အခန်း (၅၈)
Vol. 4 Ch. 58
ရုတ်တရက် လက်တစ်စုံက ကျင်းရွှီယန်းကို အနောက်ကနေ ထိန်းထားလိုက်တယ်။ ခန္ဓာကိုယ်က သေးငယ်သော်လည်း ပခုံးတွေကခိုင်ခံ့တယ်။ သူခေါင်းကို လှည့်ကြည့်လိုက်တော့ ကျိူးလီဇီရဲ့ စိုးရိမ်သောကရောက်နေတဲ့ အကြည့်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုဝင်လာတယ်။
'အာ့ဇီက ငါ့အတွက် တကယ်ကိုစိတ်ပူနေတာ။ တခါတလေ နာကျင်ရတာက သိပ်မဆိုးပါဘူး '
နှစ်ယောက်သားက တစ်စက္ကန့်လောက်ကြာအောင် အကြည့်ချင်းဖလှယ်နေချိန်တွင် ချင်လူဇီကတော့ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးအထက်မှာ လေဓါးပေါင်းများစွာကိုခေါ်ယူလိုက်တယ်။ သူ အံကိုတင်းတင်းကြိတ်ရင်း ဖုတ်ကောင်ဆီသို့ လေဓါးတွေကိုတွန်းပို့လိုက်တယ်။
လက်နှစ်ဖက်စလုံး ဆုံးရှုံးသွားသည့်တိုင်အောင် အဆင့်သုံး ဖုတ်ကောင်က ကြောက်မက်ဖွယ်ကောင်းအောင် မြန်ဆန်နေသေးတယ်။ ဖုတ်ကောင်က ဝင်လာသောလေဓားများကို ရှောင်တိမ်းလို့ ချင်လူဇီထံကို တည့်တည့်ကြီးခုန်ဝင်လာတယ်။
ဒါကိုမြင်လိုက်ရတော့ ချင်လူဇီရဲ့မျက်လုံးတွေက ပြူးကျယ်လာပြီး သူ့လည်ချောင်းထဲမှ အသက်ရှုနှုန်းကပြတ်တောက်သွားတယ်။
သူသည် လေဓါးသွားအများအပြားကို ဖန်တီးနိုင်ရန်အတွက် သူ့ကိုယ်သူ အများအပြားအားစိုက်ထုတ်ခဲ့ကပြီး ယခုအခါမှာတော့ သူ၏စွမ်းအင်များက ကုန်ဆုံးလုနီးပါးဖြစ်နေပြီ။ ပင်ပန်းနွမ်းနယ်မှုကြောင့် မူးဝေလာကာ သူ့ရဲ့တုံ့ပြန်မှုကလည်း စက္ကန့်ပိုင်းလောက်ကြာအောင် ပိုနှေးကွေးလာတယ်။
ဖုတ်ကောင်၏ ကျယ်ကျယ်ဟထားသောပါးစပ်က နီးကပ်လာသည်နှင့်အမျှ တုန်လှုပ်ချောက်ချားစရာ အသိတစ်ခုက သူ့ဆီဝင်ရောက်လာတယ်။
"စတက်"
ဖုတ်ကောင်၏သွားများက ချင်လူဇီရဲ့လည်ပင်းထဲသို့ မနစ်မြုပ်နိုင်မီတွင်ပဲ့ သတ္တုလှံတစ်ချောင်းအား ဖုတ်ကောင်၏ပါးစပ်ထဲကိုဝင်သွားအောင် တစ်ဖက်ဆီမှ ပစ်ခတ်လိုက်တယ်။
"ခရက်"
လှံတံကအရှိန်ပြင်းပြင်းဖြင့် ဖုတ်ကောင်ကိုသယ်ဆောင်သွားပြီး ကျယ်လောင်သောအသံဖြင့် ဂိုဒေါင်နံရံတွင် ချိတ်ဆွဲထားလိုက်သည်။(စိုက်ပြီးနံရံမှာသွားကပ်)
ချင်လူဇီလှည့်ကြည့်လိုက်တော့ ဝိန့်မို နဲ့ ကျန်စစ်သားတွေဟာ သူတို့ရဲ့စွမ်းအင်တွေနဲ့ တိုက်ခိုက်ဖို့ ပြေးလာနေတာကို တွေ့လိုက်ရတယ်။
ဖုတ်ကောင်ကို ထိန်းထားနိုင်သော်လည်း၊ ၎င်းက အဆင့်သုံး ဖုတ်ကောင်ဖြစ်နေဆဲဖြစ်သည်။စစ်သားများ၏ တိုက်ခိုက်မှုများသည် ဖုတ်ကောင်ရဲ့ အရေပြားပေါ်တွင် ခြစ်ရာသေးသေးလေးမျှသာ ထင်ကျန်ခဲ့ပြီး၊ သူတို့(စစ်သား)၏ သိုေလှာင်ထားသော စွမ်းအင်အရင်းအမြစ်မှာလည်း လျင်မြန်စွာနဲ့ပဲ့ ကုန်ခန်းလုနီးပါး ဖြစ်လာနေတယ်။
အများစုမှာ အဆင့် ၁ ပင် မပြည့်သေးသောကြောင့် စွမ်းဆောင်နိုင်မှုစွမ်းအင်က အလွန်အကန့်အသတ်နဲ့ ရှိနေတယ်။
ဖုတ်ကောင်က ရုန်းကန်နေပြီးလွတ်မြောက်လုနီးနီးဖြစ်နေတာကို မြင်လိုက်ရသဖြင့် စစ်သားများက သူ့တို့ရဲ့ကပ္ပတိန်ဘက်သို့လှည့်လာပြီး သူတို့၏မျက်လုံးများကတော့ အလျင်လိုမှုဖြင့် ပြည့်နှက်နေတယ်။
ထိုသို့ကြည့်လိုက်တဲ့အခိုက်တွင်ပဲ့ သူတို့ရဲ့ကပ္ပတိန်ကတော့ မြေပြင်ပေါ်တွင်ထိုင်ကာ သွေးများချောင်းဆိုးလိုက်သဖြင့် မျက်နှာကဖြူဖျော့သွားခဲ့သည်။ ဒီလိုအခြေအနေမျိုးနဲ့ သူ့ကိုမြင်တော့ စစ်သားတွေက စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။
'ဒီတိုက်ပွဲကနေ သူတို့ ဘယ်လိုများ အသက်ရှင်ကျန်ရစ်နိုင်မှာတုန်း'
အားလုံးကမျှော်လင့်ချက်ကင်းမဲ့သလိုဖြစ်သွားတဲ့အချိန်မှာပဲ့ မိုးကြိုးလှံတစ်ချောင်းက ဖုတ်ကောင်ဆီသို့ ရုတ်တရက်ကြီးပြေးဝင်လာတယ်။ သို့သော် မိုးကြိုးလှံက ဖုတ်ကောင်ဆီမရောက်မီတွင် ရေဓါးပြားတစ်ခုနှင့် လေထဲတွင် တိုက်မိသွားတယ်။
"ခရစ်"
ရေဓါးပြားက လျှပ်စီးကြောင်းကိုချက်ခြင်းပဲ့စုပ်ယူပြီး ဖုတ်ကောင်ဆီသို့ အရှိန်အဟုန်ဖြင့် ဆက်သွားခဲ့တယ်။
စက္ကန့်ပိုင်းအတွင်းတွင်ပဲ့ ရေဓါးပြားကဖုတ်ကောင်ရဲ့လည်ပင်းတစ်လျှောက်ကို ဂငယ်ကွေ့ပုံစံနဲ့ လေထဲတွင်ဖြတ်သန်းသွားကာ ချွန်ထက်သောဓါးဖျားဖြင့် လည်ပင်းကိုဖြတ်သွားခဲ့တယ်။
ဦးခေါင်းမပါသော ခန္ဓာကိုယ်က လှဲကျသွားသော်လည်း ရေဓါးပြားက မရပ်တန့်သွားဘဲ အလောင်းကို အကြိမ်ပေါင်းများစွာ ထိုးစိုက်ခဲ့သည်။ အလောင်းက မြေပေါ်သို့ကျသွားတဲ့အခါတွင်တော့ ပုပ်သိုးနေသော အသားအတုံးအပိုင်းအစများအဖြစ်ရောက်ရှိသွားခဲ့ပြီ။
နောက်အခိုက်အတန့်တွင် ရေဓါးပြားက ကျိူးလီဇီဆီသို့ ပြန်မလာမီ၌ ပြတ်နေသောဖုတ်ကောင်ရဲ့ဦးခေါင်းဆီသို့ ပျံသန်းသွားကာ နှစ်ခြမ်းခွဲလိုက်တယ်။
ကျင်းရွှီယန်းရဲ့အနားမှာ ရပ်နေတဲ့ကျိူးလီဇီက သူမရဲ့ လက်ဖဝါးကို ဖွင့်လိုက်ပြီးတဲ့အခါမှာတော့ ရေဓါးပြားက လက်ဖဝါးအပေါ်ကိုပျံဝဲလာခဲ့တယ်။ သူမက လက်သီးကို ဆုပ်လိုက်တာနှင့် လှည့်ပတ်နေသောဓားက အန္တရာယ်မရှိသော ရေပွက်တစ်ခုလိုပဲ့ ဖြစ်သွားတယ်။
"အဟွတ်"
သူမရဲ့ခန္ဓာကိုယ်က ယခင်ဘဝကကဲ့သို့ မကောင်းမွန်တော့ဘဲ ဖုတ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အတွင်းဒဏ်ရာရသွားသည်။ ဒူးတွေက အားပျော့သွားပြီး မြေကြီးပေါ်လဲကျသွားတယ်။
"အာ့ ဇီ"
ကျင်းရွှီယန်းက သူမလဲကျသွားတာနှင့် သူမကို ဖမ်းလိုက်ပြီး ချက်ချင်းပင် သူမအနားကိုရောက်သွားတယ်။ ဖြူဖပ်ဖြူရော် မျက်နှာလေးကို မြင်လိုက်ရတော့ သူ ချက်ချင်းပဲ သူမရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ လွှဲပေးလိုက်တယ်။
နွေးထွေးသော နှစ်သိမ့်မှုတစ်ခုက သူမရဲ့ ခန္ဓာကိုယ်အတွင်းပျံ့နှံ့လာပြီး ခေါင်းကိုက်ခြင်းနှင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သောနာကျင်မှုကို သက်သာစေသည်။ ဖြည်းညှင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျင်းရွှီယန်းရဲ့ မျက်နှာက အေးစက်သောချွေးများဖြင့်ဖုံးလွှမ်းနေပြီး သူ့မျက်နှာက ဖြူဖွေးလာတာကို တွေ့လိုက်ရတယ်။
သူမက သူ့လက်ကို အားပျော့စွာ ညှစ်လိုက်ပြီး "အစ်ကိုယန်း လုံလောက်ပြီ"
ကျင်းရွှီယန်း သူမကို လေးလေးနက်နက်နဲ့ စိုးရိမ်တကြီးကြည့်လိုက်ကာ "အာ့ဇီ ဘယ်လိုခံစားရလဲ"
"ကောင်းပါတယ်"
ထိုအချိန်တွင် စစ်သားများနှင့် ပိုင်ရီကျီးရဲ့အဖွဲ့က လမ်းလျှောက်ဝင်လာခဲ့သည်။ ကျင်းရွှီယန်းက သူရဲ့ စွမ်းအင်ကိုရုပ်သိမ်းလိုက်ပြီး ကျိူးလီဇီကို ထဖို့ကူညီပေးခဲ့တယ်။
မကြာခင်မှာပဲ့ ပိုင်ရီကျီး က သူတို့ဆီရောက်လာပြီး " ကျိူးလီဇီ အဆင်ပြေရဲ့လား"
သူမ မတုံ့ပြန်ခင်မှာပဲ့ ကျင်းရွှီယန်းက အေးစက်စက်နဲ့ပြောလိုက်တယ် "အာ့ဇီက နေကောင်းလာပြီ မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကျိူးလီဇီက အေးစက်စက် ထိုသူ(ကျင်းရွှီယန်း)ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးမှ "စီနီယာ ငါနေကောင်းပါတယ်"
ချူကျိမြောင်က သူမရဲ့လက်တွေကို ကျိူးလီဇီ ဆီ လှမ်းလာပြီး " လီဇီ မင်းကိုကားဆီပြန်ပို့ပေးမယ်။ မင်းရဲ့ဒဏ်ရာတွေကိုလည်း ငါတို့ ပတ်တီးစီးပေးမယ်" လို့ပြောလာတယ်။
သူမရဲ့လက်က ကျိူးလီဇီ၏လက်မောင်းကိုမထိနိုင်မီတွင် ကျင်းရွှီယန်းက ကျိူးလီဇီကိုအနောက်သို့ရုတ်တရက်ဆွဲလိုက်တယ်။
"အာ့ဇီကို ငါကပဲ့ ဂရုစိုက်လိုက်ပါ့မယ်။ မင်းနဲ့ မင်းအဖွဲ့ကတော့ ရိက္ခာတွေစုဆောင်းဖို့ အာရုံစိုက်နိုင်တယ်" လို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ သူ့ရဲ့ စူးစူးရှရှ အကြည့်တွေကတော့ ချူကျိမြောင် ဆီမှာ ရပ်တန့်သွားတယ်။
သူ့လူတွေကို လှည့်ကြည့်လိုက်ပြီးတော့ “တခြားသူတွေကို အကြောင်းကြားပြီး ရိက္ခာတွေစသိမ်းတော့” လို့ ကျင်းရွှီယန်းက အမိန့်ပေးလိုက်တယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
သူစကားတစ်ခွန်းမှမပြောတော့ဘဲ ကျိူးလီဇီရဲ့လက်နှစ်ဖက်ကိုပဲ့ လှမ်းဆွဲလိုက်ကာ ဂိုဒေါင်ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်တယ်။
တပ်သားများက သူတို့ရဲ့ဗိုလ်ကြီးထွက်ခွာသွားတာကိုကြည့်ရင်း ပိုင်ရီကျီး ၏ မည်းမှောင်သောအမူအရာဆီသို့ အာရုံပြောင်းသွားကြကာ သိနားလည်တယ်ဆိုတဲ့ အကြည့်ချင်း အပြန်အလှန်ဖလှယ်လိုက်ကြသည်။သူတို့ဟာ စိုးရိမ်ပူပန်မှု အနည်းငယ်မျှတောင်မရှိဘဲ၊ မိမိတို့ရဲ့ ရဲဘော်များအား အလျင်အမြန်ခေါ်ကာ လိုအပ်သော ရိက္ခာပစ္စည်းများကို မဆိုင်းမတွစတင် သယ်ယူခဲ့ကြသည်။
လီယောင်က စကားမပြောခင် ခနတုံ့ဆိုင်းသွားသည် "အစ်ကို ပိုင် ငါတို့ဘာလုပ်သင့်လဲ"
ပိုင်ရီကျီးကလှည့်ပြီး "ပစ္စည်းတွေ ယူလိုက်" လို့ပြောလိုက်တယ်။
"နားလည်ပါပြီ"
ဂိုဒေါင်ရဲ့အပြင်ဘက်တွင်တော့ ကျင်းရွှီယန်းက ကျိူးလီဇီကို ကားပေါ်သို့ခေါ်ဆောင်သွားပြီး ခရီးသည်ထိုင်ခုံတွင် ညင်သာစွာ ထိုင်စေလိုက်သည်။ သူမကတော့လက်ကို ဆန့်တန်းပြီး သူ့ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။
"အစ်ကိုယန်း ကျွန်မအနားယူပြီးရင် နေကောင်းသွားလိမ့်မယ်။ ကျွန်မအတွက် စိတ်မပူပါနဲ့။ ရှင့်ရဲ့ဒဏ်ရာတွေကိုပဲ့ ရှင်အရင်ဆုံး ကုသသင့်တယ်" လို့ တိုးတိုးလေးပြောလာတယ်။
ကျင်းရွှီယန်း က သူမရဲ့စကားကိုကြားတော့ သက်ပြင်းချလိုက်ပြီး "အာ့ဇီ ကိုယ်က သူများတွေထက် ဒဏ်ရာကျက်နှုန်း အဆပေါင်းများစွာပိုမြန်တယ်။ ဒဏ်ရာတွေက တစ်နာရီအတွင်းပဲ့ လုံးဝပျောက်ကင်းသွားလိမ့်မယ်"
ကျိူးလီဇီရဲ့ လက်ချောင်းများမှာ သူ့စကားကြောင့် တင်းမာသွားတယ်။ သူမက သူ့ကိုကြည့်ကာ "အစ်ကိုယန်း ဘာကိုဆိုလိုချင်တာလဲ" ဟုမေးလာသည်။
ကျင်းရွှီယန်းကမဖြေဘဲ သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူ့ပေါင်ပေါ်တင်ထားလိုက်ကာ ခရီးသည်ထိုင်ခုံမှာ အရင်ဆုံးဝင်ထိုင်လိုက်တယ်။ ကားတံခါးကိုပိတ်ပြီး ခေါင်းကိုငုံ့ကာ သူမနဲ့ မျက်လုံးချင်းဆုံလိုက်သည်။
"အာ့ဇီ ကိုယ်ကမင်းနဲ့တူတူပဲ။ မင်းကိုရှာဖို့ ငရဲကနေပြန်လာခဲ့တာ"
ဒီစကားကို သူမကြားလိုက်သည်နှင့် ကျိူးလီဇီရဲ့ မျက်လုံးများကပြူးကျယ်သွားပြီး သူမရဲ့နှလုံးသားက လည်ချောင်းထဲမှာဝင်ခုန်နေတယ်။