← Chapters

အခန်း (၂၀၇)

Vol. 19 Ch. 207

အခန်း (၂၀၇)

Vol. 19 Ch. 207

📝အပိုင်း - ၂၀၇

ဘာသာပြန် - Na Gar🐉

ဘာလို့လဲဆိူတော့ အနောက်ချီနိုင်ငံက ဘာကိုစောင့်နေသည်ဆိုသည်ကို သူ အမှန်တကယ်ပင် မသိသောကြောင့်ဖြစ်သည်။ ဤကဲ့သို့ အကြီးစားစစ်ပွဲတစ်ခုသည် ထောင်စုမှူးတစ်ယောက်၏ ခံစားချက်အပေါ်တွင်သာ အခြေခံ၍ မရပေ။ လက်ရှိစစ်ရေးပြစီမံကိန်းမှာ သီအိုရီအရ ပြဿနာမရှိသဖြင့် တစ်ဆင့်ချင်းစီသာ သတိထားလုပ်ဆောင်သွားရန် ရှိတော့သည်။

"ဒါဆိုရင် ကျွန်တော် ကိုခွင့်ပြုပါဦး"

ချန်ဆန်းရှီသည် တဲအတွင်းမှ ထွက်လာခဲ့သည်။

သူသည် ဟိုဟိုဒီဒီ သွားလာနေကြသော စစ်သည်များကို ကြည့်ရင်း စိတ်ထဲတွင် စစ်ပွဲနီးလာပြီဖြစ်ကြောင်း ခံစားလိုက်ရကာ စိတ်မကောင်းဖြစ်မိသည်။ ဤခေတ်ကာလတွင် လောကကြီးမှာ အမှန်တကယ်ပင် ရှုပ်ထွေးလွန်းလှသည်။ သို့သော် မထွက်ခွာမီ သူလုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စတစ်ခု ရှိသေးသည်။

၎င်းမှာ စီယွင်ဘုရားကျောင်း မှ တာအိုဆရာများပင် ဖြစ်သည်။ သူတို့၏ အစစ်အမှန်ခွန်အားနှင့် ရည်ရွယ်ချက်ကို အကဲစမ်းရန်နှင့် သူတို့ကို အရင်ဆုံး ရှင်းလင်းရန် အစီအစဉ်တစ်ခု သူဆွဲရမည်။

နောက်တစ်နေ့၊ စီယွင်ဘုရားကျောင်းရှိ ဆိတ်ငြိမ်သော ဥယျာဉ်ဆောင်တစ်ခုတွင်...

မျက်နှာနီမြန်းသော အသက်လတ်ပိုင်း တာအိုဆရာတစ်ဦးသည် မျက်လုံးမှိတ်ကာ တရားမှတ်နေသည်။ နွေဦးလေညင်းသည် သူ၏ရင်ဘတ်အထိ ရှည်လျားသော မုတ်ဆိတ်ဖြူကြီးများနှင့် ကျယ်ဝန်းသော တာအိုဝတ်ရုံကို လွင့်ခါနေစေသည်။ ဤသူမှာ စီယွင်ဘုရားကျောင်း၏ လက်ရှိကျောင်းထိုင် ယွီရွှီဇီပင် ဖြစ်သည်။

ချိုးမင်ကျီရောက်ရှိလာပြီး သူ၏တရားမှတ်ခြင်းကို နှောင့်ယှက်လိုက်

သည်။ အတန်ကြာမှ ယွီရွှီဇီသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး "ညီလေး... ပြန်လာပြီလား"

"အစ်ကိုကြီး"ချိုးမင်ကျီက စတင်ပြောကြားသည်။

"ဟို ချန်ဆိုတဲ့ ကောင်လေးဆီကို အဆောင် ပေးခဲ့ပြီးပြီ။ အခြေအနေ ဘယ်လိုလဲ"

"ငါ့ရဲ့ ဂူကောင်က ဘာတုံ့ပြန်မှုမှ မရှိဘူး" ယွီရွှီဇီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"သူ အဲဒါကို လွှင့်ပစ်လိုက်တာ ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်တာ ဖြစ်ရမယ်"

"ဒါကြောင့် သူက ငါတို့ရဲ့ တရားပွဲဖိတ်စာတွေကို အကြိမ်ကြိမ် ငြင်းနေတာကိုး။ ဒီကောင်လေး တစ်ခုခုကို သတိထားမိနေပြီထင်တယ်" ချိုးမင်ကျီက ထူးဆန်းသလို ခံစားနေရသည်။ "ဒါပေမဲ့ ဝိညာဉ်အားဖြည့်ဆေးရည်ထဲက ပါဝင်ပစ္စည်းက လူ့လောကကအရာ မဟုတ်ဘူးလေ။ သူ ဘယ်လို သိသွားတာလဲဆွန်ဒူရှန်များလား... အစ်ကိုကြီး၊ ဒါက အရေးကြီးတဲ့ ကိစ္စပဲ။ ငါတို့ ဘာဆက်လုပ်ကြမလဲ"

"ငါတို့ ထပ်ပြီး အကဲစမ်းကြည့်မယ်။ တကယ်လို့ မရရင်တော့ သူ့ကို သတ်ဖို့ အခွင့်အရေး ရှာရမှာပဲ" ယွီရွှီဇီက အေးစက်စွာ ဆိုသည်။

"သူက အတွင်းအားသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ၊ ငါကတော့ မဟာသွေးကြောအဆင့် ကို ရောက်နေပြီ။ သူ့ကို သတ်ရတာက လက်ဖဝါးလှန်သလောက် လွယ်ပါတယ်"

"ကျောင်းထိုင်ဆရာတော် အုပ်ချုပ်ရေးမှူး ဒုက္ခရောက်ကုန်ပြီ" သူတို့ စကားပြောနေစဉ် တာအိုဆရာလေးတစ်ဦး အလန့်တကြား ပြေးဝင်လာသည်။

"ဘာလို့ ဒီလောက် ပျာယာခတ်နေရတာလဲ"ချိုးမင်ကျီက ငေါက်လိုက်သည်။ "မြန်မြန်ပြောစမ်း"

"လျန်ကျိုးစစ်သည်တွေ လျန်ကျိုးစစ်သည်တွေ ရောက်နေတယ်"ဆရာလေးက တောင်အောက်ခြေကို ညွှန်ပြကာ ပြောသည်။

"ဟို လူကျိီဆိုတဲ့လူက ရုတ်တရက် စစ်သည်ထောင်ချီ ခေါ်လာပြီး တောင်ကို ဝိုင်းထားတယ်။ ကျွန်တော်တို့ဆီမှာ မိစ္စာဂိုဏ်းဝင်တွေကို ဝှက်ထားတယ်လို့ တိုင်ကြားစာရထားလို့ တောင်တစ်ခုလုံးကို ရှာဖွေမယ်တဲ့"

"ဘာ"

ယွီရွှီဇီသည် ချက်ချင်းထကာ သူ၏ညီငယ်နှင့်အတူ ကျောင်းတံခါးဝသို့ ထွက်လာခဲ့သည်။

ရှေ့ဆုံးတွင် တောင်ကြီးတစ်လုံးအလား ခိုင်ခံ့သော လူကျိ ရှိနေပြီး၊ သူ၏ဘေးတွင် နဂါးစိမ်းဓားကို ကိုင်ဆောင်ထားသော လူငယ်ဗိုလ်ချုပ်တစ်ဦး ပါရှိသည်။

ချောင်ဖန်သည် ဒေါသအပြည့်ဖြင့် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးနေသည်။ "အကုန်ရှာစမ်း မြေလှန်ပြီး ရှာကြ၊ ဘာတစ်ခုမှ မကျန်စေနဲ့"

"ကျောင်းထိုင်ဆရာတော်... ဒီလူက အိမ်ရှေ့စံရဲ့ သားကြီးပဲ" ချိုးမင်ကျီက တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ကျွန်တော်မျိုး သခင်လေးကို ဖူးမြင်ဖူးပါတယ်" ယွီရွှီဇီက နှုတ်ဆက်လိုက်သည်။ "သခင်လေး အခုလို ရောက်လာရတဲ့ အကြောင်းရင်းက ဘာများပါလဲ"

"မင်းတို့ မိစ္စာဂိုဏ်းနဲ့ ပူးပေါင်းနေတယ်လို့ ငါ သံသယရှိတယ်"ချောင်ဖန်က ကြိမ်းမောင်းလိုက်သည်။ "တာအိုဆရာ... လွန်ခဲ့တဲ့ သုံးရက်က မင်း ဘယ်မှာလဲမြို့ပြင်က စစ်သည်တွေကို မင်း သတ်ခဲ့တာလား"

ယွီရွှီဇီက ချက်ချင်းပင် ရှင်းပြသည်"သခင်လေး... ဒါက အထင်မှားတာပါ"

"အထင်မှားတာ ဟုတ်၊ မဟုတ်ဆိုတာ မင်းပြောရမှာ မဟုတ်ဘူး" ချောင်ဖန်က မျက်ရိပ်ပြလိုက်သည်။

ရှာဝမ်လုံသည် ရုတ်တရက် ပေါ်လာပြီး သူ၏ဓားကြီးဖြင့် လူသတ်ငွေ့များအပြည့်ဖြင့် ရက်ရက်စက်စက် ခုတ်ချလိုက်သည်။

"ချလွန်း"

ယွီရွှီဇီမှာ ထိတ်လန့်သွားကာ သူ၏ဓားကို ဆွဲထုတ်၍ အမြန်ခုခံလိုက်သော်လည်း နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားရပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။

"မင်းက မဟာသွေးကြောအဆင့် ကို ရောက်နေတာလား"လူကျိီက မေးလိုက်သည်။ "တာအိုဆရာ... ဒါရှန်မင်းဆက်ရဲ့ ဥပဒေအရ ဂိုဏ်းဝင်တွေဟာ နှစ်စဉ် သူတို့ရဲ့ အဆင့်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ စစ်ဆေးခံရမယ်။ မင်းက မဟာသွေးကြောအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ဘာလို့ သတင်းမပို့တာလဲ"

ယွီရွှီဇီက နှုတ်ခမ်းထောင့်မှ သွေးစက်များကို သုတ်လိုက်ရင်း "ဗိုလ်ချုပ်

လူ... ကျွန်တော့်ကို စွပ်စွဲတာပါပဲ။ ကျွန်တော်က အမြဲတမ်း ခရီးလှည့်လည်နေတာဖြစ်ပြီး အခုမှ အဆင့်တက်တာပါ။ သတင်းပို့ဖို့ အမြန်ပြန်လာတာဖြစ်ပေမဲ့ အခွင့်အရေး မရသေးလို့ပါ..."

"သေချာလား"လူကျိီ၏ ကြီးမားလှသော လက်ဝါးကြီးက တစ်ဖက်လူအပေါ် ဖိချလိုက်ရာ ယွီရွှီဇီမှာ လုံးဝ မလှုပ်နိုင်တော့ပေ။ တစ်ဖက်လူတွင် ဖုံးကွယ်ထားသော ခွန်အားမရှိသည်ကို အတည်ပြုပြီးမှ လူကျိက လက်ကို ပြန်လွှတ်လိုက်ကာ "သူ့ကို စစ်ဆေးဖို့ ခေါ်သွားကြ၊ ကျန်တဲ့လူတွေ ရှာစမ်း"

အမိန့်ရသည်နှင့် စစ်သည် ရာနှင့်ချီ၍ ကျောင်းတော်အတွင်းသို့ ဝင်ရောက်ရှာဖွေကြတော့သည်။

"ဗိုလ်ချုပ်လူ... ဘယ်လိုလဲ"ချောင်ဖန်က အလောတကြီး မေးသည်။

လူကျိက ပြန်ဖြေသည်။ "သူက မဟာသွေးကြောအဆင့် အစောပိုင်းပဲ ရှိပါသေးတယ်"

"ဒါဆို... သူ မဟုတ်ဘူးပေါ့"ချောင်ဖန်သည် မနေ့ညက စီယွင်ဘုရားကျောင်းသည် မိစ္စာဂိုဏ်းနှင့် ဆက်နွှယ်နေသည်ဟု သတင်းရရှိခဲ့သည်။ သူ ပထမဆုံး စဉ်းစားမိသည်မှာ သေဆုံးသွားသော ယင်ဟန်ဝမ် ဖြစ်ပြီး၊ ကလဲ့စားချေရန် လူသတ်သမားကို ရှာဖွေနေခြင်းဖြစ်သည်။ သို့သော် ဝေကုန်းကို ချက်ချင်း သတ်နိုင်ရန်မှာ အနည်းဆုံး နက်နဲပုံရိပ်အဆင့်ရှိရမည် ဖြစ်သည်။ ရှေ့က တာအိုဆရာမှာ ထိုအဆင့်နှင့် မညီပေ။ သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ တခြား ပုန်းအောင်းနေသူများ ရှိ၊ မရှိ ရှာဖွေရန်သာ ဖြစ်သည်။

"ရှာစမ်း အကုန်ရှာ"

ချန်ဆန်းရှီသည် သူ၏လက်အောက်ငယ်သားများကို ညွှန်ကြားရင်း သူကိုယ်တိုင်လည်း ပင်မဆောင်အတွင်းသို့ ဝင်၍ ရှာဖွေလေသည်။

စီယွင်ဘုရားကျောင်း၏ လှုပ်ရှားမှုများကို တိုင်ကြားခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ စီယွင်ဘုရားကျောင်း၏ ပြဿနာများမှာ သူနှင့် ဆက်စပ်နေကြောင်း မသိစေရန် သူသည် အပြင်လူကဲ့သို့ ဟန်ဆောင်နေရသည်။ ချောင်ဖန်သည် ဤကိစ္စတွင် အလွန်ပင် တက်ကြွနေသည်။ သူသည် ယင်ဟန်ဝမ်အပေါ် စစ်မှန်သော သံယောဇဉ် ရှိပုံရသည်။

တစ်ဖက်တွင် ချန်ဆန်းရှီသည် စီယွင်ဘုရားကျောင်းမှာ မိစ္စာဂိုဏ်းနှင့် တကယ် ပူးပေါင်းနေခြင်း ရှိ၊ မရှိ သိချင်သည်။ ကျန်းဟွိုင်မင်နှင့် ဟွမ်ထျန်းရုန်တို့ နှစ်ယောက်လုံးတွင် မိစ္ဆာစွမ်းအင်များ ရှိနေခဲ့သည်။ သူတို့နှစ်ယောက်လုံး၏ တူညီသောအချက်မှာ စီယွင်ဘုရားကျောင်းသို့ လာရောက်ပြီး ဝိညာဉ်အားဖြည့်စွပ်ပြုတ်ကို သောက်ခဲ့ခြင်းပင်။ အခြားတစ်ဖက်တွင်မူ ကျောင်းထိုင်ဆရာတော်၌ မည်သို့သော စွမ်းအားရှိသည်ကို သူ သိချင်သည်။

ချန်ဆန်းရှီသည် တစ်ယောက်တည်း စွန့်စားရန် မဝံ့ပေ။ ယခုမူ တစ်ဖက်လူမှာ မဟာသွေးကြောအဆင့်သို့ ရောက်နေသည်မှာ အမှန်ပင်။ သို့သော် ၎င်း၏အတွင်း၌ စိမ်းပြာရောင်စွမ်းအင် သို့မဟုတ် ခရမ်းရောင်စွမ်းအင် များ မရှိပေ။

သူ့ကို သတ်လို့ရသည် သို့သော် အချိန်အနည်းငယ် စောင့်ရန် လိုအပ်သည်။ ချန်ဆန်းရှီအနေဖြင့် ဝိညာဉ်စွမ်းအင်များကို ထပ်မံ စုဆောင်းရန် အချိန်လိုအပ်သေးသည်။

ရှာဖွေမှုကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ သူသည် ခရမ်းရောင်စွမ်းအင်များ ဖုံးလွှမ်းနေသော အမွှေးတိုင်အိုးကြီးကို ကိုင်ကြည့်ပြီး ထိုစွမ်းအင်ကို အပြည့်အဝ ခံစားလိုက်ရာ ရေထဲက ငါးတစ်ကောင်ကဲ့သို့ နေလို့ကောင်းသွားသည်။

အကယ်၍ ၎င်းကို အိမ်သို့ ယူသွားနိုင်ပါက သူ၏ ဓားချီမန္တန်ကို ကျွမ်းကျင်အဆင့် သို့မဟုတ် အသေးစားအောင်မြင်မှု့အထိ တိုးမြှင့်နိုင်မည် ဖြစ်သည်။

ဟုတ်ပါတယ်၊ အခုတော့ မဟုတ်သေးဘူး။ လူအများကြီးရှေ့မှာ အမွှေးတိုင်အိုးကြီးကို အိမ်သယ်သွားလျှင် တစ်ခုခု မှားနေကြောင်း လူသိသွားလိမ့်မည်။ ချန်ဆန်းရှီသည် သူ၏ အမွှေးတိုင်အိုးကို စီယွင်ဘုရားကျောင်းတွင် ခေတ္တ ထားခဲ့ရုံသာ တတ်နိုင်သေးသည်။ မင်ပြည်နယ် စစ်ပွဲပြီးသည်နှင့် သူသည် ချက်ချင်းပြန်လာပြီး ၎င်းကို ယူဆောင်သွားမည် ဖြစ်သည်။

ဆေးဖိုအိုး၊ ကျင့်ကြံခြင်းအတွက် အမွှေးနံ့သာ... အားလုံးကို တစ်ပြိုင်နက် ရရှိတော့မည်..

"မတရား စွပ်စွဲခံရတာပါ" တာအိုဆရာများမှာ အပြစ်မရှိကြောင်း အော်ဟစ်နေကြဆဲ ဖြစ်သည်။

မကြာမီတွင် စစ်သည်တစ်ဦးက နောက်တောင်ကုန်းတွင် သွေးစွန်းနေသော ဝရဇိန်လက်နက်တစ်ခုကို တွေ့ရှိသွားသည်။ ချောင်ဖန်မှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ "ဘုန်ကြီးအိုကြီး... မင်း မိစ္စာဂိုဏ်းနဲ့ မပူးပေါင်းဘူးလို့ ပြောနေတုန်းပဲလား"

"သခင်လေး... ဒါက အကွက်ဆင်တာပါ၊ အကွက်ဆင်တာ"

"လူတွေ"လူကျိီက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ "စီယွင်ဘုရားကျောင်းက တာအိုဆရာတွေ အားလုံးကို လျန်ကျိုး အကျဉ်းထောင်ထဲမှာ ပိတ်ထားလိုက်ကြ"

အစ်ကိုကြီးက ယွီရွှီဇီနှင့် ကျောင်းသားများ ဆွဲခေါ်သွားခြင်းကို ကြည့်ရင်း ချန်ဆန်းရှီသည် သက်ပြင်းချလိုက်မိသည်။ သူတို့ အကျဉ်းထောင်ထဲ ရောက်သွားလျှင် မသေရင်တောင် အရေခွံကွာအောင် ခံရမှာဖြစ်ပြီး အချိန်အတော်ကြာ ပြန်ထွက်လာနိုင်မှာ မဟုတ်ပေ။

သူသည် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြင့် စစ်ထွက်နိုင်ပြီ ဖြစ်သည်။

All Chapters