အခန်း (၈၃)
Vol. 6 Ch. 83
နောက်ဆုံးတော့ ဖုန်းယွင် နိုးလာတာကို တွေ့လိုက်ရပြီး ယင်းယွိီရှန်းက သူ့ကိုနံရံဆီမှီနိုင်အောင် ကူညီပေးပြီး "ဟေ့ ကလေး၊ မင်း ငါပြောတာကြားလား" လို့ မေးလိုက်တယ်။
ဖုန်းယွင်ရဲ့ခေါင်းက ထုရိုက်ခံနေရသကဲ့သို့ တဒိန်းဒိန်းဖြစ် နေကာ နားထဲမှာအူသံများ မြည်နေတယ်။ သူက ခေါင်းကို ဆုပ်ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။
ဒါကိုမြင်တော့ ယင်းယွိီရှန်းက ရေတစ်ပုလင်းကို မပေးခင် ခဏလောက်စောင့်ပြီး "ဒီမှာ ရေများများသောက်လိုက်" လို့ပြောလိုက်တယ်။
ဤတစ်ကြိမ်တွင်တော့ ဖုန်းယွင်က သူရဲ့အသံကို ကြားလိုက်ရတယ်။ မျက်လုံးဖွင့်ပြီး သူ့ရှေ့ကလူကိုကြည့်ကာ "ကျွန်တော်မသေသေးဘူးလား" လို့မေးလိုက်တယ်။
အဲဒါကိုကြားတော့ ယင်းယွိရှန်းက ရယ်ပြီး "မင်းဘဝက ကြမ်းတမ်းတယ်- မင်းမသေသေးဘူး" လို့ပြောလိုက်တယ်။
ဖုန်းယွင်က ကျန်ရေကိုသောက်ပြီး "အစ်ကို၊ စားစရာရှိလား ကျွန်တော်ဗိုက်ဆာတယ်" ဟု ခပ်တိုးတိုးမေးသည်။
သူ့စကားကြားတော့ လီစီခိုင်က ပြုံးပြီး "ဒီမှာ ခဏနေအုံး ငါ မင်းဖို့ တစ်ခုခုသွားယူပေးမယ်" လို့ပြောလိုက်တယ်။
လီစီခိုင် ထွက်သွားပြီးနောက်တော့ ယင်းယွိီရှန်းက ဖုန်းယွင်ကို စိုက်ကြည့်ပြီး "ကလေး မင်းမှာ မတူတဲ့ခံစားချက်တစ်မျိုး ရလား" လို့ မေးလိုက်တယ်။
"အစ်ကို ကျွန်တော်နာမည်က ဖုန်းယွင် ပါ၊ ကလေးမဟုတ်ဘူး"
ယင်းယွိီရှန်းက သူ့လက်ကို ဝှေ့ယမ်းကာ စူးစမ်းလိုစိတ်ဖြင့် မေးတယ် "ကောင်းပြီ ကောင်းပြီ၊ ငါ့ကိုပြောပါ မင်းဘယ်လိုစွမ်းရည်မျိုးရခဲ့လဲ"
အသံအူခြင်းနှင့် ခေါင်းကိုက်ဝေဒနာက လုံးဝပျောက်ကင်းသွားသည်အထိ ဖုန်းယွင်က အကြိမ်ကြိမ် အသက်ပြင်းပြင်းရှူခဲ့သည်။ နံရံကို မှီအုံးလျက် မျက်စိမှိတ်ပြီး စိတ်ကိုစုစည်းကာ နားနေခဲ့တယ်။
သူရဲ့စွမ်းရည်ကို ပထမဆုံး နိုးထလာခဲ့တာဖြစ်ပေမယ့် ပိုင်ရီကျီး နဲ့ သူ့အဖွဲ့သားတွေဆီက သူတို့ရဲ့ စွမ်းရည်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို သူကြားခဲ့ရပါတယ်။
ခဏအကြာတွင်မှ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ကို ခံစားနိုင်ခဲ့သည်။ ဘယ်လို စွမ်းရည်မျိုးတွေ ရနိုင်မလဲလို့ သူ တွေးမိတယ်အခါမှာပဲ သူ့လက်ထဲကပုလင်းလေးက ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။
နောက်အခိုက်အတန့်မှာတော့ သူ့စိတ်တွေထဲမှာ ဆူညံသွားပြီး ပုလင်းကို အခန်းလွတ်ထဲမှာတွေ့လိုက်ရတယ်။ အခန်းက ဘယ်လောက်ကြီးမှန်း သူမသိပေမယ့် ပုလင်းနဲ့ ယှဉ်လိုက်ရင်တော့ ပုလင်းက အရမ်းသေးငယ်တယ်။
ယင်းယွိီရှန်းက ဒါကိုမြင်တဲ့အခါမှာ သူကပြောလိုက်တယ် "မဆိုးပါဘူး ကလေး။ မင်းက နေရာလွတ် စွမ်းရည်ကိုရထားတယ်။ ဒီစွမ်းရည်က အရမ်းအဆင်ပြေတယ်"
လီစီခိုင်က သူ့စကားကြားတော့ "ကလေး၊ မင်းရဲ့နေရာက ဘယ်လောက်ကြီးလဲ" လို့ မေးလိုက်တယ်။
ဖုန်းယွင်က မျက်လုံးဖွင့်လာပြီး "အစ်က်ိုတို့၊ ကျွန်တော် နာမည်က ဖုန်းယွင်ပါ။ ကျွန်တော်ကို ကလေးလို့မခေါ်နဲ့၊ ကျွန်တော် အသက်က 22 နှစ်ရှိနေပြီ" လို့ ဖုန်းယွင်က စိုက်ကြည့်ပြီး ပြောလိုက်တယ်။
ကလေးလို့ ခေါ်ခံရတာကို မကြိုက်တာမြင်လိုက်ရတော့ လီစီခိုင်က တခစ်ခစ်ရယ်ပြီး "တောင်းပန်ပါတယ် ဖုန်းယွင် မုန့်ထုပ်နဲ့ ပရိုတင်းအတုံးတွေ အရင်စားလိုက်ပါ" လို့ပြောလိုက်တယ်။
အစားအစာကို လက်ခံပြီး ဖုန်းယွင်ကပြောလိုက်တယ် "ကျေးဇူးတင်ပါတယ်"
"ဒါဆို မင်းနေရာက ဘယ်လောက်ကြီးလဲ" လို့ ယင်းယွီရှန်း က ထပ်မေးလာတယ်။
ပရိုတင်းဘားကို ကိုက်စားပြီးနောက် ဖုန်းယွင်က ပြောလိုက်တယ် "ကျွန်တော် မသိဘူး။ ဒါပေမယ့် ပုလင်းက အခန်းအရွယ်အစားနဲ့ ယှဉ်ရင်တော့ အရမ်းငယ်တယ်။ ဘောလုံးကွင်းရဲ့ လေးပုံတစ်ပုံလောက်တော့ ရှိတယ်လို့ ကျွန်တော်ထင်တယ်"
ထိုစကားကို ကြားလိုက်ရတော့ တုန်လှုပ်သွားကြတယ်။ ဘောလုံးကွင်းရဲ့ လေးပုံတစ်ပုံက 1,785 စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ရှောင်ချီရဲ့နေရာက ကြီးတယ်လို့ထင်ကြပေမယ့် ဒီကလေးနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ဘူး။
ခဏအကြာမှ ယင်းယွိီရှန်း က "ဒါဆို အခန်းက ဘယ်လောက်မြင့်လဲ" လို့ မေးတယ်။
ဖုန်းယွင်က သူ့ ရဲ့နေရာလွတ်အခန်းထဲကို ခဏလောက်စစ်ဆေးပြီး ပုလင်းနှင့် နှိုင်းယှဥ်ကြည့်ကာ "ဆယ်မီတာကနေ ဆယ့်ငါးမီတာလောက်တော့ ဖြစ်နိုင်တယ်။အတိအကျတော့ မသိဘူး" ဟု ပြောလိုက်သည်
ဒီတစ်ကြိမ်မှာတော့ ဒီကလေးရဲ့စွမ်းရည်က ရှောင်ချီထက် အဆပေါင်းများစွာ ပိုကောင်းကြောင်းကို သူတို့ သေချာပေါက် သိသွားခဲ့ပါတယ်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်လုံးထဲမှာတော့ ထိတ်လန့်မှုတွေပြည့်နေတယ်။
သူတို့နှင့် မနီးမဝေးက ပိုင်ရီကျီး သည် ခေါင်းကို လှည့်ကြည့်လိုက်တော့ ဖုန်းယွင်နိုးနေတာကို တွေ့လိုက်ရတယ်။ မတ်တပ်ထရပ်ပြီး လမ်းလျှောက်လာရင်း လက်သီးတွေကို ခဏလောက်ဆုပ်ထားလိုက်တယ်။
ဖုန်းယွင်က သူ့ကိုမြင်သောအခါတွင် ပြုံးပြသော်လည်း ဘာမှပြန်မပြောပေ။
သူ့အပြုံးကို မြင်လိုက်ရတော့ ပိုင်ရီကျီးက ခဏလောက် ရပ်သွားပြီး လမ်းဆက်လျှောက်လာသည်။ သူက သူ့ရှေ့မှာ ထိုင်ချလိုက်ပြီး " ဖုန်းယွင် မင်းကို လွှတ်ချလိုက်လို့ တောင်းပန်ချင်တာ။ တောင်းပန်ပါတယ်"
သေခြင်းတရားနှင့် တွေ့ကြုံပြီးနောက်တော့ ဖုန်းယွင်သည် ယခင်ကလို တူညီသောစိတ်ထားမျိုးမရှိတော့ပေ။ ဤငရဲကမ္ဘာက မကြာမီ ကုန်ဆုံးတော့မည်ဟူသော မှားယွင်းသော မျှော်လင့်ချက်တို့လည်း သူ့တွင်မရှိတော့ပါ။
သူက ဘီစကစ်များကို ကုန်အောင်စားပြီး ရေအနည်းငယ်သောက်ကာ သက်ပြင်းချလိုက်သည်။ နှုတ်ခမ်းများကို သုတ်ပြီးနောက် "ရီကျီး ငါတို့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့ကြတယ်။ မင်းရဲ့ဆုံးဖြတ်ချက်ကို ငါမစိတ်ပျက်ဘူးလို့ ပြောရင် အဲတာက လိမ်နေတာပဲ။ ဒါပေမယ့် ငါတကယ်နားလည်ပါတယ်" ဟု ပြောလိုက်တယ်။
"ငါသာ မင်းရဲ့နေရာမှာရှိရင် မင်းနဲ့အတူတူပဲ့ ရွေးချယ်ခဲ့တာမျိူး ဖြစ်မယ်။ ဒါကြောင့် ငါ မင်းကို အပြစ်တင်ပိုင်ခွင့် မရှိဘူး။ နောက်ပြီးတော့ တခြားသူတွေကို ကယ်တင်ဖို့ကလည်း ဘယ်သူ့မှာမှ တာဝန် မရှိဘူး၊ လူတိုင်းက ကိုယ့်ကိုကိုယ် ဦးစားပေးပိုင်ခွင့် ရှိတယ်။ ဒါကြောင့် ငါ့ထက် ရှင်သန်မှုကို ရွေးချယ်တဲ့ အတွက် မင်းက တောင်းပန်စရာမလိုဘူး"
သူ့စကားကြားပြီးနောက်တော့ ပိုင်ရီကျီးလည်း သူ့သူငယ်ချင်းက သူတို့အဖွဲ့ထဲကို ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာကို သဘောပေါက်သွားပြီး "နားလည်ပါတယ်" လို့ ပြောလိုက်တယ်။
သူစကားပြောပြီးသောအခါ မတ်တပ်ရပ်လိုက်ပြီး "လော့်ကျင်း- သူသွားပြီ" ဟု ထပ်ပြောသည်။
ထိုစကားကို ကြားလိုက်တော့ ဖုန်းယွင်က အံ့သြသွားတယ်။ သူ့သူငယ်ချင်းရဲ့ အမူအရာကို ကြည့်ရန် ခေါင်းကို မော့လိုက်တော့ သူ့(ပိုင်ရီကျီး)ရဲ့မျက်လုံးများတွင် ငြိမ်သက်မှုကို ရှာတွေ့ခဲ့တယ်။ သူ့အကြည့်ထဲတွင် မာန၊ မောက်မာမှုနှင့် နုနယ်သော အားမာန်များ ပျောက်ကွယ်သွားကာ ညတွင်းချင်းပင် ရင့်ကျက်လာပုံရသည်။
'နာရီအနည်းငယ်ပဲ ရှိသေးတယ်။ သူ ဘာဖြစ်သွားတာလဲ'လို့ သူ့စိတ်ထဲမှာ တွေးလိုက်မိတယ်။
သူဘာမှမမေးခင်မှာပဲ ပိုင်ရီကျီးက ထွက်သွားပြီး သူ့အဖွဲ့ဆီကို ပြန်သွားတယ်။
သူထိုင်လိုက်ပြီးတဲ့အခါမှာပဲ ဟန်ဂျီယင်းက ဖုန်းယွင်ကို စိုက်ကြည့်ကာ "ကျေးဇူးကန်းတဲ့ လူယုတ်မာ၊ အစ်ကိုပိုင်ကြောင့်သာမဟုတ်ရင်၊ သူက တက္ကသိုလ်မှ လွတ်မြောက်လာပြီး ယခုအချိန်အထိ အသက်ရှင်နေနိုင်ပါ့မလား"
သူ့စကားကိုကြားတော့ လီယောင်က "ဟန်ဂျီယင်း စီနီယာဖုန်း အကြောင်း မပြောနဲ့၊ ငါတို့ကပဲ သူ့ကို အရင်ဆုံးစိတ်ပျက်စေ ခဲ့တာ"
"မင်း စိတ်မဆိုးဘူးလား၊ စီနီယာလော့က သူကိုအဲဒီလိုလူမဟုတ်ဘူးလို့တောင် ပြောခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ့ကိုကြည့်စမ်းပါ။ သူ့စွမ်းရည်ကို နိုးထလာနိုင်ပြီးနောက်တော့ သူက သင်္ဘောကအမြန်ခုန်ချပြီး ငါတို့အဖွဲ့ကို စွန့်ခွာသွားခဲ့တယ်"
"လုံလောက်ပြီ" ပိုင်ရီကျီးက သူ့စကားကို ရုတ်တရက်ပဲ့နှောင့်ယှက်လိုက်တယ်။
ဟန်ဂျီယင်းက သူ့ဒေါသကို သတိပြုလိုက်မိကာ ကျန်စကားများကို မျိုချလိုက်ပြီး သူ့နှလုံးသားမီးကို အေးမြစေရန် ရေအနည်းငယ်သောက်လိုက်သည်။
ပိုင်ရီကျီးက အသက်ပြင်းပြင်းရှူပြီး "မင်းတို့တစ်ယောက်ချင်းစီမှာ လွတ်လွတ်လပ်လပ်နေနိုင်သလို ထွက်သွားဖို့လည်း လွတ်လပ်ခွင့်ရှိတယ်။ ဘယ်သူကိုမှ ငါ့နောက် လိုက်ဖို့ အတင်းအကြပ်မလုပ်ခိုင်းဘူး။ မင်းထွက်သွားချင်တာ ဒါမှမဟုတ် တခြားသူတွေနဲ့ ပေါင်းချင်ရင် ဘာဖြစ်ဖြစ် မင်းအပေါ်မှာပဲ မူတည်တယ်။ ဖုန်းယွင်အကြောင်းကို ဘယ်သူဆီကမှ မကြားချင်တော့ဘူး"