အခန်း (၇၃)
Vol. 5 Ch. 73
ကျိူးလီဇီက အမြုတေတွေကိုခွဲခြားပြီးသည်နှင့် အဆင့်၂ နှင့် အဆင့်၃ အမြုတေအပါအဝင် သူမကိုယ်တိုင်အတွက် ရေအမျိုးအစား အမြုတေ ၁၂ ခုနှင့် အကြည်ရောင်အမြုတေ ၂၅၀ ကို ယူလိုက်တာ်။ ကျန်တာတွေအကုန်လုံးကိုတော့ အထည်အိတ်ထဲထည့်ပြီး ကျင်းရွှီယန်းကို ပေးလိုက်တယ်။
သူ့အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ပြီးကတည်းက သူ့အဖွဲ့ကို တတ်နိုင်သမျှ အားကောင်းအောင် ကူညီပေးမှာပါ။
ကျင်းရွှီယန်းသည် သူ့ကောင်မလေးက "ပိုက်ဆံ"ကို ရေတွက်ပြီး အိတ်ကို ရုတ်တရက်ကမ်းပေးလာတာကိုကြည့်နေတယ်။ မျက်ခုံးပင့်ကာ "အာ့ဇီက ကိုယ်သုံးဖို့အတွက် မုန့်ဖိုးပေးတာလား"ရယ်မောကာ မေးလိုက်တယ်။
ကျိူးလီဇီမှာက ရည်းစားမရှိခဲ့ဖူးတဲ့အတွက် သူ့စကားရဲ့နောက်ကွယ်က ဖုံးကွယ်ထားတဲ့အဓိပ္ပါယ်ကို နားမလည်ဘဲ "အစ်ကိုယန်း မင်းနဲ့ မင်းရဲ့ ရဲ ဘော်တွေတွေက အရည်အချင်းရှိတဲ့ သူတွေပဲ။ ဒီ အမြုတေတွေကို မင်းသူတို့ကြားထဲ ခွဲဝေပေးသင့်တယ်။ အဆင့်တက်ဖို့ မသုံးကြရင်တောင် တိုက်ပွဲတွေအတွင်း သူတို့ရဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ဖို့ အသုံးချနိုင်တယ်"
သူမရဲ့စကားကိုကြားလိုက်တော့ ကျင်းရွှီယန်းက ပြုံးပြီး "အာ့ဇီက ဒီလိုပြောတော့လည်း ကိုယ်ကမင်းစကားကို နားထောင်မယ်"
သူမဆီက အမြုတေအိတ်ကိုယူကာ အိတ်ကပ်ထဲထည့်ထားလိုက်တယ်။ သူမက သူ့အပေါ်မှာဆို အလွန်စေတနာထားသောကြောင့် သူမပိုင်ဆိုင်သော အမြုတေရဲ့ တစ်ဝက်နီးပါးကိုပေးခဲ့သည်။
ဘဲလည်ပင်းတွေစားပြီးတဲ့အခါမှာ ကျင်းရွှီယန်းက စစ်သားတွေကို စုရုံးလိုက်ပါတယ်။ သူတို့ရှေ့မှာ မတ်တပ်ရပ်ပြီး " အမြုတေတွေရဲ့ လုပ်ဆောင်ချက်ကို လူတိုင်းကသိထားပြီးသားလို့ ယုံကြည်ပါတယ် " လို့ ပြောလိုက်တယ်။
စစ်သားများက စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုသာကြည့်နေကြသော်လည်း သူတို့ရဲ့မျက်လုံးများက စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေတယ်။ အမြုတေတွေရဲ့ လုပ်ဆောင်မှုကို လေ့လာပြီးနောက်တော့ သူတို့ရဲ့ကပ္ပတိန်က အနာဂတ်မှာ သူတို့ကိုယ်တိုင်အတွက် အမြုတေစုဆောင်းခွင့် ပေးမှာလားလို့ တွေးတောနေခဲ့ပါတယ်။
သူတို့ရဲ့ မျှော်လက်ချက်ကို သတိပြုမိတာကြောင့်
ကျင်းရွှီယန်းကလည်း အထည်အိတ်ကို ထုတ်လိုက်ပြီး "မင်းတို့ရဲ့ စွမ်းရည်တွေအတိုင်း အမြုတေတွေကို ခွဲဝေပေးသွားမယ်။ ဒြပ်စင်အမျိုးအစား အမြုတေတွေကပိုနည်းတဲ့အတွက် မင်းတို့ကို အကြည်ရောင်အမြုတေအချို့လည်းပေးလိုက်မယ်"
သူ့စကားကိုကြားတော့ စစ်သားတွေက "ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး" လို့ တုံ့ပြန်ကြတယ်။
ကျင်းရွှီယန်းက သူတို့ကိုကြည့်ပြီးမှဆက်ပြောတယ် " အမြုတေတွေကို စုပ်ယူတာက မြန်မြန်အဆင့်တက်နိုင်ပေမယ့် အဆင့်ဖြတ်ကျော်ခါနီးမှ သုံးဖို့ အကြံပေးတယ် "
"မင်းတို့ရဲ့ စွမ်းအင်တွေကို အဆက်မပြတ်သုံးဆွဲပြီး အားပြန်ဖြည့်တာကပဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်နဲ့ ပိုကြီးတဲ့ စွမ်းအင်အရင်းမြစ်ကို တည်ဆောက်နိုင်လိမ့်မယ်။ စစ်သားတွေအနေနဲ့တော့ ပိုမိုကောင်းမွန်တဲ့ ကိုယ်ခံစွမ်းအားရှိသူတွေက တိုက်ပွဲမှာ ရှင်သန်နိုင်သူတွေဆိုတာကို မင်းတို့သိပါတယ်"
"ဒါကြောင့် အရေးပေါ်အခြေအနေတွေမှာ ဒါမှမဟုတ် အဆင့်ချိူးဖောက်ချိန်မှာပဲ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ အမြုတေတွေကို သုံးပါ။ ဒါပေမယ့်လည်း နောက်ဆုံးတော့လည်း ရွေးချယ်မှုက မင်းတို့နဲ့ပဲ့ဆိုင်တယ်။ ဒီလမ်းကို
ဘယ်လောက်အထိ လျှောက်လှမ်းနိုင်မလဲဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်ပါတယ်"
သူစကားပြောပြီးတဲ့အခါ ချန်ချန်းဖုန်း နဲ့
ရှန်းကျင်းဇီ ကို ညွှန်ပြပြီးပြောလိုက်တယ် "မင်းတို့နှစ်ယောက်က လူတိုင်းရဲ့ အဆင့်နဲ့ စွမ်းရည်တွေကို မှတ်တမ်းတင်ဖို့ တာဝန်ယူပါ"
"ဟုတ်ကဲ့ ဗိုလ်ကြီး"
ထို့နောက် သူက အထည်အိတ်ကို ကျန်းယွမ်အားပေးကာ "ကျန်းယွမ် မင်းက အမြုတေတွေကို ခွဲပေးလိုက်"
ကျန်းယွမ်က အထည်အိတ်ကို လက်ခံလိုက်ပြီး အနီရောင် အမြုတေ စုစုပေါင်း ၁၂ခုကို ထုတ်ယူကာ "ဗိုလ်ကြီး မင်းက မီးစွမ်းအားအားသုံးတဲ့ သူတစ်ယောက်ပါ။ ဒါတွေကို သိမ်းထားသင့်တယ်" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းခါပြီး "အဆင့်တစ်ပဲ့ရှိတဲ့ အမြုတေက ငါ့အတွက် အများကြီးအသုံးဝင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ ညီအစ်ကိုတွေကိုပဲ မျှဝေပေးလိုက်ပါ"
သူ့ရဲ့စကားကိုကြားတော့ စစ်သားတွေက အံ့သြသွားတယ်။ သူတို့ရဲ့ စွမ်းရည်တွေကို အခုမှ နိုးထခဲ့ပြီး အများစုဟာ အဆင့်တစ်တောင် မရောက်သေးပါဘူး။ သူတို့အတွက်တော့ အမြုတေမှ စွမ်းအင်များက သူတို့ကို အဆင့်မြှင့်တင်ရန် ကူညီပေးနိုင်တယ်။
အကယ်၍ အဆင့်-တစ် အမြုတေက သူတို့ရဲ့ ကပ္ပတိန်အတွက် များစွာ မလုပ်ဆောင်နိုင်ခဲ့ပါက၊ ကပ္ပတိန်ရဲ့အဆင့်က အဆင့်တစ်ထက် ကျော်လွန်နေပြီဟု ဆိုလိုခြင်းလော။
သူတို့ရဲ့သံသယတွေကိုမြင်သော်လည်း ကျင်းရွှီယန်းက ပြုံးပြီး ဘာမှပြန်မပြောပါဘူး။ သူရဲ့လက်ရှိအဆင့်တွင် အဆင့်တစ်ရှိသော အမြုတေကို စုပ်ယူခြင်းက သမုဒ္ဒရာအတွင်းမှရေတစ်စက်နှင့်တူသည်—လုံလောက်ခြင်းဖြင့် ဝေးလှတယ်။ ထို့အပြင် သူရဲ့မီးက အခြားသူများနှင့်လည်း မတူပါ။
ကျန်းယွမ်က အမြုတေများကို ဖြန့်ဝေပေးပြီးသောအခါတွင် သူက စစ်သားများကို အနားယူစေပြီး သူတို့ရဲ့ စွမ်းအင်များ ပြန်လည်ရရှိရန် စားသောက်ခွင့်ပေးခဲ့သည်။ နောက်တော့ သူ့ဗိုလ်ကြီးကို သွားတွေ့တယ်။
"ဗိုလ်ကြီး ဒါတွေက ကျန်တဲ့အမြုတေ တွေပါ။ အဆင့်-တစ် ဒြပ်စင်မဟုတ်တဲ့ အမြုတေစုစုပေါင်း ၈၈ခု နဲ့ အဆင့် ၁ ခရမ်းရောင် အမြုတေနှစ်ခုရှိပါတယ်" လို့ ပြောပြီး အထည်အိတ်ကို ကပ္ပတိန်ထံ ပြန်အပ်လိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက အိတ်ကိုယူလိုက်ပြီး ပြောလိုက်တယ်"ကားတွေကိုစောင့်ဖို့ လူငါးယောက်ကို ရွေးလိုက်ပါ၊ ဒီကောင်လေးနိုးလာပြီးရင်တော့ စက်ရုံထဲကို သွားကြမယ်"
ကျန်းယွမ် က ဖုန်းယွင်ကို ဘေးတိုက်ကြည့်လိုက်ပြီး ပြီးတော့မှခေါင်းညိတ်ကာ "နားလည်ပြီ"
ပိုင်ရီကျီး ထွက်သွားစဉ်တွင် ထင်ရှားသောမိသားစုရဲ့ အမွေဆက်ခံသူက အမှန်တကယ် စိတ်နှလုံးကင်းမဲ့သည်ဟု တွေးကာ သက်ပြင်းချမိတယ်။ သူ့ရဲဘော်ကို စွန့်လွှတ်ပြီးသည့်တိုင်အောင် ပိုင်ရီကျီးက အလွန်တည်ငြိမ်နေခဲ့သည်။ သူလိုလူများအတွက်တော့ ပေါင်းသင်းဆက်ဆံရေးမှာ အကျိုးမရှိ တော့ဘူးဆိုရင် လူ့အသက်တစ်ချောင်းကလည်း ပုရွက်ဆိတ်တစ်ကောင်ထက်တောင် ပိုတန်ဖိုးမရှိတော့ဘူး။
စစ်သားတွေက အနားယူကာစားသောက်နေကြစဉ်တွင်
ပိုင်ရီကျီးနှင့်အဖွဲ့ကတော့ ဂိုဒေါင်ဂိတ်တံခါးကိုဖွင့်လိုက်ကြသည်။
ဖုတ်ကောင်အများစုသဘ် အစောပိုင်းတုန်းကတိုက်ပွဲရဲ့ဆူညံသံကြောင့် ဆွဲ ဆောင်ခံခဲ့ရပြီး သူတို့ရဲ့အဖွဲ့နှင့် စစ်သားများရဲ့ ပူးပေါင်းအားထုတ်မှုများကြောင့် ဖယ်ရှားရှင်းလင်းခံခဲ့ရသည်။ ပန်းတိုင်မဲ့လမ်းလျှောက်နေတဲ့ ဖုတ်ကောင်အနည်းငယ်ကလွဲလို့ တခြားခြိမ်းခြောက်မှုတော့မရှိပါဘူး။
ဖုတ်ကောင်အနည်းငယ်သာ ကျန်တော့သဖြင့်
ပိုင်ရီကျီးနှင့် သူ့အဖွဲ့အတွက် လမ်းရှင်းရန်က လွယ်ကူသွားပါတယ်။ နောက်ဆုံးတွင်တော့ သူတို့ရဲ့အဖွဲ့မှာ ယခုအခါတွင် စွမ်းရည်အသုံးပြုသူများသာ ဖြစ်နေကြပြီး တစ်ဦးတည်းသော သာမန်လူကလည်း မရှိတော့ပေ။
ထိုအချိန်တွင် လီယောင်က သူ့လက်ဗလာနှင့်ပဲ ဂိုထောင်တံခါးရှိ သော့ခလောက်ကို ဖွင့်လိုက်သည်။ မြည်သံနှင့်အတူ သော့ခလောက်ကကွဲသွားကာ မြေပြင်ပေါ်သို့ ကျသွားတယ်။
ထို့နောက် သူကပဲ့ သတ္တုတံခါးကို တွန်းဖွင့်လိုက်ပြီး "အကို ပိုင် ငါတို့အတူတူသွားမလား ဒါမှမဟုတ် အဝတ်အစားတွေကို သီးသန့်ယူရမလား" လို့ မေးတယ်။
အဖွဲ့ရဲ့ တစ်ဦးတည်းသော အမျိုးသမီးအနေဖြင့် ချူကျိမြောင်ရဲ့ အဝတ်အစားလိုအပ်ချက်များကတော့ သူတို့နှင့် ကွဲပြားသည်။ အမျိုးသားအင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ဆင်နိုင်သော်လည်း အမျိုးသမီးအတွင်းခံများက လိုအပ်နေသေးတယ်။
အချိန်ကုန်သက်သာစေရန်အတွက် တတ်နိုင်သမျှ မြန်မြန်လူခွဲပြီး စက်ရုံမှ ထွက်သွားခြင်းကအကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ပိုင်ရီကျီး ဂိုဒေါင်ထဲသို့ ဝင်လာသည့်အခိုက်မှာပဲ့ သူ့နှလုံးက အခုန်မြန်လာလာပြီး ခန္ဓာကိုယ်က တောင့်တင်းလာတယ်။
အထဲမှာ အန္တရာယ်တစ်ခုခုရှိနေတယ်။ အစောပိုင်းစူပါမားကတ်တွင် သတ္တုအမျိုးအစား ဖုတ်ကောင်နှင့် ရင်ဆိုင်ရသောအခါက သူခံစားခဲ့ရသည့် ဖိအားသည် သူအခုခံစား နေရသည့် ဖိအားနှင့် ဆင်တူတယ်။