာသည့်အချိန်တွင် အရာရှိ တော်တော်များများ ရောက်ရှိနေခဲ့ပြီဖြစ်သည်၊ သူတို့အားလုံးသည် အစင်းကြောင်းနှစ်ခုနှင့် ကြယ်တစ်ပွင့်အထက်ပါ တံဆိပ်များကို သယ်ဆောင်ထားကြသည်။

ရှေ့ဘက်ရှိ ပရိတ်သတ်ထိုင်ခုံများ နေရာတွင်မူ ဂျုံခက်နှစ်ခုပါ တံဆိပ်များကို သယ်ဆောင်ထားသည့် အရာရှိတစ်ချို့ ရှိနေခဲ့သည်။

ဗိုလ်ချုပ်များ

ထိုလူများသည် သူတို့၏နေရာများတွင် ထိုင်ရုံသာ ထိုင်နေခဲ့ပြီး မည်သည့်အရှိန်အဝါကို မထုတ်လွှတ်ထားခဲ့သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို အလိုအလျောက် ခံစားနေခဲ့ရသည်။

ထိုလူများက အဆင့်မြင့် အရာရှိများဖြစ်နေမည်မှာ သိသာလှသည်။

“ အဆင့်မြင့် အရာရှိတွေ များလှချည်လား “

ယခင်က ရှုကျိုးသည် အဆင့်မြင့် ပညာရှင်များကို များများစားစား မမြင်တွေ့ခဲ့ဖူးချေ၊ သို့သော် ယခုတွင်ကား ၎င်းကို သူကိုယ်တိုင် မြင်တွေ့နေရပြီ ဖြစ်သည်။

ဤခန်းမအတွင်းမှာပင် အနည်းဆုံးအနေဖြင့် အဆင့်မြင့် ပညာရှင် တစ်ထောင်အထိ ရှိနေခဲ့သည်။

ထို့အပြင် ရှုကျိုသည် ဂျုံခက်သုံးခုပါ ပညာရှင်တစ်ချို့ကိုပါ မြင်တွေ့နေခဲ့ရသည်။

“ ဒုဗိုလ်ချုပ်ကြီးတွေလား “ ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

သူ့ဘေးနားရှိ ကျုံးချန်မှ လေသံတိုးတိုးလေးဖြင့် ပြောပြလာခဲ့သည် “ ဒုဗိုလ်ချုပ်ကြီးတွေ အကုန်လုံးက အဆင့်၉နယ်ပယ်နဲ့ နီးနေကြပြီ၊ တစ်ချို့ဆိုရင် အဆင့်၉ အထွတ်အထိပ်ကို ရောက်နေကြပြီ “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ ဤသည်မှာ ဤမျှ များပြားသော နဝမအဆင့် ပညာရှင်များကို ပထမဦးဆုံးအကြိမ်အဖြစ် သူမြင်တွေ့ဖူးခြင်း ဖြစ်သည်။

တစ်ချက်မျှ ဝေ့ကြည့်လိုက်ရုံဖြင့် သူသည် အနည်းဆုံးအနေနှင့် လူဆယ်ဦးအထိ မြင်တွေ့နေခဲ့ရပြီး၊ ဒုဗိုလ်ချုပ်များ ပိုမိုရောက်ရှိလာခဲ့သည်။

သို့ရာတွင် ရှုကျိုးသည် အဆိုပါ ဒုဗိုလ်ချုပ်ကြီးများ၏ အမူအရာများက အလွန်တရာ တည်ကြည်နေလျက်ရှိပြီး၊ လေးနက်မှု အရိပ်အငွေ့များကိုပင် သယ်ဆောင်ထားသည်ကို မြင်တွေ့နေခဲ့ရသည်။

“ ကြည့်ရတာတော့ ဒီစုဝေးပွဲက ရာထူးတိုးပွဲဆိုတာထပ် ပိုနေပြီနဲ့တူတယ် “

ရှုကျိုးသည် ထင်ကြေးပေး မှန်းဆနေတော့သည်။

စစ်ဌာန၏ ပညာရှင် အမြောက်အများက ဤနေရာတွင် စုဝေးခြင်းမှာ ချီးကျူး ဂုဏ်ပြုရန်အတွက်သာလျှင် မဟုတ်ဘဲ၊ အရေးကြီးသော ကြေညာချက်တစ်ခုကိုပါ ထုတ်ပြန်လာမည်မှာ သေချာနေခဲ့သည်။

…

တစ်နာရီ အကြာတွင် ဤစုဝေးပွဲမှာ တရားဝင် စတင်လာခဲ့သည်။

ဗိုလ်ချုပ်တစ်ဦးသည် စင်မြင့်ထက်သို့ တက်လှမ်းလာခဲ့ပြီး၊ မိန့်ခွန်းကို တိုတိုတုတ်တုတ် ဖတ်ကြားကာ ရာထူးတိုးပွဲကို စတင်၍ ပြုလုပ်နေတော့သည်။

“ ကျွန်တော်က ကွမ်ဟန်တပ်မတော်ရဲ့ စစ်ဦးစီးချုပ်၊ ချန်ကျုံပင်းပါ “

ဗိုလ်ချုပ်၏ အသံသည် အလွန်တရာ ကြည်လင် ကျယ်လောင်နေခဲ့သည် “ အခုကြေညာပေးသွားမဲ့ အရာရှိတွေကို ရာထူးတိုးပေးပါမယ် “

ထို့နောက်တွင် အရာရှိများသည် စင်မြင့်ထက်သို့ တစ်ဦးပြီးတစ်ဦး တက်လာကြပြီး၊ တစ်ချို့တပ်သားများသည် အရာရှိများအဖြစ် ရာထူးတိုးသွားပြီး၊ တစ်ချို့သော အရာရှိများကိုလည်း တရားဝင် ရာထူးများပေးအပ်ခဲ့ကြသည်။

သို့သော် အရာရှိအဆင့်မှ ဒုဗိုလ်ချုပ်အဆင့်သို့ တန်းရောက်သွားခြင်းမှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

အဆုံးတွင် ရှုကျိုး စင်ပေါ်တက်ရမည့် အလှည့်သို့ ကျရောက်လာခဲ့သည်။

“ အနောက်ပိုင်း စစ်နယ်မြေရဲ့ တပ်ရင်း ၂၃၊ ရှုကျိုး၊ ဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးပါတယ် “

ချန်ကျုံပင်းမှ ထိုစကားကို ပြောလာသည့်နှင့်တစ်ပြိုင်နက် တီးတိုးပြောဆိုသံများသည် လူအုပ်ဆီမှ ပေါ်ထွက်လာခဲ့သည်။

တပ်ရင်းကို ထိန်းချုပ်ရသည့် အဖွဲ့ဝင်တစ်ဦးက ဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားခြင်းမှာ သူက အဓိက စစ်နယ်မြေများတွင် အောင်မြင်မှုများ ရရှိခြင်း (သို့) တပ်မအဆင့် တိုက်ခိုက်ရေး ယူနစ်တစ်ခုကို အနိုင်ယူခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

၎င်းမှာ တပ်ရင်းအဆင့် တိုက်ခိုက်ရေး ယူနစ်တစ်ခုအတွက် အလွန်တရာ ထူးခြား၊ ရှားပါးသည့် အောင်မြင်မှုတစ်ခုဖြစ်သည်။

ရှုကျိုးက စင်ပေါ်သို့ တက်လာသည့် အချိန်တွင် သူ့ကို ကြည့်နေကြသည့် အကြည့်များကိုလည်း ခံစားမိနေခဲ့သည်။

ထိုအကြည့်များက လုံးဝသန့်စင်နေခဲ့ကာ၊ ၎င်းတို့ထဲတွင် လေးစားမှုနှင့် အားကျမှုတို့သာ ပြည့်နှက်နေခဲ့သည်။

“ စစ်သားတွေရဲ့ စိတ်ဓာတ်က တကယ်ကြီးကို ကောင်းကြတာပဲ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

မကြာခင်အချိန်မှာပင် သူသည် စင်ပေါ်တွင် မတ်တပ်ရပ်နေတော့သည်။

ဗိုလ်ချုပ် ချန်ကျုံပင်းမှ သူ့ကို အလေးပြုလာခဲ့သည် “ ရဲဘော်ရှုကျိုး၊ ယခုအချိန်မှ အစပြု၍ သင်ဟာ ကြယ်ပြာဂြိုဟ်၏ ၁၆၅၃၇ယောက်မြောက် ဒုဗိုလ်ချုပ်တစ်ဦး ဖြစ်လာတော့မည်။ သင့်ရဲ့ တာဝန်ကို မှတ်မိနေပြီးတော့ သင့်ရဲ့ မူလရည်ရွယ်ချက်များအတိုင်း မှန်ကန်စွာ ဆက်လက်နေထိုင်ပါ၊ ကမ္ဘာနှစ်ခု စစ်ပွဲအတွင်းမှာလည်း အောင်မြင်မှု ကြီးကြီးမားမား ရရှိအောင် ကြိုးစားပါ “

ရှုကျိုးသည် ပြန်၍ အလေးပြုကာ စကားပြောလိုက်သည် “ တာဝန်ကို မလေးမစား မလုပ်ပါဘူး “

ချန်ကျုံပင်းသည် တောက်ပနေသည့် ဂျုံခက်တစ်ခုပါ တံဆိပ်များကို ရှုကျိုး၏ ပခုံးများအပေါ်တွင် တပ်ဆင်ပေးလာခဲ့သည်။

ထိုအချိန်မှာပင် ရှုကျိုးသည် ပေါ့ပါးပုံရသည့် အဆိုပါ တံဆိပ်များက အံ့ဖွယ်ကောင်းလောက်သည်အထိ လေးလံနေကြောင်းကို ခံစားလိုက်ရသည်။

All Chapters