အခန်း (၅၄)
Vol. 4 Ch. 54
ကျိူးလီဇီ အစီအစဉ်တစ်ခုကိုမဆုံးဖြတ်မီတွင်ပဲ့ ကျင်းရွှီယန်း က သူ့အဖွဲ့အား နောက်စက်ရုံသို့ ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်တာကို သူမတွေ့ခဲ့တယ်။ ထို့နောက်အဖွဲ့နောက်ကို လိုက်သွားမည့်အစား ကျင်းရွှီယန်းက သူမဆီသို့လျှောက်လာတယ်။
သူမရှေ့မှာ ရပ်လိုက်ပြီး သူကပြုံးကာ "အာ့ဇီ ကျန်တာတွေ ယူလို့ရပြီ" လို့ပြောလိုက်တယ်။
သူ့စကားကြားသောအခါ ကျိူးလီဇီရဲ့ မျက်လုံးများက ပြူးကျယ်သွားတယ်။ ခဏလောက် ငြိမ်သက်သွားပြီးနောက်မှ “အစ်ကိုယန်း ကျွန်မမှာ နေရာလွတ်ရှိတယ်ဆိုတာကို မင်းသိတာလား” လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
"ကိုယ့်ရဲ့အာ့ဇီက အရမ်းထက်မြက်တာပဲ့။ မင်းမှာက အာကာသစွမ်းရည်ရှိတယ်။ နောင်ကြရင်ကိုယ်တော့ စားစရာနဲ့သောက်စရာအတွက် မင်းကိုအားကိုးမှရလိမ့်မယ်။ ဒါကြောင့် မင်းကကိုယ့်ကို ချန်ထားခဲ့လို့မရဘူး" လို့ ပြောရင်း သူကအပြုံးနှင့် သူမကို နက်နက်နဲနဲစိုက်ကြည့်လိုက်တယ်။
သူ့စကားကိုကြားတော့ ကျိူးလီဇီက သူ့ရဲ့အရှက်မဲ့မှုကို ဆူပူကြိမ်းမောင်းခြင်းမရှိဘဲ စိုက်လို့သာကြည့်နေသည်။ ဒါပေမယ့် သူ့မျက်လုံးထဲမှာ မျှော်လင့်နေတဲ့ တောက်ပတဲ့ အရိပ်အယောင်ကိုမြင်လိုက်ရတော့ သူမက ပြောမဲ့စကားတွေကိုမျိုချလိုက်ပြီး "ကောင်းပြီ" ဆိုပြီး ခေါင်းညိတ်ပြလိုက်တယ်။
'မေ့လိုက်ပါတော့ သူ့ကို အနီးကပ်ထားလိုက်တာ ပိုကောင်းပါတယ်။ သူသာ ငါ့ရဲ့အာကာသနေရာအကြောင်းကို တခြားသူတွေဆီပြောပြဖို့ တွေးထားရင် ငါအရင်အရေးယူနိုင်တယ်' လို့ အတွင်းစိတ်ထဲကတွေးလိုက်တယ်။
ကျင်းရွှီယန်း က သူမ၏မျက်လုံးများထဲက လူသတ်ရန် ရည်ရွယ်ချက်ကို သတိပြုမိသော်လည်း သူဂရုမစိုက်ပေ။ သူ့ရဲ့ အာ့ဇီက တခြားသူတွေဆီကနေ သူမကိုသူမ ကာကွယ်နိုင်တာက အရမ်းကောင်းပါတယ်။ သူ့ကိုယ်တော့အနှေးနဲ့အမြန်ဆိုသလိုပဲ့ သူမနဲ့ စေ့စပ်ထားသူအဖြစ်လက်ခံတော့မှာပါ။
သူကအပြင်မှာ စောင့်ကြပ်ကာရပ်နေတာကြောင့်
ကျိူးလီဇီဟာ သူမရဲ့စွမ်းရည်ကို ဖုံးကွယ်ထားနိုင်ရန်အတွက် စိုးရိမ်နေစရာမလိုတော့ပါဘူး။ ငါးမိနစ်အတွင်းမှာပင် သူမက အရာအားလုံးကို သိမ်းဆည်းသွားခဲ့သည်။ နောက်တော့ သူတို့နှစ်ယောက်က နောက်စက်ရုံကို ကားမောင်းလို့သွားတယ်။
ခရီးသည်ထိုင်ခုံတွင်ထိုင်နေရင်း သူမတစ်စုံတစ်ခုကို ရိပ်မိလိုက်တယ်။
သူမသည် တစ်ချိန်က ဘယ်သူ့ကိုမှဘယ်သောအခါမှမယုံကြည်ဖို့အတွက် ကတိသစ္စာပြုခဲ့ပြီး သူမရဲ့ အာကာသစွမ်းရည်ကိုလည်း ဘယ်တော့မှ ထုတ်မပြခဲ့ဖူးပေ။ သို့သော် သူမက ကျင်းရွှီယန်း ကိုတော့ မဆိုင်းမတွ ယုံကြည်နေခဲ့တယ်။ တစ်နည်းနည်းနဲ့ မှားနေတယ်လို့လဲ မခံစားရပါဘူး။
ဒါကိုတွေးရင်းနဲ့မှ တစ်ခုခုမှားသွားသလို ခံစားလိုက်ရတယ်။
ကျင်းရွှီယန်း ကတော့ သူ့နှုတ်ခမ်းပေါ်တွင်ရှိနေသော သိနားလည်သောအပြုံးတစ်ခုဖြင့် ကားမောင်းနေရင်း သူမကို စိုက်ကြည့်နေတယ်။
နောက်တစ်စက်ရုံသို့ရောက်သောအခါတွင်တော့ ပထမစက်ရုံနှင့်မတူတော့ပေ။
သူတို့ရောက်ရှိလာချိန်တွင်တော့ သံမဏိတံခခါးနောက်၌ဖုတ်ကောင်များက ပြင်းထန်စွာဟိန်းဟောက်နေတယ်။ သူတို့ရဲ့ ပုပ်သိုးနေတဲ့လက်တွေကိုဝှေ့ယမ်းပြီး သူတို့ရှေ့ကသားကောင်တွေကိုဖမ်းဖို့ကြိုးစားတယ်။
"ရားးး"
စစ်သည်တွေကအဝေးကရပ်နေပြီး အမိန့်ကိုနာခံဖို့အဆင်သင့်ဖြစ်နေသလိုမျိူး ဗိုလ်ကြီးကိုကြည့်တယ်။
ကျင်းရွှီယန်းက ဖုတ်ကောင်အရေအတွက်ကိုကြည့်ပြီး အကြမ်းဖျဉ်းခန့်မှန်းချက်တစ်ခုပြုလုပ်ခဲ့သည်။ ဒီအုပ်စုရဲ့ အရွယ်အစားပေါ်မူတည်လို့ကြည့်ရတာတော့ ဖုတ်ကောင်အရေအတွက်က ၃၀၀ မှ ၄၀၀ ပတ်ဝန်းကျင်ဖြစ်နိုင်တယ်။ သူတို့ရဲ့စွမ်းရည်များကို တိုက်ခိုက်ရန်အတွက် အသုံးပြုပါက ဖုတ်ကောင်တွေကို အဝေးမှနေပြီး ရှင်းထုတ်နိုင်သည်။
ဆူညံသံတွေအများကြီးမဖန်တီးဘဲ ဖုတ်ကောင်တွေကို ရှင်းပစ်ဖို့ အကောင်းဆုံးနည်းလမ်းကို သူတွေးနေတုန်းမှာပဲ့ ပိုင်ရီကျီးက ရှေ့ကို ခြေလှမ်းများစွာလှမ်းသွားခဲ့တယ်။
သူ့လက်ကို မြှောက်လိုက်သည်နှင့် ကျိူးလီဇီလည်း ဆိုးရွားသော ခံစားမှုတစ်ခုကိုရလိုက်ပြီး "နေပါဦး-"
"ခရစ် ဘုန်းး"
သူမရဲ့စကားမဆုံးခင်မှာပဲ့ မိုးကြိုးတစ်စင်းဟာ ကောင်းကင်ကနေကျယ်လောင်တဲ့အသံနဲ့ဆင်းသက်လာခဲ့ကာ ဖုတ်ကောင်တွေကို နဲ့ ထိမှန်သွားခဲ့ပါတယ်။
"ရားး ရားး ရားး "
"ဒုန်းး ဒုန်းး ဒုန်းး"
သူ၏တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့ကျယ်လောင်သောပေါက်ကွဲသံဟာ ဖုတ်ကောင်များအားတံခါးဝတွင်ပိုမိုစုဝေးလာစေခဲ့တယ်။ ဟိန်းဟောက်သံတွေထွက်လာပြီး တံခါးကို တွန်းထိုးလာကြတယ်။
တံခါးက ဘယ်လောက်ပဲခိုင်ခံ့နေပါစေ ဖုတ်ကောင်များစွာရဲ့ တွန်းတိုက်မှုကို ခံနိုင်ရည်ရှိဖို့ကတော့ ခက်ပါလိမ့်မယ်။
ကျင်းရွှီယန်းသည် ဖုတ်ကောင်များက တံခါးကိုဖောက်ဖျက်တော့မည်ကို မြင်သောအခါ" ဝိန့်ခိုင် ဝိန့်မို တံခါးကို ခိုင်ခံ့အောင်လုပ် "
"ဟုတ်ကဲ့ ဗိုလ်ကြီး"
သူ့အမိန့်ကို ကြားတာနဲ့ နှစ်ယောက်လုံးကရှေ့ကိုလှမ်းတက်လာပြီး လက်ကိုမြှောက်လိုက်တယ်။
လူတိုင်း၏အကြည့်အောက်တွင် ဘော်လီဘောအရွယ်အစားရှိတဲ့ သတ္တုဘောလုံးများက လေထုထဲမှထွက်ပေါ်လာတယ်။ စက္ကန့်အနည်းငယ်ကြာသောအခါတွင်တော့ ဘောလုံးများက ပြန့်ကျဲသွားပြီး တံခါးဆီသို့ပျံသန်းသွားနေသော သတ္တုပြားများ ဖြစ်လာခဲ့သည်။
ထို့နောက်တွင်တော့ မိမိတို့၏စိတ်ဆန္ဒကို သိရှိထားသကဲ့သို့ပင် သတ္တုပြားများက မြေကြီးထဲသို့ ထိုးစိုက်ကျသွားကာ ဝင်ပေါက်တစ်ဝိုက်တွင် သတ္တုနံရံအလွှာများ ဖြစ်ပေါ်လာသည်။
ဒါကိုမြင်တော့ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ဟာ အံ့အားသင့်သွားကြတယ်။ စစ်သားတွေမှာလည်း စွမ်းအင်တွေရှိမယ်လို့ မမျှော်လင့်ထားဘူး။
ကျင်းရွှီယန်းရဲ့အနားမှာရပ်နေတဲ့ ကျိူးလီဇီရဲ့ မျက်လုံးတွေတော့ အံ့သြသင့်မှုဖြစ် တောက်ပနေပါတယ်။ သူတို့နှစ်ဦးစလုံးက သတ္တုအမျိုးအစားအသုံးပြုသူများဖြစ်ကြသော်လည်း သူတို့၏စွမ်းရည်များမှာ ကွဲပြားသည်။
တစ်ဦးမှာ သတ္တုဖန်တီးနိုင်စွမ်းရှိပြီး ကျန်တစ်ဦးမှာတော့ သတ္တုကိုထိန်းချုပ်နိုင်စွမ်းရှိသည်။ နှစ်ဦးသားက အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်တိုက်ပွဲအတွင်းတွင် သူတို့ရဲ့သတ္တုအမျိုးအစားစွမ်းရည်များက ရှုံးနိမ့်ရန် ခက်ခဲမည်ဖြစ်သည်။
သတ္တုအမျိုးအစားစွမ်းရည်အသုံးပြုသူအများစုကသတ္တုကိုသာ ထိန်းချုပ်နိုင်ကြတယ်။ သတ္တုမရှိသော ဧရိယာတွင် တိုက်ခိုက်ပါက သူတို့ရဲ့စွမ်းရည်များကအသုံးမ၀င်ပေ။သို့သော် သတ္တုကိုဖန်တီးနိုင်သူတစ်ဦးအနေနဲ့ဆိုရင်တော့ တိုက်ပွဲအတွင်းမှာတိုက်ခိုက်ရန်အတွက် လက်နက်များကုန်သွားမည်ကို စိုးရိမ်စရာမလိုပေ။
ဖန်တီးမှုက ဒြပ်စင်အမျိုးအစားစွမ်းရည်များတွင် ပြောင်းလဲမှုအမျိုးအစားများထဲမှတစ်ခုဖြစ်သည်။ အလွန်ရှားပါးပြီး အစွမ်းထက်ပါသည်။ သို့သော် နောက်တစ်ဆင့်သို့ ဖြတ်ကျော်ရန် လိုအပ်သောစွမ်းအင်က သာမန်စွမ်းရည်တစ်ခုအတွက် လိုအပ်သည်ထက်အဆများစွာ ပိုများတယ်။
ရလဒ်အနေဖြင့် မပြောင်းလဲသောဒြပ်စင်စွမ်းရည်အသုံးပြုသူများသည်အဆင့်နိမ့်မှုကြောင့် နာမည်တစ်ခုရနိုင်ရန် သို့မဟုတ် ကမ္ဘာပျက်ကပ်တွင် ရှင်သန်နိုင်ဖို့ခက်ခဲကြသည်။
ငါးမိနစ်လောက်ကြာတော့ ဝိန့်ခိုင်နဲ့ ဝိန့်မိုတို့က နောက်ထပ် ဂိတ်တစ်ခုကိုဆောက်ပြီးတာနဲ့ သတင်းပို့ဖို့ ပြန်လာကြတယ်။
"ဗိုလ်ကြီး ပြီးပြီ"
"ကောင်းပြီ" ကျင်းရွှီယန်းက ခေါင်းညိတ်သည်။
အရေးပေါ်အခြေအနေကို ကိုင်တွယ်ပြီးနောက်တော့ သူက ပိုင်ရီကျီးဘက်လှည့်ပြီး "သခင်လေးပိုင် မင်းရဲ့ မိုးကြိုးပစ်စွမ်းရည်က ပြင်းထန်တဲ့ တိုက်ခိုက်မှုစွမ်းအားရှိတယ်၊ ဒါပေမယ့် အသံကအရမ်းကျယ်တယ်။ မင်းရဲ့တိုက်ခိုက်မှုနဲ့ဆိုရင်တော့ စက်ရုံထဲကိုမဝင်ခင် အရင်ဆုံးဖုတ်ကောင်အားလုံးကို သတ်ပစ်ရလိမ့်မယ်"
ဒါကိုကြားတော့ ပိုင်ရီကျီးရဲ့မျက်နှာက မည်းမှောင်သွားတယ်။သူ့ချို့ယွင်းချက်တွေကိုဖော်ထုတ်လို့ မပျော်တော့ဘူး။
"တိုက်ခိုက်ဖို့က ကျွန်တော်တို့ရဲ့ စွမ်းအင်တွေအပြင် ဗိုလ်ကြီးကျင်းမှာ တခြားအကြံဥာဏ်တွေ ရှိလို့လား" အံကြိတ်ထားကာ မေးလာသည်။
သူ့ဒေါသကိုမြင်တော့ ကျင်းရွှီယန်းက လန်းဆန်းသွားပြီး "ဒါပေါ့ ဒီအခြေအနေမှာတော့ ငါတို့ရဲ့ စွမ်းအင်တွေနဲ့ပဲ တိုက်ခိုက်နိုင်တာပါ။ ဒါပေမယ့် ငါဂရုစိုက်ပါ့မယ်။ သခင်လေးပိုင် မင်းကတော့ ခဏစောင့်လို့ရတယ်"
သူ့လေသံက ယဉ်ကျေးပေမယ့် သူ့အမူအရာကတော့ ရိုက်နှက်လာဖို့ကိုတောင်းဆိုနေတယ်။
ပိုင်ရီကျီး က အံကြိတ်ကာ "ဒါဆို ဗိုလ်ကြီးကျင်းက ဖုတ်ကောင်တွေကို ဘယ်လိုကိုင်တွယ်လဲဆိုတာကို ငါကြည့် နေမယ်" လို့ပြောလိုက်တယ်။
"ရပါတယ်၊ မင်းနဲ့မင်းအဖွဲ့က ကြည့်ရှုလေ့လာနိုင်ပါတယ်" လို့ ကျင်းရွှီယန်းက ရက်ရက်ရောရောပဲ့ ပြန်ပြောခဲ့ပါတယ်။