← Chapters

အခန်း (၇၀)

Vol. 5 Ch. 70

အခန်း (၇၀)

Vol. 5 Ch. 70

‎ကျိူးလီဇီရဲ့မေးခွန်းကြောင့် ဖုန်းယွင်အံ့သြသွားတယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက်က ကောင်းကောင်းမသိကြဘူး။ လင်အန်းတက္ကသိုလ်ကို ပထမဆုံးရောက်တဲ့အချိန်က သူမကို ခရီးဆောင်အိတ်သယ်ကူပြီး အိပ်ဆောင်ကိုလိုက်ပို့ပေးတာကလွဲလို့ သူတို့နှစ်ယောက်လုံးမှာ အပြန်အလှန် ဆက်ဆံရေးမရှိခဲ့ကြပါဘူး။

‎

‎

‎သူက ဤဂျူနီယာညီမကို လျစ်လျူရှုပြီး တွက်ချက်တတ်သူအဖြစ် အမြဲတွေးခဲ့တယ်။ သူမကကြင်နာတတ်ဖို့ကို တကယ်လည်းသူဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။

‎

‎

‎သူလည်းတကယ်ရေငတ်နေတော့ ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်"

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက သူမရဲ့ ကျောပိုးအိတ်ဆီသွားပြီး ရေတစ်ပုလင်းကို ထုတ်ယူလိုက်တယ်။ သူမရဲ့နေရာက ရေကန်ရေပါ။

‎

‎

‎အကျိုးကျေးဇူးအတိအကျကို သူမသေချာမသိသော်လည်း ရေတွင်စွမ်းအင်အနည်းငယ်ပါရှိတယ်။ ထိုသေးငယ်သော စွမ်းအင်က ဤအကျပ်အတည်းကို ချောမွေ့စွာနဲ့ လွတ်မြောက်သွားအောင် ကူညီပေးနိုင်သည်။

‎

‎

သူမက ‎ပြန်လာပြီးနောက်တွင် ရေကို သူ့ထံလွှဲသိို့ပေးကာ

‎"စီနီယာဖုန်း နောက်ထပ်လိုရင် ကျွန်မကိုပြောပြပါ" လို့ ပြောလိုက်တယ်။

‎

‎

‎"ကျေးဇူးတင်ပါတယ်" ဖုန်းယွင်က ခေါင်းညိတ်သည်။

‎

‎

‎အဲဒီနောက်မှာတော့ သူမလည်း နောက်ထပ် ကန်ရေတစ်ပုလင်းကို ထုတ်ယူပြီးသောက်ခဲ့ပါတယ်။ တံခါးကို လှမ်းကြည့်လိုက်တော့လည်း အခြေအနေကိုထိန်းထားနိုင်တာကိုတွေ့လိုက်ရတယ်။ ထို့ကြောင့် သူမက အနားယူရန် မြေပြင်ပေါ်တွင် ထိုင်လိုက်တယ်။

‎

‎

‎ဂိတ်ပေါက်က စစ်သားများလည်း နောက်ဆုံးဖုတ်ကောင်ကို သတ်ဖြတ်ခြင်းပြီးဆုံးသွားလေပြီ။ လူသေအလောင်းများက မြင့်မားစွာ စုပုံနေသဖြင့် ဂိတ်ဝကိုကျော်ဖြတ်ရန် ခက်ခဲလှတယ်။

‎

‎

‎ကျန်းယွမ်က သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး "အားလုံးပဲ့အဆင်‌ပြေရဲ့လား ၊တစ်ယောက်ယောက် ဒဏ်ရာရသွားသေးလား" လို့ မေးလိုက်တယ်။

‎

‎

‎စစ်သားတွေက တစ်ယောက်နဲ့တစ်ယောက် စစ်ဆေးကြည့်ကာ ဘယ်သူမှမထိခိုက်ကြောင်းကို အတည်ပြုပြီးမှ “ဘယ်သူမှ မဒဏ်ရာရပါဘူး ဒုဗိုလ်ကြီး” ဆိုပြီး ပြန်သတင်းပို့တယ်။

‎

‎

‎ဒါကိုကြားတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ဆယ်မိနစ်လောက် အနားယူပြီးရင် အလောင်းတွေကို ဖယ်ရှားကြမယ်"

‎

‎

‎သူပြောပြီးတာနဲ့ ကျင်းရွှီယန်းက လှမ်းပြောတယ် "ဖယ်စရာ မလိုပါဘူး"

‎

‎

‎နောက်တစ်စက္ကန့်တွင် သူလက်ကိုမြှောက်လိုက်ရာ အနက်ရောင်မီးတောက်များက အလောင်းများကို လွှမ်းခြုံသွားသည်။ ဖုံးကွယ်ထားသော အန္တရာယ်များကို ဖယ်ရှားပစ်ရန်အတွက် သူက ၎င်းတို့ကို ချန်ထားခဲ့ရန်အစီအစဉ်မရှိပေ။

‎

‎

‎သူက မီးတောက်များရဲ့ အပူချိန်ကို တိုးမြင့်စေပြီး ဆယ်မိနစ်မပြည့်မီတွင်ပဲ့ မြေပြင်ပေါ်တွင် အနက်ရောင်ပြာများသာကျန်နေခဲ့တယ်။ လေတိုက်လိုက်တာနှင့် ပြာများလည်း ပြန့်ကျဲသွားသည်။ ကြည်လင်သော အမြုတေများသည် နေရောင်အောက်တွင် လှပစွာလင်းလက်နေတယ်။

‎

‎

‎သူ့တပ်သားတွေဘက်လှည့်ပြီး “အမြုတေတွေကို သွားယူ” လို့ပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎ကျင်းရွှီယန်းရဲ့ စွမ်းအားကိုမြင်လိုက်ရသောအခါသူတို့နှင့် မနီးမဝေးတွင်ရှိသော ‎ပိုင်ရီကျီးရဲ့ မျက်လုံးများက တောက်ပလာတယ်။ သူ့ကို ဒီလောက်ထိ သန်မာမယ်လို့ သူမမျှော်လင့်ထားဘူး။ သူတို့နှစ်ယောက်သာ တိုက်ခိုက်လျှင် သူနိုင်မှာမဟုတ်ဘူး။

‎

‎

‎သူ့အကြည့်ကိုခံစားရလို့ ကျင်းရွှီယန်းက သူ့ကိုကြည့်လာကာ ပြုံးလိုက်တယ်။ သူ့အပြုံးက ချောမောပေမယ့် ရန်လိုမှုတွေလည်း ပြည့်နှက်နေတယ်။ သွားတွေကို တင်းတင်းကြိတ်ပြီး ပိုင်ယိကျီးက သူ့ရဲ့စိတ်အနှောင့်အယှက်ဖြစ်မှုကို ထိန်းချုပ်ပြီး သူ့ကို လျစ်လျူရှုဖို့ အကောင်းဆုံးကြိုးစားလိုက်တယ်။

‎သူ့ပတ်ဝန်းကျင်က သူ့အသင်းဖော်တွေကတော့ အထူးသဖြင့် ချူကျိမြောင်က အသက်ရှုကြပ်နေတယ်။ မြေပြင်ပေါ်တွင် ထိုင်နေရင်းနဲ့ နောက်ဆုံးတွင်မှ ဖုန်းယွင်က အနားတွင် မရှိတာကို သူမ သတိပြုမိလိုက်တယ်။ အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်မှ နောက်ဆုံးတွင် သူ့ကို တစ်ဖက်တွင် တွေ့လိုက်ရတယ်။

‎

‎

‎" စီနီယာဖုန်းက ဘာလို့ သူတို့နဲ့ရှိနေတာလဲ " သံသယစိတ်နဲ့ သူမက မေးလိုက်တယ်။

‎

‎

‎သူမရဲ့စကားကြားတော့ အားလုံးလည်း ခေါင်းကိုလှည့်ပြီးကြည့်လိုက်တာ ဖုန်းယွင်က မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။ ဟန့်ဂျီယင်းက မျက်မှောင်ကြုတ်ပြီးပြောတယ် "သူတို့နဲ့ပူးပေါင်းဖို့အတွက် ငါတို့အဖွဲ့ကနေ ထွက်သွားမှာလား"

‎

‎

‎" ဖုန်းယွင်က သစ္စာမဲ့သူမဟုတ်ပါဘူး" ‎လော့်ကျင်းက ပြန်ဖြေတယ်။

‎

‎

‎"မင်းတို့အားလုံး အနားယူလိုက်ကြ။ ငါသွားကြည့်မယ်" လို့ ပိုင်ရီကျီးက ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

ကျိူးလီဇီက ပေါင်မုန့်စားနေပြီး စတော်ဘယ်ရီနို့သောက်နေတာကို ‎သူလမ်းလျှောက်လာရင်းနဲ့တွေ့လိုက်တယ်။ သူမရဲ့ ပါးပြင်များက ဖောင်းကားလာသည်ကို မြင်လိုက်ရတာနှင့် သူ့နှုတ်ခမ်းထောင့်က အနည်းငယ်ကြွလာတယ်။ သူမက ဟမ်းစတာတစ်ကောင်လိုပါပဲ စားနေရင်းနဲ့တောင်ချစ်စရာကောင်းတယ်။

‎

‎

‎သူလမ်းလျှောက်လာတာကိုမြင်တော့ ကျိူးလီဇီကမေးလိုက်တယ် "စီနီယာပိုင် တစ်ခုခုလိုလို့လား"

‎

‎

‎"ငါ ဖုန်းယွင်ကို စစ်ဆေးဖို့ လာခဲ့တာ"

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက "အိုး" လို့ တုံ့ပြန်ပြီး ဆက်စား နေတယ်။

‎

‎

‎

‎ဖုန်းယွင်ဆီကို လျှောက်မသွားခင်မှာ ပိုင်ရီကျီးက သူမကို ခဏလောက်ကြည့်လိုက်သေးတယ်။ သူ့ဆီရောက်သွားတော့ ဖြူဖျော့နေတဲ့ မျက်နှာကို သတိထားမိလိုက်တယ်။ ငုတ်တုတ်ထိုင်ပြီး မေးလိုက်တယ် "ဖုန်းယွင် မင်းဘာဖြစ်နေတာလဲ"

‎

‎

‎ထိုအချိန်တွင် ဖုန်းယွင်က တစ်ဝက်တစ်ပျက် သတိလစ်နေခဲ့တယ်။ သန်းပေါင်းများစွာသော ပုရွက်ဆိတ်များက သူ့အသားနှင့်အရိုးများကို ကိုက်စားနေသကဲ့သို့ သူ့တစ်ကိုယ်လုံး မှာနာကျင်ကိုက်ခဲနေလေတယ်။ နာကျင်မှုကို ကျော်လွန်ပြီး သူခံစားရသမျှကတော့ အအေးဓာတ်—အရိုးထဲထိဝင်‌နေတဲ့-အအေးဓာတ်။

‎

‎

‎အနွေးထည်ဝတ်ထားခြင်းဖြင့် သက်သာရာရနိုင်သော သာမန်အအေးမိခြင်းနှင့်မတူဘဲ၊ ဤအအေးက သူရဲ့ရိုးတွင်းခြင်ဆီအတွင်းထိ နက်ရှိုင်းစွာရောက်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားသည်။

‎

‎

‎နာကျင်ခြင်းနှင့် အအေးဓာတ်က သူ့သည်းမခံနိုင်တော့ဘဲ စိတ်ကိုရူးသွပ်သွားလောက်အောင်တွန်းပို့နေတယ်။ ဒီအချိန်မှာတော့ တစ်စုံတစ်ယောက်က သူ့ကို သတ်ပစ်ပြီး

သက်သာရာရအောင်လုပ်ပေးနိုင်ဖို့ကိုပဲ့ သူဆန္ဒရှိနေတယ်။

‎

‎

‎ထိုနေရာတွင် မလှုပ်မယှက်လဲလျောင်းနေသော ဖုန်းယွင်ကိုမြင်လိုက်ရတော့ ပိုင်ရီကျီးရဲ့ မျက်လုံးများကမှိန်သွားတယ်။ အရင်ကလည်း အလားတူအခြေအနေမျိုး သူမြင်ဖူးတယ်။ သူ့အခန်းဖော်ကလည်း တစ်ချိန်က ထိုကဲ့သို့အလားတူလက္ခဏာများ ပြသခဲ့ဖူးသည်။

‎

‎

‎အဲဒီအချိန်မှာတော့ သူတို့က အအေးမိတယ်လို့ ထင်ကြလို့ ဆေးရုံကိုပို့လိုက်တယ်။ ဒါပေမယ့် ရက်အတော်ကြာပြီးနောက်တွေတောင် သူ့အခြေအနေက မကောင်းမွန်လာဘဲ ပိုဆိုးသွားပါတယ်။ သူသေဆုံးသွားတဲ့နေ့မှာ ပိုင်ရီကျီးက သူ့သူငယ်ချင်းတွေနဲ့ အလည်သွားခဲ့ပါ သေးတယ်။

‎

‎

‎သူ့အခန်းဖော်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ အပြာရောင်အစက်အပြောက်တွေနဲ့ အသားတွေ ပုပ်စပြုလာတာကို သူ့မျက်လုံးနဲ့ မြင်ခဲ့ရတယ်။ အနံ့အသက်က နံစော်နေတော့ သူတို့သူငယ်ချင်းတချို့က ချက်ချင်းပဲ့ အန်ကြတယ်။

‎

‎

‎အခုစဉ်းစားကြည့်တော့ အအေးဓာတ်က ကမ္ဘာပျက်ခြင်းရဲ့အစပဲ့။

‎

‎

‎ဖုတ်ကောင်များအကြောင်း သူသိထားသမျှကို ပြန်သတိရသွားကာ ဖုန်းယွင်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တယ်။ လက်ဖဝါးပေါ်က ဒဏ်ရာကို မြင်လိုက်ရတာနဲ့ သုအံ့ဩသွားတယ်။

‎

‎

‎ဒဏ်ရာတဝိုက်က အသားတွေကပုပ်စပြုလာပြီး ပြည်တွေဖုံးနေတယ်။ ဒါကိုမြင်တော့ သူ့ရဲ့ကိုင်ထားတဲ့လက်ကိုအမြန်လွှတ်လိုက်ကာ မတ်တပ်ရပ်ပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားတယ်။

‎

‎

သူ ‎ဖုန်းယွင်ကို စိုက်ကြည့်နေစဉ်တွင် ကျိူးလီဇီက သူမရဲ့ ကျောပိုးအိတ်ကို ကိုင်ဆောင်ကာ လျှောက်လာပြီးပြောလိုက်တယ် " ‎စီနီယာပိုင် မင်းကြောက်ရင် မင်းထွက်သွားလို့ရပြီ။ ရောဂါပိုးရှိတဲ့ ခန္ဓာကိုယ်ရဲ့အရည်တွေနဲ့ တိုက်ရိုက်မထိတွေ့မိရင် မင်းအဆင်ပြေမှာပါ "

‎

‎

‎ဒါကိုကြားတော့ ပိုင်ရီကျီးက အလိုလိုနောက်ပြန်ဆုတ်သွားခဲ့တယ်။ သူ မော့ကြည့်လိုက်တော့ ကျိူးလီဇီက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။

‎

‎

‎သူမရဲ့တည်ငြိမ်သော အကြည့်အောက်တွင် သူကရှက်ရွံ့သွားပြီး ရှင်းပြလိုက်ချင်သည်။ "ငါ-"

‎

‎

‎"စီနီယာပိုင် စိတ်မပူပါနဲ့။ အစ်ကိုယန်း နဲ့ ကျွန်မက စီနီယာ ဖုန်းကို စောင့်ရှောက်လိုက်မယ်။ သူ့ကို ဖုတ်တစ်ကောင်လိုမျိူး မသေသွားစေပါဘူး" ကျိူးလီဇီက သူ့ကိုဖြတ်ပြောလိုက်တယ်။

‎

‎

‎ ပြောပြီးဒါနဲ့ သူမက ကျောပိုးအိတ်ကိုဇစ်ဖွင့်ပြီး ရေသန့်ဘူးနဲ့ အဖျားကျဆေးအချို့ကို ထုတ်ယူလိုက်တယ်။ သူမက ဖုန်းယွင်ရဲ့ကိုယ်ကို ဆွဲတင်လိုက်ပြီး သူမကို မှီထားစေလိုက်တယ်။

‎

‎

‎

All Chapters