အခန်း (၅၇)
Vol. 4 Ch. 57
ကျင်းရွှီယန်း နှင့် ကျိူးလီဇီ တို့သည် နောက်ဆုံးတွင် ကျင်းရွှီယန်းက “အဆင်ပြေရဲ့လား” ဟု မမေးလာမီ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတယ်။
"အဆင်ပြေပါတယ်" ကျိူးလီဇီက ခေါင်းညိတ်တယ်။
ကျင်းရွှီယန်းက သူမရဲ့ခေါင်းမှခြေဖျားအထိ တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်တယ်။ သူမမှာ ဒဏ်ရာမရှိကြောင်း အတည်ပြုပြီးမှသာ အနားယူဖို့အတွက် သူမကိုလွှတ်ပေးလိုက်တယ်။ ထို့နောက် သူက "အာ့ဇီ နောက်တစ်ခါကျရင် ဒီလို သိပ်မရဲတင်းပါနဲ့" လို့ ပြောလိုက်တယ်။
"အစ်ကိုယန်း ကျွန်မဘာလုပ်နေတယ်ဆိုတာကို ကျွန်မသိတယ်။ ကျွန်မက ဒီဖုတ်ကောင်တွေကိုသတ်နိုင်စွမ်းရှိတယ်"လို့ ကျိူးလီဇီက ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေတယ်။
သူမရဲ့စကားကိုကြားတော့ ကျင်းရွှီယန်းက သူမကိုငုံ့ကြည့်လိုက်တယ်။ သူမက အခုမှတိုက်ခိုက်ခဲ့ဖူးတာ ဒါပေမဲ့ လှုပ်ရှားမှုများကထက်မြက်ပြီး ရက်စက်ကြမ်းကြုတ်ကာ တိုက်ခိုက်မှုတိုင်းကလဲ သတ်ရန်ရည်ရွယ်ချက်အပြည့်ရှိသည်။
ကမ္ဘာပျက်ကပ်တွင်တော့ ထိုသို့သော တိုက်ခိုက်ရေးပုံစံက ပုံမှန်သာဖြစ်သည်။ သို့သော် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသူတစ်ဦးအတွက်တော့ အတွေ့အကြုံ သို့မဟုတ် ရေရှည်လေ့ကျင့်မှုမရှိဘဲနဲ့ ထိုကဲ့သို့တိုက်ခိုက်နိုင်ရန်ကမဖြစ်နိုင်ပေ။
မရေမတွက်နိုင်သော အသက်နှင့်သေခြင်းတိုက်ပွဲများကို ဖြတ်သန်းဖူးသူများကသာ ထိုကဲ့သို့တိကျသေသပ်သော လှုပ်ရှားမှုများကို လုပ်နိုင်မည်ဖြစ်သည်။
ဒီအချက်ကို သဘောပေါက်လိုက်တဲ့အခါ သူစိတ်ထဲမှာ သေချာသလောက်နီးပါးကို ယုံကြည်သွားပြီ - 'သူ့ရဲ့ အာ့ဇီက သူ့လိုပဲ့ပြန်လည်မွေးဖွားလာခဲ့တာကတော့ သေချာပေါက်ပဲ့'
သူတို့ရဲ့အတိတ်ဘဝက ကြေကွဲဖွယ်သေဆုံးမှုအကြောင်းတွေ တွေးရင်း သူ့လက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်မိတယ်။
သူမကို အကာအကွယ်ပေးခြင်းက သူမ အသက်ရှင်ကျန်ရစ်ဖို့ သေချာစေမည့်အကောင်းဆုံးနည်းလမ်းမဟုတ်ပေ။ ပိုသန်မာဖို့ဆိုတော့ သူမဘာသာသူမ ရပ်တည်နိုင်မှဖြစ်မှာ အဲဒီအစား သူကတော့ဘေးမှာနေပြီးပံ့ပိုးပေးမယ်။
သူ့စိတ်ထဲမှာတော့ မရေမတွက်နိုင်သောအတွေးများက လှည့်ပတ်နေသော်လည်း စက္ကန့်အနည်းငယ်သာကုန်ဆုံးသွားတယ်။ သူ ဆုံးဖြတ်ချက်ချလိုက်ပြီးမှ သူမကိုငုံ့ကြည့်ကာ ပြောလိုက်တယ် "အာ့ဇီ ကိုယ် မင်းကို တိုက်ပွဲဝင်ဖို့ကိုတော့တားမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းကိုယ်မင်း ကောင်းကောင်းကာကွယ်ရမယ်"
ဒါကိုကြားတော့ ကျိူးလီဇီက သက်ပြင်းချပြီး ခေါင်းညိတ်ပြကာ "အစ်ကိုယန်း ကျွန်မ ကိုယ့်ဘာသာကို ကောင်းကောင်းကာကွယ်ပါ့မယ်"
သူတို့နှစ်ဦး စကားစမြည်ပြောနေကြစဉ်တွင် စစ်သားများက ဂိုဒေါင်ပတ်ပတ်လည်က အခြေအနေကို စစ်ဆေးရန်အတွက် လှည့်လည်သွားခဲ့ကြတယ်။
ချင်လူဇီဂိုဒေါင်ထောင့်နားသို့ချဉ်းကပ်နေစဉ်တွင် သူ့ဆီသို့ အနီရောင်အစက်တစ်စက်ကအရှိန်ပြင်းပြင်းဖြင့် ရုတ်တရက်ရွေ့လျားလာတာကို သတိပြုမိလိုက်တယ်။ အဆင့်တစ် ဖုတ်ကောင်များနှင့် နှိုင်းယှဉ်ပါက ဤအစက်က သိသိသာသာ ပိုကြီးပြီး ပိုမြန်တယ်။
ဒူးကို အမြန်ကွေးပြီး အနောက်သို့ခုန်ဆုတ်လိုက်တယ်။ သူမြေပေါ်သို့ ခြေပြန်မချခင်မှာပဲ့ အရိပ်တစ်ခုက သူရပ်နေခဲ့သည့်နေရာသို့ တည့်တည့်တိုးဝင်လာတယ်။
"ဘုန်းးး"
ထိပ်တိုက်ဝင်တိုက်ခိုက်မှုကြောင့် မြေကြီးဟာအက်ကွဲပြီး ဖုန်မှုန့်နဲ့ ကျောက်စရစ်ခဲများက လေထဲမှာပျံ့နှံ့နေကာ သူ့ရဲ့မျက်စိအာရုံကို လုံးဝ ဖုံးကွယ်လိုက်ပါတော့တယ်။
သူ့မျက်လုံးကို မှေးကျဉ်းထားလိုက်တယ်၊ ချင်လူဇီသည် အစက်လေးက သူ့ဆီသို့ထပ်မံဦးတည်ရွေ့နေတာကို သူ့စိတ်ရဲ့မြေပုံထဲတွင် တစ်ဖန်မြင်လိုက်ရပြန်တယ်။ မြေပြင်ပေါ် ခြေချပြီးမှရှောင်တာက နောက်ကျသွားမှာမို့၊ လေထဲရောက်နေဆဲအချိန်မှာပဲ လက်ဝဲလက်ကို ပြင်းပြင်းထန်ထန် လှုပ်ခတ်လိုက်ကာ ပတ်ဝန်းကျင်ရှိ လေကိုချုပ်ကိုင်လိုက်တော့သည်။
"ဂါးးးး"
ချွန်ထက်တဲ့ တရွှီရွှီ အသံတစ်ခုကို ကြားလိုက်ရတာနဲ့ သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ဘေးဘက်သို့ရွေ့သွားပြီးဖုတ်ကောင်ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေကို ပါးပါးနပ်နပ်ပဲ့ ရှောင်တိမ်းလိုက်နိုင်ခဲ့တယ်။
"ဘုန်းး"
"ရားးး"
မအောင်မြင်သောတိုက်ခိုက်မှုကြောင့် ဒေါသထွက်နေသော ဖုတ်ကောင်က ခေါင်းကိုမော့လိုက်ပြီး နားစည်ကွဲသွားလောက်အောင်ကိုဟိန်းဟောက်လိုက်တယ်။
ဖုတ်ကောင်ထံမှ ဖြာထွက်နေသော ဖိအားကိုခံစားလိုက်ရသဖြင့် ချင်လူဇီသည် သူ့လည်ချောင်းထဲမှာ သွေးရဲ့သံချေးအရသာကို ချက်ချင်းမြည်းစမ်းလိုက်ရပြီး ဒါကို သူတစ်ယောက်တည်းက မကိုင်တွယ်နိုင်မှန်းသိလိုက်တယ်။
တန်ပြန်တိုက်ခိုက်မည့်အစား သူသည် သူ၏စွမ်းအင်များကို သူရဲ့ခြေမှာသာစုစည်းလိုက်ကာ သူ့ရဲ့ခေါင်းဆောင်ဆီသို့ ဦးတည်သွားခဲ့တယ်။
လေက သူရဲ့လှုပ်ရှားမှုကိုမြှင့်တင်ပေးလိုက်သဖြင့် သူ၏ အရှိန်က အဆများစွာတိုးလာသည်။ ငါးစက္ကန့်မပြည့်မီတွင်ပဲ့ သူက ကျင်းရွှီယန်း ထံရောက်သွားပြီး "ဗိုလ်ကြီး ဒီဖုတ်ကောင်က အရမ်းအန္တရာယ်များပြီး မြန်တယ်"
ကျင်းရွှီယန်း မတုံ့ပြန်နိုင်မီတွင် ကျိူးလီဇီက ရုတ်တရက်ကြီးအော်လိုက်တယ် "ရှောင်လိုက်"
သူမ၏သတိပေးချက်ထွက်ပေါ်လာသည့်အခိုက်တွင်ပဲ့ ကျင်းရွှီယန်းက ဆန့်ကျင်ဘက်သို့ ခုန်ဆင်းသွားကာ ချင်လူဇီက်ိုလည်း သူ့ရဲ့ကော်လံမှဆွဲကာ ဆွဲခေါ်သွားလိုက်တယ်။
"ခရစ်"
"ရားးး"
ကျိူးလီဇီသည် ဖုတ်ကောင်ဆီမှ ဖြာထွက်နေသော ကြီးမားတဲ့ဖိအားကို ခံစားလိုက်ရသဖြင့် မျက်လုံးများက ပြူးကျယ်လို့သွားတယ်။ "တကယ်ကို အဆင့်သုံးဖုတ်ကောင်ပဲ့" ဟု ရေရွတ်ရင်း သူမ အသက်ရှုကြပ်သွားတယ်။
သူမက အဆင့်တစ်တောင် မပြည့်သေးပါဘူး။ အခုတော့ သူမက အဆင့် (၃) နဲ့တောင်တန်းတိုက်နေရပြီလား၊ အခြေအနေက ယုတ္တိမရှိတော့ဘူး။
ဖုတ်ကောင်တွေက ဘယ်လိုတောင်မှ အရှိန်အဟုန်နဲ့တိုးတက်နေတာလဲ။
ဒါပေမယ့် တွေးကြည့်နေဖို့အချိန်မရှိဘူး။ ဖုတ်ကောင်က သူမဆီသို့ အာရုံပြောင်းသွားပြီး အရှိန်အပြည့်ဖြင့် တိုက်ခတ်လာနေတယ်။
ဝင်လာသောတိုက်ခိုက်မှုကို ဟန့်တားရန်အတွက် သူမ၏ဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားတယ်။
" ကလန် ခရစ်"
ထိပ်တိုက်တွေ့မှုကြောင့်ဖြစ်လာသောပြင်းထန်သောတွန်းကန်အားက သူမကို မီတာများစွာအကွာသို့ လွင့်ထွက်သွားစေခဲ့တယ်။ သူမရဲ့အရိုးခုတ်ဓါးကကျိုးသွားကာ ဓားကို ဖုံးအုပ်ထားသော သူမ၏ ရေဓားအလွှာလေးကလည်း မြေပြင်ပေါ်က ရေအိုင်လေးအဖြစ်သို့ပြောင်းလဲနေပြီဖြစ်တယ်။
"အာ့ ဇီ "
ဖုတ်ကောင်က သူမဆီသို့ပြေးဝင်သွားတာကို မြင်လိုက်ရသောအခါတွင် ကျင်းရွှီယန်းရဲ့မျက်လုံးများသည် ထိတ်လန့်စွာနဲ့ ပြူးကျယ်သွားတယ်။ မဆိုင်းမတွဘဲ သူ့ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ဖုတ်ကောင်ဆီသို့ ပြေးသွားခဲ့တယ်။
"ဝှစ်ရှ်"
အနက်ရောင်မီးတောက်များက သူ့ဓားရှည်ကို ဖုံးလွမ်းသွားကာတောက်လောင်နေတယ်။ ဖုတ်ကောင်ရဲ့ နှစ်မီတာအကွာအဝေးတွင်ရောက်သောအခါတွင်တော့ သူဓါးကိုအလျားလိုက် ခုတ်ပိုင်းလိုက်တယ်။
အန္တရာယ်ကိုသတိပြုမိသောအခါဖုတ်ကောင်က အနောက်ကိုခုန်ဆုတ်ပြီး တိုက်ခိုက်မှုကို အကျဉ်းအကျပ်ထဲကရှောင်တိမ်းလိုက်တယ်။
"ဘုန်းး"
မီးတောက်လှိုင်းက မြေပြင်ပေါ်သို့ ရိုက်ခတ်သွားပြီး နက်ရှိုင်းပြီး ရှည်လျားသော အက်ကြောင်းတစ်ခုကျန်ရစ်ခဲ့တယ်။
နောက်တစက္ကန့်တွင် ကျင်းရွှီယန်းက သူ၏ဘယ်လက်ကို မြှောက်လိုက်ပြီး မီးမြှားငါးချောင်းကို ဖန်တီးလိုက်တယ်။ ဖုတ်ကောင်ဆီကို မီးမြှားအားပစ်ချလိုက်တာနဲ့ ဖုတ်ကောင်က လွတ်လမ်းကိုရှာရင်း တခြားဦးတည်ချက်ဆီကို ပြေးသွားခဲ့တယ်။
ဖုတ်ကောင်က အခြားဦးတည်ရာသို့ ရှောင်တိမ်းသွားသော်လည်း မြေပြင်ကိုခြေပြန်မချမီတွင်ပဲ့ ဓားရှည်တစ်လက်က၎င်း၏ခေါင်းကို တည့်တည့်ချိန်ရွယ်လာတဲ့ မြင်ကွင်းရဲ့အစွန်းအစက ရုတ်တရက်ပေါ်လာသည်။
ဒါကိုမြင်တော့ ဖုတ်ကောင်ကလည်း တိုက်ခိုက်မှုကိုတားဆီးဖို့ သူ့လက်ကို မြှောက်လိုက်တယ်။
"ခရက် သဲ့ "
ကျင်းရွှီယန်းက နောက်ထပ်တိုက်ခိုက်မှုတစ်ခု မလုပ်မီတွင် ဖုတ်ကောင်ရဲ့ပြင်းထန်သော ကန်အားကြောင့် မီတာများစွာ အနောက်သို့လွင့်ထွက်သွားခဲ့တယ်။
ဖုတ်ကောင်က သူ့(ကျင်းရွှီယန်း)အပေါ် စူးရှသော မီးခိုးရောင်မျက်လုံးများနှင့် ကြည့်ရှုလျက် ထိုနေရာတွင် ရပ်နေတယ်။ဖုတ်ကောင်ရဲ့ ဘယ်ဘက်လက်မောင်းကလဲ လက်ဖျံတွင်လှီးဖြတ်ခံလိုက်ရကာ မြေပြင်ပေါ်တွင်ကျနေသည်။ ဒဏ်ရာဆီမှ သွေးနက်များကလည်း တဖွဲဖွဲကျလို့နေတယ်။
"အဟွတ်"
ကျင်းရွှီယန်းက အရှိန်အပြည့်ဖြင့်မြေပြင်ပေါ်ကျသွားကာ ပါးစပ်အပြည့်ဖြစ်နေတဲ့သွေးများကို ချောင်းဆိုးထုတ်လိုက်တယ်။ စူးရှသော နာကျင်မှုတစ်ခုက သူ့ရင်ဘတ်ထဲကိုထိုးဖောက်ဝင်ရောက်လာသည်။
'ငါ့နံရိုးတစ်ချောင်း ကျိုးသွားနိုင်တယ်' ဟု သူ့စိတ်ထဲဖျတ်ခနဲ တွေးလိုက်တယ်။
"ရားးးး"
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ဖုတ်ကောင်က သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်လာခဲ့တယ်။
ကျင်းရွှီယန်းက အချိန်မီ ဘေးသို့လှိမ့်လိုက်ကာ ချွန်ထက်သော လက်သည်းများကို ပွတ်ကာသီကာရှောင်လိုက်တယ်။ ဖုတ်ကောင်က တုံ့ဆိုင်းလို့မနေဘဲ တိုက်ခိုက်လာပြန်တယ်။ ကျင်းရွှီယန်းက ခပ်မတ်မတ်ပြန်မရပ်နိုင်မီတွင်ပဲ့ ဖုတ်ကောင်ကလက်ကို မြှောက်ထားပြီး သူ့(ကျင်းရွှီယန်း)ရဲ့လည်ချောင်းကို ချိန်ရွယ်တိုက်ခိုက်လိုက်တယ်။
အိုး!
ဒါကိုမြင်တော့ ကျင်းရွှီယန်း က တိုက်ခိုက်မှုကို တားဆီးဖို့ သူ့ဓားကို ကိုင်လိုက်တယ်။ ဒါပေမယ့် လက်သည်းတွေက သူ့ကိုမထိခင်မှာ ရေဓါးတစ်ချောင်းက ဖုတ်ကောင်ရဲ့ မြှောက်ထားတဲ့လက်ကို ရုတ်တရက်ဖြတ်သွားတယ်။
"ဝှစ်ရှ်"
အဖြတ်ခံလိုက်ရပြန်သော ဖုတ်ကောင်ရဲ့နောက်လက်တစ်ဖက်ကလည်း မြေပြင်ပေါ်ကိုကျသွားကာ အနက်ရောင်သွေးများကတော့ ကျင်းရွှီယန်းရဲ့မျက်နှာနှင့်ယူနီဖောင်း အနှံ့ ကိုပြန့်ကျဲသွားတယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာရွံရှာဖွယ်ကောင်းမှုကြောင့် လည်ချောင်းထဲသို့ဆန်တက်လာသော အန်ချင်စိတ်များကိုအတင်းဖိနှိပ်လိုက်သည်။
သူ့ကိုယ်သူအားတင်ရင်း ယိုင်တိုင်တိုင်နဲ့ပဲ့နောက်ပြန်ဆုတ်သွားတယ်။