အခန်း (၅၅)
Vol. 4 Ch. 55
ကျင်းရွှီယန်းက စကားပြီးသွားသောအခါမှာတော့ နံရံဆီသို့ လျှောက်သွားလိုက်တယ်။ ဒူးကိုအနည်းငယ်ကွေးပြီး ပေါ့ပေါ့ပါးပါးပဲ့ခုန်ပြီး အပေါ်ကို တက်လိုက်တယ်။
သူအဲဒီမှာရပ်နေတဲ့အခိုက်မှာ ဖုတ်ကောင်တွေက အချင်းချင်းတွန်းတိုက်ပြီး သူ့ဆီလှမ်းတက်ဖို့ကြိုးစားလာကြတယ်။
ကျင်းရွှီယန်း ခေါင်းငုံ့ကာ သူတို့ကိုအေးစက်စွာကြည့်လိုက်တယ်။ ဒီဦးနှောက်မဲ့ဘီလူးတွေကို သူမြင်လိုက်ရတိုင်း သူ့ရဲ့ အာ့ဇီက သူ့ရှေ့မှာပဲ့ အကွဲအပြဲဖြစ်သွားတာကို သတိရမိလိုက်တယ်။
သူရဲ့နှလုံးသားအတွင်းက လူသားများနှင့် လူသေကောင်များအပေါ်ထားရှိသော အမုန်းစိတ်က လွန်စွာနက်ရှိုင်းလှ၏။ ထိုအမုန်းတရားကြောင့်ပင် သူကိုယ်တိုင်က လူသေကောင်တစ်ကောင်အဖြစ်ပြောင်းသွားခဲ့သော်လည်း သူ့လက်နှင့်ပင် အရာရာတိုင်း ၊ လူတိုင်းကိုဖျက်စီးပစ်ရန် ရွေးချယ်ခဲ့သည်။
"ဒါပေမယ့် ဒီတစ်ခါတော့ သူက သူတို့(ဖုတ်ကောင်)အဖွဲ့ဝင်ဖြစ်ဖို့ စီစဉ်ထားတာမဟုတ်ဘူး။ သူ့ရဲ့အာ့ဇီကို လက်ထပ်ပြီး သားသမီးတစ်သိုက် မွေးချင်တာ။ လူသေကောင်တွေက သားသမီးမွေးလို့ မရဘူးလေ၊ မဟုတ်ဘူးလား"
သူရဲ့ဓားရှည်ကိုဖြုတ်ပြီး ကျိူးလီဇီ ဘက်သို့ လှည့်ကာ "အာ့ဇီ အနောက်ကိုနည်းနည်းပြန်ဆုတ်လိုက်ပါ။ အရမ်း နီးကပ်နေရင် မင်းပူလိမ့်မယ်"
စစ်သားများက ဒီစကားကိုကြားသောအခါ ဆယ်မီတာကိုအလျင်အမြန်နောက်ပြန်ဆုတ်သွားပြီး သူတို့ရဲ့ခယ်မကိုပင်ခေါ် ရန်မေ့သွားကြတယ်။
သူတို့ဘေးကင်းကြောင်းသေချာပြီးနောက်မှ ကျင်းရွှီယန်းက သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ပြီးချက်ခြင်းတွင်ပဲ့ အနက်ရောင်မီးတောက်များက သူ့ဓားရှည်ကိုဖုံးလွှမ်းလို့သွားတယ်။ မီးတောက်များက ပြင်းထန်စွာကခုန်နေပြီးပတ်ဝန်းကျင်ကအပူချိန်ဟာလည်း ရုတ်တရက် ထိုးတက်လာခဲ့တယ်။
ကျင်းရွှီယန်းက စုံရပ်ထားတဲ့ခြေထောက်တွေကိုခွဲလိုက်ပြီး ဓားကိုအလျားလိုက်ခုတ်လွဲသလိုလုပ်လိုက်တယ်။ နောက်တစ်စက္ကန့်တွင်တော့ လခြမ်းပုံသဏ္ဍာန်ရှိသော မီးတောက်ဓားက ဖုတ်ကောင်များဆီသို့ အရှိန်ပြင်းပြင်းဖြင့်ပြေးဝင်သွားသည်။
အခြားတိုက်ခိုက်မှုများနှင့်မတူဘဲ မီးတောက်များကတောါဖုတ်ကောင်များကိုထိမိသည်နှင့် ဖုတ်ကောင်တွေကို ဝါးမျိုလိုက်ပြီး ပေါက်ကွဲသွားစေမည့်အစား ချက်ချင်းကို လောင်ကျွမ်းသွားလိုက်တယ်။ နံရံမှာရပ်နေတဲ့ ကျင်းရွှီယန်း က သူ့ဓားရှည်ကိုသိမ်းလိုက်ပြီး သူ့ရဲ့အနက်ရောင်မီးတောက်တွေရဲ့ ဝါးမျိုတာခံနေရတဲ့ ဖုတ်ကောင်တွေကို ကြည့်နေတယ်။
ဤအခိုက်အတန့်တွင်ပဲ့ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များက တဟုန်ထိုးဝင်ရောက်လာပြီး ရင်ခေါင်းအောက်ရှိ နေရာကို စုစည်းလိုက်သလိုပဲ့ ခံစားလိုက်ရတယ်။ သူ့ကိုယ်အတွင်း၌ ခံစားမိနေသော အအေးဓာတ်နှင့်ပူပြင်းသောအပူချိန်ကို ခံစားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်စွန်းကိုမြှင့်တက်လာစေတယ်။
နံရံရဲ့အောက်ခြေမှာရပ်နေတဲ့ ပိုင်ရီကျီးနှင့်သူ့အဖွဲ့ဟာ တံခါးရဲ့နောက်ကွယ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုမမြင်နိုင်ခဲ့ပါဘူး။ ကျင်းရွှီယန်းကဓားကို တစ်ကြိမ်သာလွဲပြပြီး ထိုနေရာတွင် မလှုပ်မယှက်ရပ်နေခဲ့တယ်။ သူတို့သည် ဖုတ်ကောင်များ၏ ရှုပ်ယှက်ခတ်နေသောဟိန်းဟောက်သံများကိုသာ ကြားနိုင်ပြီး ကျင်းရွှီယန်းကိုပဲ့ကြည့်နေကြသည်။
ပိုင်ရီကျီးက ကျင်းရွှီယန်းရဲ့ကျောပြင်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ ဖုတ်ကောင်တွေက ဟောက်နေသေးပေမယ့် အရင်ကထက် ပိုတိတ်ဆိတ်သွားတယ်။ ထို့အပြင် လေထဲတွင် လောင်ကျွမ်းနေသော ရနံ့ကလည်းပျံ့နှံ့နေတယ်။
အားလုံးက သူ့လုပ်ရပ်ကြောင့် စိတ်ရှုပ်နေချိန်မှာ ကျိူးလီဇီ ရဲ့မျက်လုံးတွေကတော့ တောက်ပနေခဲ့တယ်။ ထိုလှုပ်ရှားမှုက ကျင်းရွှီယန်း၏ အနှစ်သက်ရဆုံး တိုက်ခိုက်ရေးစွမ်းရည်တစ်ခုဖြစ်သည်။ မီးအမျိူးအစားစွမ်းရည်အသုံးပြုသူတစ်ဦးအနေဖြင့် သူသည် သူ့ရဲ့စွမ်းရည်ထက် ဓားကိုအသုံးပြုရခြင်းအားပိုနှစ်သက်တယ်။
သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်တော့ သာမန်ဓားများရ ဖုတ်ကောင်များကို သတ်ရန်နေနေသာသာ ဖုတ်ကောင်များကို ထိခိုက်ဒဏ်ရာရအောင်ပင်မလုပ်နိုင်တော့ ပေ။ သူကတော့ သူ့ရဲ့ဓါးနှင့်မီးကိုပေါင်းစပ်ကာ သတ်ဖြတ်နိုင်ဆုံးလက်နက်အဖြစ်သို့ပြောင်းလဲခဲ့သည်။
ဒီလှုပ်ရှားမှုကို သူစောစောစီးစီး ဖန်တီးမယ်လို့ သူမ မမျှော်လင့်ထားပါဘူး။ သူ့ရဲ့တိုက်ခိုက်မှုအကြောင်း တွေးနေရင်းနဲ့ သူ့စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာတယ်။
'အဲဒါကို သူလုပ်နိုင်ရင် ငါလည်းဒီလှုပ်ရှားမှုကို အသုံးချနိုင်တယ် မဟုတ်ဘူးလား'
ဒီအတွေးက စိတ်ထဲတိုးဝင်လာတာနဲ့ သူမကစမ်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ သူမရဲ ကျောပိုးအိတ်ထဲမှ အရိုးခုတ်ဓားကို ထုတ်ယူလိုက်သည်။ ဓါးလက်ကိုင်ကို ကိုင်ထားရင်း သူ့လက်ဖဝါးပေါ်မှ စွမ်းအင်ကိုအာရုံစိုက်ကာ ဓါးဆီသို့ စွမ်းအင်ကို ဖြည်းညှင်းစွာလွှဲပြောင်းပေးတယ်။
နောက်အခိုက်အတန့်တွင်တော့ ဓားကိုရေအလွှာပါးဖြင့် ဖုံးအုပ်လိုက်နိုင်တယ်။ မီးနဲ့ မတူတာက ရေကအများကြီး ထိခိုက်မှု မရှိပါဘူး။ ထို့ကြောင့် သူမကရေကိုထိန်းချုပ်ပြီး ဓားသွား၏ ချွန်ထက်သောအစွန်းကို အာရုံစိုက်လိုက်တယ်။
ဓားသွားတစ်ခုလုံးကို ရေနဲ့ဖုံးထားမယ့်အစား သူမရဲ့စွမ်းအင်အချို့ကိုပြန်ရုတ်သိမ်းလိုက်ကာ ချွန်ထက်တဲ့အစွန်းမှာပဲ့ ရေလွှာလေးတစ်လွှာသာချန်ခဲ့တယ်။
သူမက ဤနည်းလမ်းကိုစမ်းသပ်ရန်အတွက် အလွန်အာရုံစိုက်ခဲ့သော်လည်း စစ်သားများကတော့ သတိမထားမိကြဘဲ ပိုင်ရီကျီးကသာ သူမကိုစိုက်ကြည့်နေတယ်။
ဆယ်မိနစ်နီးပါးကြာပြီးနောက်တွင်တော့ သူမက ဓါးသွားရဲ့ချွန်ထက်သောအစွန်းတစ်လျှောက်မှာ ရေဓါးပါးလေးတစ်ချောင်းကိုဖန်တီးနိုင်ခဲ့တယ်။ ဓားကို မြှောက်ပြီး နေရောင်အောက်မှာ စမ်းသပ်ကြည့်ရှုလိုက်တယ်။ ပြီးတော့ လက်ညှိုးထိပ်နဲ့ ရေဓားလွှာကိုတို့ထိကြည့်လိုက်တယ်။
ချက်ချင်းပင် သူမ၏ လက်ချောင်းထိပ်မှ သွေးများစီးကျလာတယ်။ ရေဓားလွှာရဲ့ ချွန်ထက်မှုက သူမရဲ့ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်နေပြီဖြစ်သည်။။
သူမ၏ စွမ်းအင်ကို ရုတ်သိမ်းလိုက်ပြီးနောက်တော့ ရေဓါးအပါးလေးက ဗွက်အိုင်အဖြစ်သို့ပြောင်းလဲသွားချိန်မှာပဲ့ တစ်စုံတစ်ယောက်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်တယ်။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ့ သူ့မရဲ့လက်ချောင်းထိပ်က နူးညံ့ပြီး နွေးထွေးတဲ့တစ်ခုခုကို ခံစားလိုက်ရတယ်။
ကျင်းရွှီယန်းက သူမ၏လက်ချောင်းထိပ်မှ သွေးကို စုပ်နေတာကို မြင်လိုက်ရသောအခါတွင် သူမရဲ့စိတ်တွေကပေါက်ကွဲသွားတယ်။ ခဏအကြာတွင်မှ သူက သူမကို လွှတ်လိုက်ပြီး "အာ့ဇီ မင်းကဘာလို့ ဒီလောက်ထိကိုသတိလက်လွတ်ဖြစ်နေတာလဲ။ ကံကောင်းထောက်မလို့ပေါ့ ဒဏ်ရာက သေးသေးလေးပဲ"
"ရှင်-ရှင်ဘာလုပ်နေတယ်ထင်လဲ" သူမက တုန်တုန်လှုပ်လှုပ်နဲ့ပဲ့ လက်ကိုပြန်ဆွဲထုတ်တယ်။
"မင်းရဲ့ဒဏ်ရာကို ကိုယ်ကုသပေးနေတယ် " ကျင်းရွှီယန်း က အမှန်အတိုင်း ပြန်ဖြေတယ်။
သူ့ရဲ့စကားကြားပြီး သူ၏အပြစ်ကင်းစင်သော အကြည့်ကို မြင်လိုက်ရတော့ ကျိူးလီဇီတစ်ယောက် ဒေါသကြောင့် သွေးအန်လုမတတ်ဖြစ်သွားတယ်။ သူမက သူ့ကိုစိုက်ကြည့်ကာ "ရှင်ဒီလိုလုပ်ဖို့က ကျွန်မတို့ကအဲလောက်မနီးစပ်ဘူး" လို့ပြောလိုက်တယ်။
ထိုစကားကို သူမပြောပြီးသည်နှင့် ကျင်းရွှီယန်း၏ မျက်လုံးများကနီရဲလာပြီး သူ့မျက်လုံးများမှ မျက်ရည်တစ်စက်ကျဆင်းလာသည်ကို သူမတွေ့လိုက်ရတယ်။ သူ့ရဲ့မျက်ရည်ကျနေသောမျက်လုံးများနှင့် ညှိုးငယ်သောအမူအရာကြောင့် သူမအံ့အားသင့်သွားတယ်။
"ဘာလို့ငိုတာလဲ" အသံတိုးတိုးဖြင့် သူမမေးလိုက်တယ်။
ကျင်းရွှီယန်းက သူမလက်ကိုဆွဲကိုင်လိုက်ပြီး "အာ့ဇီ မင်းက ကိုယ့်ကိုမလိုချင်ဘူးလား" လို့ ဝမ်းနည်းစွာမေးလိုက်တယ်။
ကျိူးလီဇီက မျက်မှောင်ကြုတ်ကာ "အစ်ကိုယန်း ကျွန်မတို့က နှစ်တွေကြာပြီးမှပြန်ဆုံကြတာ။ ရှင်နဲ့ပတ်သတ်ပြီးတော့ ကျွန်မဒီလိုခံစားရဖို့ကမဖြစ်နိုင်ဘူး။ ရှင်ဒီလိုလုပ်တာက ကျွန်မကို စိတ်မသက်မသာဖြစ်စေတယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူမလက်ကိုလွှတ်ပေးလိုက်ပြီး ခေါင်းကိုငုံ့လိုက်တယ်။ ခဏတာ ငြိမ်သက်ပြီးနောက်မှ သူကခေါင်းညိတ်ပြီး “နားလည်ပါတယ်”
ထို့နောက် သူကလှည့်ကာ "ဝိန့်မို တံခါးဖွင့်ပါ" ဟုပြောရင်း တံခါးဆီသို့လျှောက်သွားတယ်။
သူ့ရဲ့စိတ်ပျက်အားငယ်နေတဲ့ ကျောပြင်ကိုကြည့်လိုက်မိတော့ ကျိူးလီဇီက သူ့ကို ဒီလိုစကားတွေပြောမိလို့ အပြစ်ရှိသလို ခံစားခဲ့ရပေမယ့်လည်း သူ့ရဲ့ရင်းနှီးလွန်းတဲ့ အပြုအမူကိုလည်း သူမကလက်မခံနိုင်ပါဘူး။
သူမတို့ပြန်ဆုံတာက နာရီပိုင်းပဲရှိသေးပြီး နှစ်ယောက်လုံးကလည်း အခုဆို အရွယ်ရောက်လာပြီ။ ငယ်ငယ်တုန်းကလိုပဲ့ သူ့ကိုဆက်ဆံဖို့က မဖြစ်နိုင်ဘူး။
သူ့ရဲ့နောက်ကျောကိုပဲ့ကြည့်နေတဲ့ ကျိူးလီဇီက သူ၏အမူအရာကို မမြင်နိုင်ပေ။ ထို့ကြောင့် ကျင်းရွှီယန်းရဲ့ မျက်လုံးများအတွင်းမှာရှိသောအပြုံးကို သူမလွတ်သွားခဲ့တယ်။