← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

လူတိုင်းက ‎ရှန်းကျင်းဇီရဲ့ အပြာရောင်မီးတောက်ကို တွေ့လိုက်သောအခါမှာ အံ့သြသွားကြတယ်။

‎

‎

‎အရင်ကတော့ သူတို့ဗိုလ်ကြီးရဲ့ အနက်ရောင်မီးတောက်တွေကို မြင်ဖူးတယ်။ အခုတော့ သူတို့အစ်ကိုရဲ့ အပြာရောင်မီးကို သူတို့မြင်နေရတယ်။ မီးအမျိူးစားစွမ်းရည်များက အခြားသော ဒြပ်စင်အမျိူးအစားစွမ်းရည်များနှင့် နှိုင်းယှဉ်ပါက ပိုမိုကွဲပြားသည်ဟု ထင်ရတယ်။

‎

‎

‎စစ်သားများက မီးလုံးအား ထိတ်လန့်တကြား စိုက်ကြည့်နေစဉ်တွင် ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့ နှစ်ယောက်ကတော့အံ့သြသွားကြတယ်။ မီးအမျိူးအစားစွမ်းရည်ကို အပြင်းထန်ဆုံး တိုက်ခိုက်ရေးစွမ်းရည်များထဲမှ တစ်ခုအဖြစ် ခွဲခြားသတ်မှတ်ထားသော်လည်း စွမ်းအားကတော့ မီးအမျိူးအစားအပေါ်မူတည်ပါသေးတယ်။

‎

‎

‎ဥပမာအားဖြင့် ရှန်းကျင်းဇီရဲ့ အပြာရောင်မီးအပူချိန်က သာမန်မီးအမျိုးအစားထက် ပိုမိုမြင့်မားသောကြောင့်—အဆင့်မြင့်မီးအမျိုးအစားအဖြစ် သတ်မှတ်နိုင်သည်။ တစ်ချိန်တည်းတွင် အနီရောင်မီးအား အဆင့်နိမ့်၊ လိမ္မော်ရောင်မီးအား အလယ်အလတ်တန်းစားအဖြစ် ခွဲခြားထားသည်။

‎

‎

‎ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးလျှံကတော့ ကမ္ဘာပျက်ကပ်စတင်ပြီးလို့ ငါးနှစ်ကြာသွားပြီးတဲ့အချိန်အထိ အနက်ရောင်မီးရဲ့အဆင့်အတန်းကို မည်သူမျှ မဆုံးဖြတ်နိုင်ခဲ့ပေ။

‎

‎

‎ဒြပ်စင်အမျိုးအစားစွမ်းရည်တစ်ခုစီတွင် စွမ်းအားနှင့် ခွန်အားကို ကွဲပြားစေနိုင်သည့် အဆင့်များစွာရှိသည်။

‎

‎

‎စွမ်းရည်အသုံးပြုသူများက တူညီတဲ့အဆင့်မှာရှိနေရင်တောင်မှ မီးတောက်များက အဆင့်အမျိုးမျိုးရှိတာကြောင့် တိုက်ပွဲရဲ့ရလဒ်ကို တိုက်ပွဲမစတင်မီတွင်ပဲ့ ဆုံးဖြတ်နိုင်ကြသည်။

‎

‎

‎အဆင့်နိမ့်မီးသည် အခြားမီးတောက်များထက် 50% ပိုတဲ့စွမ်းအင်သာမရှိလျှင် အနိုင်ရရန်က မဖြစ်နိုင်ပေ။

‎

‎

‎ရှန်းကျင်းဇီက မီးလုံးဖန်တီးပြီးနောက်

‎ကုန်းပိုင်က သူ့လက်ကို မြှောက်ပြီး "အဆင်သင့်ဖြစ်ပါပြီ" လို့ပြောခဲ့ပါတယ်။

‎

‎

‎ဒါကိုပြောပြီးတာနဲ့ ရှန်းကျင်းဇီက သူ့ရဲ့မီးလုံးတွေကို ဖုတ်ကောင်တွေဆီ ပစ်ချလိုက်ပါတယ်။ နောက်အခိုက်အတန့်မှာပဲ့ လေပြင်းကတိုက်လာပြီး အမြင့်တစ်မီတာခွဲလောက်ရှိတဲ့ လေဆင်နှာမောင်းတစ်ခုက မြေပြင်မှာပေါ်လာကာ မီးလုံးဆီ ပျံသန်းသွားပါတယ်။

‎

‎

"ဘုန်းး"

‎

‎

‎မီးလုံးနှင့် လေဆင်နှာမောင်း တိုက်မိချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရတယ်။ လေက ဖုန်မှုန့်များကို လေထုအတွင်း ပြည့်နှံ့သွားစေပြီး သူတို့ရဲ့ အမြင်အာရုံကို ပိတ်ဆို့သွားစေခဲ့သည်။

‎

‎

‎"ပျက်သွားတာလား" ရှန်းကျင်းဇီက သူ့မီးကို မထိန်းချုပ်နိုင်တော့ပြီဟု ခံစားရသဖြင့် ရေရွတ်လိုက်သည်။

‎

‎

‎ရုတ်တရက် လေတိုက်နှုန်းကပြင်းထန်လာပြီး သူတို့ရဲ့ပတ်ဝန်းကျင်က အပူချိန်ကလည်း ရုတ်တရက် မြင့်တက်လာတယ်။

‎

‎

‎တစ်မိနစ်မပြည့်မီမှာပဲ့ မီးလုံးကြီးက နောက်ဆုံးတော့ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသော်လည်း လေဆင်နှာမောင်းက အချင်း နှစ်မီတာခန့်အထိ မြင့်တက်လာပြီး အပြာရောင်မီးတောက်များကို ဖုံးလွှမ်းသွားခဲ့တယ်။

‎

‎

‎ဒါကိုမြင်တော့ စစ်သားတွေ အံ့သြသွားကြတယ်။ မီးက လေကို ထိန်းချုပ်နိုင်မည်ဟု သူတို့ထင်ခဲ့ကြသည်။ မထင်မှတ်ပဲစုပ်ပြီး ထိန်းချုပ်ခံထားလိုက်ရတာက မီးလုံးကြီးပါပဲ။

‎

‎

‎ကုန်းပိုင်က မွေးကတည်းက အခြားကလေးထက် ပိုမိုအားကောင်းပြီး ကြံ့ခိုင်မှုရှိတယ်။ ဒါကြောင့် ကြီးပြင်းလာတာနှင့်အမျှ သူ့မှာ ပိုမိုထွားကျိုင်းသော ကိုယ်ခန္ဓာနှင့် အလားအလာပိုကြီးမားသော အင်အားလည်း ရှိလာခဲ့သည်။

‎

‎

‎စစ်ဆရာဝန်တစ်ဦးဖြစ်သော်ငြားလဲ သူရဲ့တိုက်ပွဲဝင်စွမ်းရည်က အခြားသူများထက်မဆိုးရွားပေ။ ထို့ကြောင့် သူသည် ပံ့ပိုးရေးအဖွဲ့ထက် တိုက်ခိုက်ရေးအဖွဲ့တွင် မကြာခဏ ပါဝင်လေ့ရှိတယ်။

‎

‎

‎သူရဲ့ပြင်းထန်သော သဘာဝကြောင့် သူရဲ့ လေစွမ်းအားကလည်း သာမန်လေအမျိုးအစားထက် ပိုပြင်းထန်သည်။ ဤအခိုက်တွင် လေဆင်နှာမောင်းအတွင်း၌ မီးတောက်လောင်နေတာကို သူခံစားနိုင်တယ်။

‎

‎

‎ ရှန်းကျင်းဇီကို တစ်ချက်ကြည့်လိုက်တော့ သူက အပြာရောင်မီးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်းကို သိလိုက်ရတယ်။ မီးတောက်တွေက လွတ်လပ်တဲ့မြင်းရိုင်းတစ်ကောင်လိုပဲ့ ဖြစ်နေတယ်။ သူက အံကြိတ်ကာ လေဆင်နှာမောင်းထဲသို့ စွမ်းအင်ပိုမိုထည့်သွင်းပြီး နောက်ဆုံးတော့မှ မီးကိုအောင်မြင်စွာ ယဉ်ပါးအောင်လုပ်နိုင်ခဲ့သည်။

‎

‎

‎လေဆင်နှာမောင်းက တည်ငြိမ်သွားတော့မှ သူလက်ကို ရွှေ့လိုက်ပြီး လေဆင်နှာမောင်းက အထက်သို့ ပျံတက်သွားသည်။ လေဆင်နှာမောင်းက ဖုတ်ကောင်တွေအပေါ်ကို ရောက်သွားတာနဲ့ သူ့လက်ကို အောက်သို့ဆွဲချလိုက်တယ်။

‎

‎

"ဘုန်းး ခရက် ဝှစ် "

‎

‎

‎"ရားးးး"

‎

‎

‎လေဆင်နှာမောင်းတိုက်ခတ်နေစဉ်အတွင်းတွင် အနီးပတ်ဝန်းကျင်ရှိ ဖုတ်ကောင်အုပ်စုတစ်စုကို အပြာရောင်မီးတောက်များကမျိုချလိုက်တယ်။

‎

‎

‎ဖုတ်ကောင်များက လောင်ကျွမ်းလို့သွားပြီး လေဆင်နှာမောင်းရဲ့အတွင်းပိုင်းတွင် ပိမိနေသော ဖုတ်‌ကောင်များမှာတော့ ပြင်းထန်သောလေဖြင့် အပိုင်းပိုင်းဖြတ်တောက်ပစ်ချင်းခံရသည်။

‎

‎

‎အားလုံးက အံ့အားသင့်မှုတွေနဲ့အတူ ဒီမြင်ကွင်းကို ကြည့်နေကြတယ်။ စွမ်းရည်နှစ်ခုကို ပေါင်းစည်းခြင်းက အစွမ်းထက်သောရလဒ်ကို ဖန်တီးနိုင်မည်ဟု မထင်ခဲ့ကြပေ။

‎

‎

‎အကောင်းမွန်ဆုံးသော စွမ်းရည်ပေါင်းစပ်မှုများကိုသာ ရှာဖွေနိုင်လျှင် တိုက်ပွဲတွင် ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ စွမ်းအင်နှင့် ခံနိုင်ရည် ကုန်ဆုံးနိုင်ခြေလည်း နည်းပါးသွားလိမ့်မည်။

‎

‎

‎လေဆင်နှာမောင်းကို ထိန်းပြီး ငါးမိနစ်အကြာမှာတော့ ကုန်းပိုင်ရဲ့နဖူးမှာ အေးစက်တဲ့ချွေးတွေဖုံးလွှမ်းသွားပြီး သူ့နှုတ်ခမ်းတွေက အရောင်ဖျော့သွားတယ်။

‎

‎

‎ဒါကိုမြင်တော့ ကျင်းရွှီယန်းက ပြောလိုက်တယ် "ကုန်းပိုင် လုံလောက်ပြီ"

‎

‎

‎ကပ္ပတိန်ရဲ့အမိန့်ကို ကြားသည်နှင့်တပြိုင်နက် လေဆင်နှာမောင်းအား ထိန်းချုပ်ထားတာကို ကုန်းပိုင် ဖြေလျော့လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ယိုင်လဲသွားတယ်။ မည်သူ့ကမျှ ထိန်းချုပ်နိုင်ခြင်း မရှိ‌တော့တာကြောင့် စွမ်းအင်ကုန်ဆုံးသွားတာနဲ့ လေဆင်နှာမောင်းလည်း နောက်ဆုံး‌တော့ပျောက်ကွယ်သွားသည်အထိကို သေးငယ်သွားခဲ့တယ်။

‎

‎

‎ကျိူးလီဇီက သူမရဲ့ ကျောပိုးအိတ်ထဲက ရေတစ်ပုလင်းကို ထုတ်ပြီး "အစ်ကို ရေသောက်ပါ" လို့ပြောပြီး သူ့ဆီ ပေးလိုက်တယ်။

‎

‎

‎မီးလေဆင်နှာမောင်းကြောင့် အပူချိန်က ဒီဂရီများစွာ မြင့်တက်လာခဲ့ပြီး သူရဲ့ စွမ်းအင်အားလုံးနီးပါးကိုလည်း ဖြုန်းတီးခဲ့တာကြောင့်‎ ကုန်းပိုင်က အမှန်တကယ်ပင် ရေငတ်ခြင်းကို ခံစားခဲ့ရသည်။ ဒါနဲ့ပဲ့ သူလည်း ရေကိုလက်ခံပြီး “ကျေးဇူးတင်ပါတယ် ခယ်မ” လို့ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူ့စကားကို ပြင်ပေးချင်ပေမယ့်လည်း စစ်သားတွေက သူမနဲ့ကျင်းရွှီယန်း နမ်းနေတာကို မြင်ပြီးပြီ။ သူမက သူ့ရည်းစားမဟုတ်ဟု ဆိုပါက စစ်သားများက သူ့ကို ကဲ့ရဲ့ကြပေလိမ့်မည်။

‎

‎

‎အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက်မှ သူမသည် အသေးအမွှားကိစ္စများကို စိတ်မ၀င်စားရန်သာ ဆုံးဖြတ်လိုက်တယ်။ ဒါကခေါင်းစဉ်တစ်ခုမျှသာဖြစ်ပြီး သူမကိုခယ်မလို့ ခေါ်တာကြောင့် အသားတစ်ပေါင်တောင်ဆုံးရှုံးမည်မဟုတ်ပါ။

‎

‎

‎သူမအနောက်တွင်ရပ်နေသော ကျင်းရွှီယန်းက သူမ တုံ့ဆိုင်းသွားတာကို မြင်လိုက်ရတယ်။ သူမ ဘာမှပြန်မပြောတာကြောင့် နှုတ်ခမ်းထောင့်က အနည်းငယ်ကြွတက်လာသည်။

‎

‎

‎သူက စစ်သားတွေကို ကြည့်လိုက်ပြီး "မင်းတို့ရဲ့ စွမ်းအင်ကို အသုံးချပြီး တိုက်ခိုက်တဲ့နည်းမှာ ကန့်သတ်ချက်မရှိပါဘူး။ မင်းတို့အတွက် အသက်သာဆုံးဖြစ်မယ့် တိုက်ပွဲဝင်ပုံစံကို ရှာဖို့ပဲလိုတယ်" လို့ ပြောပါတယ်။

‎

‎

‎"အမျိုးအစားတူတဲ့စွမ်းရည်ဆိုရင်တောင် အသုံးပြုသူပေါ်မူတည်၍ တိုက်ခိုက်ရေးပုံစံကအမျိုးမျိုးရှိလာလိမ့်မယ်။ ဒါကြောင့် စွမ်းရည်ကို လွတ်လပ်စွာစူးစမ်းလေ့လာပါ။ တိုက်ခိုက်ရေးပုံစံက အကောင်းဆုံးဟုတ်တာမဟုတ်တာ နှင့် စွမ်းရည်အမျိုးအစားက အပြင်းထန်ဆုံးဖြစ်မဖြစ်ကို စိတ်မပူပါနဲ့"

‎

‎

‎စစ်သားတွေ သူ့စကားကိုကြားသောအခါမှာ ကျောရိုးကို ဖြောင့်တန်းပြီး ရပ်ကာ“နားလည်ပါပြီ” ဟု တညီတညွတ်တည်း ပြန်ပြောကြတယ်။

‎

‎

‎မီးအမျိုးအစား၊ လေအမျိုးအစားနှင့် သတ္တုအမျိုးအစားစွမ်းရည်များရဲ့ စွမ်းအားကို တွေ့မြင်ပြီးနောက်တွင် အခြားစွမ်းရည်ရှိသူတို့သည် အထူးသဖြင့် အာကာသအမျိုးအစား စွမ်းရည်ရှိသည့် ရှောင်ချီက အသုံးမဝင်သလိုခံစားခဲ့ရတယ်။

‎

‎

‎သူက အသင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ တွေးပြီး စိတ်ဓာတ်ကျနေခဲ့တယ်။ ဒါပေမယ့် သူ့တို့ကပ္ပတိန်ရဲ့စကားကိုကြားတော့ သူ့တို့စိတ်တွေကပြန်လည်ကောင်းလာပြီး လက်သီးတွေကို ဆုပ်ထားလိုက်ကြတယ်။ သူရဲ့ စွမ်းရည်က အခြားညီအစ်ကိုများရဲ့ စွမ်းရည်လောက် မမိုက်သော်လည်း ပို၍ လက်တွေ့ကျသော အကျိုးကျေးဇူးများ ရှိနေသည်။

‎

‎ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ဘေးနားက ကျောက်တုံးတွေ အများကြီးကို တွေ့လိုက်ကြတယ်။ လမ်းလျှောက်သွားပြီး သူက ကျောက်တုံးတွေကို ကောက်ယူလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းသည် သူ့လူများကိုကြည့်လိုက်တော့ သူတို့က စိတ်ဓာတ်တက်ကြွနေတာကို တွေ့လိုက်ရတယ်။ အခုက သူတို့အတွက် တိုက်ပွဲဝင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သူက ဝိန့်မိုကို တစ်ချက်ကြည့်ပြီးပြောလိုက်တယ် "ဝိန့်မို၊ ဂိတ်တံခါးကိုဖွင့်လိုက်"

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎"ကလန့်"

‎

‎

All Chapters