← Chapters

အခန်း (၂၀၄)

Vol. 19 Ch. 204

အခန်း (၂၀၄)

Vol. 19 Ch. 204

📝အပိုင်း - ၂၀၄

ဘာသာပြန် - Na Gar🐉

ချန်ဆန်းရှီအတွက်မူ ထိုပန်းမှာ အသုံးမဝင်သော်လည်း အလကားရသည့်အရာကို သူ အလွတ်မပေးလိုသဖြင့် ကောက်ယူသိမ်းဆည်းထားလိုက်သည်။ လော့ထျန်းတောင်တန်း၏ နက်ရှိုင်းသောနေရာများတွင် ရတနာများစွာ ရှိနေသည်မှာ အမှန်ပင်။

နောက်တစ်ကြိမ် သူပြန်လာလျှင် အဆိပ်သားရဲတစ်ကောင်ကို သတ်ပြီး ၎င်း၏ အကြောကိုယူကာ သံမဏိအူတိုင်လေးကို အပြီးသတ် ဖန်တီးရမည်။ သို့သော် လေးကြိုးတင်းအား ကောင်းရုံဖြင့် မလုံလောက်သေးပေ။ ဟွာကျင်းအကြီးစားအောင်မြင်မှု့အထက်ရှိသော သိုင်းပညာရှင်များအတွက် ထိုမျှနှင့် သေစေနိုင်လောက်သော အစွမ်းမရှိနိုင်ပါ။ အဆင့်မြင့် သိုင်းပညာရှင်တိုင်းမှာ ပေါင်သောင်းချီ၊ သိန်းချီသော ခွန်အားများ ရှိကြသည်မဟုတ်ပါလော။ ရန်သူကသာ သတိထားမိလျှင် အလွယ်တကူပင် ပယ်ဖျက်နိုင်မည်ဖြစ်သည်။

အခုနက သားရဲပင်လျှင် မြားကို ဖမ်းနိုင်သေးသည်ဆိုပါက သိုင်းပညာရှင်တစ်ယောက်အတွက်မူ ပြောနေစရာပင် မလိုတော့ပေ။ ဤသည်မှာလည်း အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်တွင် လေးပစ်အတတ်ကို စွဲစွဲလန်းလန်း လုပ်ဆောင်သူ အလွန်နည်းပါးသွားရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

အကယ်၍ စွမ်းအားကို သိုလှောင်ပေးနိုင်သော မသေမျိုးရတနာ သဘာဝပစ္စည်းတစ်ခုခုသာ ရှိခဲ့လျှင် မြားတစ်စင်းချင်းစီတိုင်းမှာ ကျင်းစွမ်းအားတွေ ပါဝင်နေမည်ဖြစ်သည်။ ကျင်းစွမ်းအား ပိုပြင်းလေလေ၊ ခုခံဖို့ ပိုခက်လေလေ ဖြစ်ပေလိမ့်မည်။ သူသည် စာအုပ်များတွင် ဆက်လက်ရှာဖွေပြီး ကုန်ကြမ်းပစ္စည်းများကို သုတေသနပြုရန် လိုအပ်နေသေးပုံရသည်။

"တောင်ပေါ်က ဆင်းမယ်"

အပြန်လမ်းတွင် ချန်ဆန်းရှီသည် အသုံးမဝင်သော အဆိပ်သားရဲများစွာနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး တစ်ကောင်မကျန် ရှင်းလင်းပစ်ခဲ့သည်။ သူ၏ မနားမနေ လေ့ကျင့်မှုများကြောင့် သိုင်းပညာတွင် ကျွမ်းကျင်မှု ပိုမိုတိုးတက်လာခဲ့သည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (အခြေခံအဆင့်)]

[တိုးတက်မှု့ - ၆၅ / ၅၀၀]

သူ၏ လေးပစ်စွမ်းရည်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

[စွမ်းရည် - လေးပစ်အတတ် (အကြီးစားအောင်မြင်မှု့)]

[တိုးတက်မှု့ - ၇၅၀ / ၂၀၀၀]

လော့ထျန်းတောင်တန်းမှ သူပြန်ထွက်လာချိန်တွင် နောက်တစ်နေ့ နံနက်အစောပိုင်းသို့ ရောက်နေပြီဖြစ်ကာ တောင်ပေါ်တွင် သုံးရက်နှင့် သုံးည ကြာမြင့်ခဲ့သည်။

"ရှောင်ရှင်း"

ချန်ဆန်းရှီက တောင်အောက်ခြေမှ လှမ်းခေါ်လိုက်ရာ မြင်းဖြူလေးမှာ ချက်ချင်းပင် ရောက်ရှိလာတော့သည်။

သူသည် နားကြွက် ကို သယ်ဆောင်ပြီး မြို့ထဲသို့ ဝင်လိုက်သည်နှင့် နေရာအနှံ့တွင် ကပ်ထားသော ဖမ်းဝရမ်းများကို တွေ့လိုက်ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မိစ္စာဂိုဏ်းကလှုပ်ရှားခဲ့ပြီး ဂိုဏ်းသားငါးဆယ်ကျော်ကို သတ်ဖြတ်ခဲ့သည်။ ယင်ဟန်ဝမ် သေဆုံးမှုမှာလည်း အတော်လေး ဂယက်ရိုက်နေသည်။ ယင်ဟန်ဝမ်သည် မည်မျှပင် အသုံးမကျပါစေ သိုင်းသူတော်စင် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည်။ ထို့ပြင် သူ၏ဖခင်မှာလည်း နန်းတွင်း၌ အဆင့် (၂) ရှိသော အမတ်ကြီးတစ်ဦးဖြစ်သဖြင့် ဤအမှုမှာ သေချာပေါက် အမှုကြီးအမျိုးအစား ဖြစ်နေသည်။

"ဟန်ဝမ်..."

ချောင်ဖန်သည် ဖြူလျော့နေသော အလောင်းကို ကြည့်ရင်း သူ၏လက်ဖြင့် မျက်ခွံကို အသာအယာ ပိတ်ပေးလိုက်ကာ တည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။

"ဒါကို ဘယ်သူလုပ်တာလဲ"

"သခင်လေးကို တင်ပြရရင်..." အလောင်းစစ်ဆေးသူက ဦးညွှတ်ကာ ဆိုသည်။ "သူတို့ရဲ့ နှလုံးသားတွေက အစိတ်စိတ်အမွှာမွှာ ဖြစ်နေပါတယ်။ ဒဏ်ရာတွေအရဆိုရင် မိစ္စာဂိုဏ်းက နှလုံးသွေးကို ယူဖို့အသုံးပြုလေ့ရှိတဲ့ ဝရဇိန်လက်နက်ပဲ ဖြစ်ရပါမယ်။ ဒါက သေချာသလောက်ပါပဲ။"

"မိစ္စာဂိုဏ်း..."

ချောင်ဖန်၏ လက်သီးများမှာ တင်းတင်းဆုပ်ထားသဖြင့် ဖြူဖျော့နေသည်။ "ဗိုလ်ချုပ်ရှာ... ခင်ဗျား ဘယ်လိုထင်လဲတခြားလူ ဖြစ်နိုင်သေးလား"

"မိစ္စာဂိုဏ်းပဲ ဖြစ်မှာပါ မမှားနိုင်ဘူး" ရှာဝမ်လုံက မျက်မှောင်ကြုတ်လျက် ဆိုသည်။ "အလောင်းတွေအရဆိုရင် ဝေကုန်းနဲ့ သခင်လေးယင်တို့ဟာ ဘာမှပြန်မခုခံနိုင်ဘဲ သေဆုံးခဲ့တာပါ။ လျန်ကျိုးမြို့မှာ ဒီလိုစွမ်းဆောင်နိုင်တာဆိုလို့ ပုန်းအောင်းနေတဲ့ မိစ္စာဂိုဏ်းသားတွေပဲ ရှိပါတယ်"

ချောင်ဖန် တိတ်ဆိတ်သွားသည်။ သူသည် တခြားလူတွေကို သံသယဝင်ခဲ့ဖူးသည်။ ဥပမာ - ချန်ဆန်းရှီ ချန်ဆန်းရှီမှာ လုပ်ဆောင်ဖို့ အကြောင်းပြချက်ရှိသော်လည်း စွမ်းရည်မရှိပေ။ အတွင်းအားသန့်ဆင်ခြင်းအဆင့်အကြီးစားအောင်မြင်မှု့လေးက မဟာသွေးကြောအဆင့်ကို ဘယ်လိုလုပ်ပြီး ပြန်မခုခံနိုင်အောင် သတ်နိုင်မှာလဲ လက်ရှိအခြေအနေအရဆိုလျှင် တိုက်ခိုက်သူမှာ အနည်းဆုံး နက်နဲပုံရိပ်အဆင့် ရှိရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုအဆင့်ရှိမှသာ မဟာသွေးကြောအဆင့်မြင့်ပညာရှင်ကို အလွယ်တကူ သတ်နိုင်သောကြောင့်ဖြစ်သည်။

"ဟန်ဝမ်... ငါ မင်းအတွက် လက်စားချေပေးမယ်"ချောင်ဖန်၏ မျက်လုံးများမှာ မှောင်မိုက်သွားသည်။

"မင်းသားလေး... သခင်လေး သေဆုံးသွားတာကို ကျွန်တော်လည်း ဝမ်းနည်းပါတယ်" ဟု ရှာဝမ်လုံက ဆိုသည်။ သူ၏ မိသားစုမှာ မျိုးဆက်အလိုက် ယင်မိသားစု၏ ကျေးဇူးကို ခံယူခဲ့သူများ ဖြစ်သည်။ "ဒါပေမဲ့ အခုက ဝမ်းနည်းနေရမယ့်အချိန် မဟုတ်ဘူး။ နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ မင်ပြည်နယ် ကိုသွားပြီး ပုန်ကန်သူတွေကို နှိမ်နင်းရမှာပါ။ ဒီတာဝန်က စစ်တပ်မှာ အာဏာတည်ဆောက်ဖို့အတွက် အရေးကြီးပါတယ်"

"စိတ်ချပါ ဗိုလ်ချုပ်ရှာ... ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို ဒီမတော်တဆမှုက မတုန်လှုပ်စေရပါဘူး" ချောင်ဖန်က ပြန်ပြောသည်။

"ဒီစစ်ဆင်ရေးမှာ ဗိုလ်ချုပ်ရဲ့ အားကိုးမှုကို မျှော်လင့်ပါတယ်"

"စိတ်ချပါ မင်းသားလေး"

ရှာဝမ်လုံက တည်ငြိမ်စွာ ဆိုသည်"မင်ပြည်နယ်ထဲ ရောက်တာနဲ့ ကျွန်တော် ကွပ်ကဲမှုကို ယူမယ်၊ ပြီးရင် မိုးကောင်းကင်ဝံပုလွေ တပ်စခန်း ရဲ့ အမိန့်ပေးပိုင်ခွင့်ကို မင်းသားလေးလက်ထဲ အပ်ဖို့ အခွင့်အရေး ရှာပါ့မယ်။ အောင်မြင်မှုအားလုံးက မင်းသားလေးအတွက်ပဲ ဖြစ်စေရမယ်"

စစ်မြေပြင်တွင် အောင်မြင်မှုရရှိရန် ရန်သူ့ဗိုလ်ချုပ်ကို သတ်ရန် မလိုအပ်ပေ။ စီမံခန့်ခွဲမှုက ပို၍အရေးကြီးသည်။ ရန်သူ့ဗိုလ်ချုပ်ကို သတ်ခြင်းမှာ စစ်ပွဲအောင်နိုင်ဖို့ လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှာ"

သွေးများပေကျံနေသော ချန်ဆန်းရှီသည် နားကြွက်ကို ကိုင်ဆောင်ကာ အိမ်သို့ ပြန်ရောက်လာသည်။

"ချစ်စရာလေးပဲ... ဒါက ဘာလဲ သခင်ကြီး"စီချင်က သနားစဖွယ် မေးသည်။

"နားကြွက်" ချန်ဆန်းရှီက ထိုအကောင်ကို မီးဖိုချောင်ထဲ ပစ်ပေးလိုက်သည်။ "အရေခွံခွာလိုက်၊ ပြီးရင် နှလုံးကိုထုတ်ပြီး ဒီည ငါစားဖို့အတွက် အနည်းငယ်အကျက်လေး ချက်ပေးပါ။ ကျန်တဲ့အသားတွေကိုလည်း ချက်လိုက်တော့"

"ဟုတ်ကဲ့ပါ သခင်ကြီး" စီချင်က ဓားကိုကိုင်ကာ စတင်လုပ်ဆောင်တော့သည်။

"ဘာလို့ ဒီလောက် ဆူညံနေတာလဲလို့ ကြည့်တာ... မောင်လေး ပြန်လာတာကိုး" ရုံယန်ချိုးရောက်လာသည်။

"ကိုးယောက်မြောက် စီနီယာအမ ဒီအချိန်အတောအတွင်း ကျွန်တော့်ဇနီးကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်" ချန်ဆန်းရှီက "ခရမ်းရောင်အအေးပန်း" ကို ထုတ်ပေးရင်း ပြောလိုက်သည်။ "ဒီပန်းက..."

"ဟဲ့~" ရုံယန်ချိုးက သူ့ကို စိုက်ကြည့်လိုက်သည်။ "ဒါကို ဘယ်သူ့ကို ပေးမလို့လဲ"

ချန်ဆန်းရှီ ချက်ချင်း သဘောပေါက်သွားသည်။ ခရမ်းရောင်အအေးပန်းမှာ အအေးဓာတ်ရှိသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အန္တရာယ်ရှိကာ ကိုယ်ဝန်ပျက်ကျစေနိုင်သည်။

သူသည် ဒုတိယဝင်းထဲတွင် ဓားလေ့ကျင့်နေသော ဆွန်လီ ကို သွားရှာလိုက်

သည်။ "စီနီယာအမဆွန်... ကျွန်တော့်မှာ အမအတွက် လက်ဆောင်ရှိတယ်"

"ဟင်"ဆွန်လီ လေ့ကျင့်နေသည်ကို ရပ်လိုက်သည်။

"ခရမ်းရောင်အအေးပန်းပါ။ ဒါကို ကြိတ်ပြီး ရေနဲ့ရောပြီး အသားအရေမှာ လိမ်းပေးရင် အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်" ချန်ဆန်းရှီက ဆိုသည်။ "ယွမ်ကျိုးကနေ လာတဲ့လမ်းတစ်လျှောက် အမလန်ကို စောင့်ရှောက်ပေးခဲ့လို့ အခုမှ ကျေးဇူးတင်စကား ပြောခွင့်ရတာပါ"

"အင်း..." ဆွန်လီက ပန်းကိုယူကာ နမ်းကြည့်လိုက်သည်။

"အနံ့လေးက တော်တော်မွှေးသားပဲ"

"အမကြိုက်တယ်ဆိုရင် ဝမ်းသာပါတယ်" ချန်ဆန်းရှီမှာ စကားဆက်ပြောဖို့ အချိန်မရှိပေ။ သူသည် စီချင်ကို နီရောင်လက်မျှော်စင်မှ စားဖိုမှူးကို ခေါ်

ခိုင်းကာ စီနီယာအမနှစ်ယောက်ကိုကောင်းကောင်းကျွေးမွေးရန် ညွှန်

ကြားလိုက်သည်။ ထို့နောက် နားကြွက်နှလုံးကို စားကာ သူ၏ ကျင့်ကြံခြင်းကို မနားတမ်း ဆက်လက်လုပ်ဆောင်လေတော့သည်။

နောက်တစ်နေ့ နံနက်အစောပိုင်း...

အိမ်ရှေ့တံခါးကို တစ်စုံတစ်ယောက်က အသာအယာ ခေါက်လိုက်သည်။ ချန်ဆန်းရှီသည် အလုပ်သွားရန်ပြင်ဆင်နေချိန်ဖြစ်သဖြင့် တံခါးကို ကိုယ်တိုင်သွားဖွင့်လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

All Chapters