← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၃၈)

ယန်းချီရဲ့ကြီးကြပ်လမ်းညွှန်မှုအောက်မှာ သူမရဲ့အချိန်အတော်များများကို ပေါင်းစပ်ကျိန်စာတွေသင်ယူမယ့်အစား မှော်ကိုသာလေ့ကျင့်နေခဲ့ပါတယ်။

သူမရဲ့တတိယမြောက်အမှတ်တံဆိပ်ကို မဖျက်ရသေးသော်လည်း စနစ်တကျလမ်းညွှန်သင်ကြားမှုကြောင့် ရှန်ယန်ရှောင်ရဲ့ မှော်အားတိုးတက်မှုက လျင်မြန်လာခဲ့ပါတယ်။ လောလောဆယ်မှာတော့ ယန်းချီက သူမကို အခြေခံအကျဆုံးကျိန်စာတွေကိုသာ လေ့ကျင့်အသုံးပြုကာ ကျိန်စာအတတ်မှာ အမှားအယွင်းတစ်စက်မှမရှိရလေအောင် လေ့ကျင့်ခိုင်းထားပြီးတော့ ပေါင်းစပ်ကျိန်စာတွေကိုတော့ မလေ့လာစေသေးပါဘူး။ အရင်ကတော့ အဆင့်မြင့်ပေါင်းစပ်ကျိန်စာ နှစ်မျိုးကိုသာ တစ်ချိန်တည်းမှာ သုံးနိုင်ခဲ့ပေမယ့် အခုအခါမှာတော့ ပိုသုံးလာနိုင်ပါပြီ။

သူမနဲ့ယန်းချီနှစ်ယောက်သာ သိကြတဲ့ အကျိုးရလာဒ်ဖြစ်ပါတယ်။

ရှန်ယန်ရှောင်က ယန်းချီအား ဆရာအဖြစ်အသိအမှတ်ပြု အရိုအသေပေးစဉ်တုန်းက ယန်းချီက ရှန်ယန်ရှောင်ကို ခြောက်ထောင့်ကြယ်အမှတ်အသားပါတဲ့ တံဆိပ်တစ်ခုပေးခဲ့ပြီး ဆင့်ခေါ်သူဌာနရဲ့ အဖွဲ့သားဖြစ်တဲ့ အမှတ်အသားလည်းဖြစ်ပါတယ်။ လေးဌာနနဲ့ဆေးဌာနတို့လို တောက်ပြောင်ဝင်းလက်မနေဘဲ ဆင့်ခေါ်သူတံဆိပ်ဟာ ဖုန်အလူးလူးနဲ့မှေးမှိန်နေခဲ့ပေမယ့် ရှန်ယန်ရှောင်က အလွန်တန်ဖိုးထားခဲ့ပါတယ်။

သူမနဲ့သက်ဆိုင်ဆက်နွယ်နေတယ်လို့ သူမခံစားမိနေပါတယ်။

ညစဉ်ညတိုင်း သူမရဲ့ရင်ဘတ်မှာ ထိုတံဆိပ်ကိုတပ်ကာ ရုပ်ဖျက်ဆေးကို ဖယ်ရှားပြီး မူလရုပ်သွင်နဲ့ပဲ ဆင့်ခေါ်သူဌာနကို သွားပါတယ်။

[ဘာသာပြန်Sky: ဒါဆိုရင် မနက်ခင်းမှာ(ဆေးပညာ)ရှန်ဂျူ၊ နေ့ခင်းမှာ(လေး)ရှောင်ယန်ဖြစ်ပြီးတော့ ညဖက်ရောက်တော့(ဆင့်ခေါ်သူ)ရှန်ယန်ရှောင်ပေါ့လေ မင်းအိပ်ရောအိပ်ရဲ့လား သောက်ကျိုးနည်းအမျိုးသမီးလေးရေ နာမည်ကြီးလူသိများဖို့ ဒီလောက်ခက်ခဲကြမ်းတန်းသလားဟင်xD]

ယန်းချီက ရှန်ယန်ရှောင်ရဲ့ အပြုအမူကိုမြင်တဲ့အခါ အတွင်းစိတ်ထဲမှာ မကျေနပ်ဘဲမနေနိုင်ဖြစ်ခဲ့ရပါတယ်။

ယန်းချီရဲ့သင်ခန်းစာတွေနဲ့အတူပဲ သူမရဲ့နေ့စဉ်ဘဝဟာလည်း ပိုပြီးအလုပ်များလာခဲ့ရပါတယ်။ မနက်ပိုင်းမှာ ဆေးပညာအတန်းကိုသွားတက်ပြီးနောက် နေ့ခင်းပိုင်းမှာတော့ လေးဌာနအတန်းကို သွားရောက်သင်ယူကာ ညဦးပိုင်းမှာတော့ ယန်းချီရဲ့သင်ခန်းစာကို နားထောင်နိုင်ရန် အခန်းကနေ လစ်ထွက်ရပါတယ်။

ဒီလိုမအားလပ်တဲ့ နေထိုင်ရှင်သန်မှုပုံစံမှာ တစ်ခြားလူတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် ရူးသွားနိုင်လောက်ပါတယ်။

သာမန်လူတွေနဲ့မတူဘဲ ရှန်ယန်ရှောင်ရဲ့ စိတ်ခွန်အားက နောက်ဆုံးပေါ်စနစ်တစ်ခုလို့ကို ပြောနိုင်ပါတယ်။ သူမရဲ့နေ့စဉ်ဘဝကို အဆိုပါအချိန်သုံးခုမှာ ဘဝသုံးခုအဖြစ် ကောင်းကောင်းစီမံလုပ်ဆောင်နိုင်ခဲ့ပါတယ်။ တစ်ချိန်ပြီးတာနဲ့ နောက်အချိန်ကို ချက်ချင်းပြေးပါတယ်။ သူမရဲ့ စိတ်ကခံနိုင်ရည်ရှိသော်လည်း သူမရဲ့ ကိုယ်ခန္ဓာကတော့ မခံနိုင်ခဲ့ပါဘူးလေ။

တစ်လအတွင်းမှာပဲ သူမရဲ့ ကျန်းမာတဲ့ကိုယ်ခန္ဓာဟာ အားဆုတ်ယုတ်ခဲ့ပြီး တစ်မနက်မှာတော့ အဖျားဝင်ခဲ့ပါတယ်။

"...."

ကုတင်ပေါ်မှာလှဲလျောင်းနေတဲ့ ရှန်ယန်ရှောင်ဟာ မျက်နှာကြက်ကို တိတ်တိတ်လေး ကြည့်နေခဲ့ပါတယ်။ သူမ ထချင်ပေမယ့် မစွမ်းနိုင်ပါဘူး။

"မင်း အခုဖျားနေတာလေကွာ မင်း အနားယူသင့်တာပေါ့"

ရှန်ယန်ရှောင် နေမကောင်းဖြစ်နေတာကြောင့် တန်နာဇီဟာ သူမကို ပြုစုပေးနိုင်ရန်အတွက် ဆေးပညာအတန်းကနေ ခွင့်ယူထားပြီး ကုတင်ဘေးကနေ စောင့်ကြပ်နေတယ်လို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ဒီရက်တွေထဲမှာ ဒီကောင်ဟာ သိပ်အားကိုးယုံကြည်ချင်စရာမကောင်းတာ မှန်ပေမယ့် သူမကိုတော့ ကောင်းကောင်းဂရုစိုက်ပြုစုပေးရှာပါတယ်။ ဒီအချိန်မှာတော့ လူရိုးလေးဟာ လက်ထဲမှာကိုင်ထားတဲ့ ဓားပါးလေးကိုအသုံးပြုကာ ပန်းသီးတစ်လုံးကို အခွံနွှာပြီး ရှန်ယန်ရှောင်အား ကျွေးဖို့ ပြင်ဆင်နေပါတယ်။

"မင်းအားအရမ်းနည်းနေတာတောင် ဘာမှန်းမသိရတဲ့ အကြောင်းတွေအတွက် ဒီလောက်အထိအလုပ်ရှုပ်ခံနေချင်သေးတယ်နော်။ မင်းကိုယ်မင်း သံနဲ့လုပ်ထားတယ်ထင်နေတာလားဟ။ ငါ့ကိုအမှန်အတိုင်းပြောရင်ပြောစမ်း မဟုတ်လို့ကတော့ ဒီဖိုးဖိုးလေးက မင်းကိုလမ်းမလျှောက်နိုင်တော့ဘဲ မြေကြီးပေါ်တွားသွားရတဲ့အထိ ရိုက်ပစ်မှာ သဘောပေါက်လား"

အားအလွန်နည်းပြီး ကိုယ်လုံးကိုတောင်မထူနိုင်မထောင်နိုင်ဖြစ်နေတာကို ကုတင်ပေါ်ကနေ အားယူထဖို့လုပ်နေတဲ့ ရှန်ယန်ရှောင်ကြောင့် တန်နာဇီဟာ ပန်းသီးကိုမြန်မြန်စိတ်ကာ ရှန်ယန်ရှောင်ပါးစပ်ထဲ ခွံ့မကျွေးခင်မှာ အိပ်ယာပေါ်ပြန်လှဲရန်အတွက် တစ်ချက်ရိုက်လိုက်ပါသေးတယ်။

[ဘာသာပြန်Sky:ဝေး မေမေတန်နာဇီ xD]

သူမသာ မျက်ရည်ကျလို့ရရင် သူမအား ဂရုတစိုက်ပြုစုပေးနေတဲ့ တန်နာဇီအားကြည့်ပြီး ရှန်ယန်ရှောင်ငိုချင်သွားရပါတယ်။ သူမ အနားမယူချင်သလို အနားယူစရာအချိန်လည်း မရှိပါဘူး။ ပြိုင်ပွဲမှာ သေချာပေါက်အနိုင်ရဖို့ရာအတွက် ပြိုင်ပွဲမှာအသုံးပြုမယ့် နာမည်သုံးခုအတွက် ကောင်းကောင်းပြင်ဆင်လေ့ကျင့်ဖို့ရာအချိန်က နှစ်ဝက်သာကျန်ပါတော့တယ်။

သူမရဲ့လက်ရှိ အစွမ်းအစလောက်နဲ့ ပြိုင်ပွဲမှာ အနိုင်ရမယ်လို့ သူမ လက်မခံနိုင်ပါဘူး။ သူမ ပြင်ဆင်ရဦးမှာပါ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၃၉)

ဒီအကြောင်းကြောင့်ပဲ သူမဟာ ဆေးပညာ၊လေးပညာ သို့မဟုတ် ဆင့်ခေါ်သူဖက်မှာပါ နားမနေနိုင်တာဖြစ်ပါတယ်။

ထိုနေ့က ယန်းချီရဲ့မျက်နှာမှာ ဖြစ်ပေါ်နေခဲ့တဲ့ ပူဆွေးလောင်မြိုက်မှုက သူမရင်ထဲမှာ အခုထိရှိနေဆဲဖြစ်ပါတယ်။ သူမမှာ ဘာရည်မှန်းချက်မှမရှိသလို ဒီကမ္ဘာနဲ့လည်း ဆက်နွှယ်နေတယ်လို့ မခံစားရသော်လည်း သူမတစ်ခါမှ မရရှိခဲ့ဖူးတဲ့ ဂရုစိုက်ခံရမှု ချစ်ခြင်းမေတ္တာ စေတနာတွေကို တန်ဖိုးမထားဘူးလို့ မဆိုလိုပါဘူး။

ရှန်ဖန်ပဲဖြစ်ဖြစ် ရှန်စီယူပဲဖြစ်ဖြစ် ဒါမှမဟုတ် ယန်းချီပဲဖြစ်ဖြစ်ပေါ့လေ သူတို့တွေကနေ သူမအပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို သူမ သိရှိခံစားရပါတယ်။ စောရတစ်ယောက်အနေနဲ့ နွေးထွေးတဲ့လောကကြီးက ဘယ်လိုအေးခဲသွားတယ်ဆိုတာ သိခဲ့ပြီး အောင်မြင်ကျော်ကြားမှုရရှိဖို့ရန် ငွေကြေးချမ်းသာရန်တို့အတွက် လူအတော်များများက သူတို့ရဲ့ ကိုယ်ပိုင်မိသားစုကိုယ်တောင် စွန့်ပစ်စတေးခဲ့တာတွေ ရန်သူတွေတောင်ဖြစ်သွားကြရတာတွေကို သူမ သိမြင်တွေ့ရှိခဲ့ပြီးပါပြီ။ သို့သော် ဒီလူသုံးယောက်ရဲ့ သူမအပေါ်ထားရှိတဲ့ ဂရုစိုက်စောင့်ရှောက်မှုက ကွဲပြားခြားနားပါတယ်။ သူတို့တွေ သူမအပေါ်ထားတဲ့ စိုးရိမ်ပူပန်မှုဟာ ဖြူစင်သန့်ရှင်းပါတယ်။ ဒါကြောင့်လည်း သူတို့တွေအပေါ် ပြန်လည်ပေးဆပ်နိုင်ရန် ပြန်စောင့်ရှောက်ကာကွယ်နိုင်ရန်ကို သူမ မစောင့်နိုင်တော့ဘူးဖြစ်နေပါပြီ။

စောရတွေဟာ ပါးနပ်ကောက်ကျစ်ပြီး တစ်ကိုယ်ကောင်းဆန်ကြသော်လည်း သူတို့ရဲ့စိတ်အတွင်းပိုင်းတစ်နေရာမှာတော့ ဖြူစင်မှုဆိုတာရှိပါသေးတယ်။

နောက်ပြီး အဆိုပါလူသုံးယောက်က သူမရဲ့ ဖြူစင်မှုတွေဖြစ်ပါတယ်။

ဒါကြောင့် သူမအနေနဲ့ ယန်းချီရဲ့ စိတ်ဆန္ဒကိုဖြည့်ဆည်းပေးချင်ပြီး တစ်ချိန်တည်းမှာပဲ ရှူက သူမကိုလုပ်ခိုင်းတာကိုလည်း ပြီးအောင်လုပ်ချင်နေပါတယ်။

"ငါ အဆင်ပြေပါတယ်"

တန်နာဇီကြောင့် ခေါင်းပိုကိုက်နေရတဲ့ ရှန်ယန်ရှောင်ဟာ ပါးစပ်ထဲကနေ ပန်းသီးကို ခက်ခက်ခဲခဲ ထွေးထုတ်လိုက်ရပါတယ်။

"ဟားဟားဟား"

တန်နာဇီက ရှန်ယန်ရှောင်ရဲ့ ငြင်းဆန်မှုကို မသိယောင်ဆောင်ရင်း ပန်းသီးကို ဖမ်းယူလိုက်ပြီးနောက်မှာတော့ ပန်းသီးကို သေချာကျကျနန စိတ်ကာ သူမ ပါးစပ်ထဲကို ပြန်ခွံ့လိုက်ပါတယ်။

"...."

သူမက အခုချိန်မှာ လူနာဖြစ်နေတယ်ဆိုတာက သူ့အနေနဲ့ သူမရဲ့ ဆန္ဒကို လျစ်လျူရှုလို့ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေကွာ။

"ငါတို့ရဲ့ လိပ်နက်မျိုးနွယ်စုသခင်လေးက လူတစ်ယောက်ကို ဘယ်လိုမျိုးပြုစုပေးရမလဲဆိုတာကို သိသေးတဲ့ လူယဉ်ကျေးတစ်ယောက်အဖြစ်ရှိနေဆဲပါလား"

ပျင်းရိလေးတွဲ့တဲ့ အသံတစ်သံက တံခါးပေါက်ကနေထွက်လာပါတယ်။

ကြူရှီယာက တံခါးပေါင်ကိုမှီထားပြီး ဒီမြေခွေးက ပြုံးနေကာ အခန်းထဲက နွေးထွေးတဲ့အခြေအနေကို ကြည့်နေတာဖြစ်ပါတယ်။ ကြူရှီယာရဲ့နောက်မှာတော့ ယန်ယုနဲ့ ယန်းရှီတို့လည်းရှိနေပေမယ့် သူတို့က ကြူရှီယာလိုမဟုတ်ဘဲ ကြင်နာစွာနဲ့ အခန်းထဲက ကိုးရို့ကားယားအခြေအနေအပေါ် ဘာမှတ်ချက်မှ မချကြပါဘူး။

" မင်းတို့က ဒီနေ့ ဘယ်လိုလုပ်ပြီး အားနေရတာလဲ"

တန်နာဇီက ကြူရှီယာရဲ့ သရော်မှုကို မျက်ကွယ်ပြုကာ ရှန်ယန်ရှောင်ကိုသာ ဆက်ကျွေးနေလိုက်ပါတယ်။

"ဒီနေ့ အတန်းမစခင်တုန်းက မင်းရဲ့ အခန်းဖော်လေးကို တွေ့တယ်လေ သူ့ဆီကနေပြီးတော့ ဂျူလေးနေမကောင်းဖြစ်နေတာကို သိခဲ့ရတာနဲ့ ငါတို့ရဲ့ နွေးထွေးတဲ့မေတ္တာတွေကို လာပေးတာပေါ့ကွာ"

ကြူရှီယာက ပုခုံးတွန့်ပြလိုက်ကာ အခန်းထဲကို ဝင်လာခဲ့ပါတယ်။

ရှန်ယန်ရှောင် ဆွံ့အသွားရပါတယ်။ သူမအမှတ်မမှားဘူးဆိုရင် သူတို့ရဲ့ အတန်းချိန်တွေက စနေလောက်ပါပြီ။ ဒီလူတွေက အတန်းလစ်ရဲတယ်ပေါ့လေ ပြဿနာတက်မှာ မကြောက်ကြဘူးလားမသိ။

"ဂျူလေးက တစ်ကယ့်ကိုပျော့တာပဲကိုး မင်းရဲ့ ပိန်သေးသေးကိုယ်လုံးလေးက ကောင်းကောင်းကြီးပြင်းခဲ့ပုံမပေါ်ဘူးဘဲ"

ကြူရှီယာက ရှန်ယန်ရှောင်ကုတင်ပေါ်မှာထိုင်လိုက်ပြီးနောက် အားနာမနေဘဲ သူမဘေးမှာ လှဲချလိုက်ပါတယ်။ သူ့ရဲ့ ပြိုင်ဖက်ကင်းချောမောလှတဲ့ မျက်နှာလေးက ရှန်ယန်ရှောင်နှာခေါင်းနဲ့ထိလုနီးနီးပါပဲ။

[အဟိ အူယားတာ]

အခုလို ချောမောလှတဲ့မျက်နှာလေးကို ရုတ်တရက်ကြီး နီးနီးကပ်ကပ်တွေ့လိုက်ရတော့ ရှန်ယန်ရှောင်ဟာ သူမပါးစပ်ထဲက ပန်းသီးနင်ပြီးသီးမလိုဖြစ်သွားရပါတယ်။

"ငါ မင်းကိုစမ်းသပ်ကြည့်ပါရစေ" လို့ မျက်နှာဖျော့တော့တော့နဲ့ ယန်ယုက ပြုံးပြလိုက်ပြီး သူမဘေးကိုလာလိုက်ပါတယ်။ သူက ရှန်ယန်ရှောင်အခြေအနေကို စစ်ဆေးကြည့်လိုက်ပါတယ်။

"ယုက ကျားဖြူမျိုးနွယ်ကလာလို့ ကျောင်းက သူနာပြုတွေထက် ပိုစိတ်ချရပါတယ်"ဟု ကြူရှီယာက ပြုံးတုံ့တုံ့နဲ့ပြောလိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ်..."လို့ ရှန်ယန်ရှောင်က ခေါင်းညိတ်ပြကာ ယန်ယုအားပြောလိုက်ပါတယ်။

ယန်ယုလည်း တစ်ချက်ရယ်သွေးသွမ်းလိုက်ပြီးနောက်" မစိုးရိမ်ရပါဘူး မင်းက အခုလောလောဆယ် ပင်ပန်းလွန်းလို့ အားနည်းနေတာပါ။ ငါ့ဆီမှာ ရွှမ်းဂျူဆေးလုံးတွေရှိတယ် မင်းအနည်းငယ်လောက် စားပြီးတာနဲ့ သက်သာလာမှာပါ"လို့ ပြောလိုက်ပါတယ်။

ရွှမ်းဂျူဆေးလုံးက တန်ဖိုးမကြီးသော်လည်း ရွှေပြားရာအချို့တန်ပါသေးတယ်။ ယန်ယုက သူမအား တစ်ပုလင်းလုံးပေးလိုက်တာက ရက်ရောတယ်လို့ ပြောလို့ရပါတယ်။

လူသုံးယောက်က ရှန်ယန်ရှောင် အခန်းမှာ အတန်ကြာအောင်နေပြီးနောက် နေ့လည်စာစားချိန်ရောက်မှ ပြန်သွားကြပါတယ်။ တန်နာဇီက သူတို့အပေါ် ဘယ်လိုအခွင့်အရေးယူရမလဲဆိုတာ သိတာကြောင့် အခန်းထဲကို စားစရာအချို့လာပို့ပေးဖို့ ကြူရှီယာအားမှာလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၄၀)

ဆေးပညာကျောင်းသားတွေ အဆောင်ကိုပြန်လာတော့ နွားသုံးကောင်က သူတို့ရဲ့အဆောင်ကနေထွက်လာတာအား တွေ့လိုက်ရတာနဲ့ အားလုံးကြောင်တောင်တောင်ဖြစ်ကာ ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်။

တော်ဝင်ရိုလန်ကျောင်းရဲ့ ထိပ်တန်းကျောင်းသားသုံးယောက်က တစ်ချိန်တည်းမှာပဲ သူတို့နေတဲ့အဆောင်မှာ ပေါ်လာတယ်တဲ့လေ။

အဲ့လောက်ဆိုတော်ပါသေးတယ် ဒါပေမယ့် ခုမှထွက်သွားတဲ့ ငနာသုံးယောက်လုံးက စားစရာတွေသယ်လာပြီး နောက်တစ်ခေါက်ထပ်ရောက်ချလာသေးတယ်လေ။ ဒီကိစ္စက သူတို့အားလုံးကို ဘာလဲဟဆိုပြီး ဖြစ်သွားစေပါတယ်။

ဒီပါရမီရှင် ဉာဏ်ကြီးရှင်သုံးယောက်က သူတို့အဆောင်မှာ နေတော့မလို့လားဟင်။

ငနာလေးကောင်လုံးကို မြန်မြန်ထွက်သွားစေချင်ပေမယ့်လည်း သူတို့ရဲ့ စေတနာကို ငြင်းပယ်ဖို့က ခက်နေလို့ ရှန်ယန်ရှောင်တစ်ယောက် တိတ်ဆိတ်စွာပဲ လူလေးယောက်ရဲ့ စေတနာကို လက်ခံလိုက်ရပါတယ်။

ကံကောင်းတာကတော့ လေးယောက်လုံးက အမြဲလိုလို ပေါ့ပျက်ပျက်ရွှတ်နောက်နောက်နေကြပေမယ့် သူမကိုတော့ အမှန်အကန်ပြုစုဂရုစိုက်ပေးလို့ ရှန်ယန်ရှောင် နည်းနည်းသက်သာလာခဲ့ပါတယ်။

ဖျားတာသုံးရက်မြောက်တဲ့ နေ့မှာတော့ ရှန်ယန်ရှောင် နေမကောင်းတာပျောက်သွားပြီး ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။

ဒီသုံးရက်အတွင်းမှာ သူမရဲ့အတန်းချိန်တွေ ပျက်ကွက်ခဲ့ရပါတယ်။

ဒါပေါ့လေ သူမက ဆေးပညာနဲ့ လေးဌာနအတွက် စိတ်မပူပါဘူး။ သူမ စိတ်ပူတာတစ်ခုက ယန်းချီကိုပါ။ သုံးရက်တာ သူမ မလာခဲ့တဲ့အတွက် ယန်းချီ ဘယ်လိုထင်နေမလဲ။

ရှန်ယန်ရှောင် စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အဲ့ဒီနေ့ညနက်ပိုင်းမှာပဲ ဆင့်ခေါ်သူဌာနကို သွားခဲ့ပါတယ်။ ရှန်ယန်ရှောင်ရဲ့ ခြေထောက်က မှောင်မည်းနေတဲ့အခန်းအပြင်ကို ချကာစမှာပဲ တန်နာဇီက အိပ်ယာပေါ်မှာ ထထိုင်လိုက်ပါတယ်။ သူ့မျက်နှာဟာ အမှောင်ထဲမှာဖြစ်နေလို့ ဘယ်လိုအမူအယာရှိနေလဲဆိုတာ မသိနိုင်ပါဘူး။ လူမရှိတဲ့ ရှန်ယန်ရှောင်ရဲ့ ကုတင်ကိုကြည့်လိုက်ပြီးနောက် သူ မျက်မှောင်ကြုတ်သွားပါတယ်။

ရှန်ယန်ရှောင်က ဆင့်ခေါ်သူဌာနရဲ့ မုခ်ပေါက်တံခါးဝမှာရောက်နေသော်လည်း အထဲကိုတော့ မဝင်ရသေးပါဘူး အဲ့အချိန်မှာပဲ ရှူရဲ့ အသံကထွက်ပေါ်လာပါတယ်။

"သတိထား တစ်ယောက်ယောက် အနားမှာရှိနေတယ်ဟေ့"

သူမရဲ့ ခြေလှမ်းတွေ ချက်ချင်းပဲ ရပ်တံ့သွားပြီးနောက် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်။

"လူသိများသလို အစွမ်းလည်းကောင်းတဲ့ မှော်ဆရာတစ်ယောက်က ဒီနားလေးမှာပဲ ရှိနေတယ်။ သူ့ကိုယ်သူ တတ်နိုင်သမျှ မတွေ့သွားအောင်လုပ်ထားပေမယ့် သူ့အသက်ရှူသံကတော့ ရှိနေတုန်းပဲကွ"

အရင်တစ်ခါက အမှားလုပ်မိပြီးတဲ့နောက်မှာတော့ ရှူဟာ ပတ်ဝန်းကျင်ကို ပိုမိုသတိထားစောင့်ကြည့်လေ့လာနေခဲ့ပါတယ်။ အဆိုပါ မှော်ဆရာက ကောင်းကောင်းကြီးပုန်းအောင်းနေသော်လည်း ရှာတွေ့ခံခဲ့ရပါတယ်။

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိသလို ဆင့်ခေါ်သူမုခ်ဝနားမှာ ဘာလို့ လူတွေက ပုန်းအောင်းနေရတာလဲလို့ တွေးလိုက်ပါတယ်။

ရှန်ယန်ရှောင်တစ်ယောက် အခြေအနေအပေါ်မှာ ဘာလို့လဲဆိုပြီး စိတ်ရှုပ်ထွေးနေဆဲမှာပဲ လူတစ်ယောက် အမှောင်ထဲကနေ ထွက်ပေါ်လာပါတော့တယ်။

"အိုးယန်ဟွမ်းယူပဲ"

ရှူကသာမပြောခဲ့လျှင် အိုးယန်ဟွမ်းယူရှိနေတာကို သူမ ဘယ်လိုမှ သိခဲ့မှာမဟုတ်ပါဘူး။

သူက ဘာအတွက်နဲ့ ဒီနေရာမှာ နောက်တစ်ကြိမ်ထပ်ပေါ်လာရပြန်တာလဲ။

ရှန်ယန်ရှောင် အခြေအနေမကောင်းဘူးလို့ တွေးလိုက်မိပါတယ်။ ဘာကြောင့်လဲဆိုတာကို သူမ မသိပေမယ့် အိုးယန်ဟွမ်းယူပေါ်လာတိုင်းမှာ သူ့အပေါ်ကို သတိထားပြီးနေတဲ့စိတ်တွေ သူမဆီမှာ အလိုလိုဖြစ်ပေါ်လာပါတယ်။

[ဘာသာပြန်Sky:တစ်ခုခုအသစ် စတင်တာများဖြစ်နေမလားမသိ]

တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်ဟာ အပေါ်ယံမြင်ရသလိုမျိုး မရိုးရှင်းတာတော့ သေချာနေပြီ။

အိုးယန်ဟွမ်းယူမျက်နှာမှာ အပြုံးရိပ်ကိုတွေ့မြင်နိုင်ပြီး သူဟာ ဆင့်ခေါ်သူမုခ်တံခါးဝတွင် မတ်တတ်ရပ်လိုက်ပြီးနောက် ရှန်ယန်ရှောင်ပုန်းနေတဲ့ အမှောင်ရိပ်ထဲကို လှမ်းကြည့်နေပါတယ်။

သူဟာ ယန်းချီကို ဆင့်ခေါ်သူဌာနရဲ့ ကိစ္စတွေအပေါ်မှာ ဝင်မစွက်ဖက်ဘူးလို့ ကတိပေးခဲ့သော်လည်း လင်းလက်တိုက်တစ်ခုလုံးရဲ့ ခိုင်မြဲတဲ့ယုံကြည်မှုကို အတိုက်အခံပြုကာ အန္တရာယ်တောအား ဖြတ်သန်းဝံ့တဲ့လူကို သိချင်နေမိပါတယ်။ ဒီကောင်လေးက ဘယ်သူများလဲ။

သူ့အစွမ်းကြောင့် ချာတိတ်လေးပုန်းအောင်းနေတာကို သူသိတာပေါ့ သူက အဲ့ဒီရဲရင့်တဲ့သားရဲကောင်ကြီးဆီ သွားဖို့အခွင့်အရေးကို စောင့်နေတာပါ။ တစ်လှမ်းခြင်းလှမ်းကာ ရှန်ယန်ရှောင်ပုန်းနေရာဆီကို သူ သွားလိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ နှလုံးခုန်နှုန်းက တဖြည်းဖြည်းမြန်မြန်လာပါပြီ သူမ ခံစားနေရတာကတော့ အိုးယန်ဟွမ်းယူသာ သူမကိုတွေ့သွားတာနဲ့ အခြေအနေတွေ ဆိုးတော့မယ်ဆိုတာပါပဲ။

ကျောင်းအုပ်က တစ်ကယ့်ကို အန္တရာယ်ကြီးတာပဲ။

အိုးယန်ဟွမ်းယူက သူမ ပုန်းအောင်းနေတဲ့ အဆောက်အဦရှေ့ရောက်လာတာကို တွေ့လိုက်ရတဲ့ ရှန်ယန်ရှောင်ဟာ သူမ နှလုံးသားက ပါးစပ်ထဲထိ ခုန်ထွက်လာသလို ခံစားသွားရပါတယ်။

သူမ ထွက်ပြေးဖို့အသင့်ဖြစ်ချိန်မှာပဲ သွယ်လျတဲ့လက်တစ်ဖက်က သူမ ပါးစပ်ကိုအုပ်လိုက်ပါတယ်။

[ဒန့် တန် တန်]

All Chapters