အခန်း (၆၂)
Vol. 5 Ch. 62
ဒီအချိန်မှာတော့ ကျိူးလီဇီရဲ့ခေါင်းထဲ၌ မေးခွန်းပေါင်းများစွာနဲ့ ပြည့်နေပေမယ့်လည်း သူမမှာ အဖြေရဖို့နည်းလမ်းမရှိပါဘူး။ အဖြေရှာမရသောကိစ္စများတွင် အချိန်မဖြုန်းသင့်ဟု ခံစားရတာကြောင့် အတွေးများကို အနောက်သို့သာတွန်းထုတ်ရန် ဆုံးဖြတ်လိုက်သည်။
သူမရဲ့ နေရာလွတ်ဆက်တင်များကိုဖော်ပြထားတဲ့ တက်ဘ်ပလက်ကိုဖွင့်လိုက်တော့ လယ်မြေအတွက် အလိုအလျောက်ရိတ်သိမ်းခြင်း၊ အလိုအလျောက်လုပ်ဆောင်ခြင်းနှင့် အလိုအလျောက်သိမ်းဆည်းခြင်းဆိုင်ရာလုပ်ဆောင်ချက်များအား ဖွင့်နိုင်တာကို သူမတွေ့လိုက်ရတယ်။ ဆည်မြောင်းစနစ်လည်း သတ်မှတ်ပေးပြီး လယ်မြေကိုလည်း မဖြုန်းတီးချင်တော့တာကြောင့် အရာအားလုံးကို အလိုအလျောက် ပြောင်းလဲစေခဲ့တယ်။
လက်ရှိအဆင့်တွင် ပြင်ပကမ္ဘာနှင့် အချိန်ကွာခြားမှုကြောင့် တစ်လလျှင် တစ်ကြိမ်သီးနှံများကရင့်မှည့်ပြီး စွမ်းအင်ကိုပိုမိုအသုံးပြု၍ အရှိန်ကိုလဲမြှင့်နိုင်မည်ဖြစ်သည်။
စပါးအထွက်နှုန်းမှာ တစ်စတုရန်းမီတာလျှင် ပျမ်းမျှအားဖြင့် ၅ ကီလိုဂရမ်သာရှိသော်လည်း သီးနှံအမျိုးမျိုးတွင် အထွက်နှုန်းကကွဲပြားသွားနိုင်တယ်။ အစေ့အဆန်များကို ပြုပြင်ခြင်းမှ ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းများကတော့ မြေသြဇာအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင်မြေဆီလွှာမှ စုပ်ယူသွားမည်ဖြစ်သည်။
အခွံချွတ်ပြီးသား အစေ့အဆန်များ၊ ဥပမာ ပြောင်းဖူးစေ့များကို ကောက်ပဲသီးနှံသိုလှောင်ရုံတွင် ထည့်သွင်းသိမ်းဆည်းမည်ဖြစ်သည်။ ထိုသိုလှောင်ရုံက ဆလင်ဒါပုံစံ စပါးကျီတစ်ခုဖြစ်ပြီး အချင်း ၃၀ မီတာ၊ အမြင့် ၅၀ မီတာရှိကာ ကောက်ပဲသီးနှံ ခန့်မှန်းခြေ တန်ချိန် ၃၁တန် အထိ သိုလှောင်နိုင်စွမ်းရှိသည်။
လယ်မြေများကို စစ်ဆေးပြီးနောက်တော့ နေအိမ်ကို သူမ စစ်ဆေးခဲ့သည်။ အသေးစိတ်အချက်အလက်ကို မြင်တော့ သူမအံ့ဩသွားမိတယ်။
ပထမထပ်ကို ဧည့်ခန်းတစ်ခုထပ်တိုးထားပြီး ၂၅၀ စတုရန်းမီတာအထိ တိုးချဲ့ခဲ့သည်။ ဒုတိယထပ်သည် ၂၂၀ စတုရန်းမီတာအထိ တိုးချဲ့ခဲ့ပြီး ယခုအခါတွင် လသာဆောင်တစ်ခုရှိနေပြီ။
ပိုကြီးသောနေရာ၊ အခန်းသစ်နှင့် လသာဆောင်မှလွဲ၍ ကျန်သည့်အရာအားလုံးက အတူတူပင်။ သူမရဲ့အိမ်က အရင်လို ဗလာဖြစ်နေဆဲပါပဲ့။
ယခုတစ်ကြိမ်တွင်တော့ သူမရဲ့နေရာက ဖုတ်ကောင်ဗိုင်းရပ်စ်ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ၎င်းကိုစုပ်ယူနိုင်သည်ကို တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားပြန်တယ်။
သူမရဲ့မေးစေ့ကိုပွတ်သပ်ကာ တွေးတောနေချိန်မှာပဲ့ သူမရဲ့ ညစ်ပတ်နေသော အဝတ်များပေါ်ရှိ အနက်ရောင်သွေးများနှင့် ပုပ်နေသော အသားများကို သတိရမိသွားတယ်။ဖုတ်ကောင်ဗိုင်းရပ်စ်များပါ၀င်သောကြောင့် ၎င်းတို့က စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားရမည်ဖြစ်သည်။
သူမရဲ့ အဝတ်အစားများတွင် အပေါက်များနှင့် အစားအစာ အစွန်းအထင်းများ ရှိနေသော်လည်း၊ ဖုတ်ကောင်များရဲ့ အနက်ရောင် သွေးနှင့် ပုပ်သိုးနေသော အသားစများ မတွေ့ရခြင်း၏ အကြောင်းရင်းကို ယခုမှ နားလည်သဘောပေါက်လာခဲ့သည်။ ဤသို့ကောက်ချက်ချပြီးမှသာ ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက နောက်ဆုံးတွင် အဓိပ္ပာယ်ရှိလာခဲ့သည်။
သူမကအချက်အလက်များကို ဆန်းစစ်ပြီးနောက်တွင် သက်ပြင်းချလိုက်တယ်။ သူမရဲ့နေရာက သူမရဲ့စွမ်းအင်ရင်းမြစ်ဖြစ်လာနိုင်ပြီး သူမရဲ့အဆင့်တာကိုကိုပိုမိုမြန်ဆန်အောင်ကူညီနိုင်လိမ့်မည်လို့ သူမကမျှော်လင့်ခဲ့တယ်။
ကံမကောင်းစွာနဲ့ပဲ့ သူမသည် အာကာသကို ထိန်းထားရန်အတွက် အမြုတေလိုအပ်တယ်။ နေ့စဉ်စွမ်းအင်သုံးစွဲမှုကို ကာမိစေရန် အမြုတေကိုလိုအပ်သည်။
သူမမျှော်လင့်ထားသည့်အရာမဟုတ်သော်လည်း လယ်မြေနှင့် ကန်ရေတွင် စွမ်းအင်ပါ၀င်သည်ဟု သုံးသပ်ခြင်းက ပိုအဓိပ္ပာယ်ရှိလာတယ်။ ထို့ကြောင့် အမြုတေများမှ စွမ်းအင်ပိုမိုရရှိရန်လိုအပ်ခြင်းက ပုံမှန်သာဖြစ်သည်။
စွမ်းအင်မပြည့်ဝပါက အာကာသ
က နောက်ဆုံးတွင် စွမ်းအင်ကုန်သွားမည်ဖြစ်ပြီး ပြိုကျခြင်း သို့မဟုတ် ပိတ်သွားခြင်းပင် ဖြစ်နိုင်တယ်။
သူမရဲ့အာကာသနေရာလွတ်ကိုချဲ့ထွင်ရန်အတွက် သူမမှာ အမြုတေအခု ၁၀၀ လိုအပ်ပြီး အဆင့်နှစ်အထိ ရောက်ရန်လည်းလိုအပ်သည်။ အဆင့်မြှင့်တင်ရန် လိုအပ်ချက်များက သူမရဲ့ အာကာသနေရာလွတ် တိုးတက်မှုနှုန်းကို ကန့်သတ်ထားတယ်။ အဘယ်ကြောင့်ဆိုသော် အဆင့်တက်ရန်အတွက် အားထုတ်ရာတွင် မလွယ်ကူသောကြောင့်ဖြစ်သည်။
သူမ၏နေရာအကြောင်းပိုမိုလေ့လာပြီးနောက်တော့ မာစတာအိပ်ခန်း၏အံဆွဲတွင်သိမ်းဆည်းထားသော အမြုတေများကိုစစ်ဆေးခဲ့တယ်။
ကျင်းရွှီယန်း သူမဆီပေးထားသောအမြုတေများတွင် အဆင့်တစ်အမြုတေ ၂၉ခုနှင့် အဆင့်သုံးအမြုတေ ၁ခု ရှိသည်။ သူမတွင်တော့ အဆင့်နှစ် သတ္တုအမျိုးအစားအမြုတေ တစ်ခုသာရှိတယ်။
သို့သော် ယခုအချိန်တွင်အဆင့်တစ်၊ အဆင့်-သုံး၊ နှင့် အဆင့်-၂ သတ္တုအမျိုးအစား အမြုတေ များသာ ရှိတော့သည်။ သူမရဲ့အာကာသနေရာလွတ်က အမြုတေရဲ့စွမ်းအင်ကို နေ့စဥ်အလိုအလျောက်စုပ်ယူနိုင်မည်ဖြစ်ပြီး သူမအား အာကာသစွမ်းအင်ကို ကိုယ်တိုင်အားပြန်သွင်းရန်ဆိုတဲ့ ခက်ခဲမှုကို သက်သာစေပါတယ်။
သူမက နေရာလွတ်ကို စစ်ဆေးနေတုန်းမှာ စစ်သားတွေကတော့ ညစာပြင်ဆင်လို့ပြီးသွားပြီ။ ဝက်အူချောင်းနှင့် ထမင်းတစ်အိုး၊ မှိုဟင်းချိုတစ်အိုးကို ချက်ပြုတ်ခဲ့ကြပြီး သောက်ရေကျိုရန်အတွက်လည်း အခြားရေတစ်အိုးကို အသုံးပြုကြတယ်။
စားစရာအဆင်သင့်ဖြစ်သောအခါတွင် ကျန်းယွမ်က ရှောင်ချီကိုကြည့်ကာ" ရှောင်ချီ ၊ ဗိုလ်ကြီးနဲ့ တခြားသူတွေကိုစားဖို့ သွားခေါ်လိုက်" လို့ပြောလိုက်တယ်။
"ကောင်းပြီ!"
ရှောင်ချီ သူတို့ရဲ့ကပ္ပတိန်ကို သွားရှာတော့ မျက်လုံးမှိတ်ပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။ သူ့ဘေးမှာပဲ့ ငုတ်တုတ်ထိုင်ချလိုက်ပြီး "ဗိုလ်ကြီး ညစာ အဆင်သင့်ဖြစ်ပြီ" လို့ပြောလိုက်တယ်။
ထိုစကားကိုကြားလိုက်သည်နှင့် ကျင်းရွှီယန်းက မျက်လုံးဖွင့်ကာထထိုင်လိုက်တယ်။ သူ့မျက်လုံးတွေကို ပွတ်သပ်ရင်း "အမ်း" ဟု အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
"ဗိုလ်ကြီး၊ မင်းရဲ့ စေ့စပ်ထားသူကိုခေါ်ချင်လား ဒါမှမဟုတ် ကျွန်တော်ပဲ့သွားခေါ်ပေးရမလား" ရှောင်ချီ က မေးသည်။
"ငါပဲ့သူမကိုသွားခေါ်လိုက်မယ်" ကျင်းရွှီယန်း က ပြန်ပြောတယ်။
ရှောင်ချီက ခေါင်းညိတ်လိုက်ပြီး သူ့ညီအကိုတွေနဲ့အတူ ညစာစားဖို့ သွားလိုက်တယ်။ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့အတွက်ကတော့ သူတို့မှာ ရိက္ခာတွေရှိပြီး သီးခြားစားသောက်ကြပါတယ်။
ခဏအကြာတွင်မှ ကျင်းရွှီယန်းက မတ်တပ်ထရပ်ပြီး ကျိူးလီဇီ ကိုရှာလိုက်တယ်။ နှစ်နာရီနီးပါး အနားယူပြီးနောက်တွင် သူ့ရဲ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် သူ့ကိုယ်သူ ပြန်လည်ပြုပြင်ဖို့ သုံးစွဲခဲ့တဲ့စွမ်းအင်က သူ့ကို ဆာလောင်မွတ်သိပ်စေခဲ့ပါတယ်။
သတ္တုနံရံရဲ့နောက်ကွယ်က ဧရိယာကမကျယ်တဲ့အတွက် သူ့မကို တစ်ချက်ကြည့်လိုက်ရုံနဲ့မြင်နိုင်တယ်။ သူမက လနီကို မှိန်းမောစွာ ငေးကြည့်နေရင်း အတွေးတွေပျောက်နေတာကိုလမ်းလျှောက်လာရင်းနဲ့ သူကသတိထားမိလိုက်တယ်။
သူမဘေးမှာ ထိုင်ချလိုက်ပြီး သူမလက်ကိုဆွဲကာ "အာ့ဇီ မင်းဘာတွေတွေးနေတာလဲ" ဟု တိုးတိုးလေးမေးလိုက်တယ်။
သူမလက်တွေကိုအုပ်ကိုင်ထားတဲ့ သူ့လက်ဖဝါးတွေရဲ့ နွေးထွေးမှုကို ခံစားလိုက်ရတော့ ကျိူးလီဇီရဲ့စိတ်က နေရာလွတ်ကနေ ပြန်ထွက်လာတယ်။ သူမ မျက်တောင်ခတ်ပြီး ခေါင်းကိုလှည့်ကာကြည့်လိုက်တယ်။
ကျင်းရွှီယန်းရဲ့ ညင်သာသော အကြည့်ကို မြင်လိုက်ရတော့ သူမရဲ့နှလုံးခုန်သံက မြန်သွားတယ်။ သူမ လည်ချောင်းရှင်းလိုက်ပြီး "ဘာမှ မတွေးဘူး" လို့ ပြောပါတယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက လှောင်ပြောင်ရယ်မောရင်းပြောလိုက်တယ် "ဒါဆို ကိုယ့်ရဲ့အာ့ဇီက နေ့ခင်းဖက်အိပ်မက် မက်နေတာပဲ့ဖြစ်မယ်"
ကျိူးလီဇီက ကိုယ့်ရဲ့အာ့ဇီ ဆိုတဲ့အသုံးနှုန်းကို ပြင်ပေးချင်ပေမယ့် သူမစကားမပြောခင်မှာပဲ့ "သွားစားရအောင် ညစာ ကအဆင်သင့်ဖြစ်နေပြီ"လို့ သူကပြောလာတယ်။
သူပြောလိုက်ပြီးတာနှင့် သူမရဲ့ဗိုက်ထဲက ကျယ်လောင်သောအော်ဟစ်သံများ ထွက်လာသည်။ ဗိုက်ကိုလက်ဖြင့်ဖုံးကာ သူမက ရှက်ရွံ့စွာပြုံးလိုက်တယ်။
ကျင်းရွှီယန်းက တခစ်ခစ်ရယ်ပြီး သူမကိုဆွဲတင်လိုက်တယ်။ သူမရဲ့ နူးညံ့သောလက်ကောက်ဝတ်ကို လက်ဖဝါးကျယ်ကြီးဖြင့်ဖုံးအုပ်ထားပြီး မီးပုံဆီသို့ လျှောက်သွားလိုက်ကြတယ်။
စစ်သားတွေ သူတို့ရောက်လာတာကိုတွေ့တော့ တွဲထားတဲ့လက်ကို မော့ကြည့်ကြပေမဲ့ ဘာမှတော့မပြောကြဘူး။ ရှောင်ချီက သူတို့အတွက် ထမင်းနှစ်ပန်းကန်နဲ့ မှိုဟင်းနှစ်ခွက်ခပ် ပေးလိုက်တယ်။
ကျိူးလီဇီကို သူမအတွက်ဝေစုပေးရင်း "ခယ်မ၊ ဒီမှာ မင်းအတွက်စားစရာ မလုံလောက်ရင်တော့ မင်း ဒီထက်ပိုပြီးယူနိုင်တယ်" လို့ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်" လို့ ကျိူးလီဇီ က ပြန်ပြောပြီး အစားအသောက်ကို လက်ခံလိုက်ပါတယ်။