← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

‎နံနက်ငါးနာရီတွင် အိမ်သာသုံးရန် တိုက်တွန်းမှုကြောင့် ကျိူးလီဇီ နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ စူးစူးရဲရဲစိုက်ကြည့်နေသော မျက်လုံးတစ်စုံကိုတွေ့လိုက်ရတယ်။

‎

‎

‎လန့်သွားပြီး သူ့ရှေ့ကလူကိုထိုးဖို့ လက်ကိုမြှောက်လိုက်တယ်။ ဒါပေမယ့် သူမက သူ့မျက်နှာကိုမထိနိုင်ခင်မှာပဲ့ လက်ကို အဖမ်းခံလိုက်ရပြီး နောက်ပြန်တွန်းချခံလိုက်ရတယ်။ မြေပြင်ပေါ်တွင် လဲလျောင်းရင်း သူ့ကိုမှင်တက်စွာ စိုက်ကြည့်နေမိသည်။

‎

‎

‎သူမရဲ့အပေါ်က ကျင်းရွှီယန်းဟာ ပျော်ရွှင်စွာ ပြုံးလိုက်တယ်။ သူမရဲ့ မှိန်းမောနေတဲ့ အမူအရာအား ကြည့်ရင်း သူမရဲ့ နှုတ်ခမ်းကိုနမ်းပြီးမှ "မင်္ဂလာနံနက်ခင်းပါ အာ့ဇီ"လို့ပြောလိုက်တယ်။

‎

‎

‎သူရဲ့အေးစက်သောနှုတ်ခမ်းများကို ခံစားမိကာမှ နောက်ဆုံးတွင်မှ ကျိူးလီဇီသည် အိပ်ယာကနေအပြည့်အဝ နိုးလာခဲ့တယ်။ သူမက သူ့ကိုတွန်းပြီး "အစ်ကိုယန်း မင်းကငါ့ကို လန့်စေတယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမရဲ့လက်ကိုလွှတ်လိုက်ပြီး သူမထထိုင်နိုင်အောင်ကူညီလိုက်သည်။ သူ့မရဲ့ဆံပင်တွေကို လက်ချောင်းတွေနဲ့ဖြီးသင်ပေးဖို့ သူ့လက်ကို ဆန့်လိုက်တယ်။ သူ့မရဲ့ ဆံပင်တွေရဲ့အဆုံးကို ထိလိုက်တဲ့အခါမှာတော့ သူ့မျက်လုံးတွေက ပုံမှန်ပြန်မဖြစ်ခင်တွင် ခဏလောက် လင်းလက်သွားတယ်။

‎

‎

‎'ဆံပင်တွေက ရှည်တာအရမ်းမြန်တယ်' လို့ သူ့စိတ်ထဲမှာ တွေးလိုက်တယ်။

‎

‎

‎သူနဲ့တွေ့တုန်းကဆိုရင် သူမရဲ့ဆံပင်တွေက ပုခုံးထိရှည်တယ်။ ဒါပေမယ့် အခုတော့ သူမရဲ့ဆံပင်တွေက ပုခုံးနှစ်ဖက်အောက်ကို ရောက်နေပါပြီ။

‎

‎

‎ခဏထိုင်ပြီးနောက်တော့မှ ကျိူးလီဇီ က "အစ်ကိုယန်း ရေချိုးခန်းသုံးချင်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်း က ပေါ့ပေါ့ပါးပါးနဲ့ "မင်းနဲ့လိုက်ခဲ့စေချင်လား"လို့မေးလာတယ်။

‎

‎

‎ဒီစကားကို သူမကြားလိုက်သည်နှင့် ကျိူးလီဇီရဲ့ နားရွက်များက နီရဲလာတယ်။ သူမက သူ့ကိုစိုက်ကြည့်ကာ "မလိုပါဘူး" ဟုဆိုသည်။

‎

‎

‎ကျင်းရွှီယန်းသည် သူမက သူ့ကို ဘာလို့စိုက်ကြည့်နေတာလဲ ဆိုတာကိုမသိဘူး။ ပွင့်လင်းတဲ့ကွင်းထဲမှာ နေရတာက အန္တရာယ်ရှိတယ်။ အကယ်၍သာ သူမတစ်ယောက်တည်းသွားခဲ့ပါက သူမရဲ့အရေးတကြီးအလုပ်ရဲ့ လမ်းတစ်ဝက်တွင် သူမတိုက်ခိုက်ခံရပါက မည်သို့လုပ်ရမည်နည်း။

‎

‎

‎သူ့မရဲ့ကျောကို ကြည့်လိုက်ပြီးတော့ သူကခေါင်းယမ်းကာ "အာ့ဇီ မင်းမှာတစ်ရှူးအစိုတွေရှိလား၊ အရင်က ဈေးလေးတစ်ခုကနေ မင်းအတွက် ကိုယ်စုဆောင်းထားတာတွေရှိတယ်" ဆိုပြီး မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူ့စကားများကိုကြားသောအခါ ချော်လဲလုနီးပါးဖြစ်သွားတယ်။ သူမကလှည့်ကြည့်လာပြီး သွားတွေကိုစေ့ကာ"ငါမှာရှိတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎"အဝေးကြီးကို မသွားနဲ့နော်။ မင်းသာ ကိုယ့်ကိုလိုအပ်ရင် လှမ်းအော်လိုက်"လို့ ကျင်းရွှီယန်းက ဆက်ပြောသည်။

‎

‎

‎ဤတစ်ကြိမ်မှာတော့ ကျိူးလီဇီက သူနှင့်စကားပြောဖို့ အလွန်ပျင်းနေလေသည်။ အခုတော့ သူ့ကျေးဇူးနဲ့ သူမ ရေအိမ်သွားမယ့်ကိစ္စကို အားလုံးကသိသွားကြပြီ။

‎

‎

‎သတ္တုနံရံနားကိုရောက်တဲ့အခါမှာတော့ ဒူးကိုကွေးပြီး တစ်ဖက်ဆီကို ခုန်လိုက်တယ်။ သူမ ပေါ့ပါးစွာပဲ့ ဆင်းသက်ရင်း ပတ်ပတ်လည်ကိုလှမ်းကြည့်လိုက်သည်။ အနီးအနားမှာ ဘယ်သူမှမရှိဘူးဆိုတာကို သေချာတဲ့အခါမှ သူမရဲ့ အာကာသထဲကို လျှပ်တပြက်ဝင်သွားခဲ့တယ်။

‎

‎

‎သူမ အာကာသထဲမှာပေါ်လာတာနှင့် ရေချိုးခန်းထဲသို့အမြန်သွားကာ ကိစ္စကို ပြီးသွားအောင်ရှင်းလိုက်တယ်။ ထို့နောက်တွင် သူမရဲ့မျက်နှာကို ဆေးကြောလိုက်ပြီး နေရာလွတ်မှပြန်ထွက်လာခဲ့သည်။

‎

‎

‎ပြန်မသွားခင်မှာ သူမက သူမရဲ့ကားပေါ်ကိုတက်ပြီး သူမနေရာလွတ်ထဲက ပြောင်းဖူးတစ်အိတ်ကိုထုတ်လိုက်တယ်။ ကားကို အကာအဖြစ်သုံးကာ သူမရဲ့အိတ်ကိုသယ်ထုတ်ပြီးကားကိုသော့ခတ်လိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမကိုတွေ့တော့ သူမဆီကိုလာပြီး "အာ့ဇီ ကိုယ့်ကို ရေပေးလို့ရမလား၊ မျက်နှာနဲ့ ဆံပင်ကို ဆေးချင်တယ်" လို့ မေးလိုက်တယ်။

‎

‎

ကျိူးလီဇီက ‎သူ့ဆံပင်မှာကပ်နေတဲ့ းအညစ်အကြေးတွေကို ကြည့်လိုက်ပြီး အိတ်ကိုချလိုက်ကာ မနေ့က ရေကျိုထားတဲ့ အိုးထဲကို ရေဖြည့်လိုက်တယ်။ ဒီရေအိုးက လေးငါးဂါလံလောက်ထိကိုဆံ့လို့ ရေဆေးဖို့ကလုံလောက်တယ်။

‎

‎

‎ရေကိုမြင်တော့ ကျင်းရွှီယန်းက ပြုံးပြီး "ကျေးဇူးတင်ပါတယ် အာ့ဇီ မင်းကအရမ်းကောင်းတာပဲ့"

‎

‎

‎သူ့ရဲ့ချီးမွမ်းသံကိုကြားတော့ ကျိူးလီဇီက ဝမ်းသာပီတိဖြစ်သွားပြီး "အစ်ကိုယန်း၊ မင်းရေထပ်လိုရင် ကျွန်မကိုပြောပါ" လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎သူမရဲ့ယခင်ဘဝကဆို အသင်းအတွက် ရေပြင်ဆင်ပေးချိန်တိုင်း၌ သူမရဲ့အသင်းခေါင်းဆောင်ကသာ သူ့ကို ကျေးဇူးတင်ပြီး ချီးမွမ်းပေးမည်ဖြစ်သည်။

‎

‎

‎အခြားသူများကမူ သူမရဲ့ကြင်နာမှုကို အလွယ်တကူခံယူပြီး၊ သူမရဲ့ စွမ်းအင်နည်းပါးမှုကြောင့် ရေပမာဏကို ယခင်ကဲ့သို့ မပေးနိုင်တော့သည့်အခါတွင်တော့ မကျေမနပ် ပြောဆိုကြသည်။

‎

‎"ကောင်းပြီ" ကျင်းရွှီယန်းက အိုးကို ထရပ်ကားအနောက်သို့ သယ်မသွားမီ၌ ခေါင်းညိတ်လိုက်တယ်။

‎

‎

‎ကုန်တင်ကားများက လူမြင်ကွင်းကို ပိတ်ဆို့ထားသဖြင့် သူ့အဝတ်အစားနှင့် ဘောင်းဘီကိုချွတ်လိုက်တယ်။ ခေါင်းလျှော်ရည်နဲ့ ဆပ်ပြာတွေကိုတော့ ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ အခုတော့ သူ ရေကိုအမြန်ချိုးနိုင်ပြီ။

‎

‎

ကျင်းရွှီယန်းက‎ သူ့ရဲ့ခန္ဓာကိုယ်ကိုပွတ်တိုက်နေရင်း ရေချိူးနေစဉ်၌ ကျိူးလီဇီကတော့ မီးဖိုအနီးတွင်ထိုင်နေခဲ့တယ်။

‎

‎

‎ ပြောင်းဖူးကိုအခွံခွာပြီး အမွှေးတွေကို သန့်စင်လိုက်တယ်။ ထို့နောက် လက်ဖဝါးကိုဖွင့်ကာ အိုးတစ်လုံးကို ရေဖြည့်လိုက်သည်။

‎

‎

‎ခဏအကြာတွင်တော့ သူမရဲ့လက်ကို မြှောက်ကာ ရေရဲ့အပူချိန်ကို ထိန်းလိုက်သည်။ လက်တစ်ဖက်က ရေကို ဆူပွက်အောင်ထိန်းထားပြီး ကျန်လက်တစ်ဖက်နဲ့ ပြောင်းဖူးကို အိုးထဲကို ထည့်လိုက်တယ်။

‎

‎

သူမက‎ပြောင်းဖူးကို ပြုတ်နေစဉ်တွင်ပဲ့ ကျင်းရွှီယန်းက ရေချိုးလို့ပြီးသွားပြီး သူ့သွားကို သွားဆက်တိုက်တယ်။ သူ့ရဲ့ကောင်မလေးကို မကြာခဏနမ်းပြီး ပွေ့ဖက်ထားချင်တာကြောင့် သူ့ပါးစပ်နဲ့ခန္ဓာကိုယ်က လန်းဆန်းသန့်ရှင်းနေဖို့လိုပါတယ်။ မဟုတ်ရင်တော့ သူမက သူ့ကို မကြိုက်ဘဲနေလိမ့်မယ်။

‎

‎

‎အိုးကြီးကိုင်ထားရင်း ကျိူးလီဇီရှိရာသို့ ပြန်လျှောက်လာသောအခါတွင် လေထဲ၌လွင့်နေသော ပြောင်းဖူးရဲ့မွှေးရနံ့ကို ရှူရှိုက်လိုက်ရတယ်။ သူက အိုးကိုချ၍ ခေါင်းငုံ့ကာ ပြောင်းဖူးအိုးထဲသို့ ကြည့်လိုက်သည်။

‎

‎

‎အထဲမှာ ပြောင်းဖူးတွေအများကြီးပြုတ်ထားတာကို မြင်တော့ သူက "အာ့ဇီ ဒီပြောင်းဖူးတွေကို မင်းဘယ်ကရတာလဲ" လို့ မေးတယ်။

‎

‎

‎သူ့မေးခွန်းကိုကြားတော့ ကျိူးလီဇီ က "အရင်က စူပါမားကတ်မှာ တွေ့ခဲ့တယ်။ သိပ်မလတ်ဆတ်ပေမယ့် စားလို့ရတုန်းပဲ"

‎

‎

‎ပြောင်းဖူးရဲ့မွှေးရနံ့က စစ်သားများနှင့် ပိုင်ရီကျီးရဲ့အဖွဲ့ကို အိပ်ယာမှနိုးထစေခဲ့သည်။ ကျင်းရွှီယန်းနှင့်မတူဘဲ စစ်သားများကတော့ မလာမီတွင် ကိစ္စများကိုအရင်ရှင်းကြပြီး ချန်ချန်းဖုန်း ဖန်တီးထားတဲ့ရေကို သူတို့ရဲ့ မျက်နှာနဲ့လက်တွေကို ဆေးကြောဖို့ အသုံးပြုခဲ့ပါတယ်။

‎

‎

‎ထို့နောက်တွင် ဝိန့်မိုက သတ္တုနံရံကိုဖြိုချလိုက်ပြီး သတ္တုဓားသွားများစွာကို ဖန်တီးခဲ့သည်။ စစ်သားများရဲ့ ဓားများက ပျက်စီးသွားပြီး သူတို့ရဲ့ သတ်ဖြတ်မှုအရှိန်ကို နှေးကွေးသွားစေခဲ့တယ်။

‎

‎

‎ထို့ကြောင့် ဝိန့်ခိုင် နှင့် ဝိန့်မို တို့က ပျက်စီးနေသောဓါးများကို အစားထိုးရန်အတွက် ဓါးများကိုပိုမိုပြုလုပ်ရန် အတူတကွလုပ်ဆောင်ခဲ့ကြတယ်။ ဓါးသွားပြုလုပ်ရာတွင် အသုံးပြုသည့်သတ္တုကိုတော့ သတ္တုအမျိုးအစားစွမ်းရည်ဖြင့် ဖန်တီးထားသောကြောင့် ဓါးသွားများက ပိုမိုခိုင်ခံ့ကာထက်ရှသည်။

‎

‎

‎ဒါပေမယ့် ဝိန့်ညီအစ်ကိုတွေရဲ့ စွမ်းအင်အကန့်အသတ်ကြောင့် သူတို့ဟာ စွမ်းအင်မကုန်ခင်မှာပဲ့ ဓါးငါးချောင်းကိုသာ ဖန်တီးနိုင်ခဲ့တယ်။ နောက်ထပ်မလုပ်ဆောင်မီတွင်တော့ သူတို့သည် အပြည့်အဝပြန်လည်ကောင်းမွန်လာစေရန်အတွက် နှစ်နာရီကြာ အနားယူရန်လိုအပ်သည်။

‎

‎

‎စစ်သားများနှင့် ပိုင်ရီကျီးတို့အဖွဲ့က လမ်းလျှောက်လို့လာကြသောအခါတွင် ပြောင်းဖူးကပြုတ်လို့ပြီးသွားပြီ။ ကျိူးလီဇီ က သူမရဲ့ စွမ်းအင်ကိုရုတ်သိမ်းလိုက်ပြီး စစ်သားတွေကို ကြည့်ကာ "ပြောင်းဖူးပြုတ် လုပ်ထားတယ်။ မနက်စာကို လူတိုင်းစားလို့ ရပါတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎

All Chapters