အခန်း (၈၅)
Vol. 6 Ch. 85
သူ့အသင်းဖော်တွေ အဆင်သင့်ဖြစ်နေပြီဆိုတာကို အတည်ပြုပြီးတာနဲ့ ချင်လူဇီက သူ့လက်ဖဝါးကို ဖွင့်လိုက်ပြီး လေဆင်နှာမောင်းငယ်နှစ်ခုအား လက်ဖဝါးအပေါ်မှာ လွင့်ပျံလာစေတယ်။ တံခါးကို တွန်းဖွင့်လိုက်တာနဲ့ ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေက အရပ်ရပ်ကနေ ပဲ့တင်ထပ်လာတယ်။
"ရားးးး"
သူရဲ့ လက်ဝှေ့ယမ်းမှုနှင့်အတူ လေဆင်နှာမောင်းများက ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ရွေ့ကာတိုက်ခတ်နေသည်။ ဖုတ်ကောင်များနှင့် လေဆင်နှာမောင်းတို့ မထိတွေ့နိုင်မီတွင်ပဲ့ အားပြင်းသောလေများကြောင့် ဖုတ်ကောင်များကနောက်ပြန်ဆုတ်သွားခဲ့ရတယ်။
လေဆင်နှာမောင်းများကို ထိန်းချုပ်ထားပြီး သူတို့အတွက် ဘေးကင်းသော ဧရိယာတစ်ခု ဖန်တီးနေစဉ်တွင်ပဲ့ ချင်လူဇီက စင်္ကြံတွင်းသို့ အပြေးအလွှားဝင်ရောက်သွားပြီး ကျင်းရွှီယန်း နှင့် ကျိုးလီဇီတို့ကလည်း အနီးကပ်အနောက်ကလိုက်ကြသည်။
အထဲကိုဝင်ပြီးတာနဲ့ လမ်းခွဲလိုက်ကြတယ်။ ကျင်းရွှီယန်းက ဘယ်ဘက်သို့သွားကာ သူရဲ့ဓားရှည်နှင့်တစ်ချက်ထဲဖြင့် ဖုတ်ကောင်များကို ခေါင်းဖြတ်လိုက်ကာ ကျိူးလီဇီကတော့ ညာဘက်သို့ ရွေ့သွားသည်။
နေရာကကျဉ်းသောကြောင့် နံရံဆီသို့ပြေးသွားပြီး ဒူးကွေးကာ ခုန်ချလိုက်တယ်။ရရှိလာသော အရှိန်ကိုအသုံးပြီး သူမက နံရံတစ်လျှောက်တွင် ခြေလှမ်းအနည်းငယ် လှမ်းပြီးဖုတ်ကောင်များရဲ့နောက်သို့ ခုန်ကျော်လိုက်တယ်။
သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တော့ ရေဓားသွားများစွာက လေထုထဲမှာထွက်လာပြီး ဖုတ်ကောင်များရဲ့ လည်ပင်းကို ဖြတ်တောက်သွားကြတယ်။ တခဏချင်းမှာပဲ ခေါင်းပေါင်းများစွာဟာ မြေပြင်ပေါ် လိမ့်ကျသွားတယ်။
"ရားး"
အနောက်မှ ဖုတ်ကောင်များရဲ့အသံကိုကြားတော့ သူမကအမြန်လှည့်ပြီး သူ့ဓားမြှောင်နှင့် ထိုးလိုက်တယ်။ သူမရဲ့ ရေဓားလွှာနှင့်ဖုံးအုပ်ထားတဲ့ ဓားမြှောင်ရဲ့ချွန်ထက်မှုက သူမအား လက်နက်တစ်မျိုးတည်းဖြင့်ပင် ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထိုးဖောက်နိုင်စေခဲ့သည်။
နောက်ထပ် ဖုတ်ကောင်များကလည်း သူမဆီ ခုန်ဝင်လာကြတာကြောင့် စိုက်နေသောဓားမြှောင်ကို ပြန်ဆွဲထုတ်ကာ ကျရောက်လာသော လက်သည်းများကိုရှောင်ရန် အနောက်သို့ ခုန်လိုက်ချိန်မှာပဲ့ လက်ကို ဝှေ့ယမ်းလိုက်တယ်။
သူမရဲ့ ရေဓားသွားများက ဖုတ်ကောင်များကိုဖြတ်ကာ ၎င်းတို့ရဲ့ ဦးခေါင်းများကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။ အနက်ရောင်သွေးများက မြေပြင်ပေါ်သို့ ဖျန်းပက်သွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်များကတော့ ပြင်းထန်သောအသံနှင့်အတူလဲကျသွားသည်။
သူမ နောက်ပြန်ကြည့်လိုက်တော့ စစ်သားတွေကလည်း တိုက်ပွဲဝင်နေပြီဆိုတာ မြင်လိုက်ရတယ်။ သူမရဲ့ လက်သီးများကို တင်းတင်းဆုပ်ရင်း စွမ်းရည်ကို အာရုံစိုက်လိုက်တယ်။ နောက်အခိုက်အတန့်တွင်တော့ သူမရဲ့ရေဓါးများက အရည်ပျော်သွားကာ ရေအိုင်အဖြစ်သို့ပြောင်းသွားတယ်။
စွမ်းအင်တွေက သူမခန္ဓာကိုယ်ဆီ ပြန်ရောက်လာတော့ သူ့မရဲ့နှုတ်ခမ်းမှာ အပြုံးလေးတစ်ခုပေါ်လာတယ်။
သူမမျှော်လင့်ထားသည့်အတိုင်းပဲ့ အဆင့်တစ် သို့ရောက်ပြီးနောက်တွင် သူမရဲ့စွမ်းအင်စုပ်ယူမှုနှုန်းက ၃၀% မှ ၃၅% အထိတိုးလာသည်။ ဒါက သတင်းကောင်းပါပဲ။
စဉ်ဆက်မပြတ် အဆင့်မြှင့်ခြင်းဖြင့် သူမသည် နောက်ဆုံးတွင် ၁၀၀% စုပ်ယူမှုနှုန်းသို့ ရောက်ရှိနိုင်မလားဟု သူမ တွေးမိခဲ့တယ်။ အကယ်၍ သူမသာ ၁၀၀% စုပ်ယူမှုနှုန်းကို ရနိုင်လျှင် သူမတော့ နေရာတိုင်းတွင် ဘေးတိုက်လျှောက်သွားနိုင်သည်။ အဲဒါကို တွေးလိုက်ရုံနဲ့ သူမရဲ့နှလုံးခုန်သံတွေက ပိုမြန်လာခဲ့တယ်။
"ရားးး"
ရုတ်တရက် အနောက်ကနေ ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေထွက်ပေါ်လာပြီး အနံ့အသက်ဆိုးတွေကလည်း ထွက်လာတယ်။ သူမရဲ့ အာရုံငါးပါးတိုးတက်ကောင်းမွန်လာခြင်းကြောင့် သူမသည် ဖုတ်ကောင်ရဲ့တိုက်ခိုက်မှုကို ယခင်ကထက် ပိုမိုတိကျစွာ သိရှိနိုင်တယ်။
ပုပ်ပွနေသော လက်မောင်းက သူမရဲ့ ဦးခေါင်းနောက်ဘက်သို့ ဦးတည်လာစဉ်တွင် သူမက ခေါင်းကိုတစ်ဖက်သို့ စောင်းကာ သူမရဲ့လက်ထဲရှိ ဓားမြှောင်ကို လှည့်ပတ်လိုက်သည်။
ဖုတ်ကောင်ရဲ့လက်သည်းများက သူမရဲ့ဦးခေါင်းကို မထိုးဖောက်နိုင်မီတွေ သူမရဲ့ လက်မောင်းကို လုပ်ရှားလိုက်ပြီး ဖုတ်ကောင်မျက်လုံးထဲသို့ ဓားမြှောင်ဖြင့်ထိုးခဲ့ပြီးဖြစ်သည်။
ဖုတ်ကောင်ရဲ့ဦးခေါင်းခွံကို ဓားဖြင့်ထိုးခြင်းနှင့် နှိုင်းစာလျှင် မျက်လုံးများကို ဓားဖြင့်ထိုးခြင်းက ၎င်းတို့ရဲ့ ဦးနှောက်များကို ဖျက်ဆီးရန် ပိုမိုလွယ်ကူသည့်နည်းလမ်းဟု ကျိူးလီဇီက ခံစားရသည်။
မျက်လုံးခွံများက ဗလာဖြစ်ပြီး ဦးနှောက်ရဲ့တည်နေရာနှင့်လည်း နီးတယ်။ သူမရဲ့ ဓားမြှောင်အရှည်ဖြင့် မျက်လုံးအိမ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ ဦးနှောက်ကို တိုက်ရိုက်ဖျက်စီးရန် လွယ်ကူသွားခဲ့သည်။
ဓားမြှောင်ကို သူမဆွဲပြန်ထုတ်လိုက်တဲ့အခါမှာ အနက်ရောင်သွေး၊ ပုပ်သိုးနေတဲ့ မျက်လုံးနဲ့ ဦးနှောက်အကြွင်းအကျန်တချို့က မြေပြင်ပေါ်ကို ပြန့်ကြဲကျသွားပြီး ဖုတ်ကောင်က မြေပြင်ပေါ် လဲကျသွားခဲ့တယ်။
သူမနှင့် မနီးမဝေးတွင် ရပ်နေသော ရှောင်ချီသည် သူမရဲ့ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို မြင်လိုက်ရပြီး ကျောရိုးတလျှောက်တွင် အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူသည် အဖွဲ့ခေါင်းဆောင်အား ပိုမိုလေးစားလာရတာကို မတားဆီးနိုင်ခဲ့ပေ။
'ဗိုလ်ကြီးကမျှော်လင့်ထားသလိုပဲ၊ သူ့အကြိုက်အရသာက အရမ်းပြင်းထန်တယ့် မိန်းမတွေပဲ့' လို့ စိတ်ထဲမှာတွေးလိုက်တယ်။
ကပ္ပတိန်ရဲ့ စေ့စပ်ထားသူက သေးသွယ်သော အသွင်အပြင်နှင့် သိမ်မွေ့သော မျက်နှာရှိသော်လည်း သူမရဲ့ တိုက်ခိုက်မှုမှာ ရက်စက်လွန်းလှသည်။ သူမက ဖုတ်ကောင်များရဲ့ မျက်လုံးများကိုသာ ရည်ရွယ်ထားသည်။ ထိရောက်မှု ရှိသော်လည်း ၎င်းက ကြမ်းတမ်းပြီး ရွံရှာဖွယ်ကောင်းလွန်းလှသည်။
ယခုအချိန်တွင် ကျိူးလီဇီက ကြောက်စရာကောင်းသည်ဟု ထင်နေသည်မှာ ရှောင်ချီ တစ်ယောက်ထဲ မဟုတ်ပါ။
ကျန်တဲ့စစ်သားများဟာလည်း သူမက ဖုတ်ကောင်ရဲ့ ဦးနှောက်ကို ဖောက်ထွင်းပြီး မျက်လုံးများကို တူးဖော်နေတာကို တွေ့သောအခါ ခက်ခက်ခဲခဲတံတွေးမျိုချလိုက်ကြသည်။ ပြီးတော့ သူမက အဲဒီပုပ်နေတဲ့ မျက်လုံးတွေကို မြေပြင်ပေါ်မှာ စေးကပ်ကပ်ဖြစ်လာတဲ့အထိ နင်းခြေရင်း ကျန်ရှိနေတဲ့ ဇွန်ဘီတွေကို ဆက်သတ်နေခဲ့တယ်။
မြေပြင်ကို ဖုံးအုပ်ထားတဲ့ အရာတွေကို ကြည့်ရုံနဲ့ မအီမသာဖြစ်သွားကြတယ်။ သူတို့သည် ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခြင်းထက် ဖုတ်ကောင်ရဲ့ဦးခေါင်းကိုသာ ခုတ်ထစ်ချင်ကြသည်။
စစ်သားများနှင့်မတူဘဲ ကျင်းရွှီယန်းကတော့ သူ့ရဲ့ အာ့ဇီက အထိရောက်ဆုံးနည်းလမ်းဖြင့် ဖုတ်ကောင်များကိုသတ်နေတာကိုတွေ့သောအခါတွင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက် သူ့စစ်သားများကို ကြည့်ကာ သက်ပြင်းချတယ်။
အမှန်တော့ စက္ကန့်တိုင်းမှာက အန္တရာယ်များနှင့် ပြည့်နှက်နေပြီး နောက်တွင် မည်သို့မည်ပုံအန္တရာယ်ကို ရင်ဆိုင်ရမည်ကို မသိနိုင်တာကြောင့် သူတို့က စွမ်းအင်ကိုချွေတာရန်အတွက် အထိရောက်ဆုံးသတ်နည်းကိုသာ ရှာဖွေသင့်ကြတယ်။
စင်္ကြံကိုကြည့်လိုက်တော့ ဖုတ်ကောင်အရေအတွက်က လျော့နည်းသွားတာကို သတိပြုမိလိုက်သည်။ သူ့လက်ကို မြှောက်လိုက်ပြီး ဖုတ်ကောင်များဆီသို့ အနက်ရောင်မီးလျှံနှစ်မွှာကို ပစ်လွှတ်လိုက်သည်။
"နောက်ဆုတ်"
သူဒါကိုပြောပြီးတာနဲ့ ကျိူးလီဇီ နှင့် စစ်သားတွေက အရေးပေါ်လှေကားဆီကို ပြန်ဆုတ်သွားကြပါတယ်။ နောက်တစက္ကန့်တွင်တော့ အနက်ရောင်မီးလျှံများက ဖုတ်ကောင်များကိုထိသွားသဖြင့် ချက်ချင်းပဲ့ လောင်ကျွမ်းသွားခဲ့သည်။
ကျင်းရွှီယန်းက အနက်ရောင်မီးလျှံကို ထိန်းချုပ်ထားသဖြင့် ဖုတ်ကောင်များကိုသာ လောင်ကျွမ်းစေပြီး ကျန်ဧရိယာကို မထိမခိုက်စေခဲ့ပေ။ ငါးမိနစ်ကြာပြီးနောက်တွင် ဖုတ်ကောင်များသည် ပြာအဖြစ်သို့ ရောက်သွားခဲ့တယ်။
သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ အနက်ရောင်မီးတောက်က သေးငယ်လာပြီး သူ့ဆီသို့ ချက်ချင်းပြန်လာလေသည်။ မျက်လုံးကိုနိမ့်ပြီး လက်ဖဝါးပေါ်တွင် လွင့်မျှောနေသော အနက်ရောင် မီးတောက်လေးကို စိုက်ကြည့်လိုက်တယ်။ သူ့က လက်သီးကိုဆုပ်လိုက်တော့ အနက်ရောင်မီးတောက်က သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားတယ်။
အအေးဓာတ်က ဝင်လာပြီး သူ့ဦးနှောက်ဆီ မရွေ့ခင်တွင်သူ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတယ်။ နောက်အခိုက်အတန့်မှာတော့ သူ့ဦးနှောက်ထဲကနေ နွေးထွေးတဲ့ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူ့နဖူးပြင်အောက် နေရာကို မရောက်ခင် သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းသွားပါတယ်။
သူရဲ့ စွမ်းအင်အရင်းအမြစ်က အနည်းငယ်ကျယ်လာသည်ကို ခံစားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်က ကြွတက်လာတယ်။ နောက်တစ်ဆင့်တက်ဖို့တော့ သူက စွမ်းအင်ပိုလိုပါသေးတယ်။
အရာအားလုံးဟာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့ပြီး ဘယ်သူကမှလည်း ဖြစ်ပျက်ခဲ့တာကို သတိမထားမိကြပါဘူး။
အနက်ရောင်မီးကို ငြိမ်းသတ်ပြီးနောက် သူကလှည့်ပြီး "ပြီးပြီ။ ရှောင်ချီ အမြုတွေကိုကောက်ယူလိုက်" လို့ပြောလိုက်တယ်။