← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

‎ကျိူးလီဇီရဲ့ စကားကိုကြားတော့ အခြားသူများက အံ့သြသွားကြတယ်။ သူမက ပိုင်ရီကျီးကို ချီးကျူးနေပုံပေါ်သော်လည်း သူမရဲ့မကျေနပ်မှုကို ကျင်းရွှီယန်း တစ်ဦးတည်းကသာ သတိထားမိသည်။ သူ့မျက်လုံးထဲမှာ အပြုံးတစ်ခချက်ကလင်းလက်လာပြီး သူ့မရဲ့ခေါင်းကိုပြတ်ပေးရန် သူ့လက်ဆန့်ထုတ်တယ်။

‎

‎

‎ထို့နောက် သူက သူမအနားသို့ တိုးကပ်သွားကာ "အာ့ဇီ စိတ်မဆိုးပါနဲ့၊ အဲဒါက မထိုက်တန်ဘူး" လို့ တိုးတိုးလေး ပြောလိုက်တယ်။

‎

‎

‎"ဘယ်သူကဒေါသထွက်နေလို့လဲ ၊ ကျွန်မကမေးကြည့်ရုံပါ " လို့ ကျိူးလီဇီကရေရွတ်တယ်။

‎

‎

‎ဒီလိုအခြေအနေမျိုးမှာတောင် သူတို့က ပရောပရည်လုပ်နေတာကို မြင်တော့ ပိုင်ရီကျီးက စိတ်ထဲမှာ အနှောက်အယှက်ဖြစ်သွားတယ်။ သူ့ရဲ့အကြည့်က အေးစက်လာပြီး "ဗိုလ်ကြီး ကျင်း သီးခြားအလုပ်လုပ်တာက ပိုကောင်းမယ်ထင်တယ်။ ကျွန်တော့်အဖွဲ့က အုပ်စုကြီးတွေနဲ့ အလုပ်မလုပ်တတ်ဘူး"

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းကပြုံးပြီးပြောတယ် " သခင်လေးပိုင် ဒီစက်ရုံမှာက အနည်းဆုံး အလုပ်သမား 30,000 မှ 50,000 အထိရှိတယ်။ မင်းရဲ့အဖွဲ့ တစ်ဖွဲ့တည်းနှင့် လုပ်နိုင်တယ်ဆိုတာက သေချာလား"

‎

‎

‎"မင်းသာတစ်ခုခုဖြစ်ခဲ့ရင် အထက်လူကြီးတွေက အပြစ်တင်လာကြမှာကို ငါကမလိုချင်ဘူး။ နောက်ဆုံးတော့လည်း မင်းက ပိုင်မိသားစုရဲ့ အဖိုးတန်အမွေဆက်ခံသူပါပဲ" ဟု သူက သက်ပြင်းချကာ ထပ်ပြောသည်။

‎

‎

‎သူ့စကားကိုကြားတော့ စစ်သားတွေက ခေါင်းငုံ့ပြီး ရယ်မောလိုက်ပြီး အားရဝမ်းသာရယ်မောနေပုံတွေကိုတော့ ဖုံးကွယ်ထားကြတယ်။ သူတို့ရဲ့ဗိုလ်ကြီးက လူတွေကို ဒေါသထွက်အောင် တကယ်ကိုလုပ်တတ်တယ်။

‎

‎

‎ပိုင်ရီကျီးကလည်း သူ့ရဲ့လှောင်ပြောင်တဲ့လေသံကို သတိပြုမိပြီး အေးစက်စွာဖြင့် ပြန်လည်ပြောဆိုလိုက်တယ် "ကျွန်တော်က ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဗိုလ်ကြီးကျင်းက ကျွန်တော်နဲ့ ကျွန်တော်အဖွဲ့အတွက် စိတ်ပူစရာ မလိုဘူးပါဘူး"

‎

‎

‎ကျင်းရွှီယန်း က သူ့လက်နှစ်ဖက်ကို ဖြန့်ပြပြီးပြောတယ် "ကောင်းပြီ၊ ဒီဖုတ်ကောင်တွေကို ရှင်းပြီးရင်တော့ ငါတို့ ခွဲသွားကြမယ်"

‎

‎

‎ပြောပြီးတဲ့နောက်တော့ ကျင်းရွှီယန်းက စစ်သည်များဘက်သို့လှည့်ကာ အမိန့်ပေးတယ် "ဝိန်ခိုင်၊ ဝိန်မို တံခါးဖွင့်လိုက် ကျန်တဲ့သူတွေက တိုက်ခိုက်ဖို့ပြင်ကြ"

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး" စစ်သည်များက တညီတညွတ်တည်းပဲ့ ပြန် တုံ့ပြန်ကြတယ်။

‎

‎

‎သူတို့က အတူတူပြန်ဖြေကြပေမယ့် သူတို့ရဲ့အသံတွေက တိုးတိုးလေးဖြစ်ပြီး တိုးတိုးလေးပြောနေသလိုပါပဲ။ သူတို့ကိုကြည့်ပြီး ကျိူးလီဇီက ပျော်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။

‎

‎

‎ဝိန့်ခိုင်နှင့် ဝိန့်မိုတို့က ဂိတ်ပေါက်ဆီသို့ လျှောက်သွားစဉ်မှာပဲ့ ကျိူးလီဇီကလည်း ဓားမြှောင်ကိုဆွဲထုတ်ကာ အနောက်ကလိုက်သွားပြီး ကျန်တဲ့လက်တစ်ဖက်ကို လက်ဝါးဖြန့်လိုက်တယ်။ တခဏအတွင်းမှာပဲ့ ရေဓားငါးချောင်းကလည်း လွင့်ပျံလာတယ်။

‎

‎

‎တံခါးက ဖြည်းညှင်းစွာပွင့်လာတဲ့အခါမှာပဲ့ သူမက လက်ကောက်ဝတ်ကို လှုပ်ယမ်းကာ ဖုတ်ကောင်များဆီသို့ ပျံသန်းနေသော ရေဓါးများကို လွှတ်လိုက်ပြီး ဖုတ်ကောင်များစွာကို တစ်ပြိုင်နက် ခေါင်းဖြတ်ပစ်လိုက်သည်။

‎

‎

‎"ခရက် ခရစ် ခရက် "

‎

‎

‎ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကြောင့် အရိုးတွေကွဲထွက်သွားတဲ့ အသံတွေက ဖိနှိပ်ခံလိုက်ရတယ်။ ခေါင်းမပါတဲ့ ဖုတ်ကောင်အလောင်းတွေဟာ မြေပြင်ပေါ်ကို လဲကျသွားပြီး အနက်ရောင်သွေးတွေက မြေပြင်ကို ဖုံးလွှမ်းသွားတယ်။

‎

‎

‎ရေဓားသွားများက ဖုတ်ကောင်များရှိတဲ့ နေရာတစ်လျှောက်ကို အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားခဲ့သည်။ သူတို့ဖြတ်သွားတဲ့ နေရာတိုင်းမှာ ပုပ်နေတဲ့ခေါင်းတွေက မြေကြီးပေါ်ကို လူးလိမ့်ကျလာတယ်။

‎

‎

‎ကျိူးလီဇီက ရှေ့တန်းကိုထိန်းသိန်းထားပြီး

‎ ဝိန့်မိုက ဖုတ်ကောင်များရဲ့ စီးဆင်းမှုကိုထိန်းချုပ်ကာ တံခါးတစ်ဝက်ကိုဖွင့်လို့ တစ်ကြိမ်လျှင် ဖုတ်ကောင်ငါးကောင်ကိုသာ ကျော်သွားစေခဲ့သည်။

‎

‎

‎ထို့နောက်တွင် ဝိန့်ခိုင်က ကြီးမားသော သတ္တုဘောလုံးတစ်လုံးကိုဖန်တီးပြီး သူ့အစ်ကိုရဲ့ဘေးတွင် ချထားလိုက်သည်။

‎

‎

‎"ခရက်"

‎

‎

လေးလံသောသတ္တုလုံးကြီးက မြေပြင်ပေါ်ကျသွားပြီးမြေကြီးကို အက်ကွဲစေခဲ့သည်။ ထို့နောက် သူသည် သူရဲ့ဓားကို ဆွဲထုတ်လိုက်တယ်။ သူရဲ့ စွမ်းရည်ထက် သူရဲ့ဓားနှင့် လက်သီးများဖြင့် တိုက်ခိုက်ရတာကို ပိုမိုနှစ်သက်သည်။

‎

‎သူ့ညီက ဖုတ်ကောင်တွေဆီ အပြေးအလွှားသွားနေတာမြင်တော့ ဝိန့်မိုက သက်ပြင်းချလိုက်ပြီး သတ္တုဘောလုံးကြီးထဲကနေ သတ္တုဆေးထိုးအပ်ဆယ်ချောင်းကို ဖန်တီးလိုက်တယ်။ အပ်တစ်ချောင်းစီက အချင်းသုံးစင်တီမီတာရှိပြီး မီတာဝက်ရှည်သည်။

‎

‎

‎"ရားးးး"

‎

‎

‎ဖုတ်ကောင်တွေဆီကို ပစ်မှတ်ထားကာ မျက်လုံးတွေကိုမှေး ကျဉ်းပြီးလက်ကိုဝှေ့ယမ်းလိုက်တယ်။

‎

‎

‎စက္ကန့်အနည်းငယ်အတွင်းမှာပဲ့ ဖုတ်ကောင်ဆယ်ကောင်ဟာ မြေပြင်ပေါ်သို့ အသက်မဲ့စွာလဲကျသွားပြီး သတ္တုဆေးထိုးအပ်များက ၎င်းတို့ရဲ့ ဦးခေါင်းခွံများကို ထိုးဖောက်ကာ ဦးနှောက်များကို ဖျက်ဆီးပစ်လိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက စစ်သားများကိုကြည့်ပြီးနောက် မျက်ခုံးပင့်ကာမေးလိုက်တယ် "ဘာကို စောင့်နေတာလဲ"

‎

‎

‎ဒါကိုကြားတော့ စစ်သားတွေကလည်း ဓားတွေကို ဆွဲထုတ်ပြီး တိုက်ပွဲမှာ ပါဝင်ခဲ့တယ်။ စွမ်းရည်ရှိသူများက ဖုတ်ကောင်အချို့ကို မဖြတ်ကျော်သွားစေရန်အတွက် ရှေ့တန်းကို ထိန်းထားနိုင်သောကြောင့် စွမ်းရည်မရှိသောအသင်းဖော်များရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း မြှင့်တင်နိုင်စေပါသည်။

‎

‎

‎ဘေးတွင်ရပ်နေသော ကျင်းရွှီယန်းက သူ့တပ်သားများ တိုက်ခိုက်နေပုံကို စောင့်ကြည့်နေတယ်။ သူတို့ထဲက တစ်ဦးက နောက်ကျောမှ လုပ်ကြံခံရမည့် အခြေအနေကို မြင်လိုက်ရသည့်အခါတွင် သူက လျင်မြန်စွာပဲ့ ဓားမြှောင်ကိုဆွဲထုတ်ကာ ပစ်လွှတ်လိုက်သည်။

‎

‎

‎

‎

‎ဓားမြှောင်က ဖုတ်ကောင်ရဲ့ဦးနှောက်ကို ထိုးဖောက်သွားပြီး ချက်ချင်းပဲ့ ဖုတ်ကောင်ကလဲကျသွားတယ်။ ကျင်းရွှီယန်း က လမ်းလျှောက်သွားပြီး သူရဲ့ဓားမြှောင်ကို ပြန်လည်ကောက်ယူကာ ပြောလိုက်တယ် "တိုက်ခိုက်တဲ့အခါမှာ နောက်ကျောကို သတိထားကြည့်ပါ။ ကိုယ့်ကိုကိုယ်နဲ့ အနီးအနားက အဖွဲ့ဝင်တွေကိုပဲ့ အာရုံစိုက်ပါ။ ဝေးတဲ့သူတွေကို စိတ်မပူပါနဲ့။

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး" စစ်သားက ဖုတ်ကောင်များကို ဆက်လက်တိုက်ခိုက်ခြင်းမပြုမီတွင်ပဲ့ ပြန်တုံ့ပြန်ခဲ့သည်။

‎

‎

‎ငါးမိနစ်မပြည့်မီအတွင်းတွင်ပဲ့ ဖုတ်ကောင်အရေအတွက်က ငါးပုံတစ်ပုံအထိ လျော့ကျသွားခဲ့တယ်။

‎

‎

‎စစ်သားများရဲ့ ဖုတ်ကောင်တွေအားသတ်နိုင်စွမ်းကို မြင်လိုက်ရသောအခါတွင် လီယောင်က အံ့အားသင့်စွာ ပြောလိုက်တယ် "သူတို့က တကယ်ကိုပဲ အကောင်းဆုံးဆိုတဲ့ ဘွဲ့ကို ခံယူထိုက်တယ်။ ဘာစွမ်းရည်မှ မရှိဘဲနဲ့တောင်၊ ငါ့ထက် ဖုတ်ကောင်တွေကို ပိုမြန်မြန် သတ်နိုင်တယ်"

‎

‎

‎ချူကျိမြောင်သည် ဖုတ်ကောင်များဟာ ဂေါ်ဖီထုပ်များကဲ့သို့ ရိတ်သိမ်းခံနေရတာကိုတွေ့သောအခါတွင် စိုးရိမ်သောကရောက်လာခဲ့တယ်။ သူမက လီယောင်ကိုကြည့်ပြီး "လီယောင် ဖုတ်ကောင်တချို့ကို သွားသတ်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎လီယောင်က ပြန်မဖြေခင်မှာ ဖုန်းယွင်က

‎ဝိန့်မို ဆီက ဆန်ငါးကီလိုဂရမ်နဲ့ လဲလှယ်ပြီးဝယ်ထားတဲ့ ဓါးတစ်လက်ကို ကိုင်ကာ "နင်တို့ ဘယ်သူမှ မလိုက်ချင်ရင်နေ ငါသွားလိုက်မယ်" လို့ ပြောလိုက်တယ်။

‎

‎

‎သူက‌တော့ပြောပြီးတာနဲ့ ရှေ့ကို ပြေးသွားတယ်။ သူတစ်ယောက်တည်းသွားနေတာမြင်တော့‎ ချူကျိမြောင်က "ဟေး ငါ့ကိုစောင့်ဦး"

‎

‎

‎သူတို့နှစ်ဦးက ပိုမိုအားကောင်းလာချင်ပြီး အမြုတေအချို့ကို စုဆောင်းရန် စိတ်အားထက်သန်နေသော်လည်း သူတို့ရဲ့ ကန့်သတ်ချက်များကိုတော့ သိရှိကြသည်။ ပိုက်ကွန်မှလွတ်မြောက်လာသော ဖုတ်ကောင်များကိုသာ သတ်ဝံ့ကြတယ်။

‎

‎

‎ဇွန်ဘီတစ်ကောင်က သူမကို ခုန်အုပ်လိုက်တဲ့အခါမှာ ချူကျိမြောင်က သူမရဲ့သွားကိုစေ့ထားပြီး သံတုတ်ကို ဝှေ့ယမ်းလိုက်တယ်။

‎

‎

"ဒုတ်"

‎သံတုတ်က ဖုတ်ကောင်ရဲ့ဦးခေါင်းဘေးဘက်ကို ထိသွားတယ်။ ကံမကောင်းစွာနဲ့ပဲ့ သူမရဲ့ခွန်အားက ဖုတ်ကောင်ကိုသတ်နိုင်ရန်အတွက် မလုံလောက်ပါဘူး။

‎

‎

‎"ရားး"

‎

‎

‎ဖုတ်ကောင်က တစ်ခဏမျှသာ ခေတ္တရပ်သွားကာ သူမကို နောက်တစ်ကြိမ် တိုက်ခိုက်လာတယ်။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး သူမရဲ့လည်ပင်းကို စိုက်ကြည့်တယ်။

‎

‎

‎ဒါကိုမြင်တော့ ချူကျိမြောင်က ဘေးနားကို ခုန်ထွက်လိုက်ပြီး ဖုတ်ကောင်ရဲ့နောက်ကျောကို သံတုတ်နဲ့ရိုက်လိုက်တယ်။

‎

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ဖုတ်ကောင်ဟာ ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်ကို လဲကျသွားတယ်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး၊ သူမရဲ့လက်နက်ကိုမြှောက်ကာ ဖုတ်ကောင်ရဲ့ဦးခေါင်းကို အကြိမ်ပေါင်းများစွာရိုက်ခဲ့သည်။

‎

‎

‎အရိုးနှင့်တိုက်မိသော သံတုတ်ရဲ့အသံက သူမရဲ့နားထဲတွင် ပဲ့တင်ထပ်သွားတယ်။သူမရဲ့သွေးတွေက ပွက်ပွက်ဆူနေပေမယ့် လက်တွေကတုန်နေတယ်။ ဒီပထမခြေလှမ်းကို လှမ်းဖို့ဆိုတာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး၊ ဒါပေမယ့် ဖုတ်ကောင်ရဲ့လှုပ်ရှားမှုက ရပ်သွားတာကိုသူမမြင်လိုက်တဲ့အခါမှာတော့ သူမရဲ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုတွေ လျော့နည်းလာပါတယ်။

‎

‎

‎ဖုတ်ကောင်တွေက သူမထင်ထားသလို ကြောက်စရာမဟုတ်ကြောင်းကို သိလာရတယ်။ မျက်လုံးဖွင့်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေသရွေ့တော့ သူမက ရှောင်တိမ်းပြီး တန်ပြန်တိုက်ခိုက်နိုင်ပါတယ်။

‎

‎

‎ဤယုံကြည်မှုအသစ်ဖြင့် သူမက ဆက်လက်တိုက်ပွဲဝင်ခဲ့တယ်။

‎

‎

‎

All Chapters