← Chapters

စိတ်အပြောင်းအလဲမြန်သော အစားရှောင်မယ်တော်

Vol. 19 Ch. 221

စိတ်အပြောင်းအလဲမြန်သော အစားရှောင်မယ်တော်

Vol. 19 Ch. 221

အစားရှောင်မယ်တော်သည် သူ၏မေးခွန်းကိုကြားသောအခါ တုန့်ဆိုင်းသွားခဲ့သည် ။သူမက ငြိမ်သက်သွားလျှက် အတွေးထဲတွင် နစ်မျောနေပုံရ၏။

"အစာမဲ့ခန္ဓာ"

"ဟင်... သုံးလုံးတည်းလား"

ကျိယွမ်မှာ ကြောင်အသွားရ၏။ ထိုအမည်မှာ အလွန်ပင် သာမန်ဆန်လွန်းသည်ဟု သူထင်မိသည်။

"ငါ သိသလောက်ဆိုရင် တခြားသူတွေရဲ့ နာမည်တွေက မွေးရာပါ နတ်ဘုရားကျင့်စဥ်သန္ဓေခန္ဓာကိုယ် ၊ ကံကြမ္မာ ကသောင်းကနင်း နတ်မိစ္ဆာခန္ဓာကိုယ်၊ မွေးရာပါ ဂျေကေနတ်ဘုရားခန္ဓာကိုယ် ဒါမှမဟုတ် အနည်းဆုံးတော့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ဆိုပြီး လေးငါးလုံးပါတဲ့ နာမည်တွေ ရှိကြတာပါ"

ကျိယွမ်အတွက် အစားမဲ့ခန္ဓာကိုယ် ဟူသော အမည်ကို ကြားဖူးခြင်းမှာ ယခုအကြိမ် ပထမဆုံးဖြစ်၏။

"အဲဒီနာမည်က ကျွန်မဘာသာ ကျွန်မပေးထားတဲ့နာမည်မို့လို့လေ"

အစားရှောင်မယ်တော်က ကျိယွမ်ကို ကြည့်ကာ မျက်ဝန်းထဲ၌ စနောက်လိုသော အရိပ်အယောင်များဖြင့် ပြောလိုက်၏။

ကျိယွမ်သည် အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ သက်ပြင်းရှည်ကြီးကို ချလိုက်၏။

"ငါတို့မှာ တူညီတဲ့အချက် တစ်ခုရှိတာပဲ။ ငါ ဖန်တီးထားတဲ့ ကျင့်စဥ်နာမည်က ကျိယွမ်ကျမ်းစာတဲ့ ၊ ငါလည်း ငါ့ဘာသာပေးထားတာ "

သူက သူ၏အမည်အတိုင်း ကျင့်စဥ်ကိုအမည်ပေးထားသလို အစာရှောင်မယ်တော်ကလည်း သူမ၏ ခန္ဓာကိုယ်အမည်ကို သူမ၏အခြေအနေအလိုက် ခေါ်ဆိုနေခြင်းမှာ ရယ်စရာကောင်းသလိုလိုဟူတော့ သူတွေးမိ၏။

"အစာမဲ့ခန္ဓာကိုယ်ရဲ့ အစွမ်းသတ္တိတွေက ဘာလဲ"

ကျိယွမ်က စပ်စုစွာမေးလိုက်၏။ အမှန်တကယ်မှာတော့သူသည် အစားရှောင်မယ်တော်၏ ခန္ဓာကိုယ်အခြေအနေကို သိချင်နေခြင်း ဖြစ်၏။

"ရှင် မြင်ပြီးသားပဲဟာကို"

အစားရှောင်မယ်တော်က တိုက်ရိုက် မဖြေပေ။

"အဲဒါထက် ပိုရှုပ်ထွေးနိုင်မယ်လို့ ငါထင်တယ်။ စောစောက မင်း ငါ့ကို ကြည့်တဲ့ပုံစံက တစ်မျိုးကြီးပဲ"

ထိုစဥ်က သူမ သူ့ကို ကြည့်နေချိန်တွင် သူခံစားခဲ့ရသော ထူးဆန်းသည့် ခံစားချက်ကို ကျိယွမ်က ပြန်တွေးမိကာ အနည်းငယ်ကျောချမ်းသွားရသည်။

တစ်ခုခုတော့ တစ်ခုခုပဲ ၊ ငါထင်ရင် လွဲခဲတယ်။

အစားရှောင်မယ်တော်သည် ငါးဟင်းစားနေရာမှ ရပ်တန့်လိုက်ပြီး သူမ၏ ပုလဲကဲ့သို့ ဖြူစင်သော သွားလေးများဖြင့် နှုတ်ခမ်းအောက်လွှာကို အသာအယာ ကိုက်လိုက်၏။

ထို့နောက် သူမက ကျိယွမ်ကို စောင်းငဲ့ကြည့်ကာ လျာသပ်ပြသည်။

"ရှင်က ရှင့်ကို ကျွန်မစားပစ်မှာ ကြောက်လို့လား"

သူမသည် ထိုသို့ပြောရင်းမှ ငါးဟင်းတစ်တုံးကို တမင်တကာ အားရပါးရ ဝါးစားပြလိုက်၏။ ထိုပုံစံမှာ ထိုငါးကို ကျိယွမ်ဟု မှတ်ယူကာ ဝါးစားနေသကဲ့သို့ပင် ဖြစ်၏။

"မကြောက်ပါဘူး"

ကျိယွမ်က လွှတ်ခနဲ ပြောလိုက်၏။

သူတို့နှစ်ဦးကြားတွင် အချိန်ကာလများ ခြားနားနေသဖြင့် သူမသည် မည်မျှပင် အစားကြူးသောသားရဲကြီးကဲ့သို့ အစာစားချင်စိတ် ပြင်းပြနေပါစေ သူ့ကို စားနိုင်မည် မဟုတ်ပါ။

အစားရှောင်မယ်တော်သည် ဘာမျှ ထပ်မပြောတော့ဘဲ ငါးဟင်းကိုသာ အေးအေးဆေးဆေးဆက်စားနေ၏။

ကျိယွမ်သည် သူမ၏ ဘေးတွင် ထိုင်ရင်း သူမ၏ မျက်နှာအသားအရေ တဖြည်းဖြည်း ကောင်းမွန်လာသည်ကို စောင့်ကြည့်နေခဲ့သည်။ သူမ အခြေအနေ ကောင်းလာလေလေ သူကသဘောကျလေလေဖြစ်သည်။

၎င်းမှာ ကောင်းကင်တိုင်လုံးကြီးလည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာနေပြီဟူသော အဓိပ္ပာယ်ပင်ဖြစ်၏။

သူသည်လည်း ပုံရိပ်ဖော်တောင်သို့ ပြန်သွားပြီး သူ၏ အလုပ်များကို ဆက်လက် လုပ်ဆောင်နိုင်ပေတော့မည်။

သို့သော် သူသည် ငါးဟင်းကိုကြည့်မိသောအခါ တစ်ခုခုကို သတိရသွားပြီး မေးလိုက်မိ၏။

"တကယ်လို့ ဒီငါးတွေက မသန့်စင်ဘူးဆိုရင် မင်း ဒီလိုပဲ အေးအေးဆေးဆေး စားနိုင်ဦးမှာလား"

ကျိယွမ်သည် အစာရှောင်မယ်တော်ကို နောက်ဆုံးတွေ့ခဲ့ရစဉ်က ပုံရိပ်ကို ပြန်လည်အမှတ်ရသွား၏။ ထိုစဉ်ကလည်း သူမသည် ရေကန်ဘေးမှ ဝါးတဲအိမ်လေးတွင် ငါးဟင်းစားနေခဲ့ခြင်း ဖြစ်သည်။ ထိုငါးများကို သူသန့်စင်ပေးထားခြင်း မရှိသော်လည်း သူမက အလွန်အရသာရှိနေသည့်အလား စားသုံးနေခဲ့၏။

"မစားနိုင်ဘူးလေ"

အစားရှောင်မယ်တော်က ပွင့်လင်းစွာ ပြန်ဖြေသည်။

ကျိယွမ်၏ စိတ်ထဲတွင် သံသယများ ထပ်မံ ဖြစ်ပေါ်လာရပြန်၏။ သူမက မစားနိုင်ဟုဆိုသော်လည်း သူတွေ့ခဲ့သောမယ်တော်ကတော့ အားရပါးရစားနေခဲ့သည်။

ငါအရင်အခေါက်ကတွေ့ခဲ့တဲ့မယ်တော်က သူမဟုတ်ဘဲ တခြားအပြိုင်လောကတစ်ခုက ဗားရှင်းတစ်ခုများ ဖြစ်နေမလား။

ထိုစဉ်က သူတွေ့ခဲ့သောအမျိုးသမီးမှာ မသန့်စင်သော ငါးများကို ယခုကဲ့သို့ စက်ဆုပ်ရွံရှာပုံ မပြခဲ့ပေ။

"ဟေး... တကယ်လို့ နောင်တစ်ချိန်မှာ ငါ့ကို ပြန်တွေ့ခဲ့ရင် ငါတို့ အရင်က ဆုံဖူးတယ်ဆိုတာကို သတိပေးနော်"

"ကောင်းပါပြီ"

"နေဦး အဲလောက်နဲ့မရဘူး ၊ မညာဘူးလို့ ကတိပေး"

ကျိယွမ်သည် သူမက သူ့ကို လှည့်စားနိုင်သည်ဟု ခံစားမိသဖြင့် အပြစ်ဒဏ်တစ်ခု ထပ်ထည့်၏။

"တကယ်လို့ ညာခဲ့ရင် မင်းက ခွေးကလေး ဖြစ်စေရမယ်"

အဆိုရှိသည်မှာ လှပသောအမျိုးသမီးများသည် လိမ်သောနေရာ၌ အတော်ဆုံး ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်မလှသော အမျိုးသမီးများ လိမ်ပြောလျှင် မည်သူမျှ မယုံကြသော်လည်း လှပသူများ ပြောလျှင် အများစုက ယုံကြည်သွားတတ်ကြသောကြောင့် ဖြစ်လေသည်။

"ကျွန်မက ဘာလို့ ရှင့်ကို လိမ်ရမှာလဲ"

"အေးပါ ဒီတစ်ခါတော့ မင်းကို ယုံလိုက်မယ်"

အစားရှောင်မယ်တော်က ကျိယွမ်အား မကျေနပ်သလို စောင်းကြည့်၏ ။ထို့နောက် ပုံမှန်လေသံပြန်ဖြစ်သွားပြီး မေးလိုက်သည်။

"မိစ္ဆာနတ်ဘုရားတွေက တကယ်ပဲ အစွမ်းထက်ကြတာလား"

"အင်း... သူတို့က သန်မာကြပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ သူတို့လိုဗီလိန်တွေက အမြဲတမ်း ငါ့လက်ထဲမှာပဲ ရှုံးနိမ့်ကုန်ကြတာပဲ"

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

"ရှင်က ကိုယ့်ကိုယ်ကိုယ် တော်တော် ယုံကြည်မှု ရှိတာပဲ"

အစားရှောင်မယ်တော်၏ အသံက အနည်းငယ် ဝမ်းနည်းရိပ်သန်းနေသလို သူခံစားရသည်။

"ငါ့မှာ အသေးစိတ် အစီအစဉ်တစ်ခု ရှိတယ်။ အဆင့်သုံးဆင့် ခွဲထားတာ ။ အခု ပထမအဆင့်ရဲ့ နောက်ဆုံးပိုင်းကို ရောက်နေပြီဆိုတော့ မကြာခင်မှာ အစီအစဉ်က ပြီးမြောက်တော့မှာပါ"

ကျိယွမ်က ဉာဏ်ရည်မြင့်သူနှင့်ဆုံခိုက် သူ၏ အဆင့်မြင့်အစီအစဉ်များအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောပြမိသည်။ ရှန်းလဲ့တို့အဖွဲ့ကတော့ သူ၏မဟာဗျူဟာများကို နားလည်နိုင်သော ဉာဏ်ရည်မရှိကြပေ ။ ထို့ကြောင့် သူထုတ်ပြောပြခဲ့သော်လည်း မယုံသလိုလို ဖြစ်နေကြ၏။

သူကိုယ်တိုင် သေသေချာချာတွေးခေါ်ထားသော ထူးကဲသည့်အစီအစဉ်ဖြစ်သဖြင့် ၄င်းကို ကြွားဝါရသည်ကို သူအလွန်နှစ်သက်သည်။

"နှမြောစရာနော်.. ကျွန်မက အချိန်စောပြီး မွေးဖွားလာခဲ့မိတယ်"

အစာရှောင်မယ်တော်က ဝမ်းနည်းစွာ ညည်းတွားလိုက်သဖြင့် ကျိယွမ်မှာ ခေတ္တမျှ မှင်တက်သွားရ၏။

သူ နောက်ဆုံးတွေ့ခဲ့သော အစားရှောင်မယ်တော်ကလည်း ထိုကဲ့သို့ပင် ပြောခဲ့သည်ကို သူသတိရသွားသောကြောင့်ဖြစ်သည်။

၎င်းမှာ တိုက်ဆိုင်မှုတစ်ခုလား၊ သို့မဟုတ် အခြားအရာတစ်ခုလား ဆိုသည်ကိုတော့ သူ မဝေခွဲနိုင်တော့ပေ။

ယခင်က တွေ့ခဲ့သော အစားရှောင်မယ်တော်မှာ ဤအမျိုးသမီးပင် ဖြစ်နေလေသလား။

ဒါဆို သူကငါ့ကိုဘာလို့မမှတ်မိတာလဲ ၊ ဒါမှမဟုတ် မှတ်မိရဲ့သားနဲ့ ဘာမှမပြောဘဲနေခဲ့တာလား ။

သူမတွင် တစ်စုံတစ်ခုသော လျှို့ဝှက်ချက်များ ရှိနေနိုင်သလားဟု ကျိယွမ် တွေးတောနေစဉ်မှာပင် လေထုထဲ၌ အေးစိမ့်သောအထိအတွေ့ကို ရုတ်တရက် သူခံစားလိုက်ရ၏။

ဘာဖြစ်တာလဲ။

သူက တဲပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်း ထူးထူးခြားခြားဖြစ်ရပ်မျိုးမတွေ့ရပေ။

ဘာလို့ဒီလောက်အေးလာရတာလဲ။

သူ၏အကြည့်က အစားရှောင်မယ်တော်ဆီသို့ရောက်ရှိသွားမှ အဖြေကိုသိလိုက်ရသည်။

သူမ၏ မျက်ဝန်းထဲမှ နွေးထွေးမှုများ ရင်းနှီးမှုများက လုံးဝပျောက်ကွယ်သွားပြီး အေးစက်သော အကြည့်များဖြင့် အစားထိုးနေခဲ့သည်။

သူမ၏ ရေခဲကဲ့သို့ အေးစက်သော အကြည့်များသည် ကျိယွမ်ထံသို့ ကျရောက်လာ၏။ သူတို့နှစ်ဦးကြားတွင် အချိန်ကာလများ ခြားနားနေသော်လည်း ထိုအေးစိမ့်မှုကို ကျိယွမ် သိသိသာသာကို ခံစားနေရသည်။

"ငါ အိပ်တော့မယ်"

အစားရှောင်မယ်တော်က နောက်ဆုံးငါးတစ်လုပ်ကို စားရင်း အလွန်အေးစက်စွာ ပြောလိုက်၏။

ကျိယွမ်အပေါ် ထားရှိသော သူမ၏ သဘောထားမှာ ရုတ်ချည်းပင် ​ပြောင်းလဲသွားခဲ့ခြင်းပင်။

"မနက်ဖြန်လည်း ငါးစားဖို့ မမေ့နဲ့ဦး"

ကျိယွမ်က နားမလည်သော်လည်း အရေးကြီးသည်ကို မှာဖို့မမေ့ပါ ။

"အင်း"

အစားရှောင်မယ်တော်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေ၏။သူမ၏လေသံက မာကျောနေပြီး ရိုင်းစိုင်းသည့်ဘက်သို့ပင် လုနေ၏။

သူမက ကျိယွမ်အား နှင်ထုတ်တော့မည့်အလား ရှိသည်။

ကျိယွမ်က မျက်မှောင်ကုပ်လျက်ကြည့်နေစဥ်မှာပင် အစားရှောင်မယ်တော်သည် ဝါးအိမ်ထဲသို့ ပြန်ဝင်သွားပြီး ခုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။

"ဒီအမျိုးသမီးက မိုးဦးရာသီထက်တောင် စိတ်အပြောင်းအလဲ မြန်သေးတယ်"

"ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေက တကယ်ပဲ အိပ်ဖို့ လိုလို့လား"

ကျိယွမ်သည် ဝါးအိမ်ထဲမှ ထွက်လာပြီး အပြင်ဘက်တွင် လမ်းလျှောက်နေ၏။ ညသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ရေကန်မျက်နှာပြင်ပေါ်၌ ရောင်ပြန်ဟပ်နေသော အနီရောင်အလင်းတန်းလေးများမှာ လှိုင်းကြက်ခွပ်လေးများနှင့်အတူ လှုပ်ရှားနေလေ၏။

ကန်ကိုဖြတ်သန်းတိုက်ခတ်လာသောလေကြောင့် ဝါးတောထဲမှ ဝါးပင်များမှာလည်း ညင်သာစွာ ယိမ်းနွဲ့နေကြသည် ။

ကျိယွမ်သည် လေပြည်ကို ထိတွေ့နိုင်ရန် လက်ကမ်းကြည့်သော်လည်း မည်သည့်အရာကိုမျှ ဆုပ်ကိုင်၍ မရနိုင်ပေ။ လေတိုးသည့်ခံစားချက်မျိုးကို သူမရခဲ့ပါ။

သူက ငြိမ်သက်စွာရပ်လျှက် ဝါးရုံတောအား လေတိုးသံရှဲရှဲကိုနားထောင်ရင်း ကန်ရေပြင်ကိုအဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။

မည်မျှကြာအောင် သူရပ်နေမိမှန်းမသိလိုက်ခင်မှာပင် ရင်းနှီးသော ပုံရိပ်အချို့ကို တွေ့လိုက်ရ၏။

ကောင်းကင်တိုင်လုံးကြီး၏ အောက်ခြေတွင် ခေါင်းပြတ်နတ်ဘုရားကြီးလင်းကျုံး နှင့် ဖန်ရှင်းအကြီးအကဲတို့ ရောက်လာခြင်းပင်။သူတို့က တစ်စုံတစ်ခုကို ဆွေးနွေးနေပုံရ၏။

ကျိယွမ်သည် သူတို့၏ စကားသံများကို အပြည့်အစုံ မကြားရဘဲ အချို့အစိတ်အပိုင်းများကိုသာ ကြားလိုက်ရသည်။

"အစားရှောင်မယ်တော်ရဲ့ ဘေးမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ငါ သံသယရှိတယ်"

"မဖြစ်နိုင်တာ၊ ငါ ဘယ်သူ့ကိုမှ မခံစားရပါဘူး"

"အဲဒီလူက... တကယ်ရှိနေတာလား. သူကတကယ်မဟုတ်ဘဲ စိတ်ကူးယဉ်နေတာဆိုရင်ရော..."

သူတို့၏အသံများကို ဆက်လက်နားထောင်သော်လည်း အသုံးဝင်သော အချက်အလက်များကိုတော့ သူမရရှိခဲ့ပေ။ ထို့ကြောင့် သူသည် အစားရှောင်မယ်တော်၏ ဝါးအိမ်သို့သာ ပြန်လာခဲ့၏။ သူတစ်ပါးစကားကို မလိုအပ်ဘဲ ခိုးနားထောင်ခြင်းမှာ မကောင်းသော အပြုအမူ ဖြစ်သည်ဟု သူတွေးမိသောကြောင့် ဖြစ်၏။

တဲအိမ်ထဲတွင်တော့ အစားရှောင်မယ်တော်က အိပ်စက်နေဆဲရှိ၏။

သူက တကယ်အိပ်နေတာပဲ။

ဤသ်ို့ဖြင့် အချိန်များကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်တိုင်လုံးကြီး၏ ထိပ်ဖျားမှာလည်း တိတ်ဆိတ်လျက်သာ ရှိနေခဲ့၏။

ကုန်လွန်ခဲ့သော နှစ်ရက်အတွင်း အစားရှောင်မယ်တော်သည် ငါးအနည်းငယ်ကို ထပ်မံ ချက်ပြုတ်ခဲ့၏။ ကျိယွမ်ကလည်း ၎င်းတို့ကို သန့်စင်ပေးပြီးနောက် မယ်တော်က ဖြည်းဖြည်းချင်း စားသုံးခဲ့လေသည်။

သူမ၏ အသားအရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ကြည်လင်လာသကဲ့သို့ ကောင်းကင်တိုင်လုံးမှာလည်း ပိုမို ခိုင်ခံ့လာပုံရ၏။

ကျိယွမ်အတွက် ထူးဆန်းသည်မှာ ပထမကတည်းကစ၍ အစားရှောင်မယ်တော်သည် သူ့ကို အေးစက်စက် ဆက်ဆံနေခြင်းပင် ဖြစ်၏။ သူတို့နှစ်ဦးကြားတွင် စကားပြောဆိုမှုက သိသိသာသာ နည်းပါးသွားပြီး ယခင်ကကဲ့သို့ နွေးထွေးမှုများလည်း မရှိတော့ပေ။

သို့သော်လည်း ကျိယွမ်ကတော့ ထိုအရာကို ဂရုမစိုက်ပါ။ သူ၏ ရည်မှန်းချက်မှာ အစားရှောင်မယ်တော်ကို အစာကျွေးပြီး ကောင်းကင်တိုင်လုံးကို တည်ငြိမ်စေရန်သာ ဖြစ်သည်။ သူ အတိတ်ကာလသို့ ရောက်ရှိလာခြင်းမှာ သူမနှင့် အချစ်ဇာတ်လမ်း ခင်းရန် မဟုတ်ပေ။

"မနက်ဖြန် မိုးသောက်ချိန်ဆိုရင် ငါထွက်သွားတော့မယ်။ ဒီည ငါးတွေ အများကြီး ချက်ထားလိုက်ပေါ့"

သူက ကန်ဘေးတွင်နေပူစာလှုံရင်းမှ အစားရှောင်မယ်တော်ကို လှမ်းပြောလိုက်၏။

"အင်း"

ဝတ်စုံနီနှင့်ထိုအမျိုးသမီးကတော့ အေးစက်စွာ တုံးတိပြန်ဖြေသည်။

ကျိယွမ်ကလည်း ထိုလေသံကိုအရေးတယူမရှိပါ ။ သူပြောစရာရှိသည်ကိုသာ ဆက်ပြော၏။

"ငါ ပုံရိပ်ဖော်တောင်ကို သွားပြီး နတ်ဘုရားအချို့ကို ဖိတ်ခေါ်ရဦးမယ် ၊ အဲဒါကြောင့် ခဏလောက် ပျောက်နေလိမ့်မယ်။ မင်း တစ်ခုခုကြောင့် နေမကောင်းဖြစ်ရင် ကြိုပြောပါ၊ ငါ ချက်ချင်း ရပ်လိုက်ပါ့မယ်"

ကျိယွမ်က အေးစက်စက်လုပ်နေသော အစားရှောင်မယ်တော်ကို ကြည့်ပြီး ဆက်ပြော၏။

"ငါ လျှပ်စီးဘိုးဘေးကို ဖိတ်ခေါ်တုန်းက တောင်ကွဲသွားတဲ့အတွက် ကောင်းကင်တိုင်လုံးကိုထိခိုက်ပြီး မင်းလည်း ဒဏ်ရာရသွားတယ်။ အဲဒီအတွက် နည်းနည်းတော့ အားနာမိတယ်"

"ပုံရိပ်ဖော်တောင်ကြီးမကွဲသွားသရွေ့ အဆင်ပြေတယ်"

အစားရှောင်မယ်တော်ကတော့ အရေးမကြီးသလို တုံ့ပြန်၏။

"ငါသိပြီ"

ထို့နောက် ကျိယွမ်လည်း တဲထဲမှပျောက်ကွယ်သွားတော့သည်။

ဝါးအိမ်အတွင်း၌ အေးစက်စက်နိုင်သောအစားရှောင်မယ်တော်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ သူမသည် ကျိယွမ် ပျောက်ကွယ်သွားသော နေရာကို ကြည့်ကာ "ငါက ကတိဖျက်တဲ့သူ မဟုတ်ပါဘူး" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ခဏအကြာတွင် ကြောင်အော်သံလေး တစ်သံ ထွက်ပေါ်လာ၏။ ဝါးအိမ်အပြင်ဘက်တွင် အဖြူရောင် ကြောင်လေးတစ်ကောင် ပေါ်လာပြီး အစားရှောင်မယ်တော်ကို အိမ်အပြင်မှ ချောင်းကြည့်နေသည်။

အစားရှောင်မယ်တော်က စိတ်အနှောင့်အယှက်ဖြစ်စွာ လက်ဝေ့ယမ်းလိုက်သောအခါ ထိုကြောင်လေးမှာ ပျောက်ကွယ်သွားလေသည်။

ထိုအချိန်မှာပင် အသံအိုကြီးတစ်သံ ထွက်ပေါ်လာ၏။

"ဒီကြောင်လေးက သန့်စင်တဲ့ သဘာဝနဲ့ မွေးဖွားလာတာ။ ပြီးတော့ မင်းနဲ့လည်း ရေစက်ရှိတယ် အစာမဲ့။ ဘာလို့ သူ့ကို မွေးပြီး မလေ့ကျင့်ပေးတာလဲ။ တစ်နေ့မှာ သူလည်း အုပ်စိုးရှင်တစ်ပါး ဖြစ်လာနိုင်တာပဲ"

အကြီးအကဲဖန်ရှင်းက သူမအားပြုံးပြရင်း တဲအိမ်ထဲသို့ ဝင်လာသည်။

"သူက လမ်းကြုံဖြတ်သွားတဲ့သူ တစ်ယောက်ပါပဲ။ နေဖို့ မလိုပါဘူး။ သူသေသွားရင် ငါ့အတွက် စိတ်ရှုပ်စရာပဲ ဖြစ်မှာ"

အစားရှောင်မယ်တော်က ကျိယွမ်ကို ပြောသကဲ့သို့ အေးစက်စက်ပင် ပြန်ပြောလိုက်၏။

အကြီးအကဲဖန်ရှင်းသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ လွန်ခဲ့သော ရက်အနည်းငယ်က အစားရှောင်မယ်တော်၏ ပုံစံမှာ ထူးဆန်းနေသော်လည်း ယခု ပုံစံမှာမူ သူမ၏ မူလ အေးစက်သော ပုံစံအတိုင်းပင် ရှိနေသည်။

"ဘာလို့ တခြားသူတွေကို အမြဲ တွန်းထုတ်နေရတာလဲ အစာမဲ့။ တခြားသူတွေနဲ့လည်း ပိုပြီး ရောရောနှောနှော နေသင့်ပါတယ်။ ငါတို့မှာ အတိုင်းအဆမရှိတဲ့ သက်တမ်းတွေ ရှိကြတာပဲ။ သူငယ်ချင်းတွေ များများရှိတော့ ပိုမပျော်ရဘူးလား"

အကြီးအကဲဖန်ရှင်းက ဖြစ်သင့်သောသဘာဝကို အကြောင်းအကျိုးပြလိုက်သည်။

"တခြားသူတွေနဲ့ ပိုနေရမယ်... သူတို့ရဲ့ ပွဲတော်တွေကို သွားဖို့လား"

အစားရှောင်မယ်တော်က တိုးတိုးလေး ရေရွတ်လိုက်၏။ သူမသည် ကျိယွမ် ပြောပြခဲ့သော ပွဲတော်များအကြောင်းကို ရုတ်တရက် သတိရသွားခြင်းကြောင့်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ကျိယွမ်နှင့်အတူ အိုးခွက်များ သွားဝယ်စဉ်က သူသည် သူမကို ပွဲတော်များအကြောင်း အများကြီး ပြောပြခဲ့လေသည်။ ဟင်းချက်ကောင်းသူ တစ်ဦးသည် ဟင်းချက်သင်တန်းကျောင်းတစ်ခုသို့ တက်သင့်ကြောင်းလည်း သူက ပြောခဲ့သေးသည်။ သူမသည် ထိုအရာများကို သေချာ နားထောင်မှတ်သားထားခဲ့မိ၏။

အကြီးအကဲဖန်ရှင်းမှာမူ သူမ၏ စကားကြောင့် မှင်တက်သွား၏။

"ဒါက မင်္ဂလာရှိတဲ့ စကားတော့ မဟုတ်ဘူးနော်"

ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးကသာ အစားရှောင်မယ်တော်နှင့် အဆင့်တူပေါင်းသင်းနိုင်သူမျိုး ဖြစ်နိုင်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်၏ ပွဲတော်ကို သူမကတက်ရောက်မည်ဟုပြောခြင်းက ကျိန်စာတိုက်ခြင်းတစ်မျိုးဟုပင် ယူဆနိုင်၏။

(မှတ်ချက်။ ။ ပွဲတော်ဆိုသည်မှာ သေဆုံးသူအတွက် ကျင်းပသော နာရေးပွဲကိုလည်း ဆိုလိုနိုင်ပါသည်)

"ရှင် ပြန်သင့်ပြီ။ကျွန်မ ရှန့်လုံကွင်းပြင်က တိုက်ပွဲမှာ ပါဝင်မယ်။ တခြားသူတွေကိုလည်း သွားပြောလိုက်ပါ။ ဒီတစ်ခါလာတဲ့ မိစ္ဆာနတ်ဘုရားတွေက ပုံမှန်ထက် ပိုအစွမ်းထက်တယ်။ သေဖို့အတွက် ပြင်ဆင်ထားကြပါလို့"

"ဘာ"

အကြီးအကဲဖန်ရှင်းမှာ ဘာပြောရမှန်းမသိအောင်ပင် ထိတ်လန့်သွား၏။ ဒါက ဘယ်လိုအားပေးစကားကြီးလဲ။

"နင် နောက်နေတာ မဟုတ်လား"

အစားရှောင်မယ်တော်က ဘာမျှ ထပ်မပြောဘဲ ငါးဟင်ကိုသာ ဆက်စားနေ၏။သူမက ဆာလောင်ခြင်းမရှိတော့ဘဲနှင့် ပို၍ခံနိုင်ရည်ရှိစေရန် တမင်များများစားနေသလားဟုပင် ထင်ရ၏။

သူမက ငါးစားနေရင်းမှ ဖန်ရှင်းအားပြောသလိုလို သူမဘာသာရေရွတ်သလိုလိုနှင့်

အေးစက်စွာပြောလိုက်သည်။

"ကျွန်မတို့အားလုံးက သေကြရတော့မှာဆိုတော့ အခုဆုံနေဖို့ မလိုတော့ပါဘူး။ အဲဒါက ပိုပြီး စိတ်ဆင်းရဲစရာပဲ ဖြစ်မှာ"

အကြီးအကဲဖန်ရှင်းသည် သူ၏ရှေ့မှအမျိုးသမီးမှာ သူသိထားသောသူမှ ဟုတ်သေးရဲ့လားဟု တွေးကာ ခေါင်းကိုသာယမ်းလိုက်မိတော့သည်။

..........

ကောင်းကင်တိုင်လုံးကြီးမှ မိုင်တစ်ထောင်ခန့် အကွာတွင် ဖြစ်၏။

ချင်းရွှေကျေးရွာမှ ရွာသားများနှင့် ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ် ညွှန်ကြားထားသည့်အတိုင်း လျှောက်မသွားကြဘဲ စောင့်ဆိုင်းနေကြသည်။

အဘိုးကြီးရှန်လဲ့သည် ခြေထောက်ချိတ်ထိုင်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေ၏။

"အဲဒီကောင်လေးကတော့ အစားရှောင်မယ်တော်နဲ့ သီးသန့် အချိန်ဖြုန်းနေပြီး ငါတို့ကိုတော့ ဒီမှာ ပစ်ထားခဲ့တယ်။ တော်တော် ဟုတ်နေတာပေါ့ "

ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းကတော့ ကျိယွမ်ဘက်မှ ကာကွယ်ပေးသည်။

"သူက ပုံရိပ်ဖော်တောင်ကြီးကိစ္စကို သွားလုပ်တာဖြစ်မှာပါ "

"အင်း . ပြောသာပြောတာ ၊ ငါလည်း ဒဏ္ဍာရီလာ အစာရှောင်မယ်တော်ကို တွေ့ချင်မိသားကွ"

အဘိုးကြီးရှန်းလဲက သူ၏ ကျိုးတိုကျဲတဲ့မုတ်ဆိတ်ကို သပ်ရင်းတမ်းတနေသည်။

မီးကြာပန်းအရှင်မကလည်း ခေါင်းညိတ်၏။

တကယ်တော့ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ချင်မိတယ်"

သူမသည် အတိတ်က သူမ၏ ပုံစံမှာ မည်သို့ရှိမည်ကို သိချင်နေခြင်း​ဖြစ်သည်။

အခြားသော နတ်ဘုရားများကလည်း အတိတ်ကာလမှ ပုံစံများကိုစူးစမ်းချင်ကြောင်း တစ်ယောက်တစ်ခွန်းစကားစလာကြသည်။

"ငါလည်း ငါ့ရဲ့အတိတ်ဘဝကပုံစံကို ကြည့်ချင်တယ်"

"ငါက ငါ့ရဲ့မိတ်ဆွေတွေကိုပါ ပြန်တွေ့ချင်နေတာ "

နတ်ဘုရားတစ်ပါးက သူ၏အဖော်များကိုကြည့်ကာ နှာခေါင်းရှုံ့၏။

"ဘာမိတ်ဆွေတွေလဲ ၊ မင်းတို့ကောင်တွေ ရှေးဟောင်း နတ်မိမယ်တွေ ရေချိုးနေတာကို လိုက်ချောင်းကြည့်ချင်လို့ မဟုတ်လား "

"တော်ကြတော့ အရှင်မြတ်ပြန်မလာမချင်း ငါတို့ဘယ်မှမသွားသင့်ဘူး "

"ဟုတ်တယ်.. မင်းတို့က အမြဲတမ်း အသေးအဖွဲ ကိစ္စတွေကိုပဲ စဉ်းစားနေကြတာပဲ"

အဘိုးကြီးရှန်လဲ့က လူကြီးပီပီ အားလုံးကိုဟန့်တားလိုက်၏။

နတ်ဘုရားများလည်း ထိုကိစ္စကိုဆက်မပြောတော့ဘဲ မိမိတို့ ရရှိမည့် ကျင့်စဥ်သစ်များအကြောင်းကို စိတ်လှုပ်ရှားစွာ စတင်ဆွေးနွေးနေကြတော့သည်။

လူဟောင်းအများစုက​ ကျူးရှိကျုံးလို ဝိတ်ပေါကြီးတစ်ကောင်ကပင် ကျင့်စဥ်အသစ်ကြောင့် ကံကြမ္မာ ပြောင်းလဲသွားခဲ့သည်ကို အာားကျနေကြ၏။

"ငါတို့ရော သူတော်စင်အဆင့်နည်းစနစ်တွေ ရနိုင်မလား"

"ငါနဲ့ ကိုက်ညီတဲ့ နည်းစနစ်ရော ရှိပါ့မလား"

"မင်းတို့တော့မသိဘူး ၊ ငါတော့ လွန်ခဲ့တဲ့ နှစ်ရက်လုံး ပုံရိပ်ဖော်တောင်ကို ဝင်ဝင်ကြည့်နေတာ ဘာမှ ထူးခြားတာ မတွေ့ရဘူး"

နတ်ဘုရားတစ်ပါးက စိုးရိမ်တကြီး သတိပေး၏။

ပုံမှန်အားဖြင့် အစွမ်းထက်သော နည်းစနစ်တစ်ခု ပေါ်ပေါက်လာပါက တောင်ကြီးက တုန်ခါခြင်း၊ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်ခြင်းတို့ ရှိတတ်သော်လည်း ယခုမူ လုံးဝကိုတိတ်ဆိတ်နေခဲ့သည်။

အဘိုးကြီးရှန်လဲ့က ထုတ်မပြောသော်လည်း သူ၏အတွင်းစိတ်မှာတော့ သိသိသာသာကို စိုးရိမ်နေမိ၏။ ကျိယွမ်က သူ့ကို သာမန်နည်းနစ်လေးတစ်ခုပေးမည်ကို သူ မလိုလားပါ။

အနည်းဆုံးတော့ ဒဏ္ဍာရီအဆင့်ကျင့်စဥ်တစ်ခု ဖြစ်ရန် သူ မျှော်လင့်နေ၏။

"အရှင်ရှန်လဲ့က ကျွန်မတို့ထက် ပိုကြာကြာ နေခဲ့တာဆိုတော့ သူကတော့ သူတော်စင်အဆင့်ကျင့်စဥ်တစ်ခု ရမှာ သေချာပါတယ်"

မီးကြာပန်းအရှင်မက ရှန်လဲ့အတွက် အားတက်စေမည့်စကားကိုပြောပေးလိုက်သည်။

ရှန်လဲ့ကတော့ မျှော်လင့်ချက်များ အလွန်အမင်းမထားဟန်ဖြင့် ပြုံး၏။

"မိုးကြိုးလျှပ်စီးအမြစ်မှာ သူတော်အဆင့်ဆိုတာဖြစ်နိုင်ပါ့မလား ၊ သူတော်စင်အဆင့်မိုးကြိုးနတ်ဘုရားဆိုတာ မရှိဘူးလေ"

ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းကလည်း သူ၏ ရေဓာတ်ကျင့်စဥ်နှင့် ပတ်သက်၍ အခြားသူများထက် ပိုမို အစွမ်းထက်သော နည်းလမ်းကို ရရှိရန် မသိမသာမျှော်လင့်နေမိ၏။

သူတို့အားလုံးသည် မိမိတို့၏ အနာဂတ်အတွက် မျှော်လင့်ချက် အသီးသီးဖြင့် ဆွေးနွေးနေကြကုန်သည်။

ထိုအခိုက် ကျယ်လောင်သောအသံတစ်သံ သူတို့၏နားထဲသို့ ဟိန်းကာရောက်ရှိလာ၏။

"ငါ ပြန်လာပြီဟေ့ ၊ ဆုလာဘ်တွေ ပေးဖို့ အချိန်တန်ပြီ"

---------

All Chapters