← Chapters

အခန်း (၆၆)

Vol. 5 Ch. 66

အခန်း (၆၆)

Vol. 5 Ch. 66

‎

‎ကျို့ဟွာကျဲ့က စကားတစ်ခွန်းမှ မပြောခင်မှာပဲ့ သူ့ဘေးမှာ ထိုင်နေတဲ့ လူငယ်တစ်ယောက်က ရုတ်တရက် မေးလာတယ် " ရဲဘော် မုန့်နဲ့ နို့ကို ငါတို့ဆီ တကယ်ပေးမှာလား"

‎

‎

‎တခြားစစ်သားတွေက သူ့စကားကြားတော့ ရှက်ရွံ့တဲ့အရိပ်အယောင်နဲ့ သူ့ကိုကောင်းကောင်းကြီး စိုက်ကြည့်လိုက်ကြတယ်။

‎

‎

‎"ကျွန်မက အကုန်မစားနိုင်ဘူး၊ ပျက်စီးသွားရင် အမှိုက်ဖြစ်သွားလိမ့်မယ်။ ရှင်တို့ကသာ ကျွန်မကိုကုန်အောင် ကူညီပေးနိုင်ရင် ကောင်းလိမ့်မယ်။ မုန့်နဲ့ နို့ကို ကျွန်မပြန်မတောင်းပါဘူး။း"

‎

‎

‎သူမ ဒီလိုပြောပြီးတာနဲ့ ထိုလူငယ်က သူ့လက်ဖျော့ဖျော့ကို ဆန့်တန်းလာပြီး "ဒါဆိုရင် ငါမင်းကိုကူညီပေးမယ်။ အစာကို ဖြုန်းတီးတာက မကောင်းဘူး" လို့ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူရဲ့မျက်နှာအမူအရာ ကင်းမဲ့သော မျက်နှာကို ကြည့်ကာ ရင်းနှီးတာကို တွေ့လိုက်ရသည်။ ဒါပေမယ့် အရင်တုန်းက သူ့ကို ဘယ်နေရာမှာတွေ့ဖူးခဲ့လဲဆိုတာကိုတော့ မမှတ်မိတော့ဘူး။

‎

‎

‎မုန့်ဆယ်လုံး၊ နို့ဆယ်ပုံးနှင့် ကန်ရေဆယ်ပုလင်းတို့ကို

ထုတ်ယူခဲ့သည်။ ဒါတွေကို ထုတ်ပေးပြီးတဲ့နောက်တော့ သူမရဲ့ ကျောပိုးအိတ်က ဗလာဖြစ်သွားတယ်။

‎

‎

‎သူမက ကျောပိုးအိတ်ရဲ့ဇစ်ကိုပိတ်ပြီး "ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် အစ်ကို"

‎

‎

‎“ဟမ်” လူငယ်က နို့ပုံးကိုဖွင့်ရင်း ခေါင်းညိတ်ပြသည်။

‎

‎

‎သိပ်မကြာခင်မှာပဲ့ ကျင်းရွှီယန်းက လမ်းလျှောက်လာပြီး "အာ့ဇီ မင်းဘာလုပ်နေတာလဲ"လို့မေးလာတယ်။

‎

‎

‎သူ့အသံကိုကြားတော့ ကျိူးလီဇီကပြန်မေးလိုက်တယ် "အစ်ကိုယန်း ကျွန်မတို့ အခုဝင်သွားတော့မလို့လား"

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး ဝိန့် ညီအစ်ကိုတွေလုပ်ထားတဲ့ ဓားမြှောင်တစ်ချောင်းကို သူမဆီပေးလိုက်ကာ "ဒါက မင်းအတွက်ပဲ့ ကိုယ်က သူတို့ကို ပုံသဏ္ဍာန်နဲ့ အလေးချိန် ပြုပြင်ခိုင်းထားတယ်။ မင်းနဲ့ လိုက်ဖက်တယ်"

‎

‎

‎ဓားမြှောင်ကို မြင်သောအခါတွင် ကျိူးလီဇီရဲ့ မျက်လုံးများက တောက်ပလာတယ်။ ဒီဓါးမြှောင်က သူမရဲ့ယခင်ဘဝတုန်းက ပိုင်ဆိုင်ထားတဲ့အရာနှင့် အလွန်ဆင်တူသည်။ သူမက ဓားမြှောင်ကိုယူပြီး ဓါးအိမ်မှ ဆွဲထုတ်ကာကြည့်လိုက်တယ်။ ဓါးပေါ်တွင်ရှိနေသော အမှတ်အသားကို မြင်သောအခါတွင် အံ့အားသင့်သွားသည်။

‎

‎

‎ဤဓားမြှောင်က ဆင်တူရုံမျှသာမကဘဲ ဒါက တကယ်ကို သူမရဲ့ဓားမြှောင်ဖြစ်သည်။

‎

‎

‎သူမရဲ့ယခင်ဘဝတုန်းကတော့ ဤဓားမြှောင်ကို ဆန်းချိုအခြေစိုက်စခန်းရဲ့ဈေးတွင် စျေးနှုန်းချိုသာစွာဖြင့် ရရှိခဲ့သည်။ သူမက ထိုနေရာသို့သွားကာ ထပ်ဝယ်ရန်အတွက် စီစဉ်ထားခဲ့သော်လည်း သူမရဲ့ဓားမြှောင်ကို ဝိန့် ညီအကိုတွေက လုပ်ခဲ့တာလို့တော့ သူမ မမျှော်လင့်ထားပါဘူး။

‎

‎

‎သူမတိတ်ဆိတ်သွားတာကိုမြင်တော့ သူမတွေးနေတာကို

‎ကျင်းရွှီယန်းက သိလိုက်သည်။ သူတို့ရဲ့ယခင်ဘဝတုန်းကတော့ သူသည် သူရဲ့ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားရင်း သူမအားပေးဆောင်ရန် နည်းလမ်းရှာခဲ့ရတယ်။

‎

‎

‎သူက သူမအားဂရုစိုက်တယ်ဆိုတာကို ရန်သူတွေ သိစေချင်တာ မဟုတ်ဘူး။ ထို့ကြောင့် သူမကို နောက်ကွယ်မှသာ သူကာကွယ်နိုင်ခဲ့သည်—သူမကို လက်ဆောင်တစ်ခုပေးချင်တာတောင် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ရတယ်။ အခုတော့ သူမကို တိုက်ရိုက်ပေးလို့ရတယ်။ ဒီခံစားချက်က အံ့သြစရာကောင်းတယ်။

‎

‎

‎ခဏတာငြိမ်သက်ပြီးနောက်မှ ကျိူးလီဇီက သူ့ကိုကြည့်ကာ "အစ်ကိုယန်း ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေးပြောသည်။

‎

‎

‎ ဘဝနှစ်ခုလုံးစာလက်ဆောင်တွေအတွက် သူမက ကျေးဇူးတင်ကြောင်းကိုတော့ သူတို့နှစ်ယောက်လုံးက နားလည်ကြသည်။

‎

‎

‎လက်ကို ဆန့်တန်းလိုက်ပြီးတော့ ကျင်းရွှီယန်းက သူမရဲ့ခေါင်းကို ညင်သာစွာပုတ်ပေးကာ ပြောလိုက်တယ် "မင်းကြိုက်တယ်ဆိုရင် ပြီးတာပဲ့"

‎

‎

‎သူ့ရဲ့လက်ပတ်နာရီကို စစ်ဆေးကြည့်ပြီးတော့ "တခြားသူတွေက ကိုယ်တို့ကို စောင့်နေတယ်။ ကိုယ်တို့ အခုသွားသင့်ပြီ” ဟု သူက ဆက်ပြောသည်။

‎

‎

‎"ကောင်းပြီ" ကျိူးလီဇီက ခေါင်းညိတ်လိုက်ပြီး ဓားမြှောင်ကို ညာဘက်ပေါင်မှာ ချည်လိုက်တယ်။

‎

‎

အရင်‎မထွက်သွားခင်မှာ ကျင်းရွှီယန်းက သူ့လူတွေကိုကြည့်ပြီး "မင်းတို့အားလုံးကတော့ အနားယူပြီး မင်းတို့ရဲ့စွမ်းအင်ကို ဖြည့်သင့်တယ်။ မင်းတို့ရဲ့ နိုးထလာတဲ့ စွမ်းအင်ကိုလည်း မင်းတို့ဘာသာ မင်းတို့သိအောင် လုပ်ပါ"

‎

‎

‎“နားလည်ပါပြီ” ဟု ခြောက်ဦးစလုံး ခေါင်းညိတ်ကာ တညီတညွတ်တည်း ပြန်ပြောတယ်။

‎

‎

‎ကျင်းရွှီယန်း နှင့်ကျိူးလီဇီတို့ ထွက်ခွာသွားပြီးနောက်တွင် ကျို့ဟွာကျဲ့က သူ့ညီအစ်ကိုများကို မယုံနိုင်စွာကြည့်ကာမေးလိုက်တယ် "မင်းတို့ အဲဒါကို မြင်လား"

‎

‎

‎စစ်သားတွေက ခေါင်းညိတ်တယ်။

‎

‎

‎"အဲဒီမိန်းကလေးက ငါတို့ရဲ့ဗိုလ်ကြီး အမြဲတမ်းလွမ်းဆွတ်နေတဲ့သူဖြစ်နိုင်တယ်" ဟု လူငယ်က ရုတ်တရက်ပြောတယ်။

‎

‎

စစ်သားတစ်ယောက်က ‎သူ့ကိုကြည့်လာပြီး

‎"ရှန်းကျင်းဇီ၊ မင်းကဘယ်လိုသိတာလဲ" လို့မေးလိုက်တယ်။

‎

‎

‎"အရင်တုန်းက ဗိုလ်ကြီးရဲ့ပိုက်ဆံအိတ်ထဲမှာ သူမရဲ့ပုံကို မြင်ဖူးတယ်။ အခုက အသက်ကြီးနေပေမယ့်၊ သူမရဲ့ အသွင်အပြင်က သိပ်မပြောင်းလဲတာကြောင့် သူမကိုမှတ်မိတယ်" လို့ ရှန်းကျင်းဇီ က ပြန်ပြောခဲ့တယ်။

‎

‎

‎"အဲဒါကြောင့် မင်းက သူမရဲ့အစားအသောက်တွေကို လက်ခံခဲ့တာလား" တခြားစစ်သားက ထပ်မေးတယ်။

‎

‎

‎ရှန်းကျင်းဇီကတော့ မိုက်မဲသူတစ်ယောက်ကို ကြည့်နေသလိုမျိူး ဘာမှမပြောဘဲနဲ့ မေးလာသူကို စိုက်ကြည့်နေလိုက်တယ်။

‎

‎

‎

‎မုန့်နှင့်နို့က ယခုအချိန်တွင် ရှားပါးသည်သာမကဘဲ အစားအစာကို မဖြုန်းတီးခြင်းမှာလည်း သာမာန်သဘောသာဖြစ်သည်။ ထို့အပြင် အရသာအရှိဆုံးအစားအစာမှာ အခမဲ့ရတဲ့ အစားအစာဖြစ်သည်။ အရူးတစ်ယောက်ကသာ အလကားစားဖို့ ငြင်းဆန်ပြီး ပိုက်ဆံဖြုန်းမှာ။

‎

‎

‎သူဘာမှမပြောရင်တောင် စစ်သားတွေက သူ့စိတ်ကို နားလည်တယ်။ နတ်ဆိုးအဖွဲ့တစ်ခုလုံးတွင် သူက ခြိုးခြံချွေတာမှုကြောင့် —တွန့်တိုလုနီးပါးဖြင့်နေတာ‌မို့ လူသိများသည်။ သူဘယ်လောက်ချွေတာတယ်ဆိုတာကို ယှဉ်နိုင်တဲ့သူဆိုရင်တော့ အဲဒါက ချန်ချန်းဖုန်း ပဲရှိတယ်။

‎

‎

‎သူတို့နှစ်ဦးစလုံးက အစားအသောက်ဝါသနာပါကြသော်လည်း ခြွေတာကြသဖြင့် စားစရာတစ်ပိုင်းစီဝယ်ကာ တစ်ဝက်စီခွဲလို့ တစ်ဝက်စီစားကြတယ်။

‎

‎

‎နို့ပုံးတစ်ပုံးနဲ့ ပေါင်မုန့်တစ်ချပ်ကိုယူပြီးတဲ့အခါမှာ ရှန်းကျင်းဇီက သူ့ညီအစ်ကိုတွေကို ကြည့်ပြီး "မင်းတို့ မစားချင်ရင် ငါ အကုန်လုံးစားလိုက်မယ်" လို့ ပြောတယ်။

‎

‎

‎ဒီစကားကိုကြားတာနဲ့ နို့နဲ့ အစာတွေကို အားလုံးကလုယူသွားကြတယ်။ နွားနို့အားလုံးကို သောက်ပြီးတာတောင် ရှန်းကျင်းဇီက ရေသောက်ရင်း မုန့်ကိုဆက်လက်စားခဲ့သည်။

‎

‎

‎ရေသောက်ပြီးနောက်တွင် အံ့သြသင့်မှုများက သူ့မျက်လုံးထဲတွင် ပေါ်လာတယ်။ နွားနို့သောက်တုန်းကနဲ့ မတူတာက ရေသောက်ပြီးတာနဲ့ သူ့ခန္ဓာကိုယ်ထဲကို နွေးထွေးတဲ့ စွမ်းအင်တွေ စီးဆင်းနေတာ ခံစားလိုက်ရတယ်။ သူ့ရဲ့အရင်က ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ခေါင်းကိုက်တာတွေ လျော့ပါးလာတယ်။

‎

‎

ရေတစ်‎ပုလင်းလုံးကို သောက်ပြီးသွားသည်နှင့် သူ့တစ်ကိုယ်လုံးက ပူနွေးလာတယ်။ သူစားတာကအရမ်းမြန်လွန်းတယ် ဒါမှမဟုတ် အရမ်းစားလိုက်တာကြောင့် ဖြစ်နိုင်တယ်။ ဒါပေမယ့် ရုတ်တရက် သူ့ဗီဇအတိုင်းပါးစပ်ကိုဖွင့်ပြီး လေတက်လိုက်တယ်"အေ့"

‎

‎

‎သာမာန်အခြေအနေအရဆိုရင် သူ့ညီအစ်ကိုတွေက သူတို့မျက်နှာကိုအုပ်ရင်း ကန်ကျောက်ကြလိမ့်မယ်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ့ပါးစပ်မှထွက်တဲ့ တောက်လောင် နေသောမီးကြောင့် သူ့ညီအစ်ကိုရဲ့ ဆံပင်များက လောင်ကျွမ်းသွားတာကို တွေ့လိုက်ရသည်။

‎

‎

‎" ရှန်းကျင်းဇီ မင်းကဘာကောင်လဲ" ကုန်းပိုင် က တအံ့တသြနဲ့အော်တယ်။

‎

‎

‎သူတို့ထဲကတစ်ယောက်က ရုတ်တရက်ကြီး မီးလောင်သွားတာကိုမြင်တော့ စစ်သားတွေကတုန်လှုပ်သွားပြီး သူ့(မီးလောင်သူ)ခေါင်းပေါ် နို့နည်းနည်းလောင်းပြီး အမြန်ငြှိမ်းသတ်လိုက်ကြတယ်။

‎

‎

”တရှဲရှဲ”‎ မြည်ကာမီးကငြိမ်းသွားသော်လည်း စစ်သားရဲ့ဆံပင်များက လောင်ကျွမ်းသွားပြီးဖြစ်တာကြောင့် ရယ်စရာကောင်း နေသော်လည်း သနားစရာလည်း ဖြစ်နေပြန်တယ်။

‎

‎

‎မီးငြိမ်းသွားပြီးနောက်မှ ကျို့ဟွာကျဲ့က သူ့ညီအစ်ကိုကိုကြည့်ကာ " ရှန်းကျင်းဇီ အဲဒါဘာလဲ"

‎

‎

‎သူ့လည်ချောင်းထဲက အပူတွေကို ခံစားလိုက်ရတော့ ရှန်းကျင်းဇီ သံချပ်ကာကားထဲက အမြန်ထွက်ပြီး "ဘရက်"

‎

‎

‎ဒီတစ်ခါမှာတော့ သူ့ပါးစပ်ထဲက‌နေ အပြာရောင်မီးတောက်ထွက်လာတာကိုမြင်လိုက်ရတယ်။

‎

‎

‎

‎

‎

All Chapters