← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

‎ကျင်းရွှီယန်း ဂိတ်ဝသို့လျှောက်လာရင်းတွေးနေတာက 'သူမကအရမ်းသတိထားလွန်းတယ်။ ဒါကို ဖြည်းဖြည်းချင်း လုပ်ယူရမယ်။ အာ- ငါ့ရဲ့အာ့ဇီ ဒေါသထွက်နေရင်တောင်မှ ချစ်စရာကောင်းတယ်။ ကိုယ်ဘာလုပ်သင့်သလဲ ၊ ပွေ့ဖက်ပြီးနမ်းလိုက်ချင်တယ်'

‎

‎

သူရဲ့စိတ်ထဲတွင် ကြံစည်နေသော မဖွယ်မရာအတွေးအခေါ်များနှင့်မတူဘဲ သူ့အမူအရာကတော့ မှုန်ကုပ်ကုပ်ဖြစ်‌နေပြီး သူ့မျက်လုံးများက အေးစက်နေခဲ့သည်။ စစ်သားများက သူတို့ဗိုလ်ကြီးရဲ့ပုံစံကို မြင်သောအခါတွင် ခါးကိုဖြောင့်တန်းစွာ ရပ်လို့ မျက်လုံးကိုတောင် တည့်တည့်မကြည့်ဝံ့ကြပေ။

‎

‎

‎တင်းမာသောလေထုအောက်မှာပဲ့ ဝိန့်မိုက သူ့လက်များကို တံခါးဆီသို့ဦးတည်လို့ မြှောက်တင်ကာ လက်သီးကိုဆုပ်လိုက်သည်။ နောက်အခိုက်အတန့်မှာတော့ သတ္တုပြားကလှံတံရှည်တစ်‌ချောင်းအဖြစ်သို့ပုံသဏ္ဍာန်ပြောင်းလဲသွားတယ်။

‎

‎

‎သူ့ကနောက်ထပ်လက်ဝှေ့ယမ်းလိုက်တာနဲ့ပဲ့ လှံကလေထဲမှ တဟုန်ထိုး လွင့်မျောလာပြီး သူ့လက်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့တယ်။လှံကိုဖမ်းလိုက်ပြီးတာနဲ့ သူ့ဗိုလ်ကြီးကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ချင်လူဇီဘက်သို့ လှည့်ကြည့်လိုက်တယ်။

‎

‎

ခေါင်းဆောင်ဖြစ်သူဆိုလိုချင်တဲ့အဓိပ္ပါယ်ကို ချင်လူဇီကလည်း နားလည်ပြီး သူ့ခေါင်းထဲမှာ မြေပုံကိုစစ်လိုက်တယ်။ ခဏအကြာတွင် သူက "ဗိုလ်ကြီး မီတာ 100 အချင်းဝက်အတွင်းက ဧရိယာကရှင်းပါတယ်" ဟု ပြောတယ်။

‎

‎

‎ကျင်းရွှီယန်း က ခေါင်းညိတ်ပြီးပြောလိုက်တယ် "သွားရအောင်"

‎

‎

‎စစ်သားများက ယာဉ်များပေါ်သို့တက်ကာ ဂိုဒေါင်ဆီသို့ မောင်းနှင်သွားကြတယ်။ ချင်လူဇီက သံချပ်ကာယာဉ်အတွင်းတွင်ထိုင်နေရင်းနှင့် ပတ်ဝန်းကျင်ကို သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးလိုက်သည်။

‎

‎

‎ဂိုဒေါင်အတွင်းက ထူထပ်သော အနီရောင်အစက်များစွာကို မြင်လိုက်ရတော့ "ဗိုလ်ကြီး အထဲမှာ ပိတ်မိနေတဲ့ ဖုတ်ကောင်တွေ တစ်ရာကျော်လောက်ရှိတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ခရီးသည်ထိုင်ခုံတွင်ထိုင်နေတဲ့ ကျင်းရွှီယန်းက ရေဒီယိုကို ကောက်ယူလိုက်ပြီး " ရှောင်ချီ အပါအဝင် စွမ်းအင်ရှိတဲ့သူတွေတိုင်းကဆင်းလာပြီး အနားမှာရှိတဲ့ဖုတ်ကောင်တွေကို ရှင်းပစ်ပါ။ ကျန်တဲ့သူတွေကတော့ ကားထဲမှာနေပြီး အပြင်ဘက်ကိုအကာကွယ်ပေးထားလိုက်"

‎

‎

‎သူစကားပြောပြီးသည်နှင့် ကျန်းယွမ်ကလည်း သံချပ်ကာယာဉ်ကို ဂိုထောင်ဝင်ပေါက်အနီးတွင် ရပ်လိုက်တယ်။

‎

‎

‎ကျင်းရွှီယန်း၊ ကျန်းယွမ် နှင့် တခြားစစ်သားခြောက်ယောက်က ကားပေါ်မှဆင်းလာကြတယ်။ သူတို့အားလုံးဆီမှာက စွမ်းရည်တွေ နိုးကြားလာပြီးဖြစ်တာကြောင့် ဖုတ်ကောင်တွေကို သတ်ရတာက သူတို့အတွက်တော့ အတော်လေးလွယ်ကူပါတယ်။

‎

‎

‎ဂိုဒေါင်တံခါးဖွင့်ခါနီးတွင် ကားတံခါးပိတ်သံကို ကြားလိုက်ရတယ်။ ကျင်းရွှီယန်း လှည့်ကြည့်လိုက်တော့ ကျိူးလီဇီကဓားကိုကိုင်ထားရင်း လမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်။

‎

‎

‎"အာ့ဇီ မင်းကဘာလို့ဆင်းလာတာလဲ။ ကားထဲမှာပဲနေ။ ခဏနေမှဆင်းလာခဲ့" လို့ပြောလိုက်တယ်။

‎

‎

‎"အစ်ကိုယန်း၊ ငါက နုနယ်ပန်းတစ်ပွင့်လိုမဟုတ်ဘူး။ မင်းနဲ့ တခြားသူတွေနဲ့အတူ တိုက်ပွဲဝင်ချင်တယ်" လို့ ကျိူးလီဇီ က ပြုံးပြီး ပြန်ဖြေတယ်။

‎

‎

‎သူမရဲ့ စိတ်ပိုင်းဖြတ်ထားသောအကြည့်ကို မြင်လိုက်ရတော့ ကျင်းရွှီယန်းက သက်ပြင်းချလိုက်ပြီး "ကိုယ့်အနားမှာနေနော်"

‎

‎

‎"ကောင်းပြီ" ကျိူးလီဇီ ခေါင်းညိတ်တယ်။

‎

‎

‎ထို့နောက် ဝိန့်မိုက သော့ဖွင့်ကာ ကြီးမားသောဂိုဒေါင်တံခါးကို ဖွင့်လိုက်တယ်။ သူ့၏ သတ္တုအမျိုးအစားစွမ်းရည်ဖြင့်ဆိုရင်တော့ သူအတွက်တော့ဒါကမခက်ခဲပါဘူး။ သူ့လက်ကိုဝှေ့ယမ်းလိုက်ရုံပါပဲ့။ တံခါးကိုဖွင့်လိုက်တာနဲ့ အထဲမှာရှိနေတဲ့ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေ ကြားလိုက်ရတယ်။

‎

‎

‎"ရားး"

‎

‎

‎"သူတို့လာနေပြီ" ဟု ချင်လူဇီ ကပြောတယ်။

‎

‎

‎စစ်သားများကလည်း ဓားများကိုအစွပ်ဖြုတ်ပြီး ဖုတ်ကောင်များကို ထိုးဖောက်တိုက်ခိုက်လိုက်တယ်။

‎

‎

‎ဓါးလွှဲလိုက်တိုင်းမှာပဲ့ ဖုတ်ကောင်ခေါင်းများက မြေပြင်ပေါ်သို့ လှိမ့်ကျသွားသည် သို့မဟုတ် ကွဲထွက်သွားသည်။ အနက်ရောင်သွေးများနှင့် ပုပ်နေသောအသားများက ကြမ်းပြင်ကိုထူထဲစွာဖုံးလွှမ်းထားပြီး အနံ့အသက်ဆိုးများက လေထုထဲမှာပြည့်နေတယ်။

‎

‎

‎ဖွဲ့စည်းမှုရဲ့အလယ်တွင်ရောက်နေတဲ့ ‎ကျိူးလီ‌ဇီကတိုက်ခိုက်ရန်အခွင့်အရေးမရှိပါ။

‎

‎

‎တိုက်ပွဲအတွေ့အကြုံနည်းနည်းရှိရုံနဲ့ အဆင့်တစ်အထိ ဖြတ်ကျော်သွားလိမ့်မယ်လို့ သူမခံစားမိနေတယ်။ သို့သော်လည်း ဒီလိုပုံစံနဲ့ဆိုရင်တော့ သူမလိုအပ်သော အခွင့်အရေးကို မရနိုင်ပေ။

‎

‎

‎ခဏလောက်စဉ်းစားပြီးနောက်မှ သူမသည် ရှေ့သို့ပြေးသွားပြီး ဖုတ်ကောင်များရဲ့အစုအဝေးတစ်ခုထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားတယ်။

‎

‎

‎ချက်ခြင်းပင် ကျင်းရွှီယန်းကလည်း သူ့အနီးနားက အရိပ်တစ်ခု ဖြတ်သွားတာကို သတိပြုမိလိုက်ပြီး "အာ့ဇီ" ဟု ထိတ်လန့်တကြားအော်ရင်း မျက်လုံးများကပြူးကျယ်သွားတယ်။

‎

‎

‎သူမက ရှေ့တန်းသို့ မဆင်မခြင်တွန်းဝင်နေတာကိုကြည့်ရင်း သူ့နှလုံးသားက သူ့လည်ချောင်းထဲကိုခုန်ဝင်သွားတယ်။ ချက်ချင်းပဲ့ သူ သူမနောက်ကိုလိုက်သွားခဲ့တယ်။

‎

‎

‎သူ့ဆီက သူမရဲ့နာမည်ခေါ်သံကိုကြားတော့ ကျိူးလီဇီ ရဲ့မျက်လုံးတွေ တဖျပ်ဖျပ်ဖြစ်သွားပေမဲ့ သူမက အမြန်ပဲ့ပြန်ပြီးအာရုံစိုက်လိုက်တယ်။ သူမ အောက်သို့ဆင်းသက်စဉ်တွင်ပဲ့ သူမရဲ့ဓားကို ဒေါင်လိုက်ခုတ်ချလိုက်ပြီး သူမရဲ့အောက်တွင်ရှိနေသော ဖုတ်ကောင်အား ကိုယ်နှစ်ခြမ်းကွဲသွားအောင် ခြမ်းချလိုက်တယ်။

‎

‎

‎

‎အမည်းရောင်သွေးများနှင့် ပုပ်သိုးနေသော အူများက မြေပြင်ပေါ်တွင် ပြန့်ကြဲထွက်သွားပြီး ဖုတ်ကောင်ကတော့ လေးလံသောအသံဖြင့် မြေပြင်ပေါ်လှဲကျသွားလေသည်။

‎

‎

‎"ရားး"

‎

‎

မြေပြင်ပေါ် ခြေချလိုက်တာနဲ့ သူမဟာ ကိုယ်ကိုကွေးညွှတ်ကာ အနောက်ဘက်ကဖုတ်ကောင်ကို အားပါပါနဲ့ နောက်ပြန်ကန်ချက် တစ်ချက်ဖြင့်ကန်လိုက်တယ်။။

‎

‎

"ဒုတ် ခရစ်"

‎

‎

ကန်ချက်က ‎ဖုတ်ကောင်ရဲ့ရင်ဘတ်ကိုထိမှန်ပြီး ဖုတ်ကောင်ကအနောက်သို့ ပစ်ကျသွားတယ်။ အရိုးတွေကျိုးသွားတာကြောင့် ဖုတ်ကောင်ရဲ့ရင်ဘတ်ကချိုင့်ဝင်သွားပြီး အနောက်ကဖုတ်ကောင်များစွာကိုလည်း ထပ်ဆင့်တိုက်မိကာ အရှေ့ကိုတိုးမလာနိုင်အောင် ပိတ်ဆို့သွားနိုင်ခဲ့တယ်။

‎

‎

‎တစ်စက္ကန့်မျှ‌တောင်အချိန်မဖြုန်းဘဲ ကျိူးလီဇီက သူမ၏ဓားကို လှည့်လိုက်ပြီး သူမရဲ့နံဘေးရှိ ဖုတ်ကောင်နှစ်ကောင်ကို ခေါင်းဖြတ်လိုက်တယ်။

‎

‎

‎သူမရဲ ဓားကို ရေဓားအလွှာလေးဖြင့် ဖုံးအုပ်ထားခြင်းဖြင့် သူမရဲ့တိုက်ခိုက်မှုများက ပိုမိုချောမွေ့လာတယ်။ဤသည်က သူမ၏စွမ်းဆောင်နိုင်ရည်အား ထိန်းပေးရုံသာမကဘဲ သက်လုံသုံးစွဲမှုကိုလည်း လျှော့ချပေးသည်။

‎

‎

ဖုတ်ကောင်တွေကိုသတ်နေရင်း သူမစိတ်ထဲမှာ တွေးမိလိုက်တာ- ‘ကျင်းရွှီယန်းက သူ့စွမ်းရည်ကို ဓားရှည်နဲ့ပေါင်းစပ်ပြီးသုံးတာက မဆန်းပါဘူး။ ဒီနည်းလေးက တကယ်ကို သိပ်ကောင်းတာပဲ့’

‎

‎

‎"ရားး"

‎

‎

‎သူမရဲ့အနောက်ကနေ ဖုတ်ကောင်တစ်ကောင်ရဲ့ ဟောက်သံကိုကြားတော့ ကျိူးလီဇီက လှည့်ပြီး တိုက်ခတ်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် သူမ ဘာမှမလုပ်ခင်မှာပဲ့ သူမရှေ့ရှိ ဖုတ်ကောင်တွေက ရုတ်တရက်ကြီး ခါးကနေ တစ်ဝက်ကျိုးသွားကျတယ်။

‎

‎

‎နှစ်ပိုင်းပြတ်သွားသော ဖုတ်ကောင်များက မြေပြင်ပေါ်သို့ လဲကျသွားတယ်။ သူတို့ရဲ့ဦးခေါင်းတွေက မပျက်မစီးသေးတာကြောင့် အသက်ရှင်နေခဲ့ပြီး လှုပ်ရှားနေသေးတဲ့ကိုယ်အပေါ်တစ်ပိုင်းက သူမဆီသို့ တွားသွားလာနေကြကာ ကျန်တစ်ပိုင်းကတော့ မြေပြင်ပေါ်တွင်တုန်လှုပ်နေဆဲပဲ့။

‎

‎

‎သူမ မော့ကြည့်လိုက်တော့ ကျင်းရွှီယန်းရဲ့ ဒေါသအပြည့်နဲ့အကြည့်ကို တွေ့လိုက်ရတယ်။ သူကဓားကိုမြှောက်ပြီး ရှေ့ကို တိုးလာသည်။

‎

‎

‎သူ၏ရုတ်တရက်တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားပြီး သူမရဲ့ကျောရိုးတစ်လျောက်တွင် အေးစိမ့်သွားသည်ကို ကျူးလီဇီ ခံစားလိုက်ရတယ်။ နောက်အခိုက်အတန့်မှာတော့ ရင်ဘတ်ကျယ်ကြီးတစ်ခုထဲသို့ သူမ ဆွဲသွင်းခံလိုက်ရတယ်။

‎

‎

‎တစ်ချိန်တည်းမှာပဲ့ ကျင်းရွှီယန်းက သူ့ရဲ့ဓားရှည်ဖြင့် ဖုတ်ကောင်ရဲ့ဦးခေါင်းခွံထဲသို့ ထိုးသွင်းကာ ချက်ချင်းသတ်ပစ်လိုက်တယ်။ သူမကိုတော့ လက်တစ်ဖက်တည်းဖြင့် သူ့ရင်ဘတ်ရဲ့အနီးမှာကပ်ထားပြီး တွားသွားနေသေးတဲ့ကျန် ဖုတ်ကောင်များကိုတော့ သူက သူ့ဓားကို လှပစွာဝှေ့ယမ်းလိုက်ပြီး ကျန်ရှိနေသော တွားသွားဖုတ်ကောင်များကိုလည်း ခေါင်းဖြတ်လိုက်တယ်

‎

‎

‎ကျိူးလီဇီ သည် တဟုန်ထိုးမြည်နေတဲ့ ထိုသူရဲ့နှလုံးခုန်သံကို နားထောင်ရင်း ခဏတာတောင့်တင်းသွားပြီး သူမရဲ့စိတ်က လွတ်ထွက်သွားတယ်။

‎

‎

‎သူမ မျက်တောင်ခတ်လိုက်ပြီး ခဏအကြာမှာတော့ ဒါက ကျင်းရွှီယန်းရဲ့ နှလုံးခုန်သံဖြစ်မှန်းကို သဘောပေါက်လိုက်တယ်။

‎

‎

သူမ‎ခေါင်းကိုမော့ကြည့်လိုက်တော့ သူ့နှုတ်ခမ်းဖြူဖျော့ဖျော့နဲ့ မေးရိုးတွေကိုတော့ တင်းတင်းကြပ်ကြပ် အံကြိတ်ထားတာကို တွေ့လိုက်ရတယ်။ နောက်ပြီးတော့ သူမရဲ့ခါးမှာဖက်ထားတဲ့သူ့လက်မောင်းတွေကတုန်ယင်နေတာကို သတိထားမိလိုက်တယ်။

‎

‎

‎ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကသေသွားကြောင်း သေချာပြီးနောက်မှ ကျင်းရွှီယန်းက သူ့လက်ကိုဖြေလျှော့ပြီး သူမကို ကြည့်လာတယ်။ သူပြောချင်တာတွေ အများကြီးရှိပေမယ့် ရှုပ်ယှက်ခတ်နေတဲ့ သူမရဲ့အမူအရာတွေကို မြင်လိုက်ရတော့ ဘယ်ကနေစရမှန်းမသိတော့ဘူး။

‎

‎

‎သူမအတွက်တော့ သူကလွန်ခဲ့သောနာရီများစွာကမှ သူမနှင့် ပြန်လည်ဆုံတွေ့ခဲ့သော ငယ်သူငယ်ချင်းတစ်ဦးမျှသာဖြစ်သည်။ ဒါပေမယ့် သူ့အတွက်ကတော့ သူမဟာသူဆယ်စုနှစ်တွေကြာအောင်တောင့်တခဲ့တဲ့သူတစ်ယောက်ပါ။

‎

‎

‎သူမကို တစ်ကြိမ်ဆုံးရှုံးခဲ့ဖူးသည်—သူမကို ထပ်မံအဆုံးရှုံးဖို့ရန် မတတ်နိုင်တော့ပါ။ သူမရဲ့ မဆင်မခြင်လုပ်ရပ်တွေကို မြင်လိုက်ရတော့ သူ့မှာ ဒေါသတွေ ကြောက်ရွံ့မှုတွေ အပြည့်နဲ့ဖြစ်သွားတယ်။

All Chapters