← Chapters

အခန်း (၅၀)

Vol. 4 Ch. 55

အခန်း (၅၀)

Vol. 4 Ch. 55

‎စကားပြောပြီးနောက် ကျင်းရွှီယန်း က ကျိူးလီဇီ ၏ လက်ကောက်ဝတ်ကို ညင်သာစွာဘဲလှမ်းဆွဲကာ သူမအား ခရီးသည်ထိုင်ခုံဆီသို့ မြဲမြံစွာပဲ့ခေါ်သွားခဲ့တယ်။ ကျိူးလီဇီ ကတောင့်မခံနိုင်တော့ဘဲ ထိုင်ချလိုက်ပြီး တာနဲ့ ထိုင်ခုံခါးပတ် ပတ်ခံလိုက်ရတယ်။

‎

‎

‎ပြီးတာနဲ့ ကျင်းရွှီယန်း က ကျန်းယွမ် ဘက်သို့လှည့်သွားပြီး

‎ "ကျန်းယွမ် ငါတို့ စက်ရုံဧရိယာကို သွားကြမယ်။ လမ်းကိုဦးဆောင်ပါ "

‎

‎

‎သူ့အမိန့်ကိုကြားတော့ ကျန်းယွမ် က ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ ဗိုလ်ကြီး" လို့ပြန်ဖြေတယ်။

‎

‎

‎ကျင်းရွှီယန်း က ကျိူးလီဇီ အတွက် ယာဉ်မောင်းအဖြစ် တာဝန်ယူကာ ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ခဲ့တယ်။ ပိုင်ရီကျီး ကိုပြန်ကြည့်လိုက်ပြီးတော့ " သခင်လေးပိုင် မင်းတို့ကတော့ သံချပ်ကာယာဉ်နောက်ကလိုက်နိုင်ပြီး အေးအေးဆေးဆေးပဲ့နေပါ။ ကျန်တာကို ငါဂရုစိုက်ပါ့မယ်"

‎

‎

‎ပိုင်ရီကျီး သည် ကျိူးလီဇီ ကို မကြည့်မီ၌ ကျင်းရွှီယန်း နှင့်အကြည့်ကို ခဏဆုံလိုက်တယ်။ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားကာ သူ့ဂျစ်ကားဆီသို့ လျှောက်သွားလိုက်တယ်။ မကြာခင်မှာပဲ သူက ကားအင်ဂျင်ကို စတင်ပြီး သံချပ်ကာယာဉ်စုရဲ့နောက်ကို လိုက်သွားပါတယ်။

‎

‎

‎သူ့ဘေးမှာထိုင်နေတဲ့ ဖုန်းယွင် က ရုတ်တရက် သက်ပြင်းချလိုက်ပြီး "လှပတဲ့ပန်းတစ်ပွင့်က အမြဲတမ်းပိုင်ရှင်ရှိနေမှာပဲ့"ဟုပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ပိုင်ရီကျီး က သူ့ကို စူးစူးရဲရဲနဲ့ကြည့်လိုက်ပြီးပြောလာတယ် “ပါးစပ်ပိတ်ထား"

‎

‎

‎သူ့စိတ်ဆိုးနေတာကို ခံစားမိသဖြင့်

‎ဖုန်းယွင် က လော်ကျင့် နှင့် အကြည့်ချင်းဖလှယ်ကာ တိတ်ဆိတ်နေရန် ဆုံးဖြတ်လိုက်သည်။ တစ်စုံတစ်ယောက်က မနာလိုဖြစ်နေသည်မှာ ရှင်းရှင်းလင်းလင်းဖြစ်သည်—သူ့ကို မဆွ‌ပေးတာက အကောင်းဆုံးပဲ့။

‎

‎

‎သူတို့အနောက်က ကားမှာတော့ ကျိူးလီဇီ က ကားမောင်းနေတဲ့လူကို ကြည့်ပြီး "အစ်ကိုယန်း ရှင့်မှာဘာအစီအစဉ်ရှိလဲ" လို့မေးလိုက်တယ်။

‎

‎

‎သူမရဲ့ နူးညံ့တဲ့အသံကိုကြားတော့ ကျင်းရွှီယန်း ရဲ့ စိတ်တွေ ကြည်လင်လာပြီး "အာ့ဇီ မင်းမှာရော အစီအစဉ်ရှိလား"

‎

‎

‎သူမ သူ့ကိုကြည့်ကာ သူမ၏အတိတ်ဘဝက နောက်ဆုံးသောခေါ်ဆိုမှုကို သတိရလာမိတယ်။ သူမ ဖုတ်ကောင်တွေရဲ့ကိုက်စားမခံရခင်အခိုက်အတန့်မှာ တစ်စုံတစ်ယောက် က သူမကို ဖမ်းဖို့ ကြိုးစားရင်း အဆောက်အဦးတစ်ခုက ခုန်ချသလို ဖြစ်သွားတယ်။ အဲဒီလူက သူဖြစ်နိုင်တယ်။

‎

‎

‎သူမ၏အာရုံပျံ့လွင့်မှုကို သတိပြုမိတာကြောင့်

‎ကျင်းရွှီယန်း က နောက်ကြည့်မှန်မှတစ်ဆင့် သူမအား စိုက်ကြည့်ကာ "အာ့ဇီ မင်းဘာတွေတွေးနေတာလဲ" လို့ မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီ က သူ့စကားကိုကြားတာနဲ့ အတွေးများထဲမှ ရုန်းထွက်လို့ ခေါင်းယမ်းပြကာ "ဘာမှမဟုတ်ပါဘူး" လို့ပြောလိုက်တယ်။

‎

‎

‎"ကျွန်မ ဆန်းချိုမြို့ ကိုမသွားခင် နောက်ထပ် အထောက်အပံ့တွေ စုဆောင်းဖို့ စီစဉ်ထားပါတယ်" ဟု သူမက ထပ်လောင်းပြောကြားခဲ့တယ်။

‎

‎

‎သူမရဲ့စကားကိုကြားသောအခါတွင် ကျင်းရွှီယန်း ၏ မျက်လုံးများက ပုံမှန်ပြန်မဖြစ်မီတွင် တခဏမျှတုန်ခါလို့သွားတယ်။ သူက ခေါင်းညိတ်ပြီး "အာ့ဇီ သွားချင်ရင် ကိုယ် မင်းကို လိုက်ပို့ပေးမယ်"

‎

‎

‎သူ့ရဲ့စစ်ဝတ်စုံကို ကြည့်လိုက်ပြီးတော့ ကျိူးလီဇီ က "ရှင်က ပိုင်ရီကျီး ကို ကျန်းနင် မြို့ကို ခေါ်သွားစရာ မလိုဘူးလား" မေးလာတယ်။

‎

‎

‎"ဘာလို့ဒီလိုလုပ်ရမယ်လို့ထင်တာလဲ" သူကပြန်မေးတယ်။

‎

‎

‎"ကောင်းပြီ ပိုင်ရီကျီး က သူ့ကို ကျန်းနင် မြို့ဆီပြန်ခေါ်သွားဖို့အတွက် မင်းနဲ့ မင်းရဲ့အဖွဲ့ကို သူ့အဖေက လွှတ်လိုက်တယ်လို့ ပြောတယ်" ဟု ကျိူးလီဇီ က ပြန်ဖြေသည်။

‎

‎

‎သူမရဲ့စကားကိုကြားတော့ ကျင်းရွှီယန်း က လှောင်ပြောင်ပြီး "သူက ပြောရဲသေးတယ်။ သူ့အဖေက သူ့ကို ကျန်းနင် မြို့ဆီ ပြန်ပို့ပေးဖို့ဆိုပြီး လာတောင်းဆိုခဲ့ဖူးတယ်။ နောက်ပြီး သူ့အဖေက စီးပွားရေးသမားပဲ့ သူကကိုယ့်ကို အမိန့်ပေးပိုင်ခွင့်မရှိဘူး"

‎

‎

‎ကျိူးလီဇီ က သူ့ကို တစ်ချက်ကြည့်လိုက်တော့ စတီယာတိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို သတိပြုမိလိုက်တယ်။‎ကျင်းရွှီယန်း နှင့် ပိုင် မိသားစုက ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိပုံရတယ်။

‎

‎

‎ကျိူးလီဇီ နှုတ်ဆိတ်နေချိန်တွင် ကျင်းရွှီယန်းကမျက်ခုံးပင့်ကာ "ဘာလဲ အာ့ဇီ က မယုံဘူးလား"

‎

‎

‎"ကျွန်မ ရှင့်ကို ယုံပါတယ်" ကျိူးလီဇီ က ရယ်မောပြီး ပြောလိုက်တယ်။

‎

‎

‎ခဏအကြာတွင် "အစ်ကိုယန်း ဘယ်လိုနေလဲ"

‎

‎

‎ကျင်းရွှီယန်း သည် သူမ၏ ရုတ်တရတ်မေးခွန်းကြောင့် သတိလွတ်သွားခဲ့တယ်။ သူ့အရင်ဘဝက အမှတ်ရစရာများ—သူမသေဆုံးပြီးနောက် သူခံနိုင်ရည်မရှိခဲ့သော ငရဲ—သူ၏စိတ်ထဲတွင် အမုန်းတရားများက တောက်လောင်လာပြီး လူသတ်ချင်စိတ်များဟာ သူ့နှလုံးသားထဲသို့ တိုးဝင်လာတယ်။

‎

‎

‎သူ့စိတ်ခံစားချက်တွေကို ချုပ်တည်းဖို့အတွက် အသက်ပြင်းပြင်းရှူရင်း ပေါ့ပေါ့ပါးပါးနဲ့ပဲ့ "မင်းကို အရမ်းလွမ်းတာကလွဲရင် ငါအဆင်ပြေပါတယ်"

‎

‎

‎ထို့နောက် သူက "အာ့ဇီ မင်းက ကိုယ့်ရဲ့ဆယ့်နှစ်နှစ်ပြည့်မွေးနေ့မှာ ကိုယ့်ရဲ့သတို့သမီးဖြစ်ပေးမယ်လို့ ကတိပေးခဲ့ပြီး ကိုယ်တို့က အနမ်းနဲ့ ကတိတွေတောင် ဖလှယ်ခဲ့ကြတယ်။ ဒါကြောင့် မင်းကတာဝန်ယူရမှာ- မင်းကိုယ့်ကို ပစ်ပယ်ထားလို့မရဘူး"

‎

‎

‎ကျိူးလီဇီ က မျက်မှောင်ကြုတ်ပြီး သံသယစိတ်နဲ့ မေးလိုက်တယ် " ဒါပဲလား"

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်း က သူမကို လှည့်ကြည့်ပြီး "အာ့ဇီ မင်းက မင်းရဲ့ကတိကိုတော့ ဖျက်ဖို့ မစီစဉ်ထားဘူးမလား"

‎

‎

‎

‎"ကျွန်မ-"

‎

‎

‎သူမ မတုံ့ပြန်နိုင်မီတွင် ကျင်းရွှီယန်း က "အာ့ဇီ ကိုယ်က ကတိကို ဆုပ်ကိုင်ထားပြီး တခြားမိန်းကလေးနဲ့ ဘယ်တော့မှ မရင်းနှီးခဲ့ဘူး။ မင်းအတွက်နဲ့ ကိုယ်ဖြူစင်နေခဲ့တာ"

‎

‎

‎"ကိုယ့် အသက်က 25 နှစ်ရှိနေပြီ၊ မင်းက ကိုယ်ပွေ့ဖက်နမ်းဖူးတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ့ အခုက အသက်ကြီးနေပြီမို့ ကိုယ့်ကို ဘယ်သူကမှ မလိုချင်တော့ဘူး။ မင်းသာ ကိုယ့်ကို စွန့်ပစ်လိုက်ရင် ကိုယ်ဘာလုပ်ရတော့မလဲ" သက်ပြင်းချကာ မေးလာသည်။

‎

‎

‎ကျိူးလီဇီ က သူ့စကားကြောင့် ထိတ်လန့်သွားတယ်။ ခဏလောက်ကြာတော့ ဒီလူဟာ သူမရဲ့ယခင်ဘဝက အုပ်စိုးသူဖြစ်ခဲ့တဲ့သူလားဆိုတာကို လေးလေးနက်နက်နဲ့ သံသယဝင်လာမိပါတယ်။

‎

‎

‎သူတို့မှာ တူညီတဲ့ မျက်နှာနဲ့ ပုံသဏ္ဍာန်ရှိပေမယ့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘာကြောင့် တစ်မျိူးစီ ဖြစ်နေရတာလဲ။ ဒီလူကတော့ အရှက်မဲ့လွန်းတယ်။

‎

‎

‎သူမ သူ့ကိုကြည့်လိုက်သော်လည်း ဘာမှမပြောလိုက်ဘူး။ သူ့စကားကို သူမ မယုံခဲ့ဘူး။ နောက်ဆုံးတော့ အရင်ဘဝတုန်းကတော့ သူမကို သူဘယ်တုန်းကမှ မရှာခဲ့ဘူး။

‎

‎

‎အရင်က သူ့ကိုမြင်ဖူးခဲ့ပြီး သူ့မရဲ့အသက်ကိုလည်း အကြိမ်ကြိမ် ကယ်ခဲ့ပေမယ့် အဲဒါတွေက တိုက်ဆိုင်မှုဆိုတာ သေချာပါတယ်။ သူမကိုကယ်တင်လိုက်တဲ့အချိန်တိုင်းက မစ်ရှင်အတွင်းမှာသာဖြစ်ခဲ့ပြီး သူမနဲ့အတူ အခြားသူတွေကိုလည်းကယ်တင်ခဲ့ပါတယ်။

‎

‎

‎သူ့ဘဝတွင် သူမလမ်းသွားလမ်းလာတစ်ဦးသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမကိုကယ်တင်ခြင်းက ခွေးလေခွေးလွင့် သို့မဟုတ် သူတောင်းစားကို ကယ်တင်ခြင်းနှင့်အတူတူပဲ့ ဘာမှ အဓိပ္ပါယ်မရှိပေ။

‎

‎

‎အ‌တွေးကိုရပ်လိုက်တာနဲ့ ရုတ်တရတ်ပဲ့ စိတ်ဆိုးသွားပြီး ခေါင်းကို လှည့်လိုက်တယ်။

‎

‎

‎သူ့စကားတွေကို အလေးအနက်မထားရင် ပိုကောင်းတယ်။ သူမ၏ အတိတ်ဘဝက ကြမ်းတမ်းသော သင်ခန်းစာများက သူမအား အရာအားလုံးကို ဆုံးရှုံးစေခဲ့ပြီး သူမသည် ဤဘဝတွင် အလားတူအမှားမျိုး ထပ်မံပြုလုပ်ရန် မတတ်နိုင်တော့ပေ။

‎

‎

‎သူကားမောင်းနေစဉ်၌ ကျင်းရွှီယန်း သည် သူမရဲ့ရုတ်တရက် စိတ်အပြောင်းအလဲကို သတိပြုမိတယ်။သူအဝေးကကြည့်နေကြ သူမ၏ မှုန်မှိုင်းသောအမူအရာကို မြင်လိုက်ရတော့ သူ့မျက်နှာက မျက်မှောင်ကြုတ်သွားတယ်။

‎

‎

‎စတီယာတိုင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း သူ့ရဲ့အရင်ဘဝက အဖြစ်အပျက်တွေကို ပြန်သတိရဖို့ ကြိုးစားလိုက်တယ်။

‎

‎

‎သူစုဆောင်းထားတဲ့ အချက်အလက်တွေအရတော့ သူမက ဒီကို မရောက်လာသင့်ပါဘူး။ သူမက ပိုင်ရီကျီး နှင့် သူ့အဖွဲ့တွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးပေ။ ထို့အပြင် အဲဒီမျိုးသမီးက ဤနေရာတွင် ရှိနေမည်ဟု ယူဆထားသော်လည်း အခုတော့သူမရဲ့ အရိပ်အယောင်ပင်မရှိပေ။

‎

‎

‎အဖြစ်အပျက်တွေရဲ့ လမ်းကြောင်းကို ပြောင်းလဲသွားစေတဲ့ တစ်ခုခုဖြစ်ခဲ့သလား။

‎

‎

‎ဒီအတွေးက သူ့စိတ်ထဲ ရောက်သွားသလို သူ့မျက်လုံးတွေက သံသယတွေနဲ့ တောက်လောင်နေတယ်။ သူက နောက်ကြည့်မှန်ထဲမှာ သူမရဲ့ ပုံရိပ်ရောင်ပြန်ဟပ်မှုကို တစ်ချက်ကြည့်လိုက်ပြီးတော့ ရဲရင့်တဲ့ အတွေးတစ်ခုက သူ့စိတ်ထဲမှာ အမြစ်တွယ်သွားသည်။

‎

All Chapters