← Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

‎ထိုအချိန်တွင် သူတို့နှင့်တစ်ဖက်ခြမ်းရှိ ကားအတွင်းမှကျိူးလီဇီသည် မျက်လုံးများကိုမှိတ်ထားကာ ထိုင်ခုံဆီသို့ မှီလိုက်တယ်။ ကန်ရေကိုသောက်ပြီး အစာစားပြီးနောက်မှာ သူမရဲ့ စွမ်းအင်တွေက တဟုန်ထိုး ထိုးတက်လာတာ ခံစားလိုက်ရတယ်။

‎

‎

‎ဒါက အဆင့်ဖြတ်ကျော်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ့။ အတားအဆီးကိုသာ ကျော်ဖြတ်နိုင်ရင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ်။ မအောင်မြင်ပါက ဒဏ်ရာရခြင်း သို့မဟုတ် ပိုဆိုးသွားကာ သေဆုံးနိုင်သည်။

‎

‎

‎သူမရဲ့စိတ်ကို အာရုံစူးစိုက်လို့ သူမရဲ့စွမ်းအင်များကို သူမရဲ့ သွေးကြောများတလျှောက် လမ်းညွှန်ပေးကာ ၎င်းတို့ကို သူမ၏ အမြုတေတွင် စုစည်းထားလိုက်သည်။ ဖုတ်ကောင်များနှင့်မတူဘဲ စွမ်းရည်-အသုံးပြုသူများရဲ့ အမြုတေများက သေပြီးနောက်တွင်သာ မာကျောသွားလေ့ရှိတယ်။

‎

‎

‎အသက်ရှင်နေချိန်တွင်တော့ အမြုတေများက ကျင့်ကြံသူများရဲ့ ဒန်တီယန်ကဲ့သို့ ပိုမိုလုပ်ဆောင်ကာ ဦးနှောက်ထဲတွင် စွမ်းအင်များကို သိုလှောင်ထားပြီးသွေးကြောများမှတစ်ဆင့်လည်ပတ်စေသည်။

‎

‎

အဆင့်ချိူးဖြတ်‎နေချိန်တွင် ပြင်းထန်သောဝေဒနာကို ခံစားရပြီး နဖူးနှင့်နောက်ကျောတွင် ချွေးအေးများ ဖုံးလွှမ်းနေတယ်။ သူမရဲ့ခန္ဓာကိုယ်က ကွဲအက်သွားပြီး ပြန်လည်တည်ဆောက်နေချိန်တွင် မရေမတွက်နိုင်သော ပုရွက်ဆိတ်များ ကိုယ်အတွင်းမှာ ကိုက်ဝါးနေသကဲ့သို့ ခံစားရတယ်။

‎

‎

‎စွမ်းအင်များက သူမရဲ့ခန္ဓာကိုယ်အနှံ့တွင် လည်ပတ်နေကာ လည်ပတ်မှုတိုင်းကလည်း သူမရဲ့ချွေးပေါက်များမှတဆင့် အညစ်အကြေးများကိုတွန်းထုတ်နေသည်။ မရေမတွက်နိုင်လောက်တဲ့ အကြိမ်ကြိမ် စွမ်းအင်လည်ပတ်ပြီးနောက်မှာတော့ အတားအဆီးက နောက်ဆုံးတွင်တော့ အက်ကြောင်းပေါ်လာခဲ့သည်။

‎

‎

‎အတားအဆီးကျိုးသွားသည့်အခိုက်တွင် သူမရဲ့ဦးနှောက်ထဲသို့စွမ်းအင်များက တဟုန်ထိုး တိုးဝင်လာကာ နာကျင်မှုကို ချက်ချင်း သက်သာသွားစေသည်။ သူမ၏ ခန္ဓာကိုယ်ကပေါ့ပါးပြီး လန်းဆန်းမှုကို ခံစားရတယ်။

‎

‎

‎မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အနက်ရောင်အညစ်အကြေးတွေက သူ့မရဲ့အရေပြားကို ဖုံးအုပ်ထားတာသတိထားမိပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။ သူမက ဖုတ်ကောင်ထက်ကို အနံ့အသက်ပိုဆိုးနေတယ်။ ကားတံခါးကို သော့ခတ်ပြီး သူမရဲ့နေရာလွတ်ထဲကိုဝင်သွားတယ်။ အထဲကိုဝင်ပြီးတာနဲ့ ရေချိုးဖို့ကို အပြေးအလွှားသွားလိုက်တယ်။

‎

‎

‎ဒီဘဝမှာတော့ သူမရဲ့ဆပ်ပြာက ပိုကောင်းလောက်တယ်။ အညစ်အကြေးတွေကို တခါတည်း ဆေးကြောပစ်နိုင်လို့ပဲ့။ ရှေ့ဘဝတုန်းကဆိုရင်တော့ ခန္ဓာကိုယ်ပေါ်က အမည်းရောင် အရည်ညစ်ပေတွေကို သန့်စင်ဖို့အတွက် အရေပြားတွေ နီရဲလာအောင်အထိ ပွတ်တိုက်ရတာမျိုးတောင် ကြုံခဲ့ရဖူးတယ်။

‎

‎

‎အ၀တ်အစားအသစ်တွေပြောင်းဝတ်လို့ နေရာလွတ်မှထွက်လာပြီးနောက်တော့ ကားထဲမှာသူမပြန်ပေါ်လာတယ်။ ပြန်ထွက်လာပြီးတော့ သူမ လေကို ပြင်းပြင်းရှူရှိုက်လိုက်တော့ လည်ချောင်းကိုညှစ်ထားခံရသလိုမျိူးဖြစ်သွားတယ်။

‎

‎

‎သူမရဲ့အာရုံငါးပါးက တိုးတက်လာတယ်။ သူမက အဝေးကြီးကို တောင်မြင်နိုင်ပြီး ပို၍လည်းရှင်းလင်းစွာကြားနိုင်တယ်။

‎

‎

‎အားနည်းချက်လား ၊ အားနည်းချက်ကတော့ အနံ့အသက်က အရင်ကထက် ပိုပြင်းထန်လာပြီး နှာခေါင်းကိုထုံထိုင်းသွားစေတယ်။

‎

‎

‎နှာခေါင်းကိုညှစ်ရင်း ဂိုဒေါင်ဆီသို့ လျှောက်သွားလိုက်တယ်။ သူမ အထဲကိုဝင်လိုက်သည်နှင့် ‎ကျင်းရွှီယန်းကလည်း ချဉ်းကပ်လာတာကို သူမတွေ့လိုက်ရတယ်။

‎

‎

‎သူက အိတ်တစ်လုံးကို ပေးလိုက်ပြီး "အာ့ဇီ ကိုယ်တို့က သိမ်းလို့ပြီးပြီ။ မင်းကတော့ ကျန်တဲ့ပစ္စည်းတွေအားလုံးကို သိမ်းထားလိုက်လို့ရတယ်။ ဒါတွေက ကိုယ်တို့စုထားတဲ့ အမြုတေတွေ မင်းအတွက်ပဲ"

‎

‎

‎ကျိူးလီဇီ က သူ့ကိုခဏလောက်ကြည့်လိုက်ပြီး "အစ်ကိုယန်း ရှင် ကျွန်မကို မုန့်ဖိုးပေးနေတာလား"

‎

‎

‎ကျင်းရွှီယန်းက သူမရဲ့စကားကြောင့် ခဏတာအံ့အားသင့်သွားပြီးမှ ရယ်မောကာ "ဒီလိုတွေးချင်ရင်လည်း သေချာပေါက်ပဲ့ပေါ့ " လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎ထို့နောက် သူမရဲ့ပါးကို ပွတ်သပ်ပြီး "အာ့ဇီ ကိုယ်မင်းကို ပြုစုပျိုးထောင်ဖို့ ကြိုးစားပါ့မယ်"

‎

‎

‎အကြောင်းတစ်ခုခုကြောင့် ကျိူးလီဇီသည် သူ့အကြည့်ကိုတွေ့သောအခါ ရှက်သွားတယ်။ သူမက သူ့လက်ကို တွန်းဖယ်လိုက်ပြီး တံခါးကို စောင့်ပေးပါဦးလို့ ပြောလိုက်တယ်။

‎

‎

‎သူမ၏ ရှက်ရွံ့သောအမူအရာကိုမြင်လိုက်ရတော့ ကျင်းရွှီယန်းက အလွန်စိတ်လှုပ်ရှားသွားတယ်။ သူက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟု ပြန်ဖြေလိုက်တယ်။

‎

‎

ဂိုထောင်ထဲက ‎စစ်သားများထွက်သွားပြီးတဲ့နောက်တော့ ကျင်းရွှီယန်းက တံခါးကိုပိတ်ကာ အပြင်ဘက်တွင် ကိုယ်တိုင်ရပ်စောင့်နေပြီး ကျိူးလီဇီကတော့ ဂိုထောင်အတွင်းရှိကျန်ရိက္ခာများအားလုံးကို သူမ၏နေရာ၌ အမြန်သိမ်းဆည်းလိုက်တယ်။ ဆယ့်ငါးမိနစ်လောက်ကြာတော့ သူမက ထွက်လာပြီး "အစ်ကိုယန်း ပြီးပြီ" လို့ ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်း က သူ့လက်ပတ်နာရီကို စစ်ကြည့်လိုက်ပြီး "မကြာခင် မှောင်တော့မယ်။ ကိုယ်တို့ ညအိပ်ဖို့ နေရာအရင်ရှာသင့်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ" ကျိူးလီဇီ က အဆင်သင့်ပဲ သူ့စကားကိုသဘောတူလိုက်တယ်။

‎

‎

‎သူတို့ဂိုဒေါင်ထဲကထွက်ကာ ကားပေါ်သို့တက်လိုက်တယ်။ အခြားဂိုဒေါင်များတွင် ရိက္ခာများရှိနေသေးသောကြောင့် သူတို့က စက်ရုံခရိုင်အပြင်ဘက်ရှိ လယ်ကွင်းတစ်ခုတွင် စခန်းချကာ အခြားဂိုဒေါင်များတွင်ရှိတဲ့ ရိက္ခာများကို နောက်ရက်မှဆက်လက်စစ်ဆေးရန်ဆုံးဖြတ်ခဲ့သည်။

‎

‎

‎အပြင်မှာနေရတာက အန္တရာယ်များပေမယ့် လင်အန်းတက္ကသိုလ်ကို ပြန်သွားတာထက်တော့ ပိုကောင်းပါတယ်။

‎

‎

နေမင်းကမိုးကုတ်စက်ဝိုင်းအောက်သို့ နစ်ဝင်သွားချိန်တွင် သူတို့ရဲ့ယာဉ်တွေကို စက်ဝိုင်းပုံစံဖြင့် ရပ်နားထားလိုက်တယ်။ ထို့နောက် ဝိန့်ခိုင်နှင့် ဝိန့်မိုတို့က အကာအကွယ်အဖြစ် သတ္တုတံတိုင်းတစ်ခုကို ပတ်ပတ်လည်တွင် တည်ဆောက်ပေးခဲ့တယ်။ ယနေ့ညအချိန်တွင်တော့ သူတို့က အလှည့်ကျစောင့်ကြည့်ရန် စီစဉ်ထားသည်။

‎

‎

‎လိုအပ်သော ပစ္စည်းများ ပြည့်စုံစွာရှိသည့်အတွက် စစ်သားများက ဝိန့် ညီအစ်ကိုတို့အား အိုးကြီးသုံးလုံးနှင့် သံတံကျင်များစွာကို ပြုလုပ်ခိုင်းပြီး စစ်သားများက မီးပုံသုံးပုံတည်ဆောက်ခဲ့တယ်။

‎

‎

‎ကျင်းရွှီယန်းရဲအဖွဲ့တွင် ရေအမျိုးအစား စွမ်းရည်အသုံးပြုသူရှိပြီး သူတို့က သူကိုခေါ်လိုက်တယ်။

‎

‎

‎"ချန်းဖုန်း၊ လာပြီး အိုးထဲ ရေဖြည့်ဖို့ ကူညီပေးပါအုံး" ဟု ကျန်းယွမ်က သူ့ဘက်သို့ လက်လှမ်းပြကာခေါ်လိုက်တယ်။

‎

‎ချန်ချန်းဖုန်းက အိုး၏အရွယ်အစားကိုမြင်သောအခါတွင် ထိတ်လန့်တကြားဖြစ်ပြီးရပ်တန့်သွားခဲ့တယ်။ အိုးကိုလက်ညှိုးထိုးပြပြီး "ဒုကပ္ပတိန် ရေကို ဒီအိုးတစ်ဝက်လောက်ထိဖြည့်ဖို့ မင်းစိတ်ကူးရှိနေတာလား" လို့မေးတယ်။

‎

‎

‎ကျန်းယွမ်ကတော့ သူထိတ်လန့်တုန်လှုပ်သွားတာကို မြင်တဲ့အခါမှာရယ်ပြီး "အင်း ငါတို့က အိုးတစ်ဝက်ပဲ့လိုတယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎"ဒီလောက်ရေကရနိုင်ပါ့မလားမသိဘူး" လို့ ‎ချန်ချန်းဖုန်းကသက်ပြင်းတစ်ချက်ချကာပြောလိုက်တယ်။

‎

‎

‎"မင်း တတ်နိုင်သလောက်ပဲ့ဖြည့်ပါ" လို့‎ ကျန်းယွမ်က ပြုံးပြကာပြောတယ်။

‎

‎

ချန်ချန်းဖုန်းလည်း ‎တခြားရွေးချယ်စရာမရှိတော့ပဲ သူ့လက်ဖဝါးကို အိုးအထက်မှာတင်ပြီး ရေစတင်ဖြည့်ခဲ့တယ်။ သူ့စွမ်းအင်ကိုသုံးပြီးနောက်တွင် ဆာလောင်နေတာကြောင့် ဖျော့တော့မသွားခင်မှာ အိုးရဲ့ းသုံးပုံတစ်ပုံကို ရေဖြည့်နိုင်ခဲ့တယ်။

‎

‎

‎ဒါကိုမြင်တော့ ကျန်းယွမ်က အမြန်ရပ်ခိုင်းလိုက်ပြီး "လုံလောက်ပါတယ်။ မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် ချန်းဖုန်း"

‎

‎

‎ချန်ချန်းဖုန်းက ခေါင်းကိုက်ခြင်းကိုသည်းခံကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး "ဒုဗိုလ်ကြီး တောင်းပန်ပါတယ်" လို့ တောင်းပန်စကားဆိုပါတယ်။

‎

‎

‎ကျန်းယွမ် က သူ့ပခုံးကိုပုတ်ပြီး "ဘာလို့ တောင်းပန်နေတာလဲ။ မင်း ကြိုတင်ပြင်ဆင်ပေးထားတဲ့ရေကို ငါတို့သုံးလို့ရတယ် အနားယူလိုက်ပါ။ စားစရာတွေ အဆင်သင့်ဖြစ်ရင် ငါမင်းကိုခေါ် လိုက်မယ်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎သူထွက်သွားပြီးနောက်တော့ ကျန်းယွမ်က မတ်တပ်ထရပ်ကာ ရေသောက်ရန် စီစဉ်လိုက်တယ်။ ဒါပေမယ့် သူ မထွက်ခွာခင်မှာပဲ ကျိူးလီဇီက လမ်းလျှောက်လာပြီး "ဒုဗိုလ်ကြီး မင်းအကူအညီလိုသေးလား" လို့ မေးတယ်။

‎

‎

‎"ခယ်မ ငါကရေယူပြီး‎ ညစာအတွက် ထမင်းချက်ဖို့ စီစဉ်ထားတယ်။ မင်း အနားယူလိုက်ပါ။ ငါတို့ ဂရုစိုက်လိုက်လို့ရပါတယ်" ကျန်းယွမ် က ပြုံးပြီး ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီ က အိုးဆီကိုလှမ်းကြည့်ပြီး "ကျွန်မက ရေစွမ်းအင်အသုံးပြုနိုင်သူပါ။ ကူညီပါရစေ"

‎

‎

‎ချန်ချန်းဖုန်း နှင့်မတူဘဲ သူမကတော့ လက်ကိုအိုးအထက်တွင်မထားဘဲ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရုံနဲ့ ရေလုံးကြီးတစ်လုံး ဖန်တီးလိုက်တယ်။

‎

‎

‎သူမလက်ကို ရွှေ့လိုက်သည်နှင့် ရေဘောလုံးကလည်း အိုးနှင့် နီးကပ်လာကာ အိုးအထက်တွင် ရပ်သွားခဲ့တယ်။ သူမ၏ လက်ချောင်းလေးများ ထပ်မံလှုပ်ခတ်လိုက်တာနဲ့ ရေလုံးကြီးထဲက ရေတွေဟာ ဖြည်းဖြည်းချင်းစီ အိုးထဲသို့ စိမ့်ဝင်ကျဆင်းလာခဲ့တယ်။

‎

‎အဆင့် ၁ သို့ ဖြတ်ကျော်ပြီးနောက်တွင် သူမ၏စွမ်းအင်အပေါ် ထိန်းချုပ်နိုင်မှုက သိသိသာသာကို တိုးတက်လာခဲ့တယ်။

‎

‎

‎

‎

‎

All Chapters