← Chapters

အခန်း (၇၁)

Vol. 5 Ch. 71

အခန်း (၇၁)

Vol. 5 Ch. 71

‎ကျိူးလီဇီက‎ သူ့နောက်ကလူကို လျစ်လျူရှုလိုက်ပြီး

ပုလင်းကိုဖွင့်ကာ ဖုန်းယွင်ကို ဆေးနဲ့ရေ တိုက်ကျွေးလိုက်တယ်။ ပြီးတာနဲ့ ဓားမြှောင်ကိုထုတ်ပြီး အရက်နဲ့ ပိုးသတ်တယ်။ ထို့နောက်တွင်တော့ သူမသည် မဆိုင်းမတွဘဲ ဖုန်းယွင်ရဲ့ လက်ဖဝါးပေါ်ရှိ ပုပ်နေသောအသားကိုဖြတ်ရန် ဓါးကို အသုံးပြုခဲ့သည်။

‎

‎

‎သူမက ဒဏ်ရာကိုဖိကာ မည်းနေသော သွေးများထွက်လာ အောင်ညှစ်လိုက်တယ်။ သွေးတွေနီလာတဲ့အခါမှသာ လက်ကိုလိမ်းဆေးလိမ်းပြီး ဒဏ်ရာကို ပတ်တီးနဲ့ပတ်ပေးလိုက်တယ်။ ပြီးသွားသောအခါမှ သူမလှည့်ကြည့်လိုက်တော့ ပိုင်ရီကျီးက ထွက်သွားလေပြီ။

‎

‎

‎သူမကို မည်သူမျှ မကြည့်နေတာသေချာမှသာ သွေးဖြည့်ဆေးအချို့ကိုထုတ်ကာ ဖုန်းယွင်အား တိုက်ကျွေးခဲ့တယ်။

‎

‎

‎ပြီးသွားတော့မှ သူ့ကို သန့်ရှင်းသပ်ရပ်တဲ့နေရာတစ်ခုဆီ ဆွဲခေါ်သွားပြီး အနားယူစေခဲ့တယ်။

‎

‎

‎လူတွေဟာ ဖုတ်ကောင်တွေရဲ့ ကိုယ်တွင်းအရည်တွေနဲ့ ထိတွေ့မိရင် ဖုတ်ကောင်တွေ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်နေတဲ့ လူတစ်ဦးချင်းစီနဲ့ ထိတွေ့မိရင် ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကမှန်ပေမယ့် ဒါက စွမ်းရည်အသုံးပြုသူတွေနဲ့တော့ မသက်ဆိုင်ပါဘူး။

‎

‎

‎စွမ်းရည်အသုံးပြုသူရဲ့အဆင့်အတန်း သို့မဟုတ် ခုခံအားစနစ်က ဗိုင်းရပ်စ်ထက်အားကောင်းနေသရွေ့တော့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များက ဖုတ်ကောင်ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်ပြီး ဖယ်ရှားနိုင်သောကြောင့် ကောင်းမွန်သွားမည်ဖြစ်သည်။ အချို့သော အထူးကိုယ်ခန္ဓာဖွဲ့စည်းပုံများမှာလဲ အခြေခံအကြောင်းအရာများကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်များကို ဝါးမျိုကာ စွမ်းအင်အဖြစ်သို့တောင် ပြောင်းလဲကာ စုပ်ယူနိုင်ကြသည်။

‎

‎

‎အဆင့်နိမ့်ဖုတ်ကောင်များကို တိုက်ခိုက်ရာတွင် ဒဏ်ရာရသွားသော်လည်း အဆင့်မြင့်စွမ်းရည်-အသုံးပြုသူများက ဖုတ်ကောင်များအဖြစ်သို့ မပြောင်းလဲနိုင်သည့်အကြောင်းရင်းလည်း ဖြစ်သည်။

‎

‎

‎သို့သော်လည်း ရှင်သန်နိုင်ခြေအခွင့်အလမ်းမှာ စွမ်းရည်အသုံးပြုသူ၏သွေးလမ်းကြောင်းအတွင်းသို့ ဖုတ်ကောင်ဗိုင်းရပ်စ်မည်မျှဝင်ရောက်လာမှုအပေါ် မူတည်ပါတယ်။ ဖုတ်ကောင်က စွမ်းရည်အသုံးပြုသူများထက် အားနည်းနေသော်လည်း စွမ်းရည်အသုံးပြုသူရဲ့ခန္ဓာကိုယ်အတွင်းတွင် ဗိုင်းရပ်စ်များကများလွန်းပါကလည်း ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

‎

‎

‎ထို့ကြောင့် ဖုတ်ကောင်အလုံးအရင်းဖြင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါတွင် အဆင့်မြင့်သော စွမ်းရည်-အသုံးပြုသူများကတောင် အထူးသတိထားနေရဆဲဖြစ်သည်။ ဂရုမစိုက်မိပါက၊ အရှင်လတ်လတ် စားသောက်ခံရနိုင်သလို ဖုတ်ကောင်အဖြစ်သို့လည်း ပြောင်းလဲသွားနိုင်သည်။

‎

‎

ပိုင်ရီကျီးက ‎အခုလိုလုပ်တာကိုလည်း သူမကမှားတယ်လို့တော့ မထင်ခဲ့မိဘူး။ လူတိုင်းက ရှင်သန်ချင်ကြပြီး တခြားလူကို ကယ်တင်ဖို့အတွက် ဘယ်သူ့မှာမှ တာဝန်မရှိကြပါဘူး။ ထို့ကြောင့် သူ့ကိုယ်သူကယ်တင်ပြီး ဖုန်းယွင်ကို စွန့်ပစ်ရန် ရွေးချယ်သောအခါမှာတော့ ကျိူးလီဇီက သူ့ကို နားလည်နိုင်ခဲ့တယ်။

‎

‎

‎သူမသာ အနာဂတ်ကို မသိခဲ့လျှင် သူမလည်း အလားတူပင် လုပ်မိတာက ဖြစ်ကောင်းဖြစ်နိုင်တယ်။

‎

‎

‎ယခုအချိန်တွင်တော့ သူမက ဖုန်းယွင်ကို ကယ်တင်ရန် ကြိုးပမ်းနေတယ် ဘာလို့ဆို ဖုန်းယွင်က အနာဂတ်မှာ အလွန်သန်မာသူတစ်ယောက်ဖြစ်လာမည်ကို သူမသိသောကြောင့်သာဖြစ်သည်။

‎

‎

‎ကျင်းရွှီယန်းရဲ့ ညာလက်ရုံးကို အနိုင်မယူနိုင်ခဲ့လျှင်တောင် သူ(ဖုန်းယွင်)က ဆန်းချို အခြေစိုက်စခန်းတွင် အင်အားအကောင်းဆုံးထဲမှ တစ်ဦးဖြစ်နေဆဲဖြစ်သည်။ နောက်ဆုံးတွင် သူက သူမတို့နှင့်ပူးပေါင်းလာမည်ဖြစ်သောကြောင့် သူ့အသက်ကိုကယ်တင်တာက ထိုက်တန်ပါတယ်။

‎

‎

‎ယခုအချိန်မှာတော့ ဖုန်းယွင်သည် ပြင်းထန်သော ခေါင်းကိုက်ခြင်းကို ခံစားနေရတယ်။ သူ့ခေါင်းထဲမှာ စွမ်းအင်နှစ်ခုက တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြတယ်။ တစ်ဖက်က သူ့စိတ်တွေကို ဝါးမျိုချင်နေသလို တစ်ဖက်ကတော့ သူ့ကိုချုပ်နှောင်ထားတဲ့ခြေချင်းတွေကနေ လွတ်မြောက်ဖို့ ရုန်းကန်နေတယ်။

‎

‎

‎သူလက်လျှော့ခါနီးတွင် သူ့မိဘများရဲ့ မျက်နှာများက သူ့စိတ်ထဲတွင်တောက်ပလာပြီး ရှင်သန်လိုစိတ်များကို မီး မောင်းထိုးပေးလိုက်တယ်။ သူ့အသိစိတ်ကို ထိန်းထားဖို့ကို သူ ကြိုးစားခဲ့တယ်။

‎

‎

‎ဖြစ်ပျက်နေတာတွေကို သူ လုံးလုံးနားမလည်နိုင်ပေမယ့် သူ့ဘေးနားက လူတွေပြောနေတာကိုတော့ ကြားနေရတယ်။ ပိုင်ရီကျီးကို နှစ်အတော်ကြာအောင်သိခဲ့ပြီး သူ့အသံကိုမှတ်မိသည်။

‎

‎

‎သူ့ကျန်းမာရေးအကြောင်း မေးလာတာကို ကြားတဲ့အခါမှာ သူက တုံ့ပြန်ချင်ပေမယ့်လည်း ခန္ဓာကိုယ်က နာခံဖို့ ငြင်းဆိုခဲ့တယ်။ သူ့သူငယ်ချင်းက သူ့လက်ကို လွှတ်လိုက်တယ်လို့ ခံစားလိုက်ရတာနဲ့ နောက်ဆုံးတော့ သူ့ကို စွန့်ပစ်လိုက်ပြီဆိုတာကို သူသိလိုက်ရတယ်။ ပိုင်ရီကျီးက သူကို ရှင်သန်နိုင်မယ်လို့ မထင်ဘူး။

‎

‎

‎ ဒီအခြေအနေမှာ အချိန်အကြာကြီး ပိတ်မိနေလိမ့်မယ်လို့ သူထင်ခဲ့တယ်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကိုလှမ်းကိုင်ပြီး ရေတိုက်ကျွေးလာတယ်။ သူလည်းရေငတ်လွန်းလို့ အလိုလိုသောက်မိလိုက်တယ်။

‎

‎

ရေသောက်ပြီး‎ခဏအကြာမှာတော့ ခေါင်းကိုက်တာက သက်သာသွားပြီး နွေးထွေးတဲ့ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်အနှံ့မှာ စီးဆင်းသွားတာကြောင့် သူ့ခန္ဓာကိုယ်အတွင်းက အအေးဓာတ်က တဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။ အကြောင်းတစ်ခုခုကြောင့်ဖြစ်နေတဲ့ ခံစားနေရတဲ့ သူ့လက်ဖဝါးမှ နာကျင်ကိုက်ခဲမှုက သူသည် လူသားတစ်‌ယောက်ဖြစ်နေဆဲဖြစ်ပြီး ဤအဖြစ်ဆိုးမှ လွတ်မြောက်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်ကြောင်းကို သူ့အားသတိရစေတယ်။

‎

‎

‎

‎ဖုန်းယွင်က ဖုတ်ကောင်ဗိုင်းရပ်စ်ကို ခုခံနေတုန်းမှာပဲ့

‎ ကျင်းရွှီယန်းက သူ့ကျောပိုးအိတ်ကိုကိုင်ကာ လမ်းလျှောက်လာသည်။ သူ ကျိူးလီဇီနံဘေးတွင်ထိုင်ကာ သူတို့ရရှိလာသော အမြုတေများကိုထုတ်ယူပြီး သူမထံ ပေးအပ်လိုက်တယ်။

‎

‎

‎သူ့နာရီကို စစ်ကြည့်ပြီးတော့ ပြောလိုက်တယ် " မိနစ်လေးဆယ်ရှိပြီ။ သူဘယ်လိုနေလဲ”

‎

‎

‎ကျိူးလီဇီသည် ကြည်လင်သောအမြုတေများကို လက်ခံရရှိပြီးနောက်တွင် ဝမ်းသာအားရဖြင့် အားလုံးကို သူမရဲ့နေရာလွတ်ထဲ ထည့်လိုက်ပြီး "သူ့ဒဏ်ရာကို ဆေးကြောသန့်စင်ပြီးတာနဲ့ သူ့အပူချိန်ကကျဆင်းသွားပြီး သူ့အသားက မပုပ်တော့ဘဲ နေကောင်းသွားပုံပါပဲ" လို့ ပြန်ပြောလိုက်ပါတယ်။

‎

‎

‎ကျင်းရွှီယန်းက သူမလက်ကိုဆွဲလိုက်ပြီး "အာ့ဇီက အလုပ်ကြိုးစားတယ်။ ကျေးဇူးတင်ပါတယ်"

‎

‎

‎အခြားအဖွဲ့ရဲ့ အမြုတေများကို ယူပြီးနောက်တွင်တော့ ကျိူးလီဇီသည် သူမရဲ့လက်ချောင်းများနှင့် ကစားခွင့်ပေးရန် လုံလောက်သော ရက်ရောမှုရှိသည်။ သူမက မေးစေ့ကို မြှောက်လိုက်ပြီး "ကမ္ဘာပျက်မှာ ငါးနှစ်လောက် ရှင်သန်ခဲ့တယ်။ ဒါက ဘာမှမဟုတ်ဘူး"

‎

‎

‎သူမရဲ့စကားကိုကြားတော့ ကျင်းရွှီယန်းရဲ့မျက်လုံးများက ပုံမှန်ပြန်မဖြစ်မီတွင် နာကျင်မှုအရိပ်အယောင်များဖြင့် ခဏတာမျှသာ လင်းလက်ခဲ့တာ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။ အာ့ဇီရဲ့လက်ကို ကိုင်ထားစဉ်တွင်ပင် သူမသေဆုံးသွားတာကိုမြင်လိုက်ရတဲ့နာကျင်မှုကို သူမေ့လို့မရခဲ့ဘူး။

‎

‎

သူက‎ခေါင်းငုံ့ပြီး ဘာမှပြန်မပြောတာကိုမြင်တော့ ကျိူးလီဇီ က ပင်ပန်းနေပြီထင်ပြီး "အစ်ကိုယန်း မင်းဗိုက်ဆာနေပြီလား" လို့ မေးလိုက်တယ်။

‎

‎

‎သူမရဲ့အမေးစကားကို ကြားလိုက်တာနဲ့ သူ့ရင်ထဲက နာကျင်မှုကလည်း ပျောက်ကွယ်သွားတယ်။‎ ကျင်းရွှီယန်းက တခစ်ခစ်ရယ်ပြီး "မင်းမှာ ဘာကောင်းတာရှိလဲ" လို့ မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူမရဲ့လက်ကိုပြန်ဆွဲထုတ်လိုက်ပြီး ကျောပိုးအိတ်ကိုဇစ်ဖွင့်ကာ အကာအဖြစ်အသုံးပြုခဲ့သည်။ သူမက နေရာလွှတ်မှ ဘဲလည်ပင်းနှစ်ထုပ်ကို ယူထုတ်ကာ "ဒါပဲ့" လို့ ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက တစ်ထုပ်ကိုယူလိုက်ပြီး "ဒါက ကိုယ့်အကြိုက်ပဲ" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက ပြုံးပြီး "ကျွန်မနေရာမှာ အဲဒါတွေ အများကြီးရှိတယ်။ မင်း ကြိုက်သလောက် စားလို့ရတယ်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎သူတို့အနားယူနေတုန်းမှာ စစ်သားတွေကတော့ ရှောင်ချီ နဲ့ တခြားသူတွေကို အကြောင်းကြားဖို့သွားခဲ့တယ်။ တစ်နာရီခန့်အကြာတွင် ကားများနှင့် ကုန်တင်ကားများကို မောင်းနှင်ကာ ပြန်လာခဲ့ကြသည်။ သူတို့က ပိုင်ရီကျီးရဲ့ဂျစ်ကားနှင့် လီယောင်ရဲ့ SUV ကားကိုပင် ယူဆောင်လာခဲ့တယ်။

‎

‎

‎သိပ်မကြာခင်မှာပဲ ပိုင်ရီကျီးက သူ့အဖွဲ့နဲ့ အတူ လျှောက်လာတယ်။ ကျင်းရွှီယန်း နှင့် ကျိူးလီဇီက ဘဲလည်ပင်းကို ကိုက်နေတာကိုမြင်တော့ ချူကျိမြောင်က တံတွေးမျိုချလိုက်တယ်။ ဘဲလည်ပင်းကို မစားရတာကကြာပြီ၊ သူမလည်း အရသာခံချင်တယ်။

‎

‎

‎သူမရဲ့ ပူလောင်နေတဲ့အကြည့်တွေကို သတိထားမိတာကြော့ ကျိူးလီဇီက "မင်းရော တစ်ထုပ်လောက်လိုချင်လား"

‎

‎

‎ထိုစကားကို သူမကြားလိုက်သည့်အခိုက်မှာပဲ့

‎ချူကျိမြောင်က ခေါင်းညိတ်ကာ "ဟုတ်ကဲ့" ဟု ပြန်ဖြေတယ်။

‎

‎

‎ကျိူးလီဇီက ကျောပိုးအိတ်ထဲမှ ဘဲလည်ပင်းတစ်ထုပ်ကို ထုတ်ကာ "တစ်ထုပ်အတွက် အမြုတေနှစ်လုံး" ဟု ပြောလိုက်တယ်။

‎

‎

‎

‎

‎

All Chapters