← Chapters

အခန်း (၂၀၈)

Vol. 19 Ch. 208

အခန်း (၂၀၈)

Vol. 19 Ch. 208

📝အပိုင်း - ၂၀၈

ဘာသာပြန် - Na Gar🐉

"သူတို့ကို ချက်ချင်း သတ်ပစ်လို့ ရမလားဆိုတာတော့ ငါ မသေချာဘူး"

ချန်ဆန်းရှီသည် ထိုသို့ဖြစ်နိုင်ခြေ အလွန်နည်းမည်ဟု ယူဆသည်။ သက်သေခံပစ္စည်းသာရှိပြီး လူသက်သေမရှိခြင်းမှာ အပြစ်ပေးရန် မလုံလောက်ပေ။ အထူးသဖြင့် ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ဖြစ်သည်။

ဂိုဏ်းအသီးသီးသည် လျန်ကျိုးတပ်မတော်အပေါ် အမြင်မကြည်လင်ကြပေ။ ထို့ပြင် ယွီယန်ဂိုဏ်း ဖြစ်ရပ်မှာလည်း ယခုထိ အဖြေမပေါ်သေးသဖြင့် အစိုးရက သူတို့ကို သွေးစုပ်ရန် တမင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဂိုဏ်းများကြား ပြောဆိုနေကြသည်။ အချို့ကမူ မိစ္စာဂိုဏ်းဟူ၍ပင် မရှိဘဲ စစ်သားများက ဇာတ်တိုက်ထားခြင်းသာဖြစ်သည်ဟုပင် စွပ်စွဲနေကြသည်။

စီယွင်ဘုရားကျောင်း သည် တတိယတန်းစားဂိုဏ်းဖြစ်သော်လည်း လေးစားမှုခံရသည့် ကျောင်းတော်တစ်ခု ဖြစ်သည်။ လကွဲတောင်ကုန်းနှင့် ထုံရွှမ်ဓားဂိုဏ်းတို့ပင်လျှင် သူတို့အတွက် ရှေ့နေလိုက်ပေးနိုင်ခြေ ရှိသည်။ သို့သော် သူတို့ကို ဖမ်းဆီးချုပ်နှောင်ထားနိုင်လျှင်ပင် လုံလောက်လှပြီ။ ချန်ဆန်းရှီ အဓိကစိုးရိမ်သည်မှာ သူ၏ မိသားစုဘေးကင်းရေးပင် ဖြစ်သည်။

"တခြား ဘာတွေ ထပ်တွေ့သေးလဲ"

"ဒီ ဝရဇိန်လက်နက် ကလွဲရင် ဘာမှမရှိတော့ပါဘူး"

"ဒါဆို တောင်ကို ပိတ်ထားလိုက် ဆက်ရှာကြ၊ အိမ်တွေကို ဖျက်ပြီး ရှာ၊ မြေအောက်လှိုဏ်ဂူတွေနဲ့ လျှို့ဝှက်ခန်းတွေကို ရှာကြစမ်း"

"လူနှစ်ထောင် ချန်ခဲ့မယ်၊ ကျန်တဲ့လူတွေ ပြန်လို့ရပြီ"

အိမ်ရှေ့စံ၏ သားကြီးမှာ အမှန်တကယ်ပင် သြဇာအာဏာရှိလှသည်။ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲ စကားတစ်ခွန်းတည်းဖြင့် လူထောင်ချီသုံးကာ တောင်ကို ရှာဖွေနိုင်ခဲ့သည်။ ချန်ဆန်းရှီသည် စိတ်ထဲမှ သက်ပြင်းချရင်း သူ၏လူများကို ခေါ်ကာ တဖြည်းဖြည်း ဆုတ်ခွာခဲ့သည်။

နောက်ဆုံးနေ့။

သူသည် အားမနေဘဲ ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။ စစ်မထွက်မီ ညနေခင်းတွင်မှ လူအားလုံးကို စုစည်းကာ ထမင်းလက်ဆုံ စားခဲ့ကြသည်။ ဆွန်ပုချီနှင့် သူ၏ ညီအစ်ကိုများ၊ စီနီယာအမ ရုံယန်ချိုး၊ သခင်ကြီးဟောက်နှင့် အစ်ကိုကြီး၊ အစ်ကိုသုံးတို့ပါ ဆန္ဒအလျောက် ရောက်လာကြသည်။ အတွင်းထဲတွင် မည်သို့ပင်ရှိစေကာမူ အပြင်ပန်းအရ ဆရာတူညီအစ်ကိုများဖြစ်သဖြင့် မျက်နှာပန်း လှအောင် ထိန်းသိမ်းရမည်ဖြစ်သည်။

"မောင်လေး... အောင်ပွဲနဲ့အတူ ပြန်လာပါစေလို့ ဆုတောင်းပေးပါတယ်"

"သောက်ကြစို့"

ညသန်းခေါင်အထိ ပျော်ပါးပြီးမှ လူစုခွဲခဲ့ကြသည်။

ညဉ့်နက်သော်...

ချန်ဆန်းရှီသည် ဖယောင်းတိုင်မီးအောက်တွင် စာအုပ်များကို ဖတ်ရှုနေသည်။ ထိုစာအုပ်မှာ "ဆေးပင်တစ်ရာကျမ်း" ဖြစ်ပြီး ထူးခြားသော ဗီဇပြောင်း မြက်ပင်များအကြောင်း မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

လက်နက်ထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် စာအုပ်တိုင်းကို သူ ရှာဖွေခဲ့သော်လည်း စွမ်းအား ကို သိုလှောင်နိုင်သည့် ပစ္စည်းမျိုး မတွေ့ခဲ့ရပေ။ မကြာသေးမီက ဆေးကျမ်းများကို ဖတ်ရှုစဉ် စွမ်းအားကို ခဏတာ မြှင့်တင်ပေးနိုင်သည့် ဆေးပင်တစ်မျိုးအကြောင်း တွေ့ရှိခဲ့ရာမှ ဆေးကျမ်းများကိုပါ လေ့လာဖြစ်နေခြင်း ဖြစ်သည်။

နောက်ဆုံးစာမျက်နှာတွင်..

ဝိညာဉ်ကြောသစ်သား - ဖြစ်တည်ရန် နှစ်တစ်ထောင် ကြာမြင့်သော ဗီဇပြောင်း သစ်ပင်တစ်မျိုးဖြစ်သည်။ ၎င်းကို ကြိတ်၍ ရေနွေးဖြင့် ကျိုချက်သောက်ပါက သေအံ့ဆဲဆဲ လူတစ်ဦးကို ပြန်လည် အသက်ဆက်ပေးနိုင်ပြီး၊ သစ်သားကိုယ်ထည်မှာ စွမ်းအား ကို ထိန်းသိမ်းထားနိုင်သည်။ သို့သော် ကျိုးပဲ့လွယ်သဖြင့် အံ့ဖွယ်လက်နက် များ ပြုလုပ်ရန် မသင့်တော်ပေ။

ချန်ဆန်းရှီ စိတ်ဝင်တစားဖြင့် မတ်မတ်ထိုင်လိုက်သည်။ ၎င်းသည် စွမ်းအားကို ယာယီ ထိန်းသိမ်းထားနိုင်သည် အကယ်၍ ၎င်းသည် ကျိုးပဲ့လွယ်သည်ဆိုပါက ဓားလက်ကိုင် သို့မဟုတ် လှံတံများ ပြုလုပ်ရန် မသင့်တော်သော်လည်း မြားတံ အဖြစ် အသုံးပြုရန်မှာ အလွန်ပင် ပြည့်စုံလှသည်။

ထိုသို့ဆိုလျှင် သူသည် မြားခေါင်း အတွက် ပစ္စည်းတစ်ခုသာ လိုအပ်တော့မည်။ ထိုအခါမှသာ စွမ်းအားကို သိုလှောင်၍ ပစ်ခတ်နိုင်သော ဆွဲအားပေါင်တစ်သောင်းကျော်လေး ကို တပ်ဆင်နိုင်တော့မည် ဖြစ်သည်။

"သံကုန်ကြမ်း..."

ချန်ဆန်းရှီ ခေါင်းခဲသွားသည်။ ထိုအရာမှာ ရှာဖွေရန် အမှန်တကယ် ခက်ခဲလှသည်။ အခြေအနေအရဆိုလျှင် မသေမျိုးသံ ကို အစားထိုးသုံးရမည် ဖြစ်ပြီး ဝိညာဉ်ကြောသစ်သားနှင့် ပြုလုပ်ထားသော မြားတံမှာ သာမန်သစ်သားထက် များစွာ စွမ်းအားကြီးပေလိမ့်မည်။

စာအုပ်ကို ချလိုက်ပြီး ဘေးခန်းသို့သွားကာ ဝိညာဉ်သဲများကို ယူ၍ ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်သည်။

[မန္တန်ပညာ - ဓားချီမန္တန် (အခြေခံအဆင့်)]

[တိုးတက်မှု့ - ၁၅ / ၅၀၀]

ဤဝိညာဉ်စွမ်းအား ပမာဏမှာ စွမ်းအားသိုလှောင်ရန်အတွက် အဆင်ပြေသော်လည်း ကျွမ်းကျင်မှု မြှင့်တင်ရန်အတွက်မူ မလုံလောက်သေးပေ။ ချန်ဆန်းရှီသည် အသက်ကယ်ဝှက်ဖဲအဖြစ် ဓားချီတစ်ချက် ထပ်မံစုဆောင်းရန် ပြင်ဆင်ထားသည်။ ကျန်သည်များကိုမူ စစ်ပွဲမှ ပြန်လာပြီး အမွှေးတိုင်အိုးကို ရရှိမှသာ ဆက်လက်လုပ်ဆောင်ရမည်။

နောက်တစ်နေ့၊ မိုးမလင်းခင်အချိန်။

အမလန် သည် ချန်ဆန်းရှီအတွက် အသစ်ချုပ်ထားသော ကြက်သွေးရောင် စစ်ဝတ်ရုံကို ဝတ်ပေးကာ သံချပ်ကာကို ဆင်မြန်းပေးနေသည်။ "ဒီနေ့ကစပြီး မောင်လေး စစ်ထွက်တိုင်း အမစစ်ဝတ်ရုံတွေကို ကြိုတင်ပြင်ဆင်ပေးထားမယ်"

"ကောင်းပါပြီ၊ အမြဲတမ်း အသစ်တွေပဲ ဝတ်သွားမှာပေါ့" ချန်ဆန်းရှီသည် ကြေးမှန်ရှေ့တွင် သူ၏ရုပ်ရည်ကို ပြင်ဆင်လိုက်ပြီး စစ်ဦးထုပ်ကို ဆောင်းလိုက်သည်။ "ကျွန်တော်သွားတော့မယ်၊ ကျွန်တော်ပြန်လာတဲ့အချိန်ဆိုရင် ကျွန်တော်တို့ကလေးလေးတောင် မွေးနေလောက်ပြီ"

"အင်း..."

ယွမ်ကျိုးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် အမလန်မှာ စိုးရိမ်နေဆဲ ဖြစ်သော်လည်း ဤအခြေအနေကို အနည်းငယ် ရိုးအိနေပြီ ဖြစ်သည်။ ထို့ပြင် ယခုတစ်ခေါက်မှာ အရင်ကကဲ့သို့ ထွက်ပြေးရခြင်းမျိုး မဟုတ်ဘဲ တပ်မတော်ကြီးနှင့် စစ်ချီခြင်းဖြစ်သည်ကို သိထားသဖြင့် စိတ်အနည်းငယ် သက်သာရာရနေသည်။ သူမသည် တံခါးဝတွင်ရပ်၍ ထွက်ခွာသွားသော အမျိုးသားဖြစ်သူကို ကြည့်ကျန်ရစ်ခဲ့သည်။

"သခင်ကြီး... ဘေးကင်းပါစေ" စီချင်နှင့် မိုဟွာတို့ကလည်း တံခါးဝတွင် ဦးညွှတ်နှုတ်ဆက်ကြသည်။

ချန်ဆန်းရှီသည် ခါးကြားမှ ရွှေပြားနှစ်ပြားကို ထုတ်ကာ ပစ်ပေးလိုက်သည်။ "မင်းတို့နှစ်ယောက် ကြိုက်တဲ့ လက်ဝတ်ရတနာ ဝယ်ကြ။ ငါမရှိတဲ့အချိန် ငါ့ဇနီးကို ကောင်းကောင်းစောင့်ရှောက်ကြနော်"

"သခင်ကြီး... ဒါတွေ မလိုပါဘူး..."

သူတို့နှစ်ဦးသည် ချန်အိမ်တော်သို့ ရောက်ကတည်းက အစားအသောက် အနေအထိုင် ကောင်းမွန်နေသဖြင့် ထပ်ပြီး မတောင်းဆိုဝံ့ကြပေ။

"ငါပေးရင် ယူထားလိုက်။ ငါပြန်လာလို့ ငါ့ဇနီးကို ကောင်းကောင်းမစောင့်ရှောက်ထားတာ သိရင် မင်းတို့ကို ပြည့်တန်ဆာအိမ် ရောင်းပစ်မှာနော်"

ချန်ဆန်းရှီသည် သူတို့ကို အစေခံများကဲ့သို့ ဆက်ဆံသော်လည်း ဤမိန်းကလေးနှစ်ဦး၏ အသက်မှာ သူ၏လက်ထဲတွင် ရှိနေသလို ဖြစ်နေသည်။ သူတို့မှာ လိမ္မာရေးခြားရှိသဖြင့် ဆုလာဘ်အချို့ ပေးကမ်းခြင်းမှာ ပြဿနာမရှိပေ။

"စိတ်ချပါ သခင်ကြီး"

အစေခံများဖြစ်သဖြင့် သူတို့မှာ ငြင်းဆန်ပိုင်ခွင့်မရှိဘဲ ရွှေပြားများကို တိတ်တဆိတ် လက်ခံလိုက်ကြရသည်။

"ရှောင်ရှင်း"

ချန်ဆန်းရှီသည် မြင်း၏ လည်ဆံမွှေးကို အသာအယာ ပွတ်သပ်ပေးလိုက်

သည်။

"ငါ့ဘေးမှာ မင်းပဲ အမြဲရှိနေတာပဲ"စစ်မြင်းသည် အမှန်တကယ်ပင် အရင်းနှီးဆုံးနှင့် ယုံကြည်ရဆုံးသော ရဲဘော်ရဲဘက်ပင် ဖြစ်သည်။

သူသည် စစ်စခန်းသို့ အမြန်သွားရန် ပြင်လိုက်သော်လည်း လမ်းချိုးတစ်ခုအရောက်တွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို ထပ်မံတွေ့လိုက်ရပြန်သည်။

"လူယုတ်မာကြီး"

ကျောက်ကျောက်က တမင်တကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်

သည်။ "ရှင် နောက်ဆုံးတစ်ခေါက် ထွက်သွားတုန်းက ကျွန်မတို့ သခင်မလေးမှာ နေ့တိုင်း ငိုနေရတာ၊ ရှင်က တစ်ခေါက်တောင် ပြန်မလာဘူးအခုလည်း နှုတ်မဆက်ဘဲ စစ်ထွက်တော့မလို့လား"

ချန်ဆန်းရှီသည် မြင်းကို ဇက်ဆွဲရပ်လိုက်ပြီး အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်ကာ အပေါ်စီးမှ တိုးတိုးလေး မေးလိုက်သည်။ "နင်ရှန်က ငါ့ကို တွေ့ချင်လို့လားအရေးကြီးတဲ့ ကိစ္စရှိလို့လား"

"အသံတိုးတိုးပြော"ကျောက်ကျောက်က အနားတိုးလာပြီး လက်ဝါးနှစ်

ဖက်ဖြင့် ပါးစပ်ကို အုပ်ကာ "အရေးကြီးတဲ့ သတင်းအချက်အလက် ရှိတယ်"

"မင်ပြည်နယ်က သတင်းလား"

ချန်ဆန်းရှီသည် မြင်းကို မီးခိုးလွင်ပြင်လမ်းဘက်သို့ ချက်ချင်း လှည့်လိုက်သည်။

"နေဦးလေကျွန်မမပါရင် သခင်မလေးကို တွေ့ရမှာ မဟုတ်ဘူးနော်" ဟု အနောက်မှ လှမ်းအော်နေသော ကျောက်ကျောက်၏ အသံကို သူ ခပ်လှမ်းလှမ်းမှ ကြားနေရတော့သည်။

All Chapters