← Chapters

အခန်း (၂၀၀)

Vol. 19 Ch. 200

အခန်း (၂၀၀)

Vol. 19 Ch. 200

📝အပိုင်း - ၂၀၀

ဘာသာပြန် - Na Gar🐉

ဆေးဝါးတွေထဲမှာရှိတဲ့ အဆိပ်အတောက်ကို တစ်ရာခိုင်နှုန်း လျှော့ချနိုင်တိုင်း သိုင်းသမားတွေအတွက် အားဖြည့်ဆေးကို ပိုပြီးသောက်သုံးနိုင်ခွင့် ရစေပါတယ်။ ဒါဟာ ရေရှည်မှာ စစ်တပ်တစ်ခုလုံးရဲ့ သိုင်းအဆင့်အတန်းကို သိသိသာသာ မြင့်တက်လာစေမယ့် အချက်ပါပဲ။

"ခန္ဓာကိုယ်ကြံ့ခိုင်မှုအားဖြည့်ဆေး ကို ဖော်စပ်ဖို့ဆိုရင် အပြင်ဘက်စွမ်းအား အဆင့်ကို ရောက်ဖို့ လိုအပ်တယ်"

ချန်ဆန်းရှီသည် သူ၏နောက်လိုက်များ၏ အင်အားကို မြှင့်တင်ပေးနိုင်ရန်အတွက် ဆေးဝါးများမှ အဆိပ်အတောက်ကို လျှော့ချနိုင်မည့် နည်းလမ်းများကို ပိုမိုလေ့လာရန် လိုအပ်ကြောင်း သိရှိထားသည်။

"ဟေး... ဗိုလ်ချုပ် ကျွန်တော့်မှာ သတင်းကောင်းတစ်ခု ရှိတယ်ဗျ"

ပိုင်ထင်းကျိီသည် စိတ်လက်ကြည်သာစွာဖြင့် ချဉ်းကပ်လာပြီး "ယင် ဆိုတဲ့ ခွေးကောင်က မနက်ဖြန်မနက် အစောကြီး ထွက်သွားတော့မယ်တဲ့ဗျာ။ နောက်ဆုံးတော့ ကျွန်တော်တို့ကို လာပြီး ဒုက္ခပေးနေတဲ့ကောင် မရှိတော့ဘူးပေါ့"

"ထွက်သွားတော့မယ် ဟုတ်လား"ချန်ဆန်းရှီက အလောတကြီး မေးလိုက်

သည်"မင်း သေချာလို့လား"

"သေချာတာပေါ့"

ပိုင်ထင်းကျိီက အခိုင်အမာ ပြောသည်"သူက သူ့လူယုံတွေကို တပ်စခန်းမှာ သောက်စရာ၊ စားစရာတွေနဲ့ ဧည့်ခံနေတာ။ ဒီနေ့ညတော့ ပြည့်တန်ဆာအိမ် သွားကြဦးမယ်လို့လည်း ကြားတယ်။ သူ့ကို ဖားနေတဲ့ကောင်တွေကလည်း လွမ်းနေတော့မှာပဲလို့ တကုတ်ကုတ် ပြောနေကြတာ"

ချန်ဆန်းရှီသည် ယင်ဟန်ဝမ်က ချောင်ဖန်အပေါ် အလွန်သစ္စာရှိသူဖြစ်ပြီး လျန်ကျိုးမှာ ဆက်နေဦးမည်ဟု ထင်ထားခဲ့သော်လည်း အခုလို ရုတ်တရက် ထွက်သွားခြင်းကို ထူးဆန်းနေမိသည်။

ပြီးခဲ့သည့်တစ်ခေါက် ရှာဝမ်လုံ ပြောင်းရွှေ့ခံရပြီးနောက် သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မခံရခင် အမြန်ထွက်သွားခြင်း ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းလိုက်သည်။

ဒါပေမဲ့ ယင်ဟန်ဝမ်က ဒီအတိုင်း အေးအေးဆေးဆေးပဲ ထွက်သွားမှာလား

သူတို့ထဲမှာ ယင်ဟန်ဝမ်က ချန်ဆန်းရှီကို အမုန်းဆုံး ဖြစ်သည်။ အရင်က မြားနဲ့ အပစ်ခံထားရဖူးသူ မဟုတ်လား။ ဒါ့အပြင် သူက ငွေမရှိတဲ့သူလည်း မဟုတ်ပေ။ တပ်စခန်းမှာ အကျွေးအမွေး လုပ်နေတာက ပိုက်ဆံချွေတာဖို့ မဟုတ်ဘဲ သူထွက်သွားတော့မယ်ဆိုတာကို တစ်လောကလုံး သိအောင် ကြေညာနေသလို ဖြစ်နေသည်။ ဒါက ဘယ်သူ့ကို ပြချင်တာလဲ

ချန်ဆန်းရှီသည် အဆိုးဆုံး အခြေအနေကို ကြိုတင်တွေးတောထားလိုက်သည်။ တစ်ဖက်လူက သူ့ကို ရန်မမူရင်တောင်မှ ချန်ဆန်းရှီကတော့ သူ့ကို ဒီအတိုင်း လွှတ်ပေးဖို့ အစီအစဉ် မရှိပေ။

သူ့ရဲ့ ဓားချီမန္တန်က အခြေခံအဆင့်ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့သည်။ မနက်ဖြန်ဆိုရင် သေချာပေါက် ရောက်နိုင်သဖြင့် သူ အသင့်ပြင်ထားရမည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့မွန်းလွဲပိုင်းမှစ၍ သူသည် အနားယူခွင့် ရရှိထားသည်။

ချန်ဆန်းရှီသည် မထင်မရှားပင် ထွက်လာခဲ့ပြီး ဘုရင်ခံရုံးသို့ ဦးတည်လိုက်သည်။

ဘုရင်ခံရုံးနှင့် ရင်းနှီးပြီးသားဖြစ်သဖြင့် သူသည် သတင်းပို့စရာမလိုဘဲ အစေခံမလေး၏ လမ်းပြမှုဖြင့် ရုံယန်ချိုး ၏ အိမ်တော်သို့ တိုက်ရိုက် သွားလိုက်သည်။

"မောင်ငယ်လေးက ကြိုတောင် မပြောဘဲ ရောက်လာတာပါလား"

ရုံယန်ချိုးသည် ရေချိုးပြီးခါစဖြစ်၍ ဆံပင်များ စိုစွတ်နေပြီး ပါးပြင်လေးများ နီမြန်းနေသည်။ သူမက ပါးလွှာသော အဝတ်အစားကို ဝတ်ထားရင်း ချန်ဆန်းရှီ၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ထိုးကာ"ပြောပါဦး... အစ်မဆီကို ဘာကိစ္စနဲ့ လာတာလဲ"

ချန်ဆန်းရှီက နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး သူယူလာသည့် လက်ဆောင်ကို ကမ်းပေးလိုက်သည်"အစ်မ နေကောင်းလားလို့ လာကြည့်တာပါ"

"ကဲပါ... အခုမှ လာပြီး လူကြီးလူကောင်း လုပ်မနေပါနဲ့။ ဟိုပြည့်တန်ဆာမနဲ့ ကုတင်တွေ ကျိုးအောင် ကမြင်းနေတုန်းကနဲ့ မတူပါလား"

ရုံယန်ချိုးက ခနဲ့တဲ့တဲ့ ပြောရင်း အဝတ်အစားကို သပ်ရပ်အောင် ဝတ်

လိုက်သည်။ သူမက လက်ဝတ်ရတနာသေတ္တာကို ကြည့်ရင်း"ဟန်ဆောင်မနေနဲ့တော့၊ ပြော... ဒီတစ်ခေါက် အစ်မကို ဘာခိုင်းချင်လို့လဲ"

"အစ်မကို ဘာမှ ဖုံးကွယ်လို့ မရပါဘူး"

ချန်ဆန်းရှီက ဂါရဝပြုလိုက်သည် "ကျွန်တော် နောက်နှစ်ရက်မှာ အနားယူရမှာဆိုတော့ တောင်ထဲကို သားရဲသွားလိုက်မလို့ပါ။ ဒါပေမဲ့ ဇနီးသည်ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချလို့ အစ်မအနေနဲ့ ကျွန်တော့်အိမ်မှာ နှစ်ရက်လောက် သွားနေပေးလို့ ရမလားခင်ဗျာ"

ယင်ဟန်ဝမ် ထွက်သွားတော့မည်ဖြစ်ရာ မြို့ပြင်မှာ သတ်ဖြတ်ခြင်းက အန္တရာယ်အကင်းဆုံး အစီအစဉ် ဖြစ်သည်။ ရှောင်ရှင်းရှိနေသဖြင့်လည်း ရန်သူကို လွတ်သွားစရာ အကြောင်းမရှိပေ။ သို့သော် သူပြန်မလာနိုင်ခင် အိမ်မှာ အန္တရာယ် တစ်ခုခု ကြုံရမှာကိုတော့ သူ စိုးရိမ်နေသည်။

"ဘာကို အပိုတွေ စိုးရိမ်နေတာလဲ"

ရုံယန်ချိုးက ဒါဟာ သူတို့ရဲ့ တတိယစီနီယာအစ်ကိုနယဲ့ယွမ် ရဲ့ ကိစ္စကြောင့်လို့ ထင်နေပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်"စိတ်အေးအေးထားပြီး တောင်ထဲသွားပါ။ ဘယ်သူမှ မင်းနောက်ကို မလိုက်ရဲသလို၊ မင်းအိမ်ကိုလည်း ဘယ်သူမှ မလာရဲဘူး"

"ဒါပေမဲ့ အစ်မကိုယ်တိုင် သွားကြည့်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"

"ကောင်းပြီလေ"

ရုံယန့်ချိုးက ခေါင်းညိတ်လိုက်သည်"မင်းက ဒီလောက်အထိ အလေးအနက် ပြောနေမှတော့ အစ်မက ဘယ်လိုလုပ် ငြင်းလို့ ရပါ့မလဲ။ အစ်မလည်း အားနေတာပဲ၊ ဆွန်လီလည်း အဲဒီကို ခဏခဏ သွားနေတော့ အစ်မလည်း အဲဒီမှာ နှစ်ရက်လောက် သွားနေလိုက်မယ်"

"ဒါပေမဲ့ ကြိုပြောထားမယ်နော်၊ နီရောင်လက်မျှော်စင်က ပြည့်တန်ဆာမဆီကိုတော့ ထပ်မသွားရဘူး"

"ပြီးခဲ့တဲ့တစ်ခေါက်က မင်းနောက်လိုက်နေတဲ့လူကို ရှာပေးဖို့ အစ်မကို ခိုင်းခဲ့ပြီးတော့၊ အဲဒီနောက်မှာ မင်းက ပြည့်တန်ဆာအိမ်သွားပြီး နာမည်ကြီးအောင် လုပ်ခဲ့တာ အစ်မကို တော်တော် ဒေါသထွက်စေတယ်နော်"

"မသွားတော့ပါဘူးဗျာ" ချန်ဆန်းရှီက ကတိပေးလိုက်သည်။

"အဲဒါမှပေါ့"

ရုံယန့်ချိုးက မျက်စောင်းထိုးရင်း ဆက်ပြောသည်"မင်းရဲ့ အစ်မလီက ဘာလို့ မင်းအပေါ် ဒီလောက် စွဲလမ်းနေရလဲဆိုတာ အစ်မ တကယ် နားမလည်ဘူး။ ငါ့ယောက်ျားသာ အဲဒီလို လျှောက်ရှုပ်ရင် မြို့ရိုးပေါ်မှာ ဇောက်ထိုး ဆွဲထားလိုက်မှာ။ မင်းရဲ့ စီနီယာအစ်မဆွန်က ဘာပြောလဲ သိလား 'အစ်မ... အပိုတွေ ဝင်မပါပါနဲ့၊ မောင်ငယ်လေးမှာ လုပ်စရာ အရေးကြီးကိစ္စ ရှိမှာပေါ့' တဲ့။ ကြားရတာတောင် ပျို့ချင်စရာကြီး"

"မင်းက အစ်မအတွက်တော့ လက်ဆောင်တွေ နေ့တိုင်း ဝယ်ပေးတယ်၊ ဆွန်လီအတွက်ကျတော့ ဘာလို့ မဝယ်ပေးတာလဲသူမက တစ်သက်လုံး ဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ဖူးဘူး၊ အခုလည်း သူမ မင်းကို ချစ်နေတာကို သူမကိုယ်တိုင်တောင် သိပုံမရဘူး။ သူမကို စိတ်မပျက်စေနဲ့နော်"

"နားလည်ပါပြီ၊ နောက်တစ်ခေါက်ကျရင် ကျေးဇူးတင်လက်ဆောင် သေချာပြင်ဆင်ခဲ့ပါ့မယ်" ချန်ဆန်းရှီက တွေးလိုက်သည်။ အစ်မလန်ကို အမြဲ ပြုစုပေးနေသည့်အတွက် ဆွန်လီကို လက်ဆောင်ပေးရန်မှာ အမှန်တကယ် သင့်လျော်ပေသည်။

သူသည် လက်သီးစုပ်၍ နှုတ်ဆက်လိုက်သည်"ဒါဆို ကျွန်တော် တောင်ထဲ သွားလိုက်ပါဦးမယ်"

"သွားတော့ သွားတော့"

ရုံယန်ချိုးက လက်ယမ်းပြလိုက်သည်"မင်းရဲ့ ဇနီးနဲ့ ငါ့ရဲ့ တူလေးကို အစ်မ သေချာ စောင့်ရှောက်ပေးထားမယ်။ ဆံပင်တစ်မျှင်တောင် အထိခိုက်မခံစေရဘူး၊ စိတ်ချပါ။ မင်းကတော့ တကယ်ကို အစိုးရိမ်လွန်တာပဲ"

"နှုတ်ဆက်ပါတယ်ဗျာ"

အရာအားလုံးကို စီစဉ်ပြီးနောက် ချန်ဆန်းရှီသည် စိတ်ပေါ့ပါးသွားကာ သူ၏မြင်းဖြူကို စီး၍ လော့ထျန်းတောင်တန်း ဆီသို့ တိုက်ရိုက် ဦးတည်

လိုက်သည်။ သူ၏ ဓားချီမန္တန်သည် အစပျိုးအဆင့်သို့ ရောက်ရန် နည်းနည်းလေးသာ လိုတော့သဖြင့် သူ အချိန်ကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်သည်။

အစ်မဖြစ်သူရဲ့ အစောင့်အရှောက်ကြောင့် အိမ်အတွက် စိတ်ချရပြီဖြစ်သော်လည်း သူ့ရန်သူကိုတော့ လွှတ်ပေးရန် အစီအစဉ် မရှိပေ။

ဆေးဖော်စပ်သည့် ဂူအတွင်း၌ ချန်ဆန်းရှီသည် တင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်သဲမှ ချင်းရွှမ်စွမ်းအင် များကို စုပ်ယူရန် အာရုံစိုက်လိုက်သည်။ နောက်တစ်နေ့ မနက် အလင်းရောင် ဂူဝသို့ ရောက်ရှိလာချိန်မှာတော့ သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်တော့သည်။

[မန္တန်ပညာ - ဓားချီမန္တန်(အခြေခံအဆင့်)]

[တိုးတက်မှု့ - ၀/၅၀၀]

[စွမ်းဆောင်ရည် - ဝိညာဉ်စွမ်းအင်က ဓားအဖြစ် အသွင်ပြောင်းလဲပြီး လက်ညှိုးတစ်ချက် ခတ်ရုံဖြင့် သတ်ဖြတ်နိုင်သည်]

'လက်ညှိုးတစ်ချက် ခတ်ရုံဖြင့် သတ်ဖြတ်နိုင်သည်'

သိုင်းသမားတစ်ယောက်သည် နက်နဲပုံရိပ်အဆင့်သို့ ရောက်ရှိမှသာ ခန္ဓာကိုယ်ကို စွမ်းအင်အကာအကွယ် ဖြင့် လွှမ်းခြုံနိုင်မည် ဖြစ်သည်။ သို့သော် သူတို့မှာ စွမ်းအင်လမ်းကြောင်းဖြတ်သန်းမှု့မရှိပေ။

အပြင်ဘက်စွမ်းအား သက်သက်ဖြင့် မသေမျိုးမန္တန်ကို ခုခံနိုင်ရန်မှာ မဖြစ်

နိုင်ပေ ချန်ဆန်းရှီသည် ကျင့်ကြံလေလေ ထိုမန္တန်၏ စွမ်းအားကို ပိုမို ခံစားရလေလေ ဖြစ်သည်။

All Chapters