← Chapters

အခန်း (၆၃)

Vol. 5 Ch. 63

အခန်း (၆၃)

Vol. 5 Ch. 63

‎ထမင်းပန်းကန်ကို ကိုင်ထားရင်းနဲ့ပဲ့ ကျိူးလီဇီဟာ ဝေစုက နည်းလွန်းတယ်လို့ တွေးလိုက်တယ်။ ထို့နောက်တွင် သူမက ပတ်ပတ်လည်ကိုလှမ်းကြည့်တာ စစ်သားများမှာလည်း သူမနှင့်တူညီသော ပမာဏသာရတာကို သတိပြုမိလိုက်တယ်။

‎

‎

‎လူတိုင်းလည်း ဗိုက်ပြည့်နိုင်ပုံမပေါ်ပါဘူး။ယခုအခါတွင်တော့ သူတို့ထဲမှအချို့ဟာ စွမ်းရည်အသုံးပြုသူများဖြစ်ကြသည်—သာမန်အမျိုးသားများကတောင်မှ ပိုကြီးသောအစာစားချင်စိတ်ရှိတယ်။

‎

‎

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကစစ်သားတွေပါ။ ဖုတ်ကောင်တွေကို အဆက်မပြတ်တိုက်ခိုက်နေရပြီး၊ ခရီးတွေလည်း မရပ်မနား ဆက်သွားနေကြရတယ်။ သူတို့တော့ ပင်ပန်းနွမ်းနယ်မှုနဲ့ ဆာလောင်မွတ်သိပ်မှုကို တစ်ချိန်တည်း ခံစားနေကြရမှာပဲ့။

‎

‎

‎သူမသည် သူတို့အတွက် စိတ်မကောင်းဖြစ်ရသော်လည်း၊ ဤသည်က ကမ္ဘာပျက်ကပ်ရဲ့ ဖြစ်ရပ်မှန်ပင်။ လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းအားများကို ဆုံးရှုံးရခြင်းကြောင့် ထုတ်လုပ်မှုလိုင်းများကို ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။

‎

‎

‎အနာဂတ်မှာ ထောက်ပံ့ရေးပစ္စည်းများကရှားပါးလာကာ နောက်ဆုံးတွင်တော့ လူသားများက အသက်ရှင်ရပ်တည်နိုင်ရန်အတွက် မျိုးပြောင်းတိရစ္ဆာန်များနှင့် အပင်များကိုသာ အားကိုးရတော့မည်ဖြစ်သည်။

‎

‎

‎ဖုတ်ကောင်ဗိုင်းရပ်စ်က မြေဆီလွှာနှင့် ရေကိုညစ်ညမ်းစေသောကြောင့် သီးနှံများစိုက်ပျိုးရာတွင် ခက်ခဲမည်ဖြစ်သည်။

‎

‎

‎ထွန်ယက်စိုက်ပျိုးနိုင်သောမြေက အကန့်အသတ်နဲ့ရှိမည်ဖြစ်ပြီး အာဏာရှိသူများကတော့ ၎င်းတို့အား သိမ်းယူရန်အတွက် တတ်နိုင်သမျှကို လုပ်ဆောင်ကြကာ မရေမတွက်နိုင်သော ပဋိပက္ခများအထိကိုဖြစ်လာစေပြီး သာမန်ပြည်သူအများစုမှာ အများအပြားသေဆုံးခဲ့ရသည်။

‎

‎

အနာဂတ်အကြောင်း တွေးနေတာနဲ့ သူမက အစာမစားတော့တာကို ကျင်းရွှီယန်းကသတိထားမိလိုက်တယ်။ ကျင်းရွှီယန်းက လက်ကိုမပြီး သူမရဲ့ခေါင်းကို ပုတ်ပေးကာ "အာ့ဇီ စိတ်မပူနဲ့။ အားလုံး အဆင်ပြေသွားမှာပါ။ အခုမှစပြီး မင်းဘေးမှာ ကိုယ်ရှိနေမယ်"

‎

‎

‎သူ့စကားကိုကြားတော့ ကျိူးလီဇီက ပြုံးပြီးပြောတယ် "အစ်ကိုယန်း ကျွန်မတို့ရဲ့အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကျွန်မတို့မသိနိုင်ဘူး" တဲ့။

‎

‎

‎ကျင်းရွှီယန်းက သူမကို လေးလေးနက်နက်ကြည့်နေသော်လည်း သူမရဲ့စကားကိုကြားတော့ ဘာမှပြန်မပြောလိုက်ဘူး။ ယခုအချိန်မှာတော့ သူမကို ဘာပဲ့ပြောခဲ့ပါစေ၊ သူမကယခင်ဘဝက ကြုံတွေ့ခဲ့ရတာများကြောင့် သူမကယုံမည်မဟုတ်ကြောင်း သူကနားလည်တယ်။

‎

‎

‎သူ့လုပ်ရပ်တွေနဲ့ပဲ့ သက်သေပြရလိမ့်မယ်။ တစ်နေ့မှာတော့ သူမရဲ့နှလုံးသားကိုဖွင့်ပြီး ဝင်ခွင့်ပေးလာမယ်လို့ သူသေချာတယ်။ သူမကိုကြည့်လိုက်ပြီး ပြုံးကာပြောလိုက်တယ် "မအေးခင် စားကြရအောင်"

‎

‎

သူမတို့က အေးအေးဆေးဆေးစားနေချိန်မှာပဲ့ စစ်သားတွေကတော့ ထမင်း တတိယပန်းကန်လုံး ဒါမှမဟုတ် မှိုဟင်းချို ဒုတိယပန်းကန်ကို စားသောက်နေကြပါပြီ။

‎

‎

‎ဟင်းချိုထဲက မှိုတွေကို မှိုခြောက်တွေနဲ့ ပြုလုပ်ထားပေမဲ့ တစ်နေ့လုံး၌ အစာရေစာငတ်ပြတ်နေခဲ့တာကြောင့် နည်းနည်းနှေးသွားရင်တောင် အစာလျှော့သွားမှာကို စိုးရိမ်ကြတယ်။

‎

‎

‎ကျင်းရွှီယန်း စားပြီးသွားသောအခါတွင်တော့ အိုးထဲရှိ အစားအစာများက လုံးဝစားပြီးကုန်ပြီဖြစ်ကြောင်းကို သတိပြုမိလိုက်တယ်။ ထိုနေရာ၌ မတ်တပ်ရပ်ကာ အိုးလွတ်ကို ခဏလောက်ကြည့်ပြီး ကျိူးလီဇီ ဆီသို့ ပြန်သွားခဲ့သည်။ သူမဘေးမှာထိုင်ပြီး သက်ပြင်းရှည်ကြီးချလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက သူမရဲ့နှုတ်ခမ်းတွေကို သုတ်လိုက်ပြီးနောက် သူ့ကိုကြည့်ကာ "အစ်ကိုယန်း ဘာဖြစ်နေတာလဲ"မေးလာတယ်။

‎

‎

‎ကျင်းရွှီယန်းက သူရဲ့ပေါ်လွင်ထင်ရှားတဲ့ ဝမ်းဗိုက်သားတွေကိုပွတ်သပ်လို့ သူမကိုကြည့်ကာ "အာ့ဇီ ကိုယ်ဗိုက်ဆာတယ်" ဟု ဝမ်းနည်းစွာ ပြောလိုက်တယ်။

‎

‎

‎သူ့ရဲ့ ခွေးပေါက်ကလေးနှင့်တူသော မျက်လုံးများနဲ့ ကြည့်လာသောအခါတွင် ကျိူးလီဇီသည် သူမရဲ့နှလုံးသားက မြှားဖြင့်အပစ်ခံလိုက်ရသလိုပဲ့ ခံစားလိုက်ရတယ်။ အပြင်မှာ ငြိမ်သက်နေပေမယ့် အတွင်းစိတ်ထဲမှာတော့ အော်ဟစ်နေတယ်။

‎

‎

‎'အိုဘုရားရေ ၊ သူ့လို အေးစက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့လူက ခွေးပေါက်စလေးပုံစံနှင့်ရည်းစားတစ်ယောက်လို ဘယ်လိုလုပ်ပြီးနေနိုင်တာလဲ။ သူက ရင့်ကျက်တဲ့ယောက်ျားတစ်ယောက် ဖြစ်သင့်တာ မဟုတ်ဘူးလား။

‎

‎

စိတ်ထဲတွင်တုန်လှုပ်နေသော်လည်း သူမသည် လက်ကိုမပြီး ကျင်းရွှီယန်းရဲ့ ပျော့ပျောင်းသောအနက်ရောင်ဆံပင်ကိုပွတ်သပ်လိုက်တယ် "ကောင်းပြီ၊ နောက်မှစားစရာတစ်ခုခုသွားစားမယ်" လို့ပြောလိုက်တယ်။

‎

‎

သူမ‎ဒီစကားကိုပြောပြီးတာနဲ့ နှစ်ယောက်လုံးက အေးခဲသွားတယ်။ သူမရဲ့အသံကလည်းနူးညံ့ကာ ခေါင်းကိုလည်းညင်သာစွာပွတ်သပ်ပေးခြင်းကြောင့် သူမချစ်သူကိုနှစ်သိမ့်နေပုံရတယ်။

‎

‎

‎ကျိူးလီဇီက ကြောင်တောင်တောင်နဲ့ပဲ့ လက်ကိုပြန်ဆွဲယူဖို့ကို ခဏလောက် အချိန်ယူခဲ့ပေမယ့် ‎ကျင်းရွှီယန်းကတော့ မလွတ်ပေးပါဘူး။

‎

‎

‎နောက်အခိုက်အတန့်တွင်တော့ သူတို့မျက်လုံးများက တူညီသည့်အနေအထားအထိကို နီးကပ်လာခဲ့တယ်။ သူ့ဆံပင်တွေကိုပွတ်သပ်ပေးဖို့ သူမရဲ့လက်ဖဝါးကို လမ်းညွှန်ပေးရင်းနဲ့ သူက "အာ့ဇီ မင်းကိုယ့်ကို ကြိုက်သလိုလုပ်နိုင်တယ်" ဟု အသံတိုးတိုးဖြင့် တိုးတိုးလေးပြောတယ်။

‎

‎

‎သူမရဲ့လက်ချောင်းများနှင့် လက်ဖဝါးတို့တွင် ပျော့ပျောင်းသော ဆံပင်များပွတ်တိုက်နေတာကို ခံစားလိုက်ရတယ်၊ ကျိူးလီဇီရဲ့ အေးစက်သောနှလုံးသားက ရုတ်တရက် အခုန်မြန်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံစဉ်တွင် သူ့ရဲ့ နက်ရှိုင်းပြီးမှောင်မိုက်တဲ့အကြည့်တွေထဲကို သူမဆွဲဆောင်ခံနေရတာကို တွေ့လိုက်ရတယ်။

‎

‎

‎

‎သူ့ရဲ့မျက်လုံးတွေက ညကောင်းကင်လို မည်းနက်နေပေမယ့် အတွင်းထဲမှာတော့ အနီရောင်အလင်းတန်းငယ်လေး တဖျပ်ဖျပ်လက်နေသည်။ ဒါကို သူမမြင်လိုက်သည့်အခိုက်တွင်ပဲ့ ရုတ်တရက်သူမရဲ့လက်တွေ့ဘဝသို့ ပြန်ရောက်သွားခဲ့တယ်။

‎

‎

‎သူမရဲ့လက်ကိုဆွဲဖယ်ကာ ရယ်မောပြီး

‎"အစ်ကိုယန်း ရှင့်အတွက် စားစရာသွားယူလိုက်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎သူမရဲ့ နားရွက်နီများကို မြင်လိုက်ရသဖြင့်

‎ကျင်းရွှီယန်းက သူမကို လွှတ်လိုက်တယ်။ သူမနောက်ဆုတ်သွားတဲ့ပုံစံကိုကြည့်ပြီး သူကပြုံးကာ 'အာ- ငါ့ရဲ့အာ့ဇီရဲ့လက်က အရမ်းနူးညံ့တယ်။ သူမက အနံ့လည်းအရမ်းမွှေးတယ်။ ဘယ်အချိန်ကြမှ သူမကို လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင်ထားနိုင်မှာလဲလို့ တွေးမိတယ်'

‎

‎

‎သူနှင့်မဝေးသော နေရာက စစ်သည်များကတော့ သူ့အပြုံးကိုမြင်သောအခါတွင် တုန်လှုပ်သွားကြတယ်။ သူတို့ရဲ့ ဗိုလ်ကြီးက ဒီလိုပြုံးလိုက်တိုင်း သူကဆိုးရွားတာတစ်ခုခုလုပ်တော့မှာ သေချာပါတယ်။

‎

‎

‎ထိုအချိန်တွင်တော့ သူတို့က ကျိူးလီဇီအတွက်

ဖယောင်းတိုင်တစ်တိုင်ကို တိတ်တဆိတ်ထွန်းညှိပေးကာ နတ်ဆိုးကြီးအား အောင်နိုင်လို့ သူ့ဆီက အစားခံရခြင်းဖြင့် အဆုံးမသတ်းစေရန် ဆုတောင်းပေးကြတယ်။

‎

‎

‎လမ်းလျှောက်ထွက်သွားပြီးနောက်တွင် ကျိူးလီဇီက သူမရဲ့ကားဆီသို့သွားခဲ့သည်။ ကားပေါ်ရှိရိက္ခာများကိုတော့ ကျင်းရွှီယန်းက တင်ဆောင်ထားပြီး ရိက္ခာမျိုးစုံရနိုင်တယ်။

‎

‎

‎သူမက စားစရာသောက်စရာများကို စစ်ဆေးလိုက်ပြီး သက်တမ်းတိုသောစားစရာများကို သူမရဲ့နေရာအတွင်း ထားရှိကာ ဘီစကွတ်နှင့်အစားအစာခြောက်များကဲ့သို့ ကြာရှည်ခံသောထုတ်ကုန်များနှင့် လဲလှယ်လိုက်တယ်။

‎

‎

‎ပြီးတာနဲ့ ငှက်ပျောနို့ပုံးနှစ်ပုံးကို ထုတ်လိုက်တယ်။ ပုံးတစ်ပုံးစီတွင် တစ်လီတာစီပါဝင်ပြီး၊ သာမန်အခြေအနေများတွင်တော့ မိသားစုသုံးဦးအတွက် လုံလောက်သော်လည်း၊ စွမ်းရည်ရှင်များအတွက်မူ ဤပမာဏက အတိအကျသင့်လျော်လှပေသည်။

‎

‎

နို့အပြင် သူမက စပျစ်သီးပေါင်မုန့် နှစ်ချပ်၊ တူနာငါးစည်သွတ်ဘူး နှစ်ဘူးနှင့် ဇီးသီးစည်သွတ်ဘူး နှစ်ဘူးကိုပါ ယူလိုက်သည်။ အရာအားလုံးကို သူမရဲ့ကျောပိုးအိတ်ထဲသို့ ထည့်သွင်းပြီးနောက် ပြန်လာခဲ့တယ်။

‎

‎

‎သူမပြန်လာသောအခါတွင်တော့ ကျင်းရွှီယန်းက တစ်ယောက်တည်းထိုင်နေတာကို မြင်လိုက်ရတယ်။ သူ့နောက်ကျောက ထူးထူးခြားခြားပဲ့ အထီးကျန်နေပုံပေါက်တယ်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက်တွင် သူမကစိတ်တည်ငြိမ်သွားခါမှ သူ့ဘေးမှာဝင်ထိုင်လိုက်တယ်။

‎

‎

‎ကျောပိုးအိတ်ကိုဖွင့်လို့ နို့ပုံးကိုထုတ်ကာ "အစ်ကိုယန်း ရှင် ငှက်ပျောနို့ကြိုက်သေးလားဆိုတာကိုတော့ ကျွန်မမသိဘူး" လို့ပြောပြီး နို့ပုံးကို ထုတ်ပေးလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမကိုဘေးစောင်းကြည့်လိုက်ပြီး နို့ပုံးကိုယူကာရယ်မောလိုက်သည်။ သူက နို့ကိုသောက်ပြီး "အာ့ဇီ မှတ်မိနေသေးတာလား" လို့ ဝမ်းသာအားရနဲ့ မေးလိုက်တယ်။

‎

‎

‎"အမ်း" ကျိူးလီဇီ က ခေါင်းညိတ်သည်။

‎

‎

‎နှစ်ဦးသားက အစားအစာနှင့်နို့ကို စားသောက်ပြီးမှ အနားယူလိုက်ကြတယ်။

‎

‎ညရဲ့ပထမပိုင်းတစ်ဝက်ကို ချင်လူဇီနှင့်စစ်သားသုံးဦးတို့က စောင့်ကြပ်ကြမည်ဖြစ်ပြီး ဒုတိယတဝက်ကိုတော့ ကျင်းရွှီယန်း၊ ကျန်းယွမ်နှင့် ဝိန်ညီအစ်ကိုများက အတူစောင့်ကြပ်မည်ဖြစ်သည်။

‎

‎

‎

All Chapters