← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

‎သန်းခေါင်ယံအချိန်ကို ရောက်တော့ မိုးက ရုတ်တရက် ရပ်သွားတယ်။ ထူထပ်နေသော တိမ်တိုက်များက ကွဲကွာသွားကာ ကောင်းကင်ထက်မှ သွေးနီရောင်လရောင်က ဖြာကျနေတာကို ထင်ရှားစွာ တွေ့ရသည်။

‎

‎

‎ဒီမြင်ကွင်းကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေကို မှိတ်လိုက်မိတယ်။ မဆိုင်းမတွဘဲ သူ့အဖွဲ့ဆီကို လှည့်ပြီး "ထကြပြီလား။ ရွှေ့ဖို့အချိန်ရောက်ပြီ" လို့ပြောလိုက်တယ်။

‎

‎

‎အများစုမှာ ပေါ့ပါးသော အိပ်စက်သူများဖြစ်သောကြောင့် စစ်သားများက ချက်ချင်းပင် လှုပ်ရှားသွားကြသည်။ ဆယ်မိနစ်အတွင်းမှာပဲ သူတို့ရဲ့ အိပ်ယာတွေကို ထုပ်ပိုးပြီး ထရပ်ကားတွေနဲ့ သံချပ်ကာယာဉ်တွေဆီ သွားလိုက်ကြတယ်။

‎

‎

‎လရောင်မှိန်ဖျော့ဖျော့ အောက်တွင် သူတို့၏ယာဉ်တန်းက လင်အန်းတက္ကသိုလ်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့တယ်။

‎

‎

သံချပ်ကာယာဉ်အတွင်းတွင်တော့ ကျင်းရွှီယန်း က သူ့နာရီကိုကြည့် ထပ်မံစစ်ဆေးလိုက်ပြီး သူရဲ့လက်ချောင်းများကို လက်သီးများအဖြင့် ဆုပ်ထားလိုက်သည်။ မုန်တိုင်းအတွင်းတွင် အသေအပျောက်များမည်ဟု သူမျှော်လင့်ထားသော်လည်း ကြိုတင်ကာကွယ်မှုများကြောင့် သူ၏လူများထဲမှ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

‎

‎

‎မည်သူမျှ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲခြင်းမရှိသော်လည်း စစ်သားအများအပြားက အဖျားကြီးပြီး သတိမေ့မြောသွားကြသည်။ သူတို့ရဲ့ စွမ်းအင်တွေက နိုးထလာတော့မဲ့ လက္ခဏာတွေ ပြသနေပါတယ်။

‎

‎

‎ဖုတ်ကောင်ကိုက်ခြင်း သို့မဟုတ် လက်သည်းဖြင့်ခြစ်ခြင်းကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ဘဲ စွမ်းရည်များကို နိုးကြားနိုင်သောသူများက သဘာဝအကြောင်းတရားများကြောင့် နိုးထလာခြင်းဖြစ်တာကြောင့် အသက်ရှင်နှုန်း ပိုမြင့်မားပါတယ်။

‎

‎

‎ အမျိုးသားတွေရဲ့အဖျားကို ထိန်းပြီး ရေဓာတ် ဖြည့်ပေးခြင်းဖြင့်ထိန်းထားနိုင်သရွေ့တော့ အသက်ရှင်ဖို့ အခွင့်အလမ်းက နှစ်ဆယ်ရာခိုင်နှုန်းအထိ မြင့်မားတယ်။

‎

‎

‎ရာခိုင်နှုန်းအကြောင်းတွေးရင်း ကျင်းရွှီယန်း သည် ပြင်းပြင်းထန်ထန် အသက်ရှူသွင်းလိုက်တယ်။ အခုချိန်မှာတော့ သူတို့ အကောင်းဆုံးလုပ်ဖို့ပဲ့ရှိတယ်။ ဖြစ်စဉ်မှာ သူ့လူတစ်ယောက်မှ မသေဘူးလို့တော့ သူမျှော်လင့်တယ်။

‎

‎

‎တစ်ချိန်တည်းမှာပင် မိန်းကလေးတစ်ယောက်က ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို လမ်းတစ်လျှောက် ဆွဲငင်ကာ တောင့်တင်းစွာ လျှောက်လှမ်းနေခဲ့သည်။

‎

‎

‎သူမရဲ့ ရှည်လျားသော ဆံပင်များက တောက်ပြောင်မှု မရှိတော့ဘဲ အဝါရောင်ပြောင်းသွားပြီး ခြောက်သွေ့သွားတယ်။ သူမ လမ်းလျှောက်နေရင်းနဲ့ကို ဆံပင်တွေက လေထဲမှာ တဖျပ်ဖျပ်လွင့်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ၏ အဖြူရောင်ဝတ်စုံမှာတော့ မည်းမှောင်သော သွေးခြောက်အကွက်များနှင့် အသားပုပ်များဖြင့် ဖုံးလွှမ်းနေတယ်။

‎

‎

‎ပင်ပေါင်ဘောလုံးအရွယ် ဒဏ်ရာကို သူမ၏ခြေသလုံးပေါ်တွင် မြင်တွေ့နိုင်သည်။ ဒဏ်ရာမှ သွေးများသည် အချိန်အတော်ကြာကတည်းက စီးဆင်းမှု ရပ်တန့်သွားသော်လည်း ပတ်ပတ်လည်ကအသားများကတော့ တဖြည်းဖြည်း ပုပ်သွားခဲ့တယ်။

‎

‎သူမရဲ့ ခြေသလုံးတွင် နာကျင်မှုနှင့် ခေါင်းက စူးစူးရှရှ နာကျင်မှုကို ခံစားနေရချိန်၌ ‎မိုဘင်းရှမ် ရဲ့စိတ်ထဲတွင် တစ်ခုတည်းသော အတွေးတစ်ခုသာ ရှိသည်—သူမ ပုန်းကွယ်ပြီး ရှင်သန်ရန် နေရာရှာရပေမည်။

‎

‎

‎သူမ၏ ခန္ဓာကိုယ်အပူချိန်က ကျဆင်းလာသည်နှင့်အမျှ သူမ၏မျက်လုံးများတွင် အနီရောင်သွေးပြန်ကြောများက ပိုမိုထူထပ်လာတယ်။ သူမရဲ့ အနက်ရောင် မျက်လုံးတစ်စုံ က မီးခိုးရောင်အဖြစ်ပြောင်းသွားပြီး သေနေသောငါးရဲ့ မျက်လုံးများကဲ့သို့ ဖြစ်နေတယ်။

‎

‎

‎ပါးစပ်ကိုဖွင့်ရင်း 'ဟို ဟို ဟို ' အသံထွက် နေတယ်။ သူမရဲ့ အသိစိတ်တွေက နှေးကွေးလာပြီး အကြောင်း အရာတွေကို စီမံဖို့ အချိန်အတော်ကြာခဲ့ပေမဲ့ ဖြစ်ပျက်နေတာတွေကိုတော့ သူမ နားလည်နိုင်ဆဲပါပဲ့။

‎

‎

‎သူမသည် အသားစားပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ဦးနှောက်မရှိသော ဘီလူးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတယ်။

‎

‎

‎နက်မှောင်သောသွေးတစ်စက်က သူမမျက်လုံးထောင့်မှ ဖြည်းညှင်းစွာ လှိမ့်ဆင်းလာတယ် 'ငါ ဘီလူးမဖြစ်ချင်ဘူး။ ငါ အသက်ရှင်ချင်တယ်'

‎

‎

‎ကံမကောင်းစွာနဲ့ပဲ့ သူမက ဘယ်လောက်ပဲ ဆန္ဒရှိနေပါစေ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ဗီဇပြောင်းလဲမှုတွေ ဆက်ရှိနေခဲ့ပါတယ်။

‎

‎

‎နာရီဝက်လောက်ကြာတော့ သူမ နောက်ဆုံးတော့ လှုပ်ရှားမှုကို ရပ်လိုက်ပြီး ခေါင်းကို ထူးဆန်းတဲ့ထောင့်နဲ့ နောက်ပြန်စောင်းကာ မျက်လုံးတွေကို မှိတ်ထားရင်း လမ်းပေါ်မှာ ရပ်နေလိုက်တယ်။ လက်တွေက ဘေးနှစ်ဖက်မှာ ပျော့ခွေနေပြီး ခြေထောက်တွေကလည်း တောင့်တင်းနေတယ်။

‎

‎

‎"ဂါးးးဟားးး-"

‎

‎

‎နောက်အခိုက်အတန့်တွင် သူမ၏မျက်လုံးများက ရုတ်တရက်ပွင့်လာသည်။ သူမရဲ့ မီးခိုးရောင် မျက်လုံးများက ထူးဆန်းသော အလင်းရောင်ဖြင့် လင်းလက်သွားတယ်။ ထိုမှိုင်းညို့နေသော မျက်လုံးတစ်စုံတွင် ပြတ်သားတဲ့ အရိပ်အမြွက်တစ်ခု ပေါ်လာသည်။

‎

‎

‎သူမဘယ်မှာရှိနေသည်ကိုကြည့်ဖို့ကြိုးစားရန် ပတ်ဝန်းကျင်ကိုကြည့်ရင်း သူမခေါင်းကတဆတ်ဆတ်တုန်လာတယ်။ နောက်ဆုံးတော့ ပါးစပ်ဟပြီး ကျယ်လောင်တဲ့အသံတစ်ခု ထွက်မလာခင် သူမရဲ့ အပြာရောင်ဖျော့ဖျော့လက်တွေကို အချိန်အတော်ကြာ မြှောက်ထားလိုက်တယ်။

‎

‎

‎

‎"ရားးးး"

‎

‎

‎သူဟိန်းဟောက်လိုက်တာနှင့် အဝေးမှ နောက်ထပ်ဟောက်သံတစ်ခုကို ကြားလိုက်ရတယ်။

‎

‎

"‎ရားး"

‎

‎

ဟိနိး‎ဟောက်သံကို ကြားလိုက်သည်နှင့် တစ်ကိုယ်လုံးက တောင့်တင်းသွားတယ်။ ခဏအကြာတွင်တော့ သူမက လှည့်ကာ လင်အန်း တက္ကသိုလ်ဆီသို့ တောင့်တောင့် တင်းတင်း နဲ့လျှောက်သွားတယ်။

‎

‎

‎တစ်ချိန်တည်းမှာပင် နှစ်ကီလိုမီတာအကွာတွင်ရှိသော ဖုတ်ကောင်အများအပြားက ရုတ်တရက် ဖရိုဖရဲဖြစ်သွားတယ်။ တစ်ဝက်တစ်ပျက်နဲ့ လှည့်ပတ်သွားရင်း ဟိန်းဟောက်သံတွေကို ထိန်းမရတော့ဘူး။

‎

‎

‎ဖုတ်ကောင်များက ရှေ့သို့ ဆက်လက်ရွေ့လျားသွားသည်နှင့်အမျှ လှည့်လည်သွားလာနေသောဖုတ်ကောင်များက တဖြည်းဖြည်းနောက်သို့ဆုတ်လာပြီး အဖွဲ့ထဲမှ ထွက်သွားကြသည်။ ဧရာမ ဖုတ်ကောင်အလုံးအရင်းကြီးက ရုတ်တရက် ထက်ဝက်ခန့် ကျဆင်းသွားကာ မြေပြင်ရဲ့ တုန်ခါမှုလည်း လျော့နည်းသွားတယ်။

‎

‎

‎ဤအတောအတွင်း လင်အန်း တက္ကသိုလ်တွင် ရှိနေတဲ့ ရုန်မိုအာ နှင့် ကုရှကျယ် တို့ သည် မိုးတိတ်သွားတာကို သတိပြုမိတယ်။ ကျောပိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး အဝတ်တစ်ထည်၊ ဖိနပ်တစ်ရံနှင့် အစောင့်ခန်းအတွင်း သူတို့ရှာဖွေနိုင်သည့် အစားအစာ သို့မဟုတ် ဆေးဝါးများကို ထုပ်ပိုးထားလိုက်တယ်။

‎

‎

‎ပြီးသောအခါတွင် လော့ကာတစ်ခုအတွင်း၌ နည်းဗျူဟာမြောက် နံပါတ်တုတ်များစွာကို တွေ့ရှိခဲ့သည်။ တစ်ခုကို ပေါင်မှာ ကြိုးနဲ့ချည်ပြီး ကျန်တာကို ကျောပိုးအိတ်ထဲမှာ သိမ်းထားတယ်။ နံပါတ်တုတ်များကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အလွန်အကြမ်းခံပါသည်။ ၎င်းတို့ကို လက်နက်အဖြစ် အသုံးပြုနိုင်တယ်။

‎

‎

‎သူတို့နှစ်ဦးစလုံးက စွမ်းရည်အသုံးပြုသူများဖြစ်ကြပြီး တုတ်၏အလေးချိန်က လက်ထဲတွင် ပေါ့ပါးနေသည်ဟု ခံစားရတယ်။ နံပါတ်တုတ်များအပြင် တိုက်ခိုက်ရေးဓားနှစ်လက်၊ ကိရိယာအစုံသုံးဓားတစ်လက်၊လျှပ်စစ်တုတ်နှင့် အိတ်ဆောင်ဓားတစ်ချောင်းကိုလည်း တွေ့ရှိခဲ့တယ်။

‎

‎

‎ရုန်မိုအာ က ပြင်းထန်စွာပစ်ခတ်နိုင်စွမ်းရှိသော တိုက်ခိုက်ရေးစွမ်းအားရှိ သောကြောင့် တိုက်ခိုက်ရေးဓားတစ်ချောင်းသာယူကာ ကျန်တာကို ကုရှကျယ် အား ပေးခဲ့သည်။

‎

‎

‎အစောင့်များ၏ နည်းဗျူဟာဝတ်စုံများကို ၀တ်ဆင်ပြီးနောက် သူတို့နှစ်ဦးသည် နောက်ဆုံးတော့ အစောင့်ခန်းမှ ထွက်ကာ ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့ကြသည်။ ဒီတစ်ခါတော့ အဝေးက ဖုတ်ကောင်တွေရဲ့ ဟောက်သံတွေကြားလိုက်ရပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

‎

‎

ဟိန်းသံတွေက ဘယ်ဘက်ကလာနေတာမို့ သူတို့ဟာ ညာဘက်ကို ဦးတည်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကားရပ်နားရာနေရာဆီ ဦးတည်သွားပြီး၊ ထရပ်ကားပုံစံ အက်စ်ယူဗွီ တစ်စီးကို ရွေးချယ်လိုက်တယ်။ တံခါးကို လှမ်းဖွင့်ပြီးနောက် အသုံးမဝင်သော အရာများကို ပစ်ချကာ သော့များကို ရှာဖွေကြသည်။

‎

‎

‎ငါးမိနစ်လောက်ကြာတော့ သော့ကိုရှာမတွေ့တော့ အင်ဂျင်ကိုပူအောင်ကြိုးစားဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။ သူတို့နှစ်ယောက်လုံးက အရင်က ကားမခိုးဖူးဘူးဆိုတော့ သူတို့ကံစမ်းဖို့ပဲ ရှိတယ်။

‎

‎

‎ကုရှကျယ် သည် သူ့လက်ထဲတွင် ကြိုးနှစ်ချောင်းကို ကိုင်ထားပြီး ၎င်းတို့ကို အထပ်ထပ် ပွတ်တိုက်သည်။ ဆယ်မိနစ်လောက်ကြာတော့ အင်ဂျင်က ပူလာတယ်။

‎

‎

‎ဒါကိုကြားတော့ ဒရိုင်ဘာထိုင်ခုံမှာ အလျင်အမြန်ဝင်ထိုင်ပြီး “သွားရအောင်” လို့ ပြောလိုက်တယ်။

‎

‎

‎ရုန်မိုအာ က ခရီးသည်ထိုင်ခုံတွင် ထိုင်ပြီးနောက် တံခါးကို သော့ခတ်လိုက်တယ်။ ကားမှာ ဓါတ်ဆီတိုင်ကီတစ်ဝက်သာပါတာကြောင့် ဆီဆိုင်ကို အရင်ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နှလုံးခုန်သံတွေနဲ့အတူ တက္ကသိုလ်ဝင်ပေါက်ကို မောင်းထွက်လာခဲ့တယ်။

‎

‎

‎သူတို့မသိလိုက်တာက အနက်ရောင်မျက်လုံးတစ်စုံက သူတို့ ဦးတည်ရာကို စူးစိုက်ကြည့်နေ သည်။ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး သူတို့နောက်ကို လိုက်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာတော့ အဝေးက ဟောက်သံထွက်လာတယ်။ ဟောက်သံကြားသည်နှင့် တပြိုင်နက် လမ်းကြောင်းပြောင်းကာ ဟိန်းဟောက်သံ၏ ဦးတည်ရာဆီသို့ ရွေ့လျားသွားတယ်။

‎

‎

‎

‎

‎

All Chapters