← Chapters

အခန်း (၇၂)

Vol. 5 Ch. 72

အခန်း (၇၂)

Vol. 5 Ch. 72

‎ချူကျိမြောင်မှာ အမြုတေ အများအပြားစုဆောင်းထားကြောင်းကို ကျိူးလီဇီသိသည်။ သူ့မရဲ့အဖွဲ့က အမြုတေကို ဂရုမစိုက်ကြသောကြောင့် သူမကအားလုံးကို သိမ်းယူခဲ့တယ်။ ဒါကြောင့် သူမနဲ့အတူ အမြုတေပေါင်းများစွာရှိသင့်သည်။

‎

‎

‎ကမ္ဘာပျက်ကပ်စတင်တဲ့အချိန်မှာပဲ့ သူမကို ချမ်းသာသော အမျိုးသမီးငယ်တစ်ဦးအဖြစ် သတ်မှတ်လို့ရတယ်။

‎

‎

‎ကျိူးလီဇီက ဒီလိုပြောလ်ိုက်တဲ့အခါမှာတော့ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့က သူမကို စေ့စေ့စပ်စပ်ကြည့်လာကြတယ်။ တစ်ဖက်တွင်တော့ ချူကျိမြောင်က ထိတ်လန့်သွားသည်။

‎

‎

‎သူမက ကျိူးလီဇီကိုကြည့်ကာမေးလိုက်တယ် " လီဇီ မင်းကကဘာလို့ အမြုတေတွေကို လိုချင်တာလဲ၊ ဘဲလည်ပင်းနဲ့တကယ်လဲလှယ်လို့ရတာလား" ‎

‎

‎သူမရဲ့လက်က နာကျင်လာတာကို ခံစားမိတော့ ကျိူးလီဇီကမေးလိုက်တယ် "ဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ၊ လိုချင်လား မလိုချင်ဘူးလား"

‎

‎

‎ဘဲလည်ပင်းတွေ လက်လွှတ်လိုက်ရမှာကိုကြောက်လို့ ချူကျိမြောင်က အမြန်ပဲ့လက်ကိ့လှမ်းပြီး ဖမ်းဆွဲကာ "ဒါပေါ့

ငါလိုချင်တယ်"

‎

‎

သူမ ‎ဘဲလည်ပင်းထုပ်ကိုရပြီးတဲ့နောက်တော့ သူမရဲ့ အိတ်ကပ်ထဲမှ အမြုတေနှစ်လုံးကိုထုတ်ယူကာ ကျိူးလီဇီ အား ပေးလိုက်တယ်။

‎

‎

‎ ကျိူးလီဇီ အမြု‌တေများကို ကြည့်လိုက်တဲ့အခါမှာ ရေအမျိုးအစားအမြုတေများဖြစ်နေကြောင်းကို တွေ့လိုက်ရတော့ အံ့အားသင့်သွားတယ်။ ချူကျိမြောင်ရဲ့ ဖော်ရွေသောသဘောထားနှင့် သူမရဲ့ ပထမဆုံးဖောက်သည်အနေနဲ့ သူမရဲ့ရပ်တည်ချက်ကို ထည့်သွင်းစဉ်းစားကာ အချက်အလက်အချို့ကို သူမနှင့်မျှဝေရန် ဆုံးဖြတ်လိုက်တယ်။

‎

‎

‎အမြုတေကို ကိုင်ထားပြီး သူမကမေးလိုက်တယ်‎" ချူကျိမြောင် အမြုတေမှာ အရောင်အမျိုးမျိုးရှိတာကို သတိထားမိရဲ့လား"

‎

‎

‎ထိုအချိန်တွင် ချူကျိမြောင်က ဘဲလည်ပင်းကိုကိုက်နေပြီး ခေါင်းညိတ်ပြလာတယ်။

‎

‎

‎" အမြုတေတွေကို စုပ်ယူနိုင်တယ်ဆိုတာ မင်းသိလား" သူမက ထပ်မေးတယ်။

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ချူကျိမြောင် သာမက

‎ပိုင်ရီကျီးရဲ့အဖွဲ့နှင့် အနီးနားကစစ်သားတွေဘာ သူမရဲ့စကားကြောင့် အံ့အားသင့်သွားကြပါတယ်။ ကျင်းရွှီယန်းက သူမရဲ့ စကားကိုကြားသောအခါတွင် မျက်ခုံးပင့်သွားသော်လည်း ဘာမှပြန်မပြောပေ။

‎

‎

‎ဤအချက်အလက်က လအနည်းငယ်အကြာတွင်တော့ သာမာန်ဗဟုသုတမျှသာဖြစ်လာမည်ဖြစ်ပြီး ယခုမျှဝေခြင်းက ထိခိုက်မှုမရှိပါ။ နောက်ဆုံးတော့လည်း ဒီလူတွေက သူ့အတွက် အရေးကြီးတဲ့ စစ်တုရင်ဇာတ်ကောင်တွေ ဖြစ်လာလိမ့်မယ်။ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံးသန်မာစေတာကလည်း အကျိုးရှိတယ်။

‎

‎

‎" အမြုတေကို တကယ်စုပ်ယူနိုင်တာလား"လို့‎ လီယောင်က သံသယဝင်ကာ မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူ့ရဲ့သံသယကို လျစ်လျူရှုပြီး "အမြုတေတွေရဲ့အရောင်က ဒြပ်စင်အမျိူးအစားကို ကိုယ်စားပြုတယ်။ ဒြပ်စင်အမျိုးအစားစွမ်းရည် အသုံးပြုသူတွေကတော့ သူတို့နှင့် တူတဲ့ဒြပ်စင်အမျိူးအစားအမြုတေတွေကို စုပ်ယူနိုင်ပြီး မကြည်ရောင် အမြုတေတွေကိုလည်းအသုံးပြုနိုင်တယ်။ ဒြပ်စင်အမျိုးအစားမဟုတ်တဲ့ စွမ်းရည်အသုံးပြုသူတွေကတော့ အကြည်ရောင်အမြုတေတွေကိုပဲ့ စုပ်ယူနိုင်တယ်"

‎

‎

‎

‎"ဒြပ်စင်အမျိုးအစားစွမ်းရည် အသုံးပြုသူတွေက အကြည်ရောင်အမြုတေတွေကိုစုပ်ယူနိုင်ပေမဲ့ အမြု‌တေရဲ့စွမ်းအင်တစ်ဝက်ကိုပဲ့ စုပ်ယူနိုင်ပြီး ကျန်နေတဲ့စွမ်းအင်တွေကတော့ ပျော်ဝင်ပြီး အလဟသဖြစ်သွားတယ်။ ဒါကြောင့် အကြည်ရောင်အမြုတေတွေကို မလိုအပ်ဘဲ အသုံးမပြုဖို့ အကြံပေးတယ်"

‎

‎

‎"အရောင်အပြင် ဖုတ်ကောင်အဆင့်ပေါ်မူတည်ပြီးတော့လည်း အမြုတေတွေရဲ့အရွယ်အစားက ကွဲပြားတယ်။ဖုတ်ကောင်ရဲ့အဆင့်က ပိုမြင့်လေ၊ အမြုတေက ပိုကြီးလေပဲ။ အခုအချိန်ထိတွေ့ခဲ့ရတဲ့ အမြုတေတွေထဲမှတော့ အကြီးဆုံးအမြုတေက လက်သည်းခံအရွယ်အစားပဲ့"

‎

‎

‎"အဆင့်-နှစ် နှင့် အဆင့်-သုံး အမြုတေတွေက အရွယ်အစား တူညီပေမဲ့၊ အဆင့်-သုံး အမြုတေမှာက သွေးပြန်ကြောတွေ ရှိတာကို ကျွန်မသတိပြုမိတယ်။ သွေးပြန်ကြောတွေရဲ့ အရေအတွက်က အဆင့်ကို ကိုယ်စားပြုတယ်"

‎

‎

‎သူမရဲ့ရှင်းပြချက်အပြီးတွင် ကျောပိုးအိတ်ထဲသို့လက်ထည့်ပြီး ရွှေအိုရောင်အမြုတေနှင့် အဆင့်သုံးဆင့်ရှိသော အကြည်ရောင်အမြုတေကို သူမရဲ့နေရာမှထုတ်ယူလိုက်တယ်။

‎

‎

‎သူမက သူတို့အဖွဲ့အားပြသလိုက်ပြီး ရောင်စုံအမြုတေကို ညွှန်ပြကာဆက်ပြေတယ် "ဒီနှစ်ခုက သူတို့ရဲ့အဆင့်နှင့် ဒြပ်စင်တွေကြောင့် မတူညီတဲ့အရွယ်အစားနဲ့ အရောင်တွေရှိတယ်"

‎

‎

‎ထို့နောက်တွင် သူမက အကြည်ရောင်အမြုတေကို ထပ်ပြီးညွှန်ပြကာ "ဒီတစ်ခုက အဆင့်နှစ်သတ္တုအမျိုးအစား အမြုတေနဲ့ အရွယ်အစားတူပတယ်၊ ဒါပေမယ့် အဆင့်သုံးဖြစ်တယ်လို့ ညွှန်ပြနေတဲ့ သွေးပြန်ကြောသုံးခုပါတယ်။ အမြုတေအရောင်ကကြည်ပြီး သွေးပြန်ကြောတွေက မီးခိုးရောင်ဆိုတော့ ဒြပ်စင်မဟုတ်တာကို ဆိုလိုတာပဲ့"

‎

‎

‎သူမ ပြောပြီးသွားသောအခါမှာတော့ ချူကျိမြောင်က သူမကို လေးလေးနက်နက်ကြည့်ကာ " လီဇီ ဒီအချက်အလက်က အရမ်းတန်ဖိုးကြီးတယ်။ လျှို့ဝှက်ထားရင် မင်းကလူတိုင်းကို ကျော်သွားနိုင်တယ်။ ဒါပေမယ့် မင်းက ငါတို့ကို မျှဝေလိုက်တယ်-မင်းက တကယ်ကို လူကောင်းပဲ"

‎

‎

‎

‎'လူကောင်း' ကတ်ကို ရုတ်တရက်ရလိုက်တဲ့ ကျိူးလီဇီက တခစ်ခစ်ရယ်ပြီး "မင်းသာ ငါ့ကိုကျေးဇူးတင်ချင်ရင် ဒီအချက်အလက်ကိုဝယ်ဖို့ အမြုတေတစ်ချို့ကို ငါ့ကိုပေးလိုက်ပါ"

‎

‎

‎သူမပြောပြီးသည်နှင့် ချူကျိမြောင်က သူမရဲ့ အမြုတေ အားလုံးကိုထုတ်ယူပြီးနောက် ‎ကျိူးလီဇီကို အကြည်ရောင်အမြုတေ သုံးလုံးနှင့် ရေအမျိုးအစား အမြုတေ သုံးလုံကို ပေးလိုက်တယ်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီကလည်း ယဉ်ကျေးဟန် ဆောင်မ နေတော့ဘဲ အားလုံးကို ယူလိုက်တယ်။

‎

‎

‎သူမတို့နှစ်ဦးစလုံးက ရေအမျိုးအစားစွမ်းရည်အသုံးပြုသူများဖြစ်တယ်။ ချူကျိမြောင်က သူမရဲ့ရေအမျိုးအစား အမြုတေအားလုံးကို စွန့်လွတ်ရန် ဆန္ဒရှိနေတာက ကျေးဇူးဆပ်တတ်ကြောင်းနှင့် ကောင်းမွန်သောအဆက်အသွယ်များကို တည်ဆောက်နိုင်ကြောင်းကို ပြသ‌နေသည်။

‎

‎

အဲဒါကိုမြင်တော့‎ ကျိူးလီဇီက ပြုံးပြီးတွေးလိုက်တယ် 'သူမရဲ့အနာဂတ်မှာ သစ္စာရှိတဲ့ နောက်လိုက်တွေ အများကြီးရှိလာမှာက မဆန်းပါဘူး။ သူမက သူငယ်ချင်းတွေအပေါ် သစ္စာရှိပြီး စေတနာရှိတယ်။ သူမရဲ့ EQ က မြင့်မားတာကြောင့် သူမအတွက် ဒီလိုကျယ်ပြန့်တဲ့ ချိတ်ဆက်မှုမျိုးတွေ ရှိနေတာက ပုံမှန်ပါပဲ။

‎

‎

‎ခဏကြာတော့ ပိုင်ရီကျီးက နောက်ဆုံးတော့မေးလိုက်တယ် "ဗိုလ်ကြီးကျင်း မင်းဘယ်တော့ဝင်ဖို့ အစီအစဉ်ရှိလဲ"

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက သူ့ပါးစပ်ထဲက အစာကို မျိုချလိုက်ပြီး "ငါ့ညီအကိုတွေက အနားယူပြီး သူတို့ရဲ့ စွမ်းအင်တွေ ပြန်ယူရမယ်၊ ဒါကြောင့် ငါတို့ က၂ နာရီအတွင်း သွားကြမယ်။ သခင်လေးပိုင် က အရင်သွားချင်ရင် လွတ်လွတ်လပ်လပ်လုပ်လိုက်ပါ။ အထောက်အပံ့တွေကို ရှာတွေ့တဲ့သူက အရင်ယူသွားနိုင်တယ်"

‎

‎

‎'အဲဒါဆို မင်းနဲ့အတုအားလုံး ယူသွားလို့ရပြီ' ဟု စိတ်ထဲမှာလည်းထပ်ပြောလိုက်တယ်။

‎

‎

‎ပိုင်ရီကျီးက သူ့ရဲ့ ပေါ့ပေါ့ပါးပါးပြန်ဖြေသံကို ကြားသောအခါတွင် ခဏလောက် စောင့်ကြည့်နေလိုက်ပြီးမှ "ဒါဆို ကျွန်တော်တို့အရင်ဝင်မယ်" လို့ ပြောလိုက် တယ်။

‎

‎

ပြောပြီးတာနဲ့ ‎သူကလှည့်ပြီး သူတို့ရဲ့ကားတွေဆီ လျှောက်သွားတယ်။ အာကာသနေရာလွတ် စွမ်းရည်ရှိသော ကျင်းရွှီယန်းရဲ့ အဖွဲ့နှင့်မတူဘဲ သူတို့မှာကတော့ တစ်ယောက်မျှမရှိပါ။ ဒါကြောင့် ပစ္စည်းတွေကို ရှာတွေ့ခဲ့ရင်တောင် အရာအားလုံးကို ယူဆောင်သွားနိုင်မှာ မဟုတ်ပါဘူး။

‎

‎

‎ဒီတစ်ခါမှာတော့ နွေရာသီအဝတ်အစားနဲ့ အတွင်းခံအ၀တ်အစားတွေ ယူဖို့ကိုစီစဉ်ထားတယ်။ သူတို့ကားတွေက ပြည့်နေပြီး အနီးနားမှာက စစ်သားတွေနဲ့မို့ ရိက္ခာတွေကို ဘယ်သူမှ လာလုယက်ရဲမှာ မဟုတ်ဘူးဆိုတာကို သူတို့သိတယ်။ ထို့ကြောင့် ကျောပိုးအိတ်များကို ရှင်းထုတ်ပြီး အရေးပေါ်အခြေအနေအတွက် ရေ၊ အစားအစာနှင့် ဆေးဝါးအချို့ကိုသာ ယူဆောင်လာခဲ့သည်။

‎

‎

‎ကားမမောင်းဘဲ စက်ရုံထဲကို လျှောက်ဝင်သွားကြတယ်။

‎

‎

‎ပိုင်ရီကျီး နှင့် သူ့အဖွဲ့ ထွက်ခွာသွားပြီးနောက်တွင် ကျိူးလီဇီ က သူမရဲ့ အမြုတေအားလုံးကိုထုတ်ယူပြီး အဆင့်အလိုက် ခွဲခြားလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းပေးသော အမြုတေများ ပေါင်းထည့်လိုက်တော့ သူမမှာ အဆင့်တစ်အမြုတေ ၅၃၅ ခုရှိနေတယ်။ ထို့အပြင် သူမမှာ အဆင့်နှစ်အမြုတေ ၉ခုနှင့် အဆင့်သုံး အမြုတေ ၁ခုတို့ ရှိသည်။ စုပေါင်း ရေတွက်မှုထဲတွင် ဒြပ်စင်နှင့် ဒြပ်စင်မဟုတ်သော အမြုတေများကို ရောနှောထားသည်။

‎

‎

‎

‎

‎

All Chapters