အခန်း (၇၇)
Vol. 6 Ch. 77
ယခုအချိန်တွင်တော့ ပိုင်ရီကျီး နှင့် သူ့အဖွဲ့က တိုက်ပွဲဝင်နိုင်ရန် အနေအထားမရှိပေ။ အကယ်၍ ချဉ်းကပ်လာသော အဖွဲ့များကသာ ဖုတ်ကောင်များဖြစ်ခဲ့ပါက သူတို့တော့ ဆိုးရွားသောဒုက္ခကို ရင်ဆိုင်ရပေလိမ့်မည်။ ကံကောင်းထောက်မစွာပဲ့ စစ်သားတွေ ဖြစ်နေခဲ့တယ်။
ကျန်းယွမ်က သူ့လက်သီးကို ဆုပ်လိုက်ပြီးတာနဲ့ ကျောက်နံရံကလည ချက်ချင်း ပြိုကျသွားတယ်။ အဲဒီအခါကြမှ ကျိူးလီဇီ ၊ကျင်းရွှီယန်း နှင့် စစ်သားများက ဂိုဒေါင်ရဲ့ မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။
သွေးစွန်းနေသော ကြမ်းပြင်ကို မြင်လိုက်ရသည့်အခါတွင် သူတို့ရဲ့ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့်ပြည့်နှက်သွားခဲ့တယ်။ သူတို့အထဲကို ဝင်သွားတော့ ပြင်းထန်တဲ့ တိုက်ပွဲရဲ့ ခြေရာလက်ရာတွေကို တွေ့လိုက်ရတယ်။
ကျိူးလီဇီသည် ဧရိယာကို စစ်ဆေးလိုက်ပြီးနောက်တွင် လော့်ကျင်းဟာ မည်သည့်နေရာတွင်မှ မရှိတာကို လျင်မြန်စွာ သတိပြုမိခဲ့သည်။ သူမအကြည့်တွေက သွေးအိုင်ဆီရောက်သွားပြီး သူမစိတ်ထဲမှာ မှန်းဆချက်တစ်ခု ပေါ်လာတယ်။
သူမရဲ့ယခင်ဘဝတွင်တော့ လော့်ကျင်းက နောက်ဆုံးအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် ပိုင်ရီကျီးရဲ့ အဖွဲ့၏ဒုတိယခေါင်းဆောင်ဖြစ်လာခဲ့သည်။ အနေနဲ့ သူ့ဒီမှာသေသွားဖို့ကို သူမ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး။
သူမ စဉ်းစားကြည့်သောအခါတွင် ယနေ့ဖြစ်ပျက်ခဲ့သမျှက သူမရဲ့ ပြောင်းလဲခြင်းလုပ်ရပ်များရဲ့ တိုက်ရိုက်အကျိူးရလဒ်ဖြစ်နိုင်သည်။
သူမသာကြားဝင်မစွက်ဖက်ခဲ့ပါက ကြန့်ကြာမနေဘဲ ကျန်းနင်မြို့သို့ ခေါ်ဆောင်သွားနိုင်မည်ဖြစ်သည်။
သူမဘေးမှာရပ်နေတဲ့ ကျင်းရွှီယန်းက သူမရဲ့ စိတ်အပြောင်းအလဲကို သတိထားမိလိုက်ပြီး သူမရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်တယ်။ "အာ့ဇီ ဒါက မင်းအပြစ်မဟုတ်ဘူး။ ဒီဘဝက အရင်ကနဲ့ မတူတော့ဘူး။ ကိုယ်တို့ ရှင်သန်နိုင်ဖို့အတွက်ကို ကိုယ်တို့လုပ်တာ၊ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့"
ကျိူးလီဇီက သူ့ကိုကြည့်ပြီး "အစ်ကိုယန်း ငါတို့လုပ်နေတာက မှန်တယ်ထင်လား" လို့ မေးလိုက်တယ်။
"က်ိုယ်တို့က အသက်ရှင်ဖို့ ကြိုးစားနေရုံပဲ့ ဘာမှမမှားပါဘူး။ လူတိုင်းမှာ ကိုယ့်ရွေးချယ်မှုနဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိတယ်။ မင်းက သူရဲကောင်းလည်း မဟုတ်ဘူး၊ သူတော်စင်လည်း မဟုတ်ဘူး၊ ကမ္ဘာ့ကံကြမ္မာ လူတွေရဲ့အသက်နှင့် သေဆုံးမှုတွေက မင်းထမ်းရမယ့် ဝန်ထုပ်ဝန်ပိုးမဟုတ်ပါဘူး" လို့ ကျင်းရွှီယန်းက ပြန်ပြောခဲ့တယ်။
သူက တစ်ကိုယ်ကောင်းဆန်သူ၊ ရက်စက်တတ်သူ၊ အေးစက်သူဖြစ်ကြောင်း သူသိတယ်။ တစ်ကမ္ဘာလုံးက သူ့ကို ကျိန်စာတိုက်မလား ဒါမှမဟုတ် သူ့ကြောင့်နဲ့ ကမ္ဘာကြီးကပျက်စီးသွားတာကိုတောင် သူဂရုမစိုက်ဘူး။ သူ့ရဲ့ အာ့ဇီ လုံခြုံနေသရွေ့တော့ ကမ္ဘာကို ဆန့်ကျင်ပြီး ကံကြမ္မာကို ဆန့်ကျင်နေရရင်တောင် သူက ဗီလိန်ဖြစ်ဖို့ ဆန္ဒရှိနေတယ်။
သူမရဲ့ ရွေးချယ်မှုတွေကို အခြားသူတွေက သက်ရောက်လာစေမှာ ၊ သူမကိုယ်တိုင်ကကို သံသယဝင်လာမှာမျိုးကို သူကခွင့်ပြုမှာမဟုတ်ဘူး။
သူ့စကားကိုကြားတော့ ကျိူးလီဇီက အသက်ပြင်းပြင်းရှူပြီး ခေါင်းညိတ်လိုက်တယ်။ သူမက ရှင်သန်ရန်အတွက်ရွေးချယ်မှုတစ်ခုကို ပြုလုပ်ထားပြီးဖြစ်သည်။ သူမရဲ့ ဆုံးဖြတ်ချက်အတိုင်း ခိုင်မာစွာ ရပ်တည်ရန် လိုအပ်သည်။
ကမ္ဘာပျက်ကပ်ကာလတွင် အားနည်းသောသူတို့က သေဆုံးပြီး အားကြီးတို့သူကသာ ရှင်သန်နိုင်တယ်။
ဒီမှာဖြစ်ပျက်ခဲ့တာတွေက သူမရဲ့အပြစ်မဟုတ်ဘူး။ အပြစ်ရှိတယ်လို့လဲ မခံစားသင့်ဘူး။ သူမက အကောင်းဆုံးကြိုးစားပြီး လင်အန်းတက္ကသိုလ်မှ လွတ်မြောက်ရန်တောင် ကူညီပေးခဲ့ပြီး မိုးရေထံမှလဲ အကာအကွယ်ပေးခဲ့သည်။ ဖြစ်ပျက်ခဲ့တာက ကံဆိုးပေမယ့် လော်ကျင်း အတွက် သူမမှာ ဘာကြွေးမှတင်မနေဘူး။
သူမရဲ့စိတ်ခံစားမှုများက တည်ငြိမ်သွားတာကို မြင်လိုက်ရသဖြင့် ကျင်းရွှီယန်း သက်သာရာရသွားတယ်။ သူ့အကြည့်တွေကို ပြောင်းလိုက်တော့ ကုန်းပိုင်က ဟန်ဂျီယင်းရဲ့ လက်မောင်း အဆစ်ပြုတ်သွားတာကို ပြန်တည့်ပေးနေတာ တွေ့လိုက်ရတယ်။
သူက ပိုင်ရီကျီးဆီကို လျှောက်သွားပြီးတော့ "သခင်လေးပိုင် မင်းတို့ရွေးပြီးပြီလား" လို့ မေးလိုက်တယ်။
"ငါတို့ မကြာခင် ပြီးတော့မယ်" ပိုင်ရီကျီးက အဝတ်အစားနဲ့ အတွင်းခံဘောင်းဘီကို ရွေးထုတ်ဖို့ မသွားခင် ပြန်ဖြေလိုက်တယ်။
ထိုအချိန်တွင် စစ်သည်များက လိုအပ်သည်များကို ယူဆောင်ဖို့အတွက် သေတ္တာများကို စတင်စစ်ဆေးနေပြီဖြစ်သည်။
သူတို့အဝတ်အစားတွေကိုရွေးပြီးတာနဲ့ သေတ္တာတွေထဲထည့်၊ အမှတ်အသားလုပ်ပြီး နေရာလွတ်မှာ သိုလှောင်ထားဖို့အတွက် ရှောင်ချီဆီကို ယူသွားကြတယ်။ ဒါက သူတို့ ကျောပိုးအိတ်ထဲမှာရှိတဲ့နေရာကို ချန်ထားနိုင်ရန် အကူညီပေးသည်။
ရှောင်ချီကလည်း သူတို့ရဲ့အဝတ်အစားများအတွက် နေရာပြင်ဆင်ထားပြီးဖြစ်သောကြောင့် ငြင်းဆိုခြင်းမရှိပဲ အားလုံးကို သိမ်းထားပေးလိုက်တယ်။
ထို့နောက် ကျန်သေတ္တာများကို စစ်ဆေးကြည့်ရှုကာ ဆောင်းတွင်းအဝတ်အစားများကိုလည်း ယူဆောင်ရန် ဆုံးဖြတ်လိုက်သည်။ အဝတ်အစားစက်ရုံကို ဘယ်တော့မှထပ်ရှာတွေ့မယ်ဆိုတာက်ု သူတို့မသိနိုင်တာကြောင့် ဆောင်းရာသီအတွက် ကြိုတင် ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ့။
အမျိုးသမီးအဝတ်အစားများနှင့် အတွင်းခံအချို့ကိုပင်ယူကာ သူတို့ရဲ့အနာဂတ်ကိုပင် ထည့်သွင်းစဉ်းစားခဲ့သည်—သေချာသည်မှာ ဇနီး သို့မဟုတ် ရည်းစားရရန် လိုအပ်သည့်အချိန်တစ်ခုက ရှိလာနိုင်သေးတယ်။
စစ်သားတွေရွေးပြီးတဲ့အချိန်မှာပဲ့ ပိုင်ရီကျီးနဲ့ သူ့အဖွဲ့လည်း ပြီးသွားတယ်။ မကြာခင်မှာပင် လီယောင်လည်း သူ့မျက်လုံးများကို ပွင့်လာပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူ့မျက်လုံးများက တောက်ပနေပြီး စိတ်လှုပ်ရှားမှု အပြည့်ရှိ နေသည်။ မတ်တပ်ထရပ်ပြီး လက်သီးတွေကို ဆုပ်ထားကာ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တယ်။ ဆရာချောင်ကဲ့သို့ သူရဲ့ ခန္ဓာကိုယ်က တစ်ဝက်တစ်ပျက် အသွင်မပြောင်းသွားတာကို မြင်လိုက်သောအခါကြမှ သူ သက်ပြင်းချကာ ပြုံးလိုက်သည်။
သူ့ရဲ့ပျော်ရွှင်မှုကို မျှဝေပေးချင်တဲ့ ပထမဆုံးသူကတော့ ချူကျိမြောင် ဖြစ်ပါတယ်။ သို့သော် သူမကိုမြင်သောအခါမှာပဲ သူမရဲ့ ရောင်ရမ်းနေသော မျက်လုံးများကို သတိပြုမိလိုက်သည်။ ဒါကိုမြင်တော့ သူကအံ့အားသင့်သွားပြီး " မြောင်မြောင် ဘာဖြစ်နေတာလဲ၊ မင်း နာနေလို့လား ၊ ဘာလို့ ငိုနေတာလဲ"
သူ့ငယ်သူငယ်ချင်းကိုတွေ့တော့ ချူကျိမြောင်က လက်ကိုဆွဲပြီး ပွေ့ဖက်လိုက်တယ်။ သူမရဲ့မျက်နှာကို သူ့လက်နှစ်ဖက်ကြားမှာ မြှုပ်လိုက်ပြီး "လီယောင် အစ်ကိုလော့် သွားပြီ" ဟု ပြောလိုက်သည်။
စကားလုံးတွေကို ကြားလိုက်ရတဲ့အခါမှာတော့ လီယောင်ဟာ ငေးငိုင်သွားခဲ့ရတယ်။ မျက်လုံးတွေက ပူးကျယ်ကာမယုံကြည်ဖွယ်ရာမျက်နှာထားနဲ့ "ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ သူက-" လို့ ပြောလိုက်တယ်။
ချူကျိမြောင်က ရှိုက်ကြီးတငင်ငိုရင်းနဲ့ပြောတယ် "သူအရမ်းသွေးထွက်နေတယ်၊ ဘယ်လိုတားရမှန်းမသိဘူး။ အစွမ်းကုန်ကြိုးစားပေမယ့် မကယ်နိုင်တော့ဘူး"
လီယောင်က သူမကိုပွေ့ဖက်ပြီး ကျောကို ပွတ်သပ်ပေးကာ " မြောင်မြောင် ဒါကမင်းအပြစ်မဟုတ်ပါဘူး ၊ မင်း အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီ " လို့ပြောလိုက်တယ်။
လေ့်ာကျင်းကို သတ်တာက ဖုတ်ကောင်ဖြစ်ပေမဲ့ ခွန်အားနဲ့ အတွေ့အကြုံမရှိလို့သာ သူတို့ရဲ့သူငယ်ချင်းသေဆုံးတဲ့အထိဖြစ်သွားတာကို သူတို့နှစ်ယောက်လုံးက နားလည်ကြပါတယ်။
သူတို့သာ ပိုအားကောင်းရင် သူတို့ရဲ့အသင်းဖော်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ဖုတ်ကောင်တွေရဲ့လက်မှာ ဘယ်သူမှ မသေသွားနိုင်ပါဘူး။ ဒီတော့ အရာအားလုံးရဲ့အကြောင်းအရင်းက သူတို့ မသန်မာကြလို့ပဲ။
ခဏကြာတော့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် လက်လွှတ်လိုက်ပြီး ပိုင်ရီကျီးကို ရှာလိုက်ကြတယ်။
ထိုအချိန်မှာ ကျိူးလီဇီကတော့ ဂိုဒေါင်အတွင်းရှိ သေတ္တာများကို စုဆောင်းရန် အလုပ်များနေပြီး ကျင်းရွှီယန်း ကတော့ ပိုင်ရီကျီးတို့အဖွဲ့ရဲ့ အခြေအနေကို ပြန်လည်စစ်ဆေးရန် လူတိုင်းကို ညွှန်ကြားခဲ့သည်။ ကုန်းပိုင်က ခန္ဓာကိုယ်ရှိဒဏ်ရာ အသေးအမွှားများကို ကုသနိုင်သော်လည်း ရောဂါပိုးရှိနိုင်သည့် ဒဏ်ရာများအတွက်တော့ စစ်ဆေးရန် လိုအပ်နေသေးတယ်။
ဂိုဒေါင်ထဲတွင် အခြားမည်သူမျှမရှိသဖြင့် ကျိူးလီဇီက နာရီဝက်အတွင်းမှာပဲ့ အရာအားလုံးကို စုဆောင်းနိုင်ခဲ့သည်။