အခန်း (၄၈)
Vol. 4 Ch. 48
နောက်ထပ်တစ်နာရီကြာပြီးနောက်တော့ လင်အန်း တက္ကသိုလ်မှ တစ်ကီလိုမီတာအကွာမှာ ဖုတ်ကောင်အလုံးအရင်းက နောက်ဆုံးတော့ရပ်တန့်သွားတယ်။ ငါးထပ်တိုက်တစ်ခုရဲ့အပေါ်ကို ရောက်တဲ့အခါ ခြေတံလက်တံရှည်တဲ့ ဖုတ်ကောင်တစ်ကောင်က ခေါင်းကို မော့လိုက်ပြီး ဟောက်သံအရှည်ကြီးထုတ်လာတယ်။
"ရားးး"
ဟောက်သံကြားတာနဲ့ အဝေးကလည်း နောက်ထပ်ဟောက်သံတစ်ခုထွက်လာတယ်။ ဆယ်မိနစ်အကြာတွင်တော့ ဖုတ်ကောင်ရဲ့အနောက်မှ အသွင်အပြင်တစ်ခု ရုတ်တရက်ပေါ်လာပြီး သူ့ရဲ့ကြီးမားသော လက်နှစ်ဖက်ကိုသုံးပြီးတိုက်ခိုက်လာသည်။
တိုက်ခိုက်မှုကို သတိပြုမိတဲ့ ခြေတံရှည် ဖုတ်ကောင်ကလည်း တိုက်ခိုက်မှုကို တားဆီးရန်အတွက် သူ့ရဲ့လက်များကို မြှောက်လိုက်တယ်။
"ဘုန်းးး"
တိုက်မိမှုကြောင့် လေလှိုင်းလုံးကြီးတစ်ခု ဖြစ်လာပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများကို ပတ်ဝန်းကျင်နေရာများသို့ ပို့ဆောင်ပေးခဲ့သည်။ ဖုန်မှုန့်များနှင့် လေကမငြိမ်မီတွင် တိုက်ပွဲရဲ့အလယ်ဗဟိုမှ ကျယ်လောင်သောဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာတယ်။
"ရား"
အဲဒီနောက်မှာတော့ ကြီးမားတဲ့လက်နှစ်ဖက်နဲ့ ဖုတ်ကောင်က တစ်ဖက်ကို မီတာအနည်းငယ် ခုန်ဆင်းသွားပါတယ်။
"ဘုန်းး"
ဘတ်စကက်ဘောဘော်လုံးနှစ်လုံးအရွယ် မီးလုံးတစ်လုံးက ၎င်းကိုဖြတ်သွားပြီးတဲ့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အနောက်ကအဆောက်အအုံကို ထိမှန်သွားတယ်။ အိမ်ခေါင်မိုးက ပြိုကျသွားကာ နံရံတွင် အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
အဆင့်နိမ့်ဖုတ်ကောင်တွေကတော့ အဝေးကနေ စိုက်ကြည့်ရင်း နိမ့်ချတဲ့ အော်ဟစ်သံတွေ ထုတ်လာတယ်။
ဦးနှောက်မရှိသော ဘီလူးများအနေဖြင့် ၎င်းတို့ကို ၎င်းတို့၏ ဗီဇနှင့် နယ်မြေစိုးမိုးမှုက မြင့်မားစွာ ထိန်းချုပ်ထားသည်။ ဒါကြောင့် တူညီတဲ့အဆင့်ရှိတဲ့ ဖုတ်ကောင်နှစ်ကောင်ဟာ တစ်နေရာတည်းမှာ ပေါ်လာတိုင်း သူတို့ထဲက တစ်ကောင်ကမသေမချင်း တိုက်ခိုက်ကြလိမ့်မယ်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်တော့ မီးအမျိုးအစားဖုတ်ကောင်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်တယ်။ နောက်အခိုက်အတန့်တွင် လက်တံကြီးသော ဖုတ်ကောင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့်နောက်ထပ် မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်သည်။
ဝင်လာသော တိုက်ခိုက်မှုကို မြင်လိုက်ရသဖြင့် လက်တံကြီးကြီးနဲ့ ဖုတ်ကောင်ဟာ မီးလုံးကို ရှောင်ရန် ခုန်ချလိုက်တယ်။ ဒါပေမယ့် မြေပြင်ပေါ် မကျမီမှာပဲ့ နောက်မီးလုံးတစ်လုံးက သူ့ရှေ့မှာ ရောက်နှင့်ပြီးဖြစ်နေတယ်။
"ဘုန်းး"
တိုက်ခိုက်မှု ကျရောက်လာချိန်တွင် မီးအမျိုးအစား ဖုတ်ကောင်က ရှေ့သို့ ပြေးတင်လာပြီး လက်တံကြီးသော ဖုတ်ကောင်ရဲ့ ဦးခေါင်းကို ဦးတည်ထားသည့် သူ့၏ လက်သည်းများနှင့်တိုက်ခိုက်လိုက်တယ်။
အန္တရာယ်ကို သတိပြုမိတော့ လက်တံကြီးကြီးနဲ့ ဖုတ်ကောင်က ဘေးနားကို ခုန်ရှောင်သွားတယ်။
"ခရစ်"
မီးအမျိုးအစား ဖုတ်ကောင်၏ လက်သည်းများက ပစ်မှတ်ကို လွဲချော်ပြီး မြေပြင်ကို ထိုးစိုက်မိသွားသည်။ လက်သည်းများ၏ ထက်မြက်မှုနှင့် ၎င်း၏ ကြီးမားသော ခွန်အားကြောင့် လက်မောင်းရဲ့တစ်ဝက်က မြေထဲ၌ကျော်ဝင်သွား တယ်။
အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားသော လက်တံအကြီးကြီး နဲ့ ဖုတ်ကောင်က ခုန်ပေါက်ကာ မီးအမျိူးအစားဖုတ်ကောင်၏ ခန္ဓာကိုယ်ကို အနောက်ကနေ ညှစ်ပြီး ရစ်ပတ်လိုက်သည်။
" ခရက် ခရစ် ခရက်"
လက်တံကြီးကြီးနဲ့ ဖုတ်ကောင်က သူ့လက်တွေကို မီးအမျိူးအစားဖုတ်ကောင်ရဲ့ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားတော့ အရိုးကွဲအက်သံတွေက လေထဲမှာပဲ့တင်ထပ်နေတယ်။
လက်တံကြီးသောဖုတ်ကောင်သည် ရုန်းကန်နေရသော်လည်း မီးအမျိုးအစားဖုတ်ကောင်ကို ထိန်းချုပ်ကာ သူ့၏ချုပ် နှောင်ထားမှုကို ပို၍တင်းကျပ်ထားလိုက်တယ်။ နောက်တစက္ကန့်တွင်တော့ သူ့ရဲ့ ပါးစပ်ကိုကျယ်ကျယ်ဖွင့်ပြီး မီးအမျိုးအစားဖုတ်ကောင်၏လည်ပင်းကို ကိုက်လိုက်တယ်။
"ရားးး"
မီးအမျိုးအစား ဖုတ်ကောင်က နာကျင်မှုကို မခံစားနိုင်တော့သော်လည်း ထိတ်လန့်သော အရိပ်အမြွက်ဖြင့် စိတ်အနှောင့်အယှက်ဖြစ်သော ဟောက်သံတစ်ခု ထွက်ပေါ်လာတယ်။ လက်တံအကြီးကြီးနဲ့ ဖုတ်ကောင်ကတော့ အသားကိုသာ ဆက်ကိုက်ပြီး ရန်သူဖုတ်ကောင်ရဲ့ခေါင်းကို ဆွဲဖြုတ်ဖို့ ကြိုးစားရင်း ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရပါတယ်။
မလွတ်မြောက်ရင် ရှုံးမယ်ဆိုတာကိုသူ့အလိုလိုပဲ့ သိတယ်။ နောက်ဆုံးသောအသည်းအသန်ရုန်းထွက်မှုတွင် မီးအမျိုးအစားဖုတ်ကောင်က သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးအလွှာတစ်ခုဖန်တီးရန် ၎င်း၏စွမ်းအင်အားလုံးကို အသုံးပြုခဲ့သည်။
လက်တံကြီးတဲ့ ဖုတ်ကောင်က မီးတောက်တွေကို မြင်တဲ့အခါမှာတောင် လွှတ်မချလိုက်ဘူး။ ယင်းအစား မီးက ၎င်း၏အသားပုပ်အား ပိုလောင်ကျွမ်းလာသည်နဲ့ ပို၍ပင် ဒေါသထွက်လာကာ ရန်သူ၏လည်ပင်းကို ပိုမိုကိုက်ဖြတ်လိုက်တယ်။
" ခရစ် "
ရုတ်တရက်ပင် အရိုးတွေက တဆတ်ဆတ်တုန်နေပြီး အသားတွေ စုတ်ပြဲသွားတယ်။။ တစ်စက္ကန့်အကြာတွင်တော့ ဖုတ်ကောင်ရဲ့ ပတ်လည်ရှိ မီးတောက်များက ပျောက်ကွယ်သွားကာ မီးဖုတ်ကောင်ရဲ့ဦးခေါင်းက မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။
တိုက်ပွဲအပြီးတွင် အနက်ရောင်သွေးများနှင့် အသားပုပ်များက ခေါင်မိုးပေါ်မှာ ပြန့်ကျဲသွားတယ်။
လက်တံကြီးသော ဖုတ်ကောင်က ဦးခေါင်းမရှိသော ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကို ဘေးသို့ ပစ်ချလိုက်ပြီး ပြတ်ကျသွားသော ဦးခေါင်းကို ကောက်ယူလိုက်သည်။ မီးလောင်နေသော လက်တစ်ဖက်ကို မြှောက်ကာ ဦးခေါင်းခွံအတွင်းကို လက်ချောင်းများ ထိုးထည့်လိုက်တယ်။
သူ့လက်ကို ပြန်ဆွဲလိုက်ပြီး အနီရောင်ရှိသော အမြုတေ လက်ချောင်းများကြားတွင် ဆုပ်ကိုင်ထားသည်။ ပါးစပ်ကိုဖွင့်ကာ အမြုတေကို မျိုချပြီးနောက် ခေါင်းကိုမော့ပြီး ကျယ်လောင်သောဟိန်းဟောက်သံကိုထုတ်ကာ သူ၏နယ်မြေကို ကြွေးကြော်လိုက်သည်။
"ရားးးး"
ဟောက်သံကြားပြီးတဲ့နောက်မှာတော့ လမ်းပေါ်ရှိ ငြိမ်သက်နေသော ဖုတ်ကောင်များက ပြန့်ကျဲသွားသည်။
ဖုတ်ကောင်များကြားက ဖုတ်ကောင် တစ်ကောင် အဖြစ်သို့ပြောင်းလဲသွားသော မိုဘင်းရှမ် သည် ရုတ်တရက်လက်လှန်းကာ အနီးနားရှိဖုတ်ကောင်တစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။ လက်နှစ်ဖက်ဖြင့် ဖမ်းမိထားသော ဖုတ်ကောက်ရဲ့ဦးခေါင်းခွံကိုဖွင့်ကာ ပုပ်သိုးနေသော ဦးနှောက်ကို စားပစ်လိုက်သည်။
ဦးနှောက်ကို စားပြီးသွားပြီးနောက်တော့ သူမသည် နောက်ထပ် ဖုတ်ကောင်တစ်ကောင်ကို ဆက်ဖမ်းကာ ဆက်လက် စားသောက်ခဲ့တယ်။ တောက်ပနေတဲ့ နေရောင်အောက်မှာ သူမရဲ့ အဖြူရောင် အင်္ကျီက စီးဆင်းလာတဲ့ အမည်းရောင် သွေးတွေကြောင့် တဖြည်းဖြည်း အနီရင့်ရောင်သို့ ပြောင်းလဲသွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ့ ကျင်းရွှီယန်း နှင့် သူ့အဖွဲ့ကလည်း လမ်းမကြီးပေါ်သို့ ဝင်ရောက်လာခဲ့သည်။ လင်အန်း တက္ကသိုလ်က ဆင်ခြေဖုံးရပ်ကွက်များတွင် တည်ရှိသောကြောင့် လမ်းက မြို့လယ်ခေါင်ကဲ့သို့ပင် စည်ကားခြင်းမရှိပေ။ ရလဒ်ကတော့ လမ်းက ရှင်းပြီး ချောချောမွေ့မွေ့နဲ့ သွားကြရတယ်။
သွားလာရလွယ်ကူသော်လည်း သူ့စိတ်ထဲတွင် မသာယာမှုများကို ခံစားရပြီး စိတ်အနှောက်အယှက်မဖြစ်ဘဲမနေပေ။ နံနက် ဆယ်နာရီထိုးသောအခါမှ လမ်းပေါ်တွင် ဖုတ်ကောင်များမရှိသည်ကို သတိပြုမိကြသည်။ ဇွန်ဘီကမ္ဘာပျက်ကပ်ကြီးမရှိသလိုပါပဲ။့
ခရီးသည်ထိုင်ခုံတွင်ထိုင်နေသော ကျင်းရွှီယန်း က ပိုင်ရီကျီး ကိုဆက်သွယ်ရန်ကြိုးစားလိုက်သည်။ အကြိမ်ကြိမ်ကြိုးစားပြီးနောက်တော့ ခေါ်ဆိုမှုက နောက်ဆုံးတွင် ချိတ်ဆက်သွားခဲ့တယ်။
"မင်္ဂလာပါ"
"ငါတို့လာ နေပြီ။ အဆင်သင့်လုပ်ထား။ ငါတို့ရောက်ရင် ချက်ချင်းထွက်သွားမှာပါ" လို့
ကျင်းရွှီယန်း ကပြောပါတယ်။
"ငါတို့မှာကိုယ်ပိုင်ကားတွေရှိတယ်။ ငါတို့ အခုထွက်လာပြီ လမ်းမှာတွေ့မယ်"
ခဏလောက်စဉ်းစားပြီးမှ ကျင်းရွှီယန်း က "ကောင်းပြီ"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသောအခါတွင် ပိုင်ရီကျီး နှင့်အဖွဲ့က မီးဖိုချောင်နှင့် ဟင်းချက်ခန်းအတွင်း တွေ့ရှိသော ရိက္ခာများကို တင်ဆောင်ပြီးနေပြီဖြစ်သည်။ သူတို့၏ယာဉ်များပေါ်သို့ မတက်မီတွင် လက်နက်များအဖြစ် တုတ်များနှင့် ကိရိယာအချို့ကို စုဆောင်းခဲ့တယ်။
သူတို့ထွက်သွားပြီးနောက်မှ ကျိူးလီဇီ က မီးဖိုချောင်ထဲသို့ ၀င်သွားပြီး မီးဖိုများနှင့် ဓာတ်ငွေ့ဗူးများကို သူမ၏နေရာ၌ သိမ်းဆည်းခဲ့သည်။ ထို့နောက် သူမက စားဖိုဆောင်သို့သွားကာ စင်များကို သိမ်းဆည်းကာ နောက်ပိုင်းတွင်တော့၎င်းတို့ကို အာကာသအတွင်း၌ သူမ၏ ရိက္ခာများကို စုစည်းဖို့အတွက် အသုံးပြုရန် စီစဉ်ခဲ့သည်။
အားလုံးယူပြီးမှသာ စားသောက်ဆိုင်မှ ထွက်လာတယ်။ ထိုအချိန်တွင် ထောက်ပံ့ရေးပစ္စည်းများကို အနောက်ခန်းနှင့် လျှို့ဝှက်ခန်းများတွင် ထားရှိထားပြီး ထရပ်ကားရဲ့ကုတင်ကို လွတ်သွားစေသည်။
သူတို့ကားပါကင်မှမထွက်ခွာမီတွင် ပိုင်ရီကျီး က ပြတင်းပေါက်မှမှန်ကိုချကာ " ကျိူးလီဇီ ငါတို့နောက်ကို အနီးကပ်လိုက်ခဲ့ပါ" အော်ပြောလာသည်
ဒါကိုကြားတော့ ကျိူးလီဇီ က မျက်လုံးတွေကို လှိမ့်လိုက်တယ်။ 'ဒီသခင်ငယ်က အရမ်းစိတ်အားထက်သန်နေမှန်း ငါဘာလို့မသိခဲ့တာလဲ' သူမ စိတ်ထဲမှာ တွေးလိုက်မိတယ်။
"ကျိူးလီဇီ—" ပိုင်ရီကျီး က ထပ်အော်သည်။
သူ ဆက်ပြီး အော်ဟစ်နေမှာကို ကြောက်လို့ ပြတင်းပေါက်ကို မှီပြီး "သိပါတယ်၊ မောင်းရုံပါပဲ" လို့ ပြောပါတယ်။
ပိုင်ရီကျီး က တုံ့ပြန်မှုကို ကျေနပ်စွာဖြင့် နောက်ဆုံးတွင်မှ ကား ပြတင်းပေါက်မှန်ကို ပိတ်ကာ အင်ဂျင်ကို စတင်ပြီး ကားပါကင်မှ မောင်းထွက်သွားခဲ့သည်။
ကျိူးလီဇီ က နောက်ကြည့်မှန်ကို တခဏမျှ စိုက်ကြည့်ကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။