← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

‎ဒီအချိန်မှာတော့ ကျိူးလီဇီရဲ့ခေါင်းထဲ၌ မေးခွန်းပေါင်းများစွာနဲ့ ပြည့်နေပေမယ့်လည်း သူမမှာ အဖြေရဖို့နည်းလမ်းမရှိပါဘူး။ အဖြေရှာမရသောကိစ္စများတွင် အချိန်မဖြုန်းသင့်ဟု ခံစားရတာကြောင့် အတွေးများကို အနောက်သို့သာတွန်းထုတ်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎သူမရဲ့ နေရာလွတ်ဆက်တင်များကိုဖော်ပြထားတဲ့ တက်ဘ်ပလက်ကိုဖွင့်လိုက်တော့ လယ်မြေအတွက် အလိုအလျောက်ရိတ်သိမ်းခြင်း၊ အလိုအလျောက်လုပ်ဆောင်ခြင်းနှင့် အလိုအလျောက်သိမ်းဆည်းခြင်းဆိုင်ရာလုပ်ဆောင်ချက်များအား ဖွင့်နိုင်တာကို သူမတွေ့လိုက်ရတယ်။ ဆည်မြောင်းစနစ်လည်း သတ်မှတ်ပေးပြီး လယ်မြေကိုလည်း မဖြုန်းတီးချင်တော့တာကြောင့် အရာအားလုံးကို အလိုအလျောက် ပြောင်းလဲစေခဲ့တယ်။

‎

‎

‎လက်ရှိအဆင့်တွင် ပြင်ပကမ္ဘာနှင့် အချိန်ကွာခြားမှုကြောင့် တစ်လလျှင် တစ်ကြိမ်သီးနှံများကရင့်မှည့်ပြီး စွမ်းအင်ကိုပိုမိုအသုံးပြု၍ အရှိန်ကိုလဲမြှင့်နိုင်မည်ဖြစ်သည်။

‎

‎

‎စပါးအထွက်နှုန်းမှာ တစ်စတုရန်းမီတာလျှင် ပျမ်းမျှအားဖြင့် ၅ ကီလိုဂရမ်သာရှိသော်လည်း သီးနှံအမျိုးမျိုးတွင် အထွက်နှုန်းကကွဲပြားသွားနိုင်တယ်။ အစေ့အဆန်များကို ပြုပြင်ခြင်းမှ ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းများကတော့ မြေသြဇာအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင်မြေဆီလွှာမှ စုပ်ယူသွားမည်ဖြစ်သည်။

‎

‎

အခွံချွတ်ပြီးသား အစေ့အဆန်များ၊ ဥပမာ ပြောင်းဖူးစေ့များကို ကောက်ပဲသီးနှံသိုလှောင်ရုံတွင် ထည့်သွင်းသိမ်းဆည်းမည်ဖြစ်သည်။ ထိုသိုလှောင်ရုံက ဆလင်ဒါပုံစံ စပါးကျီတစ်ခုဖြစ်ပြီး အချင်း ၃၀ မီတာ၊ အမြင့် ၅၀ မီတာရှိကာ ကောက်ပဲသီးနှံ ခန့်မှန်းခြေ တန်ချိန် ၃၁တန် အထိ သိုလှောင်နိုင်စွမ်းရှိသည်။

‎

‎

‎လယ်မြေများကို စစ်ဆေးပြီးနောက်တော့ နေအိမ်ကို သူမ စစ်ဆေးခဲ့သည်။ အသေးစိတ်အချက်အလက်ကို မြင်တော့ သူမအံ့ဩသွားမိတယ်။

‎

‎

‎ပထမထပ်ကို ဧည့်ခန်းတစ်ခုထပ်တိုးထားပြီး ၂၅၀ စတုရန်းမီတာအထိ တိုးချဲ့ခဲ့သည်။ ဒုတိယထပ်သည် ၂၂၀ စတုရန်းမီတာအထိ တိုးချဲ့ခဲ့ပြီး ယခုအခါတွင် လသာဆောင်တစ်ခုရှိနေပြီ။

‎

‎

‎ပိုကြီးသောနေရာ၊ အခန်းသစ်နှင့် လသာဆောင်မှလွဲ၍ ကျန်သည့်အရာအားလုံးက အတူတူပင်။ သူမရဲ့အိမ်က အရင်လို ဗလာဖြစ်နေဆဲပါပဲ့။

‎

‎

‎ယခုတစ်ကြိမ်တွင်တော့ သူမရဲ့နေရာက ဖုတ်ကောင်ဗိုင်းရပ်စ်ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ၎င်းကိုစုပ်ယူနိုင်သည်ကို တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားပြန်တယ်။

‎

‎

‎သူမရဲ့မေးစေ့ကိုပွတ်သပ်ကာ တွေးတောနေချိန်မှာပဲ့ သူမရဲ့ ညစ်ပတ်နေသော အဝတ်များပေါ်ရှိ အနက်ရောင်သွေးများနှင့် ပုပ်နေသော အသားများကို သတိရမိသွားတယ်။ဖုတ်ကောင်ဗိုင်းရပ်စ်များပါ၀င်သောကြောင့် ၎င်းတို့က စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားရမည်ဖြစ်သည်။

‎

‎

သူမရဲ့ အဝတ်အစားများတွင် အပေါက်များနှင့် အစားအစာ အစွန်းအထင်းများ ရှိနေသော်လည်း၊ ဖုတ်ကောင်များရဲ့ အနက်ရောင် သွေးနှင့် ပုပ်သိုးနေသော အသားစများ မတွေ့ရခြင်း၏ အကြောင်းရင်းကို ယခုမှ နားလည်သဘောပေါက်လာခဲ့သည်။ ဤသို့ကောက်ချက်ချပြီးမှသာ ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက နောက်ဆုံးတွင် အဓိပ္ပာယ်ရှိလာခဲ့သည်။

‎

‎

‎သူမကအချက်အလက်များကို ဆန်းစစ်ပြီးနောက်တွင် သက်ပြင်းချလိုက်တယ်။ သူမရဲ့နေရာက သူမရဲ့စွမ်းအင်ရင်းမြစ်ဖြစ်လာနိုင်ပြီး သူမရဲ့အဆင့်တာကိုကိုပိုမိုမြန်ဆန်အောင်ကူညီနိုင်လိမ့်မည်လို့ သူမကမျှော်လင့်ခဲ့တယ်။

‎

‎

‎ကံမကောင်းစွာနဲ့ပဲ့ သူမသည် အာကာသကို ထိန်းထားရန်အတွက် အမြုတေလိုအပ်တယ်။ နေ့စဉ်စွမ်းအင်သုံးစွဲမှုကို ကာမိစေရန် အမြုတေကိုလိုအပ်သည်။

‎

‎

‎သူမမျှော်လင့်ထားသည့်အရာမဟုတ်သော်လည်း လယ်မြေနှင့် ကန်ရေတွင် စွမ်းအင်ပါ၀င်သည်ဟု သုံးသပ်ခြင်းက ပိုအဓိပ္ပာယ်ရှိလာတယ်။ ထို့ကြောင့် အမြုတေများမှ စွမ်းအင်ပိုမိုရရှိရန်လိုအပ်ခြင်းက ပုံမှန်သာဖြစ်သည်။

‎

‎

‎စွမ်းအင်မပြည့်ဝပါက အာကာသ

က နောက်ဆုံးတွင် စွမ်းအင်ကုန်သွားမည်ဖြစ်ပြီး ပြိုကျခြင်း သို့မဟုတ် ပိတ်သွားခြင်းပင် ဖြစ်နိုင်တယ်။

‎

‎

‎သူမရဲ့အာကာသနေရာလွတ်ကိုချဲ့ထွင်ရန်အတွက် သူမမှာ အမြုတေအခု ၁၀၀ လိုအပ်ပြီး အဆင့်နှစ်အထိ ရောက်ရန်လည်းလိုအပ်သည်။ အဆင့်မြှင့်တင်ရန် လိုအပ်ချက်များက သူမရဲ့ အာကာသနေရာလွတ် တိုးတက်မှုနှုန်းကို ကန့်သတ်ထားတယ်။ အဘယ်ကြောင့်ဆိုသော် အဆင့်တက်ရန်အတွက် အားထုတ်ရာတွင် မလွယ်ကူသောကြောင့်ဖြစ်သည်။

‎

‎သူမ၏နေရာအကြောင်းပိုမိုလေ့လာပြီးနောက်တော့ မာစတာအိပ်ခန်း၏အံဆွဲတွင်သိမ်းဆည်းထားသော အမြုတေများကိုစစ်ဆေးခဲ့တယ်။

‎

‎

‎

‎ကျင်းရွှီယန်း သူမဆီပေးထားသောအမြုတေများတွင် အဆင့်တစ်အမြုတေ ၂၉ခုနှင့် အဆင့်သုံးအမြုတေ ၁ခု ရှိသည်။ သူမတွင်တော့ အဆင့်နှစ် သတ္တုအမျိုးအစားအမြုတေ တစ်ခုသာရှိတယ်။

‎

‎

‎သို့သော် ယခုအချိန်တွင်အဆင့်တစ်၊ အဆင့်-သုံး၊ နှင့် အဆင့်-၂ သတ္တုအမျိုးအစား အမြုတေ များသာ ရှိတော့သည်။ သူမရဲ့အာကာသနေရာလွတ်က အမြုတေရဲ့စွမ်းအင်ကို နေ့စဥ်အလိုအလျောက်စုပ်ယူနိုင်မည်ဖြစ်ပြီး သူမအား အာကာသစွမ်းအင်ကို ကိုယ်တိုင်အားပြန်သွင်းရန်ဆိုတဲ့ ခက်ခဲမှုကို သက်သာစေပါတယ်။

‎

‎

‎သူမက နေရာလွတ်ကို စစ်ဆေးနေတုန်းမှာ စစ်သားတွေကတော့ ညစာပြင်ဆင်လို့ပြီးသွားပြီ။ ဝက်အူချောင်းနှင့် ထမင်းတစ်အိုး၊ မှိုဟင်းချိုတစ်အိုးကို ချက်ပြုတ်ခဲ့ကြပြီး သောက်ရေကျိုရန်အတွက်လည်း အခြားရေတစ်အိုးကို အသုံးပြုကြတယ်။

‎

‎

‎စားစရာအဆင်သင့်ဖြစ်သောအခါတွင်‎ ကျန်းယွမ်က ရှောင်ချီကိုကြည့်ကာ‎" ရှောင်ချီ ၊ ဗိုလ်ကြီးနဲ့ တခြားသူတွေကိုစားဖို့ သွားခေါ်လိုက်" လို့ပြောလိုက်တယ်။

‎

‎

‎

‎"ကောင်းပြီ!"

‎

‎

‎ရှောင်ချီ သူတို့ရဲ့ကပ္ပတိန်ကို သွားရှာတော့ မျက်လုံးမှိတ်ပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။ သူ့ဘေးမှာပဲ့ ငုတ်တုတ်ထိုင်ချလိုက်ပြီး "ဗိုလ်ကြီး ညစာ အဆင်သင့်ဖြစ်ပြီ" လို့ပြောလိုက်တယ်။

‎

‎

‎ထိုစကားကိုကြားလိုက်သည်နှင့် ကျင်းရွှီယန်းက မျက်လုံးဖွင့်ကာထထိုင်လိုက်တယ်။ သူ့မျက်လုံးတွေကို ပွတ်သပ်ရင်း "အမ်း" ဟု အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

‎

‎

‎"ဗိုလ်ကြီး၊ မင်းရဲ့ စေ့စပ်ထားသူကိုခေါ်ချင်လား ဒါမှမဟုတ် ကျွန်တော်ပဲ့သွားခေါ်ပေးရမလား" ရှောင်ချီ က မေးသည်။

‎

‎

‎"ငါပဲ့သူမကိုသွားခေါ်လိုက်မယ်" ကျင်းရွှီယန်း က ပြန်ပြောတယ်။

‎

‎

‎ရှောင်ချီက ခေါင်းညိတ်လိုက်ပြီး သူ့ညီအကိုတွေနဲ့အတူ ညစာစားဖို့ သွားလိုက်တယ်။ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့အတွက်ကတော့ သူတို့မှာ ရိက္ခာတွေရှိပြီး သီးခြားစားသောက်ကြပါတယ်။

‎

‎

‎ခဏအကြာတွင်မှ ကျင်းရွှီယန်းက မတ်တပ်ထရပ်ပြီး ကျိူးလီဇီ ကိုရှာလိုက်တယ်။ နှစ်နာရီနီးပါး အနားယူပြီးနောက်တွင် သူ့ရဲ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် သူ့ကိုယ်သူ ပြန်လည်ပြုပြင်ဖို့ သုံးစွဲခဲ့တဲ့စွမ်းအင်က သူ့ကို ဆာလောင်မွတ်သိပ်စေခဲ့ပါတယ်။

‎

‎

‎သတ္တုနံရံရဲ့နောက်ကွယ်က ဧရိယာကမကျယ်တဲ့အတွက် သူ့မကို တစ်ချက်ကြည့်လိုက်ရုံနဲ့မြင်နိုင်တယ်။ သူမက လနီကို မှိန်းမောစွာ ငေးကြည့်နေရင်း အတွေးတွေပျောက်နေတာကိုလမ်းလျှောက်လာရင်းနဲ့ သူကသတိထားမိလိုက်တယ်။

‎

‎

‎သူမဘေးမှာ ထိုင်ချလိုက်ပြီး သူမလက်ကိုဆွဲကာ "အာ့ဇီ မင်းဘာတွေတွေးနေတာလဲ" ဟု တိုးတိုးလေးမေးလိုက်တယ်။

‎

‎

‎သူမလက်တွေကိုအုပ်ကိုင်ထားတဲ့ သူ့လက်ဖဝါးတွေရဲ့ နွေးထွေးမှုကို ခံစားလိုက်ရတော့ ‎ကျိူးလီဇီရဲ့စိတ်က နေရာလွတ်ကနေ ပြန်ထွက်လာတယ်။ သူမ မျက်တောင်ခတ်ပြီး ခေါင်းကိုလှည့်ကာကြည့်လိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းရဲ့ ညင်သာသော အကြည့်ကို မြင်လိုက်ရတော့ သူမရဲ့နှလုံးခုန်သံက မြန်သွားတယ်။ သူမ လည်ချောင်းရှင်းလိုက်ပြီး "ဘာမှ မတွေးဘူး" လို့ ပြောပါတယ်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက လှောင်ပြောင်ရယ်မောရင်းပြောလိုက်တယ် "ဒါဆို ကိုယ့်ရဲ့အာ့ဇီက နေ့ခင်းဖက်အိပ်မက် မက်နေတာပဲ့ဖြစ်မယ်"

‎

‎

‎ကျိူးလီဇီက ကိုယ့်ရဲ့အာ့ဇီ ဆိုတဲ့အသုံးနှုန်းကို ပြင်ပေးချင်ပေမယ့် သူမစကားမပြောခင်မှာပဲ့ "သွားစားရအောင် ညစာ ကအဆင်သင့်ဖြစ်နေပြီ"လို့ သူကပြောလာတယ်။

‎

‎

‎သူပြောလိုက်ပြီးတာနှင့် သူမရဲ့ဗိုက်ထဲက ကျယ်လောင်သောအော်ဟစ်သံများ ထွက်လာသည်။ ဗိုက်ကိုလက်ဖြင့်ဖုံးကာ သူမက ရှက်ရွံ့စွာပြုံးလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက တခစ်ခစ်ရယ်ပြီး သူမကိုဆွဲတင်လိုက်တယ်။ သူမရဲ့ နူးညံ့သောလက်ကောက်ဝတ်ကို လက်ဖဝါးကျယ်ကြီးဖြင့်ဖုံးအုပ်ထားပြီး မီးပုံဆီသို့ လျှောက်သွားလိုက်ကြတယ်။

‎

‎

‎စစ်သားတွေ သူတို့ရောက်လာတာကိုတွေ့တော့ တွဲထားတဲ့လက်ကို မော့ကြည့်ကြပေမဲ့ ဘာမှတော့မပြောကြဘူး။ ‎ရှောင်ချီက သူတို့အတွက် ထမင်းနှစ်ပန်းကန်နဲ့ မှိုဟင်းနှစ်ခွက်ခပ် ပေးလိုက်တယ်။

‎

‎

‎ ကျိူးလီဇီကို သူမအတွက်ဝေစုပေးရင်း "ခယ်မ၊ ဒီမှာ မင်းအတွက်စားစရာ မလုံလောက်ရင်တော့ မင်း ဒီထက်ပိုပြီးယူနိုင်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎"ကျေးဇူးတင်ပါတယ်" လို့ ကျိူးလီဇီ က ပြန်ပြောပြီး အစားအသောက်ကို လက်ခံလိုက်ပါတယ်။

‎

‎

All Chapters