အခန်း (၅၃)
Vol. 4 Ch. 53
လီယောင်လည်း သလင်းကျောက်အကြောင်းကို သတိပြုမိနေပြီဖြစ်သော်လည်း ပုပ်နေသော ဦးနှောက်များကို တူးဖော်ရန်ဆိုတဲ့အတွေးက သူ့ဗိုက်ကိုလှုပ်ခါသွားစေခဲ့တယ်။ သူက ခေါင်းယမ်းပြီး "မင်းလိုချင်ရင် မင်းကိုယ်တိုင်ယူလိုက်၊ အဲဒီရွံစရာတွေကိုတော့ ငါမထိနိုင်ဘူး"
ချူကျိမြောင်က သူ့ရဲ့အကြံပြုချက်ကို ငြင်းဆိုချင်သော်လည်း ငြင်းခုံခြင်းမရှိပေ။
မီးဖိုချောင်သုံးဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း သူတို့အဖွဲ့ တိုက်ခိုက်လို့သေဆုံးသွားတဲ့ ဖုတ်ကောင်တစ်ကောင်ရဲ့ အလောင်းနားကို ချဉ်းကပ်သွားတယ်။ အသက်ပြင်းပြင်းရှူကာ ဓားကိုမြှောက်လိုက်ပြီး ဦးခေါင်းခွံကို ခုတ်ဖြတ်လိုက်တယ်။
သူမရဲ့ဓားကထက်ထက်မြက်မြက်ရှိသောကြောင့် ဦးခေါင်းကို နှစ်ချက်ခုတ်ရုံနဲ့ ခွဲ၍နိုင်ခဲ့တယ်။ အနက်ရောင်သွေးများနှင့် ဦးနှောက်အညစ်အကြေးများက ယိုစိမ့်ထွက်လာပြီး အနံ့အသက်ဆိုးများထွက်လာကာ သူမရဲ့ နှာခေါင်းနှင့်ပါးစပ်ဆီကို တဟုန်ထိုးတိုးဝင်လာခဲ့တယ်။
"အော့ " အနံ့ဆိုးတွေဝင်လာတာကြောင့် သူမ အော့အန်လုနီးနီးပါပဲ့။
မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူမက ပုပ်သိုးနေသော ဦးနှောက်ကို ထိုးဖွရန်ကိုယ့်ဘာကိုတွန်းအားပေးခဲ့ရတယ်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်တော့ သူမရဲ့လက်ချောင်းများက မာကျောတဲ့အရာတစ်ခုနှင့် ပွတ်တိုက်လိုက်မိသည်—သူမ သလင်းကျောက်ကို တွေ့ရှိခဲ့တယ်။
ကောက်ကိုင်လိုက်ရင်းလက်တွေက တုန်လာသည်။ ရေဘောလုံးလေးကို ဖန်တီးလိုက်ပြီး သူမသည်အိတ်ကပ်ထဲမထည့်မီတွင် သလင်းကျောက်ကို ဂရုတစိုက်ဆေးကြောလိုက်ပြီး သူမရဲ့လက်ကိုလဲသန့်ရှင်းစေခဲ့သည်။
စစ်သားများရဲ့ကျေးဇူးကြောင့် သူမနှင့် သူမရဲ့အဖွဲ့က များစွာ တိုက်ခိုက်ရန် မလိုအပ်ပေ။ ဖုတ်ကောင်တွေကို ရှင်းပြီးတဲ့ချိန်ထိ သူ့အဖွဲ့ကဖုတ်ကောင်လေးကောင်ကိုပဲ့သတ်ပစ်ခဲ့တယ်။
ခေါင်းတွေကို စစ်ဆေးဖို့ သွားခဲ့ပြီး ထိုလေးကောင်လုံးတွင်မှသလင်းကျောက် တစ်လုံးတည်းသာပါရှိသည်။
ဒီကနေ့ပြီးသွားတော့ ဖုတ်ကောင်တွေက ပိုသန်မာလာပေမယ့် သူတို့အားလုံးက ဒီသလင်းကျောက်တွေကို သယ်ဆောင်ထားတာမဟုတ်ဘူးဆိုတာကို သူမသဘောပေါက်လိုက်တယ်။ ရှားရှားပါးပါးဆိုလျှင်တော့ အဖိုးတန်လှပေလိမ့်မည်။ ပုပ်သိုးနေသော ဦးနှောက်များကို တူးဖော်ဖို့ရန် သူမမစောင့်နိုင်တော့ပေ။
မလှမ်းမကမ်းက ကျိူးလီဇီ ကတော့ သူမအား ရယ်မောကာ အပြုံးဖြင့် ကြည့်နေသည်။ ယောက်ျားတွေနဲ့ ယှဉ်ရင် ချူကျိမြောင်က ပိုသတ္တိရှိတယ်။
ဆယ်မိနစ်အကြာတွင်တော့ စစ်သားများကလည်း သူ့တို့ရဲ့အမြုတေများကို စုဆောင်းပြီး ချန်ချန်းဖုန်း ရဲ့ အနီးတဝိုက်တွင် စုရုံးလိုက်ကြတယ်။
"အစ်ကိုချန်းဖုန်း ကျွန်တော်တို့ကို ဒါတွေဆေးပေးပါလား" ရှောင်ချီ က ပြောလိုက်တယ်။
ချန်ချန်းဖုန်းက စွမ်းအင်ကိုစုစည်းရန်အတွက် သူရဲ့လက်ချောင်းများကိုလက်သီးအဖြစ်ဆုပ်လိုက်ပြီး လက်ဖဝါးထက်မှာလွင့်နေသော ရေဘောလုံးများစွာကို ခေါ်ယူလိုက်တယ်။ လျှပ်တစ်ပြက်အတွင်းမှာပဲ့ ရေဘောလုံးများကကွဲထွက်သွားပြီး သွေးနှင့် အညစ်အကြေးများကို သန့်စင်လိုက်တယ်။
အမြုတေများကိုသန့်စင်ပြီးတာနှင့် ရှောင်ချီက သူရဲ့ သိုလှောင်ခန်းထဲမှ အိတ်ကိုထုတ်ယူလိုက်တယ်။ ရှောင်ချီက အိတ်ကို ခည်နှောင်ကာ သူ့နေရာအတွင်းသို့ ပြန်မသိမ်းမီတွင်ပဲ့ စစ်သားများကအမြုတေများကို အိတ်အထဲမှာ ဂရုတစိုက် ထည့်လိုက်သည်။
ယခုအချိန်မှာတော့ သူတို့မှာအကြည်ရောင်အမြုတေ စုစုပေါင်း ၁၇ ခုကို စုဆောင်းရရှိခဲ့သည်။
ချင်လူဇီ က ခဏရပ်ပြီး "ညီကိုတို့ ဧရိယာကတော့ ရှင်းတယ်။ ငါတို့ အထဲကို ဝင်လို့ရပြီ" လို့ ပြောလိုက်တယ်။
စစ်သားတွေက ခေါင်းညိတ်ပြပြီး ဂိုဒေါင်တံခါးဆီကိုလျှောက်သွားတယ်။ ဝိန့်မိုက ရှေ့ကိုလှမ်းတက်ပြီး သူ့လက်ကို မြှောက်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ့ လေးလံတဲ့သော့ခလောက်ကြီးကပွင့်သွားတယ်။
သော့ကိုဖြုတ်ပြီးနောက်တော့ တံခါးကိုခပ်ကျယ်ကျယ်ပွင့်သွားအောင် တွန်းထုတ်လိုက်တယ်။ အထဲက ပစ္စည်းတွေကို မြင်လိုက်တာနဲ့ မျက်လုံးတွေကတောက်ပလာတယ်။ အတွင်းဘက်ရှိ ကြီးမားသောသေတ္တာအလုံးကြီးများက ဂိုဒေါင်ကြီးရဲ့မျက်နှာကျက်အထိနီးပါးကိုပြည့်နေတယ်။
ဒါကိုမြင်တော့ စစ်သားတွေက နားရွတ်နှစ်ဖက်အထိကိုတက်ချိတ်အောင်တောင် ပြုံးလိုက်ကြတယ်။ အမိန့်ကိုတောင်မစောင့်တော့ဘဲ ဂိုထောင်အထဲကိုပြေးဝင်ကာ ကုန်သေတ္တာများကို ကုန်တင်ကားများပေါ်သို့ စလို့တင်ကြတယ်။
အနီးအနားမှာ ရပ်နေတဲ့ ပိုင်ရီကျီး က သူ့သူငယ်ချင်းတွေကို ကြည့်လိုက်ပြီး "သွားရအောင်" လို့ ပြောလိုက်တယ်။
သူနှင့် သူ့အဖွဲ့က ရိက္ခာများကိုစတင်စုဆောင်းကာ ကားများကို ရိက္ခာအပြည့်ဖြည့်လိုက်တယ်။ ယခုအခါတွင်တော့ ချူကျိမြောင်က တစ်နေ့လျှင် ရေနှစ်ဂါလံကိုထုတ်ပေးနိုင်သဖြင့် အစားအစာများကိုသာ ဦးစားပေးပြီး စုဆောင်းလိုက်ကြတယ်။
ကျိူးလီဇီ ဘာမှမယူတာကို ကျင်းရွှီယန်း က သတိပြုလိုက်မိပြီး "အာ့ဇီ မင်းရဲ့ပစ္စည်းတွေတင်ဖို့ က်ုယ်ကူညီပေးမယ်" လို့ပြောလိုက်တယ်။
ကျိူးလီဇီ က ခေါင်းညိတ်ပြပြီး "ကျေးဇူးတင်ပါတယ် အစ်ကိုယန်း"
သူမ၏ ယဉ်ကျေးသော်လည်း စိမ်းသက်သော လေသံကိုကြားသောအခါ ကျင်းရွှီယန်းက သက်ပြင်းချလိုက်ပြီး "အာ့ဇီ ကိုယ်တို့ရဲ့ဆက်ဆံရေးက သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး"
သူမရဲ့မဆံပင်တွေကို အကြိမ်အနည်းငယ်လောက်ပွတ်သပ်ပေးပြီးမှ သူလှည့်ကာ အလုပ်စလုပ်ဖို့အတွက် ဂိုဒေါင်ထဲကို ၀င်သွားတယ်။ ထိုအချိန်တွင်တော့ ကျိူးလီဇီက သိုလှောင်ရာနေရာများတစ်လျှောက်တွင်လှည့်လည်၍ ကုန်ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေတယ်။
ဤစက်ရုံက ပြုပြင်ပြီးသောအစားအစာမျိုးစုံကို ထုတ်လုပ်တယ်။ ကောက်နှံများ၊ နို့နှင့် ကုန်ပစ္စည်းခြောက်များအပြင် ဘေကွန်၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းများ၊ ဘီစကွတ်များ၊ ဒိန်ခဲနှင့် စည်သွပ်ဘူးများပါရှိသည်။
ဂိုဒေါင်ကို ကုန်ပစ္စည်းအမျိုးအစားအမျိုးမျိုးအတွက် ကဏ္ဍများစွာခွဲထားသည်။ ပိုင်ရီကျီး၏အဖွဲ့နှင့် စစ်သားများက လောလောဆယ်တွင် ဘီစကွတ်များ၊ အစာခြောက်များနှင့် ကောက်နှံများကို သယ်ဆောင်နေကြတယ်။
မည်သူမျှမကြည့်ကြောင်းကို သေချာပြီးနောက်မှ
ကျိူးလီဇီက သူမ၏လက်ကိုမသိမသာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူမအနီးရှိ သေတ္တာအမြောက်အမြားက ပျောက်ကွယ်သွားတယ်။ စည်သွတ်ဘူးများ၊ ဒိန်ခဲ၊ နို့၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းများနှင့် ဘေကွန်များကို သိမ်းဆည်းနေစဉ်အတွင်းတွင် သူမက ဖြည်းဖြည်းချင်းသာ လမ်းလျှောက်သွားခဲ့တယ်။
ဂိုဒေါင်၏ ကြီးမားသောအရွယ်အစားကြောင့် ရိက္ခာ ထက်ဝက်ကျော်က ပျောက်ဆုံးသွားသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။ ကျင်းရွှီယန်း မှလွဲ၍ မည်သူကမျှမသိခဲ့။
သူ့ရဲ့မျက်လုံးတွေက သူမကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေပြီး ပစ္စည်းတွေလေထုထဲမှာ ပျောက်ကွယ်သွားတာကိုလည်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ အံ့သြနေမယ့်အစား သူ့နှုတ်ခမ်းထောင့်က အပြုံးတစ်ခုပေါ်လာတယ်။
သူရဲ့ အာ့ဇီက စမတ်ကျပြီး ချစ်စရာကောင်းသည်— သူမက သူမကိုယ်တိုင်အတွက် အကောင်းဆုံးအရာများကို မည်သို့ရွေးချယ်ရမည်ကို အတိအကျသိတယ်။
မိနစ်သုံးဆယ်အကြာတွင် ပိုင်ရီကျီးရဲ့အဖွဲ့၏ ရိက္ခာများတင်ခြင်းကပြီးဆုံးသွားခဲ့သည်။ သူက ကျင်းရွှီယန်း ဆီကို လျှောက်လာပြီး "ဗိုလ်ကြီးကျင်း ကျွန်တော်ကတင်ပြီးပါပြီ။ တခြားနေရာတွေကို စစ်ဆေးဖို့ သွားလိုက်မယ်" လို့ ပြောလာတယ်။
ကျင်းရွှီယန်း ကလည်း ရှောင်ချီရဲ့ အာကာသစွမ်းရည်ကို ထုတ်မပြချင်တာကြောင့် ခေါင်းညိတ်ကာ "ပြီးရင် ငါ မင်းဆီကို ဂြိုလ်တုဖုန်းကနေ ဆက်သွယ်လိုက်မယ်"
"ကောင်းပြီ"
မထွက်သွားခင်မှာ ပိုင်ရီကျီးက ကျိူးလီဇီကို အရင်လှည့်ကြည့်လိုက်တယ်။ သူမကို တွေ့လိုက်ရသောအခါတွင် ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတော့ လှည့်ထွက်သွားသည်။
သူတို့ကားတွေ မောင်းထွက်သွားတော့မှ ကျင်းရွှီယန်းက သူ့အဖွဲ့ဘက်ကိုလှည့်ပြီး "ထရပ်ကားတွေ အကုန်ဖြည့်စရာမလိုဘူး- ထရပ်ကားနှစ်စီးပဲ့ ဖြည့်လိုက်"
ကျန်းယွမ် က မျက်မှောင်ကြုတ်ကာ "ဗိုလ်ကြီး ကျန်တဲ့ပစ္စည်းတွေကော ဘယ်လိုလုပ်မှာလဲ" ဟု မေးလာတယ်။
"ရှောင်ချီကို ခဏလောက် သိမ်းထားခိုင်းလိုက်ပါ။ ကျန်တာတွေကိုတော့ထားခဲ့လိုက်မယ်"
ကျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး စစ်သားတွေကို ညွှန်ကြားချက်တွေပေးလိုက်တယ်။ ပစ္စည်းအချို့ကို ချန်ထားခဲ့ခြင်းက မကောင်းတာတော့မဟုတ်ပါဘူး။
သူတို့ ဒီကိုလာဖို့စိတ်ကူးထားရင် တခြား အသက်ရှင်ကျန်ရစ်သူတွေလည်း ဒီအတွေ့းရှိလိမ့်မယ်။ ပြီးတော့ ရှောင်ချီရဲ့ သိုလှောင်မှုနေရာကအကန့်အသတ်နဲ့ရှိတယ်— သူတို့မှာအဝတ်အစားနှင့် အခြားလိုအပ်တဲ့အရာများအတွက်လဲ နေရာလိုအပ်နေသေးတယ်။
စစ်သားများက ရိက္ခာများကို ဆက်လက်တင်ဆောင်နေချိန်တွင် ၎င်းတို့ထဲမှ တစ်ဦးက သူ့နေရာ၌ ကုန်ပစ္စည်းများ သိမ်းဆည်းနေတာကို ကျိူးလီဇီကသတိပြုမိလိုက်တယ်။
သူမအကြည့်တွေက လက်ကျန်ရိက္ခာတွေဆီကို ပြောင်းသွားတယ်။ သူမကတော့ အရာအားလုံးကို ယူဆောင်သွားချင်သည်။
ဤထောက်ပံ့ရေးပစ္စည်းများအတွက် အခြားအသက်ရှင်ကျန်ရစ်သူများလာမည်ကို အာမခံချက်မရှိပါ။ ဒါတွေကို အလဟသစွန့်ပစ်မယ့်အစား သူမကတော့ ဒါတွေကိုယူသွားနိုင်တယ်။ သူမက ၎င်းတို့ကို နောက်ပိုင်းတွင် အခြားအရင်းအမြစ်များအတွက် ရောင်းဝယ်ဖောက်ကားရန် သို့မဟုတ် စစ်သည်များထံ ပေးအပ်နိုင်သည်။
ဒါပေမယ့် စစ်သားတွေကို သတိမပေးဘဲနဲ့အားလုံးကို သူမကဘယ်လိုလုပ်ပြီးယူနိုင်မှာလဲ။