အခန်း (၄၉)
Vol. 4 Ch. 49
ကျိူးလီဇီ သည် လွန်ခဲ့သည့် ၁၀ မိနစ်က လင်အန်း တက္ကသိုလ်၏ လမ်းမှ ထွက်ပေါ်လာသော တိုက်ပွဲသံများကြောင့် ငြီးငွေ့လာတယ်။
သူမ၏ယခင်ဘဝတွင် ဖြစ်ပျက်ခဲ့သမျှက ဖြစ်ပျက်နေဆဲပင်။ တစ်ခုတည်းသောခြားနားချက်မှာ ဤဘဝတွင်တော့ သူမ၏အတိတ်မှ ဉာဏ်ရည်မြင့်မားသော ဖုတ်ကောင်များကို မိုးမရွာမီ၌ ဖယ်ရှားပစ်ခဲ့ပြီးဖြစ်သည်။
သူမ၏ လုပ်ဆောင်ချက်များက အနာဂတ်ကို ပြောင်းလဲစေမည်လား သို့မဟုတ် သူမယခင်ဘဝကထက် ပိုကြာရှည်စွာ အသက်ရှင်နေမည်လားဆိုတာကို သူမမသိသော်လည်း ကျိူးလီဇီ မှာ နောင်တရစရာမရှိပါဘူး။ နောက်ဆုံးတော့ သူမရဲ့ ပြန်လည်မွေးဖွားခြင်းက ကံကြမ္မာလမ်းစဉ်ကို ပြောင်းလဲပြီးနေပြီဖြစ်ပါတယ်။
မိုဘင်းရှမ် အတွက်ကတော့ သူမကို လက်နဲ့ကိုယ်တိုင်မသတ်နိုင်ခဲ့လို့ သနားစရာပါပဲ့။ သို့သော် မိုးရွာပြီးနောက်တွင် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲလာသည်နှင့်အမျှ လင်အန်း တက္ကသိုလ်က မကြာမီ ဖုတ်ကောင်အသိုက်ဖြစ်လာမည်ဖြစ်သည်။ သူမ ဘယ်လောက်ပဲ့ အစွမ်းထက်သည်ဖြစ်စေ အကြံအစည် ကောင်းရှိပါစေအုံး သူမသည် ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။
သူမ မသေဆုံးမီတွင် ဖုတ်ကောင်များရဲ့ အသက်ရှင်လျက် စားသောက်ခံရခြင်း၏ ထိတ်လန့်မှုနှင့် နာကျင်မှုကို မိုဘင်းရှမ် တွေ့ကြုံခံစားနိုင်လိမ့်မည်ဟုသာ သူမ မျှော်လင့်ခဲ့သည်။
တစ်နာရီကျော်လောက် ကားမောင်းပြီးတဲ့ နောက်မှာတော့ သူတို့ဟာ နောက်ဆုံးတော့ ဆင်ခြေဖုံးရပ်ကွက်ကနေ ထွက်လာနိုင်ပြီး လမ်းမကြီးကို ဝင်လာတယ်။
သိပ်မကြာခင်မှာပဲ စစ်သံချပ်ကာယာဉ်တွေနဲ့ ထရပ်ကားတွေကလည်း ဆန့်ကျင်ဘက်ကနေ ချဉ်းကပ်လာတာကို တွေ့လိုက်ရတယ်။
ဒါကိုမြင်တော့ ပိုင်ရီကျီး က အရှိန်လျှော့ပြီး ကားကိုလမ်းဘေး ချရပ်လိုက်တယ်။ သူ့နောက်မှ လိုက်လာတဲ့ လီယောင် နှင့် ကျိူးလီဇီ တို့သည်လည်း ကားကို အရှိန်လျှော့ကာ ရပ်ထားကြတယ်။
သူမ၏ကားအတွင်းတွင်ထိုင်နေသော
ကျိူးလီဇီ သည် မျက်လုံးတွေ မှေးကျဉ်းထားပြီး ယာဉ်တန်းရဲ့အရှိန်ကနှေးကွေးသွားကာ လမ်းဘေးတွင်ရပ်နေတာကိုကြည့်နေသည်။ ပိုင်မိသားစုက စစ်သားအုပ်စုငယ်များကိုသာ စေလွှတ်မည်ဟု သူမယူဆခဲ့တယ်။ မထင်မှတ်ထားစွာဖြင့် သူတို့သည် အမွေဆက်ခံသူအား အိမ်သို့ပြန်ပို့ပေးရန်အတွက် စစ်သားများစွာကို စေလွှတ်လိုက်ကြတယ်။
ယာဉ်များမှ ဆင်းလာသည့် စစ်သားများကို သူမ သတိပြုမိချိန်တွင် ပိုင်မိသားစုနဲ့သက်ဆိုင်တဲ့ သူမ၏ယခင်ဘဝက အမှတ်ရစရာများကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သည်။
အခြေစိုက်စခန်းရှိ အသက်ရှင်ကျန်ရစ်သူများထံမှ သူမကြားသိခဲ့ရသည့် အချက်အလက်များနှင့် အပိုင်းအစများမှာ ပိုင် မိသားစုက ဟွာရှား ရှိ အကြီးဆုံးအခြေစိုက်စခန်းတစ်ခု၏ နောက်ကွယ်တွင် အဓိကကျသော အင်အားစုများထဲမှ တစ်ခုဖြစ်ကြောင်း သူမ သိခဲ့သည်။
၎င်းတို့၏ အခြေစိုက်စခန်းက ကြီးမားသော်လည်း ဆန်းချို မြို့ ၏ အခြေစိုက်စခန်းနှင့် နှိုင်းယှဉ်ပါက အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ သုံးဆရှိသော်လည်း သူတို့၏ အလုံးစုံ အင်အားသည် ဆန်းချို အခြေစိုက်ခန်း ထက် အနည်းငယ် အားနည်းနေသေးတယ်။
ဒီအတွေးက သူမစိတ်ထဲရောက်သွားသလို သူမအကြည့်တွေကလည်း သံချပ်ကာကားတစ်စီးပေါ်ကနေ ဆင်းလာတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်ကို စိုက်ကြည့်နေမိတယ်။
"သူကဘာလို့ဒီမှာရှိနေတာလဲ" သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခိုက်တွင် သူမ အံ့အားသင့်စွာ ရေရွတ်လိုက်တယ်။
ကျင်းရွှီယန်း က ကားပေါ်မှ ဆင်းလိုက်သည်နှင့် ကျယ်ပြန့်သော ခြေလှမ်းများဖြင့် လမ်းကို ဖြတ်ကျော်လာတယ်။ ထိုအချိန်တွင် ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကတော့ ကားပေါ်မှ ဆင်းကာ သူ့ကိုကြည့်နေသည်။
သို့သော် သူတို့ကို နှုတ်ဆက်မည့်အစား အမြန်ဆုံး ခြေလှမ်းများဖြင့် နောက်ဆုံးကားဆီသို့ တည့်တည့်လျှောက်သွားသည်။ နှစ်မိနစ်လောက်ကြာတော့ သူက ကားပြတင်းပေါက်ကို ခေါက်ပြီး ကားဘေးမှာ ရပ်နေလိုက်တယ်။
ခဏလောက် ခေတ္တရပ်ပြီးနောက်တော့ ပြတင်းပေါက်မှ မှန်က လှိမ့်ဆင်းလာကာ နှစ်ပေါင်းများစွာ သူမြင်ချင်ခဲ့သော မျက်နှာကို ပေါ်ထွက်လာစေသည်။ သူမ အသက်ရှင်လျက် ရှိနေကြောင်း အတည်ပြုလိုက်နိုင်သည့်အခိုက်တွင်ပဲ့ သူ့မျက်လုံးများက နီရဲလာပြီး မျက်ရည်များဝဲလာသည်။
စကားတစ်ခွန်းမှ မပြောဘဲ သူမဆီကို လှမ်းပြီး သူ့လက်ဖဝါးကြီးတွေနဲ့ လည်ပင်းနောက်ကို ဆုပ်ကိုင်လိုက်ကာ သူမကို အနီးဆီဆွဲလိုက်တယ်။ လူတိုင်း၏အကြည့်အောက်တွင်ပဲ့ သူက ခေါင်းကိုငုံ့ချကာ သူမရဲ့နူးညံ့သောနှုတ်ခမ်းများကို နမ်းလိုက်တယ်။
သူ၏ပါးလွှာပြီး နွေးထွေးသော နှုတ်ခမ်းများက သူမရဲ့ နှုတ်ခမ်းများကို ဖိထားလိုက်ချိန်မှာ ကျိူးလီဇီ ကအေးခဲကာ တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်လာပြီး တုံ့ပြန်ရန် မေ့သွားသည်။
ကျင်းရွှီယန်း ၏ အနမ်းက အလောတကြီးဖြစ်နေသော်လည်း နူးညံ့သည်။ ဒီဘဝမှာတော့ သူ့ကောင်မလေးက သူ့ကို မေ့သွားနိုင်တယ် ဆိုတာကို သူသိထားတော့ သူ သိပ်ကြာကြာ မနမ်းရဲတော့ဘူး။ နှုတ်ခမ်းကို ခနသာ နမ်းပြီး စုပ်ပြီးမှ လွှတ်လိုက်တယ်။
သူမ၏ အံ့အားသင့်နေသော မျက်လုံးများကို တွေ့လိုက်တော့ သူက ခပ်တိုးတိုးရယ်လိုက်တယ်။ သူ့မျက်လုံးတွေကိုမှိတ်ထားရင်း နဖူးကိုနမ်းကာ "အာ့ဇီ မင်းဘေးကင်းလို့ ကိုယ် အရမ်းပျော်တယ်။ ကိုယ်မင်းကိုအရမ်းလွမ်းတယ်"
သူတို့၏ ခေါင်းဆောင်က မိန်းကလေးကို ရုတ်တရက် နမ်းနေသည်ကို တွေ့လိုက်ရတောါ သူတို့နှင့် မဝေးသောနေရာတွင်ရှိသည့် စစ်သားများ၏ မေးရိုးများက မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေပြီ။
သူ့ကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော
ချင်လူဇီ ပင်လျှင် လုံးဝအံ့အားသင့်သွားခဲ့တယ်။ သူတို့ သိကျွမ်းလာသည်မှာ ခြောက်နှစ်ကျော်ရှိပြီဖြစ်ပြီး ကျင်းရွှီယန်း က အမျိုးသမီးတစ်ဦးနှင့် နီးကပ်သွားတာကို သူမြင်ဖူးသည့် ပထမဆုံး အကြိမ်ဖြစ်သည်။
ပိုင်ရီကျီး သည်လည်းပဲ့ ဘေးမှကြည့်ကာ ထပ်တူထပ်မျှ ထိတ်လန့်သွားတယ်။ ကနဦးတော့ အံ့အားသင့်သွားပြီးနောက်တော့ သူ့အကြည့်တွေက တဖြည်းဖြည်း အေးစက်လာကာ လက်သီးတွေကို တင်းတင်းဆုပ်ထားလိုက်တယ်။
ကျိူးလီဇီ က သူတို့ရဲ့ တုံ့ပြန်မှုတွေကို သတိမထားမိဘဲ
သူ့ရှေ့က ယောက်ျားကိုသာ စိုက်ကြည့်ပြီး မသိဟန်ဆောင်ကာ "ရှင်က ဘယ်သူလဲ" လို့ မေးတယ်။
သူမက သူတို့ ရဲ့ငယ်ဘဝအမှတ်တရများကို မမှတ်မိနိုင်ဟု သူမျှော်လင့်ထားပြီးဖြစ်သော်လည်း ကျင်းရွှီယန်း က သူမ၏စကားကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေဆဲဖြစ်သည်။ "အာ့ဇီ မင်း ကိုယ့်ကိုတကယ်မမှတ်မိဘူးလား" လို့မေးပြီးတော့ သူ့ရဲ့အမူအရာကလည်း ဝမ်းနည်းပူဆွေးသွားသည်။
သူမသာ ခေါင်းညိတ်ဝံ့ရင် ကြေကွဲသွားတော့ မလိုမျိုး သူ့အသံဆီက ပြင်းပြင်းထန်ထန် ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရတယ်။
ကျိူးလီဇီ သည် သူရဲ့မျက်ရည်ဝဲနေတဲ့ မျက်လုံးများကို ကြည့်ပြီး နှုတ်ခမ်းကို ပြန်ကြည့်လိုက်တယ်။ ဆန်းချို စခန်းရဲ့ ရက်စက်ကြမ်းကြုတ်ကာ သွေးအေးသော ခေါင်းဆောင်က ယခု သူမကို ပြစ်မှားမိသည့်ဟန်ဖြင့် ကြည့်နေတာကိုမြင်တော့ သူမ မယုံနိုင်လောက်အောင် ဖြစ်နေတယ်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်မှ သူမက ရိုးရိုးသားသားသာပြောရန် ဆုံးဖြတ်လိုက်ပြီး "တောင်းပန်ပါတယ်၊ မမှတ်မိတော့ဘူး" လို့ ပြောပါတယ်။
သူမစကားကြောင့် သူစိတ်မကောင်းဖြစ်မည် သို့မဟုတ် စိတ်ပျက်သွားလိမ့်မည် ဟု သူမထင်သည်။ သူမ အံ့သြသင့်သွားအောင် သူက ပြုံးပြပြီး "အာ့ဇီ မမှတ်မိရင် ရပါတယ်၊ ကိုယ်တို့ရဲ့ကတိကို ကိုယ်မှတ်မိနေသရွေ့တော့ အဆင်ပြေပါတယ်"
သူက သူမရဲ့လည်ကုပ်ကို ညင်သာစွာ ပွတ်သပ်ရင်း "အာ့ဇီ ကိုယ်တို့က ငယ်သူငယ်ချင်းတွေပါ။ ကိုယ်တို့က တစ်သက်လုံး အတူနေမယ်လို့ ကတိပြုထားတယ်။ ပျော်ရွှင်ဖွယ် မိဘမဲ့ဂေဟာ မှာ ကြီးပြင်းလာခဲ့တယ်။ မင်းကိုယ့်ကို မေ့သွားခဲ့တာကို နားလည်နိုင်တယ်၊ နောက်ဆုံးတော့ ကိုယ်တို့မတွေ့ရတာက ခုနစ်နှစ်ရှိနေပြီ"
သူ့စကားအဆုံးတော့ ဝမ်းနည်းစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူတို့ချင်း အလွန်နီးကပ်နေသောကြောင့် သူမသည် သူ၏ ယောက်ျားဆန်သော ရနံ့ကို အနီးကပ်အနံ့ခံ နိုင်ခဲ့တယ်။
သူ့ရဲ့စကားကိုကြားပြီးနောက်တော့ ချောမောပြီး အရပ်ရှည်သော ကောင်လေးတစ်ယောက်၏ မရေမတွက်နိုင်သော ပုံရိပ်တစ်ခုက သူမစိတ်ထဲမှာ ပေါ်လာတယ် “အစ်ကိုယန်း” ဟု အစမ်းသဘောမမေးမီ သူမ သူ့ကို ခဏလောက် လေ့လာခဲ့တယ်။
ရင်းနှီးတဲ့နာမည်ကိုကြားတော့ ကျင်းရွှီယန်း က ပြုံးပြီး "အာ့ဇီ အဲဒါ ကိုယ်ပဲ့" လို့ ပြန်ဖြေလာတယ်။
ပိုင်ရီကျီး က မျက်လုံးကို မှေးကျဉ်းထားရင်းကနေ ရုတ်တရက် လမ်းလျှောက်လာကာ "ဗိုလ်ကြီး ကျင်း၊ ဒီနေရာက မလုံခြုံဘူး။ ငါတို့ အခုအရင်ထွက်သွားသင့်တယ်" လို့ပြောလာတယ်။
ကျင်းရွှီယန်း က အနှောင့်အယှက်ဖြစ်သဖြင့် အနည်းငယ် မျက်မှောင်ကြုတ်ထားပြီး သူ့နောက်ကျောကို တည့်တည့်မတ်မတ်ပြန်ထားကာ ကျိူးလီဇီ ကို လွှတ်လိုက်တယ်။ သူက ခေါင်းညိတ်ပြပြီး ကားတံခါးကိုဖွင့်လိုက်ကာ "မင်းမှန်ပါတယ်။ ငါတို့ အမြန်ဆုံးထွက်သွားသင့်တယ်"