အခန်း (၅၁)
Vol. 4 Ch. 51
'ငါ့ရဲ့ အာ့ဇီ လည်း ပြန်လည်မွေးဖွားခဲ့တာလား'
ကျင်းရွှီယန်း က ကားမောင်းနေရင်း စိတ်ထဲမှာ တွေးနေမိတယ်။
နားလည်သဘောပေါက်မှုက သူ့အား ဝမ်းနည်းမှု၊ စိတ်လှုပ်ရှားမှုနှင့် ဒေါသတို့ ရောထွေးသွားစေခဲ့တယ်။
သူ၏ အာ့ဇီ ကအသက်ရှင်လျှက် စားသောက်ခံရတဲ့ဝေဒနာကို ခံစားခဲ့ရသည့်အတွက် အသည်းကွဲကာ ဒေါသတကြီး ဖြစ်နေတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ့ သူတို့နှစ်ယောက်စလုံးက ဒုတိယအကြိမ် အခွင့်အရေးရခဲ့လို့ ဝမ်းသာသွားတယ်။
သူမမှာရှိနေတဲ့ စွမ်းရည်တွေနဲ့ ပြန်လာတာလားလို့ သူ တွေးမိလိုက်တယ်။ ဒီလိုသာဆိုရင် သူမက ယခင်ဘဝကထက် ပိုမိုသန်မာလာကာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ပိုကောင်းလာမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စစ်သားများကတော့ ရေဒီယိုမှ အတင်းအဖျင်းပြောသည့် အစီအစဉ်တွင် ပါဝင်နေကြတယ်။
ကျန်းယွမ် က ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ချင်လူဇီ ကို တစ်ချက်ကြည့်လိုက်ပြီး "လူအိုချင် အဲဒီမိန်းကလေးက ဘယ်သူလဲဆိုတာ မင်းသိလား" လို့ မေးလိုက်ပါတယ်။
ချင်လူဇီ က "မသိဘူး" လို့ပြန်မဖြေခင် သူ့ပါးစပ်ထဲက ပေါင်မုန့်ကို အရင်မျိုချလိုက်တယ်။
"ဒါက ငါတို့ရဲ့ဗိုလ်ကြီး မိန်းကလေးနဲ့ နီးကပ်တာ ပထမဆုံးအကြိမ်ပဲ့"
"သူ နီးနီးကပ်ကပ် မနေပါဘူး- သူ နမ်းတယ်။ သူတို့နှစ်ယောက်တည်းသာ ရှိနေရင် အဲဒီ အနမ်းက ဒီလောက်မြန်မြန်နဲ့ ပြီးမှာမဟုတ်ဘူးလို့ ငါယုံတယ်" လို့ ချင်လူဇီ က အဓိပ္ပါယ် အပြည့်နဲ့ ပြောတယ်။
ဒါကိုကြားတော့ ကျန်းယွမ် က သူ့ခေါင်းကို လှည့်ပြီး ခေါင်းညိတ်ပြကာ "ငါလည်း တွေးမိတာပဲ့ ငါတို့ဗိုလ်ကြီးရဲ့ မျက်လုံးတွေကို မင်းမြင်လိုက်လား။ အဲဒါတွေက ဆာလောင်နေတဲ့ သားရဲရဲ့မျက်လုံးတွေပဲ"
ချင်လူဇီ က သူ့မုန့်တွေ စားပြီးသွားတော့ ရေတစ်ငုံသောက်လိုက်ပြီး "ကျန်းလူကြီးမင်း၊ ငါတို့ရဲ့ ဗိုလ်ကြီးအကြောင်းကို ဒီလိုပြောတာက ကောင်းတာ သေချာရဲ့လား" လို့ မေးလိုက်တယ်။
သူဒီလိုပြောပြီးချိန်မှာတော့ ရေဒီယိုကနေ ရယ်မောသံတွေ ထွက်ပေါ်လာတယ်။
ကျန်းယွမ် က အသက်ရှုကြပ်သွားပြီး "မဟုတ်ဘူး ရေဒီယိုဖွင့်ထားတာ မေ့သွားလို့"
“ညီအစ်ကိုတို့၊ ငါပြောတာကို ဗိုလ်ကြီးက ပြန်သိသွားတာမျိူး ခွင့်မပြုပါနဲ့” ဟု တောင်းပန်ခဲ့တယ်။
"ဒုကပ္ပတိန် မင်းကမျက်နှာသာတောင်းရင် မင်း ငါတို့ကို တစ်ခုခုပြန်ပေးရမယ်" ရှောင်ချီ က ရေဒီယိုကတဆင့် ရယ်မောကာ ပြောလာတယ်။
ကျန်းယွမ် က အံကြိတ်ရင်း “မင်းဘာလိုချင်လဲ” လို့မေးတယ်။
"ကောင်းပြီ ငါတို့က စက်ရုံဧရိယာကို သွားနေတာမဟုတ်ဘူးလား။ သန့်ရှင်းတဲ့ အတွင်းခံတွေလိုတယ်။ ငါတို့ ဝတ်ထားတာတွေက ရက်အတော်ကြာနေပြီ။ မကြာခင်မှာသာ ပြောင်းမဝတ်ဘူးဆိုရင် ငါတို့မိသားစုကရတနာတွေရဲ့အဖြစ်က ဆိုးသွားလိမ့်မယ်" ဝိန့်ခိုင် ၏ ငိုကြွေးသံက ရေဒီယိုမှ ထွက်ပေါ်လာသည်။
"ဒုဗိုလ်ကြီး ကျေးဇူးပြုပြီး ငါတို့ကိုသနားပါ" ရှောင်ချီ ကလည်း အော်ဟစ်လာတယ်။
"ဒုဗိုလ်ကြီး ဗိုလ်ကြီးက ငါတို့ကို သတ်နေတာ။ လူကောင်းတစ်ယောက်ဖြစ်အောင် ငါတို့ကို ကူညီပါ" နောက်ထပ် စစ်သားတစ်ဦး ထပ်ပြောသည်။
အော်ဟစ်ညည်းညူသံများက ဆက်တိုက်ထွက်ပေါ်လာတယ်။
ခေါင်းကိုက်လာသည်ကို ခံစားရသဖြင့်
ကျန်းယွမ် က သက်ပြင်းချကာ "လုံလောက်ပြီ လုံလောက်ပြီ ငါ ဗိုလ်ကြီးကို အထည်စက်ရုံမှာ ရပ်ခိုင်းလိုက်မယ်"
ဒီလိုပြောပြီးတာနဲ့ စစ်သည်တွေကလည်း တခဲနက်ပြန်ကျေးဇူးတင်ကြတယ် "ကျေးဇူးတင်ပါတယ် ဒုဗိုလ်ကြီး"
သူတို့က သူ့ကိုကံကြမ္မာဆိုးဆီ တွန်းပို့ပြီး နောက်ထပ်တောင်းဆိုလာမည်ကို စိုးရိမ်သဖြင့် ကျန်းယွမ် က ရေဒီယိုကို အမြန်ပြန်ပိတ်ကာ သက်ပြင်းချလိုက်သည်။ သူ့ရဲ့အေးစက်နေတဲ့ချွေးတွေကို မသုတ်နိုင်ခင်မှာပဲ့ ချင်လူဇီ က "ငါလည်း သန့်စတဲ့ မျက်နှာသုတ်ပုဝါလေးတစ်ထည်လောက် လိုချင်တယ်" လို့ ပြောတာကို ကြားလိုက်ရတယ်။
ကျန်းယွမ် က သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ "မင်းက ဗိုလ်ကြီး နဲ့ ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ် မင်းဘာလို့ သူ့ကို မင်းကိုယ်တိုင် မမေးလိုက်တာလဲ"
"ကျွန်တော်က သာမန်အသင်းဝင်တစ်ယောက်ပါပဲ့ ဒုဗိုလ်ကြီးမဟုတ်ပါဘူး" လို့ ချင်လူဇီ က ပေါ့ပေါ့ပါးပါးပဲ့ ပြန်ဖြေတယ်။
ကျန်းယွမ် က ချင်လူဇီ ကို မျက်စောင်းထိုးလိုက်သော်လည်း ဘာမှ မပြောပေ။ စက်ရုံခရိုင်ကိုမရောက်ခင် သုံးနာရီကျော်ကျော်လောက် ကားမောင်းရတယ်။ လင်အန်း တက္ကသိုလ်အနီးက ဆင်ခြေဖုံးရပ်ကွက်နှင့်မတူဘဲ ဤခရိုင်ကိုတော့ သပ်သပ်ရပ်ရပ်ခွဲထားတယ်။
စက်ရုံတစ်ခုစီက ၎င်းတို့၏ကိုယ်ပိုင်မြေကွက်တွင် တည်ရှိပြီး မီတာ ၂၀၀ မှ ၅၀၀ ခန့်အကွာအဝေးရှိသည်။ ဤနေရာကို စက်မှုလုပ်ငန်းသုံးအဖြစ် သတ်မှတ်ထားသောကြောင့် လူနေရပ်ကွက်မရှိဘဲ အလုပ်သမားအဆောင်များသာရှိသည်။
ဆိုင်းဘုတ်ကိုတွေ့ပြီးနောက်တော့ ကျန်းယွမ် က အရှိန်ကိုလျှော့ကာ သံချပ်ကာယာဉ်ကို လမ်းဘေးတွင် ရပ်လိုက်တယ်။ ကျန်တဲ့ယာဉ်တန်းကလည်း တစ်စီးပြီးတစ်စီး လိုက်လာကြကာ ကားတွေနဲ့ ထရပ်ကားတွေကို ရပ်လိုက်တယ်။
စစ်သားများက သူတို့၏ယာဉ်များပေါ်မှ ဆင်းလာစဉ်တွင် ပိုင်ရီကျီး နှင့် သူ၏အဖွဲ့ကလည်း ထွက်ခွာလာပြီး သူတို့နှင့်ပူးပေါင်းခဲ့သည်။ နောက်ဆုံးမှာကျန်တဲ့ ကျိူးလီဇီ ကတော့ ကျောပိုးအိတ်ကို ထမ်းကာ ကျင်းရွှီယန်း နောက်မှလိုက်လာခြင်းဖြစ်သည်။
အားလုံးစုရုံးပြီးသည်နှင့် ကျန်းယွမ် က လှမ်းပြောတယ်။ "ဗိုလ်ကြီး ဒီမှာနဲ့ အနီးဆုံး စက်ရုံတွေက အထည်စက်ရုံ၊ မျိုးစေ့စက်ရုံ၊ ပြုပြင်ပြီး စားသောက်ကုန် စက်ရုံနဲ့ ကောက်ပဲသီးနှံစက်ရုံတွေပါတယ်။ ဘယ်က စရမှာလဲ"
ကျင်းရွှီယန်း က သူ့စစ်သားတွေရဲ့ စိတ်အားထက်သန် နေတဲ့ အမူအရာတွေကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့က ပြုပြင်ထားတဲ့ စားသောက်ကုန်စက်ရုံနဲ့စပြီး အဝတ်အထည်နဲ့ ကောက်ပဲသီးနှံစက်ရုံတွေကို စစ်ဆေးမယ်။ မသွားခင် မင်းတို့ရဲ့ ကျောပိုးအိတ်တွေကိုအရင် ရှင်းလိုက်အုံး"
"ဟုတ်ကဲ့ ဗိုလ်ကြီး" စစ်သည်များက တညီတညွတ်တည်း တုံ့ပြန်ကြသည်။
အဖွဲ့ကိုအမိန့်ပေးပြီးနောက်တော့ ကျင်းရွှီယန်း က
ပိုင်ရီကျီး ဘက်သို့လှည့်ကာ " ငါတို့က ရိက္ခာတွေကို ဒီမှာ စုဆောင်းမှာ မင်းနှင့် မင်းအဖွဲ့ ကလိုအပ်သမျှကိုလည်း ယူနိုင်တယ်"
ပိုင်ရီကျီး က ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်" ဟု ပြန်ဖြေတယ်။
ထို့နောက် သူက ကျိူးလီဇီ ကိုကြည့်လိုက်ကာ "မင်း ငါတို့နဲ့ လိုက်ချင်လား" လို့ မေးတယ်။
သူမပြန်မဖြေခင်မှာ ကျင်းရွှီယန်း က "သူမ ငါနဲ့လိုက်လာလိမ့်မယ်"
မျက်ခုံးပင့်ကာ ကျိူးလီဇီ က "ကျွန်မ တစ်ယောက်တည်း သွားမယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်း က "အာ့ဇီ မင်းတစ်ယောက်တည်းသွားတာက အန္တရာယ်ရှိတယ်။ ကိုယ်မင်းကိုကာကွယ်နိုင်တယ် ဒါကြောင့် မင်းနဲ့အတူလိုက်ခွင့်ပြုပါ"
အထဲမှာ ပုန်းခိုနေနိုင်ဖွယ်ရှိတဲ့ ဖုတ်ကောင်အရေအတွက်ကို တွေးကြည့်နေတဲ့ သူ့မရဲ့ အတွေး တစ်ခုရှိတယ်ဆိုတာကို ဝန်ခံရပါမယ်။ သူ့ကို အပြည့်အဝယုံကြည်နိုင်ပါ့မလား မသေချာပေမယ့် သူက သန်မာတယ်။ သူနှင့် အနီးနားမှာဆို ရှင်သန်နိုင်ခြေက ပိုများတယ်။
ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် ခေါင်းညိတ်ကာ "ကောင်းပြီ" ဟုပြောလိုက်တယ်။
သူမသဘောတူတာကိုမြင်တော့ ကျင်းရွှီယန်း က ပြုံးပြီး "ဒီမှာ ခဏနေအုံးနော်။ ကိုယ့်ကျောပိုးအိတ်ကို အရင်သွားယူလိုက်မယ်"
ကျိူးလီဇီ က မတ်တပ်ရပ်စောင့်နေပြီး မျိုးစေ့များ ထပ်မံစုဆောင်းကာ သူမ၏နေရာအတွင်း အိမ်အလှဆင်ရန် လိုအပ်သည့်ပစ္စည်းများကို စဉ်းစားနေစဉ်တွင် ချူကျိမြောင် က လမ်းလျှောက်လာပြီး " လီဇီ မင်းနဲ့ အဲဒီလူ—"
ကျိူးလီဇီ က ပြုံးပြီး "ငါတို့က ငယ်သူငယ်ချင်းတွေပဲ့"
"သူငယ်ချင်းလား၊ သူက မင်းကို နမ်းတယ်လေ။ သူငယ်ချင်းက နှုတ်ခမ်းကို နမ်းမှာလား" ချူကျိမြောင် က မယုံကြည်နိုင်စွာ ပြောလိုက်တယ်။
"ကောင်းပြီ ငါတို့ ငယ်ငယ်တုန်းက အတူတူရှိကြမယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမယ့် အဲဒါက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ငါ မေ့လုနီးပါး ဖြစ်နေပြီ" ဟု ကျိူးလီဇီ က အဆင်မပြေစွာ ဝန်ခံခဲ့တယ်။
သူမစကားကြားသောအခါ ချူကျိမြောင် ၏ မျက်လုံးများ တောက်ပလာပြီး "ဒါဆို... မင်းနဲ့သူက စုံတွဲတွေလား"
ကျိူးလီဇီ က ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ခဏလောက် စဉ်းစားလိုက်တယ်။