အခန်း (၈၄)
Vol. 6 Ch. 84
ပိုင်ရီကျီးက ဒီလိုပြောထားပြီးသားဆိုတော့ သူ့အဖွဲ့ထဲက ဘယ်သူကမှ ဘာမှထပ်မပြောဖြစ်တော့ဘူး။ နောက်ဆုံးတိုက်ပွဲအပြီးမှာတော့ သူတို့ဟာ အပြင်းအထန်အထိခိုက်ခံခဲ့ရပြီး သူငယ်ချင်းကို ဆုံးရှုံးရတဲ့ ထိုးနှက်ချက်ကနေလည်း ပြန်မထနိုင်သေးပါဘူး။ ထို့ကြောင့် အပိုပစ္စည်းများကို ရှာဖွေရန် မစီစဉ်ဘဲ အနားယူပြီးမှ ပြန်လည်ရယူရန် ဆုံးဖြတ်ခဲ့သည်။
ယင်းယွိီရှန်းက သူတို့ ငြင်းခုံနေကြတာကို မြင်တော့ သူက သူ့လျှာကို နှိပ်ပြီးအသံပြုကာ "ဒီကလေးကို ကြည့်စမ်း။ သူကအဖွဲ့ကို ဒုက္ခပေးလိမ့်မယ့် ငါချောကလက်ငါးချောင်းနဲ့ လောင်းမယ်။ သူ့ရဲ့ ဒီလိုစရိုက်မျိုးနဲ့ဆိုရင် ဒီဖရိုဖရဲ အခြေအနေမှာ ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူး"
ဒါကိုကြားတော့ ဖုန်းယွင်က သက်ပြင်းချပြီး ပြောတယ် "ဟန်ဂျီယင်းက လူကောင်းပါ။ သူက ငယ်သေးတာမို့ နည်းနည်းတော့ မရင့်ကျက်သေးဘူး" လို့ ပြောလိုက်တယ်။
"သူ့ရဲ့မရင့်ကျက်မှုက သူနဲ့ သူ့အဖွဲ့ကို သတ်ပစ်လိမ့်မယ်" ယင်းယွိီရှန်း က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဖုန်းယွင်က သူ့အကြည့်တွေကိုနိမ့်လိုက်တယ်။ ယင်းယွိီရှန်းရဲ့ စကားများကို သူလည်းသဘောတူတယ်။
"ကောင်းပြီ၊ ဖုန်းယွင်က သူ့စွမ်းအင်ကို နိုးထလာနိုင်ခဲ့ပြီးပြီ အနားယူပါစေအုံး။ မင်းကတော့ ငါနဲ့အတူ လိုက်လာပြီး ငါတို့ရဲ့ ညီအစ်ကိုတွေကို လိုက်စစ်ဆေးကြည့်စမ်းပါ" လီစီခိုင်က သူ့သူငယ်ချင်း စကားထပ်ပြောချင်နေတာကို တွေ့တဲ့အခါမှာ ဖြတ်ပြောလိုက်တယ်။
ဒါကိုကြားတော့ ယင်းယွိီရှန်းက ခေါင်းညိတ်ပြီး ပြောတယ် "ကောင်းပြီ၊ ငါနည်းနည်းတော့ဗိုက်ဆာနေပြီ၊ ဗိုလ်ကြီး နှင့် ကျန်တဲ့သူတွေက ဘယ်တော့မှ ပြန်လာမှာလဲလို့ တွေးနေတယ်"
လီစီခိုင်က သူ့လက်ပတ်နာရီကိုစစ်ဆေးပြီးမှ ပြောလိုက်တယ် "ဒီတစ်ခါတော့ နည်းနည်းကြာမယ်ထင်တယ်၊ နေ့လည်စာစားချိန်မှာ စားလိုက်သင့်တယ်"
"ဒါပေမယ့် ချက်ပြုတ်နိုင်တဲ့သူတွေက ငါတို့ဗိုလ်ကြီးနဲ့ လိုက်သွားတယ်။ မင်းချက်ပြုတ်ထားတဲ့ အစားအစာတွေကို ငါမစားချင်ဘူး" လို့ ယင်းယွိီရှန်းက ညည်းညူသည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက်တော့ ဖုန်းယွင်သည် သူ့နေရာမှ ပုလင်းအလွတ်ကိုထုတ်ကာ သူ့လက်ကို ကြည့်နေတယ်။ တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိလိမ့်မည်ဟု သူထင်ခဲ့ပေမယ့်လည်း မထင်မှတ်ထားပဲ အာကာသသိုလှောင်မှုကို ရရှိခဲ့သည်။
ဒီစွမ်းရည်က အဆင်ပြေပြီး အပိုပစ္စည်းတွေကို စုဆောင်းနိုင်ပေမယ့် ဖုတ်ကောင်တွေကိုသတ်ဖို့က သူ့ရဲ့ခွန်အားနဲ့ ခံနိုင်ရည်ကို အားကိုးနေရဆဲပဲ့။ တိုက်ခိုက်နိုင်စွမ်းမရှိရင် ရှင်သန်ဖို့ ခက်ခဲပါလိမ့်မယ်။
ပိုင်ရီကျီးက သူ့ကို စွန့်ပစ်ဖို့ရွေးချယ်ပြီးနောက်မှာတော့ အဖွဲ့ကို ပြန်ဖို့ သူ့မှာအစီအစဉ်မရှိပါဘူး။ ယခုအချိန်မှာတော့ သူ့၌ ရှင်သန်ပြီးအားကောင်းလာရန်အတွက် ရွေးချယ်မှုတစ်ခုသာ ရှိတော့သည်- ကျင်းရွှီယန်းရဲ့အဖွဲ့တွင် ပါဝင်ပါ။
အကယ်၍ သူသာ သူတို့နှင့်မပူးပေါင်းနိုင်ခဲ့ပါက သူရဲ့နောက်ဆုံးရွေးချယ်မှုမှာ လုံခြုံသောနေရာကိုရှာပြီး သန်မာလာစေဖို့ ဖြည်းဖြည်းချင်း လေ့ကျင့်ရန်သာဖြစ်သည်။
သူက လက်သီးတွေကို ဆုပ်ထားပြီး 'ငါ့ရဲ့ အာကာသစွမ်းရည်ကို အသုံးပြုပြီး တိုက်ခိုက်ဖို့ နည်းလမ်းမရှိဘူးလား'တွေးလိုက်တယ်။
သူသိသလောက်ဆိုရင် ဟင်းလင်းပြင်(အာကာသနေရာလွတ်)နှင့် အချိန်တို့ဟာ ကမ္ဘာပေါ်တွင် ကမ္ဘာ့ဆွဲအားနှင့်အတူ အလွန်ထူးဆန်းသော စွမ်းအားများဖြစ်သည်။ နေရာလွတ်ကဲ့သို့ နက်နဲသိမ်မွေ့သည့် အရာတစ်ခုအတွက်ဆိုရင် ၎င်းတွင် ထို့ထက်ပိုသော လျှို့ဝှက်ချက်များ ရှိကို ရှိရမည်။ သူရဲ့ အာကာသဆိုင်ရာ စွမ်းရည်သည် သိုလှောင်ရုံသက်သက်အတွက်တော့ ဖြစ်နိုင်ခြေမရှိပေ။
မျက်လုံးကိုမှိတ်ထားရင်း သူအရင်ကကြည့်ခဲ့ဖူးတဲ့ အန်နီမီ နဲ့ ဝတ္ထုတွေကို ပြန်သတိရဖို့ကြိုးစားလိုက်တယ်။ သူကစားခဲ့တဲ့ ဂိမ်းတွေကတောင်မှ မှော်ပညာနဲ့ အချိန်ခရီးသွားတွေကို အသားပေးတယ်။
'အဲဒီဝတ္ထုတွေနဲ့ အန်နီမီတွေမှာ ငါသုံးနိုင်တဲ့ အရည်အချင်းတချို့ ရှိရမယ်' လို့ သူတွေးလိုက်တယ်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်မှ ဆယ်နှစ်သားအရွယ်တုန်းက ငယ်သူငယ်ချင်းရဲ့ စကားများကို ရုတ်တရက် သတိရမိလိုက်သည်။
"အာ့ယွင် ဒီကမ္ဘာမှာ မှော်ပညာရှိတယ်လို့ မင်းထင်လား။ ငါ့မှာသာ မှော်ပညာရှိရင် အာကာသကို ထိန်းချုပ်ချင်တယ်။ ငါ့ရဲ့ မှော်အတတ်နဲ့ ဘယ်နေရာကိုမဆို တယ်လီပို့ပြီး အာကာသဓားကိုလည်း ဖန်တီးနိုင်တယ်။ အာကာသဓားနဲ့ဆိုရင် ငါက မသေမျိူးတစ်ယောက်လိုပဲ့ ဝေဟင်မှာ ရပ်နေနိုင်မှာ"
သူ့စိတ်ထဲမှာ ဒီအမှတ်တရတွေပေါ်လာတော့ မျက်လုံးကိုဖွင့်ပြီး ပြုံးလိုက်တယ်။ အခု သူ့ဦးတည်ချက်ကို ရှာတွေ့ပြီဆိုတော့ မေးစရာက အာကာသဓားကို ဘယ်လိုဖန်တီးနိုင်မလဲ။
သူက ဘေးနားက ကျောက်စရစ်ခဲလေးတစ်လုံးကို ကောက်ယူပြီး စွမ်းအင်ကိုအသုံးပြုကာ အာကာသကို ဖွင့်လိုက်တာနှင့်တစ်ပြိုင်တည်းပစ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျောက်ခဲက ပျောက်ကွယ်သွားပြီး၊ သူရဲ့ နေရာလွတ်အတွင်းတွင် ပြန်ပေါ်လာခဲ့တယ်။
အာကာသထဲကို လှမ်းကြည့်လိုက်တော့ ကျောက်ခဲက ပျံသန်းနေတုန်းပဲဆိုတာကို မြင်လိုက်တယ်။ သူပြန်ထုတ်လိုက်တာနဲ့ ကျောက်ခဲက မြေပြင်ကိုမထိမီ သူရဲ့ယခင်အနေအထားအတိုင်းပဲ့ သူ့နဲ့ မီတာအနည်းငယ်အကွာတွင် ပေါ်လာသည်။
သူ့မေးစေ့ကို ပွတ်သပ်နေရင်း အတွေးနက်နေတယ်။
ဒီလှုပ်ရှားမှုက သူစိတ်ကူးထားတဲ့ အာကာသဓားမဟုတ်ပေမယ့် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုတွေမှာ အသုံးပြုနိုင်တယ်။
အကယ်၍ သူရဲ့အာကာသစွမ်းရည်ကို အခြားစွမ်းရည်အသုံးပြုသူများနှင့် ပေါင်းစပ်ကာ မတူညီသောလမ်းကြောင်းတစ်ခုတွင်မလွှတ်မီ သူတို့ရဲ့တိုက်ခိုက်မှုများကို သူရဲ့နေရာ၌ သိမ်းဆည်းနိုင်ခဲ့ပါက အဲတာက တိုက်ပွဲတွင် အသုံးဝင်နိုင်မည်ဖြစ်သည်။
N( သူက အခြားသူ တွေရဲ့ဒြပ်စင်စွမ်းရည်၊တိုက်ခိုက်ရေးစွမ်းရည်တွေကို သူ့ရဲ့နေရာလွတ်ထဲမှာသိမ်းထားချင်တာ/ဥပမာ-မီးစွမ်းရည်ပိုင်ရှင်က မီးလုံးကို ပစ်လိုက်တဲ့အခါ မီးလုံးကပစ်မှတ်ကို ရောက်မသွားတဲ့အချိန်လမ်းတဝက်မှာ မီးလုံးကို အာကာသာထဲ ဖြတ်သိမ်းထားပြီးလိုတဲ့အချိန်ထုတ်သုံးချင်တာပါ။)
သို့သော်လည်း သူရဲ့စွမ်းအားက ထောက်ပံရေးအခန်းကဏ္ဍတွင် ပါဝင်နေတာကြောင့် တိုက်ခိုက်မှုများ စတင်ရန်အတွက် အခြားသူများကို လိုအပ်နေသေးသည်။ တစ်ကိုယ်တော် တိုက်ပွဲတွင် သူ့ရဲ့ရှင်သန်ရန် အခွင့်အလမ်းမှာ နည်းပါးနေသေးတယ်။
သူ့ရဲ့စွမ်းရည်ကို ဘယ်လိုအသုံးချရမလဲဆိုတာကို စဉ်းစားနေတုန်းမှာပဲ့ ကျင်းရွှီယန်း နဲ့ သူ့အဖွဲ့ကတော့ ထမင်းစားလို့ပြီးသွားပါပြီ။
အိုးများနှင့် အသုံးအဆောင်များကို သန့်ရှင်းရေးလုပ်ပြီးနောက် သူ(ကျင်းရွှီယန်း)ကမတ်တပ်ရပ်ကာ "လူအိုချင် ကျေးဇူးပြုပြီး နောက်တနေရာကို လိုက်ပို့ပေးပါ" လို့ ပြောလိုက်တယ်။
ချင်လူဇီက မတ်တပ်ရပ်ကာ ကျောပိုးအိတ်ကို ပခုံးထက်မတင်မီတွင် သူ့နှုတ်ခမ်းကို တစ်ရှူးအစိုဖြင့် သုတ်လိုက်တယ်။ သူ့စိတ်ထဲက မြေပုံကို စစ်ကြည့်ပြီး "ဗိုလ်ကြီး အိပ်ဆောင်တွေမှာ ဖုတ်ကောင်တွေ ရှိနေတယ်။ တခြားနေရာကို မသွားခင် အရင်ရှင်းစေချင်သလား"လို့ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီး "သူတို့ကို အရင်ရှင်းရအောင်" လို့ပြောလိုက်တယ်။
"ဘယ်ဘက်မှာရှိတဲ့ အဆောက်အဦးက အခန်းတွေမှာ ဖုတ်ကောင် ၃ ကောင် ကနေ ၅ကောင်လောက် ပိတ်မိနေတယ်။ ညာဘက်က အဆောက်အဦးတွေမှာတော့ ဖုတ်ကောင်တွေက ၅လွှာ နှင့် ၈လွှာ တွေမှာပဲ ရှိတယ်။ အောက်ထပ်တွေမှာတော့ ပြန့်ကျဲနေတဲ့ ဖုတ်ကောင်တွေပဲရှိတယ်" လို့ ချင်လူဇီက သူတို့အိပ်ဆောင်ထဲကို ဝင်လိုက်တာနဲ့ အစီရင်ခံပါတယ်။
"ဘယ်ဘက်ကိုမရွှေ့ခင် ညာဘက်အဆောက်အဦးကို အရင်ရှင်းမယ်။ အရှိန်မြှင့်ပြီး မမှောင်ခင် ပြီးအောင်လုပ်ကြရအောင်" လို့ ကျင်းရွှီယန်းက ညွှန်ကြားပါတယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး" စစ်သည်များက ကျောပိုးအိတ်များနှင့် ဓားများကိုကောက်ယူကာ တညီတညွတ်တည်း ပြန်ဖြေကြသည်။
ချင်လူဇီရဲ့ ဦးဆောင်မှုကြောင့် စစ်သားတွေက ပိုသက်တောင့်သက်သာရှိသွားတယ်။ ညာဘက်အဆောက်အုံကို ရောက်တဲ့အခါမှာတော့ မြေပြင်နဲ့ နံရံတွေက သွေးတွေနဲ့ ပုပ်ပွနေတဲ့အသားကို တွေ့လိုက်ကြပေမယ့် ဖုတ်ကောင်တွေကိုတော့ မမြင်ရပါဘူး။
လျှပ်စစ်မီးမရှိသောကြောင့် အရေးပေါ်လှေကားကသာ တက်နိုင်ကြသည်။ သူတို့ ၅ လွှာကိုရောက်တဲ့အခါမှာတော့ ချင်လူဇီက တံခါးရှေ့မှာရပ်လိုက်ပြီး "စင်္ကြံမှာက ဖုတ်ကောင်တွေပြည့်နေတယ်၊ ဒီတံခါးနောက်မှာတော့ အနည်းဆုံး ခြောက်ကောင်လောက်ရှိနေပြီ၊ ငါက လေနှင့်မှုတ်ထုတ်လိုက်တာနှင့် မင်းတို့တွေက အပြေးဝင်နိုင်တယ်" လို့ပြောလိုက်တယ်။
"ကောင်းပြီ" ကျင်းရွှီယန်းက ခေါင်းညိတ်လိုက်ပြီး သူ့ဓားရှည်ကို ဆွဲထုတ်လိုက်တယ်။
သူ့နောက်တွင်ရပ်နေသော ကျိူးလီဇီကလည်း သူမရဲ့ ဓားမြှောင်ကို ဆွဲထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။