← Chapters

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၅၆)

"ဒီကျောင်းသားလေးက အတွင်းအားဌာနခွဲကို တစ်ကယ်ဝင်ချင်နေတာလား"

သူ့ရှေ့က ချာတိတ်ပေါက်လေးက အနည်းဆုံးတော့ အသက်၁၃နှစ်လောက်ရှိမှာပါ။ အတွင်းအားဌာနခွဲရဲ့ ကျောင်းသားဖြစ်ဖို့အတွက် အနည်းဆုံး၁၂နှစ်ရှိရမှာ ဖြစ်ပါတယ်။ ၁၃နှစ်ဆိုတာ နည်းနည်းနောက်ကျပြီလို့ ပြောလို့ရသော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ရှီးယွန်ဟာ ရုတ်တရက်တော့ အံ့အားသင့်သွားပါတယ်။ ရှန်ယန်ရှောင်ကို အတွင်းအားဌာနခွဲမှာ ဝင်ရောက်ချင်နေတဲ့ ကျောင်းသားလို့ နည်းပြက မှတ်ထင်သွားတာ ထင်ရှားပါတယ်။

ရှီးယွန်လည်း သဘောကျစွာ ရယ်မောလိုက်ပါတယ်။ ဟုတ်ပါတယ်လေ ရှန်ယန်ရှောင်အသက်အရွယ်နဲ့ဆို လေးဌာနတစ်ခုလုံးမှာ အငယ်ဆုံးလို့ပြောလို့ရသလို တော်ဝင်ရိုလန်တစ်ကျောင်းလုံးမှာတောင် အငယ်ဆုံးကျောင်းသားဖြစ်တာကိုး။ ဒါကြောင့် ဒီနည်းပြက အထင်မှားမယ်ဆိုလည်း မှားသင့်ပါတယ်။

"မဟုတ်ပါဘူး သူက လေးဌာနရဲ့ကျောင်းသားတစ်ဦးဖြစ်နေပါပြီ"လို့ ရှီးယွန်က ပြန်ပြောလိုက်ပါတယ်။

ငယ်ငယ်လေးသာရှိသေးတဲ့ ရှန်ယန်ရှောင်အားကြည့်လိုက်ပြီး နည်းပြဖြစ်သူ အံ့သြသွားရပါတယ်။ ဒီအရွယ်လေးနဲ့ အဆင့်ခြောက်ကိုရောက်ရှိပြီးတော့ လေးကျောင်းသားဖြစ်နေပြီတဲ့လား။ ရှီးယွန်ကိုယ်တိုင် ဒီကျောင်းသားကို ခေါ်လာတာ အံ့သြစရာမလိုတော့ပါဘူးလေ။

"အဲ့လောက်တောင် ထူးချွန်တဲ့ ကောင်လေးပဲကိုး"ဟု နည်းပြက တအံ့တသြပြောလိုက်ပါတယ်။

သူ့ရှေ့မှာရှိတဲ့ ရှန်ယန်ရှောင်ကို ကြည့်လိုက်မိတဲ့နောက် အဆင့်ငါးကိုကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့ ၁၄နှစ်၁၅နှစ်အရွယ်ကျောင်းသားတွေအကြောင်းကို သူ တွေးလိုက်မိပါတယ်။ ဒီကောင်လေးနဲ့ အဲ့ကျောင်းသားတွေကြားက ကွာဟချက်က ကြီးမားလွန်းလှချည်လား။

အရည်အချင်းရှိတဲ့လူနဲ့ သာမန်လူရဲ့အကြား ကွာဟချက်ကို ဘယ်သူမှ မခန့်မှန်းနိုင်တာ သေချာပါတယ်။

ရှန်ယန်ရှောင် နှာခေါင်းကို ပွတ်နေလိုက်ပါတယ်။ အရင်တုန်းကတော့ သူမရဲ့ အတွင်းအားနဲ့ မှော်အားအဆင့်သတ်မှတ်ချက်ကို အရေးမထားခဲ့မိပါဘူး။ တော်ဝင်ရိုလန်ကျောင်းတော်ကို ရောက်ပြီးမှသာ သူမရဲ့အသက်အရွယ်မှာ အခုလိုမျိုးရောက်ရှိအောင်မြင်နေတာဟာ အလွန်အံ့အားသင့်ဖွယ်ဖြစ်ရပ်မှန်း သိခဲ့ရပါတယ်။

"ဟုတ်ပြီလေ ဒီကိစ္စကို ဒီမှာတင်ရပ်ကြစို့ရဲ့။ သူ့ကိုခေါ်ပြီး စစ်ဆေးကြည့်ပေးပါ။ ငါကတော့ လင်းရှောင်ဆီသွားလိုက်ဦးမယ်"

အဲ့လိုပြောပြီးတဲ့နောက် ရှန်ယန်ရှောင်ပုခုံးကို ရှီးယွန်ကပုတ်လိုက်ပါတယ်။ ရှန်ယန်ရှောင်အား အခုလိုချီးကျူးပြောဆိုတာကို သူ အလွန်ဂုဏ်ယူကျေနပ်မိပါတယ်။ ပြောရရင် ဒီကလေးကို သူကိုယ်တိုင် တွေ့ရှိထားတာကိုး။

ရှန်ယန်ရှောင်အား လက်လွှဲပေးပြီးတဲ့နောက်မှာတော့ အတွင်းအားဌာနခွဲရဲ့ ဌာနမှူးနဲ့ ကိစ္စတစ်ချို့ပြောဆိုဖို့အတွက် ရှီးယွန်ထွက်သွားပါတယ်။

"မင်းငါ့ကို ဖန်းရှီလို့ ခေါ်နိုင်တယ်။ ငါ့ဘေးနားကနေသာ လိုက်ခဲ့လိုက်တော့ ဟုတ်ပြီလား"

ဖန်းရှီက ရှန်ယန်ရှောင်ကိုကြည့်ကာ ပြောလိုက်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ ထူးချွန်ကျောင်းသားတွေနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ သူဟာ တလေးတစားပြောဆိုဆက်ဆံပါတယ်။

"ဟုတ်ကဲ့ပါ"

ရှန်ယန်ရှောင်လည်း ရိုသေစွာပြန်ပြောလိုက်ပြီးနောက် ဖန်းရှီဘေးကနေပဲ အတူလိုက်ပါသွားလိုက်ပါတော့တယ်။

အတွင်းအားအဆင့်ကို စစ်ဆေးရန်စောင့်နေကြတဲ့ ကျောင်းသားတစ်အုပ်က ရှန်ယန်ရှောင်ကို သတိပြုမိလိုက်ကြပါတယ်။ သူတို့က သူမထက် တစ်နှစ် နှစ်နှစ်လောက်သာ ကြီးမြင့်ကြတာပါ။ ရှန်ယန်ရှောင်ဆီကပ်ပါသွားတဲ့ သူတို့အကြည့်တွေထဲမှာ သိလိုစိတ်တွေပြည့်နေပါတယ်။

ဖန်းရှီက ရှန်ယန်ရှောင်ကို စမ်းသပ်ကျောက်တုံးဆီခေါ်သွားချိန်မှာပဲ ထိုကျောက်တုံးရှေ့မှာ ကျောင်းသားတစ်ယောက်က သူ့အတွင်းအားကို စစ်ဆေးနေပါတယ်။

တိုက်ဆိုင်တာလားဘာလားတော့မသိ ကံမကောင်းစွာနဲ့ပဲ ထိုကျောင်းသားဟာ ရှန်ယန်ရှောင်သိတဲ့တစ်ယောက်ဖြစ်နေပါတယ်။

ရှန်ကျီဝေဟာ ကျောက်တုံးရှေ့မှာ ဂဏှာမငြိမ်ဖြစ်နေပါတယ်။ သူဟာ ဖန်းရှီအား မျှော်လင့်ချက်အပြည့်နဲ့ လှမ်းကြည့်လိုက်ပါတယ်။ ဖန်းရှီက ဆက်လုပ်ဆိုတဲ့သဘောနဲ့ ခေါင်းဆတ်ပြလိုက်ပါတယ်။ ရှန်ကျီဝေလည်း တံတွေးမြိုချလိုက်ပြီးတော့ သူ့လက်နှစ်ဖက်ကို ကျောက်တုံးပေါ်တင်လိုက်ပါတယ်။ မနှစ်တုန်းက သူ့စစ်ဆေးမှုအဖြေဟာ အတွင်းအားအဆင့်၄ဖြစ်ပါတယ် ခြောက်လကြာလေ့ကျင့်အပြီးမှာ အဆင့်၅ကိုရောက်ရှိနေဖို့ သူမျှော်လင့်ထားပါတယ်။

ကျောက်တုံးရဲ့ထိပ်မှာ အဖြူရောင်အလင်းတန်းမှိန်ပျပျ ထွက်ပေါ်လာပါတယ်။ အလင်းတန်းတွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာတာကို ရှန်ကျီဝေက ပိုမိုဂဏှာမငြိမ်ဖြစ်စွာနဲ့ ကြည့်နေပါတယ်။

အလင်းတန်းတစ်ခုတိုင်းဟာ အဆင့်တစ်ဆင့်ကို ကိုယ်စားပြုပါတယ်။ ကျောက်တုံးရဲ့ထိပ်မှာ အလင်းတန်းငါးခု ထွက်ပေါ်လာပြီးတဲ့နောက်မှာ စစ်ဆေးမှုပြီးသွားပါတယ်။

ရှန်ကျီဝေမျက်နှာမှာတော့ ကျေနပ်တဲ့အပြုံးက နေရာယူထားပါတော့တယ်။

"မဆိုးဘူးဟေ့ နှစ်တစ်ဝက်နဲ့ အဆင့်တစ်ဆင့်ရောက်အောင် တက်နိုင်တာပဲကွ။ မင်းအခုလုပ်နေတဲ့အတိုင်း ဆက်လုပ်သွားမယ်ဆိုရင် နောက်နှစ်မှာ မင်းအဆင့်၆ကိုရောက်သွားမှာပဲကွ"

ဖန်းရှီဟာ ရှန်ကျီဝေရဲ့ရလာဒ်အပေါ်မှာ ကျေနပ်သွားပါတယ်။ ရှန်ကျီဝေရဲ့ အရည်အချင်းက ကောင်းမွန်ပြီး အသက်၁၄နှစ်မှာ အဆင့်၅ကိုရောက်တယ်ဆိုတော့ ၁၅နှစ်မှာ အဆင့်၆ကိုရောက်ရှိကာ အတွင်းအားဌာနထဲက သူတက်ရောက်ချင်တဲ့ အဓိကဌာနတစ်ခုခုမှာ မတက်ရောက်နိုင်ဘူးလို့ ပြောလို့မရပါဘူး။

ကျောင်းသားတွေကနေပြီး သူ့ကို ဝိုင်းချီးကျူးပြောဆိုနေတဲ့အခါမှာ ရှန်ကျီဝေက ဝံ့ကြွားစွာရပ်နေလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၅၇)

သူ အတွင်းအားဌာနခွဲကို ရောက်တာ တစ်နှစ်နှစ်နှစ်သာ ရှိသေးတာဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်ရှိတဲ့အတွက် သူ့အရည်အချင်းမသေးဘူးလို့ သတ်မှတ်လို့ ရပါတယ်။

ဇာမဏီငှက်ရဲ့ဂူထဲမှာ ဖြစ်ပျက်ခဲ့တာတွေက် သူ့အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ အတွင်းအားအဆင့်၄ကို ရောက်ပြီးနေပြီဖြစ်တဲ့ သူ ရှန်ကျီဝေဟာ ဘာမှသုံးမရတဲ့ အမှိုက်ရှန်ယန်ရှောင်လက်အောက်မှာ ကျဆုံးခဲ့ရတာကို တွေးမိလိုက်တိုင်း အခုထိကို သူ ရှက်မိပါတယ်။ သူ့ရဲ့မာနကို ထိပါးစော်ကားခံခဲ့ရတာပါပဲ။

အဲ့အမှိုက်မက ဇာမဏီငှက်ကို ရသွားတော့ရော ဘာအရေးလဲ။ နောက်ဆုံးပြောရရင် အဲ့အမှိုက်မမှာ အတွင်းအားရော မှော်အားရော တစ်စက်လေးမှ မရှိဘူးလေ။ ဖိုးဖိုးက အမှိုက်မကို ဆေးပညာဌာနကို ပို့လိုက်ပေမယ့်လည်း ဆေးဝိဇ္ဇာဖြစ်ဖို့အတွက်က အသက်ငယ်ငယ်လေးတည်းက ဆေးပညာရပ်ကို လေ့လာဆည်းပူးဖို့လိုအပ်တာကို မသိတဲ့လူ ဘယ်သူရှိလို့လဲ။ အဲ့ငတုံးမက ဆေးဝိဇ္ဇာဖြစ်လာစရာ ဘာေ-ာက်ကြောင်းမှ မရှိဘူး။

အဲ သူကတော့ အဆင့်၆ကို မကြာခင်မှာပဲ ရောက်ရှိတော့မယ်လေ။ သူ့အနာဂတ်က အတိုင်းအဆမရှိတော့ဘူး။ ဇာမဏီငှက်အားကိုးလောက်နဲ့ သူ့ကို သူမရဲ့ခြေဖဝါးအောက်မှာ နင်းထားနိုင်မယ်လို့ သူတော့ မယုံကြည်ပါဘူး။

သူ့ရဲ့တောက်ပနေမယ့် အနာဂတ်ကို တွေးမိလေလေ ရှန်ကျီဝေရဲ့ပုံစံက ပိုပြီး ဝံ့ကြွားလာလေလေဖြစ်နေပါတယ်။

"ခွီး"

ရယ်သံတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာပါတယ်။

ရယ်သံပိုင်ရှင်ကို ကြည့်လိုက်ပြီးတဲ့နောက် ရှန်ကျီေ၀ မျက်မှောင်ကြုတ်သွားပါတယ်။

ရယ်သူဟာ ချာတိတ်ပေါက်စနေလေးဖြစ်နေပါတယ်။ ရှန်ကျီေ၀ မျက်မှောင်ပိုကြုတ်သွားပါတယ်။ ကောင်လေးရဲ့ဦးခေါင်းကအလွန်သေးတဲ့အပြင် ကိုယ်လုံးကလည်း အလွန်ပိန်ပါးလှပါတယ်။ ဖန်းရှီဘေးမှာ သူက အဲ့အတိုင်းရပ်နေတဲ့အခါ လူတိုင်းက သူ့ကို လွယ်လင့်တကူနဲ့ အရေးမစိုက်ကြတော့ပါဘူး။

ဒီကောင်က ငါ့ကိုများ ရယ်ရဲတယ်ပေါ့လေ။

ရှန်ကျီေ၀ ချက်ချင်းပဲ မကျေနပ်စွာနဲ့ ဟွန့်ကနဲ လုပ်လိုက်ပါတယ်။

သူ့အမြင်မှာတော့ တစ်ဖက်လူဟာ သူ့ထက်ငယ်တာကို သိသိသာသာ သိနိုင်ပါတယ်။ သူနဲ့ရွယ်တူတွေထဲမှာ ရှန်ကျီဝေရဲ့ အရည်အချင်းက အလွန်ထူးချွန်တယ်လို့ ပြောနိုင်တာကြောင့် ဒီကောင်လေးဟာ သူ့ပြိုင်ဖက်မဟုတ်တာ သေချာပေါက်ပါပဲ။

"မင်း ဘာရယ်တာလဲ"လို့ ရှန်ကျီဝေက မကျေမနပ်နဲ့ ထုတ်ဖော်မေးလိုက်ပါတယ်။

သူမ မတွေ့ရတာကြာပြီဖြစ်တဲ့ ရှန်ကျီဝေအား ရှန်ယန်ရှောင်ကြည့်လိုက်ပြီးနောက် သူမ မျက်လုံးထဲမှာ မကောင်းတဲ့အရိပ်တစ်ချို့ လက်ကနဲ ထွက်ပေါ်သွားပါတယ်။

ဒီကောင့်ကို မတွေ့တာ အတော်ကြာပြီဖြစ်သော်လည်း ဒီကောင့်ေ-ာက်ချိုးက တစ်စက်လေးမှ မပြောင်းလဲသေးဘူးပဲ။

"ဘာမှမဟုတ်ပါဘူး ငါ့ဖာသာ ရယ်ချင်လို့ ရယ်တာ"

ရှန်ယန်ရှောင်က ပုခုံးတွန့်ကာ ပြောလိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အားရကျေနပ်နေတဲ့ ရှန်ကျီဝေရဲ့ အမူအရာက စောစောလေးတုန်းက သိသာလွန်းနေပါတယ်။ အဆင့်၅လောက်ရောက်တာကို ဒီလောက်ကျေနပ်နေတဲ့ ဒီကောင့်ကို တွေ့ရတာ မရယ်ချင်ဘဲ ဘယ်နေပါ့မလဲ။

"မင်း..."

ရှန်ကျီဝေက ရှန်ယန်ရှောင်ကို စူးရဲစွာ ကြည့်လိုက်ပါတယ်။ ဖန်းရှီသာ ရှိမနေခဲ့ရင် ဒီကောင်လေးကို သင်ခန်းစာကောင်းကောင်း ပေးပြီးနေပါပြီ။

"ဒီနေရာမှာ ဘာဆူညံသံမှ ငါ မကြားချင်ဘူး"လို့ ပြောလိုက်တဲ့ ဖန်းရှီဟာ မျက်ခုံးတစ်ချက်ပင့်လိုက်မိပါတယ်။ လေးကျောင်းသားနဲ့ သူ့ကျောင်းသားကြားမှာ ဘာပြဿနာကိုမှ သူ မဖြစ်ပွားစေချင်ပါဘူး။

ရှန်ကျီဝေက အံကိုသာကြိတ် လက်သီးကိုသာဆုပ်ကာ မြိုသိပ်လိုက်ရပါတယ်။ ဒီကောင်လေးရဲ့ ပုံပန်းကို သေချာမှတ်ထားဖို့ သူဆုံးဖြတ်လိုက်ပြီးပါပြီ။ နောက်ရက်ကျရင် ဒီကောင်စုတ်ကိုရှာပြီး ပညာပေးကို ပေးရမှာပါ။

ရှန်ယန်ရှောင်ကတော့ ပြုံးမြဲပြုံးနေလျက်ပါပဲ။ ရှန်ကျီဝေဘာတွေးနေလဲဆိုတာကို သူမ ကောင်းကောင်းသိပါတယ်။

သူမရဲ့ လက်ရှိအစွမ်းနဲ့ဆို ဒီကောင့်ကို လက်တစ်ချောင်းနဲ့တင် အမှုန့်ကြိတ်ပစ်လိုက်လို့ ရပါတယ်။

"ရှောင်ယန် မင်းအဆင့်ကို သွားစစ်ကြည့်လိုက်တော့"

ဖန်းရှီ ခေါင်းစားနေရပါပြီ။ အမျက်တွေနဲ့ ရှန်ကျီဝေရဲ့ မျက်လုံးကိုမြင်တာနဲ့ သူ ဘာလုပ်ရမလဲ မသိတော့ပါဘူး။ ရှန်ကျီဝေလည်း ထူးချွန်တယ်ဆိုပေမယ့် သူ့ဘေးက ဒီကောင်လေးက အသက်၁၃နှစ်နဲ့ အဆင့်၆ကိုရောက်ရှိခဲ့ပြီး လေးကျောင်းသားတောင်ဖြစ်နေတဲ့ လူမဟုတ်သူတစ်ယောက်ပါ။

ရှန်ယန်ရှောင်ရဲ့ စစ်ဆေးမှု မြန်မြန်ပြီးဆုံးကာ ရှီးယွန်ဆီကို သူ မြန်မြန်ပြန်ပို့ပေးချင်နေပါပြီ။ ရှန်ယန်ရှောင်နဲ့ ရှန်ကျီဝေတို့ကြားမှာ ပြဿနာပိုကြီးထွားလာမှာကို သူမမြင်ချင်ပါဘူး။ ပြောရရင်တော့ သူ့ကျောင်းသားကို လေးဌာနက ပါရမီရှင်တစ်ဦးကနေ သူ့ကျောင်းသားရဲ့ အခြေအနေမသိမှုကြောင့် ပညာပေးသွားမှာကို သူ မမြင်ချင်တာပါပဲ။

"ရှောင်ယန်"

နာမည်ကြားလိုက်တာနဲ့ ရှန်ကျီေ၀ မျက်ခုံးပင့်လိုက်မိပါတယ်။ ဒီနာမည်နဲ့ အမှိုက်မ ရှန်ယန်ရှောင်တို့က နည်းနည်းဆင်တူသလိုပါပဲ။ ဒီအတွက် ထိုအမှိုက်မနဲ့ဒီကောင်နဲ့ကို တစ်ဂိုဏ်းတည်းအဖြစ် သူ့စိတ်ထဲမှာ သတ်မှတ်လိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၅၈)

ရှန်ယန်ရှောင်ပြုံးလိုက်ပြီးနောက် ရှေ့ကိုသွားလိုက်ပါတယ်။ ဒီကောင်နဲ့ဖက်တုကာ တစ်ခြားသူတွေကို အနှောက်အယှက်မပေးချင်ပါဘူး။

ကျောက်တုံးရှည်ကြီးရှေ့မှာ ရပ်လိုက်ပြီးနောက် သူမရဲ့ လက်နှစ်ဖက်ကို မြှောက်တင်လိုက်ပါတယ်။ လက်ဝါးနှစ်ဖက်အား ကျောက်တုံးပေါ်မှာ ဖြန့်တင်လိုက်ပါတယ်။

ရှန်ကျီဝေဟာ ဒီကောင်လေး အဆင့်ဘယ်လောက်ထိရောက်နိုင်မှာလဲဆိုပြီး စမ်းသပ်ကျောက်ကိုသာ စူးစိုက်ကြည့်နေပါတော့တယ်။

သို့ပေမယ့်လည်း စမ်းသပ်ကျောက်တုံးမှာ ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာတာကြောင့် ရှန်ကျီေ၀ ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။

ခန့်ထည်လှတဲ့ ကျောက်တုံးဟာ အရင်လို အဖြူရောင်အလင်းထုတ်လွှတ်တာ မဟုတ်တော့ဘဲ တောက်ပတဲ့ အနီရောင်အလင်းသာထွက်ပေါ်လာပါတယ်။

အနီရောင်အတွင်းအား....ဒါက လေးသည်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အမှတ်အသားပဲ။

သူ့ထက်ငယ်ရွယ်တဲ့ ကောင်ကလေးဟာ အဆင့်၆ကိုရောက်ရှိပြီးလို့ လေးသည်တစ်ယောက်ဖြစ်နေမယ်လို့ ရှန်ကျီေ၀ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး။

သူ ဘယ်လောက်ရှိဦးမှာလဲ ၁၃နှစ်လား ၁၄နှစ်လား.....

ဒီအရွယ်လေးနဲ့ လေးသည်တစ်ယောက်ဖြစ်နေပြီတဲ့လေ...

ရှန်ကျီေ၀ မျက်နှအမူအယာ တော်တော်ပျက်သွားပါတယ်။ စောစောက သူတွေးခဲ့မိတာတွေကို ပြန်စဉ်းစားမိကာ ရှက်သွားပါတယ်။

လေးသည်တစ်ယောက်ဖြစ်ဖို့အတွက် အနည်းဆုံး အတွင်းအားအဆင့်၆ရှိနေဖို့လိုအပ်ပါတယ်။ သူက အခုမှ အဆင့်၅သာရှိသေးတာဖြစ်လို့ အဆင့်၆ကိုရောက်ဖို့ဆိုရင် အနည်းဆုံး တစ်နှစ်လောက်လိုပါသေးတယ်။

သူက လေးသည်တစ်ယောက်ကို ပညာပေးချင်နေတာတဲ့လေ။ ဒါက လုံးဝကို ပြက်လုံးတစ်ခုပဲပေါ့။

အနီရောင်အလင်းက ရပ်တံ့မနေပါဘူး။ တစ်ခုထွက်ပြီး တည်ငြိမ်တာနဲ့ နောက်အလင်းတစ်ခု ထပ်ထွက်နေဆဲပါပဲ။

ပညာရပ်တစ်ခုကို ရွေးချယ်ပြီးတဲ့အခါမှာ အလင်းတန်းတစ်ခုဟာ သူတို့ရွေးချယ်ထားတဲ့ ပညာရပ်အတွက် အဆင့်တစ်ဆင့်ကို ကိုယ်စားပြုပါတယ်။

အနီအလင်းတန်းဟာ ဘယ်တော့မှ မရပ်တော့တဲ့အတိုင်း ဆက်တိုက်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

လေ့ကျင့်ကွင်းတစ်ခုလုံး လုံးဝကို ငြိမ်ကျသွားတာက အပ်ကျသံတောင်ကြားရနိုင်လောက်ပါတယ်။ ကျောင်းသားတိုင်းရဲ့ မျက်လုံးတွေက တောက်ပတဲ့အနီအလင်းတန်းဆီမှာပဲ ရှိနေပါတယ်။

တစ်ဆင့်..နှစ်ဆင့်..သုံး...လေး....

အလင်းတန်းတွေ တိုးလာတာနဲ့အမျှ လူတိုင်းဟာ ပါးစပ်အဟောင်းသားဖြစ်သွားကြပါတော့တယ်။ ဖန်းရှီကိုယ်တိုင်တောင် အလင်းတန်းခြောက်ခုမြောက်ထွက်ပေါ်လာချိန်မှာ သတိမေ့မတတ်ဖြစ်သွားရပါတယ်။

အလင်းတန်းခြောက်ခု အဲ့ဒါက လေးသည်တော်အဆင့်၆ကို ကိုယ်စားပြုရည်ညွှန်းနေတာပဲလေ။

အဆင့်ခြောက်လေးသည်တော်ဟာ ပညာသင်အဆင့်ကိုကျော်လွန်ပြီးဖြစ်ကာ အခြေခံအဆင့်လေးသည်တော်အများစုကိုလည်း သာလွန်သူဖြစ်ပြီး အလတ်တန်းအဆင့်လေးသည်တော်အဖြစ် အချိန်မရွေးရောက်ရှိသွားနိုင်သူပါ။

အသက်၁၃နှစ်အရွယ် အလတ်တန်းလေးသည်တော် ဟုတ်လား.....

အိပ်မက်မက်နေတာလားလို့ ဖန်းရှီခံစားမိလိုက်ပါတယ်။

သို့သော်လည်း ရပ်တော့မလိုထင်ရတဲ့ အလင်းတန်းဟာ ခြောက်ခုမြောက်မှာမရပ်ဘဲ ဆက်တိုးလာနေပါတယ်။ ခုနှစ်ခုမြောက်အလင်းတန်း ထွက်ပေါ်လုဆဲဆဲအချိန်ရောက်တော့ ဖန်းရှီ ရူးတော့မလိုလိုဖြစ်သွားရပါပြီ။

နောက်ဆုံးမှာတော့ အလင်းတန်းဟာ ရှစ်ခုမြောက်ထွက်ပေါ်ပြီးတာနဲ့ ရပ်တံ့သွားပါတော့တယ်။[ဟူး..တော်သေးတာပေါ့ မဟုတ်ရင် နည်းပြရူးတော့မယ်]

ဒါပေမယ့်လည်းပေါ့လေ တစ်ကွင်းလုံးက လူတွေဟာ ကြောင်တောင်တောင်နဲ့ ငေးကြည့်နေကြဆဲဖြစ်ပါတယ်။

အဆင့်ရှစ်လေးသည်တော်။ ဒါက အကြီးတန်းလေးသည်တော်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာဖြစ်တယ်။

သူတို့ရှေ့မှာရှိနေတဲ့ ဒီချာတိတ်လေးက ဘယ်အချိန်မှာ အကြီးတန်းလေးသည်တော် ဖြစ်သွားမလဲဆိုတာ မပြောနိုင်ပါဘူး အချိန်မရွေးဖြစ်သွားနိုင်ပါတယ်။

အကြီးတန်းလေးသည်တော်.....

အတွင်းအားဌာနခွဲတစ်ခုလုံးက နည်းပြအများစုဟာ အဆင့်မြင့်လေးသည်တော်အဆင့်ပဲ ရှိကြတာဖြစ်လို့ ဒီနတ်ဆိုးလေးက သူတို့ရဲ့နည်းပြဖြစ်သူတွေကို အချိန်သိပ်မကြာခင်မှာပဲ ကျော်ဖြတ်သွားတော့မှာကို သူတို့တွေးမိနေကြပါတယ်။

ပိုကြောက်စရာကောင်းတာကတော့ ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်ပဲရှိသေးတာပါ။

ဖန်းရှီ အလွန်စိတ်လှုပ်ရှားနေပါတယ်။ သူဟာ တော်တော်လေးကြာမှသာ ပြန်တည်ငြိမ်သွားပါတယ်။ ဒါပေမယ့် ရှန်ယန်ရှောင်ကို ကြည့်လိုက်တဲ့သူ့မျက်လုံးတွေထဲမှာတော့ တုန်လှုပ်နေတဲ့အသွင် ရှိနေဆဲဖြစ်ပါတယ်။

ဒီကောင်လေးက ဉာဏ်ကြီးရှင်မဟုတ်ဘူး လူမဟုတ်တော့တာပဲဖြစ်ရမယ်။

၁၃နှစ်အရွယ် အလတ်တန်းလေးသည်တော်ဆိုတဲ့ သတင်းသာ ပျံ့နှံ့သွားရင် လူအတော်များများကို လန့်ဖျားဖျားသွားစေမှာသေချာပါတယ်။

ဘေးမှာရပ်နေတဲ့ ရှန်ကျီဝေရဲ့မျက်နှာကတော့ ဆိုးဆိုးရွားရွားကို ပျက်ယွင်းနေကာ စောစောတုန်းကလို ဂုဏ်ယူဝံ့ကြွားတဲ့ ဟန်အမူအယာမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ထင်တစ်လုံးဖြစ်နေမှုကလည်း ကျောက်တုံးကနေ အလင်းတန်းရှစ်ခုထွက်ပေါ်လာချိန်မှာ နေလာလို့နှင်းပျောက်သလို လွင့်ပြယ်သွားပြီဖြစ်ပါတယ်။

စောစောလေးကမှ သူဟာ သူ့အစွမ်းအစအတွက် သူ့ကိုယ်သူဂုဏ်ယူနေဆဲဖြစ်ပေမယ့် သူ့ရှေ့မှာရှိနေတဲ့ သူ့ထက်ငယ်တဲ့ အဆင့်၈လေးသည်တော်ကြောင့် ဝံ့ကြွားစိတ်တွေ ဂုဏ်ယူစိတ်တွေ ပျောက်ကွယ်သွားရပါပြီ။ ဒီလိုအရည်အချင်းကို ဇာမဏီမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ပါရမီရှင်လေးလို့ လူတွေသိကြတဲ့ ရှန်ယိဖန်တောင် မယှဉ်နိုင်ပါဘူး။

All Chapters