← Chapters

အခန်း (၈၂)

Vol. 6 Ch. 82

အခန်း (၈၂)

Vol. 6 Ch. 82

‎

‎အခြားစစ်သားများကလည်း သူ့စကားကိုကြားတော့ လေးနက်စွာ ခေါင်းညိတ်သည်။ သူတို့ရဲ့တုံ့ပြန်မှုကိုမြင်တော့ ကျိူးလီဇီက တခစ်ခစ်ရယ်ပြီး သူမရဲ့ကျောပိုးအိတ်ထဲက ဆပ်ပြာတုံးနှစ်တုံးကို သံအိုးကြီးတွေထဲ ရေမဖြည့်ခင်မှာ အရင်ယူလိုက်တယ်။

‎

‎

‎ရေဖြည့်‌ပေးပြီးတာနဲ့ ကျင်းရွှီယန်းက သူမကို သန့်ရှင်းတဲ့ နေရာကို ဆွဲထုတ်သွားပြီး "အာ့ဇီ အနားယူလိုက်ပါ။ နောက်မှ ဆက်ပြီး ဖုတ်ကောင်တွေကို ရှင်းကြမယ်"

‎

‎

ကျိူးလီဇီက ‎မြေပြင်ပေါ်ထိုင်ရင်း ခေါင်းညိတ်ပြကာ

‎ "အစ်ကိုယန်း မင်းတစ်ခုခုစားချင်လား" လို့ မေးတယ်။

‎

‎

ကျင်းရွှီယန်းက‎ သူဗိုက်ကိုပွတ်သပ်ပြီးပြန်ဖြေတယ် "သူတို့ကို တစ်ခုခု ချက်ခိုင်းလိုက်မယ်။ ဗိုက်ဆာနေရင်လည်း မင်းဗိုက်ကိုထိန်းထားဖို့ တစ်ခုခုအရင်စားထားလိုက်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎ကျင်းရွှီယန်းက ကျန်းယွမ်ကိုရှာဖို့သွားပြီး ကျိူးလီဇီကတော့ သူမရဲ့ကျောပိုးအိတ်ကို အကာကွယ်အဖြစ်အသုံးပြုကာ သူမရဲ့နေရာလွတ်မှ အသင့်စားခေါက်ဆွဲတစ်ဘူးကို ထုတ်ယူလိုက်တယ်။ အဖုံးကိုဖွင့်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။

‎

‎

‎ရေဘော်လုံးလေးက သူမရဲ့လက်အထက်တွင် လွင့်မျောနေကာ တဖြည်းဖြည်းချင်း ဆူပွက်လာတယ်။ ရေကပွက်ပွက်ဆူပွက်လာသောအခါမှ ဘူးထဲသို့ထည့်ကာ စောင့်နေသည်။ သုံးမိနစ်လောက်ကြာတော့ အဖုံးကိုခွာပြီး ဟင်းခတ်အနှစ်ထည့်လိုက်တယ်။

‎

‎

‎သူမက ခေါက်ဆွဲမွှေနေစဉ်တွင် စစ်သားများက ခေါက်ဆွဲခြောက်ရဲ့ ထူးခြားသောရနံ့ကို ဖမ်းမိလိုက်ပြီး သူမကို အလိုလို လှည့်ကြည့်လာကြတယ်။ သူမ ခေါက်ဆွဲမွှေနေတာကိုမြင်တော့ ခက်ခက်ခဲခဲနဲ့ တံတွေးမျိုချပစ်လိုက်ကြတယ်။

‎

‎

ကျင်းရွှီယန်း ‎ဒါကိုသတိပြုမိတဲ့အခါ သက်ပြင်းသာချပြီး "ဆက်မတိုက်ခင် ခေါက်ဆွဲနည်းနည်းချက်စားရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး" စစ်သားတွေက တညီတညွတ်ထဲ ပြန်ဖြေကြတယ်။

‎

‎

‎သူတို့က ချက်ပြုတ်နေတုန်းမှာ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ကတော့ နံရံမှာထိုင်ပြီး စဉ်းစားနေကြတယ်။

‎

‎

သူတို့‎အနီးနားတွင်တော့ ထရပ်ကားများနှင့် သံချပ်ကာယာဉ်များကို စောင့်ကြပ်ရန်အတွက် သူတို့ရဲ့ဗိုလ်ကြီးက စွမ်းရည်မရှိသော စစ်သားအများအပြားကို တာဝန်ပေးထားသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ဖုန်းယွင်ရဲ့ဘေးမှာထိုင်ပြီး ဖုတ်ကောင်အဖြစ်ပြောင်းသွားတာကို စောင့်ကြည့်နေတယ်။

‎

‎

‎"အိုး…"

‎

‎

‎သူ့ဘေးမှ ညည်းသံတိုးတိုးလေးကိုကြားတော့ စစ်သားက သူ့ခေါင်းကို လှည့်ကြည့်လိုက်တာ ဖုန်းယွင်ရဲ့ နီမြန်းနေတဲ့ပါးပြင်နဲ့ နှုတ်ခမ်းဖြူဖျော့ဖျော့တွေကို တွေ့လိုက်ရတယ်။ သူက အိတ်ကပ်ထဲမှ သာမိုမီတာကို ဆွဲထုတ်ပြီး ‎ဖုန်းယွင်ရဲ့ နားထဲတွင် ထည့်ကာ မြည်သံကို စောင့်နေသည်။

‎

‎

‎"၃၈.၃ ဒီဂရီ၊ ဒီကလေးက နောက်ဆုံးတော့ အဖျားကျသွားပြီ" ဟု ရေရွတ်လိုက်တယ်။

‎

‎

‎သာမိုမီတာကို သန့်ရှင်းရေးလုပ်ပြီးနောက် အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ အဖျားကျဆေးတစ်ပုလင်းနှင့် ရောင်ရမ်းခြင်းအတွက် ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

‎

‎

‎ဖုန်းယွင်ရဲ့ ပါးစပ်ကိုဖွင့်လိုက်ပြီး အဖျားဆေးပြားနှစ်ပြားနှင့် ရောင်ရမ်းခြင်းအတွက် ဆေးတောင့်တစ်တောင့်ကို ထည့်လိုက်တယ်။

‎

‎

‎ဖုန်းယွင်က သတိလစ် နေတဲ့အတွက် စစ်သားက သူ့ကို ရေသောက်ဖို့ ကူညီခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်ကို မှီ‌ထားခိုင်းပြီး ဂရုတစိုက်ရေတိုက်ခဲ့သည်။ ရေက ဖုန်းယွင်ရဲ့ နှုတ်ခမ်းကို ထိလိုက်တာနဲ့ ကုန်းပေါ်မှာ သောင်တင်နေတဲ့ ငါးတစ်ကောင်လို လောဘတကြီးနှင့်ရေကကိုသောက်လိုက်တယ်။

‎

‎

‎ဖုန်းယွင်ရဲ့ ပါးစပ်ထောင့်ကနေ ရေတွ ဖိတ်ကျလာတာကို မြင်တော့ စစ်သားက "ဟေ့ ဖြေးဖြေးသောက်ပါ မင်းက ဖြုန်းတီးနေတာပဲ" လို့ပြောလိုက်တယ်။

‎

‎

ဒီအချိန်တွင်တော့ ဖုန်းယွင်က သူ့စကားအား မကြားရပေ။ ဂရုမစိုက်ဘဲ ပုလင်းတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ပြီးအောင် ဆက်သောက်ပြီးရင်း ဆက်သောက်နေသော်လည်း သူက မကျေနပ် သေးပုံရသည်။

‎

‎

‎စစ်သားက ဘာမှမပြောနိုင်တော့ဘူး။ သူက သူ့ရဲဘော်ဘက်ကိုလှည့်ပြီး "အစ်ကိုစီခိုင် နောက်ထပ် ရေတစ်ပုလင်း လောက်ထပ်ယူလို့ရမလား၊ ဒီကလေးက ငါးတစ်ကောင်လိုပဲ့ သောက်နေတယ်" ဟု မေးသည်။

‎

‎

‎ဒါကိုကြားတော့ လီစစ်ခိုင်က ရယ်ပြီး "ခဏစောင့်"

‎

‎

‎သူတို့အဖွဲ့တွင် ရေအမျိုးအစားစွမ်းရည်အသုံးပြုသူ နှစ်ဦးရှိတာကြောင့် ရေပြတ်လပ်မှုအတွက် မစိုးရိမ်ခဲ့ကြပေ။ ဒါနဲ့ပဲ့ ကားပေါ်တက်ပြီး ရေပုလင်းသုံးလုံးကို ပြန်ယူလိုက်တယ်။

‎

‎

‎ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ကို သူဖြတ်သွားရင်း သက်ပြင်းချလိုက်တယ်။ စက်ရုံမှာ ဒီကလေးတွေ တွေ့ကြုံခဲ့ရတာကို သူ အတိအကျ မသိပေမယ့် သူတို့ရဲ့အခြေအနေကို ကြည့်ရတာတော့ သူတို့အမှားတွေကြောင့် သူတို့ထဲက တစ်ယောက် သေဆုံးတာ ဖြစ်ရမယ်။

‎

‎

‎ကိုယ့်အမှားကြောင့် သူငယ်ချင်းတစ်ယောက် သေသွားတာကို ကြည့်ရတာ လွယ်လွယ်နဲ့ လက်ခံနိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ သူလည်း မစ်ရှင်အတွင်းမှာ ရဲဘော်ရဲဘက်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒဏ်ရာဒဏ်ချက်တွေကို ခံနိုင်ရည်ရှိဖို့ သူ့လည်း ၂ နှစ်ကြာအောင် ကုသခဲ့ရပါတယ်။

‎

‎

‎ကံမကောင်းစွာနဲ့ပဲ၊ သူတို့ရဲ့ လက်ရှိအခြေအနေက ဝမ်းနည်းကြေကွဲဖို့ အချိန်မရှိခဲ့ဘူး။ သူတို့က ကျရှုံးမှုများကို လက်ခံလို့၊ ပိုအားကောင်းလာကာ ရှင်သန်ရမည်—မဟုတ်ရင်တော့ သူတို့သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဖယ်ရှားခံရမည်ဖြစ်တယ်။

‎

‎

‎

‎ရေဓာတ်ခန်းခြောက်နေတာကြောင့် နှုတ်ခမ်းကွဲအက်နေတာကို သတိထားမိတော့ သူက ရေနှစ်ပုလင်းကို သူတို့ရှေ့မှာ ချထားပြီး “မင်းတို့အသက်ဆက်ရှင်ရမယ် ဒါမှ မင်းတို့ရဲ့သူငယ်ချင်းရဲ့ စွန့်လွှတ်အနစ်နာခံမှုက အချည်းနှီးမဖြစ်သွားမှာ” လို့ ပြောလိုက်တယ်။

‎

‎

‎ထိုစကားပြောပြီးတာနဲ့ သူ ထွက်ခွာလာလိုက်တယ်။ ဖုန်းယွင် ရဲ့ နံဘေးကို ရောက်သွားပြီးနောက် သူ့ရဲဘော်ကို ရေပေးကာ ထိုင်လိုက်တယ်။

‎

‎

‎ဖုန်းယွင်ကို ရေသောက်ဖို့ ကူညီပေးရင်း အသံတိုးတိုးနဲ့မေးလာတယ် ‎ယင်းယွိီရှန်းက "အစ်ကိုစီခိုင်က ဘာလို့ သူတို့ကို ဂရုစိုက်နေတာလဲ"

‎

‎

‎"သူတို့က ကလေးတွေပဲ" လီစီခိုင်က ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေသည်။

‎

‎

‎သူ့အဖြေကိုကြားတော့ ယင်းယွိီရှန်းက သူပြောမဲ့စကားတွေကို မျိုချလိုက်တယ်။ မောက်မာသူ၊ အကြင်နာကင်းမဲ့၊ ကျေးဇူးကန်းတတ်သူတွေကို သူမကြိုက်ဘူး။

‎

‎

‎သူတို့သူငယ်ချင်းက အန္တရာယ်ကြုံလာတဲ့အခါမှာ ကယ်တင်ဖို့ ဘာမှမလုပ်ခဲ့ကြဘူး။ အဲဒီအစား၊ သူတို့က သူ့တိုကိုယ်သူတို့ ကာကွယ်ရန်အတွက် သူ့တို့သူငယ်ချင်းကို စွန့်ပစ်ခဲ့သည်။ သူတို့ရဲ့ ကပ္ပတိန်ကြောင့်သာမဟုတ်ရင် ဒီကလေးဟာ အဖျားကြောင့် သေဆုံးသွားမယ် ဒါမှမဟုတ် ဖုတ်ကောင် ဖြစ်သွားလိမ့်မယ်။

‎

‎

‎စစ်မြေပြင်တွင် အားနည်းသောအသင်းဖော်တစ်ဦးက ရက်စက်ပြီး သစ္စာမဲ့သူကဲ့သို့ ကြောက်စရာမဟုတ်ပေ။ ဒီလိုလူတွေနဲ့ ဆိုရင်ဘယ်အချိန် သစ္စာဖောက်ခံရမယ်၊ နောက်ကျောကို ဓားနဲ့ထိုးမယ်ဆိုတာကို ဘယ်သူမှမသိကြဘူး။

‎

‎

‎သူ့မကျေမနပ်ဖြစ်နေတာကို သတိပြုမိတော့

‎ လီစီခိုင်က သူ့ပုခုံးကိုပုတ်ပြီး ပြောလာတယ်"မင်းမကြိုက်ရင် သူတို့နဲ့ မဆက်ဆံနဲ့။ ငါတို့က သူတို့ကို ကျန်းနင်မြို့ကို လိုက်ပို့ပြီးတာနှင့် သူတို့နဲ့ ဘာမှမဆိုင်တော့ဘူး"

‎

‎

‎

‎ယင်းယွိီရှန်းက သူ့စကားကိုကြားတော့ သက်ပြင်းချလိုက်ပြီး "ငါတို့ရဲ့ကပ္ပတိန်က ဘာတွေတွေးနေမှန်းမသိဘူး။ ငါတို့ရဲ့ လက်ရှိအခြေအနေအရဆို ဒီမြို့က‌နေ အသက်ရှင်လျက်နဲ့ ထွက်သွားမလားတောင် မသိတော့ဘူး"

‎

‎

‎"ဒီတာဝန်က မူလကတည်းက ငါတို့ရဲ့တာဝန်မဟုတ်ဘူး၊ ပစ်မှတ်ဒဏ်ရာရနေရင် (သို့) သေနေရင် ဘယ်လိုဒုက္ခကြုံရမယ်ဆိုတာလည်း မသိဘူး။ အဲဒီလို စွန့်စားရမယ့်အစား၊ ငါတို့ရဲ့ မူလအစီအစဉ်အတိုင်း ဆန်းချိုမြို့ကို သွားတာက ပိုကောင်းမယ်"

‎

‎

‎"ငါတို့ရဲ့ ကပ္ပတိန်မှာ အစီအစဉ်ရှိရမယ်။ အဲဒါကြောင့် သူက ဒီမစ်ရှင်ကို လင်းယုန်အဖွဲ့ဆီကနေ ယူခဲ့တယ်။ အခု ငါတို့ လုပ်ရမှာက သူ့ကိုယုံကြည်ပြီး အမိန့်ကို လိုက်နာဖို့ပါပဲ" ဟု

‎လီစီခိုင်က ပြောလိုက်တယ်။

‎

‎

‎ယင်းယွိီရှန်းက သက်ပြင်းတစ်ချက်ကို ထုတ်လိုက်ပြီး "ငါ့ရဲ့မိသားစုက အသက်ရှင်ကျန်ရစ်သူစခန်းကို ရောက်နေဖို့ မျှော်လင့်ပါတယ်" လို့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

‎

‎

‎"ဒီမစ်ရှင်ပြီးသွားတဲ့အခါကြရင် မင်းနဲ့အတူ ငါလိုက်ရှာ‌ပေးမယ်" လို့ လီစီခိုင်က ကမ်းလှမ်းခဲ့ပါတယ်။

‎

‎

‎ယင်းယွိီရှန်းက ခေါင်းယမ်းပြီး "ဒီမစ်ရှင်ကို လွတ်မြောက်ပြီးမှ ပြောကြရအောင်"

‎

‎

‎သူပြောပြီးတာနဲ့ပဲ့ ဖုန်းယွင်က ညည်းတွားကာ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လာတယ်။

‎

‎

‎

All Chapters