အခန်း (၄၆)
Vol. 4 Ch. 46
ရုန်မိုအာက သူ့လက်ကို လွှတ်မချမီတွင် နောက်ထပ် အနည်းငယ်လျက် လိုက်သေးတယ်။ သူမက ရေဘူးကို အမြန်ဆွဲထုတ်လို့ အဖုံးကိုဖွင့်ကာ ကိုင်ထားသည်။
သူမက သူ့ကိုကြည့်ကာ " ကုရှကျယ် မင်းရဲ့လက်ညှိုးထဲမှာရှိတဲ့ ရေကို အာရုံစူးစိုက်ကြည့်စမ်းပါ။ မြောင်မြောင် အဲဒါကို လုပ်တာအရင်က ငါမြင်ဖူးတယ်"
ဒါကိုကြားတော့ ကုရှကျယ်က ခေါင်းညိတ်ပြီး "ငါ ကြိုးစားပါ့မယ်" လို့ ပြောလာတယ်။
သူ့မျက်လုံးတွေကိုမှိတ်ထားရင်း လက်အတွင်းအထဲကို စူးစိုက်စိုက်အာရုံစိုက်တယ်။ သူ့ရင်ထဲတွင် နွေးထွေးသော စွမ်းအင်များ စီးဆင်းနေတာကို ခံစားလိုက်ရသဖြင့် ထူးဆန်းသော ခံစားမှုတစ်ခု တိုးဝင်လာသည်။ ခဏကြာတော့ သူ့လက်ဖဝါးပေါ်က ရေတွေ ပျောက်ကွယ်သွားကာ သူ့လက်ညှိုးကနေတဆင့် တည်ငြိမ်စွာ စီးဆင်းလာပြီး ပုလင်းထဲကို ဝင်သွားတယ်။
နှစ်ယောက်စလုံးက ဒါကို အံ့သြတကြီးနဲ့ ငေးကြည့်နေကြတယ်။ သူတို့ရဲ့ အကြည့်ချင်းက ဆုံတွေ့သွားကြပြီး အပြုံးများက သူတို့ရဲ့ မျက်နှာများပေါ်တွင် ပျံ့နှံ့သွားတယ်။ ရေကုန်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး။
သူတို့နှစ်ဦးက အသစ်တွေ့ရှိထားသော စွမ်းရည်များကို ထိန်းချုပ်ဖို့အတွက် သင်ယူရန် အလုပ်များနေချိန်တွင် ဟောပြောပွဲခန်းမတွင်တော့ ပရမ်းပတာဖြစ်သွားတယ်။
ကြောက်လန့်တကြားအော်သံများနှင့် စိတ်ပျက်အားငယ်စွာအော်ဟစ်သံများက ဖုတ်ကောင်များရဲ့ လည်ချောင်း မှဟောက်သံများနှင့်အတူ ရောထွေးနေတယ်။
"အားးးး ကူညီကြပါဦးး"
ကျောင်းသားတစ်ဦးကတော့ သူ့ရဲ့သူငယ်ချင်းက သူ့လည်ပင်းတွင် သွားများ နစ်မြုပ်လာစဉ်၌ သွေးထွက်သံယိုနဲ့ နာကျင်စွာအော်ဟစ်ခဲ့တယ်။ သူ့လည်ပင်းကို အကိုက်ခံရသောအခါတွင်တော့ စမ်းရေကဲ့သို့ သွေးများကထွက်ကျလာပြီး သံ ချေးရနံ့ကို ပျံ့နှံ့သွားစေကာ ဖုတ်ကောင်များကို ပိုမိုရူးသွပ်သွားစေပါသည်။
"ဂါးးး"
ဟောပြောပွဲခန်းမရဲ့ထောင့်မှာ ရပ်နေတဲ့ အစ်ကိုယောင်း ဟာ အနီးဆုံးဖုတ်ကောင်ဆီသို့ လိမ္မော်သီးအရွယ် မီးလုံးတစ်လုံးကို ပစ်ပေါက်လိုက်ပါတယ်။
"ဘုန်းး"
မီးလုံးက ဖုတ်ကောင်၏မျက်နှာကို ထိမှန်ပြီး ပေါက်ကွဲထွက်လာသည်။ အရင်တုန်းကတော့ ဒီတိုက်ခိုက်မှုဟာ ဦးနှောက်တစ်ဝက်ကို လောင်ကျွမ်းသွားစေပြီး ဖုတ်ကောင်တစ်ကောင်ကို ချေမှုန်းနိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။
သေသွားပြီလို့ အစ်ကိုယောင်း က ထင်မိပြီး ဆရာချောင်ဘက်လှည့်ကာ "အကိုချောင် အခု ငါတို့ ဘာလုပ်ရမလဲ"
အဖြေမရသေးခင်မှာပဲ့ အနံ့အသက်ဆိုးက သူ့နှာခေါင်းထဲကို တိုးဝင်လာတယ်။ ဒီအနံ့ကို ရလိုက်တာနဲ့ သူ့ရဲ့နှလုံးခုန်သံ မြန်သွားတယ်။
"ခရစ်"
ရုတ်တရက် ပြင်းထန်တဲ့ နာကျင်မှုတွေက သူ့ခန္ဓာကိုယ်ဆီ ရောက်ရှိလ တယ်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်တာ မျက်နှာတခြမ်း တောက်လောင်နေတဲ့ ဖုတ်ကောင်တစ်ကောင်ကို မြင်လိုက်ရတော့မှ သူ့သွားတွေ ပခုံးထဲကို နစ်မြုပ်သွားပြီး အသားစ တစ်စ စုတ်ပြဲသွားတာကို မြင်လိုက်ရသည်။
ဆရာချောင် ဆီသို့ စိတ်အားထက်သန်စွာ လက်ကိုဆန့်လို့ "ကယ်ပါဦး-" လို့ တောင်းပန်ရင်း သူ့တစ်ကိုယ်လုံးကတော့ နာကျင်မှုကြောင့် ကြောက်ရွံ့စွာတုန်လှုပ်သွားတယ်။
နားရွက်နားမှာကပ်ပြီး စိုစွတ်ကာ စေးကပ်တဲ့ ဝါးနေအသံကို ကြားရတဲ့အခါ သူ့လည်ချောင်းထဲမှာ အသံများစွာ စိမ့်ထွက်လာခဲ့တယ်။
ဖြစ်ပျက်နေတာတွေကို သူ့စိတ်က အပြည့်အဝ မစီမံနိုင်ခင်မှာပဲ့ ဆရာချောင်ရဲ့အမြင်အာရုံတွေ မှုန်ဝါးသွားတယ်။ ကမ္ဘာကြီး လှည့်ပတ်သွားသည်—ရုတ်တရက် ဖုတ်ကောင်များစွာက အကိုယောင်း ရဲ့ ခန္ဓာကိုယ်ကို ကိုက်စားနေတာကို သူ တွေ့လိုက်ရတယ်။
လည်ပင်းကျိုးသွားမှန်း သိလိုက်ရသဖြင့် ထိတ်လန့်တကြားဖြစ်သွားတယ်။ ခဏအကြာတွင် ဖုတ်ကောင်ရဲ့ ချွန်ထက်သော လက်သည်းများက ထို ဦးခေါင်းခွံထဲသို့ ထိုးကျသွားတာကိုလည်း သူထိတ်လန့်စွာ ကြည့်လိုက်တယ်။
သူ့လူများ တယောက်ပြီး တယောက် အစားခံနေရတာကို မြင်တော့ ချွေးအေးများက ဆရာချောင်ရဲ့နဖူးနှင့် နောက်ကျောကို ဖုံးလွှမ်းသွားတယ်။ လွတ်မြောက်ရာလမ်းကို ရှာဖို့ကြိုးစားရင်း သူ့မျက်လုံးတွေက အရူးအမူးလှည့်ပတ်သွားတယ်။
လွန်ခဲ့သည့် နှစ်ရက်အတွင်းတွင် လွန်ကဲသော တပ်မက်မှု၌ မွေ့လျော်ပြီးနောက် သူရဲ့ ခံနိုင်ရည်အားကဆုတ်ယုတ် သွားခဲ့သည်။ အခုတော့ သူဟာ နာရီဝက်လောက် တိုက်ပွဲဝင်ပြီးနောက်တွင် အသက်ရှုကြပ်နေပြီဖြစ်ပြီး ဖုတ်ကောင်တွေရဲ့ အဆက်မပြတ်တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့အတွက် ရုန်းကန်နေရပါတယ်။
တံခါးနားက နေရာမှာ ဖုတ်ကောင်တွေ ရှင်းနေတာကို သူမြင်တော့ တံခါးဆီကို ပြေးသွားတယ်။ ဒါပေမယ့် သူရောက်သွားတာနဲ့ပဲ အနောက်ကနေဖုတ်ကောင်တစ်ကောင်က သူ့ကို လှမ်းခုန်အုပ်တယ်။
"ရားးး"
ဟောက်သံက်ိုကြားတော့ သူ့မျက်နှာ ဖြူဖျော့သွားတယ်။ တုံ့ပြန်ရန်အတွက် စက္ကန့်ပိုင်းအတွင်းမှာပဲ့ သူသည် ဖုတ်ကောင်၏ ချွန်ထက်သော လက်သည်းများကို အကျဉ်းအကျပ်ထဲမှ ရှောင်ရှားရင်း ဘေးသို့ စောင်းငဲ့ကြည့်လိုက်တယ်။ ဒါပေမယ့် သူပြန်မထလာနိုင်ခင်မှာပဲ့ ဖုတ်ကောင်က သူ့အပေါ်ကိုတိုက်ခိုက်လာပြန်တယ်။
စိတ်ပျက်အားငယ်စွာဖြင့် သူသည် အနီးနားရှိ ကျောင်းသူ အမျိုးသမီးကို ဖမ်းကိုင်ကာ ဝင်လာသော ဖုတ်ကောင်များဆီသို့ တွန်းပို့လိုက်တယ်။
"အားးး"
အတွန်းခံလိုက်ရတော့ ကျောင်းသူက လဲကျသွားတယ်။ သူမ ပြန်မထနိုင်ခင်မှာ ဖုတ်ကောင်က သူ့မရဲ့လည်ပင်းကို သွားတွေနဲ့ ကိုက်ချလိုက်တယ်။
ဆရာချောင် ၏ မျက်နှာက ဤအရာကိုမြင်မြင်ချင်းမှာပဲ့ အရောင်ဖျော့သွားခဲ့တယ်။ စက္ကန့်ပိုင်းမျှတောင် မကြည့် တော့ဘဲ တံခါးမှထွက်သွားလိုက်သည်။ သူဖြတ်သွားပြီးသည့်အခိုက်တွင်ပဲ့ သူက တံခါးကိုပိတ်လိုက်ပြီး တုန်ရီသောလက်များဖြင့် သော့များကို ခတ်လိုက်မိသည်။ တံခါးကို သော့ခတ်နေတဲ့ သူ့လက်ချောင်းတွေက တုန်ခါနေ တယ်။
အခန်းတွင်းမှ ထိတ်လန့်တကြား အော်ဟစ်သံ အကူအညီတောင်းဆိုမှုများကို လျစ်လျူရှုကာ အရေးပေါ်လှေကားဆီသို့ ပြေးသွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့စိတ်က လွတ်မြောက်ခြင်းဟူသော တစ်ခုတည်းသော အတွေးဖြင့်သာ နစ်မြှပ်နေတယ်။ ဒီနေရာကနေ ရှောင်ရမယ်။
မြေညီထပ်သို့ရောက်သောအခါတွင် သူ့အဆုတ်က ခြောက် သွေ့သွားကာ အသက်ရှုကြပ်လာသည်။ အန္တရာယ်ကို မစဉ်းစားဘဲ ဝင်ပေါက်တံခါးကိုဖွင့်ကာ မုန်တိုင်းထဲသို့ ပြေးဝင်သွားခဲ့တယ်။
မိုးကသည်းထန်စွာရွာသွန်းနေပြီး မိနစ်ပိုင်းအတွင်းမှာပင် သူ့အရိုးတွေထဲထိကို အေးခဲသွားစေခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်တွင် အအေးဓာတ်နှင့် လေးလံသော ခြေလှမ်းများရှိနေသော်လည်း သူ မရပ်တန့်ဝံ့ပေ။ သူက မျက်စိစုံမှိတ်ကာပြေးပြီး လုံးဝနောက်ပြန်မလှည့်ကြည့်ခဲ့ဘူး။
တစ်နာရီကျော်ကြာပြီးနောက်တော့ စွန့်ပစ်ထားသော အိမ်တစ်လုံးကို နောက်ဆုံးတွင်တွေ့ရှိခဲ့သည်။ အိမ်အတွင်းကိုရောက်သွားတာနှင့် အသက်ရှုကြပ်မှုကသက်သာသွားကာ မျက်နှာပေါ်တွင် စိတ်သက်သာရာရမှုများပေါ်လာတယ်။ သူသည် တံခါးကိုပိတ်၍ လေးလံသောပရိဘောဂများဖြင့် ပိတ်ဆို့လိုက်ကာ မောပန်းနွမ်းနယ်လွန်းတာမို့ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သူ့ရဲ့ ထိတ်လန့်တကြား ထွက်ပြေးမှုကြောင့် လမ်းတွေရဲ့ ထူးဆန်းတဲ့ တိတ်ဆိတ်မှုနဲ့ မြေကြီးပေါ်က သိမ်မွေ့တဲ့ တုန်ခါမှုတွေကို သူ သတိမထားမိခဲ့ဘူး။
သူနှင့် နှစ်ကီလိုမီတာသာကျော်ဝေးသော ဖုတ်ကောင်အမြောက်အမြားသည် နှေးကွေးသော်လည်း စနစ်တကျအရှိန်ဖြင့် လင်အန်းတက္ကသိုလ်ဆီသို့ ရွေ့လျားလာနေတယ်။ ဖုတ်ကောင်များက နေရာတိုင်းမှာ အလုံးအရင်းနှင့် ပိုများလာပါတယ်။
အချိန်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့ အရေအတွက်က တိုးလာတယ်။နောက်ဆုံးတွင် ဖုတ်ကောင်အလုံးအရင်းကြီးက အရေအတွက်တစ်ထောင်အထိရောက်သောအခါမှ ကြီးထွားမှုရပ်တန့်သွားသည်။
ဤအတောအတွင်း၌ လင်အန်း တက္ကသိုလ်က သည်းထန်နေတဲ့မိုးဟာတော့ ရပ်တန့်ရန်အရိပ်အယောင်မပြခဲ့ပေ။
အစောင့်စခန်းတွင် ပိတ်မိနေသော ရုန်မိုအာ နှင့် ကုရှကျယ် တို့သည် ဆာလောင်မှုကို ရေသောက်ခြင်းဖြင့်သာ ဖြေသိမ့်နိုင်တယ်။ ကျေးဇူးတင်ဖို့ကောင်းစွာဖြင့် ကုရှကျယ် သည် သူစွမ်းအင်မကုန်မီတွင် ရေသန့်လေးလီတာထုတ်လုပ်နိုင်ခဲ့တယ်။
ခန်းမအတွင်းရှိ ကျန်ကျောင်းသားများအတွက်မူ အများစုမှာ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်သူများမှာတော့ အရှင်လတ်လတ် ကိုက်စားခံခဲ့ရတယ်။ ထောင့်မှာ ချည်နှောင်ခံထားရတဲ့ မိုဘင်းရှမ် လည်း အပါအဝင် ဘေးဆိုးကနေ မလွတ်ကင်းခဲ့ပါဘူး။
သန်းခေါင်ယံရောက်တော့ မိုးက တဖြည်းဖြည်း လျော့ပါးစပြုလာပြီ။ ပြင်းထန်ပြီး အသက်ရှူကြပ်စေတဲ့ ဖိအားတစ်ခု လေထဲမှာ ပျံ့နှံ့နေပြီး ချောင်းမြောင်းနေတဲ့ အန္တရာယ်လည်း ရှိနေပါတယ်။
တောင်ပေါ်အိမ်ကြီးရှိ ကျင်းရွှီယန်း သည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ နာရီကို စစ်ဆေးလိုက်တယ်။