← Chapters

ဒီအစေခံမလေးက တော်တော်သန်မာတာပဲ

Vol. 10 Ch. 96

ဒီအစေခံမလေးက တော်တော်သန်မာတာပဲ

Vol. 10 Ch. 96

ဝုန်း

ခန်းမအတွင်း၌ အသံလှိုင်းတစ်ခု ဟိန်းထွက်သွားသည်။

တာအိုနန်းတော်အဆင့်ရှိ တိုက်ခိုက်မှုများမှာ မူလကပင် အလွန်ခမ်းနားကြီးကျယ်လှသည်ဖြစ်ရာ အကာအကွယ်မရှိပါက ဤခန်းမသာမက ဖေးရှန်ဂိုဏ်းတစ်ခုလုံးပင် ပျက်စီးသွားနိုင်သည်။

ဤတိုက်ခိုက်မှု အသံတိတ်နေရခြင်းမှာ မင်းသမီးနင်ထီက အလွန်သန်မာလွန်းလှပြီး စွမ်းအားလှိုင်းများကို အတင်းအကျပ်ထိန်းချုပ်ဖိနှိပ်ထားသောကြောင့်ပင်။

ရှခုန်းကျွင်းထက် ကျင့်ကြံမှုအဆင့်တစ်ဆင့်နိမ့်နေသော်လည်း သူမ၏စွမ်းအားမှာ ဤနန်းတွင်းကိုယ်ရံတော်အရာရှိချုပ်ကိုချေမှုန်းရန် လုံလောက်နေပြီဖြစ်သည်။

တာအိုနန်းတော်အဆင့်ဆိုသည်မှာ ကောင်းကင်ကံကြမ္မာအဆင့၏ ဆက်နွှယ်မှုတစ်ခုဖြစ်သည်။

ဤနယ်ပယ်တွင် မူလက ရိုးရှင်းသောနတ်ဘုရားနန်းတော်သည် ခန့်ညားထည်ဝါသော နန်းတော်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီး နိယာမများ၏ ကောင်းချီးပေးမှုအောက်တွင် ပိုမိုကြီးမားသော စွမ်းအားများနှင့် လျှို့ဝှက်ချက်များကို သိုလှောင်ထားနိုင်သည်။

ကျင့်ကြံသူတစ်ဦး အသုံးချနိုင်သောစွမ်းအားမှာလည်း အဆပေါင်းများစွာတိုးလာသည်။

မင်းသမီးနင်ထီ၏ တာအိုနန်းတော် ပေါ်ထွက်လာသည်နှင့်အမျှ ခန်းမအတွင်း၌ ထူးခြားသောဖြစ်ရပ်များ ပြည့်နှက်သွားသည်။ နန်းတော်မှစီးဆင်းလာသော မြစ်ခြောက်စင်းမှာ မတူညီသောအရောင်အဝါများဖြင့်တောက်ပနေပြီး ထိုလှိုင်းလုံးများကြားတွင် မရေမတွက်နိုင်သော အမှတ်အသားများမျောပါနေသည်။

မကျင့်ကြံဖူးသူများပင်လျှင် ထိုတာအိုနန်းတော်မြစ်များမှ ထွက်ပေါ်လာသော ကမ္ဘာပျက်စေနိုင်သည့်စွမ်းအားကို အာရုံခံနိုင်သည်။

ဖေးရှန်ဂိုဏ်း၏ အဆင့်နိမ့်တပည့်အချို့မှာ တစ်ချက်ကြည့်ရုံနှင့်ပင် စိတ်လွတ်သွားကြပြီး ဝေဝေဝါးဝါး ဖြစ်ကုန်၏။

အကယ်၍ မိုချန်က သူတို့၏နတ်ဘုရားဝိညာဉ်များ အတွင်းပိုင်းမှနေ၍ တိတ်တဆိတ် ဟစ်အော်မနှိုးခဲ့ပါလျှင် သူတို့မှာ ထာဝရအိပ်မောကျသွားနိုင်ပေသည်။

ဘုန်း

တစ်ချက်တည်းနှင့်ပင် ရှခုန်းကျွင်းမှာ နောက်သို့လွင့်ထွက်သွားပြီး နန်းတွင်းကိုယ်ရံတော်အုပ်စုထဲသို့ ဝင်တိုက်မိသွားသည်။

ဝှီး

ကိုယ်ရံတော်များမှာ သူ့ကိုဖမ်းထိန်းနိုင်ရန် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရသည်။

“ဒီမင်းသမီးက တကယ်ကိုထူးခြားတာပဲ၊ သူမက ခြောက်ရောင်ခြယ်တာအိုနန်းတော်ကို ပိုင်ဆိုင်ထားတဲ့အပြင် လီနဂါးသွေးမျိုးဆက်ရဲ့အစအနလေးကိုပါ ရထားတာပဲ။ သွေးမျိုးဆက်ကမသန့်စင်ပေမဲ့ ဒါက တကယ့်ကိုအံ့ဩစရာပဲ။”

မိုချန်၏ စိတ်ချင်းဆက်သွယ်ရှင်းပြချက်က အစ်ကိုကြီးချန်၏စိတ်ဝင်စားမှုကို နှိုးဆွလိုက်သည်။

“လီနဂါးသွေးမျိုးဆက်လား၊ မိုးပြာနဂါးသွေးမျိုးဆက်နဲ့ယှဉ်ရင် ဘယ်လိုနေလဲ။”

မိုချန်က ရယ်မောလိုက်သည်။

“ဂိုဏ်းချုပ်ကတော့ နောက်နေပြန်ပြီ။ မိုးပြာနဂါးဆိုတာ ရွှေနဂါးနဲ့ နောက်ထပ် မိုးပြာနဂါး တစ်မျိုးနဲ့အတူ နဂါးမျိုးနွယ်စုရဲ့ ထိပ်တန်း အင်အားကြီးသုံးခုထဲက တစ်ခုလေ။ လီနဂါးဆိုတာက နဂါးနက်မျိုးနွယ်ရဲ့ မျိုးခွဲလေးတစ်ခုပါပဲ။ ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ။ သူတို့ကြားမှာ တိုင်းတာလို့မရနိုင်တဲ့ ကွာခြားချက်ကြီးရှိနေတာ။”

ဒီလိုကိုး၊ ဒါဆိုရင် ပြီးခဲ့တဲ့အကြိမ်ကရခဲ့တဲ့ မိုးပြာနဂါးသွေးအဆီအနှစ်က တကယ်ကို မြင့်မားတဲ့အဆင့်မှာ ရှိနေတာပဲ...

“အရာရှိရှခုန်း... လက်နက်ချပါလို့ ငါပြောခဲ့တယ်လေ။”

နင်ထီက ဤစကားကို တည်ငြိမ်စွာပြောလိုက်သော်လည်း အလွန်အေးစက်သော ဖိအားများ ပါဝင်နေသည်။

အကယ်၍ ရှခုန်းကျွင်းသာ ထပ်မံတိုက်ခိုက်မည်ဆိုပါက မင်းသမီးက သူ့ကိုသတ်ပစ်လိမ့်မည်ဟု မည်သူမျှသံသယမရှိကြပေ။

ရှခုန်းကျွင်းကို နှိမ်နင်းပြီးနောက် သူမ၏အေးစက်သောအမူအရာမှာ ချက်ချင်းအရည်ပျော်သွားပြီး နောင်တရသလို ပြုံးပြလိုက်သည်။

“ဂိုဏ်းချုပ်ကျန်း... တောင်းပန်ပါတယ်။ ကျွန်မလူတွေကို ကောင်းကောင်းမထိန်းနိုင်ခဲ့တာ ကျွန်မအပြစ်ပါ။”

“ရှင် ကျွန်မကိုခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဤစကားများက ရောက်နေသူအားလုံးကို ထပ်မံအံ့အားသင့်စေ၏။

ဖေးရှန်ဂိုဏ်းတပည့်အချို့ဆိုလျှင် သူမ၏ပရိသတ်ဖြစ်လုနီးပါးပင်။

လှပသည်၊ သန်မာသည်၊ ပြတ်သားသည်၊ ထို့အပြင် ကျိုးကြောင်းလည်းဆင်ခြင်တတ်သေးသည်။ ဤကဲ့သို့သောအမျိုးသမီးအပေါ် ရန်ငြိုးထားရန် အလွန်ခက်သည်။

မျက်စိသုံးလုံးကျားက ခေါင်းလှည့်ပြီး ကျန်းချန်ကိုကြည့်လိုက်သည်။

“နောက်ထပ် ဘာဆက်လုပ်ရမလဲ။”

“သူတို့ကို သတ်နေဦးမှာလား။”

အစ်ကိုကြီးချန်လည်း အနည်းငယ်ကြောင်အသွား၏။ ဤအခြေအနေမှာ တကယ်ကို ကိုင်တွယ်ရခက်ခဲလှသည်။

တစ်ဖက်လူက ဖေးရှန်ဂိုဏ်းကို ဘာထိခိုက်မှုမှမလုပ်ခဲ့သည့်အပြင် တောင်းပန်ပြီး နောက်ဆုတ်သွားပြီဖြစ်ရာ ဒီကိစ္စကို သူကပဲဇွတ်တိုးနေဖို့ အကြောင်းပြချက်မရှိတော့ပေ။

သူက လက်ယမ်းပြလိုက်ပြီး မျက်စိသုံးလုံးကျားကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။

သူသည် အများအားဖြင့် တစ်ဖက်လူ၏အစီအစဉ်များကို ခန့်မှန်းနေခြင်းထက် တိုက်ရိုက်ရင်ဆိုင်ရသည်ကို ပိုကြိုက်သော်လည်း ယခုတစ်ကြိမ်မှာတော့ တကယ်ကို စိတ်ဝင်စားသွားမိသည်။

သို့သော်လည်း ထိုခဏမှာပင် ကြီးမားသောတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိလိုက်၏။

ကမ္ဘာ့နှလုံးသားအစိတ်အပိုင်းကိုတွေ့ပြီ...

သိမြင်မှုစွမ်းရည်က နင်ထီ၏နောက်ကွယ်ရှိ အစေခံမလေးရှစ်ဦးအနက်တစ်ဦးကို ပစ်မှတ်ထားလိုက်ပြီးနောက် သူမ၏ခေါင်းပေါရှိဆံထိုးမှာ ထူးခြားနေကြောင်း ညွှန်ပြလိုက်သည်။

အကယ်၍ ဆံထိုးထိပ်ရှိပုလဲပေါ်တွင် အစီအရင်အလွှာတစ်ခု ဖုံးအုပ်မထားပါက သူသည် ၎င်းကို အစကတည်းက အာရုံခံမိလိမ့်မည်ဖြစ်သည်။

ကမ္ဘာ့နှလုံးသားအစိတ်အပိုင်းက အဲဒီပုလဲထဲမှာပဲ၊ မမှားနိုင်ဘူး...

ထို့အပြင် သူ့ကိုအံ့အားသင့်စေသည့် နောက်ထပ်ရှာဖွေတွေ့ရှိမှုတစ်ခုလည်း ရှိသေးသည်။

ဤအစေခံမလေး၏စွမ်းအားမှာ မင်းသမီးနင်ထီထက်ပင် သာလွန်နေပြီး တာအိုနန်းတော်အဆင့် ၈ သို့ ရောက်ရှိနေခြင်းပင်။

ချန်ရှင်းမင်းဆက်၏ ဧကရာဇ်ကိုယ်တိုင်ပင်လျှင် တာအိုနန်းတော်အဆင့် ၆ သာ ရှိသည်။

သို့သော် သူမ၏ကျင့်ကြံမှုကိုဖုံးကွယ်ရန် အစီအရင်တစ်ခုကို ဝတ်ဆင်ထားသည်။ အပြင်ပန်းတွင်တော့ သူမသည် အခြားအစေခံမလေးခုနစ်ဦးကဲ့သို့ပင် ဝိညာဉ်အခြေတည်အဆင့်၌သာ ရှိနေပုံရသည်။

၎င်းအပြင် သူမ၏နားကပ်များမှာလည်း သိမြင်မှုစွမ်းရည်အောက်တွင် ဖုံးကွယ်ထားသည့် အာနိသင်ကိုပြနေသည်။

ဆိုလိုသည်မှာ...

သူမ၏ရုပ်ရည်ကိုလည်း ဖုံးကွယ်ထားသည်။

ဟာ... ဘာတွေ ဖြစ်နေတာလဲ...

ဒီအစေခံမလေးရဲ့နောက်ခံက ဘာလဲ၊ ပြီးတော့ သူမ ဘာလုပ်ဖို့ကြံစည်နေတာလဲ...

ဂိုဏ်းထဲမှာ ပျင်းစရာကောင်းတဲ့နေ့ရက်တွေကိုကုန်ဆုံးခဲ့ရတဲ့ အစ်ကိုကြီးချန်တစ်ယောက် အခုတော့ စိတ်လှုပ်ရှားသွားရပြီ။ ဒီမှာ ကြီးကျယ်တာတစ်ခုခုဖြစ်တော့မည်။

“ဂိုဏ်းချုပ်ကျန်း... ဒီကိစ္စက ရှင်နဲ့မပတ်သက်ဘူးဆိုတော့ ပြန်ခွင့်ပြုပါဦး။”

“ဒါပေမဲ့ အခုမိုးချုပ်နေပြီဆိုတော့ ကျွန်မတို့ကို ဖေးရှန်ဂိုဏ်းမှာ တစ်ညလောက် တည်းခိုခွင့်ပြုနိုင်မလား။”

ဖေးရှန်ဂိုဏ်းမှာ တည်းခိုစရာနေရာများစွာရှိသော်လည်း သူမက ဘာလုပ်ဖို့ကြိုးစားနေသနည်း။

ကျန်းချန် ငြင်းဆန်လိုက်ချင်သော်လည်း ကမ္ဘာ့နှလုံးသားအစိတ်အပိုင်းကို သတိရသွားသဖြင့် သူ၏စိတ်ကူးကို ပြောင်းလဲလိုက်သည်။

“တစ်ညတည်းတာကတော့ ရပါတယ်၊ ဒါပေမဲ့ မင်းသမီးက တည်းခိုခကို ကြိုတင်ပေးသင့်တယ် မဟုတ်လား။”

ဘာတည်းခိုခလဲ...

အားလုံးမှာ ဆွံ့အသွားကြရသည်။ ဖေးရှန်ဂိုဏ်းတပည့်များမှာလည်း ၎င်းသည် မင်းသမီးကို ထပ်မံဒေါသထွက်စေမည်ကို စိုးရိမ်နေကြသည်။

ရှခုန်းကျွင်းမှာလည်း သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

သို့သော် နောက်ဆုံးတွင်တော့ သူ ဘာမှမပြောခဲ့ပေ။

မင်းသမီးနင်ထီ အနည်းငယ်အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် ပြုံးလိုက်သည်။

“ရတာပေါ့။ ဂိုဏ်းချုပ်ကျန်းက ဘာလိုချင်လို့လဲ။ ဝိညာဉ်ကျောက်တုံးတွေလား။ ဆေးလုံးတွေလား။”

ကျန်းချန်က လက်ယမ်းပြလိုက်သည်။

“မဟုတ်တာ၊ မဟုတ်တာ... ငါက ဒီလောက်တန်ဖိုးရှိတဲ့အရာတွေကို တောင်းရဲပါ့မလား။”

သူသည် နင်ထီထံသို့ ပြုံးလျက်လျှောက်သွားပြီး သူ၏ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ရှခုန်းကျွင်းက ဤကောင်လေးမှာ မင်းသမီးကို စော်ကားရဲလောက်အောင် ရဲတင်းလှသည်ဟု ထင်လိုက်စဉ်မှာပင် အစ်ကိုကြီးချန်က သူ၏ ညာဘက်လက်မောင်းကိုဆန့်ထုတ်ကာ နင်ထီကိုကျော်ဖြတ်ပြီး နောက်ကွယ်မှအစေခံမလေးတစ်ဦး၏ ဦးခေါင်းပေါ်သို့တင်လိုက်သည်။

ဝှစ်

ငွေရောင်ပုလဲဆံထိုးတစ်ခုကို ဆွဲထုတ်လိုက်သည်။

“သိပ်ပြီးတန်ဖိုးမရှိတဲ့ ဒီဆံထိုးလေးကိုပဲ တည်းခိုခအဖြစ် အမှတ်တရယူလိုက်ပါမယ်။ မင်းသမီးမှာ ဘာကန့်ကွက်စရာမှမရှိဘူး မဟုတ်လား။”

သူသည် ဆံထိုးကို သာမန်ကာလျှံကာ ပစ္စည်းတစ်ခုလိုမျိုး လက်ထဲတွင် လှည့်ကစားနေ၏။

သူမ၏ သန်မာလှသောကျင့်ကြံမှုကို ဖုံးကွယ်ထားသည့် အစေခံမလေးမှာ ဤလုပ်ရပ်ကို လုံးဝမမျှော်လင့်ထားပေ။ သူမ၏မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ခဏမျှဖြတ်ပြေးသွားသော်လည်း သူမကမတုံ့ပြန်ခဲ့သလို ထိုနေရာမှာပင် မလှုပ်ရှားခဲ့ပေ။

တစ်ဖက်တွင်တော့ နင်ထီမှာ ကြောင်အသွား၏။

သူမသည် ကျန်းချန်ကိုစူးစိုက်ကြည့်ပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။

ထို့နောက် သူမပြန်ပြုံးလိုက်သည်။

“ရတာပေါ့၊ ဂိုဏ်းချုပ်ကျန်းသဘောကျရင် ယူသွားပါ။”

“မင်းသမီးက တကယ်ကိုကြင်နာတတ်တာပဲ။”

အစ်ကိုကြီးချန်စိတ်ထဲတွင် အလွန်ဝမ်းသာနေ၏။ ဤပစ္စည်းကိုရဖို့အတွက် ဤမျှလွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤအကြောင်းကြောင့် နင်ထီနှင့် အခြားသူများမှာ သူ့မျက်လုံးထဲတွင် ပိုပြီးကြည့်ကောင်းလာသည်။

ငါ့အိမ်တံခါးဝအထိ ရတနာတွေလာပို့ပေးတာပဲ၊ များများလာလေ ပိုကောင်းလေပဲ...

“လော့ယွမ်... ဧည့်သည်တော်တွေကို အနားယူဖို့ အမြန်ခေါ်သွားလိုက်။”

နင်ထီ၊ ရှခုန်းကျွင်းနှင့် သူတို့အဖွဲ့ ထွက်သွားပြီးနောက်မှသာ မိုချန်ကရှေ့တိုးလာသည်။

“ဂိုဏ်းချုပ်... ဒီအမျိုးသမီးရဲ့ သဘောထားက သိသိသာသာကြီး ပြောင်းလဲသွားတာပဲ။ တစ်ခုခုတော့ ကြံစည်နေတာ သေချာတယ်။ ငါတို့ သတိထားရမယ်။”

ကျန်းချန် က လက်ယမ်းပြလိုက်သည်။

“ရပါတယ်၊ အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်းပဲ။”

သူကတော့ ဝတ်ကျေတမ်းကျေ ပြောလိုက်ခြင်းဖြစ်သည်။ တကယ်တော့ သူလည်းဘာမှမသိဘဲ ဇဝေဇဝါဖြစ်နေတုန်းပင်။

သို့သော် မိုချန်၏ သူ့အပေါ် ကြည်ညိုလေးစားမှုမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့သည်။

ကောင်းကင်သားတော်ဆိုတာ တကယ်ကိုနက်နဲလှတာပဲ၊ ငါ ခန့်မှန်းနိုင်တဲ့ အတိုင်းအတာထက် အများကြီးကျော်လွန်နေတယ်...

ဂိုဏ်းသားများကလည်း သူ့ကိုမြှောက်ပင့်ကြတော့သည်။

“ဂိုဏ်းချုပ်က တကယ်ကိုထက်မြက်ပြီး အစီအစဉ်ချတတ်ပါပေတယ်။”

“ဟုတ်တာပေါ့၊ မင်းသမီးနင်ထီက ဒီကိစ္စကိုဆက်မလိုက်ရဲဘူးဆိုတာ ဂိုဏ်းချုပ်ကကြိုတင်သိမြင်နေတာပဲ။”

သူတို့သည် အစကကျန်းချန်ကိုယ်တိုင် ဝန်ခံလိုက်ခြင်းမှာ ပညာသားမပါဟုထင်ခဲ့ကြသည်။

အခုတော့ ဘာမှမဖြစ်ခဲ့သည်ကိုမြင်ရသည့်အခါ တစ်ဖက်လူ၏တုံ့ပြန်မှုကို ကြိုတင်တွက်ချက်ထားနိုင်သည့် ဂိုဏ်းချုပ်မှာ တကယ်ကိုလျှို့ဝှက်လှသည်ဟု ချက်ချင်းခံစားသွားကြရသည်။

All Chapters