အခန်း (၇၅)
Vol. 5 Ch. 75
လော့်ကျင်းရဲ့ပခုံးမှ သွေးများစီးကျလာပြီး ချူကျိမြောင်ရဲ့ အဝတ်များက စိုစွတ်လာသည်။ သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး နာကျင်ခြင်းနှင့် သွေးများစီးကျနေခြင်းမှ မလွတ်မြောက်နိုင်ပြီဖြစ်သည်။
" စီနီယာလော့ နိုးလာပါ၊ မင်း အိပ်လို့မရဘူး" အော်ဟစ်ပြီး မြေပြင်ပေါ်အလျင်စလိုချကာ သူ့ရဲ့တီရှပ်ကို ချွတ်လိုက်တယ်။
သူမ သူ့ရဲ့တီရှပ်အင်္ကျီကိုချွတ်ပြီး သွေးထွက်တာကို ရပ်တန့်ဖို့ ကြိုးစားရင်း ဒဏ်ရာကိုဖိလိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ အထည်ကသွေးတွေရွှဲသွားတယ်။
ဒါကိုမြင်လိုက်ရတော့ သူမနှလုံးသားက ထိတ်လန့်သွားတယ်။သူရဲ့သွေးထွက်တာကိုသာမတားနိုင်ရင် သွေးလွန်လို့ သေလိမ့်မယ်။ ဒါပေမယ့် ဆေးဝါး ဒါမှမဟုတ် ကိရိယာတွေ မပါဘဲ ဘာလုပ်ရမှန်းမသိတော့ဘူး။
သူမ ထိတ်လန့်နေချိန်တွင် ပိုင်ရီကျီး နှင့် ဟန်ဂျီယင်း တို့ကတော့ ဖုတ်ကောင်ရဲ့ ပြင်းထန်သောကန်ချက်ဖြင့် လွင့်သွားခဲ့သည်။
"ဒူဂ်။ အက်"
"ရားးး"
ဖုတ်ကောင်က ခေါင်းကိုမော့လိုက်ပြီး ဆူညံသော ဟောက်သံကို ထုတ်လိုက်တယ်။
သာမာန်ဖုတ်ကောင်များနှင့်မတူဘဲ၊ ဒီဖုတ်ကောင်ကတော့ ဉာဏ်ရည်ဉာဏ်သွေးရှိပုံရသည်။ ပိုင်ရီကျီး ဆီသို့ အပြေးအလွှား ပြေးသွားမည့်အစား သူ့လက်ကို အဝေးက လွှဲကာတိုက်ခိုက်လာတယ်။
၎င်းရဲ့သစ်သားလှံနှင့်တူသော လက်က တခဏချင်းအတွင်းမှာပဲ့ စပျစ်နွယ်ပင်များစွာအဖြစ်သို့ ပြောင်းလဲသွားတယ်။ စပျစ်နွယ်ပင်များက မြွေများကဲ့သို့ မြေပြင်တစ်လျှောက်လျောတိုက်လာကာ သူတို့ရဲ့ခြေထောက်များနှင့် လက်များကို ပစ်မှတ်ထားနေကြသည်။
ဝင်လာသောတိုက်ခိုက်မှုကိုမြင်တော့ ပိုင်ရီကျီးက သူ့လက်များကို မြှောက်လိုက်ပြီး မိုးကြိုးချည်များစွာကို ဖန်တီးလိုက်တယ်။ သူ့လက်တွေကို လှုပ်ရှားလိုက်တိုင်း ချည်မျှင်တွေက စုစည်းသွားကာ မိုးကြိုးပိုက်ကွန်တစ်ခု ဖြစ်လာသည်။
စပျစ်နွယ်ပင်များသည် မိုးကြိုးပိုက်ကိုထိလိုက်သည့်အခိုက်တွင် လျှပ်စစ်ဓာတ်နဲ့ထိသွားပြီး ၎င်းတို့ရဲ့လှုပ်ရှားမှုများက နှေးကွေးသွားခဲ့တယ်။
ပိုင်ရီကျီးက မိုးကြိုးပိုက်ထဲသို့ စွမ်းအင်ပိုမိုပို့လွှတ်ကာ ချဲ့ထွင်လိုက်တယ်။ ထို့နောက် လက်တွေကိုဝှေ့ယမ်းကာ ဖုတ်ကောင်ဆီသို့ တွန်းလိုက်သည်။ စွမ်းအင်များ တိုးလာသည်နှင့်အမျှ အပူချိန်ကမြင့်လာကာ မိုးခြိမ်းသံကလည်း အရှိန်တက်လာသည်။
မိုးကြိုးပိုက်နဲ့ ထိတွေ့တဲ့အခါတွင် နွယ်ပင်တွေက မီးလောင်နေတာကို မြင်ပြီး ဖုတ်ကောင်ကညာဘက်ပခုံးပေါ်က နွယ်ပင်တွေကို ဘယ်လက်နဲ့ အမြန်ဆွဲယူလိုက်တယ်။
မိုးကြိုးပိုက်ကွန်မရောက်မီတွင် ဖုတ်ကောင်က စပျစ်နွယ်ပင်များကို ဖြတ်တောက်လိုက်ကာ နောက်သို့ ခုန်ထွက်သွားသည်။ ယခုတော့ လက်တစ်ဖက်တည်းသာ ကျန်တော့ကာ စပျစ်နွယ်ပင်များကတော့ မီးသွေးအဖြစ်သို့ ပြောင်းသွားတာကို မြင်လိုက်ရသဖြင့် ဖုတ်ကောင်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။
"ရားးး'
သူ့ရဲ့တိုက်ခိုက်မှုက ထိရောက်တာကိုတွေ့လိုက်ရတော့ ပိုင်ရီကျီးက သူ့လက်တွေကို မြှောက်လိုက်ပြီး သူ့ရဲ့မိုးကြိုးပိုက်ကွန်နဲ့ ဖုတ်ကောင်ကို ဆက်လက်တိုက်ခိုက်တယ်။
အန္တရာယ်ကို အာရုံခံနိုင်သော ဖုတ်ကောင်က ပိုက်ကို ရှောင်ရန်အတွက် ဘေးဘက်သို့လှည့်သွားသည်။ ဖုတ်ကောင်ကဆက်လက်ရွေ့လျားနေပြီး ဂိုဒေါင်အားပတ်နေရင်း အနောက်မှ မရပ်မနားလိုက်တိုက်ခိုက်နေမှုကိုလည်း ရှောင်ကာ တန်ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးတစ်ခုကို ရှာဖွေနေတယ်။
ငါးမိနစ်ကြာပြီးနောက်မှ လီယောင်က နောက်ဆုံးတွင် သတိပြန်လည်လာကာ မတ်တပ်ရပ်ရန် ရုန်းကန်ခဲ့ရသည်။ သူရဲ့ဘယ်ဘက်ခြမ်းမှာ စူးစူးရှရှနာကျင်နေတာကြောင့် နံရိုးများက မကျိုးပါက အက်ကွဲသွားနိုင်သည်။
အံကြိတ်ကာ သူ့ရှေ့က မြင်ကွင်းကို လှမ်းကြည်ံလိုက်တယ်။ ဖုတ်ကောင်က ဖြူဖပ်ဖြူရော်ဖြစ်နေသဖြင့် သူရဲ့ကန့်သတ်ချက်ရောက်နေကြောင်း သိသာထင်ရှားကာ ပိုင်ရီကျီး ကြောင့် ပိတ်မိနေခဲ့သည်။
လီယောင် လှည့်ပတ်ကြည့်လိုက်တော့ အနီးနားက သတ္တုချောင်းကို တွေ့လိုက်တယ်။ သူ့လက် ဘယ်ဘက်ခြမ်းဖြင့် သတ္တုချောင်းကိုကောက်ကိုင်လိုက်ပြီး သူ့သူငယ်ချင်းကို ကူညီဖို့ ရှေ့ကို ပြေးသွားတယ်။
ပိုင်ရီကျီးရဲ့ မျက်နှာက သေမင်းတမန်ကဲ့သို့ ဖြူဖျော့လာပြီး ချွေးအေးများက သူ့နဖူးနှင့် နောက်ကျောကို ဖုံးလွှမ်းသွားသည်။ စွမ်းအင်ကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ခေါင်းမူးဝေလာပြီး ဦးခေါင်းခွံအတွင်း ကွဲထွက်သွားသလိုနာကျင်လာတယ်။ သူ့အမြင်အာရုံက ခဏမျှ မှုန်ဝါးသွားကာ ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားသည်။
ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် ဖုတ်ကောင်ကလည်း ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီး သူ့ကို လှမ်းကြည့်သည်။ စပျစ်နွယ်ပင်မရှိတော့တာကြောင့် ကျန်လက်ကိုသာ အားကိုးနိုင်တယ်။ သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်လိုက်ကာ ပိုင်ရီကျီးရဲ့ ဦးခေါင်းခွံကို ချွန်ထက်သော လက်သည်းများဖြင့် ထိုးဖောက်ရန် ရည်ရွယ်လိုက်သည်။
ဖုတ်ကောင်ကတိုက်ခိုက်ခါနီးမှာပဲ့ လီယောင်က သူ့ရှေ့မှာ ပေါ်လာတယ်။
" ကလန် "
လီယောင်က သံတုတ်ဖြင့် ဖုတ်ကောင်ရဲ့ လက်သည်းများကို ပိတ်ဆို့ထားလိုက်တယ်။ နာကျင်မှုတွေကြောင့် သူ့မှာ တဆတ်ဆတ် တုန်ခါနေပြီး သူ့ ပြိုလဲလုနီးနီး ဖြစ်နေပေမယ့် ဖုတ်ကောင်ကိုသာမသတ်နိုင်ခဲ့ရင် သူ့သူငယ်ချင်းတွေကို ဒီဖုတ်ကောင်က ဝါးမျိုသွားမယ်ဆိုတဲ့ အတွေးက သူ့နှလုံးသားကို ဒေါသနဲ့ မကျေမနပ် ဖြစ်နေစေတယ်။
"အားးး"
အော်ဟစ်လိုက်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်အနှံ့မှာ စွမ်းအင်တွေ ထွက်လာတယ်။ သူက လက်မြှောက်ပြီး ဖုတ်ကောင်ရဲ့ ခေါင်းကို လှမ်းကိုင်လိုက်တယ်။
"ရားးး"
ဖုတ်ကောင်ကတော့ သူ့မေးရိုးကိုဖွင့်ကာ သွားများကို လီယောင်ရဲ့ လည်ချောင်းထဲသို့ နစ်ဝင်နိုင်အောင်ကြိုးစားသည်။ သို့သော် လီယောင်က တင်းတင်းကြပ်ကြပ်ပဲ့ ဆုပ်ကိုင်ထားလိုက်တယ်။
လျင်မြန်သောရွေ့လျားမှုဖြင့် သံတုတ်ကို အခြားလက်ဖြင့် လှိမ်လိုက်သည်။ ဖုတ်ကောင်ရဲ့လက်သည်းများကို သတ္တု ချောင်းတွင် မြှုပ်ထားသောကြောင့် ဖုတ်ကောင်ရဲ့လက်မောင်းသည် လီယောင်ရဲ့ ရုတ်တရက် လှုပ်ရှားခြင်းကြောင့် လည်သွားခဲ့သည်။
"ခရစ်"
ရက်စက်ကြမ်းကြုတ်စွာဖြင့် လီယောင်က ဖုတ်ကောင်ရဲ့လက်ကို ပုခုံးပေါ်မှ ရှင်းထုတ်ပစ်လိုက်တယ်။ အနက်ရောင်သွေးများနှင့် ဆွေးမြေ့နေသောအသားများက သူ့ခန္ဓာကိုယ်နှင့် ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားသော်လည်း သူစိတ်ကမပြေ သေးဘူး။
သူက ပုပ်နေသော လက်ကို ဘေးသို့လွှတ်ပစ်လိုက်ပြီး ဖုတ်ကောင်ရဲ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ "ခွေးကောင်၊ သေလိုက်" ဟု အော်ရင်း သူ့လက်ဖြင့် တင်းကျပ်စွာ ဆုပ်ညစ်လိုက်သည်။
အန္တရာယ်ကို ခံစားမိတဲ့ ဖုတ်ကောင်က ခြေထောက်များကို လေထဲတွင် ကြမ်းတမ်စွာ ကန်ထုတ်ကာ လွှတ်မြောက်ဖို့ရုန်းကန်လိုက်သော်လည်း လက်မပါဘဲနဲ့ လွတ်မြောက်ရန်က နည်းလမ်းမရှိပေ။
"အက် စလက်"
နောက်နှစ်မိနစ်အကြာမှာတော့ လီယောင်ရဲ့ ပြင်းထန်တဲ့ ဆုပ်ကိုင်မှုအောက်မှာပဲ့ ဖုတ်ကောင်ရဲ့ ဦးခေါင်းခွံက ကွဲထွက်သွားပါတယ်။ အလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျလာသဖြင့် ပုပ်သိုးနေသော ဦးနှောက်အမှုန်အမွှားများ နေရာအနှံ့ကိုပျံ့နှံ့သွားသည်။
လီယောင်က မလှုပ်မယှက် ရပ်နေလိုက်တယ်။ ထူးဆန်းသော ခံစားမှုတစ်ခု သူ့ခန္ဓာကိုယ်အနှံ့မှာ ပျံ့နှံ့သွားသည်။ သူရဲ့ သွေးကြောများအတွင်းမှ နွေးထွေးသော စွမ်းအင်များက ထိန်းမနိုင်သိမ်းမရ ရုတ်ချည်းပြန့်ကျဲလာသည်။ သူ့ရဲ့အသက်ရှူသံများက ကြမ်းတမ်းလာပြီး သူ့မျက်လုံးများတွင်တော့ အနီရောင်သွေးပြန်ကြောများ ပေါ်လာလာ သူရဲ့အမြင်အာရုံတစ်ခုလုံးက နီရဲသွားတယ်။
မဝေးတဲ့နေရာက ပိုင်ရီကျီးကလည်း သူ့ပြောင်းလဲမှုကို သတိထားမိတယ်။ နာကျင်မှုနှင့် မူးဝေမှုကို တွန်းလှန်ရင်း သူ့(လီယောင်)ဆီသို့ လျောက်သွားသည်။
လီယောင်ရဲ့ သွေးစွန်းနေသောမျက်လုံးများနှင့် သဘာဝမကျသော ဖြူဖျော့ဖျော့မျက်နှာကို မြင်လိုက်ရသည့်အခိုက်တွင် သူ့မျက်လုံးများ၌ တုန်လှုပ်ခြောက်ခြားမှုတွေပြည့်သွားရတယ်။ မဆိုင်းမတွဘဲ သူ့အိတ်ကပ်ထဲမှ အမြုတေများစွာကို ဆွဲထုတ်ပြီး လီယောင်ရဲ့ လက်ဖဝါးထဲသို့ ဖိသွင်းလိုက်သည်။
သူ့သူငယ်ချင်း၏ ပုခုံးကို ဆုပ်ကိုင်ကာ "လီယောင် ငါ့စကားကို နားထောင်ပါ။ အမြုတေထဲက စွမ်းအင်ကို စုပ်ယူလိုက်"
သူ့စကားကြားသောအခါ လီယောင်ရဲ့ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ခဏအကြာတွင်မှ သူသည် နောက်ဆုံး၌ သတိပြန်လည်လာတယ်။ သူသည် ထိန်းချုပ်မှု ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်းကို သတိပြုမိသဖြင့် အချိန်မဖြုန်းတော့ဘဲ သူ့ခြေထောက်တွေကို ကွေးပြီး မြေပေါ်ကို ထိုင်ချလိုက်တယ်။
မျက်လုံးမှိတ်ထားရင်း စိတ်ကို စုစည်းကြည့်တယ်။ သူ့လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအင်များ စိမ့်ဝင်လာတာကို ခံစားလိုက်ရသောအခါတွင် သူက စွမ်းအင်ကို လမ်းညွှန်ပေးသည်။ နွေးထွေးသော စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနဲ့ပဲ့ သူရဲ့ ဖရိုဖရဲစွမ်းအင်များကို ဖိနှိပ်ရန် ၎င်းကို အသုံးပြုခဲ့ပြီး တဖြည်းဖြည်းနဲ့ သူ့စွမ်းအင်တွေက တည်ငြိမ်လာတယ်။
သူ ငြိမ်သက်နေတာကိုမြင်တော့ ပိုင်ရီကျီးက
ဟန်ဂျီယင်းကို စစ်ဆေးဖို့ ခေါင်းလှည့်လိုက်တယ်။ ခေါင်းပေါ်တွင် ကြီးမားသော ဒဏ်ရာဖြင့် သတိလစ်နေပြီး သူ့လက်မောင်းတွေကလည်း အဆစ်ကနေပြုတ်သွားတယ်။
ပိုင်ရီကျီးက ဆေးကုသရာတွင် မကျွမ်းကျင်ပါ။ သူအတတ်နိုင်ဆုံးကတော့ သူ့(ဟန်ဂျီယင်း)ကို နောက်ကျောပေါ် ဂရုတစိုက်တင်ပြီး ချူကျိမြောင် ရှိတဲ့နေရာကို သယ်သွားတာပါပဲ။