← Chapters

အခန်း (၅၉)

Vol. 4 Ch. 59

အခန်း (၅၉)

Vol. 4 Ch. 59

‎ကျင်းရွှီယန်းက ကျိူးလီဇီကို လက်နှစ်ဖက်ဖြင့် တင်းတင်း ရစ်ပတ်ထားပြီး သူမ၏လည်ပင်းတွင် သူ့ခေါင်းကိုနစ်မြှုပ်ထားလိုက်တယ်။ "အာ့ဇီ ကိုယ် မင်းကို ထပ်ပြီးဆုံးရှုံးမခံနိုင်တော့ဘူး" လို့ တိုးတိုးလေး တီးတိုးပြောရင်း သူ့လက်ကို ပိုပြီးတင်းကျပ်လိုက်သည်။

‎

‎

‎သူ့ရဲ့အသံမှာ တုန်လှုပ်ခြောက်ခြားမှုကိုကြားရပြီးသူ၏အားနည်းချက်ကိုလည်း သူမအား ပြောင်ပြောင်တင်းတင်း ဖော်ပြနေတယ်။

‎

‎

‎ကျိူးလီဇီ အံ့သြသွားတယ်။ သူ့စကားတွေကိုစီစစ်ဖို့ သူမအချိန်အတော်ကြာသွားခဲ့တယ်။ ထို့နောက် လည်ပင်းတစ်ဝိုက်တွင် စိုစွတ်နေသော နွေးထွေးမှုတစ်ခုခုကို သူမ ခံစားလိုက်ရသည်။သူ မျက်ရည်ကျခဲ့တယ်။

‎

‎

‎နှုတ်ခမ်းတွေကိုဟလိုက်ပြီး "ကျင်းရွှီယန်း အဲဒီလူက မင်းတကယ်ပဲ..."

‎

‎

‎ကျင်းရွှီယန်းက သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း "အာ့ဇီ တောင်းပန်ပါတယ် ကိုယ်မင်းဆီကို အမြန်မလာခဲ့နိုင်တာကိုတောင်းပန်ပါတယ်ကွာ။ မင်းလုံခြုံနေလိမ့်မယ်လို့ ကိုယ်ထင်ခဲ့တယ်၊ ဒါပေမယ့် ကိုယ့်ရဲ့သူရဲဘောကြောင်မှုကြောင့် မင်းကိုထိခိုက်စေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ဘူး"

‎

‎

‎သူ့အသံက အဆုံးတွင်ပြတ်တောက်သွားသော်လည်း သူမက နားလည်တယ်။ အတိတ်ဘဝက ကုန်ဆုံးသွားသော်လည်း အသက်ရှင်လျှက် စားသောက်ခံရသည့် ဝေဒနာကိုတော့ သူမ ခံစားသိရဆဲပင်။

‎

‎

‎သူမ လှမ်းကြည့်ရင်းကနေတောင် သူမအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။

‎

‎

‎သူမက နုံအတဲ့သူတော့ မဟုတ်ဘူး။ အနမ်းခံရသည့်အချိန်ကတည်းက သူမသိတယ်။

‎

‎

‎မိဘမဲ့တစ်ယောက်အနေနဲ့ သူမက မိသားစုကိုသာ အမြဲတောင့်တခဲ့တယ်။ သို့သော် သူမ၏ယခင်ဘဝတွင်တော့ သူမ အယုံကြည်ရဆုံးသူရဲ့သစ္စာဖောက်ခြင်းကိုခံခဲ့ရတယ်။

‎

‎

‎သူမရဲ့နှလုံးသားကို ဘယ်လိုလုပ်ပြီး ပြန်ဖွင့်ပေးနိုင်မှာလဲ။

‎

‎

‎သို့တိုင်—သူမသည် သူ့ရင်ခွင်၏နွေးထွေးမှုကို တွန်းဖယ်ရန် သူမ မစွမ်းဆောင်နိုင်ခဲ့ပါ။

‎

‎

‎ဖြည်းညှင်းစွာဖြင့် လက်နှစ်ဖက်ကို မြှောက်ကာသူ့ကိုပြန်ဖက်လိုက်တယ်။

‎

‎

‎ကျင်းရွှီယန်း ၏ ခန္ဓာကိုယ်က စက္ကန့်ပိုင်းမျှသာ တင်းမာသွားပြီးတဖြည်းဖြည်းနဲ့ပြေလျော့သွားသည်။

‎

‎

‎သူ့ရင်ဘတ်ကိုမှီထားလိုက်ရင်း သူမရဲ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာတယ်။

‎

‎

‎'ငါ ငါ့ကိုယ်ငါအတွက် နောက်ထပ် အခွင့်အရေးတစ်ခုပေးပြီး ဒီလောင်းကစားကို ယူလိုက်မယ်။ ဒီတစ်ခါတော့ ဒီလောင်းကြေးကို ငါအနိုင်ရလိမ့်မယ်'

‎

‎

‎ခဏအကြာပွေ့ဖက်ပြီးနောက်တော့ ပြတင်းပေါက်မှ ခေါက်သံကိုကြားလိုက်ရတယ်။ ကျင်းရွှီယန်းက သူ့ခေါင်းကို မော့ကြည့်လိုက်တော့ ကျန်းယွမ်က အပြင်မှာ ခေါင်းကုတ်ကာရပ်နေတာကို တွေ့လိုက်ရတယ်။

‎

‎

‎ပြတင်းပေါက်ကို အနည်းငယ်ဖွင့်ကာ "ဘာဖြစ်နေတာလဲ" ဟု မေးလိုက်တယ်။

‎

‎

‎သူ့ကပ္ပတိန်ပေါင်ပေါ်ထိုင်နေသော အမျိုးသမီးကိုတွေ့တော့မှ ကျန်းယွမ်သည် တစ်စုံတစ်ခုကို သုနှောက်ယှက်မိသွားကြောင်း ချက်ချင်းသိလိုက်ရတယ်။ ဒါပေမယ့် သူ့ကိုယ်သူ အားပေးပြီး "ဗိုလ်ကြီး မင်းတစ်ခုခု စစ်ဆေးပေးဖို့လိုတယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက အနှောက်အယှက်ခံရတာကို စိတ်ဆိုးပေမယ့် ပိုအရေးကြီးတဲ့အရာကိုသိတယ်။ သူက ခေါင်းညိတ်ပြီး "ခဏနေ ငါရောက်လာမယ်" လို့ပြောလိုက်တယ်။

‎

‎

‎"နားလည်ပြီ" ကျန်းယွမ် က ခေါင်းညိတ်ပြပြီးချက်ချင်းပဲ့ထွက်သွားတယ်။

‎

‎

‎သူထွက်သွားပြီးတာနဲ့ ကျင်းရွှီယန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး "အာ့ဇီ ခဏလောက် အနားယူလိုက်ပါ။ ပစ္စည်းတွေတင်ပြီးရင် ကိုယ်မင်းကိုလာအကြောင်းကြားမယ်။ ကျန်တဲ့ပစ္စည်းတွေကို မင်းနဲ့အတူ ယူသွားလို့ရပြီ"

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီ က ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ ပြန်ဖြေတယ်။

‎

‎

‎တံခါးမဖွင့်ခင်မှာပဲ့ ခေါင်းငုံ့ပြီး သူမရဲ့နဖူးကို နမ်းလိုက်တယ်။ ထို့နောက် သူမအားကားပေါ်မှ သယ်ထုတ်ကာ ခရီးသည်ထိုင်ခုံတွင် ပြန်တင်ပေးလိုက်သည်။ သူမရဲ့ခေါင်းကို ပုတ်ပေးပြီး တံခါးကိုပိတ်လိုက်တယ်။

‎

‎

‎သူထွက်သွားတာကိုမြင်တော့မှ ကျိူးလီဇီက ရုတ်တရက်ရှက်သွားသလိုခံစားလိုက်ရတယ်။ သူမရဲ့ ဘဝနှစ်ခုစလုံးမှာ ယောက်ျားတစ်ယောက်နဲ့ ဒီလောက်ရင်းနှီးခဲ့တာ ဒါကပထမဆုံးအကြိမ်ပါပဲ။ သူက သူမရဲ့ ငယ်သူငယ်ချင်းဖြစ်ပေမယ့် ရှက်ရွံ့ပြီး မသက်မသာဖြစ်မိတယ်။

‎

‎သူမက ရင်ဘတ်ကိုထိလိုက်ကာ တိုးတိုးလေးရေရွတ်လိုက်တယ် "မိုက်မဲတဲ့နှလုံးသား၊ အရမ်းမြန်မြန်ခုန်နေတာကိုရပ်လိုက်တော့"

‎

‎

‎သူမရဲ့ နေရာလွတ်မှ ကန်ရေသန့်ဘူးနှစ်ဘူးကို မဆွဲထုတ်ခင်မှာ သူမကိုယ်သူမ တည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ကို လက်ခံဖို့က ဆုံးဖြတ်ထားပေမယ့်လည်း သူမရဲ့ အာကာသနေရာလွတ်ရဲ့ အထူးအ‌ကြောင်းအရာတွေကိုတော့ သူ့ကိုမပြောရဲသေးပါဘူး။

‎

‎

‎သူမရဲ့နေရာက အခြားသူများကဲ့သို့ သာမာန်သိုလှောင်မှုနေရာတစ်ခုသာဟု ယူဆခြင်းကလည်းပိုကောင်းပါတယ်။

‎

‎

ကန်‎ရေပုလင်းနှစ်လုံးကို သောက်ပြီးနောက်တွင်တော့ သူမ နေလို့ပိုကောင်းလာတယ်။

‎

‎

‎မျက်လုံးများကိုမှိတ်ထားရင်း သူမ၏စွမ်းအင်ကိုစစ်ဆေးလိုက်တယ်။ အဆင့်သုံးဖုတ်ကောင်နှင့် တိုက်ပွဲအပြီးတွင် သူမ၏အမြု‌တေရှိ အတားအဆီးက လျော့ရဲလာသည်ကို သတိပြုမိလိုက်တယ်။ အကယ်၍ သူမသာ အမြုတေများကို စုပ်ယူလိုက်ပါက သူမအဆင့်ဖြတ်ကျော်နိုင်သွားလိမ့်မည်။

‎

‎

‎ဗိုက်ဆာလို့ ပေါင်မုန့်နှစ်လုံးကို ဆွဲထုတ်ပြီး တူနာငါးစည်သွတ်ဗူးနှင့် ဒိန်ခဲရယ်နဲ့ စားလိုက်တယ်။

‎

‎

‎ထိုအချိန်တွင် ကျင်းရွှီးယန်းက ဂိုဒေါင်ထဲသို့ ဝင်သွားပြီး "ဘာဖြစ်နေတာလဲ"

‎

‎

‎သူပြန်လာတာကိုမြင်တော့ ရှောင်ချီက "ဗိုလ်ကြီး ဒါတွေက ငါတို့စုဆောင်းထားတဲ့ အမြုတေတွေလေ။ အခုပဲ မင်းရဲ့စေ့စပ်ထားသူက ဖုတ်ကောင်ကို သတ်ပစ်ပြီး ညီအစ်ကိုတွေရဲ့အသက်ကိုတောင်ကယ်ခဲ့တာ။ အဲဒါတွေကို ကျွန်တော်တို့ ဘယ်လိုခွဲရမလဲ"

‎

‎

‎ကျင်းရွှီယန်းက အမြုတေများကို စိုက်ကြည့်ကာ "အားလုံးကို သူ့မဆီ ပေးလိုက်"

‎

‎

‎စစ်သားများကတော့ ခေါင်းဆောင်က သူတို့ရဲ့ခယ်မကိုချော့ရန်အတွက် အမြုတေများကိုအသုံးပြုဖို့ ကြိုးစားနေတယ်လို့ ထင်မြင်ကြကာ စစ်သားများက တစ်ယောက်နှင့်‌တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ရဲ့ ဒု-ကပ္ပတိန်က ကပ္ပတိန်ကို ခေါ်ဖို့သွားတဲ့အခါတုန်းက ကပ္ပတိန်ကငိုနေတယ်လို့ ပြောခဲ့သေးတယ်။ နောက်ဆုံးတော့ မိန်းကလေးတွေက ဒီလိုမျိုးတွေကိုကြိုက်တယ်။

‎

‎

‎သိနားလည်သောအပြုံးဖြင့် ရှောင်ချီက အမြုတေများအားလုံးကို အိတ်တစ်ခုထဲသို့ထည့်ကာ ကျင်းရွှီယန်း အား ပေးလို့ "ဗိုလ်ကြီး ငါတို့ကတော့ ဒီကျောက်ခဲလေးတွေက ဘာအတွက်မှန်းတောင်မသိပါဘူး။ ခယ်မလေးသာ ကြိုက်ရင် အကုန်ယူသွားလို့ရတယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းသည် သူ၏ ရက်ရောသောစကားကို ကြားသောအခါတွင် မျက်ခုံးပင့်လိုက်တယ်။ အိတ်ကို ယူလိုက်ပြီး “နောင်ကြရင်တော့ မင်းတို့ထဲက တစ်ယောက်မှ အစားအသောက်နဲ့ သောက်စရာရေအတွက် ထပ်ပြီး စိတ်ပူစရာ မလိုတော့ဘူး” လို့ ပြောလိုက်တယ်။

‎

‎

‎စစ်သားများက သူ့စကားကိုကြားတော့ ပြုံးပြီး တညီတညွတ်တည်း ပြောသည် "ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး"

‎

‎

‎"ကောင်းပြီ၊ ပစ္စည်းတွေတင်ပြီးရင် ညအိပ်ဖို့နေရာရှာရမယ်" လို့ ကျင်းရွှီယန်း ကပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎စစ်သားများသည် ထရပ်ကားများနှင့် သံချပ်ကာယာဉ်များကို ရိက္ခာများတင်ဆောင်ကာ ၎င်းတို့၏ ကျောပိုးအိတ်များကိုလည်း အပြည့်ဖြည့်လို့ အလုပ်ရှုပ်နေကြချိန်တွင် ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကတော့ သူတို့ကို စောင့်ဆိုင်းနေပါတယ်။

‎

‎

‎လီယောင်က ချူကျိမြောင်ကို လက်တို့လိုက်ပြီး " မြောင်မြောင် အစ်ကိုပိုင်က ကျိူးလီဇီကို ကြိုက်တယ်လို့ထင်လား"

‎

‎

‎"မသိဘူး" ချူကျိမြောင်က ခေါင်းယမ်းရင်းပြောတယ်။

‎

‎

‎" ရီကျီးက သူ့ကို ကြိုက်တယ်ဆိုရင်တောင် သူမမှာက ရည်းစားရှိနေပြီ "လို့ ဖုန်းယွင်က ရုတ်တရက် ပြောလာတယ်။

‎

‎

‎" စီနီယာဖုန်း သူတို့ရဲ့ ဆက်ဆံရေးက အစစ်အမှန်ဖြစ်ပုံမပေါ်ဘူး။ ဗိုလ်ကြီးကျင်းက လိမ်တာဖြစ်နိုင်တယ် "လို့ ဟန့်ဂျီယင်း က အော်ဟစ်လိုက်ပါတယ်။

‎

‎

‎" အစစ်ဖြစ်တယ် မဖြစ်ဘူးဆိုရင်တောင်မှ ဒါကငါတို့အလုပ်မဟုတ်ဘူး" ဟု ဖုန်းယွင် က ပြန်ဖြေတယ်။

‎

‎

‎"အခုအချိန်မှာတော့ ငါတို့က ရှင်သန်ဖို့ကိုပဲ့အာရုံစိုက်ပြီး ငါတို့ရဲ့ ခွန်အားကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုပဲ့ စဉ်းစားသင့်တယ်။ တခြားသူတွေရဲ့ ဆက်ဆံရေးကို စိတ်ပူတာက အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုမှာ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး" ဟု လေးနက်စွာ ပြောကြားခဲ့သည်။

‎

‎

‎ဒါကိုကြားတော့ သူတို့ရဲ့အတွေးတွေကအဝေးဆီလွင့်သွားကြတယ်။ မိသားစုကို စိတ်ပူနေကြသော်လည်း တစ်ယောက်တည်းရှာရန် ခွန်အား သို့မဟုတ် သတ္တိမရှိကြပေ။ ယခုအချိန်တွင်တော့ ပိုင်ရီကျီးရဲ့နောက်ကိုသာလိုက်နိုင်ပြီး နောက်ပိုင်းတွင်တော့ အစိုးရမှကူညီလာမည်ဟု မျှော်လင့်ရုံသာတတ်နိုင်တယ်။

‎

‎

‎သူပြောတာမှန်တယ်၊ သူတို့တွေက သန်မာဖို့ လိုတယ်၊ ဒါမှ သူတို့ရှင်သန်ပြီး မိသားစုနဲ့ ပြန်ပေါင်းစည်းနိုင်မယ်။

‎

‎

‎

All Chapters