အခန်း (၂၀၅)
Vol. 19 Ch. 205
📝အပိုင်း - ၂၀၅
ဘာသာပြန် - Na Gar🐉
ရောက်လာသူမှာ ချိုးမင်ကျီပင် ဖြစ်သည်။ ၎င်းကိုယ်တိုင် ရောက်လာခြင်း ဖြစ်သည်။
"အနန္တကောင်းချီးမင်္ဂလာများ ပြည့်စုံပါစေ၊ ကောင်းကင်ဘုံအရှင်သခင်"
ချိုးမင်ကျီသည် လက်ထဲတွင် သားမြီးယပ်တောင်ကို ကိုင်ဆောင်ထားရင်း ပြုံးလျက် နှုတ်ဆက်လိုက်သည်။ "သခင်လေးချန်... မတွေ့ရတာ ကြာပြီနော်"
"တကယ်ကို ကြာသွားပြီပဲ၊ ဆရာကြီး" ချန်ဆန်းရှီကလည်း အလိုက်သင့်ပင် ပြန်ပြောလိုက်သည်။ "ဆရာကြီး အခုလို ရောက်လာတာ ဘာကိစ္စများရှိလို့လဲခင်ဗျာ"
"မကြာသေးခင်က ကျွန်တော် တရားပွဲတွေအတွက် ဖိတ်စာအကြိမ်ကြိမ် ပို့ခဲ့ပေမဲ့ သခင်လေးက စစ်တပ်တာဝန်တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် မလာနိုင်ခဲ့ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်က နှောင့်ယှက်ဖို့ လာတာမဟုတ်ပါဘူး၊ လက်ဆောင်လေးတစ်ခု ပေးချင်လို့ပါ"
ချိုးမင်ကျီသည် သူ၏ ဝတ်ရုံအကျယ်ကြီးထဲမှ အမွှေးနံ့သာအိတ်တစ်
အိတ်ကို ထုတ်ယူလိုက်ပြီး "သခင်လေးချန်... ပြီးခဲ့တဲ့အကြိမ်က အမွှေးတိုင်တွေ လှူဒါန်းခဲ့ပေမဲ့ ကျွန်တော့်ဘက်က တုံ့ပြန်ဖို့ အခွင့်အရေး မရသေးဘူး။ အခု မင်းရဲ့ဇနီးမှာ ကိုယ်ဝန်ရှိနေပြီလို့ ကြားတာနဲ့ ဝိညာဉ်ကို ကြည်လင်စေပြီး သန္ဓေသားကို စောင့်ရှောက်ပေးတဲ့ အဆောင်တစ်ခုကို ကျွန်တော် ကိုယ်တိုင် ပြုလုပ်ခဲ့ပါတယ်။ ဒါလေးကို လက်ခံပေးပါဦး"
"ကောင်းပါပြီ" ချန်ဆန်းရှီက အမွှေးနံ့သာအိတ်ကို ယူလိုက်သည်။
"နောက်ပြီးတော့ ကျွန်တော့်ရဲ့ အစ်ကို... လက်ရှိ စီယွင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဟာ ခရီးလှည့်လည်ရာကနေ ထူးခြားတဲ့ အသိအမြင်တွေနဲ့ ပြန်ရောက်လာပါတယ်။ သူက အားလုံးအတွက် တရားဟောကြားပြီး သံသယတွေကို ဖြေရှင်းပေးဖို့ ပြင်ဆင်နေတယ်။ သခင်လေးချန်လည်း တက်ရောက်နိုင်ရင် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒါက မင်းအတွက် အကျိုးရှိစေမှာပါ။ ဒါပေမဲ့ သွားဖို့၊ မသွားဖို့ကတော့ မင်းသဘောပါပဲ။ ကျွန်တော်က သိအောင် ပြောပြရုံသက်သက်ပါ"
ပြောပြီးသည်နှင့် ချိုးမင်ကျီသည် ထုံးစံအတိုင်း နှုတ်ဆက်ပြီး ထွက်ခွာသွားလေတော့သည်။
အမွှေးနံ့သာအိတ်ထဲရှိ အမွှေးအကြိုင်များနှင့် ဆေးဘက်ဝင်အပင်များမှာ ဝိညာဉ်ကို ကြည်လင်စေပြီး သန္ဓေသားကို စောင့်ရှောက်ပေးသည့် ဂုဏ်သတ္တိရှိသည်မှာ အမှန်ပင်။ သို့သော် ဝိညာဉ်အားဖြည့်ဆေးရည် ကဲ့သို့ပင်၊ ၎င်းထဲတွင် တခြားအရာတစ်ခုခုနှင့် ရောနှောထားသည်။
ချန်ဆန်းရှီသည် ဒေါသကြောင့် သွေးဆူသွားရသည်။ သူသည် ထိုကဲ့သို့သော အဓိပ္ပာယ်မရှိသည့် တရားပွဲများကို တက်မည်မဟုတ်သလို၊ ယခုမူ သူတို့က သူ၏အိမ်ကိုပင် ပစ်မှတ်ထားကာ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမလန် ကို တိုက်ခိုက်ရန် ကြံစည်လာကြသည်။ အလွန်ပင် ရဲတင်းလွန်းလှသည်။
"ဝုန်း—"
ချန်ဆန်းရှီသည် အမွှေးနံ့သာအိတ်ကို မီးဖိုချောင်ထဲရှိ မီးထဲသို့ ပစ်ထည့်လိုက်ရာ ၎င်းမှာ ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။
ဤအဆောင်မှာ သူ တစ်ခုခု ထူးခြားသည်ကို သတိထားမိခြင်း ရှိ၊ မရှိ စမ်းသပ်ခြင်း ဖြစ်နိုင်ကြောင်း သူ သိနေသည်။ သို့သော်ငြားလည်း ၎င်းကို သိမ်းမထားသင့်ပေ။ ထိုအရာကို သိမ်းထားခြင်းကြောင့် မည်မျှ ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပေ။
စီယွင်ဘုရားကျောင်း..
ချန်ဆန်းရှီအနေဖြင့် ဤဘုရားကျောင်း၏ အတိမ်အနက်ကို စုံစမ်းရန် နည်းလမ်းတစ်ခု ကြံစည်ရမည်။
တစ်ခါတစ်ရံတွင် မြွေကို ထွက်လာအောင် ခြောက်လှန့်လိုက်ခြင်းက မကောင်းသောအရာ မဟုတ်ဘဲ နည်းဗျူဟာတစ်ခု ဖြစ်နိုင်သည်။ အထူးသဖြင့် သူသည် ပစ်မှတ်ထားခံနေရသော အခြေအနေမျိုးတွင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက မင်ပြည်နယ်သို့ စစ်ထွက်ရမည်ဖြစ်ပြီး အနည်းဆုံး ရက်ပေါင်းတစ်ရာကျော်၊ တစ်နှစ်ခွဲခန့် ကြာနိုင်ရာ ဇနီးနှင့် သားသမီးကို ထားခဲ့သည့်အခါ သူ ဘယ်လိုမှ စိတ်အေးနိုင်မည် မဟုတ်ပေ။
ဤအတွေးများကို ခေတ္တဘေးဖယ်ထားလိုက်သည်။ ချန်ဆန်းရှီသည် အိပ်ဆောင်သို့ ပြန်ကာ စီချင်၏ အကူအညီဖြင့် သံချပ်ကာကို ဝတ်ဆင်
လိုက်သည်။ ထို့နောက်မြင်းဖြူကို စီးကာ တပ်စခန်းသို့ သတင်းပို့ရန် ထွက်ခွာခဲ့သည်။
စခန်းသို့ ရောက်သောအခါ သူအကြောင်းကြားစာကို ရရှိခဲ့သည်။ နောက်သုံးရက်အကြာတွင် မင်ပြည်နယ်ရှိ ပုန်ကန်နေသော မျက်ခုံးနီတပ်ကို နှိမ်နင်းရန် စစ်ချီရမည် ဖြစ်သည်။
ဤစစ်ဆင်ရေးတွင် လျန်ကျိုးမှ စစ်သည်လေးသောင်း ပါဝင်မည် ဖြစ်သည်။ ထိုတပ်ဖွဲ့များထဲတွင် အရန်တပ်စခန်း ၊ မိုးကောင်းကင်ဝံပုလွေ တပ်စခန်း နှင့်အတူ လျန်ကျိုးမှ အထူးလေ့ကျင့်ထားသော မြို့စောင့်စစ်သည် နှစ်သောင်း ပါဝင်သည်။ မိုးကောင်းကင်ဝံပုလွေတပ်စခန်းနှင့် အရန်တပ်စခန်းတို့၏ ဗိုလ်ချုပ်များမှာ အသစ်ခန့်အပ်ထားသူများ ဖြစ်
သောကြောင့် ဗိုလ်ချုပ်ကျောက် ကို ဤစစ်ဆင်ရေး၏ ဦးဆောင်သူအဖြစ် ခန့်အပ်လိုက်သည်။
လူကျိီနှင့် တခြားလူများမှာမူ လူရိုင်းများ၏ ကျူးကျော်မှုကို ကာကွယ်ရန် လျန်ကျိုးတွင် ကျန်ရစ်ခဲ့ရမည်။
"စုရုံးကြ" စစ်ခရာသံ ဟိန်းထွက်လာသည်။
သိုင်းကွင်းကြီးတွင် အရန်တပ်စခန်း၏ ဒု-ဗိုလ်ချုပ်ဖြစ်သော်လည်း လက်တွေ့တွင် အဓိကဗိုလ်ချုပ်ဖြစ်သူက တိုက်ပွဲမဝင်မီ စိတ်ဓာတ်မြှင့်တင်ရေး စကားများကို စတင်ပြောကြားသည်။ သူ၏အမည်မှာ ယွမ်တိုက် ဖြစ်ပြီး ယူပြည်နယ်မှ ပြောင်းရွှေ့လာသူ ဖြစ်သည်။ သူသည် နက်နဲပုံရိပ်အစောပိုင်းအဆင့်တွင် ရှိကာ လက်ထဲတွင် ရှစ်ပေရှည်သော မြွေလှံတစ်စင်းကို ကိုင်ဆောင်ထားသည်။ သူ၏ ရုပ်ရည်မှာ သပ်ရပ်ပြီး အရပ်ရှည်သော်လည်း အလွန်အမင်း ကြီးမားခြင်းမျိုးတော့ မဟုတ်ပေ။
သူတို့ အရန်တပ်စခန်း၏ အဓိကတာဝန်မှာ ကူညီပံ့ပိုးပေးရန်ဖြစ်ပြီး မိုးကောင်းကင်ဝံပုလွေတပ်စခန်းက အဓိက တိုက်စစ်ကို တာဝန်ယူရမည် ဖြစ်သည်။
မိန့်ခွန်းပြောကြားပြီးနောက် တာဝန်ရှိသူများက စစ်သည်တိုင်းကို ငွေကြေး၊ အဝတ်အထည်၊ ရိက္ခာနှင့် အပိုဆောင်း အားဖြည့်ဆေးများကို ဝေငှပေးလိုက်ပြီး မိသားစုဝင်များကို ကြိုတင်နှုတ်ဆက်ထားရန် အကြံပြုလိုက်ကြသည်။
"ရွှီဝမ်ချိုင်၊ ဝမ်လီ၊ ရွှီဘင်၊ ဖန်းယုံ... မင်းတို့ ငါ့နောက် လိုက်ခဲ့ကြ"
ချန်ဆန်းရှီက သူတို့အမည်ကို ခေါ်ကာ တဲအတွင်းသို့ ဝင်ခဲ့သည်။ ထောင်စုမှုးတစ်ယောက်အနေဖြင့် သူသည် ကိုယ်ပိုင်တဲ ရှိသော်လည်း အနည်းငယ် သေးငယ်သည်။ တဲအတွင်း၌ မြေပုံများနှင့် သဲမြေပုံများမှာ အသင့်ပြင်ဆင်ပြီးသား ဖြစ်ကာ၊ ပညာရှိအိုကြီးက ကြိုတင်စီစဉ်ပေးထားခြင်း ဖြစ်သည်။
"ကဲ... ပြောကြစမ်း၊ ဘာအတွေးအမြင်တွေ ရှိကြလဲ"ချန်ဆန်းရှီက သူ၏ လက်အောက်ငယ်သားများထဲမှ ဉာဏ်ရည်ထက်မြက်သူများကို ခေါ်မေးလိုက်သည်။
သူသည် သခင်ကြီးဟောက် ၏ စကားကို နားထောင်ပြီးနောက် အားသည့်အခါတိုင်း မြေပုံများကို လေ့လာခဲ့ရာ မင်ပြည်နယ်၏ အခြေအနေမှာ အတော်လေး ထူးဆန်းနေသည်ကို သတိထားမိသည်။ သူသည် ဗျူဟာအကြီးကြီးကို မကွပ်ကဲနိုင်သော်လည်း အခြေအနေကိုမူ သိထားရန် လိုအပ်သည်။ တစ်ခုခုဖြစ်လာပါက ဗိုလ်ချုပ်ကျောက်ထံသို့ သွားရောက် ရှင်းလင်းတင်ပြနိုင်ရန် ဖြစ်သည်။
"ဗိုလ်ချုပ်... ကျွန်တော်က ပညာမပြည့်စုံပေမဲ့ လျန်ကျိုးကို လာတုန်းက အစ်ကိုဖန်နဲ့ မင်ပြည်နယ် အခြေအနေကို ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါကြောင့် မျှဝေချင်တဲ့ အမြင်အချို့ ရှိပါတယ်။ တပ်ဖြန့်မှုကနေပဲ စပြောရအောင်"
ရွှီဝမ်ချိုင်သည် လက်ထဲတွင် ငှက်မွှေးယပ်တောင်ကို ကိုင်ဆောင်ရင်း သဲမြေပုံပေါ်တွင် အမူအရာပြကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ "မင်ပြည်နယ်ဟာ ယန်ပြည်နယ်ရဲ့ အလွန်မှာ တည်ရှိပြီး ရှန်မင်းဆက် ရဲ့ အနောက်ဘက် အစွန်ဆုံးဒေသ ဖြစ်ပါတယ်။ အစိုးရဘက်က စစ်သည် ရှစ်သောင်းရှိပြီး ပုန်ကန်သူတွေက နှစ်သောင်း ရှိပါတယ်"
"ဗိုလ်ချုပ် တုန်အန်း က မင်ပြည်နယ်ရဲ့ အနောက်ဘက် နယ်စပ်မှာရှိပြီး အနောက်ချီနိုင်ငံက စစ်သည်သောင်းချီကို ရင်ဆိုင်နေရပါတယ်"
"မျက်ခုံးနီတပ်ဟာ ယန်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးက မေရှန်းတောင် အနီးမှာ ရှိပါတယ်။ သူတို့က နယ်စပ်မှာ ရန်သူ့ခြိမ်းခြောက်မှုတွေရှိနေပြီး ဗဟိုပိုင်း အားနည်းနေတဲ့ အခွင့်အရေးကိုယူပြီး ပုန်ကန်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့လကုန်မှာတင် သူတို့က မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အင်အား သုံးသောင်းအထိ တိုးချဲ့နိုင်ခဲ့ပါတယ်"
"လောလောဆယ်မှာ သူတို့က ရွှေစမ်းရေမြို့ဝန်းကျင်မှာ ရပ်တန့်နေပြီး အခြေအနေက ယာယီ တည်ငြိမ်နေပါတယ်။ ဗိုလ်ချုပ်တုန်က စစ်သည် သုံးသောင်းပဲ ပုန်ကန်မှုနှိမ်နင်းဖို့ ခွဲထုတ်နိုင်ခဲ့ပါတယ်။ အင်အားမလုံလောက်လို့ စစ်ဝန်ကြီးဌာနက စစ်သည် လေးသောင်းကို အကူအညီအဖြစ် စေလွှတ်ပေးခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ဆုံးရှုံးသွားတဲ့ နယ်မြေအားလုံးကို ပြန်ယူဖို့နဲ့ ပုန်ကန်သူခေါင်းဆောင် လျန်ကျိနျန် ကို သတ်ဖို့ ဖြစ်ပါတယ်"
သူက အခြေအနေကို အကျဉ်းချုပ် တင်ပြလိုက်သည်။
လျန်ကျိုးသို့ ရောက်ပြီးနောက် ဖန်ချင်းယွမ်သည် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ ယခုအခါ ရွှီဝမ်ချိုင်၏ အမြင်များမှာ သိသိသာသာ ကျယ်ပြန့်လာပြီး ကမ္ဘာ့စစ်အင်အားစုများအပေါ် နားလည်မှုမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။
ချန်ဆန်းရှီသည် နက်ရှိုင်းသော အကြည့်များဖြင့် သဲမြေပုံရှေ့တွင် ရပ်နေသည်။ "ရွှီအိုကြီး... ဘာမှ ဖုံးမထားနဲ့။ မင်း စကားမဆုံးသေးတာ ငါသိတယ်။ ဆက်ပြောစမ်း။"
သူသည် ခေါင်းကို ခါယမ်းလိုက်သည်။ ဤစာပေပညာရှင်အိုကြီးမှာ သူ၏အထက်လူကြီးထက် ပိုသိနေမှာကို စိုးရိမ်ပြီး သတိထားကာ ပရိယာယ်များ သုံးနေဆဲပင် ဖြစ်သည်။
"ဗိုလ်ချုပ်က ပညာရှိပါတယ်၊ သဲလွန်စတွေကို သတိထားမိပြီးသား ဖြစ်မှာပါ၊ ဒါကြောင့် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်"
ရွှီဝမ်ချိုင်သည် မြှောက်ပင့်စကားဖြင့် စတင်လိုက်ပြီးနောက် ဆက်
ပြောသည်"စစ်သည် နှစ်သောင်းတည်းကို သုံးပြီး ပုန်ကန်သူတွေဟာ မြို့ခြောက်မြို့ကို နှစ်လ၊ သုံးလအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်။ မင်
ပြည်နယ်ရဲ့ ဗဟိုပိုင်းက အင်အားနည်းနေရင်တောင်မှ ဒီလိုမျိုး မဖြစ်
သင့်ဘူးလေ"