← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၉၈)

နောက်ရက်မနက်ခင်းကိုရောက်ရှိခဲ့ပြီဖြစ်ပြီး ဆေးပညာဌာနရဲ့ လစဉ်ပြိုင်ပွဲနေ့လည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ အရင်ပြိုင်ပွဲတွေတုန်းကနဲ့မတူ လူတွေများပြားစွာရောက်ရှိနေကြပါတယ်။

အိပ်ယာပေါ်မှာစောင်ခြုံကွေးမနေကြဘဲ ဒီကိုမနက်အစောကြီးရောက်နေရခြင်းက အခြားကြောင့်မဟုတ်ဘဲ မနေ့ကလောင်းထားတဲ့ အလောင်းအစားတစ်ရပ်ကြောင့် ဖြစ်ပါတော့တယ်။

ရှန်ဂေါင်းရှောင်နဲ့တန်နာဇီတို့ရဲ့ လောင်းကြေးအကြောင်းက တစ်ညအတွင်းမှာပဲ ဘယ်နေရာအထိ ရောက်ရှိပျံ့နှံ့သွားလဲဆိုတာ ဘယ်သူသိမလဲ။ ပြိုင်ပွဲတွေကိုကြည့်ရှုရတာ မနှစ်သက်ကြတဲ့ ကျောင်းသားတွေတောင် ဒီနေ့ရောက်ရှိနေကြပါတယ်။

သူတို့က တန်နာဇီရဲ့ ဘဝကိုလက်ထဲဆုပ်ကိုင်ထားတဲ့ ကျောင်းသားသစ်ဖြစ်သူကို တစ်ချက်လောက်ဖြစ်ဖြစ် တွေ့မြင်ချင်နေကြပါတယ်။

အရင့်အရင်ပြိုင်ပွဲတွေမှာ ကျောင်းသားသစ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာကြောင့် ဆေးပညာဌာနကကျောင်းသားတွေဟာ ကျောင်းသားသစ်တွေကို ပြိုင်ပွဲဝင်စာရင်းထဲကနေ အလိုအလျောက်ထုတ်ထားခဲ့ကြပါတယ်။

ဒီလမှာတော့ ပြိုင်ပွဲကို ဝင်ပြိုင်ရဲတဲ့ ကျောင်းသားဆိုးလေးတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။

ရှန်ဂျူလို့ခေါ်တဲ့ ကျောင်းသားသစ်လေးတစ်ယောက်ကြောင့် လိပ်နက်မျိုးနွယ်ရဲ့ သခင်လေးဖြစ်သော တန်နာဇီဟာ စကားကြီးစကားကျယ်တွေပြောပြီး ရှန်ဂျူကိုနိုင်တဲ့မည်သူ့ကိုမဆို ရွှေပြားတစ်သိန်း သူကိုယ်တိုင်လက်နှစ်ဖက်နဲ့ ပေးအပ်မယ်လို့ပြောခဲ့ပါတယ်။ လူတိုင်းတွေ့မြင်ချင်နေတာကတော့ အရူးသွပ်ဆုံးကိစ္စဖြစ်တဲ့ တန်နာဇီ၏ကျောင်းသားဘဝကို လောင်းကြေးအဖြစ်ထပ်ထားတဲ့ ရှန်ဂျူနဲ့ရှန်ဂေါင်းရှောင်တို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဖြစ်ပါတယ်။

ဆေးပညာဌာနမှာရှိတဲ့ ကျောင်းသားတိုင်းအတွက်တော့ ဒီအကြောင်းအရာက ရူးခါစေခဲ့ပါတယ်။

တန်နာဇီအနေနဲ့ ဖြုန်းတီးပစ်ဖို့အထိ ငွေပေါနေလို့ပဲလား ဒါမှမဟုတ် ရူးနေတာလားပေါ့။

ကျောင်းသားသစ်တစ်ယောက်အပေါ်မှာ ဒီလိုလောင်းကြေးမျိုးတင်ဖို့အတွက် သူ့မှာ ဘယ်ကရတဲ့ယုံကြည်မှုတွေ ရှိနေတာဖြစ်မလဲ။

ကျောင်းသားသစ်က ကျောင်းကိုရောက်တာ ခြောက်လမပြည့်သေးတာကြောင့် သူတတ်မှာဆိုလို့ အခြေခံအကျဆုံးဆေးရည်ဖော်စပ်တာပဲရှိမှာပါ။ အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေကတော့ အလတ်တန်းဆေးရည်ဖော်စပ်နည်းတွေကို သင်ယူနေကြပြီဖြစ်ပါတယ်။

ဘယ်လောက်ကွာလိုက်သလဲ...

အရင်လပြိုင်ပွဲတုန်းက ကျောင်းသားသစ်တစ်ယောက်ရဲ့ အရိပ်အယောင်ကိုတောင် သူတို့ မမြင်ခဲ့ရပါဘူး။

"ဟားဟားဟား...ဒီနေ့ တန်နာဇီငွေဘယ်လောက်ကုန်မလဲဆိုတာ ငါသိချင်လှပြီဟေ့"လို့ ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ကြမယ့် ကျောင်းသားတွေ ကျင်းပရာနေရာသို့ သွားရောက်နေတာကို ဘေးကနေရပ်ကြည့်နေတဲ့ အငယ်တန်းကျောင်းသားတစ်ယောက်က ပြောလိုက်ပါတယ်။

"ငါ့ခန့်မှန်းချက်အရတော့ သူ့အနေနဲ့ တော်တော်လေးပေးရလိမ့်မယ်ကွ။ မနေ့က သူအဲ့လိုပြောလိုက်တော့ စာရင်းသွင်းဖို့အတွက် လူဘယ်လောက်တောင် တိုးဝှေ့နေကြလဲဆိုတာ မင်းမသိလိုက်လို့ဟ"ဟု နောက်တစ်ယောက်က အမြင်ကပ်ဖွယ်ကောင်းတဲ့ ရယ်ပုံမျိုးနဲ့ရယ်ပြီးပြောလိုက်ပါတယ်။

"လူတစ်ချို့က သူတို့ကြွယ်ဝတာကို ပေးပစ်ချင်မှတော့ ငါတို့က ဘာကြောင့်လက်မခံရမှာလဲ။ ကျောင်းသားသစ်ကလေးလောက်နဲ့ သူက ဘာတွေမင်သက်စရာကောင်းအောင် လုပ်ပြနိုင်မှာမို့လဲကွာ"

"ကျောင်းသားသစ်ချာတိတ်လေးတွေအနေနဲ့ ကိုယ့်ဖာသာကိုယ် အေးဆေးနေသင့်တယ် အနည်းဆုံးတော့ သူတို့အရှက်မကွဲတော့တာပေါ့"

ကျောင်းသားသစ်တစ်စုက ပွဲကြည့်တဲ့နေရာကိုဝင်လိုက်တဲ့အခါ အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေရဲ့ ကဲ့ရဲ့စကားတွေကြောင့် ခနတာမင်သက်သွားခဲ့ကြပါတယ်။ သူတို့စိတ်ထဲမှာ ဒေါသတွေဖြစ်နေပေမယ့် ပြန်မပြောရဲခဲ့ကြပါဘူး။

"ဟေး ငါတို့ ဒီကိုလာခဲ့တာ တစ်ကယ်ရောအဆင်ပြေပါ့မလားဟင်"လို့ ကြောက်လန့်နေတဲ့ကျောင်းသားသစ်လေးတစ်ယောက်က သူ့ရှေ့ကကျောင်းသားရဲ့ အင်္ကျိစကိုဆွဲပြီးပြောလိုက်ပါတယ်။

"ငါတို့လာလို့မရဘူးဆိုတဲ့ စည်းကမ်းမျိုးမရှိပါဘူးဟ။ ရှန်ဂျူက ဒီနေ့မှာ ငါတို့ကျောင်းသားသစ်တွေကို ကိုယ်စားပြုပြီး ဝင်ပြိုင်မှာဖြစ်လို့ ငါတို့က သူ့ကိုအားပေးရမှာလေကွာ"လို့ ရှေ့ကနေသွားနေတဲ့ ကျောင်းသားသစ်က နောက်ကိုလှည့်ကာ နှစ်သိမ့်ပြောကြားလိုက်ပါတယ်။ သူဟာ တစ်ခြားလူမဟုတ်ဘဲ ရှန်ယန်ရှောင်နဲ့တန်နာဇီတို့ရဲ့ အခန်းဖော်ဖြစ်သူ လင်းရွှမ်ပါပဲ။

"ရှန်ဂျူက တစ်ကယ်လုပ်နိုင်သလား။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့လူတွေက အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေချည်းပဲဟ နောက်ပြီး ရှန်ဂေါင်းရှောင်လည်း ပါသေးတယ်။ ငါ ဘာဖြစ်လို့ နည်းနည်းပူပန်နေတာလဲမသိဘူး"လို့ စိတ်ထဲမှာကြောက်ရွံ့နေတဲ့ ကျောင်းသားက ထပ်မေးလိုက်ပါတယ်။

သူတို့ကျောင်းသားသစ်အုပ်စုထဲမှာ အတန်းစုံကကျောင်းသားတွေပါလို့ ဝတ်စုံအရောင်အမျိုးမျိုးကွဲပြားနေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၉၉)

ဘယ်အတန်းကပဲဖြစ်ပါစေ ပုံမှန်အားဖြင့်တော့ ဒီကျောင်းသားတွေဟာ စကားသိပ်မပြောကြဘဲ အခန်းတွင်းအောင်းနေကြသူတွေဖြစ်ပါတယ်။ ဘယ်လိုဖြစ်ပြီးတော့ သူတို့အတူတူထွက်လာကြလဲမသိပေမယ့် သေချာတာတစ်ခုကတော့ အတန်းမတူလို့လည်း သူတို့ကြားမှာပြဿနာမရှိဘဲ ပိုပြီးတော့တောင် ရင်းနှီးသလိုရှိပြီး တစ်ယောက်ကြုံတွေ့နေရတဲ့ ဆေးပညာရပ်ဆိုင်ရာအခက်အခဲကို တစ်ယောက်ကကူညီပေးကြပါသေးတယ်။

ဒီကို သူတို့ရောက်လာရတဲ့ အကြောင်းရင်းကတော့ ကျောင်းသားသစ်တစ်ယောက် ပြိုင်ပွဲဝင်ပြိုင်လို့ဖြစ်ပါတယ်။

အတိတ်ကာလတုန်းက ဘယ်ကျောင်းသားသစ်မှ ပြိုင်ပွဲကိုဝင်မပြိုင်ရဲခဲ့ကြပါဘူး။

သူ့နောက်မှာရှိနေတဲ့ ကျောင်းသားသစ်တွေကို ကြည့်နေတဲ့ လင်းရွှမ်ရဲ့ချောမောတဲ့မျက်နှာဟာ ခိုင်ကျည်တဲ့အမူအယာရှိနေပါတယ်။

"ရှန်ဂျူနဲ့ပတ်သတ်ပြီး ဘာပြဿနာမှမရှိဘူး ငါ သူ့ကိုယုံတယ်။ သူ့ကိုအားပေးမယ်လို့ ငါတို့ သဘောတူထားခဲ့တာလို့ ငါထင်နေခဲ့တာနော်"

ရှန်ယန်ရှောင်နဲ့သူနဲ့ ဆက်ဆံပြောဆိုမှု သိပ်မရှိပေမယ့် ရှန်ယန်ရှောင်ရဲ့ ဆေးပညာအရည်အချင်းကိုတော့ သူမြင်တွေ့ခဲ့ပြီးပါပြီ။ နောက်ပြီး ဒီတစ်ခါက ရှန်ယန်ရှောင်ဟာ သူမကိုယ်သူမတင် ကိုယ်စားပြုနေတာမဟုတ်ဘဲ ကျောင်းသားသစ်တစ်တန်းလုံးကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် လင်းရွှမ်အနေနဲ့ လာရောက်အားပေးခြင်းဖြင့် သူမရဲ့ စိတ်ဓာတ်ကို မြင့်တက်စေချင်တာဖြစ်ပါတယ်။

လင်းရွှမ်ရဲ့စိတ်ချဖို့ပြောကြားမှုအရ ကျောင်းသားသစ်တွေစိတ်ထဲမှာ အနည်းငယ်စိုးရိမ်နေသေးပေမယ့်လည်း သိက္ခာအတွက် သူတို့အားလုံး ဆူညံနေတဲ့ပြိုင်ပွဲနေရာမှာ ဆက်နေလိုက်ကြပါတယ်။

သက်တောင့်သက်သာဖြစ်နေကြတဲ့ အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေနဲ့ယှဉ်ရင် ဒီကျောင်းသားသစ်အုပ်စုက အလွန်မှေးမှိန်လှပြီး ဒေါင့်တစ်ဒေါင့်မှာသွားကုပ်နေလိုက်ကြပြီး ပြိုင်ပွဲလုပ်တဲ့နေရာရဲ့ အလယ်ခေါင်သို့ လှမ်းကြည့်လိုက်ကြပါတယ်။

အကြံဉာဏ်ကတော့ ရိုးရိုးလေးပါပဲ။ အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေရဲ့ ဝန်းရံခြင်းခံထားရတဲ့ ကျောင်းသားသစ်ရှန်ဂျူက ခြောက်ခြားနေမှာဖြစ်ပါတယ်။ သူတို့ကအများကြီးမဟုတ်ပေမယ့် လာကြည့်သူတွေထဲမှာ ကျောင်းသားသစ်တွေတော့ ရှိသေးတာပေါ့။ ကျောင်းသားသစ်အားလုံးရဲ့သိက္ခာအတွက် သူတို့ လာပြီးအားကို အားပေးရပါမယ်။

လပေါင်းအတန်ကြာအောင် သူတို့အစွမ်းအစသေးငယ်မှုကြောင့် ဖိအားတွေခံစားခဲ့ရပါတယ်။

အခု ရှန်ယန်ရှောင်က ဝင်ပြိုင်နေပြီဖြစ်ပါတယ်။ အကြီးတန်းကျောင်းသားတစ်ချို့ကို သူမ အနိုင်ရခဲ့မယ်ဆိုရင် သူတို့အောင်နိုင်တာနဲ့ အတူတူပါပဲ။

ရှန်ဂျူရဲ့အမည်နာမကို ဆေးပညာဌာနတစ်ခုလုံး မသိကြပေမယ့် လူသစ်တန်းမှာတော့ အားလုံးသိကြပါတယ်။ ရှန်ဂျူက အလွန်အေးအေးနေတတ်ပြီး သိုသိပ်သူဖြစ်ကာ လူသစ်တန်းထဲမှာ သူ့အရည်အချင်းကို မီတဲ့သူ တစ်ယောက်မှမရှိပါဘူး။

သူက ဒီကျောင်းသားသစ်တစ်စုအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။

"ငါ ရှန်ဂျူကိုတွေ့လိုက်တယ် နောက်ပြီး တန်နာဇီရောပဲ"

လင်းရွှမ်က ရှန်ယန်ရှောင်နဲ့တန်နာဇီတို့ကို ခန်းမအဝင်မှာ မြင်လိုက်ရပါတယ်။

သူ့အကြည့်နောက်ကို ကျောင်းသားသစ်အားလုံး လှမ်းကြည့်လိုက်ကြပါတယ်။

ပြိုင်ပွဲကျင်းပရာဆီခြေလှမ်းချကာစမှာပဲ ရှန်ယန်ရှောင်ဟာ အမျိုးမျိုးသောအကြည့်တွေကို ခံယူရရှိလိုက်ပါတယ်။

လှောင်ပြောင်တာ၊ အထင်သေးတာ၊ စိတ်ဝင်စားတာ၊ စပ်စုလိုတာ.....

အမျိုးမျိုးအဓိပ္ပါယ်ရှိတဲ့ အကြည့်တွေအားလုံး သူမအပေါ်ကျရောက်လာပါတယ်။

"တော်တော်ကြီးကို စိတ်ဝင်စားခံနေရတာပဲ"

ရှန်ယန်ရှောင်ဘေးမှာရပ်နေတဲ့ တန်နာဇီက မျက်ခုံးတွန့်ရင်း ထိုအကြည့်တွေအား သိမ်းကြုံးအကဲခတ်လိုက်ပါတယ်။

"သူတို့က မင်းငွေတွေကုန်မှာကို စောင့်နေကြတာလို့ ငါထင်တာပဲ"

ရှန်ယန်ရှောင် ရယ်မောပြောဆိုလိုက်ပါတယ်။

မနေ့က တန်နာဇီစကားကို အတည်ပြုပြီးတဲ့အခါ နဂိုက ဆယ်ယောက်ကျော်ကျော်ပဲရှိတဲ့ ပြိုင်ပွဲဝင်တွေဟာ ချက်ခြင်းလက်ငင်းကိုပဲ တစ်ရာကျော်သွားခဲ့တယ်။

နောက်မှဝင်တဲ့သူတွေဟာ ရွှေတစ်သိန်းရချင်လို့ဆိုတာ ထင်ရှားနေပါတယ်။

ဆေးပညာဌာနမှာ နှစ်နှစ်သုံးနှစ်လောက်ကြာပြီဖြစ်တဲ့ ကျောင်းသားတွေအတွက် ရောက်တာခြောက်လမပြည့်သေးတဲ့ လူသစ်တစ်ယောက်ကို ယှဉ်ပြိုင်ရတာထက်လွယ်ကူတာမရှိတော့ပါဘူး။

ဆေးမြစ်အပိုင်းမှာရော ဆေးရည်အပိုင်းမှာရော သူတို့က ရှေ့ကိုအများကြီးရောက်နေပြီးဖြစ်ပါတယ်။

သူတို့အားလုံးအတွက်တော့ တန်နာဇီရဲ့ လေလုံးထွားမှုဟာ ကောက်ရတဲ့ထီလက်မှတ်ကနေ ထီဆုကြီးပေါက်တဲ့အတိုင်းပါပဲ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၀၀)

"ဒီတစ်ခေါက် သူတို့တွေ လောင်းကြေးမထပ်ကြတာ တစ်ကယ်နှမြောစရာပဲကွာ မဟုတ်ရင် သူတို့အတွင်းခံပါပေါင်ရအောင် ငါတို့လုပ်လို့ရမှာကွ"

တန်နာဇီကတော့ ဘာဖိအားမှရှိမနေပါဘူး။ ဒီငတုံးငအတွေက ရှန်ဂျူကို အနိုင်ယူနိုင်တယ်လို့ ထင်နေကြတယ်လေ။ ဒီလိုမလုပ်ခင် သူတို့အားလုံး နှစ်၁၈၀လောက်ကျင့်ဖို့လိုဦးမယ်လို့ သူထင်ပါတယ်။

"လက်စသတ်တော့ မင်းက ကျောင်းသားကြီးတွေရဲ့ အတွင်းခံတွေကို စိတ်ဝင်စားနေတာကိုးကွ မထင်ရဘူးနော်"လို့ ရှန်ယန်ရှောင်က တန်နာဇီအားကြည့်ကာပြောလိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ကျီစယ်စကားကြောင့် တန်နာဇီအခွက်ကြီး ရဲတက်သွားခဲ့တယ်။

"မင်းကသာ ကျောင်းသားကြီးတွေရဲ့ အတွင်းခံကိုစိတ်ရောက်နေတဲ့ တစ်ယောက်သောသူကွ။ ထွီ ငါက အဲ့လိုမျိုးတွေ စိတ်မဝင်စားဘူး။ ငါက ယောကျ်ားရင့်မာကြီးဖြစ်လို့ နူးညံ့မွှေးကြိုင်တဲ့ အလှပဂေးလေးတွေကိုပဲ စိတ်ဝင်စားတာနော်"လို့ ရှန်ယန်ရှောင်အား ဒေါသတကြီးကြည့်လိုက်ပြီး သူက ပြောလိုက်ပါတယ်။

သူမက သူ့ရဲ့ လိင်စိတ်အကြောင်းကို မေးခွန်းထုတ်ရဲတယ်ပေါ့လေ မကျေနပ်လိုက်တာကွာ။

ရှန်ယန်ရှောင်က 'သြော်'ဆိုတာကို သံရှည်လုပ်ပြောလိုက်ပါတယ်။

တော်ဝင်ရိုလန်ကျောင်းရဲ့ အလှပဂေးတွေအကြောင်း သူမအား တန်နာဇီက ကြိမ်ရေများစွာပြောကြားခဲ့ဖူးပါတယ်။ အဲ့လိုပြောတိုင်းမှာ အခုလိုပုံစံမျိုးဖမ်းပြီး အားလုံးကိုသိမ်းပိုက်မယ့်စတိုင်နဲ့ပေါ့။ ဒါပေမယ့် အခုထိတိုင်အောင် ဒီမြာပွေချင်တဲ့လူငယ်လေးတစ်ယောက် သူ့စကားအတိုင်းမလုပ်သေးပါဘူး။

"ထပ်မပြောတော့နဲ့"

တန်နာဇီ သူ့နဖူးသူ ပြန်ရိုက်လိုက်မိပါတယ်။ ဒီကောင်မလေးက တော်တော်ဆိုးဆိုးပဲ။

သူမသာ မိန်းကလေးငယ်လေးမဟုတ်ဘူးဆိုရင် သူ ထိုးမိလောက်ပါပြီ။

မကြာခင်မှာတော့ နှစ်ဦးသား ရယ်ရယ်မောမောနဲ့ ပြိုင်ပွဲကျင်းပတဲ့နေရာသို့ ရောက်သွားခဲ့ပါတယ်။

အရပ်ပေါင်းစုံကနေကြည့်နေတဲ့ အမျိုးမျိုးသောအကြည့်တွေကို သူမ လျစ်လျူရှုကာ တည်ငြိမ်စွာနေလိုက်ပါတယ်။

သူတို့တွေက ပွဲကြီးပွဲကောင်းကြည့်ချင်နေမှတော့ သူမလည်း ဆန္ဒဖြည့်ပေးရတာပေါ့လေ။ သူတို့အားလုံး နှလုံးရပ်မသေသွားကြဖို့ပဲ သူမမျှော်လင့်မိပါတယ်။

ပြိုင်ပွဲဝင်ကြမယ့်ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသလို သူမကိုတွေ့တိုင်းလည်း ထူးဆန်းတဲ့အကြည့်နဲ့ကြည့်သွားကြပါတယ်။ သူမဘေးမှာရပ်နေတဲ့ တန်နာဇီကို တွေ့လိုက်တဲ့အခါမှာတော့ ရွှေတောင်ကြီးကိုတွေ့လိုက်ရတဲ့အတိုင်း မျက်လုံးတွေဝင်းလက်သွားကြပါတယ်။

ပြိုင်ပွဲစတဲ့အခါမှာတော့ တန်နာဇီလည်း ဘာမှမတတ်နိုင်ဘဲ ပွဲလာကြည့်တဲ့ကျောင်းသားတွေဆီ ထွက်သွားလိုက်ရပါတော့တယ်။

အခုတော့ ပြိုင်မယ့်နေရာမှာ သူမ တစ်ယောက်တည်းရှိပါတော့တယ်။

"ငါပြောမယ် ကောင်စုတ်လေး လိပ်နက်မျိုးနွယ်သခင်လေးက အခုချိန်မှာ တော်တော်နေလို့ကောင်းနေမှာပါနော"လို့ ပြိုင်ပွဲဝင်ကျောင်းသားတစ်ယောက်က ရှန်ယန်ရှောင်ကို ရန်လိုစွာကြည့်ပြီးပြောလိုက်ပါတယ်။

"အဲ့လိုမပြောပါနဲ့ဟ ဒီကလေးကြောင့်သာမဟုတ်ရင် တန်နာဇီက ငါတို့ကို ပိုက်ဆံပေးပါ့မလား"ဟု နောက်တစ်ယောက်က ရှန်ယန်ရှောင်ကို ပြုံးပြီးပြောလိုက်ပါတယ်။

တန်နာဇီရှိနေလို့ သူတို့ဘာမှမပြောနိုင်ခဲ့ပေမယ့် အခု သူထွက်သွားတော့ ရှန်ယန်ရှောင်တစ်ယောက်ထဲ ကျန်ခဲ့တာကြောင့် သူတို့ ဘာကြောက်နေရဦးမှာလဲ။

ဒီကလေးက ကျောင်းသားသစ်မို့ သူတို့ ကြောက်စရာမရှိပါဘူး။

ကျောင်းသားသစ်နှစ်ယောက်ရဲ့ လှောင်ပြောင်ပြောဆိုမှုတွေကို လျစ်လျူရှုထားပြီး ရှန်ဂေါင်းရှောင်ပေါ်လာမှာကိုသာ သူမ စောင့်နေလိုက်ပါတယ်။

ရှန်ဂေါင်းရှောင်အပါအဝင် ဒီငတုံးငပိန်းအုပ်စုကို သူမ မျက်စိထဲထည့်မထားပါဘူး။

ပြိုင်ပွဲမစခင် ဆယ်မိနစ်အလိုမှာ ရှန်ဂေါင်းရှောင်ရောက်လာခဲ့ပြီး သူ့ဘေးမှာတော့ အနက်ရောင်ဝတ်စုံကို သေသပ်ကျနစွာဝတ်ဆင်ထားတဲ့ အဖိုးကြီးတစ်ဦးပါလာပါတယ်။

ပြိုင်ပွဲကိုကြီးကြပ်ရတဲ့ နည်းပြအားလုံး အဖိုးကြီးကိုမြင်တွေ့လိုက်တော့ အံ့သြသွားကြပေမယ့် သူတို့လုပ်လက်စအလုပ်တွေကို ပစ်ထားလိုက်ပြီး သွားရောက်နှုတ်ဆက်ပြောကြားလိုက်ကြပါတယ်။

"သမားတော်ကြီးပူလီစီ ဘာလို့ ဒီကိုကြွလာခဲ့တာလဲ"လို့ နည်းပြတွေက ပူလီစီကို ရိုသေလေးစားစွာမေးမြန်းနှုတ်ဆက်လိုက်ကြပါတယ်။

နည်းပြတွေရဲ့ စကားကိုကြားလိုက်ရတဲ့ ကျောင်းသားတွေဟာ အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တယ်။

သမားတော်ကြီးတစ်ဦးအနေနဲ့ စာကြည့်တိုက်ကနေမခွာတာ နှစ်တော်တော်ကြာနေခဲ့ပါပြီ။ ဒါပေမယ့် အခုပေါက်ချလာခဲ့တယ်လေ။

လူရှေ့သူရှေ့ကို သမားတော်ကြီးတစ်ဦးမပေါ်လာတာ ဘယ်လောက်ကြာပြီလဲဆိုတာ နတ်သိကြားသာသိနိုင်ပါလိမ့်မယ်။

ပူလီစီက နည်းပြတွေကို အေးတိအေးစက်ကြည့်လိုက်ပြီး ခေါင်းပြန်လှည့်လိုက်ကာ ဘေးမှာရှိနေတဲ့ ရှန်ဂေါင်းရှောင်အားပြောလိုက်ပါတယ်။

"မင်းသွားတော့"

ရှန်ဂေါင်းရှောင်က ပူလီစီအား အရိုအသေပေးလိုက်ပြီးတော့ ပြိုင်ပွဲနေရာကိုသွားလိုက်ပါတယ်။

All Chapters