← Chapters

အခန်း (၇၄)

Vol. 5 Ch. 74

အခန်း (၇၄)

Vol. 5 Ch. 74

‎

‎ဂိုဒေါင်ထဲမှာသာ အဆင့်နှစ် ဖုတ်ကောင်တစ်ကောင်ရှိနေမှန်းသိရင် ပိုင်ရီကျီးဟာ သတိလက်လွတ်ဖြစ်မှာ မဟုတ်ဘူး။ လမ်းခွဲမည့်အစား အဖွဲ့လိုက်လေ့ကျင့်ရန်နှင့် တိုက်ပွဲအတွေ့အကြုံများ ပိုမိုရရှိရန်အတွက် ဤအခွင့်အရေးကို အသုံးပြုရမှာပဲ့။

‎

‎

‎ထိုအတွေးဖြင့် သူပြောလိုက်သည်မှာ "အတူနေ၊ သတိထားပါ။ အထဲမှာ အဆင့်နှစ် ဖုတ်ကောင် ရှိနိုင်တယ်"

‎

‎

‎သူ့စကားကြားကိုတော့ အားလုံးကလည်းခေါင်းတညိတ်ညိတ်နဲ့ မျက်နှာချင်းဆိုင်ရှိ ဂိုဒေါင်ထဲကို ကျောချင်းကပ်ပြီးဝင်သွားကြတယ်။ ဤဖွဲ့စည်းမှုက သူတို့ကို ဘက်ပေါင်းစုံမှ လွှမ်းခြုံနိုင်စေပြီး ခိုးဝင်တိုက်ခိုက်မှုများကို အချင်းချင်းသတိပေးနိုင်သည်။

‎

‎

‎ဖြည်းညှင်းစွာ ရွေ့လျားသွားရင်း‎ ပိုင်ရီကျီးရဲ့ မျက်လုံးများကလည်း သူ့ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။ ကမ္ဘာပျက်ကပ်စတင်ပြီးနောက်တွင် လျှပ်စစ်မီးကပြတ်သွားပြီး မီးစက်ကမရှိတာကြောင့် ဝင်ပေါက်မှနေရောင်ကြောင့်သာ ဂိုထောင်က အလင်းရောင်ရနိုင်တယ်။

‎

‎

‎လေဝင်လေထွက်ကောင်းရန်အတွက် မျက်နှာကျက်အနီးရှိ ပြတင်းပေါက်ငယ်များပါရှိသော်လည်း သေတ္တာအများစုမှာ အလင်းရောင်ကို ပိတ်ဆို့ထားသောကြောင့် ဂိုဒေါင်ကို အလင်းမှိန်သွားစေသည်။

‎

‎

‎ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင်တော့ လီ‌ယောင်က အနီးဆုံးသေတ္တာများကို တစ်ချက်ကြည့်လိုက်ပြီးတော့ "အစ်ကိုပိုင် အဲဒါ ယောက်ျားအတွင်းခံဘောင်းဘီပဲ" လို့ပြောလိုက်တယ်။

‎

‎

‎သူ့စကားကိုကြားတော့ ဟန်ဂျီယင်းရဲ့ မျက်လုံးများက တောက်ပလာသည်။ အတွင်းခံဘောင်းဘီကို သူဘယ်လောက်တောင် ပြောင်းချင်လဲဆိုတာကို ဘုရားသခင်သာသိတယ်။ ရေမရှိလို့ ဆေးတောင် မဆေးနိုင်ဘူး။

‎

‎

တူညီတဲ့အတွင်းခံကို ရက်အကြာကြီးဝတ်ရတာက ‎တစ်ကိုယ်ရေသန့်ရှင်းရေးကို သိပ်ဂရုမစိုက်တဲ့ သူ့အတွက်တောင် လွန်လွန်းတယ်။ ထို့အပြင် တိုက်ပွဲများနှင့် ပူပြင်းသော ရာသီဥတု နှစ်ခုစလုံးက ချွေးများထွက်စေခဲ့တယ်။

‎

‎

‎လီယောင်ရဲ့ စကားကိုကြားသောအခါတွင်တော့ သူ(ဟန်ဂျီယင်း)သည် ပိုင်ရီကျီးရဲ့ သတိပေးချက်ကို မေ့သွားပြီး သေတ္တာများဆီသို့ အမြန်ပြေးသွားခဲ့ပြီး သေတ္တာတွေထဲက တစ်ခုကို ဆွဲယူလိုက်တယ်။

‎

‎

‎သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ အတွင်းခံတွေကို မြင်တော့ သူက ပြုံးပြီး "ညီကိုတို့၊ ငါတို့ရဲ့ အတွင်းခံဘောင်းဘီကို နောက်ဆုံးတော့ ပြောင်းလို့ရပြီ"

‎

‎

‎ချူကျိမြောင် သည် သူ့စကားကြောင့် ရှက်သွားတယ်။ ထူထဲသော အသားအရည်ရှိသော်လည်း ယောက်ျားတစ်ယောက်ရဲ့ အတွင်းခံဘောင်းဘီအကြောင်း ပွင့်ပွင့်လင်းလင်းပြောသည်ကိုကြားတော့ သူမက ရှက်သွားတယ်။

‎

‎

‎ဟန်ဂျီယင်းက အတွင်းခံဘောင်းဘီကို ကောက်ကိုင်လိုက်သည်နှင့် လီယောင် နှင့် လော့ကျင်း တို့လည်း သူတို့အတွက် အချို့ကိုယူရန် ရှေ့တိုးလာခဲ့သည်။

‎

‎

‎ပိုင်ရီကျီး က သူတို့ရဲ့ ပေါ့လျော့မှုကြောင့် မျက်မှောင်ကြီးကြုတ်ပြီး "မင်းတို့ သတိထားကြပါ" လို့ သတိပေးလိုက်ပါတယ်။

‎

‎

‎သူပြောပြီးသည်နှင့် ပြင်းထန်သော လူသတ်ရန် ရည်ရွယ်ချက်က သူတို့အပေါ် ကျရောက်လာတယ်။ အန္တရာယ်ကိုတောင် မမြင်နိုင်ခင်မှာ သူ့ခန္ဓာကိုယ်က ဗီဇအတိုင်း လှုပ်ရှားသွားခဲ့တယ်။ သူ ချူကျိမြောင်ကို တွန်းဖယ်လိုက်ပြီး ဘေးကို ခုန်ချလိုက်သည်။

‎

‎

"ဘုန်းး"

‎

‎

‎နောက်အခိုက်အတန့်မှာတော့ သူရပ်နေသည့်နေရာကို တစ်စုံတစ်ခုက ထိမှန်သွားကာ မြေကြီးထဲတွင် နက်ရှိုင်း သောအပေါက်တစ်ခု ကျန်ရစ်ခဲ့တယ်။

‎

‎

‎ကျယ်လောင်သောအသံကြောင့် လီယောင်နှင့် အခြားသူများသည် ကိုင်ထားသောအတွင်းခံဘောင်းဘီကို ချက်ချင်းချလိုက်ပြီး လက်နက်များကို ကိုင်ဆောင်လိုက်ကြတယ်။ သူတို့ လှည့်ကြည့်လိုက်တော့ မြေပြင်မှာရှိတဲ့ အပေါက်ကို သတိပြုမိကာ လျင်မြန်စွာပဲ့ အဖွဲ့ကို ပြန်လည်စုဖွဲ့သွားပါတယ်။

‎

‎

‎"ရီကျီး အဲဒါ ဘာလဲဆိုတာ မင်းမြင်လား" လို့ လော့်ကျင်း က မေးသည်။

‎

‎

‎"မမြင်ဘူး" ပိုင်ရီကျီး က စူးစူးဝါးဝါးပြန်ပြောလိုက်သည်။

‎

‎

‎တိုက်ခိုက်သူကို မမြင်နိုင်သော်လည်း ၎င်းမှာ ဖုတ်ကောင်ဖြစ်သည်— အနံ့အသက်ဆိုးက သံသယဖြစ်ဖွယ်မရှိပေ။

‎

‎

‎ဂိုဒေါင်တွင် အဆင့်နှစ် ဖုတ်ကောင်ရှိနိုင်သည်ဟု သူထင်ခဲ့သော်လည်း သူတို့ရဲ့ကံကြမ္မာက မျှော်လင့်ထားတာထက် ဆိုးရွားနေပုံရတယ်။ ဤအမြန်နှုန်းက‎ ကျင်းရွှီယန်းရဲ့အဖွဲ့မှသတ်လိုက်သောအဆင့်သုံးဖုတ်ကောင်နှင့်တူညီသည်။

‎

‎

‎ဖုတ်ကောင်ကဘယ်မှာ ပုန်းနေလဲမသိတော့ လူတိုင်းက တုန်လှုပ်သွားပြီး သူတို့ရဲ့ အာရုံတွေနိုးကြားလာကြပါတယ်။ ချွေးတွေက နဖူးနဲ့ ကျောတွေကို ဖုံးလွှမ်းသွားတယ်။ အမည်မသိ အကြောက်တရားက သူတို့အပေါ်တွင် ကြီးမားစွာ သက်ရောက်မှုရှိသည်။

‎

‎

သူတို့‎အဖွဲ့ရဲ့ အသက်ရှုသံမှလွဲ၍ ဂိုဒေါင်က တိတ်ဆိတ်သွားတယ်။

‎

‎

‎ရုတ်တရက် အရိပ်တစ်ခုက သေတ္တာအနောက်ဆီကနေထွက်လာပြီး "ဝှစ်" ဆိုတဲ့အသံနှင့်အတူ ဖြတ်သန်းလာတယ်။

‎

‎

‎"ရှောင်" ပိုင်ရီကျီးက အော်လိုက်တယ်။

‎

‎

"ဒုတ်"

‎

‎

‎သူ့အသံကိုကြားတာနဲ့ သူတို့လည်းနေရာကနေ ခုန်ထွက်သွားတယ်။ ကံမကောင်းစွာနဲ့ပဲ လော့်ကျင်းကတော့ တစ်စက္ကန့်အလွန်နှေးကွေးသွားသည်။ တိုက်ခိုက်မှုက သူ့နောက်ကျောကို ထိမှန်သွားပြီး သူ့ခန္ဓာကိုယ်ကတော့ ဝင်ပေါက်ဆီသို့ မီတာများစွာ လွင့်သွားကာ ကျယ်လောင်သော အသံနှင့်အတူ ကျသွားတယ်။

‎

‎"အဟွတ်"

‎

‎

‎ပါးစပ်က သွေးတွေ ချောင်းဆိုးနေပြီး ထဖို့ ရုန်းကန်နေရတယ်။ တစ်ချက်ရိုက်လိုက်ရုံနဲ့ သူ့ကိုယ်တွင်းအင်္ဂါတွေက ကွဲအက်သွားသလိုပဲ့ ခံစားခဲ့ရတယ်။

‎

‎

‎" ရီကျီး အဲဒါ နွယ်ပင်ပဲ" သူ(လော်ကျင်း)က အသံကျယ်ကျယ်နဲ့ အော်တယ်။

‎

‎

‎သူပြောပြီးသည်နှင့် တပြိုင်နက် အနံ့အသက်ဆိုးတစ်ခုက သူ့နှာခေါင်းထဲကို တိုးဝင်လာတယ်။ သူ့အရှေ့တွင် အနက်ရောင်မျက်လုံးများနှင့် ဖျော့တော့သော မျက်နှာတစ်ခု ပေါ်လာသဖြင့် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

‎

‎" စတက် "

‎

‎သူမတုံ့ပြန်မှုမပြုမီတွင် ဖုတ်ကောင်က သူရဲ့လက်ကိုမြှောက်လာပြီး ချွန်ထက်သောစပျစ်နွယ်ပင်ကြီးတစ်စင်းကတော့ လော့်ကျင်းရဲ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။

‎

‎"အဟွတ်" သူ ပါးစပ်နဲ့အပြည့်သွေးတွေကို နောက်ထပ်ချောင်းဆိုးလိုက်တယ်။

‎

‎သွေးရဲ့ရနံ့က လေထဲတွင် ပြည့်လျှံနေသကဲ့သို့ဖြစ်သွားပြီး ဖုတ်ကောင်သည် နှုတ်ခမ်းများကိုဟကာ ထူးဆန်းသော အသံတစ်ခု ထွက်လာသည်၊ "ဂရ်ရ်ရ်"

‎

‎

ဖုတ်ကောင်ရဲ့‎ စပျစ်နွယ်ပင်က လော်ကျင်းရဲ့ ညာဘက်ပခုံးနှင့် ချိတ်ဆက်ထားတယ်။ လော့်ကျင်းကို လေထဲသို့ မြှောက်လိုက်သောအခါတွင် စပျစ်နွယ်ပင်က သူ့အသားနှင့် ပခုံးအဆစ်များကို ဆွဲခွဲသွားသကဲ့သို့ဖြစ်သွားသည်။

‎

‎

‎နာကျင်မှုက မခံမရပ်နိုင်အောင် ပြင်းထန်လွန်းလှပြီး သူ့ကို စိတ်ရှုပ် ထွေးလုနီးပါး ဖြစ်သွားစေကာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ရတယ်။"အားးးးး"

‎

‎

‎အရာအားလုံးက စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားခဲ့တယ်။မည်သူမဆို တုံ့ပြန်နိုင်ရန်အတွက်က အရာအားလုံးက မြန်ဆန်လွန်းသည်။ လော့်ကျင်းရဲ့သွေးကို သောက်ရန်ပြင်ဆင်နေသောဖုတ်ကောင်က ပါးစပ်ကိုဖွင့်လိုက်သည်ကိုတွေ့သောအခါ သူတို့ရဲ့မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့်ပြည့်နှက်သွားတယ်။

‎

‎

‎"ခွေးကောင်" လီယောင်က အော်ဟစ်ပြီး ဖုတ်ကောင်ကို တိုက်ခိုက်လိုက်တယ်။

‎

‎

‎"ဒုန်းး ဘုန်းးး"

‎

‎

‎ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ဦးဖြစ်သောကြောင့် ဖုတ်ကောင်ကို ထိုးသတ်ရန်အတွက် သူရဲ့စွမ်းအားအားလုံးကို အသုံးပြုခဲ့သည်။ လော့်ကျင်း က အနည်းဆုံးတော့ လွတ်မြောက်နိုင်မည်ဟု သူထင်ခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ထားဘဲ ဖုတ်ကောင်က သူ့ရဲ့ လက်သီးတွေကို လေထဲမှာ ဖမ်းမိသွားတယ်။

‎

‎

‎ဖုတ်ကောင်က သူ့ရဲ့ခေါင်းကို စောင်းကာ ရယ်သံနဲ့တူသော အသံတစ်ခုကိုထုတ်လာတယ် "ဂရ်ရ်ရ် ဟာခ် ဟာခ် ဟာခ်"

‎

‎

‎ပိုင်ရီကျီး သည် ဖုတ်ကောင်ရဲ့အသံကိုကြားလိုက်သောအခါတွင် ကျောရိုးတ‌လျှောက်မှ အေးစက်သွားသလို ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ့လက်ကို မြှောက်ကာ မိုးကြိုးလှံကို ဖန်တီးလိုက်သည်။ လက်ဝှေ့ယမ်းကာ ဖုတ်ကောင်ဆီ မိုးကြိုးလှံကို ပစ်ချလိုက်သည်။

‎

‎

"‎ဒူဂ်"

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ဖုတ်ကောင်က တိုက်ခိုက်မှုကို တားဆီးဖို့ မကြိုးစားခဲ့ပါဘူး။ အဲဒီအစား လီယောင်ကို တွန်းထုတ်ပြီး လော့်ကျင်းအား တိုးဝင်လာမည့် မိုးကြိုးလှံဆီသို့ တွန်းထုတ်လိုက်တယ်။

‎

‎

‎ဒါကိုမြင်တော့ ပိုင်ရီကျီးရဲ့ မျက်လုံးတွေက ပြူးကျယ်သွားတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ကာ လှံရဲ့လမ်းကြောင်းကို အသည်းအသန်ပြန် ပြောင်းလိုက်သည်။ လော့်ကျင်းကို ထိသွားမှာစိုးတာကြောင့် တိုက်ခိုက်မှုကို ရှောင်လွှဲရန်အတွက် ခက်ခက်ခဲခဲလုပ်ခဲ့ရတာကြောင့် သူ့နဖူးမှ ချွေးများ ဖုံးလွှမ်းသွားသည်။

‎

‎

"ခရက် ဘုန်းး"

‎

‎

‎မိုးကြိုးလှံက ဇွန်ဘီကိုထိရမဲ့အစား မျက်နှာကျက်ကို ထိသွားပြီး အပျက်အစီးတွေ ပြုတ်ကျလာတယ်။

‎

‎

‎တစ်ချိန်တည်းမှာပင် ချူကျိမြောင်က ရှေ့သို့ပြေးသွားပြီး လော်ကျင်းကို ဖမ်းလိုက်သည်။ နှစ်ဦးစလုံးက မြေပြင်ပေါ်သို့ပြင်းထန်စွာကျသွားသည်။

‎

‎

‎"ဘန်းး"

‎

‎

‎လော်ကျင်းကို သူမလက်ထဲတွင်ဆုပ်ကိုင်ထားပြီး တစ်ချက်ညီးညူလိုက်ကာ သူရဲ့ပျော့ခွေနေသော ပခုံးကိုကြည့်ပြီး သူမရဲ့ဒူးတွေက အားနည်းသွားသလိုပဲ့ ခံစားလိုက်ရသည်။ သူရဲ့ စုတ်ပြဲနေသော အသားများ၊ အရိုးများနှင့် ကွဲအက်နေသော ကြွက်သားများ အထိပါတွေ့နိုင်တယ်။

‎

‎

‎

‎

‎

All Chapters