အခန်း (၈၀)
Vol. 6 Ch. 80
ဝိန့်မိုရဲ့ ထိန်းချုပ်မှုစွမ်းရည်က တိုက်ပွဲများစွာအပြီးတွင်တိုးတက်လာခဲ့သည်။ အခုချိန်မှာတော့ သူအနေနဲ့ဆိုရင်တော့ လက်ကို ဝှေ့ယမ်းလိုက်ရုံသာလိုအပ်ပြီး သတ္တုတံခါးက ဖုတ်ကောင်များဆီသို့ ပျံသန်းသွားကာ ဖုတ်ကောင်အများအပြားကို ချက်ချင်း ချေမှုန်းပစ်လိုက်တယ်။
တံခါးကို ဖြိုဖျက်လိုက်သည်နှင့် တပြိုင်နက် ဖုတ်ကောင်များက သဲသဲမဲမဲဖြင့်လှိုင်းလုံးကြီးတစ်ခုလို ထွက်လာသည်။
"ရားး"
ဖုတ်ကောင်တွေက သူတို့ အချင်းချင်း တွန်းတိုက်ကာ သူတို့ရှေ့က အရသာရှိတဲ့ ဟင်းပွဲတွေကို လက်နဲ့ ဆုပ်ကိုင်ဖို့ ကြိုးစားရင်းဟောက်သံတွေက ဧရိယာတစ်လျှောက် ပဲ့တင်ထပ်သွားတယ်။
ဖုတ်ကောင်တွေ ပြေးလာတာကိုမြင်တော့ စစ်သားတွေက သူတို့ရဲ့ဓားတွေကို ဆွဲထုတ်ပြီး ခုတ်ထစ်ပစ်လိုက်တယ်။
ကျိူးလီဇီက သူမရဲ့ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ကျင်းရွှီယန်းကတော့ သူ့ဓားရှည်ကိုင်ဆွဲထားပြီး သူမအနားမှာ ရှိနေတယ်။
စစ်သားများနှင့်မတူဘဲ သူတို့နှစ်ယောက်ကတော့ စွမ်းရည်များကို တိုက်ရိုက်အသုံးမပြုဘဲ သူတို့ရဲ့လက်နက်များကို စွမ်းရည်ဖြင့်ဖုံးအုပ်ထားကာ ဓါးရဲ့ ထက်ရှမှုနှင့် ကြံ့ခံမှုကို တိုးမြင့်စေလိုက်တယ်။
အနောက်မှာရပ်နေတဲ့ ရှောင်ချီက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေရင်း ဖုတ်ကောင်တစ်ကောင်က စစ်သားတစ်ယောက်ဆီရောက်လာတာကို တွေ့လိုက်တယ်။ ဒါကိုမြင်တော့ သူ့လက်ကို ဝှေ့ယမ်းပြီးစောစောက သူ့နေရာလွတ်မှာ စုဆောင်းထားတဲ့ ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်တယ်။
ကျောက်တုံးကြီးက လေထဲတွင်ပေါ်လာတာနဲ့တပြိုင်နက် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဖုတ်ကောင်ကို အသားငါးပိအဖြစ် ကြိတ်ချေပစ်လိုက်တယ်။ စစ်သားများသည် ကျောက်တုံးကြီးက ရုတ်ချည်း ပေါ်လာတာကြောင့် ထိတ်လန့်သွားပြီး သူ့ကို လှည့်ကြည့်လာကြတယ်။
ရှေင်ချီကတော့ သူရဲ့ အောင်မြင်သောစမ်းသပ်မှုကြောင့် ဝမ်းသာသွားသည်။ သွေးမည်းတွေနဲ့ ပုပ်ပွနေတဲ့အသားစတွေကပ်နေတဲ့ သူ့ညီအစ်ကိုတွေနဲ့ နှိုင်းစာရင် သူ့တိုက်ပွဲက ပိုသက်တောင့်သက်သာရှိပြီး သန့်ရှင်းတဲ့ နည်းလမ်းမဟုတ်ဘူးလား။
အသစ်တွေ့ရှိသော ယုံကြည်မှုဖြင့် သူက "ညီအစ်ကိုတို့ မင်းတို့ရဲ့ နောက်ကျောကို ကျွန်တော်စောင့်ကြည့် ပေးမယ်။ စိတ်မပူနဲ့"
သူ့စကားပြီးတဲ့အခါမှာပဲ့ လက်ကိုဝှေ့ယမ်းပြီး ကျောက်တုံးကို သူ့နေရာထဲပြန်သိမ်းကာ နောက်ထပ် ဖုတ်ကောင်အုပ်စုကို ချေမှုန်းဖို့အတွက် ကျောက်တုံးကို နောက်တစ်ကြိမ်ထပ်ထုတ်လိုက်ပါတယ်။
အဆိုပါကျောက်တုံးက ဗန်ကားအရွယ်ဖြစ်ပြီး ဧရိယာမည်မျှကျယ်သည်ဆိုတဲ့အပေါ်မူတည်၍ ဖုတ်ကောင် ၃ ကောင်မှ ၅ကောင်အထိကို တိုက်ခိုက်မှုတစ်ခုတည်းနဲ့သတ်နိုင်သည်။ တခြားစစ်သားတွေနဲ့ ယှဉ်ရင် သူသတ်တဲ့နှုန်းက ပိုမြန်တယ်။
ကျိူးလီဇီက ဒါကိုသတိထားမိပြီး ပြုံးလိုက်တယ်။ နေရာလွတ်စွမ်းရည်အသုံးပြုသူများရဲ့ စွမ်းအင်များသည် အခြားစွမ်းရည်အမျိုးအစားများကဲ့သို့ စွမ်းအင် အသုံးပြုမှုများများစားစားမရှိသောကြောင့် အဆင့်တက်ရန် ခက်ခဲပါသည်။ သူတို့က အမြုတေတွေကို စုပ်ယူထားရင်တောင်မှ တိုးတက်မှုအတွက် နှစ်နဲ့ချီ အချိန်ယူရပါတယ်။
အဘယ်ကြောင့်ဆိုသော် အာကာသနေရာလွတ်အသုံးပြုသူများက စွမ်းရည်နှင့်သူ့တို့၏ စိတ်စွမ်းအင် နှစ်ခုလုံးကို တိုးမြှင့်ရန် လိုအပ်သောကြောင့်ဖြစ်သည်။
သူတို့ရဲ့တိုးတက်မှုကို အရှိန်မြှင့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့ရဲ့ စိတ်စွမ်းအင်ကို ထပ်ခါတလဲလဲ ကုန်ဆုံးစေခြင်းဖြစ်သည်။ ဒီလိုလုပ်ဖို့အတွက်ဆို သူတို့ကသူတို့ရဲ့နေရာကနေ ပစ္စည်းတွေကို အဆက်မပြတ် သိမ်းဆည်းပြီး ပြန်ယူရပါမယ်။
ပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် ပြန်လည်ရယူခြင်းရဲ့ အကြိမ်ရေမှာ အကန့်အသတ်ရှိသောကြောင့် စွမ်းအင်ကို စုပ်ထုတ်ခြင်းနှင့် ပြန်လည်ဖြည့်တင်းရန်ကခက်ခဲသည်။ သို့သော် ရှောင်ချီရဲ့ တိုက်ခိုက်ရေးပုံစံဖြင့်ဆိုရင် သူကိုယ်တိုင်ရဲ့ စွမ်းအင်ကို ပိုမိုမြန်ဆန်စွာစုပ်ယူနိုင်ပြီး နောက်တစ်ဆင့်သို့ ကျော်ဖြတ်ရန် အခွင့်အလမ်းကို တိုးလာစေပါသည်။
ရှောင်ချီက ဤနည်းလမ်းကို ရှာဖွေတွေ့ရှိသည့်အတွက် သူမ အံ့အားသင့်သွားတယ်။ အဆင့် ၃သို့ရောက်ရှိခဲ့သော နေရာလွတ် စွမ်းရည်အသုံးပြုသူများကို ငါးနှစ်ကြာပြီးနောက်တွင်ပင် လက်တစ်ဖက်ဖြင့်ပင်ရေတွက်နိုင်သော်လည်း သူတို့ရဲ့တိုးတက်မှုနှေးကွေးရခြင်းအကြောင်းရင်းကိုတောါ မည်သူမျှမသိရှိကြပေ။
ကျိူးလီဇီကတော့ သူမရဲ့ယခင်ဘဝက ပိုင်ရီကျီး နှင့် ဖုန်းယွင် တို့ကြား စကားပြောဆိုမှုကို ခိုးနား ထောင်မိသောကြောင့် ဤအချက်အလက်များကို သိရှိခွင့်ရသည့်အတွက်ကံကောင်းပါသည်။
ဖုန်းယွင်က အဆင့်လေးရှိသော အာကာသသုံး စွမ်းရည်ကို အသုံးပြုသူဖြစ်ပြီး စွမ်းရည် တစ်ခုတည်းသော အသုံးပြုသူဖြစ်သည်။ ဖုန်းယွင်က အာကာသအမျိုးအစားစွမ်းရည်ကို မည်ကဲ့သို့ အသုံးပြုကြောင်းကို သတင်းအချက်အလက်ရရှိရန်အတွက် အတော်များများက မြင့်မားသောစျေးနှုန်းကို ပေးဆောင်ရန်တောင် ဆန္ဒရှိခဲ့ကြသည်။
ထို့ကြောင့် သူမက လျှို့ဝှက်ချက်ကို မသင်ယူမီတွင် နောက်ဆုံးလအတော်ကြာတဲ့အထိ သူတို့အဖွဲ့နောက်သို့ လိုက်ခဲ့သည်။ ကံမကောင်းစွာပဲ သူမသည် အချက်အလက်ရောင်းချခြင်းမှ အမြတ်မထုတ်နိုင်မီတွင် မိုဘင်းရှမ်ဆီမှာ သူမ အသတ်ခံခဲ့ရသည်။
သူ့စိတ်တွေ တဖန်ပြန်ပျံ့လွင့်နေတာကို သတိပြုမိတော့ ကျင်းရွှီယန်းက ပြေးလာပြီး "အာ့ဇီ အာရုံစိုက်ပါ" လို့ ပြောပြီး ဘေးကနေ ထွက်လာတဲ့ ဖုတ်ကောင်တစ်ကောင်ကို တွန်းထုတ်ပစ်လိုက်တယ်။
သူ့စကားကြားတော့ ကျိူးလီဇီလည်း သူမရဲ့အတွေးထဲမှ ရုန်းထွက်လိုက်တယ်။ သူ့မျက်မှောင်ကြုတ်တာကို မြင်လိုက်ရတော့မှ သူမကအမှတ်တရတွေထဲမှာ ပြန်ပိတ်မိနေမှန်းကို သူမသိလိုက်သည်။
ဒီလိုဖြစ်တာက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တစ်ခုခုမှားနေပြီဆိုတာ သူမသိပေမယ့် အဲဒါက ဘာလဲဆိုတာ ဒါမှမဟုတ် ဘယ်လိုပြင်ရမလဲဆိုတာကို သူမမသိဘူး။
ကျင်းရွှီယန်းက သူမအာရုံပြန်စိုက်လာတယကို မြင်လိုက်ရပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
သူတို့နှစ်ဦးက ဖုတ်ကောင်များကို ဂေါ်ဖီထုပ်ကဲ့သို့ခုတ်ထစ်နေချိန်တွင် ချန်ချန်းဖုန်းကတောါ ရုန်းကန်နေရတယ်။ သူး ဖုတ်ကောင်ရဲ့လည်ပင်းကို လှီးဖြတ်ပြီးတဲ့နောက်မှာပဲ့ နောက်ထပ်တစ်ကောင်က သူ့အပေါ်သို့ ခုန်အုပ်လာသည်။ သူက ဘေးနားကို ရှောင်တိမ်းရင်း ရေဘောလုံးကို ဖုတ်ကောင်ဆီသို့ ပစ်ချလိုက်ပါတယ်။
"ရားးး"
ရေဘောလုံးက ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထိမှန်သွားသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။ ထိတွေ့လိုက်သည့်အခိုက်တွင် ရေပက်သည့်အသံမျှသာ ဖန်တီးပြီး ရေပွက်တစ်ခုအဖြစ်သို့သာ ပြောင်းလဲသွားသည်။ သူ့စွမ်းရည်က ဖုတ်ကောင်တွေကို မျက်နှာဆေးဖို့ပဲ ကူညီပေးနိုင်ခဲ့တယ်။
သူ့အစွမ်းအစက ဘယ်လောက်တောင် အသုံးမကျလဲဆိုတာကိုမြင်တော့ ချန်ချန်းဖုန်းက စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ သူက ကျိူးလီဇီကို ကြည့်လိုက်ပြီး အံကိုကြိတ်ထားလိုက်တယ်။ သူတို့နှစ်ယောက်လုံးပ ရေအမျိုးအစားစွမ်းရည်ကို အသုံးပြုသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ စွမ်းအားတွေက ဘာကြောင့် အဲလောက်ထိအများကြီးကွာခြားသွားတာလဲ။
"ရားးးး"
ဖုတ်ကောင်ကတော့ သူ့ခံစားချက်များကိုဂရုမစိုက်ဘဲ ပုပ်ပွနေသော လက်များကို ဆန့်ထုတ်ကာ သူ့ခေါင်းကို ဖမ်းကိုင်ရန် ကြိုးစားသည်။ သူ့ရဲ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူ့ဓားနဲ့ ဖုတ်ကောင်ရဲ့ဦးခေါင်းကို အနောက်ကနေ ပြတ်ပြတ်သားသား ခုတ်ပစ်လိုက်တယ်။
ဖုတ်ကောင်ကိုသတ်ပြီးတဲ့နောက်မှာပဲ နောက်ထပ်ဖုတ်ကောင် နှစ်ကောင်ကထပ်ပြေးဝင်လာပြန်တယ်။ ဒါကိုမြင်တော့ သူက 'ငါသာ ငါ့သေနတ်ကို သုံးပြီး ဒီဖုတ်ကောင်တွေကို ကျည်ဆံနဲ့ သတ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ'လို့တွေးလိုက်တယ်။
စိတ်ထဲတွင် ဒီလိုအတွေးတစ်ခုပေါ်လာသည်နှင့် တပြိုင်နက် သူ့မျက်လုံးများက တောက်ပလာတယ်။ သူ့ရေဘောလုံးဖြင့် ဖုတ်ကောင်များကို မသတ်နိုင်ရခြင်းအကြောင်းရင်းမှာ ၎င်းက သိပ်သည်းမှုနှင့် မြန်နှုန်းမရှိခြင်းကြောင့်ဖြစ်သည်။
အကယ်၍ သူသာ ရေဘောလုံးများကို သတ္တုကျည်ဆန်များကဲ့သို့ မာကျောအောင် ဖန်တီးနိုင်ပြီး သေနတ်ကဲ့သို့ လျှင်မြန်စွာ ပစ်နိုင်လျှင် ဖုတ်ကောင်ရဲ့ ဦးခေါင်းကို ထိုးဖောက်နိုင်မည်ဖြစ်သည်။
ဤအကြံအစည်က ပေါ်ပေါက်လာတာနဲ့ ချန်ချန်းဖုန်းက လျင်မြန်စွာနှင့်ပဲ့ လက်တွေ့အကောင်အထည်ဖော်လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ ရေဘောလုံးကြီးကို မဖန်တီးခဲ့ပါဘူး။ အဲဒီအစား သူ့လက်ကို မြှောက်ပြီး သူ့လက်ချောင်းသုံးချောင်းကို ခေါက်လိုက်ပြီး သူ့လက်ညှိုးနဲ့ လက်ခလယ်ထိပ်မှာ ရေဘောလုံးလေးကို ဖန်တီးလိုက်တယ်။
သူက ရေကိုဖိချရင်းနဲ့ စွမ်းအင်ပိုထည့်တယ်။ ဖုတ်ကောင်တွေ သူ့ဆီမရောက်လာခင်မှာ ရေဘောလုံးငယ်လေးဟာ ကျည်ဆန်တစ်ခုလို မာကျောသွားခဲ့တယ်။ နောက်အခိုက်အတန့်မှာပဲ့ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တယ်။
"ဝှက် ခရက် ခရစ် "
သေးငယ်သော ရေကျည်ဆန်က အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးဝင်သွားပြီး ဖုတ်ကောင်များရဲ့ ဦးခေါင်းများကို ချက်ချင်းပဲ့ ထိုးဖောက်သွားတယ်။ ဖုတ်ကောင်တစ်ကောင်စီရဲ့ ဦးခေါင်းခွံတွင် ပဲနီကြီးအရွယ်အစား အပေါက်တစ်ခု ပေါ်လာတယ်။ နောက်အခိုက်အတန့်တွင်ပဲ့ သူတို့(ဖုတ်ကောင်)က မြေပြင်ပေါ်သို့ လဲကျသွားသည်။