← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၂၉)

"ကျောင်းအုပ်အရင်ပြန်နှင့်လိုက်ပါတော့ ကျောင်းသားကို ကျနော်ပြောစရာလေးတွေရှိသေးလို့ပါ"

ယန်းချီက အိုးယန်ဟွမ်းယူအားကြည့်ရင်း ပြောလိုက်တာဖြစ်သလို တစ်ခုခုဖြစ်လာမှာအတွက်လည်း သတိထားကာအသင့်ပြင်ထားလိုက်ပါတယ်။

အိုးယန်ဟွမ်းယူက ပြုံးလိုက်ကာ ပြန်ပြောလိုက်တာကတော့"စိတ်မပူပါနဲ့လေ ဒီကိစ္စကိုခင်ဗျားရဲ့လက်ထဲမှာ လွှဲလိုက်ပါပြီ"

"အဲ့ဒါဆိုရင် ကျောင်းအုပ် ဘာလိုအပ်သေးလဲ"

ယန်းချီလက်လွတ်စံပါယ်မလုပ်ရဲပါဘူး။ အိုးယန်ဟွမ်းယူတွေ့သွားတဲ့ချာတိတ်ဟာ သူ့သိုးရေစာအုပ်ယူသွားတဲ့တစ်ယောက်ဖြစ်ဟန်တူပါတယ်။ ဆင့်ခေါ်သူလမ်းဟာ ယိုယွင်းပြိုလဲနေပြီဖြစ်တာကြောင့် အခုမှစတင်လျှောက်လှမ်းမယ့် ကောင်လေးကို တစ်ခုခုလုပ်ကြမှာကိုတော့ သူလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။

အိုးယန်ဟွမ်းယူက အဓိပ္ပါယ်ပါပါနဲ့ ယန်းချီအားကြည့်ရင်းပြောလိုက်တာက"ခြောက်လကြာရင် လောင်းရွှမ်တိုင်းပြည်က သင်တန်းကျောင်းအမျိုးမျိုးအတွက် ပြိုင်ပွဲကြီးနောက်တစ်ကြိမ်ကျင်းပတော့မယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနတိုင်းက ကျောင်းသားတစ်ယောက်နှစ်ယောက်စီကို ကိုယ်စားပြုစေလွှတ်ယှဉ်ပြိုင်ခိုင်းမှာဖြစ်လို့ ဆင့်ခေါ်သူဌာနကလည်း ကျောင်းသားရနေပြီဆိုတော့ ခင်ဗျားလည်းပါဝင်ရမယ်"

"ခင်ဗျား ပေါက်တတ်ကရတွေ လျှောက်ပြောနေတာပဲ"

ယန်းချီက အိုးယန်ဟွမ်းယူပြောလိုက်တဲ့စကားတွေကို မယုံနိုင်ဘူးဖြစ်နေပြီး စူးရဲစွာကြည့်လိုက်ပါတယ်။ ယနေ့မျက်မှောက်ကာလမှာ ဆင့်ခေါ်သူတွေဟာ လင်းလက်တိုက်ပေါ်မှာ လူရှေ့သူရှေ့ထွက်လို့မရတဲ့ အခြေအနေမှာရောက်ရှိနေတာပါ။

"မင်းသိပါတယ်ကွာ လင်းလက်တိုက်ပေါ်ကလူတွေအားလုံး ဆင့်ခေါ်သူကို လက်သင့်မခံနိုင်ဘူးဆိုတာ...."

"သူတို့ဘာလို့လက်မခံနိုင်ရမှာလဲ"လို့ အိုးယန်ဟွမ်းယူက မျက်ခုံးပင့်ရင်းပြောလိုက်ပါတယ်။

"ဒါက စွန့်စားရတဲ့အလုပ်မဟုတ်ပါဘူး အခွင့်အရေးတစ်ခုလို့တောင် ပြောလို့ရသေးတယ်။ ခင်ဗျားရဲ့ကျောင်းသားကသာ လောင်းရွှမ်တိုင်းပြည်ထဲက လူငယ်တွေကို ဆင့်ခေါ်သူပညာနဲ့အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ရင် ဆင့်ခေါ်သူတွေ လက်ရှိအခက်အခဲကြားကနေ လွတ်မြောက်လာနိုင်ပါသေးတယ်။ ဆင့်ခေါ်သူပညာကို တိမ်ကောသွားစေမယ့်အစား ဒီအခွင့်အရေးကိုအသုံးချပြီး ဆင့်ခေါ်သူအတတ်ကို စင်ပေါ်ပြန်ရောက်အောင် ဘာလို့မလုပ်ရမှာလဲ။ ပြိုင်ပွဲမှာအနိုင်ရသူက ဧကရာဇ်ဆီကနေ စွန့်ပစ်နယ်မြေအတွင်းမှာ ပိုင်နက်တစ်ခုရရှိပိုင်ဆိုင်ခွင့်ရမှာဖြစ်လို့ ခင်ဗျားရဲ့ကျောင်းသားကသာ စွန့်ပစ်နယ်မြေထဲက မိစ္ဆာတွေကို အလဲထိုးအနိုင်ယူနိုင်မယ်ဆိုရင် လူတွေအားလုံး ဆင့်ခေါ်သူအတတ်ကို ပြန်ပြီးလက်သင့်ခံစဉ်းစားလာကောင်းလာနိုင်တယ်လေ"

အိုးယန်ဟွမ်းယူက မက်မောဖွယ်မက်လုံးတစ်ခု ထည့်လိုက်ပါတယ်။ လူတွေက ဆင့်ခေါ်သူအတတ်ကို ဆန့်ကျင်နေရခြင်းက အတိတ်တုန်းကဖြစ်ပျက်ခဲ့တဲ့ တားမြစ်ထားတဲ့စမ်းသပ်ချက်တွေကြောင့်ပါ။ ဒါကြောင့်ဒီတစ်ခေါက်မှာသာ ဆင့်ခေါ်သူကအနိုင်ရခဲ့မယ်ဆိုရင် စွန့်ပစ်နယ်မြေထဲက မိစ္ဆာတွေကို ချေမှုန်းသုတ်သင်ပြီး လူတွေရဲ့စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားတွန်းလှန်ပစ်ကာ ဆင့်ခေါ်သူတွေရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မှာပါ။

ဆင့်ခေါ်သူသာ စွန့်ပစ်နယ်မြေထဲမှာ တစ်ကယ်ပဲရပ်တည်ရှင်သန်နိုင်မယ်ဆိုရင် ဆင့်ခေါ်သူလမ်းကြောင်းအတွက် အနာဂါတ်အသစ်ရောက်ရှိလာတော့မှာပါ။

"အဲ့ဒီငတုံးတွေက ငါ့ကျောင်းသားကို မဖမ်းဘူးလို့ ကျောင်းအုပ်သေချာပေါက်ပြောနိုင်လို့လား"

ယန်းချီက မသိလိုက်မသိဖာသာနဲ့ပဲ မျက်နှာတောင်မမြင်ရသေးတဲ့ သူမအား သူ့တပည့်အဖြစ်လက်ခံသတ်မှတ်ကာ သူမအတွက် ထွက်ပေါက်ပါရှာပေးနေပါတော့တယ်။

"ကျနော်အာမခံတယ် တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ကျောင်းသားကသာ ပြိုင်ပွဲစင်မြင့်ထက်မှာ ရပ်တည်နိုင်တဲ့အရည်အချင်းရှိမယ်ဆိုရင် အဲ့လူတွေက ခင်ဗျားရဲ့ကျောင်းသားကို လက်ခံလာစေရမယ် နောက်ပြီးတော့ သူ့အနေနဲ့ ပြိုင်ပွဲမှာ အနိုင်မရခဲ့ရင်တောင် တော်ဝင်ရိုလန်ကျောင်းကို ဘေးကင်းရန်ကင်းနဲ့ ပြန်လာစေရမယ်လို့ ကတိပေးတယ်"ဆိုပြီး အိုးယန်ဟွမ်းယူက သူ့ရဲ့နာမည်နဲ့ အာမခံပြောကြားလိုက်ပါတယ်။

ယန်းချီအနေနဲ့လည်း ထိုအာမခံချက်ကို မယုံဘဲမနေတော့ပါဘူး နည်းနည်းလေးပဲယုံတယ်ဆိုရင်တောင်မှပေါ့လေ။

"ကျောင်းအုပ်ပြောသလိုသာ ကတိတည်မယ်ဆိုရင် ကျနော့်ရဲ့ဘဝကိုပုံအပ်ပြီး ဒီကလေးကို မြေတောင်မြှောက်ပေးသွားမှာပါ ဒါပေမဲ့ နောက်ထပ်ကတိတစ်ခုထပ်ပေးစေချင်ပါသေးတယ်။ ပြိုင်ပွဲမစခင်အထိ ဒီကလေးရဲ့ နောက်ကြောင်းကို မစုံစမ်းတော့ဘဲ ရပ်လိုက်ဖို့ပဲ။ ကျနော့်ရဲ့တပည့်တက်လမ်းအတွက် အနှောက်အယှက်ဖြစ်မှာကို မလိုလားဘူး"

နှစ်တွေများစွာကြာလွန်ခဲ့ပြီဖြစ်ကာ တစ်ခြားဆင့်ခေါ်သူတစ်ယောက်ကိုမှ သူမတွေ့ခဲ့ရပါဘူး။ ဆင့်ခေါ်သူဌာနထဲကို ခိုးဝင်လာတဲ့ ချာတိတ်ကသာ သူ့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။

"ကျနော်ကတိပေးတယ်"လို့ပြောလိုက်တဲ့ အိုးယန်ဟွမ်းယူဟာ ပြုံးနေပါတယ် ယန်းချီရဲ့အဖြေဟာ အခိုင်မာဆုံး အာမခံချက်တစ်ခုလည်းဖြစ်တာကိုတော့ သံသယဝင်စရာမလိုပါဘူး။

ယန်းချီက ဆင့်ခေါ်သူပါရမီရှင်တစ်ဦးအား ဘယ်လိုမြေတောင်မြှောက်ပေးပြီး ဒီဆင့်ခေါ်သူအသစ်လေးက လင်းလက်တိုက်ကို ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာစေမလဲဆိုတာကို သူမျှော်မှန်းတွေးဆကြည့်နေမိပါတော့တယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၃၀)

သူ့အနေနဲ့ စောင့်ကြည့်ရုံပေါ့လေ။

အိုးယန်ဟွမ်းယူက သူရရှိခဲ့တဲ့အဖြေကြောင့် ကျေနပ်စွာနဲ့ ဆင့်ခေါ်သူဌာနကနေပြန်ထွက်သွားပါတယ်။

ဆင့်ခေါ်သူဌာနထဲမှာတော့ ညလင်းကျောက်တွေသာ လင်းလက်တောက်ပနေခဲ့ပါတယ်။

ယန်းချီက ထွက်ခွာသွားတဲ့ အိုးယန်ဟွမ်းယူရဲ့နောက်ကျောကိုကြည့်နေရင်း သူ့မျက်နှာမှာတော့ ဘာမှမတတ်နိုင်ဟန်ပေါ်ပေါက်နေပါတယ်။ သူဟာ သက်ပြင်းကိုလေးလံစွာချလိုက်ပြီးနောက် အမှောင်ထဲကို လှမ်းကြည့်လိုက်ပါတယ်။

"ကောင်စုတ်ကလေး အခုထိ ထွက်မလာသေးဘူးပေါ့"

ရှန်ယန်ရှောင် နည်းနည်းအံ့သြသွားရပါတယ်။ အိုးယန်ဟွမ်းယူက သူ့ရဲ့အချက်ပြမှော်အတတ်ကြောင့် သူမရှိနေတာကို သိရှိသွားတာက မထူးဆန်းပေမယ့် ယန်းချီက ဘယ်လိုလုပ်သိရတာလဲ။

သူမစိတ်ထဲမှာ နည်းနည်းတော့ ချီတုံချတုံဖြစ်နေသေးပေမယ့် ဒီလောက်အထိဖြစ်ပျက်အပြီးမှာ ရှန်ယန်ရှောင် သေသေချာချာကြီးခံစားသိရှိလိုက်ရတာက အထီးကျန်အဖိုးကြီးဟာ သူမအပေါ်မှာ မကောင်းတဲ့စိတ်ထားမရှိဘဲ အိုးယန်ဟွမ်းယူရဲ့ရှေ့မှာတောင် လုံးဝကာကွယ်ပေးခဲ့ပါသေးတယ်။

ခဏတာတွေဝေပြီးနောက်မှာတော့ သူမထွက်လာခဲ့လိုက်ပါတော့တယ်။

လူလုံးလူဖန်သေးသေးလေးကို မြင်လိုက်ရချိန်မှာတော့ ယန်းချီလည်းအနည်းငယ်အံ့အားသင့်သွားပါတယ်။

သူ့ရှေ့မှာရှိတဲ့ ချာတိတ်လေးဟာ အသက် ဆယ့်သုံးနှစ်ဆယ့်လေးနှစ်ခန့်သာရှိဦးမှာဖြစ်ပြီး သက်တူရွယ်တူတွေထဲမှာတော့ လူကောင်ညှက်တယ်လို့ပြောနိုင်ပါတယ်။ ဒီကလေးက လှည့်စားကျိန်စာကို အသုံးပြုခဲ့တာလို့ အိုးယန်ဟွမ်းယူက ပြောခဲ့ဖူးပါတယ်။ လေးမျိုးပေါင်းစပ်ကျိန်စာကို တစ်လအတွင်းမှာပဲ အသုံးပြုနိုင်တဲ့လူငယ်လေးဟာ ဘယ်လိုပုံစံဖြစ်မလဲလို့ အမျိုးမျိုးခန့်မှန်းခဲ့ပေမယ့် ဒီလောက်အထိငယ်ရွယ်မယ်လို့တော့ ယန်းချီတစ်ခါမှမတွေးမိခဲ့ပါဘူး။

"မင်းအသက်ဘယ်လောက်ရှိပြီလဲ"

သူ့ရှေ့ကချာတိတ်ဟာ သူမှန်းထားတာထက် အများကြီးကိုငယ်နေပါတယ်။ အိုးယန်ဟွမ်းယူကိုယ်တိုင်ကသာမပြောခဲ့ရင် ဒီအသက်အရွယ်လေးနဲ့ လေးမျိုးပေါင်းစပ်ကျိန်စာကို အသုံးပြုနိုင်တဲ့သူ ရှိမယ်လို့ သူ ဘယ်လိုမှယုံမှာမဟုတ်ပါဘူး။

[English TL Sky:ဟုတ်နေပြီလေ ခင်ဗျားတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ဆင့်ခေါ်သူဖြစ်မယ်လို့ မထင်ထားကြဘူးတဲ့လား]

လေးမျိုးပေါင်းစပ်ကျိန်စာကို သုံးနိုင်ဖို့အတွက် အနည်းဆုံး အလတ်တန်းဆင့်ခေါ်သူဖြစ်နေဖို့ လိုအပ်ပါတယ်။

"ဆယ့်သုံးနှစ်"

နှာခေါင်းကိုပွတ်ရင်းဖြေလိုက်တဲ့ ရှန်ယန်ရှောင်ဟာ ယန်းချီဆီကနေ ဘာအန္တရာယ်အငွေ့အသက်မှ မရရှိပါဘူး။

"မင်းငယ်လွန်းမနေဘူးလားကွ"

အသက်ဆယ့်သုံးနှစ်အရွယ် အလတ်တန်းဆင့်ခေါ်သူ...ယန်းချီကြောင်အမ်းအမ်းဖြစ်သွားပါတယ်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ....

သူ့စိတ်ထဲမှာ သံသယတွေပြည့်နှက်နေသော်လည်း ဒီနေရာမှာတင်ရပ်နေကာ စကားဆက်ပြောလို့မကောင်းတာကို သူနားလည်ပါတယ်။ ဟိုမြေခွေးအို အိုးယန်ဟွမ်းယူက ချောင်းမြောင်းပုန်းအောင်းပြီး ခိုးနားမထောင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

"ငါ့နောက်ကိုအရင်လိုက်ခဲ့"

ယန်းချီက နောက်ကိုလှည့်လိုက်ပြီး မျှော်စင်ဆီသွားလိုက်ပါတယ်။

ရှန်ယန်ရှောင်လည်း တုံ့ဆိုင်းမနေဘဲ နောက်ကလိုက်သွားပါတော့တယ်။

ဆင့်ခေါ်သူမျှော်စင်ဟာ သူမသိခဲ့ဖူးသလိုပဲ တိတ်ဆိတ်အေးချမ်းမြဲပါပဲ။ ယန်းချီကတော့ ပုံမှန်အတိုင်းပဲ စားပွဲခုံနောက်မှာ ထိုင်နေပြီး ရှန်ယန်ရှောင်ကတော့ စာအုပ်ပုံဘေးမှာ ရိုသေနာခံစွာနဲ့ ယန်းချီစကားစလာမှာကို စောင့်နေပါတော့တယ်။

"မင်းက ငါ ဒုတိယထပ်မှာထားထားတဲ့ သိုးရေစာအုပ်ကို ယူသွားတဲ့တစ်ယောက်လား"

ယန်းချီစိတ်ထဲမှာ မသေမချာဖြစ်နေပါသေးတယ်။ ကလေးရဲ့အသက်က ငယ်လွန်းနေတာကြောင့် အလတ်တန်းဆင့်ခေါ်သူအဖြစ် တွဲမြင်ကြည့်ဖို့ခက်နေပါတယ်။

ရှန်ယန်ရှောင် ရိုးသားစွာ ခေါင်းညိတ်ဝန်ခံလိုက်ပါတယ်။ ယန်းချီမှာ မကောင်းတဲ့စိတ်အကြံအစည်မရှိတာကို သူမ သိထားပါတယ်။ အိုးယန်ဟွမ်းယူရှိနေတာတောင် သူမကို သူ့တပည့်အဖြစ်လက်ခံအသိအမှတ် ပြုခဲ့ပါသေးတယ်။ နောက်ပြီးတော့လည်း သိုးရေစာအုပ်ကြောင့် သူမက ကျိန်စာအတတ်တွေကို လေ့ကျင့်နိုင်ခဲ့တာဖြစ်လို့ ယန်းချီအား သူမရဲ့ ဆရာတစ်ဝက်အဖြစ်သတ်မှတ်ထားလိုက်ပါပြီ။

ဘာကြောင့်လဲတော့မသိပေမယ့် ရှန်ယန်ရှောင်အနေနဲ့ တစ်နေ့လုံး အခန်းတွင်းမှာပဲ တိတ်ဆိတ်စွာနေနေတဲ့ ဒီအဖိုးကြီးအပေါ်မှာ ရင်းနှီးတဲ့ဖော်ရွေတဲ့စိတ်ဖြစ်ပေါ်နေပြီး စိတ်အေးလက်အေးနေနေမိပါတယ်။

ယန်းချီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ့စိတ်ထဲမှာဖြစ်လာတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုအား ထိန်းချုပ်လိုက်ပါတယ်။

"သိုးရေစာအုပ်ထဲမှာရေးထားတဲ့ လှည့်စားကျိန်စာကို ပြီးခဲ့တဲ့ စစ်ဆေးပွဲမှာ မင်းသုံးခဲ့တာလား"

"ဟုတ်ကဲ့"

`ရှန်ယန်ရှောင် ခေါင်းငုံ့လိုက်ပါတယ်။ လှည့်စားကျိန်စာကို အသုံးပြုခဲ့တာဟာ သူမပြန်လည်မွေးဖွားလာပြီးနောက် အကြီးမားဆုံးအမှားတစ်ခုလို့ ပြောနိုင်ပါတယ် မဟုတ်ရင် သူမ အခုလိုဖြစ်နေမှာ မဟုတ်ပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၃၁)

(ရှန်ဖန်က ရှန်ယန်ရှောင်ဟာ အသက်ဆယ့်လေးနှစ်လို့ တန်ခိုးရှင်ကို ပြောခဲ့ပါတယ်။အခုကျတော့ ရှန်ယန်ရှောင်ကိုယ်တိုင်က ဆယ့်သုံးနှစ်လို့ပြောတယ်ဆိုတော့ မူရင်းစာရေးဆရာကပဲ မေ့သွားတာလားမသိပါဘူးဗျ ဘာပဲပြောပြော ရှန်ယန်ရှောင်က ၁၃ဆိုမှတော့ ၁၃ပဲပေ့ါလေ ဟုတ်ဘူးလား xD)

ယန်းချီရဲ့မျက်လုံးတွေဟာ ရှန်ယန်ရှောင်ကို ကြည့်လိုက်ချိန်မှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေပါတယ်။

"သိုးရေစာအုပ်ထဲကနေ ကျိန်စာဘယ်နှစ်မျိုးထိ မင်းတတ်မြောက်ပြီလဲ"

ရှန်ယန်ရှောင် ပြန်ဖြေလိုက်တာက "လေးမျိုးပါ"

"တစ်မျိုးကျိန်စာလား"

"အမ်..ဟုတ်ဘူး ပေါင်းစပ်ကျိန်စာပါ"

ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ယန်းချီ ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။ သိုးရေစာအုပ်ထဲမှာပါတဲ့ ပေါင်းစပ်ကျိန်စာတွေအကြောင်းကို သူ့လောက်ဘယ်သူမှ မသိပါဘူး။ သာမန်ပေါင်းစပ်ကျိန်စာတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သိုးရေစာအုပ်ထဲက ပေါင်းစပ်ကျိန်စာတွေဟာ သက်ဆိုင်ရာအဆင့်အလိုက်ရှိတဲ့ ပေါင်းစပ်ကျိန်စာတွေရဲ့ အနှစ်သာရတွေပဲဖြစ်ကာ နားလည်ရန်အခက်ဆုံးတွေလည်းဖြစ်ပါတယ်။

သိုးရေစာအုပ်ကို ဒီကလေးယူသွားတာ ဘယ်လောက်ရှိဦးမှာမို့လဲ။ နှစ်လတောင်မရှိသေးဘူး ဒါတောင် ပေါင်းစပ်ကျိန်စာလေးမျိုးတောင် နားလည်အသုံးပြုနိုင်နေပြီတဲ့။ သူမ စစပိုင်းတုန်းက ယူသွားတတ်တဲ့စာအုပ်တွေဟာ အခြေခံစာအုပ်တွေပဲဆိုတာကို သူမှတ်မိပါသေးတယ်။ ထိုစဉ်တုန်းကတော့ သူမဟာ ဆင့်ခေါ်သူလမ်းမှာ စတင်လျှောက်လှမ်းကာစ ပညာသင်အဆင့်လို့ သူထင်မှတ်ခဲ့တာပါ။

အဖြေကတော့ အခုတွေ့တဲ့အတိုင်းပဲ တစ်လခန့်ပဲကုန်လွန်သေးသော်လည်း ပေါင်းစပ်ကျိန်စာလေးမျိုးကို တတ်မြောက်နေပြီဖြစ်ကာ အဲ့ထဲကတစ်မျိုးက အဆင့်နိမ့်လှည့်စားကျိန်စာဖြစ်ပါတယ်။

သူစိတ်မလှုပ်ရှားဘဲ ဘယ်နေပါ့မလဲ။ ဒါ ဘာအဓိပ္ပါယ်လဲဆိုတာကို တစ်ခြားသူတွေနားလည်ရင်မှ နားလည်မှာဖြစ်သော်လည်း သူ နားမလည်ဘဲနေပါ့မလား။

ယေဘုယျအားဖြင့် ဆင့်ခေါ်သူတစ်ယောက်အတွက်က တစ်မျိုးကျိန်စာနှစ်မျိုးကို တစ်လအတွင်းမှာ တတ်မြောက်နိုင်ရင်ကို တော်တော်ဟုတ်နေပါပြီ ပေါင်းစပ်ကျိန်စာအတွက်ကတော့ အရိုးရှင်းဆုံးနှစ်မျိုးပေါင်းစပ်ကျိန်စာမဟုတ်ရင် တစ်လအတွင်းမှာ တတ်မြောက်နိုင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရှန်ယန်ရှောင်ကတော့ လုပ်နိုင်ခဲ့ရုံတင်သာမကဘဲ ယန်းချီရဲ့အမြင်ထက်ပါကျော်လွန်နိုင်ခဲ့ပါတယ်။

လင်းလက်တိုက်တစ်တိုက်လုံးမှာ ဒီလိုအရည်အချင်းရှိတဲ့သူ နောက်တစ်ယောက်မရှိနိုင်တော့မှာကိုတော့ စိုးထိတ်စရာပါ။

"လှည့်စားကျိန်စာအပြင် မင်းတတ်တဲ့ တစ်ခြားကျိန်စာသုံးမျိုးက ဘာတွေလဲကွ"

ယန်းချီရဲ့ နှလုံးက စိတ်လှုပ်ရှားမှုကြောင့် ခုန်တာမြန်နေပါတယ်။ သူဟာ နှစ်ထောင်ချီကြာမှ တစ်ခါပေါ်ပေါက်တဲ့ ရှားပါးလှတဲ့ ပါရမီရှင်လေးကို မျက်မြင်ကိုယ်တွေ့ကြုံနေရပြီပဲ။

"လဲပြို(ယိုယွင်း)ကျိန်စာ၊ ချိနဲ့ကျိန်စာရယ် ကိုးယိုးကားယားကျိန်စာရယ်ပါ"

ရှန်ယန်ရှောင်က စိတ်လှုပ်ရှားနေတဲ့ ယန်းချီအားကြည့်လိုက်မိပြီး ဒီဘိုးတော် ဘာလို့ဒီလောက်တက်ကြွသွားတာလဲဟဆိုပြီး နားမလည်ဟန်ဖြစ်သွားရပါတယ်။(မမရယ် ကျနော်တောင် တင်းလာပြီ လည်ချင်တဲ့နေရာလည်ပြီး တုံးတဲ့နေရာကျနှစ်ယောက်မရှိဘူး)

"လဲပြို.."လို့အထိတ်တလန့် ရေရွတ်လိုက်တဲ့ ယန်းချီရဲ့ ရှန်ယန်ရှောင်အပေါ်ကြည့်တဲ့အကြည့်ဟာ စိတ်လှုပ်ရှားတယ်လို့ကို ဖော်ပြသုံးနှုန်းလို့ မရတော့ပါဘူး။ သူက ဒိုင်နိုဆောတစ်ကောင်ကို အရှင်လတ်လတ်မြင်တွေ့ရလို့ ကြည့်နေတဲ့အကြည့်ဖြစ်သွားပါပြီ။

"အာ..ဘာဖြစ်လို့လဲ"

ရှန်ယန်ရှောင်က ရိုးသားတဲ့ပုံလေးနဲ့ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပါတယ်။(အေးပါကွာ) ဒီပေါင်းစပ်ကျိန်စာကို သူမ အသုံးပြုတဲ့အကြိမ်ရေက သိပ်မရှိသေးပါဘူး ဒီကျိန်စာက တစ်ခုခုများလွဲနေတာရှိနေတာလား။

"ကောင်းတယ်ဟေ့"

ယန်းချီက စားပွဲနောက်ကနေထလာလိုက်ပြီး ရှန်ယန်ရှောင်ဆီသွားလိုက်ပါတယ်။ သူ့မျက်လုံးတွေကတော့ တလက်လက်တောက်ပနေပါတယ်။

"အဲ့ကျိန်စာက ငါးမျိုးပေါင်းစပ်ကျိန်စာနော် မင်းက နှစ်လတောင်မကြာဘဲနဲ့ တတ်ခဲ့တယ်ပေါ့။ ဘုရားက ဆင့်ခေါ်သူတွေပြန်တောက်ပလာဖို့အတွက် ဒီတစ်ခါမှာတစ်ကယ်ကူညီစောင်မလိုက်တာပဲဟေ့"

ရှန်ယန်ရှောင်က လေးမျိုးပေါင်းစပ်ကျိန်စာဖြစ်တဲ့ လှည့်စားကျိန်စာကို တတ်မြောက်ခဲ့တာကိုက တော်တော်ဟုတ်နေပြီလို့ထင်နေခဲ့ပြီး နောက်တစ်ခါထပ်ပြီး သူ့ကိုအံ့အားသင့်စေလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။(အံ့အားသင့်တာတွေ လျှော့သင့်ပြီနော် ရှန်ယန်ရှောင်နဲ့ပတ်သတ်မယ်ဆိုလိုကတော့)

ငါးမျိုးပေါင်းစပ်ကျိန်စာတဲ့။ငါးမျိုးနော်.....

နှစ်ပေါင်းများစွာတိုင်အောင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တဲ့ အလတ်တန်းဆင့်ခေါ်သူတစ်ယောက်အတွက်တောင် လဲပြိုကျိန်စာကိုတတ်မြောက်ဖို့ နှစ်ဝက်ခန့်လေ့ကျင့်ရပေမယ့် သူမကတော့ တစ်လခွဲတည်းနဲ့ တတ်ခဲ့တယ်လေ။

ဒီကလေးက သာမန်ပါရမီရှင်ဉာဏ်ကြီးရှင်တစ်ယောက်မဟုတ်ပါဘူး အဲ့ဒါထက်သာလွန်တဲ့ မိစ္ဆာဆန်တဲ့ပါရမီရှင်လို့ပြောရမှာပါ။

ဒီလိုလူမဆန်စွာ ထက်မြက်လှတဲ့သူတစ်ယောက်ကို လင်းလက်တိုက်တစ်ခုလုံးမှာ နှစ်ပေါင်းတစ်ရာခန့် ထမင်းထုပ်ထမ်းပြီး လိုက်ရှာရင်တောင် နောက်တစ်ယောက်တွေ့မှာ မဟုတ်ပါဘူး။

"ဟားဟား ဘာရွှမ်းနဂါးအင်ပါယာရဲ့ လက်ရွေးစင်လဲ။ သောက်မှော်ဆရာဖြစ်တော့ ဘာအရေးလဲ။ ငါ့ကိုခြောက်လသာအချိန်ပေးလိုက်စမ်း တိုက်ကြီးတစ်တိုက်လုံးကို တုန်လှုပ်ခြောက်ခြားစေမယ့် စူပါဆင့်ခေါ်သူကို ငါလေ့ကျင့်မွေးထုတ်ပေးပစ်လိုက်မယ် ဟားဟား"

ဒီတစ်ချိန်လုံးမှာ ယန်းချီသွေးဆူနေပါတယ်။ ဆင့်ခေါ်သူတွေရဲ့ နှစ်ပေါင်းများစွာတိုင်အောင် ဆိတ်ဆိတ်နေရအပြီးမှာတော့ လူမဆန်တဲ့အရည်အချင်းရှိသူကို သူတွေ့ခဲ့ပြီပေါ့။

"ဒါ တန်တယ်ဟေ့။ ငါ နှစ်များစွာစောင့်စားခဲ့ရတာက အလာဟသမဖြစ်ခဲ့ဘူးကွ"

ရုတ်တရက်ဆိုသလို ယန်းချီမျက်ရည်တွေနဲ့အော်ပြောလိုက်ပါတယ်။

All Chapters