← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉) - ဘဝကို သံသယဝင်သွားသော ရှောင်ဖန်ကူ၊ ရူးသွပ်နေသော အဘိုးကြီး

~"ဟေး... ဟေး... ပွဲကောင်းကြည့်ရတော့မယ်ဟေ့"

"တစ်ဖက်က ချင်းယွင်ဂိုဏ်း က တပည့်ပဲ... တခြားတစ်ဖက်က 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေနဲ့ အတူရှိနေတာ... ဘယ်သူလဲဟ"

"ဘယ်သူဖြစ်ဖြစ်ကွာ... ပွဲကြည့်ရရင် ပြီးတာပဲ"

ဂိုဏ်းပေါင်းစုံမှ တပည့်များအားလုံးသည် ပွဲကြည့်ပရိသတ် စိတ်ဓာတ်ဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

ဟိုယွင်ကျဲသည် ရှောင်ဖန်ကူ၏ အသံကို ကြားလိုက်ရသဖြင့် အတော်လေး ဆွံ့အသွားမိသည်။

ကြည့်ရတာ ရှောင်ဖန်ကူက ပြီးခဲ့တဲ့တခေါက် ရှုံးနိမ့်ပြီးတဲ့နောက် စိတ်စွဲလမ်းသွားပုံရပြီး အမြဲတမ်း ပြန်စိန်ခေါ်ချင်နေပုံ ရသည်။

"ယွင်ကျဲ... ရှင် နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်"

တင်းပိုင်ရွှယ် လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ဟိုယွင်ကျဲက ဓားတစ်ချက်တည်းနဲ့ မြစ်ကို ပိုင်းဖြတ်ခဲ့တာ သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပဲ... ဒီလောက် အစွမ်းထက်တာ... ရှောင်ဖန်ကူလို ရွယ်တူလောက်ကို အနိုင်ယူဖို့က ပြဿနာ မရှိလောက်ပါဘူး။

"ဂျူနီယာညီမလေး... ညီမ လမ်းလျှောက်တာ မြန်လွန်းတယ်"

'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ အတွင်းစည်းတပည့် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦးသည် တောင်အဆင်းလမ်းမှ လျှောက်လာပြီး ပြောလိုက်၏။

"စီနီယာအစ်မ ချွေ့... ညီမ မှားသွားပါတယ်"

တင်းပိုင်ရွှယ် ထိုအမျိုးသမီးကို ကပျာကယာ တောင်းပန်လိုက်၏။

'မြင့်မြတ်သော လေဓား'ဂိုဏ်းကို ဝင်ရောက်ပြီးနောက် တင်းပိုင်ရွှယ်သည် မူရူရွှဲ့ ပေးလိုက်သော ကြိုတင်ပြင်ဆင်ထားသည့် အတွင်းစည်းတပည့် တိုကင်ကို ထုတ်ပြလိုက်ရာ အောင်မြင်စွာဖြင့် အတွင်းစည်းတပည့် ဖြစ်လာခဲ့၏။ ထို့အပြင် "ချွေ့နင်အန်း" ဟု အမည်ရသော ဤအတွင်းစည်းတပည့်ထံမှ လမ်းညွှန်မှုများကိုလည်း ရရှိခဲ့၏။

"အခု ညီမလေးက ငါတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်နေပြီ... ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိအောင် နေတတ်ထိုင်တတ်ဖို့ သင်ယူရမယ်... ဖြည်းဖြည်း လျှောက်၊ ရှေ့တည့်တည့် ကြည့်၊ ပေါက်ကရတွေ လျှောက်မပြောနဲ့... သေမျိုး လောက အရေးကို ဂရုမစိုက်တဲ့ နတ်သမီးလေး တစ်ပါးလို နေရမယ်... နားလည်လား"

ချွေ့နင်အန်းက ကြင်နာစွာ သတိပေးလိုက်၏။

"ဟုတ်ကဲ့ပါ"

တင်းပိုင်ရွှယ် ခေါင်းညိတ်လိုက်ပြီး ချွေ့နင်အန်းကို အတုယူကာ တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံဖြင့် နေလိုက်၏။

ထိုအချိန်တွင် ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို ကျောတွင် လွယ်လျက် သိုင်းကွင်းပြင်သို့ ရောက်ရှိလာ၏။

"ရှောင်ဖန်ကူ... မင်းက ငါ့ကို ထပ်ခါထပ်ခါ စိန်ခေါ်ရတာ ပျော်နေတာလား"

ဟိုယွင်ကျဲ တိုက်ခိုက်ချင်စိတ် မရှိပေ။

တင်းပိုင်ရွှယ်အတွက် ဝင်ခွင့်ကိစ္စတွေ ကူညီပေးပြီးလျှင် စားပွဲတော်ခန်းမမှာ ယဲ့ဖုန်းတို့ကို စောင့်နေချင်သည်သာ။

"ဟိုယွင်ကျဲ... မင်း တိုက်ရမှာ ကြောက်နေရင်လည်း အရှုံးပေးလိုက်ပါတော့"

ရှောင်ဖန်ကူသည် အသစ်ဝယ်ထားသော ဝိညာဉ်ဓားကို "ထန်" ခနဲ ဆွဲထုတ်လိုက်ပြီး ဓားလက်သင်္ကေတ ဖော်ကာ ခေါင်းပေါ်တွင် ဝဲပျံစေလိုက်၏။ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်၏။

"ဒါဆိုလည်း တိုက်ကြတာပေါ့"

ဟိုယွင်ကျဲသည် စိတ်ရှုပ်စရာကောင်းသော ရှောင်ဖန်ကူကို အမြန် ရှင်းပစ်ချင်သဖြင့် ခါးကို ကွေးလိုက်ပြီး ဓားဆွဲထုတ်ရန် ဟန်ပြင်လိုက်သည်။ ဒါက 'ဓားဆွဲထုတ်ခြင်း နည်းစနစ်' ရဲ့ အစပျိုး ဟန်ပန်ပဲ ဖြစ်သည်။

"ဓားဆွဲထုတ်ခြင်း နည်းစနစ် ဟုတ်လား"

ပိုင်မင်လု စိတ်ဝင်စားသွားသည်။

ရှောင်ဖန်ကူသည် မျက်လုံးထောင့်စွန်းမှတဆင့် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သိုင်းကွင်းပြင်တဝိုက်တွင် လူထောင်ပေါင်းများစွာ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

နိုင်လိုက်လျှင် ဦးမော့သွားလာနိုင်မှာ ဖြစ်သလို ချင်းယွင်ဂိုဏ်းရဲ့ ဂုဏ်သတင်းကိုလည်း အများကြီး တက်စေမှာ ဖြစ်သည်။

ထိုအတွေးဖြင့် ရှောင်ဖန်ကူသည် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ဦးစွာ စတင် တိုက်ခိုက်လိုက်၏။

"မဆင်မခြင် မလုပ်နဲ့"

ပိုင်မင်လု သတိပေးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ချေ၏။

ဟိုယွင်ကျဲသာ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို တကယ် တတ်မြောက်ထားလျှင် ရှောင်ဖန်ကူက အရင် စတိုက်သည်က.. ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။

"ချင်းယွင် ဓားသိုင်း... ပျံသန်းနေသော ဓားပျံ"

ရှောင်ဖန်ကူသည် ဓားလက်သင်္ကေတ ဖော်ထုတ်ပြီး ဟိုယွင်ကျဲကို ပြင်းထန်စွာ လက်ညှိုးထိုးလိုက်၏။ သူ၏ ခေါင်းပေါ်မှ ဝိညာဉ်ဓားသည် ကြောက်မက်ဖွယ် စွမ်းအားဖြင့် ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်။ ထက်ရှသော ဓားအလင်းရောင်များ ရစ်သိုင်းလျက်၊ (၁၀) မီတာခန့် ရှည်လျားသော ဓားကြီးတစ်လက်အသွင် ပြောင်းလဲကာ အံ့မခန်း အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်၏။

ဟိုယွင်ကျဲ၏ မျက်နှာထား တည်ကြည်လေးနက်သွားပြီး ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ခွဲခြမ်းစိတ်ဖြာကာ ပြင်ဆင်လိုက်၏။

ထို့နောက် သူ ဓားကို စတင် ဆွဲထုတ်လိုက်သည်။

"ဓားဆွဲထုတ်ခြင်း နည်းစနစ်... စွမ်းအား (၇၀) ရာခိုင်နှုန်း"

ဟိုယွင်ကျဲသည် အားကုန်မသုံးဘဲ (၇၀) ရာခိုင်နှုန်းသာ ထုတ်သုံးလိုက်၏။ သို့သော် ထိုမျှလောက်နှင့်ပင် အေးစက် အလင်းဓားသည် ဓားအိမ်မှ ကျွတ်ထွက်သွားသည်နှင့် တပြိုင်နက် သိုင်းကွင်းပြင် တစ်ခုလုံးကို မျက်စိကျိန်းလောက်သော ဓားအလင်းရောင်များ လွှမ်းခြုံသွားလေတော့သည်။

"သောက်ကျိုးနည်း... မျက်စိကန်းတော့မယ်ဟ"

"ဒါက ဓားဆွဲထုတ်ခြင်း နည်းစနစ်လား... မျက်စိကန်းစေသော ဓားသိုင်း နဲ့ ပိုတူနေတယ်"

ဂိုဏ်းပေါင်းစုံမှ တပည့်များသည် မျက်လုံးများကို လက်ဖြင့် ကာကွယ်ပြီး ခေါင်းလွှဲလိုက်ကြရသည်။

"သိပ်စွမ်းတဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်ပဲ"

ပိုင်မင်လုသည် ထိုမျက်စိကျိန်းလောက်သော ဓားအလင်းရောင်ကို ကြည့်ရင်း အလင်းရောင်စူးလွန်းသဖြင့် မျက်ရည်များ အလိုလို ကျဆင်းလာကာ ပါးစပ်တွင် ကိုက်ထားသော ကောက်ရိုးပင်လေး လန့်ပြီး ပြုတ်ကျသွားသည်။

သိုင်းကွင်းပြင် အပြင်ဘက်တွင် ရှိနေကြသော ကျင့်ကြံခြင်းအဆင့် မြင့်မားသူ အချို့လည်း အံ့ဩတကြီး လှည့်ကြည့်လိုက်ကြ၏။

ဓားတစ်ချက် ခုတ်လိုက်ရာ ဟိုယွင်ကျဲသည် နေမင်းကြီးကိုပင် လွှမ်းမိုးသွားနိုင်သော ဓားအလင်းရောင်ကို ဖန်တီးလိုက်သည်။ "ခွမ်း" ခနဲ အသံနှင့်အတူ ရှောင်ဖန်ကူ၏ ဝိညာဉ်ဓားကို ပိုင်းဖြတ်ပစ်လိုက်ပြီး အရှိန်မသေသေးဘဲ စားပွဲတော် ခန်းမ၏ ခေါင်မိုးစွန်း တစ်ခုကိုပါ ဆက်လက် ခုတ်ပိုင်းပစ်လိုက်၏။

"ဒါ... ဒါက..."

ရှောင်ဖန်ကူသည် မြေကြီးပေါ်သို့ နှစ်ပိုင်းကျိုးကျသွားသော သူ၏ ဝိညာဉ်ဓားကို ကြည့်ပြီး ဟိုယွင်ကျဲကို လက်ညှိုးထိုးကာ စကားအထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်။

"မရှိတော့ဘူး... ငါ့ဓားလေး မရှိတော့ပြန်ဘူး"

အချိန်အတော်ကြာမှ ရှောင်ဖန်ကူသည် မြေကြီးပေါ်တွင် ဒူးထောက်ကျသွားပြီး ကျိုးပဲ့နေသော ဓားကို ငေးကြည့်ကာ သွားများ တဂျစ်ဂျစ် မြည်အောင် ရိုက်ခတ်နေ၏။

'ရွှမ်ယဲ့ ဓားပျံ' လည်း မရှိတော့ဘူး။

လဝက်လောက်ပဲ သုံးရသေးတဲ့ ဝိညာဉ်ဓားအသစ်လည်း မရှိတော့ဘူး။

ငါ့ဘဝကြီးကို သံသယဝင်သွားပြီ။

"သိပ်မိုက်တဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်ပဲ"

"ချင်းယွင်ဂိုဏ်းက ပိုင်မင်လုရဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်က ဒါနဲ့ ယှဉ်လိုက်ရင် အမှိုက်ပဲ"

"နေပါဦး... ဒီလူက ဘယ်သူလဲ"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပွဲကြည့်နေကြသော တပည့်များအကြား ဆွေးနွေးသံများ ပေါက်ကွဲထွက်ပေါ်လာ၏။

"ယွင်ကျဲ တကယ်နိုင်သွားပြီဟေ့"

တင်းပိုင်ရွှယ် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ပြီး ကလေးလေး တစ်ယောက်လို လက်ခုပ်တီးလိုက်၏။

ချွေ့နင်အန်းသည် ချက်ချင်း သိက္ခာမဲ့သွားသော တင်းပိုင်ရွှယ်ကို ဘေးတစောင်း ကြည့်လိုက်ပြီး နှုတ်ခမ်းများ တွန့်သွားမိသည်။ စိတ်ခံစားချက် အတက်အကျ မြန်လွန်းသော တင်းပိုင်ရွှယ်လို မိန်းကလေးမျိုးကို ဓားကလေး က ဘာလို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းထဲ ဝင်ခွင့်ပေးလိုက်တာလဲ ဆိုတာ သူမ.. နားမလည်နိုင် ဖြစ်နေ၏။

ဂိုဏ်းရဲ့ ပုံရိပ်ကို မထိခိုက်စေဘူးလား။

'ကြယ်နှစ်ပွင့်အဆင့်' အင်အားစုက တပည့်တွေအနေနှင့် 'ကျင့်ကျင့်' လိုမျိုး အချိန်တိုင်းမှာ ထိန်းထိန်းသိမ်းသိမ်း၊ သိက္ခာရှိရှိ၊ ဝမ်းနည်းဝမ်းသာ မဖြစ်ဘဲ နေသင့်သည်ဟု ချွေ့နင်အန်း ယုံကြည်ထားသည်။

[ ဒီနေရာမှာ သုံးထားတဲ့ "ကျင့်ကျင့်" (Jing Jing - 静静) ဆိုတာက တရုတ်အင်တာနက် စကားလုံးပါ။ စာလုံးရဲ့ မူရင်းအဓိပ္ပာယ်ကိုက ဒီဇာတ်ကောင်ရဲ့ ခံယူချက်ကို ထင်ဟပ်နေပါတယ်။

* 静 (Jing) ဆိုတာ "တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်း၊ တည်ငြိမ်ခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။

* သိုင်းလောကမှာ ပညာရှင်တွေ၊ ဂိုဏ်းကြီးက တပည့်တွေဆိုတာ "စိတ်ငြိမ်သက်ခြင်း" ရှိရမယ်၊ ခံစားချက်ကို မျက်နှာမှာ မပြရဘူး ဆိုတဲ့ စံထားချက်ရှိပါတယ်။

* ဒါကြောင့် ဒီစာပိုဒ်မှာ "ကျင့်ကျင့် လို နေသင့်တယ်" ဆိုတာ "ရေအိုင်လို တည်ငြိမ်နေသင့်တယ်" လို့ ပြောချင်တာပါ။

* တရုတ်အင်တာနက်မှာ အရမ်းခေတ်စားတဲ့ စကားတစ်ခွန်းရှိပါတယ်။ "Wo xiang Jing Jing" (我想静静) ပါ။

* အဓိပ္ပာယ်က “ငါ တစ်ယောက်တည်း အေးဆေးနေချင်တယ်” ဖြစ်ပေမယ့်၊ အသံထွက်အရ "ငါ ကျင့်ကျင့် (ဆိုတဲ့ကောင်မလေး) ကို လွမ်းနေတယ်/သတိရနေတယ်" လို့လည်း အဓိပ္ပာယ်ထွက်ပါတယ်။ ]

"ထားလိုက်ပါတော့... ဘာပဲပြောပြော သူက ပြင်ပက လာတာဆိုတော့ အချိန်ယူပြီး ပြုပြင်ရမှာပေါ့"

ချွေ့နင်အန်း တီးတိုး ရေရွတ်လိုက်၏။ ထို့နောက် မတ်မတ်ရပ်နေသော ဟိုယွင်ကျဲကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

'ဒီလူက တော်တော် မိုက်တာပဲ'

'သူ့ရဲ့ ဓားတစ်ချက်က သာမန် 'လူတစ်ပိုင်း အသွင်ပြောင်း နတ်ဆိုးသားရဲ' ကိုတောင် တားဆီးနိုင်လောက်တယ်'

"မြူခိုးဂိုဏ်းကို ဓားကလေးက ဘာလို့ ဒီလောက် တန်ဖိုးထားလဲ ဆိုတာ အခုမှ သိတော့တယ်... သူတို့ဆီမှာ ဒီလို ကြောက်စရာကောင်းတဲ့ ဓားသိုင်းပါရမီရှင်မျိုး ရှိနေတာကိုး... သူသာ ငါတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းမှာ ရှိရင် သေချာပေါက် အထူးပြုစုပျိုးထောင်ခံရမှာ"

ထိုသို့ တွေးနေစဉ် ချွေ့နင်အန်းသည် ဟိုယွင်ကျဲ ခုတ်ပိုင်းလိုက်သော ခေါင်မိုးစွန်းကို ကြည့်လိုက်မိပြီး အသက်ရှူ ရပ်တန့်သွားမလို ဖြစ်သွားသည်။

"ဘယ်သူက စားပွဲတော်ခန်းမကို ဖျက်ဆီးလိုက်တာလဲ"

ထိုအချိန်တွင် သစ်သားတုတ်ကောက်ကို ကိုင်ဆောင်ထားသော စုတ်တီးစုတ်ပြတ် အဘိုးအို တစ်ယောက် သည် သိုင်းကွင်းပြင်ထဲသို့ ခုန်လွှား ဝင်လာ၏။ 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်' ဖိအားများကို ထုတ်လွှတ်လျက် စားပွဲတော်ခန်းမ၏ ခေါင်မိုးစွန်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ မေးမြန်းလိုက်တော့သည်။

ချွေ့နင်အန်းသည် အဘိုးအို၏ မျက်နှာကို ကြည့်လိုက်ပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ဘယ်နေရာမှာ တွေ့ဖူးပါလိမ့်။

လူတိုင်း လှမ်းကြည့်လိုက်ကြပြီး ခေါင်မိုးစွန်း ပြတ်တောက်သွားသည်ကို တွေ့ရှိသွားကြ၏။ အပြစ်လွတ်အောင် နေလိုကြသဖြင့် အားလုံးက ရှက်ရွံ့နေသော ဟိုယွင်ကျဲကို လက်ညှိုးထိုးပြပြီး ပြိုင်တူ ပြောလိုက်ကြသည်။

"သူ လုပ်တာပါ"

ဟိုယွင်ကျဲ ရင်ထဲတွင် 'ဒုက္ခပဲ' ဟု တွေးလိုက်မိသည်။

"လုပ်တာ ကောင်းတယ်ကွ"

မမျှော်လင့်ဘဲ အဘိုးအိုက သူ့ကို ချီးကျူးလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ငါ ဒီစားပွဲတော်ခန်းမကြီးကို ကြည့်မရတာ ကြာပြီ... အကုန် ဖောက်ခွဲပစ်လိုက်စမ်း"

ထိုသို့ ပြောပြီးနောက် အဘိုးအိုသည် 'ဓာတ်ကြီးငါးပါး စုစည်းခြင်း (၉) ဆင့်မြောက်' ကြောက်မက်ဖွယ် ဖိအားများကို ထုတ်လွှတ်လိုက်ပြီး စားပွဲတော်ခန်းမထဲသို့ ဝင်ရောက်ကာ အတွင်းရှိ လူများကို အပြင်သို့ လွှင့်ပစ်လိုက်၏။

နောက်တစ်ခဏတွင် မျက်စိကျိန်းလောက်သော အလင်းတန်းများ ခန်းမကြီးထဲမှ ပေါက်ကွဲထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ဒီရေလှိုင်းလုံးကြီးတစ်ခု နောက်မှ လိုက်ပါလာ၏။

"ဝုန်း..."

အားလုံး အံ့ဩတုန်လှုပ်နေကြစဉ် နှစ်ရာချီ သက်တမ်းရှိသော စားပွဲတော်ခန်းမကြီးသည် အဘိုးအို၏ လက်ချက်ဖြင့် ပေါက်ကွဲထွက်သွားပြီး အပျက်အစီးပုံ ဘဝသို့ ရောက်ရှိသွားလေတော့သည်။

"ဒါ... ဒါက..."

အားလုံး ကြောင်အသွားကြ၏။

ချွေ့နင်အန်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သိက္ခာကို မထိန်းနိုင်တော့ဘဲ မျက်နှာ ဖြူဖျော့သွားကာ အော်ဟစ်လိုက်၏။

"ဒါ အရင် ဂိုဏ်းချုပ်ကြီးပဲ... 'ဝိညာဉ်ပင်လယ်အဆင့်' ကို တက်လှမ်းဖို့ ကြိုးစားရင်း ရူးသွပ်သွားလို့ ရာထူးကနေ ဖယ်ရှားခံလိုက်ရတာလေ... ဂိုဏ်းချုပ်က သူ့ကို ချုပ်နှောင်ထားတယ်လို့ သတင်းထွက်နေတာ... ဘယ်လိုလုပ် ထွက်လာတာလဲ"

"အရင် ဂိုဏ်းချုပ်ကြီး ဟုတ်လား... ဒါကြောင့် ဒီလောက် ကြမ်းနေတာကိုး"

တင်းပိုင်ရွှယ် အံ့ဩတကြီး ရေရွတ်လိုက်၏။

"အကြီးအကဲ တင်း ... ခင်ဗျား ဘာတွေ လုပ်လိုက်တာလဲ"

ရုတ်တရက် ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံ တစ်သံ ထွက်ပေါ်လာ၏။

လူတိုင်း မော့ကြည့်လိုက်ရာ လေထဲတွင် ခန့်ညားထည်ဝါစွာ ရပ်နေသော ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏ အဝတ်အစားများ လွင့်ပျံနေပြီး လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးနှင့် တူနေ၏။ သူသည် လေထဲ၌၊ လက်သင်္ကေတများ ဆွဲသားလိုက်ပြီး အရပ်မျက်နှာစုံမှ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ တဆက်တည်း၌၊ မီတာရာချီ ကျယ်ဝန်းသော လက်ဝါးရာကြီးတစ်ခု ဖန်တီးပြီး ရူးသွပ်နေသော အဘိုးအိုထံသို့ ရိုက်ချလိုက်၏။

"ဒါ လက်ရှိ ဂိုဏ်းချုပ်ကြီး ပဲ"

ဝင်ရောက် တားဆီးပေးသော ဆံပင်ဖြူ အဘိုးအိုကို မြင်လိုက်ရသဖြင့် ချွေ့နင်အန်း စိတ်သက်သာရာ ရသွားသည်။

ရူးသွပ်နေသော အဘိုးအိုသည် ကျဆင်းလာသော လက်ဝါးရာကြီးကို ရင်ဆိုင်ရင်း မျက်နှာအမူအရာ မပြောင်းလဲဘဲ သစ်သားတုတ်ကောက်ဖြင့် ထိုးလိုက်ရာ တောင်ကြီးတစ်လုံးကိုပင် ချေမှုန်းနိုင်သော လက်ဝါးရာကြီးသည် ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။ တန်ပြန်သက်ရောက်မှုကြောင့် 'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် နောက်သို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။

မြင်ကွင်းတစ်ခုလုံး တုန်လှုပ်သွားကြ၏။

လက်ရှိ ဂိုဏ်းချုပ်ကြီးက 'ဓာတ်ကြီးငါးပါး စုစည်းခြင်း (၉) ဆင့်မြောက်' ပညာရှင်ကြီးလေ... ရူးသွပ်နေသော အဘိုးအိုရဲ့ တိုက်ခိုက်မှုကို တစ်ချက်တောင် မခံနိုင်ဘူးတဲ့လား။

"ဟားဟားဟား"

ရူးသွပ်နေသော အဘိုးအိုသည် ကောင်းကင်သို့ ပျံတက်သွားပြီး အဝေးသို့ ထွက်ခွာသွားသည်။

"နတ်ဆိုးအိုကြီး တင်း ... ပြန်လာခဲ့စမ်း"

လက်ရှိ ဂိုဏ်းချုပ်ကြီးသည် ရူးသွပ်နေသော အဘိုးအို ထွက်ပြေးသွားရာ ဘက်သို့ ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး လိုက်ဖမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး သွေးတစ်လုပ် ထပ်အန်လိုက်ရသည်။ သူ၏ မျက်နှာ ရုတ်ချည်း မဲမှောင်သွားရသည်။

"နှစ်နည်းနည်းလေးပဲ ရှိသေးတာ... နတ်ဆိုးအိုကြီး တင်း ရဲ့ စွမ်းအားက ဘယ်လိုလုပ် ဒီလောက် တိုးတက်လာရတာလဲ... ဘာတွေ ဖြစ်ကုန်တာလဲ"

ဖေးလိုင် တောင်ထိပ်၏ တောင်ခါးပန်းတွင် ဖြစ်သည်။

ယဲ့ဖုန်းနှင့် တပည့်များသည် ဤနေရာသို့ ရောက်ရှိလာကြပြီး လက်ရှိ ဂိုဏ်းချုပ်ကြီး အပြင်းအထန် ဒဏ်ရာရသွားသည့် မြင်ကွင်းကို အချိန်မီ မြင်တွေ့လိုက်ရသဖြင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ ဒီအဘိုးကြီးက 'အစွယ်ပါ ဝက်ရူး' နဲ့ 'အတောင်ပံနှစ်ဖက်ပါ မိကျောင်းဘီလူးကြီး' ထက်တောင် ပိုကြမ်းသေးပါလား။

"အကြီးအကဲ တင်း.. ပြန်ရူးသွားပြန်ပြီ"

လမ်းပြလာသော ကျိဝူရွှမ်သည် ရူးသွပ်နေသော အဘိုးအို ထွက်ပြေးသွားရာ ဘက်ကို ကြည့်ပြီး မျက်လုံးထောင့်စွန်းများ ဆက်တိုက် လှုပ်ခတ်နေ၏။

"အဲဒါ ခင်ဗျားတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းက အကြီးအကဲ တကယ် ဟုတ်လို့လားဗျာ"

ယဲ့ဖုန်းသည် ကျိဝူရွှမ်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးပြူးကာ အံ့ဩတကြီး မေးလိုက်၏။

အခြားတပည့်များ၏ မျက်နှာပေါ်တွင်လည်း စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး ထိုရူးသွပ်နေသော အဘိုးအိုက ဘယ်သူလဲ ဆိုတာကို သိချင်နေကြ၏။

အခန်း (၁၇၀) - ရူးသွပ်နေသော အဘိုးကြီး၏ နောက်ခံသမိုင်း၊ လုံကျို၏ ရောက်ရှိလာခြင်း

~ကျိဝူရွှမ်သည် လူအုပ်ကြီး၏ စူးစမ်းလိုစိတ် ပြင်းပြနေသော အကြည့်များကို ရင်ဆိုင်လိုက်ရပြီး အကူအညီမဲ့သော မျက်နှာဖြင့် ရှင်းပြရုံမှတပါး အခြား မတတ်နိုင်တော့ပေ။

"အကြီးအကဲ တင်း က အရင် ဂိုဏ်းချုပ်ကြီး ပါ... 'ဓာတ်ကြီးငါးပါး စုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်' ကို ရောက်ရှိထားသူပါ... ဒါ့အပြင် သူက 'ဝိညာဉ်ပင်လယ်အဆင့်' ကို တက်လှမ်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်... ဒါပေမဲ့ အားလုံး ကျရှုံးသွားပြီးတဲ့နောက်မှာ သူ ရူးသွပ်သွားခဲ့တာပါ"

ကျိဝူရွှမ် ခေတ္တမျှ ရပ်နားလိုက်၏။

"ရူးသွပ်နေသူတစ်ယောက်ကတော့ သြဇာအာဏာ ကြီးမားတဲ့ ဂိုဏ်းချုပ်ကြီး နေရာကို ဆက်ပြီး ရယူထားဖို့ မသင့်တော်ပါဘူး... ဒါကြောင့် ဂိုဏ်းချုပ်က သူ့ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး အရင် ဒုတိယ အကြီးအကဲက နေရာဆက်ခံခဲ့တာပါ"

ယဲ့ဖုန်းက မေးလိုက်၏။

"အဲဒီနောက် ဘာဆက်ဖြစ်လဲဗျ"

"အကြီးအကဲ တင် ရူးသွပ်သွားပြီးနောက်ပိုင်း အကျဉ်းချခံထားရပါတယ်... အဲဒီနောက်ပိုင်း သူ လုံးဝ ပေါ်မလာတော့ဘူးလို့ ကျွန်တော် မှတ်မိတယ်... အခု သူ ဘယ်လိုလုပ် လွတ်လာလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး"

ကျိဝူရွှမ် ခေါင်းခါလိုက်ပြီး မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်နေ၏။

'ဓာတ်ကြီးငါးပါး စုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်' ရှိသည့် အရူး တစ်ယောက်က အလွန် အန္တရာယ်များလှသည်။

‘ဘာပဲပြောပြော ရူးသွပ်နေသည့် ကျင့်ကြံသူက အကြောက်စရာ အကောင်းဆုံးပဲ မဟုတ်လား။

သူ ဘယ်အချိန် ခိုးဝင်လာပြီး နောက်ကျောကို ဓားနှင့် ထိုးမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။

ဘယ်သူကများ ကာကွယ်နိုင်မှာလဲ။

ပြီးတော့ အကြီးအကဲ တင် ရဲ့ စွမ်းအားနဲ့သာဆိုရင် သူသာ တကယ် သောင်းကျန်းချင်ရင် မိုင်တစ်ထောင် ပတ်လည်မှာ သူ့ကို နှိမ်နင်းနိုင်မယ့်သူဆိုလို့ ဂိုဏ်းချုပ် နဲ့ 'ဝိညာဉ်ပင်လယ်အဆင့်' ရှိတဲ့ အထွတ်အထိပ် အကြီးအကဲတွေလောက်ပဲ ရှိမှာ။’

ထိုအချက်ကို တွေးမိပြီး ကျိဝူရွှမ် ပို၍ စိုးရိမ်လာ၏။

မူလကတော့ အကြီးအကဲ တင် သာ 'ဝိညာဉ်ပင်လယ်အဆင့်' ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင် ရူးသွပ်သွားမှာ မဟုတ်သလို၊ 'မြင့်မြတ်သော လေဓား'ဂိုဏ်းအနေနှင့်လည်း စွမ်းအားကြီး အထွတ်အထိပ် အကြီးအကဲတစ်ဦး ထပ်တိုးလာမှာ ဖြစ်သည်။

သို့သော်၊ လက်ရှိ အခြေအနေမှန်ကတော့ အကြီးအကဲ တင် ရူးသွပ်သွားခဲ့ပြီး ဂိုဏ်းချုပ်အနေနှင့် သူ့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် တာဝန်ပေးထားရသဖြင့် 'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ စုစုပေါင်း အင်အားကို လျော့နည်းစေခဲ့၏။

ယဲ့ဖုန်းသည် အကြီးအကဲ တင် ထွက်ပြေးသွားရာ ဘက်ကို လှမ်းကြည့်ပြီး နက်နဲစွာ တွေးတောနေမိသည်။

‘ဒီရူးသွပ်နေတဲ့ အကြီးအကဲ တင် က တကယ့်ကို အကြီးစား ဖုံးကွယ်ထားတဲ့ အန္တရာယ်ကြီးပဲ။’

ခဏအကြာတွင် ယဲ့ဖုန်းနှင့် ကျိဝူရွှမ်တို့ သိုင်းကွင်းပြင်သို့ ရောက်ရှိလာကြပြီး ပြိုကျပျက်စီးနေသော စားပွဲတော်ခန်းမနှင့် မြေကြီးပေါ်တွင် ဒူးထောက်ကာ တုန်ရီနေသော ရှောင်ဖန်ကူကို တွေ့လိုက်ရသည်။

"ငါ့ရဲ့ ချစ်လှစွာသော ဝိညာဉ်ဓားလေး"

ရှောင်ဖန်ကူသည် နှစ်ပိုင်းကျိုးနေသော ဓားကို ကိုင်ထားပြီး ဒေါသထွက်လွန်းသဖြင့် အံကို ကြိတ်ထားသည်။

သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဓားကိုင်ကာ ရပ်နေသော ဟိုယွင်ကျဲကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

"မင်း.. ငါ့ကို ဝိညာဉ်ဓားတစ်လက် ပြန်လျော်ရမယ်"

"ငါက မင်းကို တော်တော် စွမ်းမယ် ထင်လို့ အားကုန်ထုတ်လိုက်မိတာ... မင်းက ဒီလောက် တိုးတက်မှု နည်းလိမ့်မယ်လို့ မထင်ထားဘူး... ဒါကြောင့် မတော်တဆ မင်းဓားကို ဖျက်ဆီးမိသွားတာ... ဒါပေမဲ့ နောက်တစ်ခါ ထပ်တိုက်ရင်လည်း ငါ အားကုန်ထုတ်ဦးမှာပဲလို့ ထင်တာပဲ"

ဟု ဟိုယွင်ကျဲ တည်ငြိမ်စွာ ပြောလိုက်၏။

ယဲ့ဖုန်းနှင့် အချိန်အကြာကြီး နေပြီးသည့်နောက် သူလည်း "ဉာဏ်များ" တတ်လာပြီလေ။

သူက စွမ်းအား (၇၀) ရာခိုင်နှုန်းလောက်ပဲ သုံးခဲ့တာကို အားကုန်ထုတ်ခဲ့သည်ဟု ပြောလိုက်ခြင်းအားဖြင့် တခြားသူတွေ သူ့ရဲ့ စွမ်းအားအမှန်ကို ခန့်မှန်းရ ခက်သွားစေသည်။

"ကောင်းတယ်... သိပ်ကောင်းတယ်"

ရှောင်ဖန်ကူသည် ဟိုယွင်ကျဲကို လက်ညှိုးထိုးကာ ဒေါသထွက်လွန်းသဖြင့် စကားမပြောနိုင် ဖြစ်နေ၏။

"ဂျူနီယာညီလေး ရှောင်... ပြန်လာခဲ့"

ပိုင်မင်လုသည် လမ်းဘေးမှ မြက်ပင် တစ်ပင်ကို နှုတ်ကာ ဆက်လက် ဝါးနေပြီး ရှောင်ဖန်ကူကို လက်ယပ်ခေါ်လိုက်ခြင်းပင်။

ရှောင်ဖန်ကူ အပေါ် အလွန် ဂရုစိုက်သော ရှီးရှင်းယွီသည် ရှေ့ဆုံးမှ ပြေးသွားပြီး သူ့ကို တွဲထူပေးလိုက်၏။

"ယွင်ကျဲ... လုပ်တာ ကောင်းတယ်"

ထိုအချိန်တွင် ယဲ့ဖုန်း၏ အသံ ထွက်ပေါ်လာ၏။

ဟိုယွင်ကျဲသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ယဲ့ဖုန်းနှင့် အခြားသူများ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သူ အမြန် ပြေးသွားပြီး လုံထျန်းရှင်း၏ ခေါင်းကို ပြုံးလျက် ပုတ်ပေးကာ လက်သီးဆုပ် ဦးညွှတ်လိုက်၏။

"ဂိုဏ်းချုပ်ဦးလေး... ရောက်လာပြီကိုး"

"နှမြောစရာ ကောင်းတာက ငါ နောက်ကျမှ ရောက်လာတော့ မင်း ရှောင်ဖန်ကူကို နိုင်လိုက်တယ် ဆိုတာလောက်ပဲ သိရတယ်... ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင် မမြင်လိုက်ရဘူး"

ယဲ့ဖုန်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး 'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ အတွင်းစည်းတပည့် ဝတ်စုံ ဝတ်ဆင်ထားသော တင်းပိုင်ရွှယ်ကို တွေ့လိုက်ရသည်။

"စီနီယာအစ်ကို ကျိ... ဘာကိစ္စ ရှိလို့ပါလဲ"

ချွေ့နင်အန်းသည် ကြောင်က ကြွက်ကို မြင်လိုက်ရသကဲ့သို့ ကျိဝူရွှမ်ကို မြင်သည်နှင့် တပြိုင်နက် ရိုသေလေးစားစွာ နှုတ်ဆက်လိုက်၏။

"ဟယ်... အဲဒါ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ရဲ့ မြေး... စီနီယာ ကျိဝူရွှမ် မဟုတ်လား... မြန်မြန် သွားနှုတ်ဆက်ရအောင်"

အနီးနားမှ ဖြတ်သွားသော 'မြင့်မြတ်သော လေဓား'ဂိုဏ်းမှ အမျိုးသမီးတပည့် နှစ်ဦးသည် တိုးတိုးတိတ်တိတ် ပြောဆိုပြီးနောက် အနားကပ်လာကာ ခါးကိုင်း၍ နှုတ်ဆက်လိုက်ကြ၏။

"မိန်းကလေးတို့... တာဝန်မပျက်စေနဲ့... ဆက်လုပ်ကြပါ"

ကျိဝူရွှမ်သည် ရှုပ်ရှုပ်ယှက်ယှက်များကို မကြိုက်သဖြင့် လက်ကာပြလိုက်၏။

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိသည်။

'ကျိဝူရွှမ်က စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲရဲ့ မြေး ဖြစ်နေတာကိုး... ဒါကြောင့် တပည့်တွေ အများကြီးက သူ့ကို လေးစားနေကြတာ... အထူးသဖြင့် စောစောက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သားတွေဆို သူ့ကို အကြီးအကျယ် ရိုသေကြတာပဲ'

'ဒုတိယမျိုးဆက် ကျင့်ကြံသူတွေ က တကယ် ကြောက်စရာ ကောင်းတာပဲ'

ယဲ့ဖုန်း တွေးလိုက်မိသည်။

"အဟမ်း... အဟမ်း..."

ထိုအချိန်တွင် ကျယ်လောင်သော ချောင်းဆိုးသံတစ်သံသည် နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး မိုးခြိမ်းသံကဲ့သို့ နက်ရှိုင်းသော အစစ်အမှန်ယွမ် ဖိအားများ ပါဝင်နေသဖြင့် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားသွားသည်။

"အကြောင်းအမျိုးမျိုးကြောင့် ဖေးလိုင် တောင်ထိပ်က စားပွဲတော်ခန်းမ ပြိုကျပျက်စီးသွားလို့ ညစာစားပွဲကို သတ်မှတ်ထားတဲ့အတိုင်း မကျင်းပနိုင်တော့ပါဘူး... မိတ်ဆွေ ကျင့်ကြံသူအပေါင်းတို့... ကျေးဇူးပြုပြီး သက်ဆိုင်ရာ တည်းခိုဆောင်တွေဆီ ပြန်ပြီး အနားယူကြပါ... မနက်ဖြန် နေ့လည်ကျမှ ဓားကလေး အပ်နှင်းပွဲ အခမ်းအနားကို တရားဝင် ကျင်းပပါလိမ့်မယ်"

အသံဆုံးသည်နှင့် ဂိုဏ်းပေါင်းစုံမှ တပည့်များသည် အင်္ကျီလက်စများကို ခါလိုက်ပြီး ထွက်ခွာသွားကြ၏။

"ဟိုယွင်ကျဲ... မင်း စောင့်နေလိုက်"

မနီးမဝေးတွင် ကျိုးပဲ့နေသော ဓားကို ကိုင်ထားသည့် ရှောင်ဖန်ကူက ရက်စက်စွာ ခြိမ်းခြောက်လိုက်၏။

"ဂျူနီယာညီလေး... ပြန်ပြီး ကြိုးစား ကျင့်ကြံကြတာပေါ့... စွမ်းအားတွေ တိုးတက်လာမှ ပြန်စိန်ခေါ်လည်း နောက်မကျပါဘူး"

ရှီးရှင်းယွီနှင့် ပိုင်မင်လုတို့သည် ရှောင်ဖန်ကူကို တစ်ဖက်တစ်ချက်စီ တွဲကာ ဆွဲခေါ်သွားကြ၏။

"ခင်ဗျား နောက်ထပ် (၁၀) နှစ်လောက် ကျင့်ကြံရင်တောင် ဒုတိယစီနီယာအစ်ကိုရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ပါဘူး"

လုံထျန်းရှင်းက မျက်နှာပြောင်တိုက်ပြီး ပြောလိုက်ရာ ရှောင်ဖန်ကူ ဒေါသထွက်လွန်းသဖြင့် ပြန်လှည့်ပြီး ဝင်ကိုက်ချင်စိတ် ပေါက်သွားသည်။

"ရန်မီးပွားအောင် ထပ်လုပ်နေပြန်ပြီ"

ယဲ့ဖုန်းသည် လုံထျန်းရှင်း၏ ခေါင်းကို အသာ ခေါက်လိုက်၏။

"ကျွန်တော်က ဖြစ်တည်နေတဲ့ အမှန်တရားကို ပြောတာပါဗျ"

လုံထျန်းရှင်းက လေးနက်စွာ ငြင်းချက်ထုတ်လိုက်၏။

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်ပြီး လုံထျန်းရှင်း၏ ပခုံးကို ဆွဲကာ တောင်အောက်သို့ ဆွဲခေါ်သွားရင်း ပြောလိုက်၏။

"စားသောက်ပွဲကြီး ကြုံရတော့မယ် မှတ်နေတာ... အခုတော့ စားပွဲတော်ခန်းမကြီး မရှိတော့ဘူး... ကိုယ့်ဘာသာကိုယ် အစာထွက်ရှာရတော့မယ်... စိတ်ပျက်စရာ ကောင်းလိုက်တာ"

"ဂိုဏ်းချုပ်ယဲ့... အိမ်ရှင်တစ်ယောက်ရဲ့ တာဝန်ကျေပွန်ဖို့အတွက် ကျွန်တော့်ကို ဧည့်ခံခွင့် ပြုပါ"

ကျိဝူရွှမ်က နူးညံ့သော အပြုံးဖြင့် ပြောလိုက်၏။

"ဒါဆိုရင်လည်း အားမနာတော့ပါဘူးဗျာ"

ယဲ့ဖုန်းသည် ဖုံးကွယ်ထားသော ပျော်ရွှင်မှုဖြင့် ချက်ချင်း လက်ခံလိုက်၏။

*

ထိုအချိန်၊ လေနတ်ဘုရား မြို့တော်၊ မြောက်ဘက် မြို့တံခါးဝတွင် ဖြစ်သည်။

ငွေမီးခိုးရောင် ဆံပင်များနှင့် ဖျော့တော့သော အပြာရောင် မျက်လုံးများ ပိုင်ဆိုင်ထားသည့် တောင့်တင်းသန်မာသော လူလတ်ပိုင်း တစ်ဦးသည် မြို့တံခါးဝကို ဖြတ်ကျော်ဝင်ရောက်လာပြီး လက်ထဲမှ သံလိုက်အိမ်မြှောင်ကို တစ်ချက် ကြည့်လိုက်၏။

ဤသူသည် လုံကျို မှလွဲ၍ အခြားသူ မဟုတ်ချေ။

"တောင်ဘက်တည့်တည့်... နောက်ထပ် မိုင် (၁၃၀) လောက် သွားရမယ်"

သံလိုက်အိမ်မြှောင်၏ ညွှန်ပြချက်အတိုင်း လုံကျိုသည် ရှန်ပေ လမ်းမကြီးအတိုင်း တောင်ဘက်သို့ ဦးတည်သွားတော့သည်။

ရှန်ပေ လမ်းမကြီး၊ အမှတ် (၁၀၀၈)။

ဤနေရာတွင် ဧကရာပေါင်းများစွာ ကျယ်ဝန်းသော "ဖုန်းယွင်" ဟု အမည်ရသည့် ဇိမ်ခံ စားသောက်ဆိုင်ကြီး တစ်ခု ရှိသည်။ ကျင့်ကြံသူများဖြင့် အမြဲတမ်း စည်ကားနေသည့် အလျောက်၊ လေနတ်ဘုရား မြို့တော်တွင် အလွန် ကျော်ကြားလေသည်။

"ဟဲရှောင်" ဟု အမည်ရသော ဧည့်ခံခန်းမဆောင်ကြီး တစ်ခုထဲတွင် ယဲ့ဖုန်း၊ ကျိဝူရွှမ်နှင့် အခြား (၁၀) ဦးခန့်သည် စားပွဲဝိုင်းကြီးတစ်လုံးတွင် ဝိုင်းဖွဲ့ထိုင်ကာ ထူးကဲသော ဟင်းပွဲများကို အရသာရှိရှိ စားသောက်နေကြ၏။

"ဒါတွေ အကုန်လုံးက 'ဝိညာဉ်ဟင်းပွဲ' တွေပဲ"

လီကျောက်ကျောက်သည် စားပွဲပေါ်တွင် ခင်းကျင်းထားသော ဟင်းပွဲများကို ကြည့်ပြီး အစပထမတွင် အံ့ဩဝမ်းသာ ဖြစ်သွားသော်လည်း၊ နောက်ပိုင်းတွင် သူမနှင့် အခြား ဝိညာဉ်စားဖိုမှူးများ အကြားမှ ကွာဟချက် ကြီးမားပုံကို သဘောပေါက်လိုက် သည့်အခါ၊ မျက်နှာထား ညှိုးငယ်သွားသည်။

သူမ ဝိညာဉ်ဟင်းပွဲတွေ ချက်ပြုတ်နိုင်ခဲ့သည် ဆိုသော်ငြား၊ အဲဒါက 'အင်မော်တယ် ဟင်းသီးဟင်းရွက်' တွေလိုမျိုး အဆင့်မြင့် ကုန်ကြမ်းတွေကို မှီခိုထားရ၍သာ ဖြစ်သည်။ ချက်တတ်ပြုတ်တတ်သည့် ဘယ်သူမဆို အဲဒီကုန်ကြမ်းတွေကို သုံးလျှင် ဝိညာဉ်ဟင်းပွဲ ဖြစ်လာမည်ပါပဲ။

သို့ရာတွင်၊ ဖုန်းယွင် စားသောက်ဆိုင်က ဝိညာဉ်စားဖိုမှူးတွေက မတူပါချေ။

သူတို့က သာမန် ကုန်ကြမ်းတွေကို သုံးပြီး ဝိညာဉ်ဟင်းပွဲ ဖြစ်အောင် ချက်ပြုတ်နိုင်၏။

ဒါမှမဟုတ် ဝိညာဉ်ဟင်းပွဲ မျိုးစုံကို ပေါင်းစပ်ပြီး အရည်အသွေး ပိုမြင့်သော ဟင်းပွဲကောင်းတွေကို ဖန်တီးနိုင်သည်။

"အခွင့်အရေးသာ ရမယ်ဆိုရင်... သမီး ဒီမှာ ခဏလောက် လေ့လာသင်ယူချင်လိုက်တာ"

လီကျောက်ကျောက်သည် ဝက်သားနီချက် တစ်တုံးကို စားရင်း မျက်လုံးများ အရောင်တောက်ကာ ပြောလိုက်၏။

"ဒီမိန်းကလေးကလည်း ဝိညာဉ်စားဖိုမှူးလား"

ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ဝဖြိုးဖြိုး စားဖိုမှူးကြီး တစ်ဦးက ပြုံးလျက် မေးလိုက်၏။

ကျိဝူရွှမ်ကဲ့သို့သော အဆင့်မြင့် ဧည့်သည်တော် လာရောက် စားသောက်သည့် အခါတိုင်း စားဖိုမှူးချုပ် ကိုယ်တိုင် လာရောက် ဧည့်ခံပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးလေ့ ရှိသည်။

"ဟုတ်... ဟုတ်သလိုပါပဲ"

လီကျောက်ကျောက် အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။

"ဒါဆိုရင်... ဒီစာအုပ်လေး ယူလိုက်ပါ"

ဝဖြိုးဖြိုး စားဖိုမှူးကြီးသည် "ဝိညာဉ်စားဖိုမှူးများ၏ အခြေခံ နားလည်မှု" ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်၏။

ဤစာအုပ်သည် ဝိညာဉ်စားဖိုမှူး လောကသို့ ဝင်ရောက်ရန်အတွက် အခြေခံ လမ်းညွှန်စာအုပ် ဖြစ်ပြီး တန်ဖိုးအားဖြင့် 'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး' (၅၀) ခန့် ရှိသည်။ စားဖိုမှူးကြီးအတွက် မများလှသော်လည်း လီကျောက်ကျောက်နှင့် ကျိဝူရွှမ်တို့၏ ခင်မင်မှုကို ရယူနိုင်မည်ဆိုလျှင် တန်သည်ဟု ယူဆသည်။

"ကျေးဇူးတင်ပါတယ်.. ဦးလေး"

လီကျောက်ကျောက်သည် စာအုပ်ကို လက်ခံယူပြီး ကပျာကယာ ကျေးဇူးတင်စကား ဆိုလိုက်၏။

ဝဖြိုးဖြိုး စားဖိုမှူးကြီး၏ မျက်နှာထား တောင့်တင်းသွားသည်။

'ငါက အသက် (၃၀) ပဲ ရှိပါသေးတယ်... ရုပ်က နည်းနည်း ရင့်နေလို့ပါ... တွေ့သမျှ လူ (၁၀) ယောက်မှာ (၉) ယောက်လောက်က ဘာလို့ ငါ့ကို ဦးလေးလို့ ခေါ်နေကြတာလဲကွာ'

စားဖိုမှူးကြီး စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။

ကျိဝူရွှမ်သည် စားဖိုမှူးကြီးကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်ဗျာ"

ထိုစကားကို ကြားသောအခါ စားဖိုမှူးကြီး စိတ်ထဲတွင် ကျေနပ်သွားသည်။

ကျိဝူရွှမ်က စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲရဲ့ မြေးလေ... လေနတ်ဘုရား မြို့တော်ရဲ့ မြို့စားမင်းတောင် သူ့ကို တွေ့လျှင် ပြုံးပြသည်... သူ၏ ကျေးဇူးတင်စကားကို ရလိုက်တာက နောင်တစ်ချိန် ကိစ္စတွေ အများကြီး အဆင်ပြေသွားစေနိုင်သည် မဟုတ်ပါလော။

ထို့နောက် သူတို့အဖွဲ့သည် ဆက်လက် စားသောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။

အမွှေးတိုင်တစ်တိုင် တစ်ဝက်ကျိုးစာ အချိန်ခန့် ကြာပြီးနောက်၊

လုံကျိုသည် ဖုန်းယွင် စားသောက်ဆိုင်သို့ ရောက်ရှိလာ၏။ သွေးမျိုးဆက် အရှိန်အဝါကို အာရုံခံလိုက်သည်။ ဟဲရှောင် ခန်းမဆောင်၏ တံခါးကို တွန်းဖွင့်လိုက်ရာ ငွေရောင်ဆံပင်နှင့် အပြာရောင် မျက်လုံးများ ပိုင်ဆိုင်ထားသော လုံထျန်းရှင်းကို ချက်ချင်း တွေ့ရှိလိုက်ရသဖြင့် သူ၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ လှိုင်းထသွားရသည်။

‘သန့်စင်လိုက်တဲ့ နဂါးသွေးမျိုးဆက်ပါလား’

လုံကျို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားလေတော့သည်။

အခန်း (၁၇၁) - နဂါးသွေးမျိုးဆက်၊ နောက်ခံသမိုင်းကြောင်း၏ လျှို့ဝှက်ချက်

~"ငါ့နောက် လိုက်ခဲ့"

လုံကျိုသည် လုံထျန်းရှင်း၏ အနောက်ဘက်သို့ ပျံလွှား ရောက်ရှိလာပြီး ပခုံးကို လှမ်းကိုင်ကာ ဖုန်းယွင် စားသောက်ဆိုင် အပြင်ဘက်သို့ ဆွဲခေါ်သွားရန် ပြင်လိုက်၏။

"ရပ်လိုက်စမ်း...ငါ့တပည့်ကို မထိနဲ့"

ယဲ့ဖုန်း ရုတ်တရက် အော်ဟစ်လိုက်သည်။

"ဝုန်း..."

'သူရဲကောင်းဝိညာဉ်စွမ်းအား' ရုန်းကြွလာပြီး လုံကျိုကို ချက်ချင်း နောက်လန်သွားစေသည်။ လုံကျိုသည် ယဲ့ဖုန်းကို လှည့်ကြည့်လိုက်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွား၏။

သာမန်လူသား တစ်ယောက်က ဒီလောက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားမျိုး ဘယ်လိုလုပ် ပိုင်ဆိုင်ထားတာလဲ ။ သူ နားမလည်နိုင် ဖြစ်နေ၏။

သို့သော် လုံကျိုသည် 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' ကျင့်ကြံသူ တစ်ဦး ဖြစ်သဖြင့် ယဲ့ဖုန်းကို မကြောက်ပေ။ ဒီနေရာမှာ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' ကျင့်ကြံသူ မရှိဘူးဟု ထင်ပြီး ပေါ့ဆနေမိ၍သာ ယခုလို လွင့်စင်သွားရတာ ဖြစ်သည်။

သူသာ အတည်ပေါက် တိုက်ခိုက်လိုက်လျှင် ယဲ့ဖုန်းကို ကြောက်စရာ အကြောင်း မရှိပေ။

ယဲ့ဖုန်းသည် လုံကျို လွင့်စင်သွားသည်ကို မြင်လိုက်ရသဖြင့် တိတ်တဆိတ် ဝမ်းသာသွားသည်။

'ဂုဏ်သတင်းတန်ဖိုးတွေ တက်လာတာနဲ့အမျှ သူရဲကောင်းဝိညာဉ်စွမ်းအားတွေက ပိုပိုများလာတယ်... အခုဆိုရင် သူရဲကောင်းဝိညာဉ်စွမ်းအား သက်သက်နဲ့တင် 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၂) အထွတ်အထိပ်' လောက်နဲ့ ယှဉ်နိုင်နေပြီ... မဆိုးဘူး'

သို့သော် လုံကျိုထံမှ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' အရှိန်အဝါကို အာရုံခံမိလိုက်ပြီးနောက် ယဲ့ဖုန်း၏ မျက်နှာထား အနည်းငယ် တည်ကြည်သွားကာ အသံနက်ကြီးဖြင့် မေးလိုက်၏။

"ခင်ဗျား ဘယ်သူလဲ... ဘာလို့ ကျွန်တော့်တပည့်ကို လာထိတာလဲ"

လုံကျိုက ပြန်မဖြေပေ။

ထိုစဉ်၊ ကျိဝူရွှမ် မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်က 'မြင့်မြတ်သော လေဓား'ဂိုဏ်းက ကျိဝူရွှမ် ပါ... လက်ရှိ မြူခိုးဂိုဏ်းက ဧည့်သည်တွေကို ဧည့်ခံနေတာပါ... ခင်ဗျားရဲ့ လုပ်ရပ်က လွန်လွန်းတယ် မထင်ဘူးလား"

လုံကျိုသည် ကျိဝူရွှမ်ကို အံ့ဩစွာ ကြည့်လိုက်၏။

ရှေ့မှ လူငယ်လေးသည် လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်သော ချီစုစည်းခြင်း အဆင့် အထွတ်အထိပ် သာ ရှိသော်လည်း ကျိဝူရွှမ်ကို ကြည့်လိုက်တိုင်း အကြောင်းပြချက် မရှိ ကြောက်ရွံ့မှုကို ခံစားနေရသည်။

ကြည့်ရတာ ကျိဝူရွှမ်ဆီမှာ အန္တရာယ် ရှိသော ဝှက်ဖဲ တစ်ခုခု ရှိနေပုံ ရသည်။

"ကြည့်ပါဦး... ဒီလူက ဂျူနီယာညီလေး လုံ နဲ့ တူလိုက်တာ... သူ့အဖေများလား"

"မဖြစ်နိုင်တာ... ဆံပင်အရောင်နဲ့ မျက်လုံးအရောင်ပဲ တူတာပါ... မျက်နှာသွင်ပြင်က တခြားစီပဲဟာ"

တပည့်များသည် လုံကျို၏ ရုပ်ရည်သွင်ပြင်ကို သတိထားမိလိုက်ကြ၏။

လုံထျန်းရှင်း ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ မျက်လုံးများ ပြူးကျယ်သွားပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်၏။

"ခင်... ခင်ဗျားက ကျွန်တော့်အဖေလား"

အဖေကို ရှာဖွေခြင်းသည် လုံထျန်းရှင်း၏ ကျင့်ကြံခြင်း တွန်းအားများထဲမှ တစ်ခု ဖြစ်သည်။

ယခု လုံကျိုကို မြင်လိုက်ရသောအခါ သူ့အဖေကို မြင်လိုက်ရသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ထဲတွင် ဗြောင်းဆန်နေ၏။

"ငါ့နာမည် လုံကျို ... မင်းနဲ့ တစ်မျိုးနွယ်တည်းပါ... ဒါပေမဲ့ မင်းအဖေတော့ မဟုတ်ဘူး"

လုံကျို ခေါင်းခါလိုက်ပြီး မျက်နှာတွင် ဝမ်းနည်းရိပ်သန်းသွားသည်။

မိန်းမတောင် မရှိသေးတဲ့ သူက ဘယ်လိုလုပ် သား ရှိမှာလဲ။

"ဒါဆို ကျွန်တော့်အဖေ ဘယ်သူလဲ ဆိုတာ ခင်ဗျား သိလား"

လုံထျန်းရှင်းသည် စူးစမ်းလိုစိတ်ဖြင့် လုံကျိုအနားသို့ တိုးကပ်သွားသည်။

လုံကျိုသည် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။

"ငါတို့ မျိုးနွယ်စုရဲ့ ကိစ္စတွေကို ပြင်ပလူတွေ သိလို့ မဖြစ်ဘူး... မင်းရဲ့ မျိုးရိုးဇာစ်မြစ်ကို သိချင်ရင် ငါ့နောက် လိုက်ခဲ့"

လုံထျန်းရှင်းသည် ရှိနေသူများကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးလိုက်၏။

"ဒါ ကျွန်တော်တို့ ဂိုဏ်းချုပ်ပါဗျ... ပြီးတော့ ဒါတွေအားလုံးက ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေပါ... ပြင်ပလူ မဟုတ်ပါဘူး"

လုံကျိုက ဆက်လက် ခေါင်းခါနေဆဲပင်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် ဝင်ပြောလိုက်၏။

"ခင်ဗျား ဘယ်သူလဲ... ဘယ်က လာတာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မပြောဘဲနဲ့တော့ သူ့ကို ခေါ်သွားခွင့် မပြုနိုင်ဘူး... ထျန်းရှင်း တခုခု ဖြစ်သွားရင် သူ့အမေကို ကျွန်တော် ဘယ်လို မျက်နှာပြရမလဲ"

လုံကျို၏ မျက်လုံးများ စူးရှသွားပြီး လုံထျန်းရှင်းကို ပြောလိုက်၏။

"မင်းအမေ ရှိသေးတာကိုး... ဒါကြောင့် မင်းဆီက သွေးမျိုးဆက် အရှိန်အဝါကို ငါ အရင်က အာရုံမခံနိုင်ခဲ့တာပဲ"

ထိုစကားကို ကြားသောအခါ အားလုံး နားမလည်နိုင် ဖြစ်သွားကြ၏။

လုံထျန်းရှင်း အမေ ရှိနေတာနဲ့ သွေးမျိုးဆက် အရှိန်အဝါ အာရုံခံတာ ဘာဆိုင်လို့လဲ။

ယဲ့ဖုန်း တစ်ယောက်တည်းသာ တွေးဆဆ ဖြစ်နေ၏။

‘အရင်တုန်းက လုံကျန်းချွမ် က ပြောခဲ့ဖူးတယ်... လုံထျန်းရှင်းကို ရေပေါ်ဖြူ မြို့တော် မိုင် (၃၀၀) ပတ်လည်ကနေ အဝေးကို မထွက်ခိုင်းပါနဲ့လို့။ အခု လုံကျိုရဲ့ စကားအရဆိုရင် လုံထျန်းရှင်း အမေ အသက်ရှင်နေတာနဲ့ သွေးမျိုးဆက် အာရုံခံတာ ဆက်စပ်နေတယ် ဆိုတော့... လုံထျန်းရှင်းက သူ့အမေနဲ့ မိုင် (၃၀၀) ထက် ဝေးသွားတာနဲ့ လုံကျိုလို လူမျိုးတွေက သူ့သွေးမျိုးဆက်ကို အာရုံခံမိသွားတာများလား။’

ယဲ့ဖုန်း နက်နဲစွာ တွေးတောနေမိသည်။

ထို့နောက် လုံကျိုက လုံထျန်းရှင်းကို ထပ်ပြောလိုက်၏။

"မင်းအဖေရဲ့ နောက်ခံသမိုင်းကြောင်းကို မသိချင်ဘူးလား... ဒါမှမဟုတ် မင်းအဖေကို မကယ်ချင်ဘူးလား"

နောက်ဆုံး စကားတစ်ခွန်းက လုံထျန်းရှင်း၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မေးလိုက်၏။

"ကျွန်တော့်အဖေ ဘာဖြစ်နေလို့လဲ"

"ငါ ပြောနိုင်တာကတော့ သူ အသက်ရှင်နေသေးတယ် ဆိုတာပဲ... ဒါပေမဲ့ သူ့ကို တွေ့ဖို့ဆိုတာ အရမ်း ခက်ခဲလိမ့်မယ်... ငါနဲ့ လိုက်ခဲ့ရင်တော့ သူ့ကို ကယ်တင်နိုင်မယ့် အခွင့်အရေး ရှိကောင်း ရှိလိမ့်မယ်"

လုံကျို စိတ်မရှည်တော့ဘဲ လုံထျန်းရှင်းကို အတင်း ခေါ်သွားရန် ပြင်လိုက်၏။

"အခြေအနေတွေ မသေချာမချင်း ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူ့ကို ခေါ်သွားခွင့် မပြုနိုင်ဘူး"

ယဲ့ဖုန်း မတ်တတ်ထရပ်လိုက်ပြီး ပြတ်သားသော လေသံဖြင့် ပြောလိုက်တော့သည်။

ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် သူ့တပည့်အတွက် တာဝန်ယူရမည်လေ။

လုံထျန်းရှင်း တခုခု ဖြစ်သွားပြီး ပြန်မလာနိုင်တော့လျှင် လုံကျန်းချွမ်ကို သူ ဘယ်လို မျက်နှာပြရပါမည်နည်း။

"ငါတို့ မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေ သွားလာလှုပ်ရှားတာကို မင်း ဝင်ပါစရာ မလိုဘူး"

လုံကျို သည်းမခံနိုင်တော့ဘဲ နောက်ဆုံးတွင် စတင် တိုက်ခိုက်လိုက်၏။

“ဝေါ..ဝေါ..”

လေပြင်းမုန်တိုင်း တစ်ခု တိုက်ခတ်လာပြီး လုံထျန်းရှင်းကို ရုတ်ချည်း လွှမ်းခြုံကာ လုံကျို ရှိရာဘက်သို့ စုပ်ယူလိုက်၏။

"ဂိုဏ်းချုပ်... ကယ်ပါဦး"

လုံထျန်းရှင်း ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ယဲ့ဖုန်းသည် 'အသေးစား ငှက်ပျောရွက် ယပ်တောင်' ကို ထုတ်ယူလိုက်ပြီး အားကုန် ဝှေ့ယမ်းလိုက်၏။

'မှော်ချေဖျက် လေပြင်း' တစ်ခု ထွက်ပေါ်လာပြီး လုံထျန်းရှင်းကို ရစ်ပတ်ထားသော မုန်တိုင်းကို ငြိမ်သက်သွားစေသည်။

"ငါတို့ မျိုးနွယ်စုရဲ့ မဟာစီမံကိန်းကို တားဆီးရဲတယ်ပေါ့... ငါ့ကို အပြစ်မတင်နဲ့တော့"

လုံကျို၏ မျက်နှာထား ရေခဲတမျှ အေးစက်သွားသည်။ သူ့ခန္ဓာကိုယ် တုန်ခါသွားပြီးနောက် ရွှေနီရောင် အလင်းရိပ်တစ်ခု နောက်ကျောတွင် ပေါ်လာ၏။ သူ၏ အရှိန် ရုတ်တရက် မြင့်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း လုံထျန်းရှင်း၏ ဘေးနားသို့ ရောက်ရှိသွားကာ ပခုံးကို ဆွဲပြီး ထွက်ခွာရန် ပြင်လိုက်၏။

"မောက်မာလိုက်တာ... ငါ့မျက်စိရှေ့မှာတင် လူကို လုရဲတယ်ပေါ့"

အကြိမ်ကြိမ် လျစ်လျူရှုခံထားရသော ကျိဝူရွှမ်၏ မျက်နှာထား အေးစက်သွားသည်။ သူသည် 'သတင်းပို့ စက္ကူချိုး ကြိုးကြာငှက်' တစ်ကောင်ကို ထုတ်ယူပြီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို ခေါ်ရန် ပြင်လိုက်၏။

" ဝေါ .."

ယဲ့ဖုန်း ရုတ်တရက် အရှိန်မြှင့်လိုက်ရာ ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်လာပြီး စက္ကူချိုး ကြိုးကြာငှက်ကိုပင် လွင့်စင်သွားစေသည်။

ထို့နောက် ကျိဝူရွှမ်နှင့် အခြားသူများ၏ အံ့ဩတကြီး ကြည့်ရှုနေမှုအောက်တွင် ယဲ့ဖုန်းသည် မီတာဆယ်ချီ အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်လိုက်၏။ လျှပ်တပြက်၊ လုံကျို၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်ရာ လုံကျို လွင့်စင်သွားတော့သည်။ မျက်နှာကြက်ကို ဖောက်ထွက်ကာ လူပုံသဏ္ဍာန် အပေါက်ကြီး ဖြစ်ပေါ်သွားစေသည်။

"ဆောရီးပါဗျာ... ငွေရှင်းတဲ့အခါ မျက်နှာကြက်ဖိုးပါ လျော်ပေးပါ့မယ်"

ယဲ့ဖုန်းသည် လက်သီးကို ပြန်ရုတ်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေသော ဝဖြိုးဖြိုး စားဖိုမှူးကြီးကို ပြုံးလျက် တောင်းပန်လိုက်၏။

ကျိဝူရွှမ်နှင့် ချွေ့နင်အန်းတို့သည် ယဲ့ဖုန်းကို ကြည့်ပြီး မယုံနိုင် ဖြစ်နေကြ၏။

'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' ရှိသော လုံကျိုတောင် မခံနိုင်တဲ့ လက်သီးချက်မျိုးကို သူ ဘယ်လို ထိုးလိုက်တာပါလိမ့်။

ကောင်းကင်ယံ အမြင့်တွင် ဖြစ်သည်။

လုံကျို သွေးတစ်လုပ် အန်ထုတ်လိုက်၏။

ယဲ့ဖုန်း ဒီလောက် စွမ်းမည်ဟု သူ ထင်မထားခဲ့မိပေ။

ဒီလက်သီးချက် တစ်ချက်တည်းနဲ့တင် ယဲ့ဖုန်းရဲ့ စွမ်းအားက 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' ရှိတဲ့ သူနဲ့ မတိမ်းမယိမ်း ဖြစ်နေ၏။ မျက်နှာချင်းဆိုင် သေချာ ယှဉ်တိုက်ရင်တော့ သူ နိုင်မယ်လို့ ယုံကြည်ပေမယ့်၊ စောစောက ပေါ့ဆမိလိုက်လို့သာ ဒီလက်သီးချက်ကို ခံလိုက်ရခြင်း ဖြစ်သည်။

"မဖြစ်ဘူး... ပြန်ဆုတ်မှ ရမယ်"

လုံကျို ဆက်မနေရဲတော့ဘဲ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားလေတော့သည်။

"ဂိုဏ်းချုပ်... သူ ထွက်သွားပြီ ထင်တယ်"

လုံထျန်းရှင်းသည် လုံကျို၏ အရှိန်အဝါ ဖျော့တော့သွားပြီး ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သဖြင့် ထွက်ပြေးသွားပြီ ဖြစ်ကြောင်း ခန့်မှန်းလိုက်၏။

"အင်း"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

လုံကျို၏ ရုန်းရင်းဆန်ခတ်မှုကြောင့် ရှိနေသူများ အစာစားချင်စိတ် ကုန်ခမ်းသွားကြပြီး ဈေးဝယ်ထွက်မည့် အစီအစဉ်လည်း ပျက်သွားလေတော့သည်။

စားသောက်ပြီးနောက် ယဲ့ဖုန်းသည် တပည့်များကို ခေါ်ဆောင်ကာ "ပန်းပွင့်ကြွေ ဥယျာဉ်" သို့ ပြန်လာခဲ့ကြ၏။

"ဂိုဏ်းချုပ်ယဲ့... ဒီနေရာက ကျွန်တော်တို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ ဂိုဏ်းတံခါး နယ်ပယ်ထဲမှာ ရှိနေတာပါ... အဲဒီလူ ပေါ်လာရဲမှာ မဟုတ်ပါဘူး... ဒါပေမဲ့ သူ လေနတ်ဘုရား မြို့တော်ထဲကို မခိုးဝင်လာဘူးလို့တော့ အာမမခံနိုင်ဘူးဗျ"

ကျိဝူရွှမ်သည် "ပန်းပွင့်ကြွေ ဥယျာဉ်" အပြင်ဘက်တွင် ရပ်လျက် ယဲ့ဖုန်းကို လက်သီးဆုပ် နှုတ်ဆက်ရင်း ပြောလိုက်၏။

ကျိဝူရွှမ်၏ စကားအဓိပ္ပာယ်က ရှင်းလင်းပါသည်။

လုံကျိုအနေနှင့် 'မြင့်မြတ်သော လေဓား'ဂိုဏ်းထဲအထိ ဝင်ပြီး လူလာဖမ်းရဲမှာ မဟုတ်သော်လည်း လေနတ်ဘုရား တောင်တနှးမှ ထွက်ခွာသွားတာနှင့်တပြိုင်နက် သတိထားဖို့ လိုအပ်ကြောင်း သတိပေးခြင်း ဖြစ်သည်။

"စိတ်မပူပါနဲ့... ကျွန်တော့်တပည့်တွေကို ကျွန်တော် သေချာ စောင့်ရှောက်ပါ့မယ်"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် ကျွန်တော် ပြန်ခွင့်ပြုပါဦး... မနက်ဖြန် ဓားကလေး အပ်နှင်းပွဲ အခမ်းအနားကျမှ ပြန်တွေ့ကြတာပေါ့"

ထိုသို့ ပြောပြီးနောက် ကျိဝူရွှမ် လှည့်ထွက်သွားသည်။

တောင်ထိပ်အချို့ကို ဖြတ်ကျော်ပျံသန်းပြီးနောက် ကျိဝူရွှမ်သည် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ အခြေစိုက်စခန်းသို့ ရောက်ရှိလာ၏။

စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်ဝယ်၊

အဝါရောင် ဂါဝန်ရှည် ဝတ်ဆင်ထားပြီး မျက်နှာကို ပဝါပါးဖြင့် ဖုံးအုပ်ထားသော လှပသည့် အမျိုးသမီးငယ်တစ်ဦးသည် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင် အတွင်းတွင် ရပ်နေ၏။ သူမသည် လက်ကို နောက်ပစ်လျက် ကောင်းကင်မှ လမင်းကြီးကို မော့ကြည့်နေသည်။ သူမ၏ အနောက်တွင် "'မြင့်မြတ်သော လေဓား'ဂိုဏ်း" ဟူသော စာတန်းပါသည့် ကျောက်စိမ်းပြားများ ချိတ်ဆွဲထားသော အခိုင်းအစေ မိန်းကလေး (၄) ဦး ရပ်နေကြ၏။

"တပည့် ကျိဝူရွှမ်... တောင်သခင်မကို ဂါရဝပြုပါတယ်"

ကျိဝူရွှမ်သည် မူရူရွှဲ့ ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

ဓားကလေး တိုင်းသည် ဂိုဏ်းချုပ်အဖြစ် တရားဝင် မဆက်ခံမီ အခြား အရေးကြီးသော ရာထူးတစ်ခုကို ရယူထားလေ့ ရှိသည်။

စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်၏ တောင်သခင်မ ရာထူးပင် ဖြစ်သည်။

မူရူရွှဲ့၏ ကျင့်ကြံခြင်းအဆင့်သည် စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်မှ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲများအောက် များစွာ နိမ့်ကျနေသော်လည်း သူမ၏ အဆင့်အတန်းသည် သာမန် အတွင်းစည်း အကြီးအကဲများထက် မြင့်မားပြီး မဟာအကြီးအကဲ ၊ ဂိုဏ်းချုပ်၊ ဒုတိယဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်အိုကြီး တို့၏ အောက်တွင်သာ ရှိသည်။

စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ် တစ်ခုလုံးသည် မူရူရွှဲ့ ပိုင်ဆိုင်သည်ဟု ပြော၍ ရပါသည်။

စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်မှ အကြီးအကဲများနှင့် တပည့်များအားလုံးသည် မူရူရွှဲ့၏ အမိန့်ကို နာခံကြရသည်။

"စီစဉ်ထားတာတွေ ဘယ်လိုနေလဲ"

မူရူရွှဲ့ လှည့်မကြည့်ဘဲ မေးလိုက်၏။ သူမ၏ အသံသည် အမြဲတမ်းလိုပင် အေးစက်နေ၏။

ကျိဝူရွှမ် အမြန် ပြန်ဖြေလိုက်၏။

"စိတ်ချပါ တောင်သခင်မ... အားလုံးကို သေချာ စီစဉ်ထားပြီးပါပြီ"

"ကောင်းတယ်... ကြားရတာ ဝမ်းသာပါတယ်"

မူရူရွှဲ့ အနည်းငယ် ခေါင်းညိတ်လိုက်၏။

"မြူခိုးဂိုဏ်းရဲ့ အင်အားက အခုချိန်မှာ အားနည်းနေသေးပေမယ့် သူတို့မှာ အလားအလာ ကောင်းတွေ ရှိတယ်... သူတို့နဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားပါ... အနာဂတ်မှာ သူတို့က ငါတို့အတွက် အရေးပါတဲ့ အင်အားစု တစ်ခု ဖြစ်လာလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

ကျိဝူရွှမ် ခေါင်းညိတ်လိုက်သော်လည်း ထွက်မသွားသေးပေ။

"တခြား ကိစ္စ ရှိသေးလို့လား"

မူရူရွှဲ့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာဖုံးပဝါနှင့် ဂါဝန်တို့ လေထဲတွင် လွင့်ပျံသွားပြီး ကခုန်နေသော နတ်သမီး တစ်ပါးကဲ့သို့ လှပနေ၏။

ကျိဝူရွှမ်သည် လုံကျိုနှင့် လုံထျန်းရှင်း အကြောင်းကို ပြန်သတိရလိုက်ပြီး ဒီည ဖြစ်ပျက်ခဲ့တာတွေကို တင်ပြသင့် မသင့် စဉ်းစားနေမိသည်။

All Chapters