← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

‎ကျိူးလီဇီလည်း စကားပြီးတာနဲ့ သူမသည် ပြောင်းဖူးနှစ်လုံးကို အိုးထဲမှယူကာ ကျင်းရွှီယန်းအား "အစ်ကိုယန်း ဒီမှာ" ဟုပြောရင်း ‎ကျင်းရွှီယန်းဆီ ပေးလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ပြောင်းဖူးကိုယူလိုက်ပြီး အလေးချိန်ကြောင့် အံ့အားသင့်သွားတယ်။ သူက သူမကိုအဓိပ္ပါယ်ရှိရှိနဲ့ စိုက်ကြည့်ကာ "ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။

‎

‎

‎ကျိူးလီဇီက သူ့ကို ပြုံးပြပြီး ပြောင်းဖူးနှစ်ဖူးကို သူမဘာသာအတွက် ယူလိုက်တယ်။ သူ့ဘေးမှာပဲ့ထိုင်ပြီး မနက်စာစားတယ်။

‎

‎

‎တစ်ချိန်တည်းမှာပဲ့ စစ်သည်များကလည်း ပြောင်းဖူးတစ်ဖူးစီယူကာ စတင်စားကြတယ်။ သူတို့သည် စက်ရုံများကို စစ်ဆေးရန်နှင့် သူတို့အတွက် အဝတ်အထည်များနှင့် အတွင်းခံအချို့ကိုရယူရန် လိုအပ်နေသေးတယ်။

‎

‎

‎ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ကတော့ ကျိူးလီဇီက ပြောင်းဖူးကို ရှာတွေ့ခဲ့လို့ အံ့သြသွားကြပါတယ်။ ထောက်ပံ့ရေးပစ္စည်းများအတွက် သူတို့သွားရောက်ခဲ့သည့် တစ်ခုတည်းသောနေရာမှာ လင်အန်းတက္ကသိုလ်အနီးရှိ စူပါမားကတ်ဖြစ်သည်။

‎

‎

‎ဆရာချောင်ကသိမ်းသွားတဲ့ ပစ္စည်းတွေအကြောင်းကို တွေးရင်း လီယောင်နဲ့ ကျန်သူတွေက ဒေါသထွက်လာကြတယ်။ ဒါပေမယ့် အခုဆို သူတို့မှာ ရိက္ခာတွေပိုရလာတာကြောင့် အရင်ကလိုတော့ ဒေါသမထွက်တော့ဘူး။

‎

‎

သူတို့ရဲ့အသက်စွန့်ပြီး ရယူခဲ့ရသော ထောက်ပံ့ပစ္စည်းများကို လူအရေခွံခြုံထားသည့် သားရဲများက ခံစားနေကြသည်ကို စဉ်းစားမိတိုင်း၊ သူတို့ရဲ့စိတ်ထဲတွင် စိတ်အနှောင့်အယှက်ဖြစ်မှုက ပေါ်ပေါက်လာခဲ့တယ်။

‎

‎

‎လီယောင်က အိုးထဲကိုလက်ထည့်ပြီး ပြောင်းဖူးတစ်ဖူး ယူလိုက်တယ်။ သူ ကိုင်လိုက်တဲ့အခါမှာပဲ့ အံ့အားသင့်သွားပြီး ပြောလိုက်တာက "ဒီပြောင်းဖူးက အရမ်းကြီးပြီး အတွင်းသားပြည့်နေတာပဲ။ ငါတို့ကြတော့ ထောက်ပံ့ပစ္စည်းတွေ ယူတုန်းက ဒီလိုမျိုး ပြောင်းဖူးတွေကို ဘယ်လိုလုပ်ပြီူ လွတ်ခဲ့တာလဲ"

‎

‎

သူ့ရဲ့စကားများကို ကြားလိုက်ရပြီးနောက်တွင် ကျန်သူ‌ းတွေကလည်း ပြောင်းဖူးတစ်ဖူးကို သွားယူကြည့်ကြပြီး ပြောင်းဖူးများက သာမန်ထက် ပိုမိုကြီးမားနေတာကိုသတိထားမိလိုက်ကြတယ်။ ကိုက်စားကြည့်လိုက်သောအခါတွင် ပြောင်းဖူးရည်များက ပါးစပ်ထဲမှာ ပြည့်လျှံသွားခဲ့သည်။ ပြောင်းဖူးများက မွှေးကြိုင်နေပြီး၊ အစေ့များမှာ ပြည့်ဖြိုးကာ တကြွကြွနှင့် ချိုမြိန်လှသည်။

‎

‎“ဒီပြောင်းဖူး တွေကို ထောင့် ဒါမှမဟုတ် ဂိုဒေါင်ထဲမှာ ထား ထားရမယ်” ဟု ဟန့်ဂျီယင်းက ဆိုသည်။

‎

‎

‎ဖုန်းယွင်က ခေါင်းခါလိုက်ပြီး "ဂိုဒေါင်နဲ့ ထောင့်တွေကို ငါအရင်စစ်ကြည့်တော့ ကွက်လပ်ဖြစ်နေတယ်" လို့ပြောလိုက်တယ်။

‎

‎

‎ပိုင်ရီကျီးက ကျိူးလီဇီရှိတဲ့ ဦးတည်ရာကို စေ့စေ့ကြည့်ရင်း တွေးကာ ပြောလိုက်တယ် "ကောင်းပြီ၊ ဒီကိစ္စကို ဆက်ပြောမနေနဲ့တော့"

‎

‎

‎ပြောင်းဖူးပြုတ်တွေ စားပြီးသွားတဲ့အခါမှာတော့ ‎ကျိူးလီဇီ က စစ်သားတွေဆီကနေ ဂါလံအလွတ်ဘူးပေါင်းများစွာတောင်းပြီး ပြောင်းဖူးပြုတ်ရေကို သိုလှောင်ဖို့ အသုံးပြုခဲ့ပါတယ်။

‎

‎

‎ဒါကိုမြင်တော့ ရှောင်ချီက “ ခယ်မ အပြုတ်ရေကိုသောက်ရတာ ကြိုက်လို့လား” လို့ မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီ က ခေါင်းခါလိုက်ပြီး “ကျွန်မတို့က သောက်ရေကို ပြောင်းဖူးပြုတ်ရေနဲ့ အစားထိုးနိုင်ပေမယ့် ဟင်းချက်ဖို့ ဒါမှမဟုတ် ခေါက်ဆွဲပြုတ်ဖို့အတွက် သုံးတာက ပိုကောင်းပါတယ်” ဟု ရှင်းပြခဲ့သည်။

‎

‎

‎“ပြောင်းဖူးပြုတ်ရေဟာ ဟင်းသီးဟင်းရွက်စတော့ခ်နဲ့ ဆင်တူပတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ ကစီဓာတ်နဲ့ အရသာအပြည့်ပါဝင်ပြီး တခြားဟင်းလျာတွေရဲ့ အရသာနှင့် အာဟာရတန်ဖိုးတွေကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

‎

‎

‎ဒါကိုကြားတော့ ရှောင်ချီက ခေါင်းညိတ်ပြီး "ခယ်မ မင်းက သိပ်ဗဟုသုတကြွယ်တာပဲ"

‎

‎

‎"ငါလည်း တခြားသူတွေဆီက သင်ယူခဲ့တယ်" ဟု ကျိူးလီဇီ က ပြန်ဖြေတယ်။

‎

‎

‎ဂါလံနှစ်ဘူးဖြည့်ပြီးနောက်တွင်တောင် ပြောင်းဖူးပြုတ်ရေအချို့က ကျန်နေသေးတယ်။ စွန့်ပစ်လိုက်ရင် အမှိုက်ဖြစ်သွားလိမ့်မယ်လို့ခံစားရပြီး ရှောင်ချီက သူ့ရဲ့နေရာမှာ သိမ်းထားလိုက်တယ်။ ပြောင်းဖူးပြုတ်ရေကို မဖြည့်ခင်မှာ ကျန်နေသေးတဲ့ ဘူးထဲကရေကို သူ့အရင်သောက်လိုက်တယ်။

‎

‎

အိုးထဲတွင် ပြောင်းဖူးပြုတ်ရေက နှစ်ခွက်ခန့်သာ ကျန်တော့သည်။ သူက ပြောင်းဖူးပြုတ်ရေကို ခပ်ထုတ်ပြီး သတ္တုရေဘူးအလွတ်တစ်ခုတွင် သိမ်းဆည်းခဲ့တယ်။ နောက်ဆုံးတွင် အိုးလွတ်သွားပြီးနောက်မှ သူကပြုံးကာ ကျောပိုးအိတ်ထဲတွင် ပြောင်းဖူးပြုတ်ရေကို သိမ်းဆည်းလိုက်သည်။

‎

‎

‎အိတ်များထုပ်ပိုးပြီးနောက်တွင်တော့ စစ်သားများက သူတို့ရဲ့ ထရပ်ကားများနှင့် သံချပ်ကာယာဉ်များပေါ်သို့ တက်ခဲ့ကြတယ်။

‎

‎

‎ကျိူးလီဇီက သူမကားရဲ့ဒရိုင်ဘာဘေးတံခါးကိုဖွင့်လိုက်သောအခါတွင် ကျင်းရွှီယန်းက သူမလက်ကိုဆွဲပြ "ကိုယ်မောင်းမယ်" လို့ပြောလာတယ်။

‎

‎

‎သူက သူမရဲ့ယာဉ်မောင်းဖြစ်ရန် ဆန္ဒရှိနေသောကြောင့် ကျိူးလီဇီက အတင်းအကြပ်မလုပ်တော့ဘဲ ခရီးသည်ထိုင်ခုံမှာသာ ဝင်ထိုင်လိုက်တယ်။ သိပ်မကြာခင်မှာပဲ စက်ရုံခရိုင်ကို ကားမောင်းကာ ရောက်သွားကြတယ်။

‎

‎

‎စက်ရုံကိုခရိုင်ဟု ခေါ်သော်လည်း ထိုဒေသတွင် စက်ရုံအများအပြားသာရှိတယ်။ မနေ့က စက်ရုံနှစ်ရုံကိုရှင်းပြီးပြီ။ ဒီနေ့တော့ ကျန်တာတွေကို စစ်ဆေးဖို့ စီစဉ်ထားတယ်။

‎

‎

‎စစ်သားများနှင့် ပိုင်ရီကျီးရဲ့အဖွဲ့သားများကတော့ ဖုတ်ကောင်များကိုရှင်းလင်းရန် သူတို့ရောက်ရှိလာခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများအတွက်ရိက္ခာများရရှိနိုင်ရန် ဟု ထင်နေကြသော်လည်း ‎ကျင်းရွှီယန်း နှင့် ကျိူးလီဇီ တို့ သာလျှင် သူ့တို့ရဲ့ရည်ရွယ်ချက်အမှန်ကို သိတယ်။

‎

‎

‎

‎တတိယစက်ရုံမရောက်ခင်အထိကို မိနစ်ငါးဆယ်လောက် ကားမောင်းခဲ့ရတယ်။

‎

‎

‎ယခင်စက်ရုံများနှင့်မတူဘဲ၊ ဤစက်ရုံကတော့ အထည်စက်ရုံဖြစ်သည်။ ကုန်ကြမ်းများကို အထည်များအဖြစ်ပြုပြင်ပြီး ၎င်းတို့ကို အဝတ်အထည်နှင့် အခြားထုတ်ကုန်များအဖြစ် ပြောင်းလဲခဲ့သည်။ စက်ယန္တရားများနှင့် သိုလှောင်ရုံများ များပြားခြင်းကြောင့် ဤစက်ရုံကို မြေ ၃ ဟက်တာပေါ်တွင် တည်ဆောက်ခဲ့သည်။

‎

‎

‎သူတို့တွေ ဝင်ပေါက်ဆီမရောက်ခင်မှာ ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကို ကြားနေရပြီ။ ဒီတစ်ခါမှာတော့ စက်ရုံတံခါးကနေ တစ်ကီလိုမီတာအကွာမှာ ကားတွေ ရပ်လိုက်ကြတယ်။

‎

‎

‎သူတို့ကားထဲကထွက်လာတော့ ကျန်းယွမ် က "ဗိုလ်ကြီး ငါတို့ရဲ့ညီအစ်ကိုတွေ နိုးလာကြပြီး ကားထဲမှာ စားသောက်နေကြပြီ" ဆိုပြီး သတင်းပို့လိုက်တယ်။

‎

‎

‎ဒါကိုကြားတော့မှ ကျင်းရွှီယန်းက သက်ပြင်းတစ်ချက်ချပြီး "အကာအကွယ်ပေးဖို့အတွက် ညီအကိုတချို့ကို သူတို့နဲ့အတူနေဖို့ ချန်ထားခဲ့၊ ကျန်တဲ့သူတွေက ဖုတ်ကောင်တွေကို ရှင်းဖို့ ငါနဲ့အတူ လိုက်ခဲ့ကြရမယ်"

‎

‎

‎"နားလည်ပါပြီ"

‎

‎

‎ကျန်းယွမ် ထွက်သွားပြီးနောက်တွင် ကျင်းရွှီယန်းက သံချပ်ကာကားဆီသို့သွားကာ သူရဲ့သေနတ်၊ ခဲယမ်းမီးကျောက်များနှင့် ဆေးဝါးများကို ပြင်ဆင်ခဲ့ပြီး ကျိူးလီဇီကတော့ သူမရဲ့ကားပေါ်သို့ ပြန်တက်သွားခဲ့သည်။

‎

‎

‎သူမသည် နေရာလွတ်ရှိရေကန်မှရေနဲ့ဖြည့်ထားတဲ့ ရေသန့်ဘူးများ၊ နို့နှင့် ပေါင်မုန့်အများအပြားကို ထုတ်ကာ သူမရဲ့ ကျောပိုးအိတ်အတွင်းသို့ ထည့်လိုက်သည်။ စွမ်းရည်တစ်ခု နိုးထလာပြီးနောက်တွင်တော့ သူတို့သည် အားနည်းပြီး ဆာလောင်မှုကို ခံစားရလိမ့်မည်။ နွားနို့သောက်ခြင်းက သူတို့ကို မြန်မြန်ပြန်ကောင်းစေနိုင်ပါတယ်။

‎

‎

‎သူမရဲ့ ကျောပိုးအိတ်ကို ကိုင်ဆောင်ကာ ကားထဲကထွက်လာပြီး ကားကိုသော့ခတ်လိုက်ကာ စစ်တပ်ကားများဆီသို့ လျှောက်သွားခဲ့သည်။ သူမရောက်သွားတော့ မျက်နှာဖြူဖျော့ဖျော့နဲ့ လူခြောက်ယောက်က ထိုင်ခုံပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

‎

‎

‎သူမကိုမြင်တော့ စစ်သားတွေက အံ့အားသင့်သွားကြတယ်။ သန့်ရှင်းပြီး နူးညံ့သိမ်မွေ့တဲ့မိန်းကလေးကို သူတို့ တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ဘဲ။

‎

‎

‎"မင်္ဂလာပါ ရဲဘော်တို့၊ ရှင်တို့ အဖျားကနေ နိုးလာတာကို ကျွန်မကြားလိုက်ရတယ်။ ကျွန်မမှာ နို့နှင့်မုန့်တွေ ရှိတယ် ရှင်တို့နည်းနည်းလောက်လိုချင်လား" ကျိူးလီဇီ က သူတို့ကို ပြောလိုက်တယ်။

‎

‎

‎သူမစကားကိုကြားတဲ့အခါမှာတော့ စစ်သည်တွေက အံ့သြသွားကြတယ်။ သူတို့ရဲ့ လက်ရှိအခြေအနေမှာ နို့ရဖို့က ဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားကြတယ်။ ဒါကြောင့် ဒီမိန်းကလေးရဲ့ အစားအသောက်ကို လက်ခံဖို့က အဆင်မပြေဘူးလို့ ထင်ပါတယ်။

‎

‎

‎"မိန်းကလေး ငါတို့မှာ စားစရာနဲ့ရေရှိတယ်။ အဲဒါတွေကို မင်းကိုယ်တိုင်အတွက်ပဲ့ သိမ်းထားသင့်တယ်"လို့ ကျို့ဟွာကျဲ့ က ပြုံးပြီး ပြန်ပြောလာတယ်။

‎

‎

‎"အစ်ကို၊ ဒီနို့နဲ့ ပေါင်မုန့်က အကြာကြီးသိမ်းထားရင် ပျက်စီးသွားမှာပါ" လို့ ကျိူးလီဇီကလည်း ပြန်ပြောလိုက်တယ်။

‎

‎

‎

‎

‎

All Chapters