← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

‎ကျိူးလီဇီ အိုးကိုရေဖြည့်နေစဉ် သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက်ပေါ်လာတယ်။ ရေရဲ့ပုံစံကို ပြောင်းလဲနိုင်တာကြောင့် သူ့အပူချိန်ကိုလည်း ပြောင်းလဲနိုင်မလားဟု သူမစဉ်းစားမိတယ်။

‎

‎

‎ဒီအတွေးပေါ်လာတာနဲ့ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

‎

‎

‎အစပိုင်းမှာတော့ သူမဘယ်လိုလုပ်ရမလဲဆိုတာကို မသိပေမယ့် နောက်တော့ သူမရဲ့အရင်ဘဝတုန်းက မျိုးပြောင်းတိရစ္ဆာန်ရဲ့အသားကို ကင်ဖို့အတွက် ကပ္ပတိန်ကသူ့မီးရဲ့အပူချိန်ကို ထိန်းချုပ်ခဲ့ပုံကို ပြန်ပြောင်းသတိရလိုက်တယ်။

‎

‎

‎နောက်အခိုက်အတန့်မှာပဲ့ သူမရဲ့ခန္ဓာကိုယ်အတွင်းမှ အေးမြသောစွမ်းအင်များက ရုတ်တရက်ကြီး ပူနွေးလာတာကို ခံစားလိုက်ရတယ်။ သူမ၏ စွမ်းအင်အပူချိန် တိုးလာသည်နှင့်အမျှ ရေဘော်လုံးလုံးထဲတွင် ပူဖောင်းလေးများ စတင်ပေါ်ပေါက်လာခဲ့သည်။

‎

‎

‎မိနစ်အနည်းငယ်အကြာတွင်တော့ ရေဘောလုံးက ပွက်ပွက်ဆူနေပြီး မြူခိုးများထွက်နေတယ်။

‎

‎

‎စစ်သားများနှင့် ချူကျိမြောင်တို့သည် ကျိူးလီဇီရဲ့ ရေကို တိကျစွာ ထိန်းချုပ်ထားမှုကို စောင့်ကြည့်ရန်အတွက် ဝိုင်းဖွဲ့လိုက်ကြတယ်။ ရေတွေ ပွက်ပွက်ဆူနေတာကိုတွေ့တော့ သူတို့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားကြတယ်။

‎

‎

‎ချူကျိမြောင်ကတော့ အံ့သြလွန်းလို့ မျက်လုံးတွေကို အကြိမ်ပေါင်းများစွာ ပွတ်သပ်မိသွားတယ်။ သူမတို့နှစ်ဦးစလုံးက ရေအမျိုးအစား စွမ်းရည်အသုံးပြုသူများဖြစ်ကြသော်လည်း သူမတို့ကြားတွင် အဘယ်ကြောင့် ဤမျှထိကိုကြီးမားသော ကွာခြားချက်ရှိနေသနည်း။

‎

‎

‎သူမက ရေဂါလံအနည်းငယ်သာ ထုတ်လုပ်နိုင်သော်လည်း ကျိူးလီဇီကတော့ တိုက်ခိုက်ရန်အတွက် ရေကိုအသုံးပြုနေပြီဖြစ်သည်—ယခုအခါတွင်လည်း ထပ်ပြီးတော့ သူမက ရေရဲ့အပူချိန်ကိုပင် ထိန်းချုပ်နိုင်နေပြီဖြစ်သည်။

‎

‎

‎ဒါကိုတွေးရင်း ချူကျိမြောင်က လက်သီးတွေကို ဆုပ်ထားလိုက်ပါတယ်။ ဒီလှည့်ကွက်ကိုသာ သူမလေ့လာနိုင်ရင် သူမနဲ့သူ့အဖွဲ့ဟာ အနာဂတ်မှာ ဟင်းချက်ဖို့အတွက် ရေနွေးပြတ်မှာကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။

‎

‎

‎လူအများက သူမကို စောင့်ကြည့်နေမှန်းတောင်မသိဘဲ ကျိူးလီဇီကတော့ သူမရဲ့စမ်းသပ်မှုကိုပဲ့ စွဲလန်းနေခဲ့တယ်။ အိုးတစ်ဝက်ကို ရေနွေးဖြည့်ပြီးနောက်တွင် ရေဘောလုံးကို အခြားအိုးတစ်ခုသို့ ရွှေ့လို့ လုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့တယ်။

‎

‎

‎ရေဆူနေပြီဖြစ်သောကြောင့် ပူလာရန် စောင့်ဆိုင်းနေစရာ မလိုတော့ပေ။ ပြီးတဲ့အခါမှာတော့ သူမကလက်ခုပ်တီးပြီး "ကောင်းပြီ၊ ပြီးပြီ" လို့ ပြောလိုက်တယ်။

‎

‎

‎ချန်ချန်းဖုန်း က ရေကိုစစ်ကြည့်တော့ ရေကပွက်ပွက်ဆူနေတာ တွေ့လိုက်ရတယ်။ သူက သူမဘက်ကိုလှည့်ပြီး “ ခယ်မလေး ဘယ်လို လုပ်လိုက်တာလဲ” လို့ မေးတယ်။

‎

‎

‎"ရေကိုဆူအောင် လုပ်လိုက်တာကို ဆိုလိုတာလား" ခဏလောက်စဉ်းစားပြီးမှ ကျိူးလီဇီက ပြန်မေးလိုက်တယ်။

‎

‎

‎"ဟုတ်တယ်" ချန်ချန်းဖုန်း က ခေါင်းညိတ်သည်။

‎

‎

‎ကျိူးလီဇီက ပြန်မဖြေခင် ခဏလောက် စဉ်းစားလိုက်ပြီး "ရေတွေဆူပွတ်သွားသလိုမျိူး စိတ်ကူးကြည့်လိုက်တော့ ဖြစ်သွားတာပဲ"

‎

‎

‎ချူကျိမြောင် နှင့် ချန်ချန်းဖုန်း တို့ကတော့ သူမရဲ့ပေါ့ပေါ့ပါးပါး ပြန်ဖြေသံကို ကြားသောအခါတွင် နှစ်ယောက်စလုံးက မယုံကြည်နိုင်သော အမူအရာများတတ်ဆင်ထားကြတယ်။ အဲဒါကသာ လွယ်တယ်ဆိုရင် သူတို့က တိုက်ခိုက်ဖို့အတွက် ရေခဲတွေကို ဖန်တီးနိုင်နေပြီလေ။

‎

‎

‎သူမက ဆက်လက်ရှင်းပြရန် မလိုလားပုံပေါ်သောကြောင့် မေးရန် အတင်းအကြပ် မလုပ်ခဲ့ပေ။

‎

‎

‎စစ်သားများက ညစာပြင်ဆင်နေစဉ်တွင် ကျိူးလီဇီကတော့ ကျောက်တုံးကြီးပေါ်တွင်ထိုင်ကာ လနီကို စိုက်ကြည့်နေသည်။ နီရဲနေသော လကြီးကို ကြည့်ပြီး သူမ မှင်တက်သွားတယ်။

‎

‎

‎ယခုအချိန်တွင်တော့ သူမရဲ့နေရာကို စိတ်စွမ်းအားဖြင့် စစ်ဆေးနေတယ်။ အဆင့် (၁) သို့ ရောက်သွားသောအခါက စစ်ဆေးရန် အချိန်မရှိခဲ့ပေ။

‎

‎

‎အပြောင်းအလဲတွေ ရှိခဲ့ရင်တောင် သိသာထင်ရှားမှာ မဟုတ်ဘူးလို့ သူမကထင်ခဲ့တယ်။ မမျှော်လင့်ဘဲ အိမ်ပိုကြီးလာရုံသာမက လယ်မြေတွေလည်း ပိုမိုကျယ်ပြန့်လာခဲ့တယ်။

‎

‎

‎ရေကန်ကိုကြည့်လိုက်တော့ အချင်းက ၅ မီတာကနေ ၁၀ မီတာအထိ နှစ်ဆတိုးလာတာကို သတိထားမိတယ်။အတိမ်အနက်နဲ့ ပတ်သက်ပြီးကတော့ အပြောင်းအလဲမရှိပါဘူး။

‎

‎

‎ထို့နောက် လယ်မြေဘက်သို့ လှည့်ကြည့်လိုက်တယ်။ ယခု နေရာတစ်ဝက်ခန့်ကို ဖုံးလွှမ်းနေသော ပြောင်းဖူးပင်များကို အခြေခံပြီးကြည့်လျှင်တော့ လယ်ယာမြေက နှစ်ဆကျယ်ပြန့်လာခဲ့တယ်။ သူမအား အံ့အားသင့်စေခဲ့သည်က အနက်ရောင် မြေဆီလွှာအကျယ်အဝန်း တိုးချဲ့မှုမဟုတ်ဘဲ၊ ထိုပြောင်းဖူးပင်များ ကိုယ်၌ပင်ဖြစ်သည်။

‎

‎

‎နောက်ဆုံးအကြိမ် စစ်ကြည့်တုန်းကတော့ အပင်ပေါက်နေပြီ။ သို့သော် သူမအဆင့်တစ်သို့ ဖြတ်ကျော်ပြီးနောက်‌တွင်တော့ အပင်များကရင့်မှည့်နေပြီး ရိတ်သိမ်းခံရန် အဆင်သင့်ဖြစ်နေပုံရတယ်။

‎

‎

သူမ၏ အာရုံက လယ်ယာမြေဆီသို့ ရောက်သွားပြီး၊ ပြောင်းဖူးပင်များကို စစ်ဆေးကြည့်ရှုလေသည်။

‎

‎

‎ပုံမှန်အခြေအနေတွင်တော့ အညှာတစ်ခုက အများသောအားဖြင့် ပြောင်း တစ်ဖူး သို့မဟုတ် နှစ်ဖူးကြားသာ အများဆုံးထွက်လာပြီး ဒုတိယအဖူးကတော့ အများသောအားဖြင့် သေးငယ်တယ်။ သို့သော် သူမ၏နေရာရှိ ပြောင်းဖူးကတော့ အညှာတစ်ခုလျှင် သုံးဖူး လေးဖူးအထိရှိရုံသာမကဘဲ တစ်ခုစီတိုင်းကလည်း အရွယ်အစားတူကြတယ်။

‎

‎

‎

‎ ပြောင်းဖူးတစ်ဖူးကို ကောက်ယူပြီး အရွက်တွေနဲ့ အမွှေး တွေကို ခွာချပြီးလှမ်းကြည့်လိုက်တော့ အစေ့များက ပြည့်ဖြိုး ကြီးမားတယ်။ သူ့လက်ထဲရှိပြောင်းဖူးက အလေးချိန် ၃၀၀ ဂရမ်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်—ပုံမှန်ပြောင်းဖူး၏ ပျမ်းမျှအလေးချိန်ထက် နှစ်ဆနီးပါးရှိတယ်။

‎

‎

‎မေးစေ့ကို ပွတ်ရင်း ပြောင်းဖူးကို ဘယ်လိုရိတ်ရမလဲလို့ သူမ စဉ်းစားတယ်။ အကယ်၍ သူမကသာ ကိုယ်တိုင်ပြုလုပ်ရပါက အချိန်ကုန်ပြီး ပင်ပန်းမည်ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်ကလည်း သူမအား ယခုအချိန်တွင် တွယ်ကပ်နေခြင်းကြောင့် မိမိကိုယ်တိုင်လုပ်ဆောင်ရန်အတွက် သူမ၏နေရာထဲကို ဝင်ရောက်ဖို့က ခက်ခဲပေလိမ့်မည်။

‎

‎

‎ထိုအတွေးများက သူမစိတ်ထဲတွင် ပြည့်နှက်လာသည်နှင့်အမျှ သူမရှေ့ရှိ ပြောင်းဖူးရိုးတံများက ရုတ်တရက် ပျောက်ကွယ်သွားကာ မြက်ခင်းပြင်ပေါ်တွင် ပြောင်းဖူးများက ပေါ်လာသည်။

‎

‎

‎ကျိူးလီဇီသည် သူမရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားတယ်။ “ဒါလည်း လုပ်လို့ရတာလား” လို့ အော်လိုက်ရင်းက နေတုန်လှုပ်သွားကာ မျက်လုံးတွေကပြူးကျယ်လို့သွားတယ်။

‎

‎

နောက်တစ်ခဏမှာ သူမရဲ့စိတ်တွေ တဘိဘိနဲ့မည်သံ‌တွေထွက်လာပြီး မြင်ကွင်းတွေက ဝေဝါးသွားကာ ကြည်လင်တဲ့ အပြာရောင် မျက်နှာပြင်တစ်ခု သူမရှေ့မှာ ပေါ်လာခဲ့ပါတယ်။ မူးဝေတာ ပျောက်သွားတဲ့အခါမှာတော့ သူမရှေ့မှာ ပေါလောမျောနေတဲ့ မျက်နှာပြင်ငယ်လေးကို မြင်လိုက်ရပါတယ်။

‎

‎ခဏအတွင်း ဖြစ်ပျက်နေတာတွေကို သူမ မစီစစ်နိုင်တော့ဘူး။ သူမကထိရန် လက်မလှမ်းလိုက်မီတွင် အပြာရောင်မျက်နှာပြင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ ချက်ခြင်းပဲ ဖန်သားပြင်က လင်းလာပြီး စကားတန်းတစ်ခု ပေါ်လာတယ်။

‎

‎

‎အချက်အလက်ကိုဖတ်ရင်းနဲ့မှ သူမရဲ့အာကာသနေရာလွတ်ဟာ သူမစိတ်ကူးထားတဲ့ စိုက်ပျိုးမှုဇာတ်လမ်းတွေမှာလို ဝိညာဉ်ရေးဆိုင်ရာနေရာတစ်ခုမဟုတ်ကြောင်းကို သူမနောက်ဆုံးတော့သဘောပေါက်သွားတယ်။ ယင်းအစား ၎င်းသည် ကမ္ဘာပျက်ကပ်မတိုင်မီက သူမဖတ်ခဲ့သော စနစ်အခြေခံဇာတ်လမ်းများနှင့် ပိုတူတယ်။

‎

‎

‎ထိုဇာတ်လမ်းများ အရဆိုရင်တော့ သူမရဲ့ နေရာကစနစ်တစ်ခု ဖြစ်ခဲ့ပါက အလုပ်များ ပေးခြင်း၊ ပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ဆုချီးမြှင့်ခြင်းတို့ကို လမ်းညွှန်ပေးသည့် စက်ပိုင်းဆိုင်ရာ အသံတစ်ခုရှိသင့်တယ်။

‎

‎

‎ဒါပေမယ့် သူမ ဒီနေရာကိုရရှိပြီးကတည်းက ဒီလိုမျိုး ဘာမှ မရှိခဲ့ဘူး။ အဆင့်မတက်မီကဆိုရင် သူမသည် ဤအပြာရောင်မျက်နှာပြင်ကိုပင် မမြင်နိုင်ခဲ့ပါ။

‎

‎

‎သူမရဲ့အာကာသနှင့် ပတ်သက်၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကာ သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် တပ်ဗ်ကို ပိတ်လိုက်သည်။ ထို့နောက်တော့ စခရင်ပေါ်တွင် အိုင်ကွန်များ အတန်းလိုက် မြင်တွေ့လိုက်ရပြီး၊ တစ်ခုချင်းစီက ကွဲပြားသော လုပ်ဆောင်ချက်များကို ကိုယ်စားပြုနေသည်။

‎

‎

ထိုအိုင်ကွန်များကို ကြည့်နေရင်း ထူးဆန်းသော ရင်းနှီးတဲ့အသိစိတ်တစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့တယ်။ သူမဟာ ဒီလို စနစ်မျိုးကို ကြာမြင့်စွာ အသုံးပြုနေခဲ့သူကဲ့သို့ပင် ခံစားရတယ်။ အိုင်ကွန်များတွင် အမည်များ မရေးထိုးထားသော်လည်း၊ သူမသည် သဘာဝအတိုင်း အိုင်ကွန်တစ်ခုစီ၏ အသုံးပြုပုံကို သိရှိနေခဲ့တယ်။

‎

သူမသည် အာကာသ၏ဆက်တင်များကို စစ်ဆေးနေစဉ်အခိုက်အတန့်တွင်ပင် သံသယစိတ်များပြည့်နှက်နေတယ်။

‎

‎

‎'ဒီနေရာက အတိအကျဘာလဲ။ ငါ့နောက်ခံကဘာလဲ။ တခြားတစ်ယောက်ယောက်အစား ဒီစနစ်က ငါ့ကို ဘာကြောင့် ချည်နှောင်ထားတာလဲ’

‎

‎

‎

All Chapters